အပိုင်း ၂၇၆-၂၈၀
Viewers 14k

Chapter 276


ဆရာသူ့ကိုစိုက်ကြည့်ကာ မေးလိုက်သည်။

" မင်းဒီနေ့ပဲချီးမွမ်းခံရတယ်လေ...အခုမင်းရဲ့လမ်းဟောင်းကိုပြန်သွားချင်နေတာလား... "


" မဟုတ်ဘူး... မဟုတ်ဘူး...သားအဲဒီ့လိုမဟုတ်ပါဘူး..."


" ဒီတော့လူအများကြီးနဲ့ မင်းရန်ဖြစ်မလို့လား ဒါမှမဟုတ်တစ်ခုခုလုပ်မလို့လား.."


" သား...သားအတန်းဖော်နဲ့ညစာအတူစားဖို့ခေါ်ချင်ရုံပါ..."


" တကယ်စားရုံပဲလား..."


" တကယ်ပါ..."


ဆရာသူ့ကိုမယုံ၍ ထိုနေရာတွင်စောင့်​နေပြီး စွန်းရှောင်ကျဲအမှန်တစ်ကယ်သွားစားမစားကို ကြည့်ရန်ဆုံးဖြတ်လိုက်သည် ။


အချိန်ခဏတာစောင့်ပြီးနောက်တွင် ကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့ထွက်လာခဲ့သည် ။


စွန်းရှောင်ကျဲ ကျန်းရှောင်မန်ကိုမြင်သည့်အချိန်တွင် သူ၏မျက်လုံးများတောက်ပလာပြီး ချက်ချင်းပင်လက်ဝှေ့ပြကာ အော်ပြောလိုက်သည်။

 " အစ်မကြီး...."


ဆရာ့မျက်ခုံးများမြင့်တတ်သွား​လေသည် ။


ကျန်းရှောင်မန်ရယ်လိုက်ပြီး ပြောလေသည်။

 " ဘယ်လိုတောင်တိုက်ဆိုင်လိုက်လဲ...နင်တို့ဘာလို့မပြန်သေးတာလဲ..."


ဆရာ့ကိုတွေ့၍ သူမသူ့ကိုလည်းနှုတ်ဆက်လိုက်သည် ။


" ကောင်းတယ်... ကောင်းတယ် ...."

ဟုဆရာဖြေလိုက်ပြီး စွန်းရှောင်ကျဲဘက်သို့သူ၏ခေါင်းကိုလှည့်လိုက်ပြီးမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။

 " မင်းတို့တွေ...မင်းတို့တစ်သိုက် မိန်းမငယ်လေးတစ်ယောက်ကိုညစာစားဖို့ဖိတ်ချင်တာလား..."


သူတို့မှာသေချာပေါက်မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနိုင်တယ်...


အဲဒီ့လိုမှမဟုတ်ရင်ဘာရှိသေးလို့လဲ... ဒီမိန်းမငယ်လေးကကျောင်းရဲ့ မျှော်လင့်ချက်ဖြစ်ပြီး အလင်းရောင်လည်းဖြစ်တယ်...ဆရာတွေရဲ့အနှစ်သက်ဆုံးပဲလေ...ဒါလုံးဝမတော်တဆတော့မဖြစ်နိုင်ဘူး ...


ဒီလူယုတ်မာအုပ်စုက သေချာပေါက်ကျန်းရှောင်မန်အပေါ်ကို မကောင်းတဲ့အကြံတွေရှိနေတာဖြစ်ရမယ်...


သေချာပေါက်ကိုခွင့်မလွှတ်နိုင်ဘူး ...


စွန်းရှောင်ကျန် ဆရာ၏မျက်လုံးထဲမှသတိပေးချက်ကိုနားလည်သော်လည်း ရှင်းမပြနိုင်သည့်အချက်တစ်ချို့ကြောင့် သူရုတ်တရက်ကြောက်ရွံ့လာသလိုခံစားလိုက်ရသည် ။


အရင်ကဆိုလျင် သူကြောက်လိမ့်မည်မဟုတ်ပေ။ တတ်နိုင်လျှင် သူ့ကိုဆရာပြောသည့်စကားလုံးတိုင်းကို သူတစ်လုံးချင်းစီပြန်ပြောချင်သော်လည်း ယနေ့တွင်သူချီးကျုးခံထားရခြင်းဖြစ်ပြီး အနည်းငယ်သတ္တိမရှိတော့သလိုခံစားလိုက်ရသည် ။


စွန်းရှောင်ကျဲလှည့်လိုက်ချိန်တွင် သူ၏အကြည့်သည်ယွီချင်းရှီပေါ်သို့ကျသွားသည်။

 " ဘယ်ဟုတ်မလဲ... ယွီချင်းရှီလည်းရှိနေသေးတာပဲကို သူတို့နှစ်ယောက်လုံးကိုပြုစုဖို့ခေါ်သွားရမှာပေါ့... "


ကျန်းရှောင်မန်သူမနှုတ်ခမ်းကိုက်ကာပြုံးလိုက်ပြီး သူ့ကိုကူညီပေးလိုက်သည်။

"ဆရာ...စွန်းရှောင်ကျဲကသမီးရဲ့ဆွေမျိုးသားချင်းလေ သူမကောင်းတာတစ်ခုမှမရည်ရွယ်ပါဘူး သူသမီးတို့ကိုလိုက်ကျွေးမယ်ဆိုတော့ ဆရာရောအတူလိုက်ချင်လား..."


ဆရာသက်သာရာရသွားပြီး ချက်ချင်းပင်ထွက်သွားတော့သည် ။


စွန်းရှောင်ကျဲနှင့် သူ၏အဖွဲ့သည်စားသောက်ဆိုင်အသေးလေးတစ်ခုဆီသို့အတူတူသွားခဲ့ကြသည် ။


ကျန်းရှောင်မန် သူမခေါင်းကိုလှည့်လိုက်ပြီးယွီချင်းရှီကိုကြည့်လိုက်သည်။ သူထိုကဲ့သို့လူများသည့်နေရာမျိုးကိုမ​ကြိုက်သည်ကို သူမသိသည် အထူးသဖြင့် ဆွန်းရှောင်ကျဲကဲ့သို့မရင်းနှီးသည့်သူမျိုးနှင့်စားရသည်ကိုပင်။ ယဲ့ကျားကျား ကျန်းရှင်းဟွားတို့နှင့်တောင်လျှင် ယွီချင်းရှီ တစ်ခါတစ်ရံမနေတတ်မထိုင်တတ်ဖြစ်နေတတ်သည်။ လူအများနှင့်တင်းတင်းကျပ်ကျပ်နေဖို့ဆိုပို၍ဝေးလေသည် ။


ကျန်းရှောင်မန် ဖော်ရွေသည့်လေသံဖြင့်မေးလိုက်သည်။

 " နင်ဘာလို့အိမ်မပြန်တာလဲ... "


အိမ်ပြန်ရမယ်...


ယွီချင်းရှီသူ၏မျက်ခုံးကိုပင့်လိုက်ပြီး သရော်လိုက်သည် သူ၏အတွေးကိုနားမလည်နိုင်ပေ ။


" ငါကအိမ်ကိုဘာလို့ပြန်ရမှာလဲ... "


" အိမ်မပြန်ဘူးဆိုရင် နင်လိုက်ခဲ့ချင်လား..."


" ဘာလို့လဲ ငါမလိုက်ရဘူးလား..."


" ဒါပေမဲ့နင်အဲဒီ့လိုသွားရတာကိုမကြိုက်ဘူးလေ မဟုတ်ဘူးလား..."


" ငါမကြိုက်ဘူးလို့ဘယ်သူကပြောလဲ "


"...."


ကျန်းရှောင်မန်တစ်လုံးပြောလျင် သူတစ်လုံးပြန်ပြောလေသည်။ ကျန်းရှောင်မန်နှုတ်ခမ်းကိုတွန့်လိုက်သည်။

 " ပြီးရောလေ...နင်ကြိုက်တော့လည်းကောင်းတာပေါ့...." 


ယွီချင်းရှီက သူကြိုက်သည်ဆိုသည့် အကြောင်းကို ကျန်ရှောင်မန်အရှေ့တွင်သာပြောသွားတာသေချာသည်။ စွန်းရှောင်ကျဲ၏အရှေ့တွင် သူစကားတစ်လုံးပင်မပြောသော်လည်း သူ၏မျက်နှာသည်အေးစက်နေပြီး အလွန်ရက်စက်သည့်ပုံပေါက်နေသည် ။


ထိုလူပုံသဏ္ဍာန် ရေခဲစက်ကြီးနှင့် ဆွန်းရှောင်ကျဲအလွန်ကိုးရိုးကားရားနိုင်နေခဲ့သည်။ စွန်းရှောင်ကျဲသူတို့ကိုနွေးနွေးထွေးထွေးဖြင့်ဧည့်ခံပေးချင်သော်လည်း သူ၏လက်သည်အလိုအလျောက်တုန်လှုပ်နေခဲ့သည်။ သူမီနူးကိုသာရိုသေစွာဖြင့်လှမ်းပေးနိုင်ခဲ့သည်။ ထို့နောက်ကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့နှစ်ဦးစားမည့်ဟင်းလျာကိုသူတို့ဘာသာသူတို့မှာခွင့်ပေးလိုက်သည် ။


စွန်းရှောင်ကျဲ သူနားလည်မှုအကြီးကြီးလွဲနေခဲ့သည်ကိုသိလိုက်ရသည်။ကျန်းရှောင်မန်ဘေးတွင်ရှိနေသည့်သူသည်မည်သည့်စွမ်းရည်မှမရှိဘူးဟုသူအမြဲထင်ခဲ့သည်။ သူ၏မိန်းကလေးအပေါ်တွင်သာမှီခိုနေရသည့်ချစ်စရာကောင်လေးတစ်ယောက်ဟုသာထင်ခဲ့သည်။ ကျန်းရှောင်မန်က သူ့(စွန်း​​ရှောင်ကျဲ )ကိုမကြိုက်တာမဟုတ်သည့်အတွက်သူကံကောင်းလေသည်၊ ထိုမှသာသူနေရာရနိုင်မည်ဖြစ်သည် ။


သို့ပေမဲ့ ယနေ့တွင်တော့ ကျန်းရှောင်မန်နှင့်အတူရှိနေနိုင်သည့်သူမျိုးသည် ကြုံရာကျပမ်းလူတစ်ယောက်မဟုတ်ဘူးဆိုတာကို စွန်းရှောင်ကျဲသဘောပေါက်သွားခဲ့သည် ။


သူ၏အကြည့်နဲ့တင် လူတွေကိုသေလောက်သည့်အထိကြောက်ရွံသွားစေနိုင်သည် ။


ယွီချင်းရှီ၏အရှိန်အဝါက သူကြမ်းကြမ်းတမ်းတမ်းပြောစရာမလိုလောက်အောင်ပင် ပြင်းထန်လေသည် ။


စွန်းရှောင်ကျဲ မီနူးကိုတိတ်ဆိတ်စွာဖြင့်တွန်းပေးကာ တိုးတိုးလေး​​ပြောလိုက်သည်။

" အစ်ကိုကြီးလိုချင်တာဘာမဆိုမှာလိုက်ပါ...."


ယွီချင်းရှီမီနူကိုတစ်ချက်ကြည့်လိုက်ပြီး အလွန်ထင်ရှားသည့်အမှတ်သားတစ်ခုကိုမြင်လိုက်သည်။ သူတုပ်တုပ်တောင်မလှုပ်ပဲအဝေးသို့ကြည့်နေလိုက်သည် ။


ဆွန်းရှောင်ကျဲအနည်းငယ်ကသိကအောက်ဖြစ်သွားလေသည် ။


" သူကစကားအရမ်​းနည်းတာလေ အဲ့ဒါကိုနှလုံးမသွင်းပါနဲ့ ငါ့သူ့အတွက်ကူပြီးမှာပေးမယ် ...."


ကျန်းရှောင်မန် ထိုမီနူးကတ်ကိုယူလိုက်ကာ တစ်ချက်ကြည့်လိုက်ပြီး ဟင်းပွဲအတန်းလိုက်ကိုဖတ်လိုက်သည်။

 " နံရိုးချိုချဥ်၊ ဝက်သားချိုချဥ်၊ ငါးချိုချဥ်၊ ခရမ်းချဥ်သီးနဲ့ကြက်ဥမွှေကြော်တစ်ပွဲ နောက်ပြီး ကန်စွန်းဥယိုထားတာတစ်ပွဲငါလိုချင်တယ်....သူ့အတွက်ကတော့ ငါးတို့ဟူးစွပ်ပြုတ်တစ်ပွဲ ငါးပေါင်းတစ်ပွဲ နောက်ပြီးငါးခေါင်းကိုငရုတ်ကောင်းမှုန့်ဖြူးပြီးတစ်ပွဲ.... ကောင်းပြီအဲ့ဒါပဲ..."


စွန်းရှောင်ကျဲ ခေါင်းငြိမ့်ပြီးရင်းငြိမ့်နေခဲ့သည်။ သူနောက်ထပ်အပိုဟင်းလျာများကိုပါမှာလိုက်သေးသည်။ ထို့နောက်အားလုံးအတူထိုင်၍စကားစမြည်ပြောနေခဲ့ကြသည် ။


xxxxxx


Chapter 277


တကယ်တမ်းတွင် ပြောစရာအကြာင်းဟူ၍မရှိပေ ။ 


ယခု သူထိုအကြောင်းပြောလျှင် အံသြစရာဟူ၍မရှိတော့ပေ။ သူနေသားကျခဲ့သည်မှာကြာပြီဖြစ်သောကြောင့် တခြားအကြောင်းပြောဖို့မရှိတော့ပေ။ သို့ပေမယ့် သူ၏အစ်မကြီးရှေ့တွင်တော့ စွန်းရှောင်ကျဲကိုတစ်စုံတစ်ယောက်မှနေ၍ သတ္တိဆယ်ဆငှားပေးမည်ဆိုလျင်တောင် သူထိုအကြောင်းများကိုမည်သည့်အခါမှပြောရဲမည်မဟုတ်ပေ ။


လေ့လာစရာစာနှင့်အိမ်စာအကြောင်းပဲပြောရန်ကျန်တော့လေသည် ။


သို့ပေမဲ့ စွန်းရှောင်ကျဲထိုအကြောင်းများကိုမပြောချင်ပေ ။


ထိုအကြောင်းကိုတွေးပြီးနောက်တွင် ခေါင်းစဥ်သည်အခြားသူအကြောင်းပဲပြောမှဖြစ်မည်ဟုတွေးမိလိုက်သည် ။


စွန်းရှောင်ကျဲသက်ပြင်းချချင်ယောင်ဆောင်လိုက်သည်။

 " ဒီနှစ်ဝက်အတိုလေးအတွင်းမှာ ကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့တာပဲ... "


" ဟုတ်တယ်..."

 သူမပါးနှစ်ဖက်ကိုထောက်၍ နားထောင်ရန်ပြင်လိုက်သည် ။


သူမမည်သည့်အကြောင်းပင်နားထောင်ရသည်ဖြစ်စေ သူမအမြဲနားဆင်သူကောင်းတစ်ယောက်ဖြစ်သည် ။


အကယ်၍ သူမရင်ထဲထိသွားလျင် သူမလက်ခုပ်တောင်တီးလိမ့်မည်ဖြစ်သည်။ သူမ၏ထိုအကျင့်သည် သူမငယ်စဥ်ကတည်းကပြောင်းလဲမသွားခဲ့သည့်အရာတစ်ခုဖြစ်သည် ။


စွန်းရှောင်ကျဲထပ်ပြောလိုက်သည်။

" အလယ်တန်းကျောင်း လေးတန်းမှာလည်းကျောင်းအနိုင်ကျင့်သူတွေပြောင်းသွားတယ်လို့ငါကြားတယ်... "


ကျန်းရှောင်မန်မှပြောသည်။

 " ငါကအနိုင်ကျင့်သူမဟုတ်ဘူး...ကျောင်းမှာအနိုင်ကျင့်သူမရှိတာအကောင်းဆုံးပဲပေါ့... နင်လည်းအနိုင်ကျင့်သူထပ်မဖြစ်သင့်တော့ဘူး... "


" ဒါပေါ့ ဒါပေါ့ ...ငါတရားမဝင်တဲ့ဘဝကိုမစွန့်လွှတ်ခဲ့လို့လား..."

စွန်းရှောင်ကျဲ လျန့်စီရှန်း၏နောင်တမရရှိမှုအပေါ်အပြစ်ယူ၍ သူတို့၏ဆက်ဆံရေးကိုချက်ချင်းပယ်ဖျက်ခဲ့သည်။ သူဒုတိယတန်းသို့ရောက်နေပြီဖြစ်သော်လည်း စိတ်မချရသေးပေ။ အချိန်သည်မြှားတစ်စင်းကဲ့သို့ပျံသန်းသွားမည်ကိုသူမသိ၍ အချိန်ဖြုန်းနေခဲ့မိပြီး ကလေးကောင်းတစ်ယောက်မဟုတ်ခဲ့ပေ ။


ကျန်းရှောင်မန်ခေါင်းငြိမ့်ကာ ဆက်၍နားထောင်နေခဲ့သည်။ ဆွန်းရှောင်ကျဲဆက်၍ပြောလေသည်။

 " ငါကြားတာတော့ အလယ်တန်းကျောင်းရဲ့ဗိုလ်အသစ်ကတော်တော်ရက်စက်ပြီး ရန်ဖြစ်တဲ့နေရာမှာလည်းတော်တယ်တဲ့... "


" သူ့နဲ့ရန်မဖြစ်နဲ့ ပြဿနာလည်းမဖြစ်စေနဲ့... နားလည်လား ..."


" ဒါပေါ့ ဒါပေါ့ ..."


ကျန်းရှောင်မန် တစ်ခဏတာတွေးလိုက်သည် သို့သော်လည်းသူမ၏စပ်စုချင်စိတ်ကိုမချုပ်တည်းနိုင်တော့၍ မေးလိုက်သည်။

 " ဒါဆိုလျန့်စီရှန်းကသူ့နေရာကိုဖယ်ပေးပြီး အသစ်ဝင်လာတဲ့သူတစ်ယောက်ကိုပေးလိုက်တာလား..."


"ငါလည်းမသိဘူး..."

 ၎င်းကစွန်းရှောင်ကျဲသိချင်နေသည့်အရာပဲဖြစ်သည်။

 " ငါသူတို့ဆီကလေလည်တဲ့အသံတောင်မကြားရတာကြာပြီ သူတို့ဘာလုပ်နေလဲဘယ်သူကသိမှာလဲ...အစ်မကြီးရိုက်လိုက်ပြီးနောက်မှာ သူတို့အရူးတွေဖြစ်သွားတာလည်းဖြစ်နိုင်တာပဲ ..."


" ငါဘယ်သူ့ကိုမှမရိုက်ပါဘူး... "


" ဟုတ်တာပေါ့... ဟုတ်တာပေါ့ အမကြီးကဘယ်သူ့ကိုမှမရိုက်ပါဘူး...တခြားအဖွဲ့ကသူတွေကနှလုံးအရမ်းအားနည်းလို့ ကြောက်နေကြတာလေ..."


စွန်းရှောင်ကျဲသက်ပြင်းချလိုက်ပြီး သူ၏အရင်ကသတ္တိရှိသည့်လုပ်ဆောင်ချက်များကိုသတိရနေမိသည်။ထို့နောက်ဟင်းလျာများရောက်ရှိလာပြီး အုပ်စုလိုက်စတင်စားသောက်ကြတော့သည် ။


ယွီချင်းရှီက အလွန်သီးသီးသန့်သန့်ဖြင့်စားသောက်နေခဲ့သည် ။


သူတစ်ခါမှလူအများကြီးနှင့်စားပွဲတစ်လုံးထဲထိုင်မစားဖူးပေ။ သူတို့ကိုသူစိမ်းဟုတောင်ဆုံးဖြတ်လို့ရသည် ထို့ကြောင့်သူပို၍အေးစက်ကာတိတ်ဆိတ်နေခဲ့သည် ။


ကျန်းရှောင်မန် သူတို့ကိုအိမ်စာပေးသည့် အချိန်တိုင်းတွင် ယွီချင်းရှီလည်းရှိနေခဲ့သော်လည်း သူလုပ်ရမည့်ကိစ္စများကိုသာတိတ်တိတ်ဆိတ်ဆိတ်လုပ်နေခဲ့ပြီး အခြားသူများကိုမည်သည့်အခါမှဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့်နှစ်ဝက်အများကြီးဖြတ်ကျော်ခဲ့တာတောင် သူနှင့်ရင်းနှီးသည့်သူတစ်ယောက်တောင်မရှိပေ ။


ရုတ်တရက်ကြက်ခြေထောက်တစ်ချောင်းသူ၏ပန်းကန်ထဲသို့ရောက်နေခဲ့သည် ။


ယွီချင်းရှီမျက်တောင်ခက်လိုက်ပြီး ကြက်ခြေထောက်ကိုကြည့်လိုက်သည် ထို့နောက်ကျန်းရှောင်မန်၏ဖြူဖွေးသွယ်လျသောလက်များကိုတွေ့လိုက်သည်


သူမတူကိုသုံး၍ ကြက်ခြေထောက်နှစ်ချောင်းကိုယူလိုက်သည်၊တစ်ချောင်းမှာယွီချင်းရှီပန်းကန်အတွက်ဖြစ်ပြီး နောက်တစ်ချောင်းမှာသူမပန်းကန်ထဲအတွက်ဖြစ်သည် ။


" မြန်မြန်စားလိုက်..."


စကားပြောပြီးနောက်တွင် သူမယွီချင်း၏နောက်ထပ်ပန်းကန်တစ်ခုကိုလှမ်းယူလိုက်သည် ။


" အာ...ဟ .."

 ယွီချင်းရှီနောက်ဆုံးတော့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်စားသောက်သည့်ပုံနှင့်အနည်းငယ်တူလာခဲ့ပြီး သူညစာထဲသို့နှစ်မြုပ်ကာစားနေတော့သည် ။


စွန်းရှောင်ကျဲ အချိန်ကိုက်ပင်မျက်နှာချိုသွေးလိုက်သည်။

 " အကိုကြီးနှင့်အမကြီးတို့မှာကောင်းမွန်တဲ့ဆက်ဆံရေးရှိကြတာပဲ..."


ကျန်းရှောင်မန်ပြန်လည်ချေပခြင်းမရှိပဲ တခစ်ခစ်ဖြင့်နှစ်ကြိမ်တောင်ရယ်နေခဲ့တော့သည် ။


ယွီချင်းရှီ တိတ်ဆိတ်စွာဖြင့်ကျောကိုဆန့်လိုက်ပြီး စွန်းရှောင်ကျဲ၏ကျေနပ်နေသည့်မျက်နှာကိုအကဲဖြတ်နေခဲ့သည်။ စွန်းရှောင်ကျဲကိုကြည့်လိုက်၍ ရုတ်တရက်ပင်သူ၏မျက်လုံးထဲတွင်လည်းကျေနပ်မှုအပြည့်ဖြစ်သွားသည်။ နောက်ဆုံးတော့လည်း ထိုသူ၏အမြင်ကထိုလောက်ထိမဆိုးပါလားဟု တွေးမိလိုက်သည် ။


ခဏတာချိတုန်ချတုန်ဖြစ်ပြီးနောက်တွင် ယွီချင်းရှီသူ၏ဖော်ရွေမှုကိုပြရန်ဆုံးဖြတ်လိုက်ပြီး ရှောင်မန်၏သူငယ်ချင်းတွေကို သူ့အားဖယ်ကျ​ဥ်ခွင့်မပေးတော့ပေ ။


သူတခဏလောက်တုံ့ဆိုင်းသွားပြီးနောက်တွင် ခြောက်ကပ်စွာဖြင့်ပြောလိုက်သည်။

 " မင်းနဲ့မင်းရဲ့ညီအကိုတွေလည်းဆက်ဆံရေးကောင်းကြတယ်နော်..."


"..."


xxxxxx


Chapter 278


ဆောင်းရာသီအားလပ်ရက်ဖြစ်သော်လည်း စာသင်ချိန်များကိုဆက်လက်လုပ်ဆောင်နေရသေးသည် ။


ကျန်းရှောင်မန် မည်သည့်အခါမှပျက်ကွက်မှုမရှိသည့် မိမိကိုယ်ကိုစည်းကမ်းချက်ခိုင်မာသည့်ကလေးတစ်ယောက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်သူမဘုတ်ဂိမ်းတစ်ခုပေါ်သို့ပြေးလွှားကစားနေသောကြောင့်ဖြစ်သည်။ ရက်အနည်းငယ်နားပြီးနောက်တွင် ကျန်းရှောင်မန် ထောင်ထောင်ကိုဆောင်းရာသီအားလပ်ရက်အတွင်း စာလေ့လာရမည့်အစီအစဉ်ကို သူမအတွက်ဆွဲပေးရန်ဆုတောင်းခဲ့သည် ။


သူမ၏လေ့လာမှုပြက္ခဒိန်က နွေဦးပွဲတော်အကြိုထိပြည့်နေခဲ့သည် ။


 ၎င်းသင်ယူချင်သည့်စိတ်ဓာတ်သည် ထောင်ထောင်၏မျက်လုံးကိုပင်စိုစွတ်သွားစေသည် ။


ထောင်ထောင်သူမကိုမေးလိုက်သည်။

 " ရှောင်မန်...နွေဦးပွဲတော်မှာ သမီးရဲ့အမျိုးတွေဆီသွားလည်စရာမရှိဘူးလား..."


"သမီးမှာအမျိုးတွေမရှိဘူး..."

 သူမနှစ်သစ်ကိုကျင်းပရန်ရွာသို့ပြန်သွားလေ့ရှိသည်။ ထိုအချိန်တုန်းက နှစ်သစ်၏လေထုမှာအားပြင်းသောကြောင့် ကျန်းရှောင်မန်လည်းရွာသို့ပြန်သွားရသည်ကိုပျော်သည် ။


သို့ပေမဲ့ ယခုရွာတွင် တဖြေးဖြေးနှင့်ရှင်းလင်းလာပြီး နေထိုင်သည့်လူလည်းများများစားစားမရှိတော့ပေ။ လူသစ်များသာရောက်ရှိလာပြီး နေထိုင်သူအဟောင်းများမှာထွက်သွားကြပြီဖြစ်သည်။ ရွာမှလူတော်တော်များကို ကျန်းရှောင်မန်မသိတော့ပေ။ ဆရာထန်ပင် မနှစ်ကအတန်းထဲမူးလဲခဲ့သောကြောင့်အငြိမ်းစားယူလိုက်ပြီဖြစ်သည်။ ယခုတွင်ဆရာထန် သူ၏သားနှင့်အတူမြို့တွင်နေ၍ အငြိမ်းစားဘဝကိုပျော်ရွှင်စွာခံစားနေပြီဖြစ်သည် ။


ရွာသို့သွားမည့်အကြောင်းတွေးလိုက်လျင် သွားလည်ရမည့်အမျိုးတွေဟူ၍မရှိတော့ပေ ။


သူမတွင် ကျန်တော့သည့်အမျိုးဟူ၍ သူမကိုပြန်ပေးဆွဲချင်ခဲ့သည့် အပြစ်သားပင်ဖြစ်သည်။ ကျန်းရှောင်မန်ကဒေါသကြီးသည့်ကလေးမျိုးဖြစ်၍ သူမအတွက် သူတို့နှင့်အဆက်အဆံလုပ်ရန်ပို၍မဖြစ်နိုင်ပေ ။


ရွာကိုပြန်သွားရသည့်တစ်ခုတည်းသောဖြစ်နိုင်ချေတစ်ခုမှာ အဘွားမီးဖိုကိုအပူပေးပြီး မီးဖိုနတ်ကိုဝတ်ပြုရန်ဖြစ်သည်။ နောက်နှစ်တွေမှာလည်းအစားအစာပေးဖို့ရန်တောင်းဆိုခြင်းဖြစ်သည် ။


" ဒီတော့...ဒီတော့ သမီးကတကယ်ကိုကြိုးစားတာပဲ.." 

ထောင်ထောင်ဖြေးဖြေချင်းပြောလိုက်သည်။


အကယ်၍သူမမောင်လေးသာ ထိုကဲ့သို့စိတ်ပူရအောင်မလုပ်ဘူးဆိုလျှင်...ထောင်ထောင်သက်ပြင်းချလိုက်သည် ။


ကျန်းရှောင်မန်ပင်တစ်ခုခုမှားနေသည်ဟုမြင်မိလောက်အောင် ထောင်ထောင်၏မျက်နှာအိုကျသွားလေသည် ။


ကျန်းရှောင်မန်သူမကိုမေးလိုက်သည်။

" ဆရာမ...ဆရာမစိတ်ထဲမှာတစ်ခုခုရှိနေလို့လား ...."


" မရှိပါဘူး ...."


ကျန်းရှောင်မန်သူမဘောပင်ကိုချလိုက်ပြီး အဖုံးပိတ်လိုက်သည်။

" အကယ်၍ဆရာမသာတစ်ခုခုမပြောဘူးဆိုရင် လွယ်လွယ်နဲ့အထုံးဖြစ်သွားပြီး စိတ်ထဲလေးလံနေလိမ့်မယ်...ပြသာနာလေးတွေကနေပြဿနာကြီးတွေဖြစ်လာပြီး နောင်အနာဂတ်မှာဖြေရှင်းချင်တယ်ဆိုရင်ခက်ခဲသွားလိမ့်မယ်..."


ထောင်ထောင်ရှက်သွားပြီး သူမထက်ကြီးသူနှင့်ရင်ဆိုင်နေရသကဲ့သို့ ရုတ်တရက်အနေရခက်သွားခဲ့သည်။ ထိုကဲ့သို့ငယ်သေးသည့်အရွယ်တွင် အကြောင်းအရာတော်တော်များများကိုနားလည်နေပြီး မှန်မှန်ကန်ကန်နှင့်ယုတ္တိရှိရှိပြောဆိုနိုင်နေပြီလား...?


၎င်းက... သူမစိတ်ထဲရှိနေသည့်အရာသည်ထုတ်ပြောလိုက်ရုံနှင့်ဖြေရှင်းနိုင်မည့်အရာမဟုတ်ပေ ။


ထောင်ထောင် ကျလာတော့မည့်မျက်ရည်စက်များကိုပြန်ထိန်းလိုက်ပြီး ဆို့နှစ်နေခဲ့သည်။

" ရှောင်မန်...သမီးကလိမ္မာတဲ့ကလေးဆိုတာဆရာမသိပါတယ် ဒါပေမဲ့မိသားစုတိုင်းမှာပြဿနာကိုယ်စီရှိကြတယ်... တစ်ချို့ပြဿနာတွေကပြောလိုက်ရုံနဲ့မဖြေရှင်းနိုင်ဘူး...သမီးကငယ်ပါသေးတယ် သမီးနားမလည်နိုင်တဲ့အရာတွေအများကြီးရှိသေးတယ်... "


ရှောင်မန်သူမ၏ပါးနှစ်ဖက်ကိုကိုင်လိုက်သည်။

 " အကယ်၍ ဆရာမမှာပြဿနာတစ်ခုခုရှိရင် သမီးဦးလေးဆီကိုသွားလို့ရတာပဲ...သမီးက ကလေးပေမဲ့ သမီးဦးလေးကတော့ အရွယ်ရောက်ပြီးသားလေ...သူကအရမ်းအံ့သြစရာကောင်းပြီး ပြဿနာတွေအများကြီးကိုလည်းဖြေရှင်းနိုင်တယ်..."


" ဒါ...ဒါကမကောင်ဘူးနော်..." 

သူကကျန်းရှောင်မန်၏ဦးလေးဖြစ်ပြီး သူမ၏ဦးလေးမဟုတ်ပေ။ 

 "ရှောင်မန်...တခြားဘာမှမပြောနဲ့တော့ ဆရာမနားလည်တယ်..."


ကျန်းရှောင်မန်ထိုထက်ပို၍မတိုက်တွန်းတော့ပဲ ခေါင်းငြိမ့်လိုက်သည်။

 " ကောင်းပြီလေ... ဆရာမကိုဒီနေ့အားလပ်ရက်ပေးလိုက်ပါမယ်...နှုတ်ဆက်ပါတယ် ဆရာမ..."


"...နှုတ်ဆက်ပါတယ်...."


ကျောင်းသားများကသူတို့၏ဆရာများကိုအားလပ်ရက်ပေးသည်ကို ထောင်ထောင်အရင်ကတစ်ခါမှမကြားဘူးပေ ။


သို့ပေမဲ့သူမကအလွန်ရိုသေလေသည် ။


သေသေချာချာဂရုတစိုက်ကြည့်ကြည့်မည်ဆိုလျင် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ကျန်းရှောင်မန် သူမကိုထိန်းချုပ်နေခဲ့ခြင်းဖြစ်သည်။ကျန်းရှောင်မန်ကတောင်းဆိုသူဖြစ်ပြီး ထောင်ထောင်ကတော့လိုက်လျောသူဖြစ်သည် ။ 


ကလေးတွ င်အမှန်တစ်ကယ်ကို ကောင်းမွန်သည့်အကြံဥာဏ်ရှိပြီး လူများကိုစိတ်ပူရမည့်ကိစ္စမျိုးတစ်ခါမှမပြုလုပ်ဖူးပေ။ သို့ပေမဲ့ သူမကအပူပင်ကင်းလွန်းနေ၍ ထောင်ထောင်အင်အားမရှိသလိုခံစားရပြီး မည်သည့်အရာမှသူမတွင်လုပ်စရာမရှိပေ ။ သူမ ကိုယ်သူမအလုပ်မလုပ်ဘဲလစာထိုင်ယူနေသည့်အမှိုက်တစ်စလို့ပင်ခံစားနေရသည် ။


ထောင်ထောင်ငိုနေခဲ့သည် ။


ကျန်းရှောင်မန်ကိုနှုတ်ဆက်ပြီးနောက်တွင် ထောင်ထောင်ကျန်းမိသားစုအိမ်မှထွက်လာခဲ့သည် ။


သူမထွက်သွားပြီးနောက်တွင် စနစ်မှပြောသည်။

 " ပိုင်ရှင် မင်းရဲ့ကိုယ်ပိုင်နည်းပြအခြေအနေကသိပ်မကောင်းဘူး သူမမှာရိုက်ခံရာကနေရတဲ့ဒဏ်ရာအချို့ရှိ​နေတယ်..."


ကျန်းရှောင်မန်တရေးအိပ်ချင်နေခဲ့သော်လည်း ထိုသို့ကြားလိုက်၍ သူမစားပွဲကိုရုတ်တရက်ရိုက်ချလိုက်သည်။

" ယုတ္တိမရှိလိုက်တာ...ဘယ်လိုလူယုတ်မာက တစ်ယောက်ယောက်ကိုရိုက်ရဲရတာလဲ..."


သူမ အပေါ်အင်္ကျီ၊လည်စည်းနှင့်ဦးထုပ်ကိုလျင်မြန်စွာဖြင့်ဆောင်းလိုက်ပြီး ထောင်ထောင်နောက်သို့လိုက်ရန်ဗီလာဝင်းထဲမှထွက်လိုက်သည် ။


ကျန်းရှောင်မန် ထောင်ထောင်နောက်သို့လိုက်ရန် မြို့တော်ဆေးရုံ၏ အတွင်းလူနာဆောင်သို့လိုက်သွားခဲ့သည် ။


xxxxxx


Chapter 279


လူနာခန်းတွင်းလဲလျောင်းနေသူမှာ ထောင်ထောင်၏အမေဖြစ်သည်။ သူမ၏ ကျောက်ကပ်ချို့ယွင်းမှုသည် လွန်ဆိုးရွားသည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ အသက်ကိုဆွဲဆန့်နိုင်ရန်အတွက် လစဥ်လတိုင်းကျောက်ကပ်ဆေးမှုကိုပြုလုပ်နေရရုံသာမကပဲ သူမဖျားနာမှုမှရရှိသည့်နာကျင်မှုကိုလည်းအောင့်အီးသည်းခံနေရသေးသည်။ သူမမျက်နှာသည်ဖျော့တော့ပြီး မျက်တွင်းများလည်းကျနေသည် ။


ယခုသူမအသက်ဆက်ရှင်နိုင်ရန်အတွက် ကျောက်ကပ်အစားထိုးနိုင်ရန်စောင့်နေခဲ့သည်။ သို့သော်လည်း သင့်တော်သည့်ကျောက်ကပ်လှူသူကို သူတို့ရှာမတွေ့သေးပေ ။

ခြေလှမ်းတစ်သောင်းနောက်ပြန်ဆုတ်ကြည့်မည်ဆိုလျှင် သူတို့ကျောက်ကပ်အလှူရှင်ကိုရှာတွေ့ခဲ့လျင်တောင် ခွဲစိတ်မှုစရိတ်သည်အလွန်ကြီးမားစွာကျသင့်မည်ဖြစ်သည် ။


ထောင်ထောင် သူမ၏မျက်ရည်များကိုဖုံးကွယ်လိုက်ပြီး ပျော်ရွှင်နေသလိုဟန်ဆောင်လိုက်သည်။ သူမအမေ၏ ပြဿနာကို ဂရုစိုက်ပြီးနောက်တွင် သူမဆေးရုံအဆောက်အဦအတွင်းမှပြန်ထွက်လာခဲ့သည် ။


ကျန်းရှောင်မန်ခဏတာလောက်ရပ်တန့်သွားပြီးနောက်တွင် စနစ်ကိုပြောလိုက်သည်။

 " သမီးဆရာမကအရမ်းသနားဖို့ကောင်းတာပဲ "


" အင်း...လူတွေရဲ့ဘဝကအရမ်းကိုခက်ခဲတာပဲ...."


ထို့နောက်ကျန်းရှောင်မန် ထောင်ထောင်အိမ်ပြန်သည့်နောက်သို့လိုက်သွားခဲ့သည် ။


ထောင်ထောင်၏အိမ်သည် မြို့စွန်တွင်ဖြစ်သည် ။


မှောင်မဲ၍ နံရံတွင် မှိုများဖုံးအုပ်နေသည့်လမ်းကြားလေးသည် စိုစွတ်ပြီးဖုံးအုပ်နေသည် ။


ထိုနေရာရှိအဆောက်အဦများသည် ဆောက်ခဲ့သည်မှာအလွန်ကြာပြီဖြစ်သည်။ စည်ကားနေသည့်မြို့နှင့်ယှဥ်လျင် ထိုနေရာသည်မေ့ပျောက်နေသည့်ထောင့်စွန်းတစ်ခုနှင့်သာတူသည် ။


သူမပထမတန်းတုန်းကနေခဲ့သည့် ဟောင်းနွမ်းပျက်စီးနေသည့် နယ်မြို့အိမ်လေးကိုသတိရစေမိသွားခဲ့သည် ။


သူမအိမ်ကိုနောက်ပိုင်းတွင် ၈မီလီယံဖြင့်ရောင်းခဲ့ပြီး သူမဦးလေးကသူမကိုရောင်းရသည့်ငွေအားလုံးပေးခဲ့သည်၊ သူမဆရာမအိမ်လည်းထိုကဲ့သို့တန်ဖိုးရှိလားဆိုသည်ကိုတော့ သူမ မသိပေ ။


ထောင်ထောင်အဆောက်အဦထဲသို့ဝင်လိုက်သည် ။


အဆောက်အဦသည်အလွန်ဟောင်းနွမ်း၍ စုတ်ပြတ်နေသည်။ ကျန်းရှောင်မန်တံခါးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး သူမတစ်ချက်တည်းဖြင့်ကန်ချနိုင်သည်ဟုတွေးမိလိုက်သည် ။


ကျန်းရှောင်မန်ထွက်သွားဖို့တုံ့ဆိုင်းနေသည့်အချိန်တွင် အခန်းထဲမှနေ၍စူးဝါးသည့်အော်သံကိုကြားလိုက်ရသည် ။


၎င်းမှာထောင်ထောင်၏အသံဖြစ်သည် ။


" သူတို့ကိုထပ်မယူလာနဲ့တော့ ငါ့အမေကအခုထိဆေးရုံမှာပဲရှိသေးတယ်...နင် သူမရဲ့သေရေးဒါမှမဟုတ်ရှင်ရေးကိုရောဂရုစိုက်ရဲ့လား... နင်အမှိုက်ကောင် လူယုတ်မာ..."


သူမအမြင်အရဆိုလျင် ဆရာမထောင်ထောင်သည်မည်သည့်အခါမှဆဲဆိုကြိမ်းမောင်းတတ်သည့် ယှဥ်ကျေးသိမ်မွေ့သူဟုထင်ထားခဲ့ခြင်းဖြစ်သည် ။


ကျန်းရှောင်မန်သူမထွက်သွားတော့မည့်အချိန်တွင်ရပ်လိုက်ပြီး အပြေးအလွှားသွားလိုက်သော်လည်း တံခါးရှေ့တွင်ချိတုန်ချတုန်ဖြစ်နေခဲ့သည် ။


" လွှတ်စမ်း... နင်ပိုက်ဆံဖြုန်းတဲ့ဟာလေး..."

 အလွန်မှိုင်းပြနေသောယောကျာ်းတစ်ယောက်၏အသံထွက်ပေါ်လာခဲ့သည်။

 " နင့်အမေကိုကယ်လို့မရတော့ဘူး သူမြန်မြန်သေသွားတာကပိုကောင်းလိမ့်မယ် နင့်ရဲ့ဝင်တွေအားလုံးကို နင့်ရဲ့ဒီလူအိုကြီးဆီကိုပေးသင့်တယ် အကယ်၍ငါ့အတွက်မဟုတ်ဘူးဆိုရင် နင်ဒီနေ့ထိဘယ်လိုတောင်ရပ်တည်နေနိုင်မှာလဲ... နင်ပိုက်ဆံတွေကိုဘယ်မှာဖွက်ထားတာလဲ ငါ့ကိုပေးစမ်း..."


" အိမ်မက်ထဲမှာပဲရမယ် ..."


" ကောင်မလေး မင်းအသက်ဆက်မရှင်ချင်တော့ဘူးလား..."


ထို့နောက်ရိုက်နှက်နေသောအသံများနှင့် ပစ္စည်းများလွှတ်ပစ်နေသည့်အသံများထွက်ပေါ်လာခဲ့သည်...ဒုန်းခနဲ ဒိုင်းခနဲကျကွဲသံများထွက်ပေါ်လာခဲ့သည် ။


" ပိုင်ရှင်.. မြန်မြန် မင်းရဲ့ဆရာမကအရိုက်ခံနေရပြီ ...."


ကျန်းရှောင်မန်လည်း ထောင်ထောင်အရိုက်ခံနေရသည်ကိုသိသည် ။


သူမအထဲသို့ဝင်ပြီးသူမဆရာမအတွက်ကာကွယ်ပေးချင်ခဲ့သည် ။


ထိုအကြောင်းတွေးပြီးနောက်တွင် သူမနံရံထဲမှအုတ်ခဲတစ်လုံးကိုဆွဲထုတ်လိုက်ပြီး ကန်ချက်တစ်ချက်တည်းဖြင့်တံခါးကိုဖျက်စီးပြီးဖွင့်လိုက်သည် ။


အထဲမှစကားများနေသည့်လူနှစ်ယောက်သည်အံသြသွားပြီး ရုတ်တရက်ပေါ်လာခဲ့သည့်ကျန်းရှောင်မန်ကိုကြည့်လိုက်သည် ။


ကျန်းရှောင်မန်လက်ထဲတွင်အုတ်ခဲကိုကိုင်ထားပြီး သမီးကိုရိုက်နေသည့်ဦးလေးကြီးဆီသို့ဦးတည်လိုက်သည်။

 " ဦးလေး သမီးဆရာမကိုမြန်မြန်လွှတ်လိုက်နော် ဒါမှမဟုတ်ရင်တော့ သမီးကိုယ့်ကိုကိုယ်ထိန်းထားမှာမဟုတ်ဘူးနော်..."


" ဟိုးဟိုး...ကောင်မလေး...ဒါကနင့်ကျောင်းသူလား...ငါမင်းရဲ့မိသားစုကအရမ်းချမ်းသာတယ်လို့ကြားထားတယ် ဦးလေးကိုပိုက်ဆံအချို့ချေးမလား..."


ထောင်ထောင်၏ရင်ထဲတွင်ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့သည်။ စကားတစ်ခွန်းမပြောပဲ ထိုဦးလေးကြီး၏ခြေထောက်ကိုဆွဲထားကာ ရှောင်မန်ကိုအော်ပြောလိုက်သည်။

 " ရှောင်မန်..

. ပြေးတော့...သူကအရူးတစ်ယောက်ပဲ ပြေးတော့..."


ထိုသူမှာထောင်ထောင်၏အဖေဖြစ်သည် ။


ထောင်ထောင်၏အဖေက ထောင်ထောင်ကိုကန်လိုက်ပြီး ကျန်းရှောင်မန်ဆီသို့လျှောက်သွားလိုက်သည် ။


ရှောင်မန်ကလိမ္မာတဲ့ကလေးတစ်ယောက်လေ သူမဘယ်လိုဒီအရှုပ်ထဲပါလာရတာလဲ...သူမ ကလေးပဲရှိသေးတယ်လေ သူမဘယ်လိုလုပ်___


ကျန်းရှောင်မန် ဆရာမထောင်၏အဖေကို သူမ မသိစိတ်ကနေ၍အုတ်ခဲဖြင့်ရိုက်လိုက်မိသည် ။


ထိုလူမြေကြီးပေါ်သို့ ' ဘုန်း' ဟူသောအသံဖြင့်ပြုတ်ကျသွားခဲ့ပြီး ဖုန်များပင်တလူလူဖြစ်သွားခဲ့သည်။ ထောင်ထောင်တုန်လှုပ်ခြောက်ခြားသွာခဲ့သည် ။


" ရှောင်__ရှောင်မန် "


"ဆရာမ...ဆရာမ အဆင်ပြေရဲ့လား..."

 ကျန်းရှောင်မန်ဆောင့်ကြောင့်ထိုင်လိုက်ပြီး ထောင်ထောင်၏လက်ကိုကိုင်လိုက်သည်. ထောင်ထောင်၏လက်ပေါ်ရှိအမာရွက်များကိုတွေ့လိုက်ရပြီး သူမ၏ခန္ဓာကိုယ်အပူချိန်သည်အလွန်အေးစက်နေခဲ့သည်။ ကျန်းရှောင်မန် မျက်ရည်များရုတ်တရက်ကျဆင်းလာခဲ့သည်

 " ဝူး...ဝူး...ဝူး...ဆရာမအဆင်ပြေရဲ့လား...သမီးတို့သူ့ကိုဖမ်းဖို့ရဲခေါ်ကြမလား...သူကလူတွေကိုဘာလို့ရိုက်တာလဲ... သူဆရာမကိုဘာလို့ရိုက်တာလဲ... သူဆရာမဆီကပိုက်ဆံတွေခိုးထားလို့လား..."


ထောင်ထောင်၏ပါးစပ်ထဲတွင်ခါးသက်မှုအပြည့်နှင့် သူမစိတ်မကောင်းဖြစ်ရုံသာတတ်နိုင်သည်။

 " ရှောင်မန် သမီးဒီမှာရှိမနေသင့်ဘူး... သမီးအိမ်မြန်မြန်ပြန်သင့်တယ် အဲ့လိုမှမဟုတ်ရင်သမီးအဖွားနဲ့ သမီးဦးလေးစိုးရိမ်နေကြလိမ့်မယ်... "


ကျန်းရှောင်မန်ခေါင်းခါ၍ထွက်သွားရန်ငြင်းဆန်နေခဲ့သည်။ထောင်ထောင်သူမနှင့်အတူသွားရမည် ထိုသို့မဟုတ်လျင် သူမထွက်သွားမည်မဟုတ်ပေ ။


xxxxx


Chapter 280


"ဒါကဆရာမအိမ်လေ ဆရာမကဘယ်ကိုသွားနိုင်မှာလဲ..."

ထောင်ထောင်မြေပေါ်သို့လဲကျနေသည့်လူကိုကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင်ရွံရှာဖွယ်အကြည့်များထွက်ပေါ်လာခဲ့သည်။ သူမအရေးပေါ်သို့ဖုန်းခေါ်ရန်ရည်ရွယ်ချက်မရှိပေ။

" ဒါကဆရာမအဖေလေ ဆရာမထွက်သွားလို့မရဘူး..."


" သူကအရမ်းဆိုးရွားတာပဲ..." 

ကျန်းရှောင်မန်ချက်ချင်းပင်ပို၍စာနာသွားခဲ့သည်။

 " သမီးအဖေလည်းအရမ်းဆိုးတယ်... "


ကလေးက ပိုလို့တောင်ငိုလာသည် ။


ထောင်ထောင်သွေးပျက်လုနီးပါးဖြစ်နေခဲ့သည်။ သူမကျန်းရှောင်မန်ကိုဖက်ပြီး နှစ်ယောက်သားအတူတူငိုကြလေသည် ။


ကျန်းရှောင်မန်နှာတရှုပ်ရှုပ်လုပ်နေရင်း ဖြင့် ရုတ်တရက်ပြောလိုက်သည်။

 " ဒါမှမဟုတ်ဒီလိုဆိုရင်ရော...ဆရာမ အဖေကိုလဲလိုက်ပါလား ​ ဆ​ရာမအဖေကဆရာမကိုသဘောမကျဘူးလေ သူကအရမ်းရက်စက်ပြီးလူတွေကိုရိုက်ရတာလည်းသဘောကျသေးတယ်လေ..."


သူမအဖေကိုလဲရမယ်...


သူမပြောင်းလဲချင်တိုင်းဘယ်လိုလုပ် သူမအဖေကိုပြောင်းလဲနိုင်မည်နည်း။ ထို့အပြင်ယခုအချိန်တွင် အဖေကိုလဲရမည်ဆိုသည်မှာအရေးကြီးဆုံးအရာမဟုတ်ပေ အရေးအကြီးဆုံးအရာမှာသူမအမေကြာကြာဆက်မနေနိုင်တော့မည်ကိုဖြစ်သည် ။


သူမအလုပ်ကြိုးစား၍ရလာသည့်ဝင်ငွေအတော်များများကိုသူမအဖေယူထားခြင်းဖြစ်သည် ။


ထောင်ထောင်သူမခေါင်းကိုခါ၍ပြောလေသည်။

 " သမီးကငယ်သေးပြီး နားမလည်သေးပါဘူး...ဆရာမရဲ့ကိစ္စတွေကအရမ်းကိုရှုပ်ထွေးလွန်းတယ် ဒီတော့အဲ့ဒီကိစ္စကိုစိတ်ပူစရာမလိုပါဘူး ဆရာမသမီးကိုအိမ်အရင်လိုက်ပို့ပေးမယ်... "


" ဆရာမ ပိုက်ဆံပြတ်နေတာလား "


ထောင်ထောင်၏မျက်နှာအနီရောင်သမ်းသွားပြီး ရုတ်တရက်အလွန်ရှက်သွားလေသည် ။


သူမမျက်လုံးကိုအောက်ချလိုက်ပြီး တိုးတိုးလေးပြောလေသည်။

 " အွန်း ..."


သူမအမှန်တကယ်ပင်ပိုက်ဆံပြတ်လပ်နေပြီး သူမတွင်အချိန်လည်းမရှိပေ ။


ကလေးကငယ်သေး၍ နားမလည်သေးပေ။ သူမ၏ရည်ရွယ်ချက်ကိုနှောင့်ယှက်နေသည်ဟုမယူဆသော်လည်း ၎င်းကသူမကိုအမှန်တစ်ကယ်ပင်ဝမ်းနည်းစေခဲ့သည် ။ 


အရွယ်ရောက်ပြီးသူတစ်ယောက်အနေနှင့် ကလေးတစ်ယောက်အားသူမ၏အရှက်ရစရာကိုမြင်အောင်လုပ်မိခဲ့သည်၊ သူမအလွန်ရှက်လွန်း၍ သူမတွင်းတူးပြီးသူမကိုယ်သူမမြှုပ်ထားပစ်ချင်နေတော့သည် ။


" ဆရာမဘယ်လောက်လိုတာလဲ...သမီးဆရာကိုချေးပေးမယ်လေ..."


ထောင်ထောင်ထိတ်လန့်သွားပြီး သူမခေါင်းကိုခါလိုက်သည်။

 " ဘယ်သူ့ပိုက်ဆံကမှအလကားရလာတာမဟုတ်ဘူး...ဆရာမလိုနေတာငွေပမာဏာနည်းနည်းလေးမဟုတ်ဘူးလေ ဆရာမကသမီးပိုက်ဆံကိုဘယ်လိုလုပ်တောင်းရမှာလဲ သမီးပိုက်ဆံကိုအဝတ်အစားတွေနဲ့စာအုပ်တွေဝယ်ဖို့သိမ်းထားသင့်တယ်...သမီးဆရာမအတွက်စိတ်ပူစရာမလိုပါဘူး... "


"ဒါပေမဲ့..."


" အကယ်၍ဆရာမကအရှက်မရှိပဲလက်ခံလိုက်ရင်တောင် ရေပုံးထဲကိုကျသွားသလိုပဲဖြစ်မှာ သမီးရဲ့ငွေပမာဏနည်းနည်းလေးနဲ့လောက်မှာမဟုတ်ဘူး..."


ကျန်းမိသားစုကချမ်းသာသည်မှန်းထောင်ထောင်သိသော်လည်း ကျန်းရှောင်မန်တွင်ပိုက်ဆံမည်မျှရှိမည်ကိုတော့သူမ မပြောနိုင်ပေ ။ 


အကယ်၍ကျန်းရှောင်မန်တွင်ချမ်းသာသည့်မိသားစုရှိလျင်တောင် သူမထိုကဲသို့လတိုင်းမူန်းဖိုးများများစားစားရလိမ့်မည်မဟုတ်ဘူးဟု ထောင်ထောင်တွေးမိလေသည် ။


လပေါင်းများစွာအဆက်အဆံလုပ်ပြီးနောက်တွင် ကျန်းရှောင်မန်အပျက်အပြားဖြစ်အောင်မလုပ်ဆောင်ခဲ့သည်ကိုထောင်ထောင်သိရှိထားသည့်အပြင် ကျန်းရှောင်မန်ကအလွန်ခြိုးခြံချွေတာလေသည်။ ကျန်းရှောင်မန်၏အိပ်ခန်းထဲတွင်သံချေးတတ်နေသည့် လမုန့်ဘူးကိုယခုထိသူမသိမ်းထားသေးပြီး မလွှင့်ပစ်သေးပေ ။


သူမအမှန်တစ်ကယ်ကို ကလေးဆီမှပိုက်ဆံတောင်းရဲသည့်မျက်နှာမရှိပေ ။


ထောင်ထောင်၏မျက်နှာသည်အနီရောင်မှအဖြူရောင်သို့ပြောင်းသွားပြီး သူမ၏အခြေအနေကိုစတင်စိုးရိမ်လာပြန်သည် ။


ကျန်းရှောင်မန်လည်းအတွေးထဲတွင်ပျောက်ဆုံးသွားခဲ့သည် ။


သူမဆရာမပိုက်ဆံမည်မျှလိုနေသည်ကိုလည်းသူမမသိပေ သို့သော်လည်းသူမပိုက်ဆံကမလုံလောက်လျင်တောင် သူမဦးလေးကတော့ကိုင်တွယ်နိုင်လောက်သည် ။


ကျန်းရှောင်မန်မှပြောလိုက်သည်။

 " ဆရာမ...ဆရာမသမီးဦးလေးဆီကိုသွားလို့ရတာပဲလေ...သူကလူကောင်းတစ်ယောက်ပါ သူဆရာမကိုကူညီလိမ့်မယ်...ပြဿနာထက်ကိုအဖြေကအများကြီးရှိပြီးသားပါ မကျော်လွှားနိုင်တဲ့အတားအဆီးဆိုတာမရှိပါဘူး..."


ထောင်ထောင့်နှလုံးသားလှုပ်ရှားသွားခဲ့သည် သူမရင်ထဲတွင်သေးငယ်သည့်မျှော်လင့်ချက်လည်းပေါက်ပွားလာခဲ့သည် ။


အကယ်၍...အကယ်၍မစ္စတာကျန်းသာ သူမအမေ၏ခွဲစိတ်ခအတွက် လိုလိုလားလားချေးပေးမည်ဆိုလျင် သူမအနာဂတ်တွင်ကျန်းရှောင်မန်အတွက်အလုပ်ကြိုးစားမည်ဖြစ်ပြီး သူမဘဝအတွက်ကိုယ်ပိုင်နည်းပြလည်းဖြစ်ပေးနိုင်သည် ။


သို့ပေမဲ့ မစ္စတာကျန်းကသူမကိုကူညီပါ့မလား...


ထို့အပြင် သူတို့ကဆွေမျိုးလည်းမဟုတ်ပေ ။


ထောင်ထောင်၏ရင်ထဲတွင် ခံစားချက်များရောထွေးနေခဲ့သည် ။


တစ်ရက်တာတုံ့ဆိုင်းသွားပြီးနောက်တွင် သူမနောက်ဆုံးတော့ကျန်းရှင်းဆီသို့ပိုက်ဆံချေးရန်ရောက်သွားခဲ့သည် ။


" မစ္စတာကျန်း..." 

ထောင်ထောင်မျက်နှာသေးသိမ်နေပြီး သူမစကားဆုံးအောင်မပြောနိုင်သေးခင်မှာပင် သူမမျက်နှာအနီရောင်သမ်းနေပြီဖြစ်သည်။

 " ကျွန်မ...ကျွန်မ...ကျွန်မ မစ္စတာကျန်းကိုဒုက္ခပေးချင်တာတစ်ခုရှိတယ်..."


ကျန်းရှင်းသူမကိုကြည့်ရန်အတွက်သူ၏မျက်လုံးများကိုပင့်လိုက်သည်။

" ပြော... "


" ကျွန်မ...ကျွန်မလစာကြိုထုတ်ချင်လို့ပါ "


" ရတာပေါ့..." ဟုပြောရန်မှာကျန်းရှင်းအတွက်အလွန်လွယ်ကူသည် ။


ထောင်ထောင် သူမကိုယ်သူမစကားဆက်ပြောနိုင်ရန်အတွက်အားထည့်လိုက်သည်။

" ကျွန်မ...အဲဒီ့လိုပြောဖို့အတွက်အရမ်းရဲတင်းလွန်းတယ်ဆိုတာကျွန်မသိပါတယ် ဒါပေမဲ့ကျွန်မ ပိုက်ဆံအများကြီးလိုနေတယ်... "


ကျန်းရှင်းသူမကိုအတည်ပေါက်ဖြင့်ကြည့်ကာ ပြောလေသည်။

 " ဆရာမထောင်ကဘယ်လောက်လိုတာလဲ... "


"...ငါးသိန်း "


"..."


xxxxxxx