Chapter 281
ကျန်းရှင်းသူလုပ်နေသည့်အရာကိုရပ်လိုက်ပြီး ထောင်ထောင်ကိုကြည့်ရန် သူ့မျက်လုံးကိုပင့်လိုက်ကာ မျက်လုံးထဲတွင်စိတ်ဝင်စားမှုအပြည့်နှင့် ဖြစ်သွားသည်။
" ကျန်း... မစ္စတာကျန်း..."
ထောင်ထောင်ငိုတော့မည်ဖြစ်သည် ။
" ငါးသိန်း... "
ကျန်းရှင်းရပ်သွားပြီး ဆက်ပြောသည်။
" ဘယ်နှနှစ်စာ လစာကိုကြိုထုတ်မယ်လို့ မင်းစီစဥ်ထားတာလဲ..."
" နှစ်နှစ်ပါ... နှစ်နှစ်အတွင်းကျွန်မပြန်ပေးပါ့မယ်..."
ကျန်းရှင်းသရော်ကာ သူဌေးတစ်ယောက်မျက်နှာထားနှင့်နေလိုက်ပြီး စတင်ရယ်မောတော့သည်။
" ဆရာမထောင် ငါ့တူမကမင်းကိုတစ်ကယ်သဘောကျပြီး မင်းနဲ့အတူစာသင်ရတာကိုလည်းပျော်နေတယ်လေ...ဒါပေမဲ့ မင်းကငါးသိန်းလိုချင်တယ်လို့ပြောတယ်နော်.... အဲ့ဒါကမများလွန်းဘူးလား.... ငါ့တူမကိုအရူးလုပ်ဖို့လွယ်ပေမယ့် ငါကတော့မဟုတ်ဘူးနော်...အကယ်၍ဒီနှစ်နှစ်အတွင်းငါ့တူမကမင်းကိုမကြိုက်တော့ပဲ ထုတ်ပြစ်ချင်တယ်ဆိုရင် မင်းဘာနဲ့ပြန်ပေးမှာလဲ..."
"ကျွန်မ..."
" မင်းရဲ့လက်ရှိလစာကိုပေးနေတဲ့သူကငါနော်...ငါကပေးသင့်တဲ့လစာထက်ကိုပိုပေးထားတာနော် အကယ်၍ ငါသာမင်းလစာကိုလျှော့ချလိုက်ရင် မင်းနှစ်နှစ်အတွင်းပြန်ပေးနိုင်ပါ့အုံးမလား..."
" ကျွန်မဒီတိုင်း..."
" နောက်ပြီး ငါကအန္တရာယ်ရှိတဲ့အချက်တွေကိုဖယ်ပြီး ယွမ်ငါးသိန်းချေးပေးလိုက်ရင် မင်းငါ့ကိုအတိုးပေးဖို့ရောရယ်ရွယ်ချက်မရှိဘူးလား...ငါမင်းကိုပိုက်ဆံချေးလိုက်ရင် မင်းငါ့ကိုဘာပြန်ပေးနိုင်လဲ...အကျိုးအကြောင်းသင့်စမ်းပါ... "
ထောင်ထောင်၏ မျက်လုံးများရဲနေသည် ။
သူမခေါင်းထဲတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသကဲ့သို့ အံကြိတ်လိုက်သည်။ သူမမှားသွားပြီဟုခံစားလိုက်မိပြီး သက်သောင့်သက်သာမရှိတော့ပေ။ သူမအမှန်တကယ်ကိုငိုချင်နေပေမဲ့ ငိုတာကအသုံးမဝင်ပေ ။
ထောင်ထောင်တိတ်တိတ်လေးငိုနေပြီး
တုန်ရီနေသည့်အသံဖြင့် ပြောလိုက်သည်။
" မစ္စတာကျန်း .... ဘာလို့လဲဆိုတော့ရှောင်မန်က...သူမက..."
" ငါ ငါ့တူမအကြောင်းကိုတောက်လျှောက်ပြောနေလို့ မင်းစွဲသွားတာလား...မင်းငါ့ကိုတွန်းအားပေးဖို့သူမကိုအသုံးချနေတာလား..."
" ကျွန်မဆိုလိုတာအဲ့လိုမဟုတ်ဘူးလေ..."
ထောင်ထောင်သူမနှုတ်ခမ်းကိုကိုက်ပြီး မျက်ရည်များဖြင့်ပြောလိုက်သည်။
" ကျွန်မတောင်းပန်ပါတယ် မစ္စတာကျန်း...ကျွန်မကိုယ့်ဘာသာပဲအဖြေရှာလိုက်ပါ့မယ် ကျွန်မ စည်းကျော်မိသွားတယ်... ကျေးဇူးပြုပြီး ကျွန်မဒီနေ့ဒီကိုလာပြီး မစ္စတာကျန်းကိုဒုက္ခမပေးခဲ့သလိုဆက်ဆံပေးပါ..."
ထိုသို့ပြောပြီးနောက်တွင် ထောင်ထောင်ငိုပြီးပြေးထွက်သွားခဲ့သည် ။
ကျန်းရှင်း ခဏတာချိတုန်ချတုန်ဖြစ်သွားပြီးနောက်တွင် သူစိတ်ပျက်ဖို့ကောင်းအောင်ပင် မိန်းကလေးတစ်ယောက်ကိုငိုအောင်လုပ်ခဲ့သည်ဟုခံစားလိုက်ရသည်။ ၎င်းကသူ့ကိုလူဆိုးတစ်ယောက်နှင့်တူသွားစေသည်။ သို့သော်သူထိုအကြောင်းကိုတွေးလိုက်ပြီးနောက်တွင် သူဘာတစ်ခုမှအမှားလုပ်လိုက်ပုံမပေါ်ပေ ထို့ကြောင့်သူ သူမကိုလျစ်လျုရှုထားလိုက်ပြီး အလုပ်ဆက်လုပ်နေခဲ့သည် ။
သူအနည်းငယ်စိတ်မအေးဖြစ်နေရုံသာရှိသည်။
အလွန် စိတ်မအေးဖြစ်နေသည် ။
သူ၏စားပွဲပေါ်မှဖိုင်ကိုယူလိုက်ပြီး သက်ပြင်းတစ်ချက်ပြင်းပြင်းချလိုက်သည် ။
သိပ်မကြာခင်မှာပင် သူ၏ဖုန်းမြည်လာခဲ့ပြီး ၎င်းမှာကျန်းရှောင်မန်၏နံပါတ်ဖြစ်သည် ။
" ဟေး...ကျန်းရှောင်မန် ဘာထူးလို့လဲ...ဘာထူးလို့လဲ ဦးကအလုပ်မှာလေ..."
ကျန်းရှောင်မန်၏အသံအနည်းငယ်ပျက်ယွင်းနေပေမယ့် အလွန်ချိုသာနေတုန်းပင်ဖြစ်သည်။
" ဦးဦး... ဆရာမထောင်ဦးလေးဆီကိုအခုလာသွားတာလား..."
ဆရာမထောင်... သူမရုတ်တရက်ထောင်ထောင့်နာမည်ကိုဘာလို့ထုတ်ပြောရတာလဲ...
ကျန်းရှင်းမျက်မှောင်ကြုတ်၍ အေးအေးဆေးဆေးပြောလေသည်။
" သူမ မလာသေးဘူး...ဘာဖြစ်လို့လဲ "
" အိုး...အကယ်၍သူမခဏလေးအတွင်းရောက်လာခဲ့ရင် သူမဘာပဲမေးမေး ဦးလေးလိုက်လျောပေးရမယ်..."
" ဟမ်...."
ကျန်းရှင်းထိုကိစ္စကမရိုးရှင်းဘူးဟုခံစားလိုက်ရသည်။
" သမီးကဘာကိုဆိုလိုတာလဲ ဘာကိုပဲတောင်းဆိုတောင်းဆိုဦးလေးကလိုက်လျောပေးရမယ်ပေါ့..."
" အင်း...."
ကျန်းရှောင်မန်တစ်ခုခုကမှားနေသည်ကိုသတိထားမိပြီး ချက်ချင်းသူမအသံကိုနိမ့်၍မေးလိုက်သည်။
" ဦးဦး သမီးကိုမလိမ်ပါနဲ့...ဆရာမထောင်လာသွားပြီးပြီမဟုတ်လား..."
"..."
ကျန်းရှင်းတိတ်ဆိတ်သွားသည်။
အစတုန်းကတော့ ထောင်ထောင်က သူ၏တူမကိုချော့ပြီးဦးဆောင်ပေးနေသည့်မကောင်းသည့်ရယ်ရွယ်ချက်ရှိသူ ရှောင်မန်ကိုကျန်းရှင်းအား သူမကိုပိုက်ဆံပေးရန်အတွက် ချော့ပြောနေသူဟုထင်ထားခဲ့သည်။ သို့သော် သူသေချာပြန်စဥ်းစားကြည့်လိုက်သည့်အခါတွင် သူမဘေးတွင်ရှိသောလူတွေကိုအမြဲချော့နိုင်သူမှာကျန်းရှောင်မန်ဖြစ်သည်။
ဘယ်လိုလုပ်သာမန်လူတွေကသူမကိုအရူးလုပ်နိုင်မှာလဲ...
အကယ်၍ထိုကဲ့သို့သာဆိုလျှင် ကျန်းရှောင်မန်ကကြိုးကိုင်သူဖြစ်ပြီး ထောင်ထောင်ကတော့တိုက်စစ်မှူးတစ်ယောက်သာဖြစ်လိမ့်မည် ။
အခြေအနေပိုဆိုးလာသည်ဟု ကျန်းရှင်းခံစားမိပြီး တည်ငြိမ်စွာဖြင့်မေးလိုက်သည်။
" ရှောင်မန်...ဦးဦးကိုရိုးရိုးသားသားပြောစမ်းပါ သမီးမှာမကောင်းတဲ့အကြံအစည်တွေရှိနေတာလား.... သမီးဆရာမကိုဒီကိုလာပြီး ဦးဦးဆီမှာပိုက်ဆံတောင်းဖို့သမီးလှုံ့ဆော်ပေးလိုက်တာလား...သမီးပိုက်ဆံကုန်သွားပြီလား သမီးကိုဦးပေးထားတဲ့ပိုက်ဆံတွေကိုဘာလုပ်လိုက်လဲ...."
များပြားလှသည့် မေးခွန်းများကြောင့် ရှောင်မန်စိတ်ပူလာခဲ့ပြီး သူမရှင်းပြလိုက်သည်။
" မဟုတ်ဘူး...သမီးအစကတည်းကဆရာမကိုပိုက်ဆံချေးပေးချင်ခဲ့တာ...ဆရာမမိသားစုထဲကတစ်စုံတစ်ယောက်ကနေမကောင်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေတာ အဲ့ဒါကြောင့်သမီးဆရာမကိုကူညီပေးချင်နေတာ... ဒါပေမဲ့ဆရာမကပြောတယ် ငွေပမာဏကအများကြီးတဲ့ သမီးပိုက်ဆံနဲ့မလောက်ဘူးတဲ့ ဒီတော့သမီးသူ့ကိုဦးလေးဆီကနေသွားချေးဖို့ပြောလိုက်တာ..."
xxxxx
Chapter 282
"ငါး...ငါးသိန်း...ဒီလောက်ပိုက်ဆံအများကြီးကိုလား... "
" ငါးသိန်းလား...သမီးမသိဘူးလေ ဆရာမကပိုက်ဆံအများကြီးလို့ပဲပြောတာ ဒီတော့သမီးလည်းဦးဦးဖြေရှင်းနိုင်လိမ့်မယ်လို့တွေးလိုက်တာပေါ့..."
ကျန်းရှင်း ချောင်းငြင်သာစွာဟန့်လိုက်ပြီး နောက်ဆုံးမျှော်လင့်ချက်လေးကိုဆုပ်ကိုင်ထားလိုက်ပြီး မေးလိုက်သည်။
" အဲ့ဒါအမှန်ပဲလား...သမီးဦးဦးကိုလိမ်နေတာမဟုတ်ပါဘူးနော်..."
"ဒါပေါ့အဲ့ဒါအမှန်ပဲလေ...ဘယ်လိုပဲဖြစ်ဖြစ်သူမကိုပေးလိုက်ပါ... သူ့ကိုသမီးပေးလိုက်သလိုမျိုးသာဆက်ဆံပေးပါ...သမီးဦးဦးကိုပြန်ပေးပါ့မယ်... "
အိုး...ကျန်းရှောင်မန် ဘယ်လောက်တောင်ချမ်းသာပြီး အင်အားရှိလိုက်လဲ...
ကျန်းရှင်းသူ၏ မျက်လုံးကိုလှိမ့်လိုက်ပြီး ကျန်းရှင်းစိတ်မသက်မသာဖြင့်သူ၏ လက်ချောင်းများဖြင့်စားပွဲကိုဆုပ်ကိုင်ထားပြီး တစ်ခဏကြာသည်အထိစကားတစ်ခွန်းမပြောပေ ။
ကျန်းရှောင်မန်မေးလိုက်သည်။
" ဦးဦး ကူညီပေးနိုင်မလား... ဒီအကူအညီကိုဦးဦးလက်ခံပေးသင့်တယ်..."
" ဦးဦး သမီးကိုကူညီပေးချင်ပါတယ် ဒါပေမဲ့..."
သူတုံ့ဆိုင်းပြီးရင်းတုံ့ဆိုင်းနေခဲ့သည် ။
" ဒါပေမဲ့ ဘာဖြစ်လဲ..."
" ဒါပေမဲ့ ဦးဦးသူ့ကိုအခုလေးတင်မောင်းထုတ်လိုက်တာ..."
"..."
ကျန်းရှင်းဖုန်းချလိုက်သည် ။
ကျန်းရှောင်မန် သူမဦးလေးသည်အားကိုး၍မရဘူးဟုခံစားရလိုက်ပြီး သူမဘာသာသူမသွားရန်ဆုံးဖြတ်လိုက်သည် ။
သူမ စက်ဘီးပေါ်သို့တတ်လိုက်သည်။ ဆရာမထောင်ဆေးရုံမှာဖြစ်မည်ဟု သူမချက်ချင်းခန့်မှန့်လိုက်ပြီး သူမထိုနေရာသို့တန်းတန်းမတ်မတ်သွားလိုက်သည် ။
လမ်းတွင် ကျန်းရှောင်မန် ကျန်းရှင်းဆီမှဖုန်းရလိုက်သည် ။
" ရှောင်မန်...ဦးဦးမှားမှန်းသိပါတယ်...ဦးဦးအသိစိတ်ကအေးအေးဆေးဆေးမနေနိုင်ဘူးဖြစ်နေတယ်...ဦးတို့ဘာလို့သမီးဆရာမကိုအတူတူမရှာကြရမှာလဲ..."
ကျန်းရှောင်မန်ပြောလိုက်သည်။
" သူ ဦးဦးကိုမတွေ့ချင်မှာကိုသမီးကြောက်တယ်..."
" ဘုရားရေ...ဦးဦးအဲ့ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာမဟုတ်ပါဘူး...အခုလူတစ်ယောက်ကသေလုနီးပါးဖြစ်နေတာမဟုတ်လား အသေးစိတ်တွေကိုပါလိုက်ပြီးအရမ်းမစွဲလမ်းစမ်းပါနဲ့..."
" ကောင်းပြီလေ..."
ကျန်းရှောင်မန် ဆေးရုံလိပ်စာအားသူ့ကိုပြောပြလိုက်ပြီး ဖုန်းချလိုက်သည် ။
ကျန်းရှင်းကားမောင်းထွက်သွားခဲ့သည် ထို့ကြောင့်သူကျန်းရှောင်မန်ထက်ပို၍မြန်သွားခဲ့သည်။ ကျန်းရှောင်မန်ရောက်လာသည့်အချိန်တွင် ကျန်းရှင်းဆေးရုံအပေါက်ဝတွင်စောင့်နေပြီဖြစ်သည် ။
" မင်းကဒီမှာပဲ ဘိုးဘေးလေး..."
ကျန်းရှင်းသက်ပြင်းချလိုက်သည်။
" ငါတို့အပေါ်တတ်ပြီး တစ်ချက်သွားကြည့်ကြမလား..."
သူတစ်ယောက်တည်း မသွားဝံ့ပေ ။
" နောက်ဆိုရင်ဦးဦးကို ဆရာမကိုဆူခွင့်မပေးတော့ဘူး..."
" အဲ့ဒါကငါနဲ့မှမဆိုင်တာ ငါကသူ့ကိုဘာလို့ဆူရမှာလဲ... "
" ဒါဆိုစောစောကဘာလို့သူမကိုဆူလိုက်သေးလဲ..."
"...ငါဦးနှောက်တစ်ချက်လွှတ်သွားတာဖြစ်မယ် ....."
ကျန်းရှင်းက မိမိကိုယ်ကိုယ် အလွန်သတိရှိပြီး သူဌေးတစ်ယောက်အနေနှင့် တိကျလွန်းသည်။ သူ၏ပိုက်ဆံကို မည်သူကမှ မကြည့်သင့်ပေ ။
နှစ်ယောက်သားအတွင်းလူနာဆောင်သို့အတူတူ သွားလိုက်ကြသည်။ ကျန်းရှောင်မန်အခန်းနံပါတ်ကိုမှတ်မိနေသေးသည်။ သူတို့ရောက်သည့်အချိန်တွင် ထောင်ထောင်ကိုအထဲတွင်တွေ့လိုက်ရသည် ။
သူမသနားစဖွယ်ကောင်းအောင်ငိုနေသေးတုန်းဖြစ်ပြီး ကြည့်ရတာအလွန်ငြိုးငယ်နေပုံပေါက်နေသည် ။
ဆရာမထောင်၏ အမေမှာ အိပ်ပျော်နေပြီဖြစ်သည်။ ထိုသို့အိပ်နေတာတောင်သူမမျက်နှာက ချောင်ကျ၍ခြေကုန်လက်ပန်းကြနေပုံပေါ်ပြီး ကြာကြာမခံနိုင်တော့သည့်ပုံဖြစ်နေသည် ။
ကျန်းရှင်းတစ်ချက်ကြည့်လိုက်ပြီး အပြစ်ရှိသည့်စိတ်ဖြင့်အဝေးသို့ကြည့်လိုက်သည်။ သူပြောချင်နေသည့်အရာအားလုံး သူ၏လည်ချောင်းထဲတွင်ဆို့နှစ်နေခဲ့ပြီး မည်သည့်စကားမှထွက်မလာခဲ့ပေ ။
ထောင်ထောင်လှည့်လိုက်ချိန်တွင် သူတို့ကိုတွေ့လိုက်သည်။သူမငိုနေပြီး သူမအမေလက်ကိုအောက်ချလိုက်သည် ထို့နောက်လူနာဆောင်ထဲမှထွက်လာခဲ့သည် ။
" တောင်းပန်ပါတယ် မစ္စတာကျန်း..."
" တောင်းပန်ပါတယ်... ဆရာမထောင်... "
နှစ်ယောက်သားတစ်ချိန်တည်းတွင်ပြော၍ တစ်ချိန်တည်းရပ်လိုက်ကြသည် ။
ထောင်ထောင်ပြုံးလိုက်သည်။
" ကျွန်မစောစောတုန်းကမဆင်မခြင်ဖြစ်သွားခဲ့တယ် ကျွန်မအဲဒီ့လိုမလုပ်လိုက်သင့်ဘူး...ဒါကရှောင်မန်နဲ့ဘာမှမဆိုင်တဲ့အတွက်သူ့ကိုမဆူပါနဲ့...ကလေးကဘာမှနားမလည်သေးဘူး ဒါပေမဲ့သူ့မှာကြင်နာတတ်တဲ့နှလုံးသားတော့ရှိပါတယ်..."
" ငါ ရှောင်မန်ကိုမဆူပါဘူး..."
သူ ရှောင်မန်ကိုမည်ကဲ့သို့ဆူဝံ့မည်နည်း။ ကျန်းရှင်းတုန့်ဆိုင်းသွားပြီး ဆက်ပြောလိုက်သည်။
" ငါဒီကို...ငါမင်းအမေကိုတွေ့ဖို့ဒီကိုလာတာ..."
" ရပါတယ်...မစ္စတာကျန်းသူမကိုတွေ့ပြီးပြီပဲ...သူမအတွက်ကတော့အခုဧည့်သည်တစ်ယောက်ကိုတွေ့ဖို့အဆင်မပြေသေးဘူး..."
ထောင်ထောင်ငြင်သာစွာဖြင့်ပြောလိုက်သည်။
" မစ္စတာကျန်း...ကျေးဇူးပြုပြီးပြန်သွားပေးပါ ကျွန်မဒီနှစ်ရက်အတွင်း အလုပ်ရှုပ်နေလိမ့်မယ်...ကျွန်မနည်းပြအဖြစ်ကနေနှုတ်ထွက်ပါ့မယ်... ရှောင်မန်ကဥာဏ်ကောင်းပြီး ပင်ကိုယ် အရည်အချင်းလည်းအပြည့်ရှိပြီးသားပါ သူအံ့သြစရာကောင်းအောင်လို့ကိုကျွန်မကိုမလိုပါဘူး ကျွန်မကသူ့ဆရာမဖြစ်ဖို့မထိုက်တန်ပါဘူး..."
xxxxx
Chapter 283
"ဒါက...ငါဆိုလိုချင်တာမဟုတ်ဘူးလေ..."
" ဒါဆိုရှင်ကဘာကိုဆိုလိုတာလဲ ...."
" ငါ...ဒီကိုပိုက်ဆံပေးဖို့လာတာ ..."
"...မစ္စတာကျန်းကကျွန်မကိုအရှက်တစ်ကွဲဖြစ်အောင်လုပ်နေတာလား..."
ထောင်ထောင်မသက်မသာဖြင့်ပြုံးလိုက်ပြီး အားမရှိစွာဖြင့်ပြောလိုက်သည်။
" ရှင့်ရဲ့ရည်ရွယ်ချက်ကဘာပဲဖြစ်ဖြစ် ရှင်အခုမြင်ပြီးသွားပြီပဲ ကျွန်မတခြားကိစ္စတွေကိုအာရုံမစိုက်နိုင်သေးဘူး.... မစ္စတာကျန်း ကျေးဇူးပြုပြီးပြန်ပါတော့ ရှင့်ရဲ့အကူအညီကိုကျွန်မရင်ထဲကနေကိုအမှတ်ရနေပါ့မယ်... "
ကျန်းရှောင်မန်တိတ်တဆိတ်ဖြင့်ကျန်းရှင်း အင်္ကျီလက်ကိုဆွဲလိုက်ပြီး သူ့ကိုတိတ်ဆိတ်စွာဖြင့်ကြည့်နေခဲ့သည် ။
ကျန်းရှင်း...ကျန်းရှင်းငိုချင်သလိုခံစားလိုက်ရသည် ။
မည်သူမှသူ့ကိုထိုကဲ့သို့မပြောခဲ့တာဘယ်နှစ်နှစ်လောက်တောင်ရှိနေပြီလဲ။ သို့ပေမဲ့ ကျန်းရှောင်မန်လည်းဒီမှာရှိနေသည် ။
ဒီကလေးကို...သူဥပမာတစ်ခုတော့ပြပေးရမည်။
ကျန်းရှင်းချောင်းဟန့်လိုက်ပြီး နည်းလမ်းကျကျပြောလိုက်သည်။
" ဆရာမထောင် ငါကလေးအရှေ့မှာမပြောနိုင်တဲ့တခြားအကြောင်းတွေရှိတယ်...ငါ့ကိုမျက်နှာချင်းဆိုင်ချင်စိတ်ရှိသေးတယ်ဆိုရင် နှစ်ယောက်တည်းပြောကြရအောင်..."
ထောင်ထောင်လည်းကျန်းရှောင်မန်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ သူမခေါင်းငြိမ့်လိုက်ပြီး ကျန်းရှင်းနှင့်အတူအောက်ထပ်သို့ဆင်းသွားခဲ့သည် ။
ကျန်းရှင်းမှပြောလိုက်သည်။
" ဆရာမထောင် မင်းငါ့ကိုဘယ်လိုတွေးလဲငါဂရုမစိုက်ဘူး...ငါဒီကိုပိုက်ဆံပေးဖို့လာတာကတော့အမှန်ပဲ မင်းကိုအမှန်တိုင်းပြောရရင် ငါပိုက်ဆံအကြောင်းကိုလုံးဝဂရုမစိုက်ဘူး... ငါ့တူမကမင်းကိုကူညီချင်တယ်နောက်ပြီးငါငြင်းလို့လည်းမရဘူး... ဒါပေါ့...ငါကလူကောင်းတစ်ယောက်ပဲလေ ဒီတော့ငါမင်းကိုကူညီဖို့ဆန္ဒရှိတယ်..."
" ကျွန်မ...ကျွန်မအခုထိ..."
" မင်းအမေကိုမကူညီချင်ဘူးလား..."
ကျန်းရှင်း၏စကားတစ်ခွန်းကြောင့်သူမ၏အရှိုက်ကိုထိသွား၍ ထောင်ထောင်မည်သည့်စကားမှမပြောနိုင်တော့ပေ ။
ကျန်းရှင်းကျေနပ်သွားပြီး အသိစိတ်အနည်းငယ်ကြောင့်အရင်းရှင်မျက်နှာကိုလျို့ဝှက်ထားလိုက်သည်။
" ဒီနည်းက ငါတို့အားလုံးအတွက်အကောင်းဆုံးအဖြေပဲ... ငါ့ကိုမျက်နှာသာပေးပြီး ဒီကိစ္စကိုပြေလည်ဖို့သာစဥ်းစားပါ..."
ထောင်ထောင်ဖြေးညှင်းစွာဖြင့်ပြောလိုက်သည်။
" မစ္စတာကျန်းကကျွန်မကိုကူညီဖို့ဆန္ဒရှိတယ်... ကျွန်မကျေးဇူးအရမ်းတင်ပါတယ်..."
သူမအတွက်သူ့ကိုမျက်နှာသာပေးရမယ်...
တခြားနည်းလမ်းလည်းမဟုတ်ပါလော။
သို့သော် သူမခံစားချက်များ ရောထွေးနေသေးသည်။ အားလုံးပြီးသွားသည့်နောက်တွင်သူမအနည်းငယ်သက်သောင့်သက်သာမရှိသလိုခံစားနေရသည် ။
" ဒါပေမဲ့မစ္စတာကျန်း ကျွန်မကိုဘာလို့ကူညီပေးချင်တယ်ဆိုတာကိုနားမလည်ဘူး...ကျွန်မအရင်ဒုက္ခရောက်တုန်းကလည်းကျွန်မကိုဘယ်သူမှမကူညီပေးချင်ကြဘူးလေ.... "
ထောင်ထောင်အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ပြောလိုက်သည်။
" ကျွန်မနားလည်ချင်တယ် ..."
သူ၏တူမကိုကြောက်လို့ဟူ၍ သူမည်ကဲ့သို့ပြောနိုင်မည်နည်း။
ကျန်းရှင်းချောင်းထပ်ဟန့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
" ဒါပေါ့ အလကားရတာဘာမှမရှိဘူးလေ...အကယ်၍ရှိရင်တောင် အဲ့ဒါထောင်ချောက်ပဲဖြစ်လိမ့်မယ် ငါမင်းရဲ့သောကကိုနားလည်ပါတယ် ဒီတော့စာချုပ်မှာလက်မှတ်ထိုးရအောင်..."
"...စာချုပ်...."
ထောင်ထောင်၏မျက်နှာဖျော့တော့သွားသည် ထို့နောက်သူမမျက်နှာပေါ်ရှိအမှုအရာက သူမနားလည်သဘောပေါက်လာသည်ကိုပြနေသည်။
" အိုး...ဒီတော့ဒီလိုပေါ့ "
ထောင်ထောင် ပို၍ခံစားချက်ကောင်းလာသည်။ သူမတခြားသူများ၏ကြင်နာမှုကိုမည်သည့်အတွက်မှလက်ခံမည်မဟုတ်ပေ ။
ကျန်းရှင်းတည်ငြိမ်ချင်ဟန်ဆောင်ကာ သူမကိုစိုက်ကြည့်နေခဲ့ပြီး ပြောလေသည်။
" ဘာလဲ...မင်းသဘောမတူဘူးလား...ငါမင်းကိုပြောပါရစေ အကယ်၍မင်းငါ့ကိုညှိနှိုင်းချင်တယ်ဆိုရင် အနည်းဆုံးဒီလောက်တော့နားလည်ရမယ်လေ..."
" ကျွန်မသဘောတူပါတယ်...."
ကျန်းရှင်းသက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏လက်ကိုဝှေ့ပြလိုက်သည်။
" ငါမင်းကိုအရင်ဆုံးပိုက်ဆံလွှဲပေးမယ် မကြာခင်ငါ့ရှေ့နေကမင်းကိုဆက်သွယ်လာလိမ့်မယ်..."
ထောင်ထောင်ငိုပြီး ပြောလေသည်။
" ကျေးဇူးတင်ပါတယ်..."
မည်သည့်ကိစ္စတွင်မဆို ထောင်ထောင်သူမ၏အမေကိုကယ်ခဲ့သည့်အတွက် သူ့ကိုရိုးရိုးသားသားပင်ကျေးဇူးတင်နေခဲ့သည်။ အခြားသူဌေးများသာဆိုလျှင် သေချာပေါက် သူမအမေ၏သေရေးဖြစ်ဖြစ်ရှင်ရေးဖြစ်ဖြစ်ဂရုစိုက်ကြမည်မဟုတ်ပေ ။
ကျန်းရှင်း သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သို့ပြောရမည်မှန်းမသိတော့ပေ။ သူလူတွေကိုမည်ကဲ့သို့နှစ်သိမ့်ရမည်မှန်းမသိပေ အထူးသဖြင့်အမျိုးသမီးများကိုဖြစ်သည် ။
သူ၏အမေနှင့်တူမ တစ်ယောက်ချင်းစီက အခြားသူများထက် အံ့သြစရာကောင်းသည်၊ အကယ်၍သူတို့ထဲကတစ်ယောက်ယောက်ကိုနှစ်သိမ့်ဖို့လိုလာလျှင် သူပဲနှစ်သိမ့်ရမည်ဖြစ်သည် ။
ကျန်းရှင်းတစ်ခဏတာတုံ့ဆိုင်းသွားပြီးနောက်တွင် ရက်စက်စွာပြောလိုက်သည်။
" ဘာကိုကျေးဇူးတင်တာလဲ...ဘာအတွက်ကျေးဇူးတင်နေတာလဲ...အခုကစပြီးမင်းကျန်းမိသားစုဝင်တစ်ယောက်ဖြစ်လာပြီ မင်းအရိုးဖြစ်တဲ့ထိအောင် မင်းရဲ့အကြွေးတွေကိုပြန်ပေးရမယ်..."
ထောင်ထောင်ခေါင်းငြိမ့်လိုက်သည်။ ၎င်းကသူမတွေးထားသည့်အတိုင်းပင်ဖြစ်သည် ။
လူကြီးနှစ်ယောက်စကားပြောပြီးနောက်တွင် သူတို့အပေါ်ထပ်ကိုပြန်တတ်လာခဲ့သည် ။
ကျန်းရှောင်မန်လှေကားအပေါ်ထပ်မှနေ၍ ခိုးနားထောင်ရန်ကြိုးစားခဲ့သည်။ သို့သော် အလွန်ဝေးလွန်း၍ဘာဆိုဘာမှမကြားရပေ ။
သူတို့လာသည်ကိုမြင်၍ သူမချက်ချင်းမေးလိုက်သည်။
" ဘယ်လိုလဲ ဦးဦးတို့လက်ဆွဲနှုတ်ဆိတ်ခဲ့ပြီး ငြိမ်းချမ်းရေးရသွားပြီလား... "
" အင်း..."
" ဆရာမအမေကအသက်ရှင်မှာလား..."
" အင်း ..."
" ဒါဆို ဆရာမကပိုက်ဆံဘယ်လောက်ကိုတစ်ကယ်လိုနေတာလဲ... "
" ငါးသိန်း "
" အယ်... "
" ငါးသိန်း...."
" ငါးသိန်း ..."
"...အိုး တော်တော်ကိုများတဲ့ပိုက်ဆံပဲ... "
ကျန်းရှောင်မန်သက်ပြင်းချလိုက်သည် ။
xxxxxx
Chapter 284
မကြာမီတွင်ထောင်ထောင်က သူမကိုစည်းကမ်းချက်များ ဆွေးနွေးရန်အတွက် ရုံးသို့လာခိုင်းသည့် ကျန်းရှင်း၏ ရှေ့နေဆီမှ ဖုန်းရခဲ့သည် ။
ဂရုတစိုက်စဥ်းစားဆင်ခြင်ပြီးနောက်တွင် ကျန်းရှင်းစာချုပ်ကိုရေးဆွဲခဲ့သည် ။
ငါးသိန်းကိုငါးနှစ်အတွင်းပေးရမည်။ သို့သေ။် တိုးလည်းပါဝင်မည်ဖြစ်သည်။ အတိုးနှုန်းကသေချာပေါက်အလွန်နည်းသည်။ သူမ၏လစာကိုအကြွေးဆပ်ဖို့အပြင် နောက်ထပ်အချက်တစ်ခုလည်းရှိသေးသည်။ သူမ၏နည်းပြအလုပ်သာမကဘဲ အခြားသင့်တော်သည့်အလုပ်များရှိသည်ဆိုလျှင် ထောင်ထောင်အပိုဝင်ငွေရှာရန်ထိုအလုပ်များကိုလက်ခံနိုင်သည် ။
ကျန်းရှင်းမှပြောလိုက်သည်။
" အခုကစပြီး မင်းအရိုးဖြစ်တဲ့အထိအလုပ်လုပ်ရမယ်...ငါနောက်နေတာမဟုတ်ဘူးနော်... "
ထောင်ထောင်နှာတစ်ရှုပ်ရှုပ်လုပ်၍ ကျန်းရှင်းကိုကြည့်လိုက်ပြီး ငိုရင်းဖြင့်ပြောလေသည်။
" ကျေးဇူးတင်ပါတယ် မစ္စတာကျန်း...ကျွန်မကောင်းကောင်းလုပ်ပါ့မယ်..."
ကျန်းရှင်းခေါင်းကိုက်လာသည်။ သူ၏နှာဖူးကိုကိုင်ထားကာ ထောင်ထောင်ကိုထွက်သွားဖို့လက်ဝှေ့ပြလိုက်သည်။
" အေး... အေး... ရပြီ ထွက်သွားတော့ ငါ့အလုပ်ကိုအနှောင့်အယှက်မပေးနဲ့..."
ထောင်ထောင် သူပြောသမျှကိုလုပ်လေသည် ။
ထောင်ထောင်ဒီအတိုင်းထွက်သွားမည်ဟုသူထင်ထားသော်လည်း သူမ မထွက်သွားပေ ။
ထောင်ထောင်မွန်းတည့်ချိန်မတိုင်မီအထိကုမ္ပဏီကနေထွက်မသွားခဲ့ပေ ။
ကျန်းရှင်းထွက်လာသည့်အချိန်တွင် အမှိုက်ပုံးကိုရှင်းလင်းထားသည်ကိုသူတွေ့လိုက်ရသည်။ ပန်းကန်ခွက်ယောက်များထားသည့် စင်ထဲရှိခွက်များကိုလည်းဆေးကြောထားသည်။ သူအနားယူသည့်အခန်းပင် အသစ်စက်စက်ဖြစ်နေခဲ့ပြီး သူ၏အဝတ်အစားများနှင့် စောင်များကိုပင်သပ်သပ်ရပ်ရပ်စီထားခဲ့သည် ။
တစ်ခဏတွေးပြီးနောက်တွင် ကျန်းရှင်း ထောင်ထောင်ကိုဖုန်းခေါ်သင့်သည်ဟုတွေးလိုက်မိသည် ။
ကျန်းရှင်းမှပြောလိုက်သည်။
" ဆရာမထောင်...မင်းကိုသန့်ရှင်းရေးအတွက်အပိုလုပ်အားခပေးသင့်တယ်လို့ငါထင်တယ်... "
ထောင်ထောင်ဖုန်းအခြားတစ်ဖက်မှပြန်ပြောသည်။
" မလိုပါဘူး မစ္စတာကျန်း "
" မင်းဘာတွေလျှောက်ပြောနေတာလဲ မင်းအကြွေးတွေကိုပေးဖို့အတွက်အလုပ်လုပ်ဖို့ငါမင်းကိုမပြောထားဘူးလား.... ကုမ္ပဏီမှာတင်မကဘူး မိသားစုထဲမှာရောပဲနော်...ငါ့အမေကအသက်ကြီးနေပြီ ဒါပေမဲ့သူကအိမ်အကူခေါ်ဖို့ဆန္ဒမရှိဘူးလေ...သူမနေ့တိုင်းအပေါ်တတ်လိုက် အောက်ဆင်းလိုက်လုပ်နေရတယ် အဲ့လိုလုပ်ရတာကမလွယ်ဘူးလေ ဒီတော့မင်းငါ့ကိုကူညီပြီးစောင့်ကြည့်ပေးထားချေ... "
ထောင်ထောင်မငြင်းဆန်တော့ဘဲ လက်ခံလိုက်သည်။
" ကောင်းပါပြီ ကျေးဇူးပါ မစ္စတာကျန်း..."
ထိုအချိန်အစ၍ ထောင်ထောင်ပို၍တောင်အလုပ်ကြိုးစားလာခဲ့သည် ။
ထိုမတိုင်ခင်က ထောင်ထောင် ကျန်းရှောင်မန်ကျောင်းတွင်ရှိသည့်အချိန်နှင့် သူကျန်းရှောင်မန်ကိုစာသင်ပေးစရာမလိုသည့်အချိန်တိုင်းတွင် သူမအိမ်နှင့်ဆေးရုံကိုအသွားအပြန်လုပ်နေခဲ့သည် ။ ယခုကျန်းရှောင်မန်အားလပ်ရက်ရချိန်တိုင်းတွင် အခြေခံအားဖြင့်သူမကျန်းရှောင်မန်၏သင်ခန်းစာအားလုံးကိုအိမ်မှာပဲသင်ပေးရသည်။ ထို့နောက်ထောင်ထောင်ရုံးနှင့်ကျန်းမိသားစုအိမ်ကြားကိုအသွားအပြန်လုပ်နေရသည် ။
ကျန်းရှောင်မန်ကိုစာသင်ပြီးသည့်နောက်တွင် ကုမ္ပဏီရုံးခန်းသို့သွားရန်လိုသေးသည် ။
သူမအိမ်တွင်လည်း အလုပ်လုပ်ဖို့ကို မမေ့ပေ။ ကျန်းဟွေ့မိန်နှင့် အိမ်အလုပ် မည်သူလုပ်မည်ဆိုသည်ကိုလည်း ရန်ဖြစ်ရသေးသည် ။
အစကနဦးတုန်းက သူမကတတ်ကြွသည့်သူဟုကျန်းဟွေ့မိန်တွေးထားခဲ့သည်အဘယ်ကြောင့်ဆိုသော် ထောင်ထောင်ကလူကြီးများကိုလေးစားပြီးငယ်ရွယ်သူများကိုချစ်ခင်တတ်သည်။ ထို့ကြောင့် သူမစိတ်ကျေနပ်အောင်တစ်ကြိမ်တစ်ခါတော့သူမလုပ်ချင်တာကိုလုပ်ခွင့်ပြုပေးထားတာကအဆင်ပြေသည် သို့ပေမဲ့နောက်ပိုင်းတွင် ဒါကကိစ္စကြီးတစ်ခုမဟုတ်ကြောင်းကိုကျန်းဟွေ့မိန်သိရှိခဲ့သည် ။
ထိုမိန်းမငယ်လေးထောင်ထောင်ကအမှန်တကယ်အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သည် ။
သူမထိုအကြောင်းကိုတွေးလေလေ သူမတစ်စုံတစ်ခုကမှားနေသည်ဟုတွေးမိလေလေဖြစ်သည်။ သူမ ကျန်းရှင်းကို သူတို့မိသားစုနည်းပြတစ်ခုခုမှာနေသလားဟုမေးခဲ့သည်။ ထောင်ထောင်ကတတ်ကြွလွန်းနေသည် ။
သူမအလုပ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမအရာရာကိုလုပ်ချင်နေသည် ။
ကျန်းရှင်း ကျန်းဟွေ့မိန်ကိုမဖုံးထားရဲ၍ သူ ကျန်းဟွေ့မိန်ကိုဖြစ်ပျက်သမျှအကြောင်းစုံကိုပြောပြခဲ့သည် ။
ကျန်းဟွေ့မိန်က ခက်ခဲသည့်ဘဝတွင်နေထိုင်ခဲ့ရသူဖြစ်သည်။ သူမ မည်သည့်စကားတစ်ခွန်းမှမပြောနိုင်သည်အထိ အတွေးထဲနှစ်မြောသွားခဲ့သည်။ အိမ်ပြန်ပြီးနောက်တွင် ကျန်းဟွေ့မိန် ထောင်ထောင်လှေကားလက်ရမ်းကိုသုတ်နေသည်ကိုမြင်၍ထောင်ထောင်ကိုလက်ဝှေ့ပြလိုက်သည် ။
" ထောင်ထောင်...."
ကျန်းဟွေ့မိန်အလေးအနက်ဖြင့်ပြောလိုက်သည်။
" မင်းဒီကိုပထမဆုံးအကြိမ်လာတည်းကမိန်းမကောင်းလေဆိုတာကိုငါသိပါတယ် မင်းကဘယ်လိုပြုမှုနေထိုင်ရမလဲနားလည်တယ့်အပြင် မကောင်းတဲ့ရည်ရွယ်ချက်လည်းမရှိဘူး..."
ထိုအချိန်တုန်းက ထောင်ထောင်ကအလွန်ရိုးသားပြီး သူမကျန်းဟွေ့မိန်ကိုမြင်သည့်အချိန်တိုင်းအရိုအသေပေးလေ့ရှိသည်။ ထောင်ထောင်ကငုံးတစ်ကောင်ကဲ့သို့ရိုသေလေးစားတတ်သည် ကျန်းဟွေ့မိန်သူမကိုယ်သူမလူတွေကိုကြောက်ရွံစေသည့်သူများလားဟုသံသယဝင်မိခဲ့သည် ။
နှစ်ဝက်ကျော်လောက်အပေါင်းအသင်းလုပ်လာပြီးနောက်တွင် ထောင်ထောင် မည်ကဲ့သို့လူစားမျိုးဆိုတာကိုကျန်းဟွေ့မိန်သိလာခဲ့သည် ။
ထောင်ထောင်က တိတ်ဆိတ်နေတတ်ပြီး မည်သည်ကိုမှ မပြောဝံသည့်သူမျိုးဖြစ်သည်။ ကျန်းဟွေ့မိန်က အလွန်အင်းအားကြီးမားသည်ဟုပြောပေမဲ့လည်း မည်သည့်နည်းလမ်းဖြင့်အင်အားကြီးမားသည်ဆိုတာကိုတော့အတိအကျမပြောခဲ့ပေ။ ၎င်းကထောင်ထောင်ကိုအမြဲတမ်းကြောက်ရွံ့စေပြီး သူမကိုအံသြတကြီးကြည့်နေတတ်သည် ။
xxxxx
Chapter 285
ကျန်းဟွေ့မိန်ဆက်ပြောသည်။
" ငါကရွာမှနေခဲ့ဖူးတယ်.... ပြီးတော့အဲဒီ့မှာငါ့သမီးကိုကူညီပေးခဲ့တဲ့ဆရာတစ်ယောက်ရှိတယ်လေ... ငါသူ့ကိုအရမ်းကျေးဇူးတင်တာပဲ..."
" ငါကအဘွားအိုကြီးတစ်ယောက်ပါ... ကျန်းရှင်းကအမြဲပြောတယ် ငါကအယူသီးတယ်တဲ့.... ဒါပေမဲ့ မင်းကမင်းစိုက်ပျိုးတာကိုမင်းအမြဲရိတ်သိမ်းတယ်လို့ငါထင်တယ်...လူကောင်းတွေကသူတို့ရဲ့ဆုလာဘ်ကိုရလိမ့်မယ် မကောင်းတဲ့သူတွေကတော့ ထိုက်သင့်တဲ့အပြစ်ဒဏ်ပဲရလိမ့်မယ်..."
ထောင်ထောင် ပို၍ပင်စိတ်ပူလာလေသည်။ ကျန်းဟွေ့မိန်ဘာကိုပြောချင်နေမှန်းသူမ မသိတော့ပေ ။
" ငါဒုက္ခရောက်နေချိန်မှာတခြားသူတွေရဲ့အကူအညီကိုလက်ခံခဲ့ရတယ်.. နောက်ပြီးငါအဲ့ဒါကိုအမြဲနှလုံးသားထဲမှတ်သားထားတယ်...အဲဒီ့အချိန်တုန်းကဆရာ့ကိုအများကြီးပြန်ပေးနိုင်တဲ့အရည်အချင်းမျိုးငါ့မှာမရှိခဲ့ဘူး.... အခုတော့ ငါ့ဘဝကပိုကောင်းလာပြီ ငါ့မှာအချိန်ရော ပိုက်ဆံရောရှိလာပြီ..."
အဘွားအိုကြီးမှာ သူမပုံပြင်တစ်ပုဒ်ပြောနေသကဲ့သို့ဖြေးညှင်းစွာပြောနေခဲ့သည်။ သို့သော်လည်း ထောင်ထောင်က အသက်ရှူရပ်မတတ်ဖြစ်နေခဲ့ပြီး ကျန်းဟွေ့မိန်မည်သည့်အကြောင်းပြောမည်ဆိုတာကိုသိနေလေသည် ။
" အဘွားကျန်း သမီး__"
" မကြောက်ပါနဲ့ ငါမင်းအကြောင်းပြောမယ်လို့မဆိုလိုပါဘူး..."
ကျန်းဟွေ့မိန်သက်ပြင်းချပြီး ပြောလိုက်သည်။
" အဘွားအိုကြီးက ဒီမှာနေရတာအရမ်းအထီးကျန်ဖို့ကောင်းတယ်လို့အခုလေးတင်တွေးလိုက်မိလို့ပါ.... ငါ့သားကလည်းအလုပ်များပြီး ငါ့မြေးကလည်းအလုပ်များနေတယ်...မင်းအမေနေကောင်းလာရင် မင်းသူ့ကိုဒီလာဖို့ပြောပြီး ဝက်ဘယ်လိုမွေးရမယ်ဆိုတာကိုငါနဲ့အတူလာသင်ခိုင်းချေ ..."
" ငါက၀က်ကောင်းကောင်းမွေးတတ်တဲ့သူလေ... သူတို့ကလေးမွေးမယ့်အချိန်ဒါမှမဟုတ်နေမကောင်းတဲ့အချိန်ဆိုရင် ငါတစ်ချက်ကြည့်လိုက်တာနဲ့သိတယ် အသီးအနှံအချို့နဲ့ပန်းတွေကိုလယ်ထဲစိုက်ရင် မြေသြဇာထည့်ပြီးရေလောင်းပေးရတယ် အဲ့ဒါကအရမ်းကိုကောင်းမွန်တဲ့လူနေမှုဘဝပဲ..."
ထောင်ထောင်ချက်ချင်းပင် မျက်ရည်များကြလာခဲ့သည်။
" ကျေးဇူးတင်ပါတယ် အဘွားကျန်း..."
" ငါ့ဝက်တွေကိုသွားကြည့်ဖို့ခြံထဲသွားလိုက်အုံးမယ်..."
ကျန်းဟွေ့မိန်ပြောလိုက်သည်။
" မင်းလည်းစာသွားသင်တော့..."
ကျန်းဟွေ့မိန်စကားပြောလို့ပြီးသွားသည့်နောက်တွင် မွှေးတုံလေးကိုချီ၍ထွက်သွားခဲ့သည် ။
ယခုအခါတွင် သူမမွှေးတုံလေးနှင့်ခြံထဲသွားရသည်ကိုသဘောကျနေသည်။ ခြံထဲတွင်ဝက်အများကြီးရှိနေပြီဖြစ်၍ မွှေးတုံလေးကထိုနေရာမှာနေရသည်ကိုသဘောကျနေလေသည်၊ သူမအိမ်မှာ အထီးကျန်နေခဲ့ပြီး မွှေးတုံလေးလည်း သေချာပေါက်အထီးကျန်နေသည် ။
ထောင်ထောင်အိပ်ခန်းထဲသို့ပြန်သွားခဲ့ပြီး ကျန်းရှောင်မန်ကိုရှာမတွေ့ပေ။ သူမလှည့်ပတ်ကြည့်ပြီးနောက်တွင် အိမ်နီးနားချင်းကလေးနှင့်စကားပြောနေသည့် ကျန်းရှောင်မန်ကိုဗီလာခြံစည်းရိုးနားတွင်တွေ့လိုက်ရသည် ။
ကျန်းရှောင်မန်သူမ၏အရှေ့တွင်ရပ်နေသည့်ယွီချင်းရှီကိုကြည့်ကာ သူ၏ခေါင်းကိုထိလိုက်ပြီး မေးလေသည်။
" နင့်မှာလုပ်စရာတစ်ခုခုရှိလို့လား..."
သူ့မှာအလုပ်မရှိရင် သူမကိုလာရှာလို့မရဘူးလား....
သူမ သူ့အိမ်ကိုနောက်ဆုံးလာခဲ့တာဘယ်လောက်တောင်ကြာပြီလဲဆိုတာသူမသိရဲ့လား...
သူမ ယွီချင်းရှီ၏ကိုယ်ပိုင်နည်းပြအကြောင်းကိုမေ့သွားတာလား.... ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဆရာနဲ့ ကျောင်းသားတစ်ကြိမ်ဖြစ်ခဲ့တာပဲလေ... ဒါဆိုသူမဘာလို့သူ့ရဲ့နည်းပြအကြောင်းကိုတောင်မမေးရတာလဲ...
သူမ တစ်ကယ်ကိုရက်စက်လေသည်။ သူမတစ်ချက်ကလေးကြည့်ဖို့တောင်မလာခဲ့ပေ ။
ယွီချင်းရှီမျက်လုံးလှုပ်လာပြီး မည်သို့ပြောရမည်မှန်းမသိတော့ပေ။ သူယခုလေးတင်ပြီးလာသည့်လေ့ကျင့်ရမည့်မေးခွန်များကိုသူ၏ကျောင်းလွယ်အိတ်ထဲမှထုတ်လိုက်ပြီး သူမကိုပေးလိုက်သည်။
" ဒီပြဿနာတွေအားလုံးကိုငါခုလေးတင်ဖြေရှင်းပြီးသွားပြီ..."
"...?"
ကျန်းရှောင်မန်သူ့ကိုတစ်ချက်ကြည့်လိုက်သည် ။
" ငါနင်ကြည့်လို့ရအောင်ယူလာခဲ့တာ..."
" အိုး..."
ကျန်းရှောင်မန်သူမခေါင်းကိုငုံ့လိုက်ပြီး စာရွက်များကိုလှန်ကြည့်လိုက်သည်။ ထို့နောက်သူမအိပ်ခန်းထဲသို့ပြေးသွားပြီး ယွီချင်းရှီအတွက်သူမအခုလေးတင်ပြီးသွားသည့်သူမဖြေရှင်းလို့ပြီးသွားသည့်ပုစ္ဆာများကို ယူခဲ့ပေးလေသည် ။
ယွီချင်းရှီ၏မျက်လုံးများ ပဟေဠိဆန်နေခဲ့သည် ။
ကျန်းရှောင်မန်ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
" ဒါတွေအားလုံးကိုငါအခုလေးတင်ဖြေရှင်းပြီးသွားတာ... ငါအားလုံးကိုမှန်တယ်လေ..."
"..."
ယွီချင်းရှီသူမကိုတိတ်တဆိတ်ကြည့်ပြီး ထွက်သွားခဲ့သည် ။
ဒီနှလုံးသားမရှိတဲ့ကျန်းရှောင်မန်ကတော့...
နှစ်သစ်ကူးခါနီးအချိန်တွင် ယွီချင်းရှီ သူ၏အဖေနှင့်အတူ သူတို့၏အဘိုးအဘွားအိမ်သို့သွားရမည်ဖြသ်သည် ။
မထွက်သွားမီတွင် ယွီချင်းရှီအမှတ်တမဲ့ဖြင့်သူ၏ခရီးဆောင်အိတ်ကိုအလွန်အကြူးထုတ်ပိုးနေခဲ့သည် ။
ရံဖန်ရံခါပြတင်းပေါက်ကနေငေးကြည့်နေခြင်းဖြင့် သူ၏လုပ်ရပ်များကိုထင်ရှားစေနေခဲ့သည်။
ယွီဝမ်ချန်း တံခါးခေါက်လိုက်သည်။
" ပြီးပြီလား သား..."
ယွီချင်းရှီကျယ်လောင်စွာအော်လိုက်သည်။
" လာပြီ..."
ယခုတွင် သူ၏အသံကပြောင်းလဲသွားပြီဖြစ်သည်။ ၎င်းကလူငယ်များအတွက်ထူးခြားကြမ်းတမ်းသည့်အရာမျိုးဖြစ်သည်။ သူ၎င်းကိုအမှန်တကယ်သဘောမကျပေ ထို့ကြောင့်သူစကားပြောပို၍နည်းလာပြီး ပို၍တောင်အသံမထွက်တော့ပေ ။
ယွီချင်းရှီမှတ်မိသေးသည်။ ကျန်းရှောင်မန်ငယ်ငယ်တုန်းကသူမ၏ငယ်သွားကျိုးသွားခဲ့သည်။ သူမကအလွန်ဒေါသကြီး၍ အတ္တကြီးသည့်ကလေးတစ်ယောက်ဖြစ်ပြီး သူမ၏အသွင်အပြင်ကိုအလွန်ဂရုစိုက်သည်။ သူမသွားတွေကျိုးသွားသည့်အချိန်တွင်သူမ မလှတော့ဘူးဟုခံစားရ၍ သူမစကားပြောဖို့ငြင်းဆန်ပြီး သူမပါးစပ်ကိုတစ်နေကုန်ဖုံးထားလေသည် ။
ယွီချင်းရှီကိုယ်တိုင်ကလည်း စကားများသူတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့်တစ်ခါတစ်ရံနှစ်ယောက်သားမျက်နှာချင်းဆိုင်နေလျှင်တောင် တစ်ယောက်နှင့်တစ်ယောက် တိတ်ဆိတ်နေကြပြီး တစ်နေ့လုံးနေတာတောင်စကားတစ်ခွန်းမပြောကြပေ ။
xxxxxxx