အပိုင်း ၂၈၆-၂၉၀
Viewers 14k

Chapter 286


နောက်ပိုင်းတွင် ယွီချင်းရှီ၏ငယ်သွားများလည်းစတင်ကျိုးလာပြီဖြစ်ပြီး သူ၏ရှေ့သွားများလည်း ကျိုးခါနီးပြီဖြစ်သည် ။


သူအလွန်ကြောက်ရွံနေခဲ့ပြီး အချိန်အတော်ကြာသည်အထိ လျို့ဝှက်စွာဖြင့်ငိုနေခဲ့သည်။ ထမင်းစားနေရင်းဖြင့် မတော်တဆမျိုချမိသွားမည်ကို အမြဲကြောက်နေခဲ့သည် ။


သူ၏အဖေက စစ်ဆေးကြည့်ရန် သွားဆရာဝန်ကိုခေါ်လိုက်သည်။ သို့သော် ထိုအချိန်တုန်းကယွီချင်းရှီမှာ များသောအားဖြင့် ဆရာဝန်များကိုခုခံလေ့ရှိသည်။ သူ စိတ်ရောဂါကုဆရာဝန်များကို ခုခံခဲ့ပြီး သွားဆရာဝန်ကိုလည်းခုခံခဲ့သည်။ သူတို့ဆရာဝန်တွေနှင့် ဆက်နွယ်နေသရွေ့ ယွီချင်းရှီအတိုက်အခံလုပ်ပြီး သည်းခံနိုင်စွမ်းဆုံးရှုံးနေရသည် ။


နောက်ပိုင်းတွင် ကျန်းရှောင်မန် ယွီချင်းရှီ၏ပါးစပ်ကိုဆွဲဖွင့်ထားပြီး သူ၏သွားကိုဆွဲထုတ်ပေးလိုက်ခြင်းဖြင့် ထိုကိစ္စကိုအဆုံးသတ်နိုင်တော့သည် ။


သူမတစ်ကယ်ကိုရဲရင့်လေသည် ။


ထိုအချိန်တွင် ယွီချင်းရှီ၏ပါးစပ်သည်သွေးအပြည့်ဖြစ်ပြီး သူ့ပါးစပ်ကိုအုပ်ထားရင်းဖြင့်သူမကိုတုန်လှုပ်စွာကြည့်လိုက်သည်။ ကျိုးသွားသည့် သူ၏သွားအတွက် ဝမ်းနည်းစွာဖြင့် မျက်ရည်များ ကျနေခဲ့သည် ။


ကျန်းရှောင်မန်အလွန်ဂုဏ်ယူပြီး မိမိကိုယ်ကိုအထင်ကြီးနေလေသည်။ သူမသူ့ကိုရယ်ပြီး ပြောလိုက်သည်။

 " အရူး နင်ဒါလေးကိုတောင်ဂရုမစိုက်နိုင်ဘူး...ငါ့သွားကိုငါ့ဘာသာငါဆွဲထုတ်တာ ပြီးတော့အဲဒီ့လိုလုပ်တဲ့နေရာမှာငါကအရမ်းတော်တယ်လေ...ငါ့ဘွားဘွားကပြောတယ် သွားကိုအပေါက်သေးသေးလေးထဲမှာ ထားသင့်တယ်တဲ့.... ပြီးရင်ကြွက်ကိုတိုးတိုးလေးပြောပြီးအဝေးယူသွားခိုင်းရမယ် ဒါဆိုသွားအသစ်တွေပေါက်လာတဲ့အချိန်ကျရင် ခိုင်ခံပြီးလှနေလိမ့်မယ်တဲ့..."


ယွီချင်းရှီ သူမကိုကြောင်တောင်တောင်ဖြင့်ကြည့်နေခဲ့ပြီး သူ၏ပါးစပ်ထဲမှသွေးတွေထွက်ကြနေသောကြောင့် သူရှင်းရှင်းလင်းလင်းမပြောနိုင်ပေ။

 " ဘာလို့လဲ... "


" ဘာလို့လဲဆိုတော့ ကြွက်တွေမှာသွားလှလှလေးတွေရှိတယ်လေ..."


"...!"

 ယွီချင်းရှီ သူမသူ၏သွားကိုဆွဲထုတ်တုန်းကမကြောက်ခဲ့သော်လည်း ကျန်းရှောင်မန်ကသူ့ကိုထိုရိုးရာဓလေ့အားလုပ်ဖို့အတင်းဖိအားပေးနေသောကြောင့်သူ၏မျက်ရည်များကျဆင်းလာခဲ့သည် ။


ယွီချင်းရှီသူ၏ရှေ့သွားများကိုထိပြီး သက်ပြင်းချလိုက်သည် ။


မကြာသေးမီက သူ့ထံတွင် တစ်ခုခုမှားနေသည်ကိုသူသိလိုက်သော်လည်း ဘာကမှားနေမှန်းကိုတော့သူမသိပေ ။


သူအမှန်တစ်ကယ်နေမကောင်းနေတာလည်းဖြစ်နိုင်သည် ။


ယွီချင်းရှီဂနာမငြိမ်ဖြစ်လာပြီး အထုတ်အပိုးပြီးအောင်လုပ်ချင်သည့်စိတ်လည်းမရှိတော့ပေ ။


ခဏကြာပြီးနောက်တွင် ယွီဝမ်ချန်းတံခါးလာခေါက်ပြန်သည်။

 " သားရေ ပြီးပြီလား..."


ယွီချင်းရှီစကားပြောမည်လုပ်မည့်အချိန်မှာတတွင် " ရှောင်မန်ရောက်နေတယ်...." ဟူသောအသံကြားလိုက်ရသည်။


" သားပြီးပြီ.... "

 ယွီချင်းရှီချင်ချင်းပင်ခုန်ကျော်လိုက်ပြီး ပြန့်ကျဲနေသည့်အဝတ်အစားများကိုခရီးဆောင်အိတ်ထဲသို့ကောက်ထည့်ကာ ပိတ်လိုက်ပြီး အိပ်ယာအောက်ထဲသို့ကန်ထည့်လိုက်သည်။


ကျန်းရှောင်မန်ဝင်လာသည့်အချိန်တွင် အိပ်ခန်းသည်ပေသပ်၍သန့်ရှင်းနေခဲ့သည်။ ထိုအပြင်ယွီချင်းရှီက အိပ်ယာဘေးတွင်တည်ငြိမ်သည့်အမှုအရာဖြင့်ထိုင်နေလေသည်။ သူ၏အမှုအရာမှာအေးစက်ပြီး စိတ်ဝင်စားမှာမရှိသည့်ပုံပင် ။


သူမ လက်ထဲတွင်အိတ်တစ်လုံးကိုသယ်ထားပြီး အထဲမှာဘာပါလဲလို့တော့မည်သူကသိမှာလဲ...


ယွီချင်းရှီ သူမကိုရေးရေးလေးသာကြည့်လိုက်ပြီး မေးရုံမှအပမရှိတော့ပေ။

 " နင်ဘာယူလာတာလဲ...လေ့ကျင့်ရမယ့်မေးခွန်းတွေလား..."


"...မဟုတ်ပါဘူး... ဒါတွေအားလုံးကငါနဲ့ ငါ့ဘွားဘွားနဲ့လုပ်ထားတဲ့မုန့်တွေလေ..." 

ကျန်းရှောင်မန်နှာတစ်ချက်မှုတ်ထုတ်ပြီးပြောလေသည်။

 " နင်သွားတော့မယ်ဆိုတာသိတော့ အဖွားကငါ့ကိုနင်အတွက်ယူသွားခိုင်းထားတာ ဒါတွေအားလုံးကနင်စားဖို့အတွက်ပဲ အကယ်၍နင်မကြိုက်ဘူးဆိုရင်လည်း ငါပြန်ယူသွားလိုက်မယ်... "


" ငါကြိုက်တယ်..."


ကျန်းရှောင်မန် အိတ်ကိုစားပွဲပေါ်တွင်ပေါ့ပေါ့ပါးပါးပင်တင်လိုက်သည် ။


သူဆန်မရွေးတစ်ခုကိုအိတ်ထဲမှထုတ်လိုက်သည် ။


ကျန်းရှောင်မန်ကပြောသည်။

 " ငါဒါတွေကိုအဖွားနဲ့အတူတူလုပ်ထားတာ...အရမ်းအရသာရှိတယ် ငါပြောတာမယုံရင် စမ်းစားကြည့်..."


ယွီချင်းရှီအိတ်အသေးလေးကိုဖွင့်ပြီး စမ်းစားကြည့်လိုက်သည် ။


၎င်းကချိုသည် ချိုလွန်း၍အနည်းငယ်ပျို့အန်ချင်သွားလေသည် ။


သူအန်ချင်သွား၍ ချက်ချင်းပင်ရေတစ်ခွက်သောက်လိုက်သည် သူ၏လည်စလုတ်ပင်လျင်မြန်စွာဖြင့်လှုပ်ခါနေခဲ့သည် ။


" ...အရမ်းချိုတာပဲ ဘွားဘွားသကြားထည့်တုန်းကလက်များချော်သွားတာလား..."


" မဟုတ်ဘူး..." 

ကျန်းရှောင်မန် သူ့ကိုကြည့်ပြီးငြင်းလိုက်သည်။

 " ငါမှားယူလာမိတာ ဒါကငါ့အတွက်ငါ့ဘာသာငါသကြားများများထည့်ပြီးလုပ်ထားတဲ့အထူးပုံစံလေ...နင်ခဏစောင့်ဦး ငါနင့်ကိုတစ်ကယ့်ဟာနဲ့သွားလဲခဲ့ပေးမယ်..."


ဒီတော့အထူးထုတ်ရှိသေးတယ်ပေါ့ ကျန်းရှောင်မန်နင်ကအခုရက်ပိုင်းပိုပိုကြောက်ဖို့ကောင်းတဲ့အကြံဉာဏ်တွေများလာတာပဲ...


ယွီချင်းရှီ သူမလက်ကိုဆွဲထားလိုက်သည်။

 " ဒါလည်းအဆင်ပြေပါတယ်..."


" လဲလိုက်စမ်းပါ..."


" ငါအခုသွားတော့မှာလေ နင့်ကိုဒုက္ခမပေးချင်ပါဘူး..."


" နင်နဲ့အတူအဲ့ဒါတွေကိုယူသွားမှာလား..."


"...အွန်-ဟွမ်း...."

 ယွီချင်းရှီသူ၏မျက်လုံးကိုမဖွင့်ပဲ ပြန်ဖြေလိုက်သည်။

" ငါလမ်းမှာစားဖို့ယူသွားလိုက်မယ်... "


ကျန်းရှောင်မန်တစ်ခဏတွေးလိုက်ပြီးနောက်တွင် ရုတ်တရက်ရောက်လာပြီးသူ့ကိုဖက်လိုက်သည် ။


သူရုတ်တရက်သူမ၏ပွေ့ဖက်ခြင်းကိုခံလိုက်ရသည် ။


သို့ပေမဲ့ ၎င်းကခဏတာပွေ့ဖက်ခြင်းဖြစ်သည် ကျန်းရှောင်မန် ယွီချင်းရှီပြန်မတုန့်ပြန်ခင်မီာပင်လျင်မြန်စွာဖြင့်သွားခိုင်းလိုက်သည် ။


ကျန်းရှောင်မန်မှပြောလိုက်သည်။

 " မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့..."


"...အင်းပါ "


ကျန်းရှောင်မန်ကနွေးထွေးပြီး နူးညံ့နေသေးသည်။သူမလက်ကိုကိုင်ထားဖို့ရန်အတွက်အလွန်သက်သောင့်သက်သာရှိပြီး သူမကိုထိရတာလည်းခံစားလို့ကောင်းသည် ။


သူမကိုယ်ကနေထူးခြားသည့်အမွှေးနံရနေခဲ့သည် သို့ပေမဲ့သူမရေမွှေးမသုံးဘူးဆိုတာ ယွီချင်းရှီသေချာသိသည် ။


သူမနှဖူးက သူ၏မေးစေ့နှင့်ယခုလေးတင်ထိသွားခဲ့ပြီး သာ၏အရေပြားကနွေးထွေးပြီး နူးညံ့နေသည် ။


အကယ်၍ ကြာကြာသာဖက်ထားခဲ့မည်ဆိုလျင်...


ထိုအတွေးပေါ်လာသည်နှင့် ယွီချင်းရှီ၏ခန္ဓာကိုယ်ချက်ချင်းပင်တောင့်သွားခဲ့သည်။ သူ၏လည်ပင်း၊ ပါးနှင့်နားရွက်ပင်နီရဲလာခဲ့သည် ။


အာ...သူဘာတွေတွေးနေမိတာလဲ...


သူကအရမ်းယုတ်မာတာပဲ....


သူ ကျန်းရှောင်မန်အပေါ်အပြစ်ရှိသလိုခံစားလိုက်ရသည် ။


xxxxxx


Chapter 287


နှစ်သစ်၏အစပျိုးချိန်ဖြစ်သည်။ 


ကျန်းဟွေ့မိန်က ရွာသို့တစ်ယောက်တည်းပြန်သွားပြီး ကျန်းရှင်းနှင့် ကျန်းရှောင်မန်ကို အိမ်တွင်နှစ်ယောက်တည်းချန်ထားခဲ့သည်။ 


ဘေးနားက ယွီမိသားစုကလဲတိတ်ဆိတ်နေသည်။ နှစ်သစ်ကူးအားလပ်ရက်ဖြစ်သောကြောင့် အိမ်ရှိအလုပ်သမားများနှင့် အိမ်ဖော်များကအိမ်ပြန်သွားကြသည်။ အိမ်ကြီးကို တိတ်တိတ်ဆိတ်ဆိတ် ဘာလှုပ်ရှားမှုမှမရှိပဲချန်ထားခဲ့ကြသည်။ 


ကျန်းရှင်းက တံခါးတွင်ချိတ်သောနှစ်ကြောင်းကဗျာစာတန်းကိုဝယ်ယူရန် မနက်စောစောထွက်လာခဲ့ပြီး တူဝရီးနှစ်ယောက်သားက အဲဒါကိုတံခါးတွက်ချိတ်ဖို့ရန် အတူတူအလုပ်လုပ်ကြတော့သည်။ 


ချိတ်ပြီးသွားသောအခါတွင် ကျန်းရှင်းကမှားနေသည်ဟု ခံစားရသောကြောင့် ပြန်ဖြုတ်လိုက်လေသည်။ 


ကျန်းရှောင်မန်ကသူ့ကိုကြည့်ပြီးမေးလိုက်သည်။

"ဦးလေး ဘာလုပ်နေတာလဲ...."


"ဒါကကြည့်မကောင်းဘူး ဒါကအရေအတွက်အများကြီးနဲ့ထုတ်ထားတဲ့နှစ်ကြောင်းကဗျာပဲ...." 


"အိုး..."


ကျန်းရှောင်မန်ကသူဘာကိုစိတ်ဝင်စားနေတာလဲမသိပေ။ 


သိပ်မကြာခင်တွင် ကျန်းရှင်းကအနီရောင်စာရွယ်နှင့်မှင်ကိုယူလာပြီး ကျန်းရှောင်မန်ကိုရေးဖို့ပြောတော့သည်။ 


"မင်းရေးလိုက်လို့ရသားပဲ...."

ကျန်းရှင်းကပစ္စည်းတွေကိုအောက်ချလိုက်သည်။

"မင်းသာရေးရင် ငါတို့ချိတ်တဲ့အခါ ကြည့်ကောင်းနေမှာပဲ...."


ကျန်းရှောင်မန်က သူဘာလို့ဒီလောက်ယုံကြည်ချက်ရှိနေလဲမသိပေ။ သူမကစုတ်တံနှင့်ကောင်းကောင်းရေးနိုင်ပြီးလက်ရေးလှရေးဖို့ရန် ရက်အနည်းငယ်လေ့ကျင့်ထားခဲ့သော်ငြား သူမရေးနိုင်သောအကောင်းဆုံးဆိုသည်မှာ စာလုံးတွေလိမ်ဖယ်လိမ်ဖယ်မဖြစ်နေရုံသာဖြစ်သည်။ သို့သော် အရေအတွက်အများကြီးထုတ်ထားသောစာတန်းနဲ့ယှဉ်လိုက်လျှင် သူမလက်ရေးလှကလှပင်မလှတော့ပေ။ 


ကျန်းရှင်းကအတင်းအကြပ်တိုက်တွန်းနေသောကြောင့်ကျန်းရှောင်မန်အခက်တွေ့နေသည်။ နောက်ဆုံးသူမမှာရွေးချယ်စရာမရှိတော့ပဲ "ကံ" ဟူသောစာလုံးကို ရေးချလိုက်သည်။ "ကံ"ကိုရေးပြီးနောက် သူမကစာရွက်ပေါ်တွင်ဆက်ရေးနေသည်။ ခဏလောက်စဉ်းစားပြီးသော်လည်း ကျန်းရှောင်မန်ကသူမဘယ်လိုနှစ်ကြောင်းကဗျာစာတန်းမျိုးကိုရေးသင့်လဲ စဉ်းစား၍မရသေးပေ။


သူမမ"ကံ"ဟူသောစာလုံးကိုခဏလောက်စိုက်ကြည့်နေလိုက်ပြီး ရုတ်တရက်သူမ၏မှင်တံကိုကောက်ကိုင်လိုက်ကာ "ကြယ်" ဟူသောစာလုံးကိုရေးချလိုက်တော့သည်။ 


၎င်းက ကျန်းရှင်းကိုအရမ်းပျော်သွားစေသည်။ 


သူထပ်ခါထပ်ခါကြည့်လေလေ အဲဒါကသူ့အတွက်ပိုပိုပြီးကြည့်ကောင်းလာလေသည်။

"မဆိုးပါဘူး ကံကောင်းခြင်း ကံကောင်းခြင်းကြယ်တဲ့ စာလုံးလေးတွေကရိုးရှင်းပေမဲ့ အဓိပ္ပာယ်ရှိတယ် အရမ်းမင်္ဂလာရှိတာပဲ....."


ကျန်းရှောင်မန်လည်း ပျော်သွားပြီးပြသဖို့စတင်တော့သည်။ 


သူမက ပြည့်လျှံနေသောချမ်းသာကြွယ်ဝမှုများနှင့်ထူးချွန်ထက်မြက်ခြင်း(1)စာလုံးတို့ကိုရေးခဲ့သည်လေ။ 


သူမရေးပြီးတာနဲ့ စာတန်းကိုတံခါးပေါ်မှာချိတ်ခွင့်ပြုလိုက်တော့သည်။ဒီနှစ်တော့ ကျန်းမိသားစုမှာ ပြိုင်ဘက်ကင်းတဲ့ နှစ်သစ် နှစ်ကြောင်းကဗျာစာတန်းလေးရှိနေတော့မည်။ 


ဘယ်ဘက် : ထူးချွန်ထက်မြက်ခြင်း

ညာဘက် : ပြည့်လျှံနေသောချမ်းသာကြွယ်ဝမှုများ

အလျားလိုက် : ကံကောင်းသောကြယ် 


သို့သော် နှစ်ကြောင်းကဗျာစာတန်းတွေက ကာရန်ညီဖို့လိုပေမဲ့ ကျန်းရှင်းနှင့် ကျန်းရှောင်မန်ကတော့အလွန်ကောင်းတယ်လို့ခံစားရပြီး ကျေနပ်နေကြသည်။ 


အလုပ်ပြီးသွားပြီးနောက် အားလုံးကသူတို့ရဲ့အလုပ်ကိစ္စတွေဆီသို့ ပြန်သွားကြတော့သည်။ 


ကျန်းရှောင်မန်ကသူမရဲ့အိပ်ခန်းထဲသို့ပြန်သွားလိုက်ပြီး ကျန်းရှင်းဟွာ နှင့် ယဲ့ကျားကျားဆီသို့ နှစ်သစ်ဆုတောင်း များပို့ပေးလိုက်သည်။အဘယ်ကြောင့်ဆိုသော် သူမမှာအားလပ်ချိန်တွေအများကြီးရှိနေပြီး စွန်းရှောင်ကျယ်ဆီတောင် နှစ်သစ်ဆုတောင်းပို့ပေးလိုက်သေးသည်။ 


သူမယွီချင်းရှီကိုနှစ်သစ်ဆုတောင်းပေးဖို့ဖုန်းခေါ်ခဲ့ပေမဲ့ တစ်ဖက်လူကပြန်မဖြေပေ။ 


ဘာမှလုပ်စရာမရှိတော့ ကျန်းရှောင်မန်ပြတင်းပေါက်ဖွင့်ပြီး စာပဲထိုင်ဖတ်နေလိုက်တော့သည်။ 


ညနေခင်း‌ရောက်လာခါနီးတော့ သူမသတိရပြီး အပြင်ကိုကြည့်လိုက်တော့ နှင်းကျနေတာကိုတွေ့လေသည်။ 


နှင်းများကပြင်းထန်စွာကျဆင်းနေတာမဟုတ်ပေ။ တိတ်တိတ်ဆိတ်ဆိတ်လေးကျဆင်းနေခြင်းသာဖြစ်သည်။ 


သူမမျက်နှာကိုထိပြီး အကြောဆန့်လိုက်ကာ မတ်တတ်ရပ်လိုက်ပြီး အောက်ထပ်သို့လှမ်းအော်လိုက်သည်။

"ဦးလေး သမီးဗိုက်ဆာပြီ...."

ကျန်းရှင်းက ယခုအခါတွင် ကျန်းဟွေ့မိန် အိမ်မ်မှာမရှိတဲ့အခါ သူ့ကိုယ်သူနှင့် ကျန်းရှောင်မန်ကိုဘယ်လိုဂရုစိုက်ရမလဲအတွေ့အကြုံရှိပြီဖြစ်သည်။ 


သူက ကျန်းရှောင်မန်ကိုအဝတ်ထပ်ဝတ်ဖို့ပြောလိုက်ပြီး သူကိုယ်တိုင်လဲ ကုတ်ထပ်ဝတ်လိုက်ကာ ဟော့ပေါ့စားဖို့ ကားနှင့်ထွက်သွားကြတော့သည်။ 


ဟီဟီး.... ဒီတစ်ခါ‌တော့ သူက နေရာကိုအချိန်အကြာကြီးကတည်းကကြိုတင်ဘိုကင်လုပ်ထားပြီးသားဖြစ်သည်။ နောက်ဆုံးတစ်ခေါက်ကလိုခေါင်းမပါသော ယင်ကောင်ကဲ့သို့နေရာတိုင်းကိုလိုက်တိုက်ခြင်းများ သူလုပ်တော့မည်မဟုတ်ပေ။ 


ဦးလေးနှင့်တူမနှစ်ယောက်က သိုးသားဟော့ပေါ့ကိုဟင်းချိုနှင့်မှာလိုက်သည်။ ကျန်းရှောင်မန်က ဟင်းရည်ပထမတစ်ဇွန်းကိုခပ်သောက်လိုက်ပြီ သူမ၏အစာအိမ်ကိုနွေးထွေးစေလိုက်သည်။နောက်ပြီး အစဉ်အတိုင်း သိုးသားနှင့် အသားလုံးတို့ကိုစားလေတော့သည်။ အသားလုံးမစားခင်မှာ သူမ၏ဆဲလ်ဖုန်းမှအသံမြည်လာသည်။ 


သူမကိုင်လိုက်သောအခါ ခေါ်ဆိုသူက ယွီချင်းရှီဖြစ်နေသည်။ 


ကျန်းရှောင်မန်ကအသားလုံးကိုသူမပါးစပ်ထဲတွင်ထည့်လိုက်ပြီး ပလုတ်ပလောင်းအသံဖြင့်ဖုန်း‌ဖြေလိုက်သည်။

"ဟေ့ ယွီချင်းရှီ နင်ဘာလုပ်နေတာလဲ...."


"ငါ..." 

ယွီချင်းရှီအသံမထွက်ပဲတိတ်နေသည်။

"လကြည့်နေတာ" 


ကျန်းရှောင်မန်မေးလိုက်သည်။

"နင့်ဆီမှာ နှင်းမကျဘူးလား...."


"မကျဘူး..."


"ငါတို့ဆီမှာနှင်းကျနေတယ်...."


"အများကြီးပဲလား...."


"နည်းနည်းလေးပါပဲ"

ကျန်းရှောင်မန်မတ်တတ်ရပ်လိုက်ပြီးတံခါးဆီလာလိုက်သည်။အဲဒီအခိုက်အတန့်မှာ မြေကြီးက နှင်းထုပါးပါးလေးဖြင့်ဖုံးလွှမ်းထားသည်။သူမရုတ်တရက် "ငါနင့်အတွက် နှင်းလူလုပ်ပေးမယ်" ဟုပြောလိုက်သည်။ 


ပြောပြီး သူမဖုန်းချလိုက်သည်။ 


ယွီချင်းရှီမျက်မှောင်ကြုတ်လိုက်ပြီး သူမစိတ်ထဲဘာတွေတွေးနေလဲဆိုတာသိချင်သွားသည်။ 


အကြာကြီးတွေဝေနေပြီးနောက် ယွီချင်းရှီကကျန်းရှောင်မန်ကိုပြန်ခေါ်ရမလား မခေါ်ရဘူးလား တွေးနေတုန်း ကျန်းရှောင်မန်ဆီမှဓာတ်ပုံပို့ပေးလာသည်။ 


xxxxx


Chapter 288


သူမက တကယ်အိတ်ကပ်ထဲတွင်ထည့်သွားလို့ရသောသေးငယ်သည့်အရွယ်အစားရှိသည့် နှင်းလူ‌ရုပ်လုပ်ခဲ့သည်။ ၎င်းကလက်သုံးချောင်းလောက် အရွယ်အစားသေးငယ်ပြီး ချစ်ဖို့ကောင်းသည်။ လူရုပ်လေးက ဝဝကစ်ကစ်လေးဖြစ်နေပြီး လက်ရော လည်ပင်းရော မရှိပေ။ ပြီးတော့ သူ့မျက်လုံးတွေကလည်း သူမလက်ချောင်းများဖြင့်လုပ်ထားသော အပေါက်နှစ်ပေါက်သာဖြစ်သည်။ 


သူမကနှင်းလူရုပ်လေးကို သူမလက်ထဲတွင်ထည့်ပြီး ဓာတ်ပုံရိုက်ကာ ယွီချင်းရှီထံပို့လိုက်ခြင်းဖြစ်သည်။ 


မှောင်မဲနေသော ညချမ်းတွင် နှင်းလူလေးနှင့်သူမ၏လက်ဖဝါးက တောက်ပစွာထွန်းလင်းနေသည်။ ကျန်းရှောင်မန်၏လက်ဖဝါးက အအေးဒဏ်ကြောင့် အနည်းငယ်နီရဲနေပြီး နှင်းလူရုပ်ကိုင်ထားသည့် သူမ၏သေးသွယ်သော လက်ချောင်းများကလဲ အနည်းငယ်တုန်ယင်နေသည်။ 


အရမ်းအေးနေတာပဲဖြစ်မယ် ယွီချင်းရှီတွေးလိုက်သည်။ 


"ဒါကနင်ပဲ...."

ကျန်းရှောင်မန်ပြောလိုက်သည်။

"ငါနောက်တစ်ခုထပ်လုပ်ဦးမှာ ငါပေါ့...."


"နှင်းကိုက်မခံရစေနဲ့...."


"ဘယ်လိုဖြစ်နိုင်မှာလဲ ဒါကဘာမှမဟုတ်ပါဘူး...." 

ကျန်းရှောင်မန်ကမကြောက်ပေ။သူမအရမ်းပျော်ရွှင်နေပြီး တကယ်ပဲနောက်ထပ် နှင်းလူတစ်ခုထပ်လုပ်ခဲ့သည်။ 


သူမကနှင်းလူသေးသေးလေးနှစ်ရုပ်ကိုတူတူထားလိုက်ပြီး ဓာတ်ပုံရိုက်လိုက်ကာ ယွီချင်းရှီကြည့်ဖို့ပို့လိုက်သည်။ 


...ယွီချင်းရှီတိတ်တိတ်လေး သူ့ဖုန်းထဲသိမ်းထားလိုက်သည်။ 


နှင်းလူသေးသေးလေးနှစ်ရုပ်က အရမ်းချစ်ဖို့ကောင်းသည်ဟုသူလည်း ထင်သည်။ 


သို့သော် အဲဒါကိုထုတ်ပြောလိုက်တော့ ကျန်းရှောင်မန်ကသူမ၏လက်မှုပညာလုပ်နိုင်စွမ်းတွင် ယုံကြည်ချက်အရမ်းရှိသွားသည်။ နှစ်တွေအများကြီးကြာတာတောင်မှ သူမက လက်မှုပညာတွင် ညံ့ဖျင်းနေတုန်းပဲလေ။ 


သူတို့၏နှလုံးသားများကျေနပ်သည်အထိ စားသောက်ပြီးတော့ ဦးလေးနှင့်တူမ အတွဲက အိမ်ပြန်သွားကြတော့သည်။ 


နောက်တစ်နေ့နှင်းကျတာရပ်သွားသောအခါ ကျန်းရှောင်မန်ကကျန်းဟွေ့မိန်ကို ခေါ်ဖို့သွားခဲ့သည်။ 


ကျန်းဟွေ့မိန်ကတံခါးက နှစ်ကြောင်းကဗျာစာတန်းကိုတွေ့သောအခါ သူမအကြာကြီးရပ်ကြည့်နေလေသည်။ သူမ၏အလိုလိုသိစိတ်ကိုအခြေခံ၍ အဲဒီနှစ်ကြောင်းကဗျာစာတန်းကမမှန်ဘူးလို့ခံစားရသည်။ ရှင်းရှင်းပြောရရင် လွဲတာမှအရမ်းကိုလွဲနေလေသည်။ 


ကျန်းရှောင်မန်နည်းနည်းအပြစ်ရှိသလိုခံစားလိုက်ရသည်။ နှစ်သစ်မှာအဖွားက ဒီလိုဓလေ့ရိုးရာတွေကို တန်ဖိုးထားတာ သူမသိသည်။ 


အဖွားကသူမကိုစကားပြောတော့မယ်... 


ကျန်းရှောင်မန်ဝန်မခံခင်အချိန်လေးမှာ ကျန်းဟွေ့မိန်ကလက်ဦးမှုရယူလိုက်သည်။

" ရှောင်မန် သမီးရဲ့စာတန်းကမှားနေတယ်" 


"ဘာမှားနေတာလဲ...."


"စာလုံးနည်းနည်းလေးပဲရှိတယ် နောက်နှစ်ကျရင် စာလုံးများများပိုရေး...."


"အိုး...."

 ကျန်းရှောင်မန်ကနာခံစွာဖြင့်ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့ပါ...."


ကျန်းရှောင်မန်က နောက်နှစ်အတွက်နှစ်ကြောင်းလက်ရေးလှကဗျာစာတန်းကိုစဉ်းတောင်စဉ်းစားပြီးသွားပြီ။ 


ဘယ်ဘက် : ထူးချွန်ထက်မြက်ခြင်းနှင့်ထင်ရှားခြင်း

ညာဘက် : ပြည့်လျှံနေသောချမ်းသာကြွယ်ဝမှုများနှင့်ကြီးပွားချမ်းသာခြင်းလှိုင်းလုံးများ

အလျားလိုက် : တောက်ပ‌နေသည့်ကံကောင်းသောကြယ် 


စာလုံးတွေပိုလာတယ်လေ ဟုတ်တယ်မလား.... 


နှစ်သစ်ပြီးတော့ နွေဦးရောက်လာပြီး ရာသီဥတုကတဖြည်းဖြည်းနှင့် ပူလာတော့သည်။ ကျန်းရှောင်မန်ကကျောင်းပြန်တက်ပြီး ကျန်းရှင်းကလည်း အလုပ်ပြန်ရှုပ်နေသည်။ 


ကျန်းဟွေ့မိန်က ကလေးမလေးအတွက်အရမ်းဝမ်းနည်းနေသည်။ သူမက အရမ်းပိန်လွန်းနေတယ်လို့ သူမခံစားရသည်။ ရှောင်မန်ကဝိတ်တွေကျတဲ့အထိ စာကြိုးစားနေတာလို့သူမထင်နေပြီး အဲဒါကိုပြုပြင်ပေးရန်ဆုံးဖြတ်ချက်ချလိုက်‌တော့သည်။ 


ကျန်းရှောင်မန်က brain flower (၂) ကိုစားရမည်ဖြစ်ပြီး ကျန်းမာသန်စွမ်းစေသောစွပ်ပြုတ်ကိုခဏလောက်စားပြီးသောအခါ နောက်ဆုံးတော့ သူမသည်းမခံနိုင်တော့ပေ။ 


ကျန်းရှောင်မန်ကသူမလက်မောင်းကိုဖြစ်ညှစ်၍ သူမဝမ်းဗိုက်ကိုထိပြီး ကျန်းရှုမေ့၏စားစရာများကိုငြင်းဆန်လိုက်သည်။ 


ကျန်းရှောင်မန်ပြောလိုက်သည်။

"ဘွားဘွားသမီးဝလာရင် ကြည့်ကောင်းနေမှာမဟုတ်တော့ဘူးနော်..."


"ဘယ်သူပြောလဲ ပိုတောင်လှလာဦးမယ်...."


"သမီးခါးကအကြီးကြီး ခြေထောက်ကလည်း အကြီးကြီး.... သမီးလက်မောင်းကလဲတုတ်တုတ်ကြီး သမီးမျက်နှာကလဲဝိုင်းစက်နေတာတောင်မှလေ...."


"အဲဒါမကောင်းဘူးလား မြေးရဲ့ ကျောင်းဝတ်စုံတွေကကြီးလွန်းတယ် မြေးဘယ်လိုလုပ်ပြီးတော်တာလဲ...."


"..."


အဲဒါကသူမကျောင်းဝတ်စုံတွေတော်မတော်မေးတဲ့မေးခွန်းလား.... အဲဒါကသူမလှမလှ မေးတဲ့မေးခွန်းဆိုတာ ရှင်းနေတာပဲကို....


ကျန်းရှောင်မန်ကမှန်မှန်ကန်ကန်ပဲပြောလိုက်သည်။

"ဘွားဘွား....သမီးထပ်မစားနိုင်တော့ဘူး သမီးငါးပေါင်တောင်တက်လာတယ်.."


သူမရဲ့အစာချေမှုဖြစ်စဉ်ကအရမ်းကောင်းသည်။ သူမအများကြီးစားရင်တောင်မှသူမခန္ဓာကိုယ်ကမဝလာပေ။ သူမရဲ့ခြေချောင်းလက်ချောင်းလေးတွေက သွယ်လျနေပြီးတော့ သူမခန္ဓာကိုယ်က ကျက်သရေရှိသည်။ 


သူမငါးပေါင်တက်လာရင်တောင်မှ သူမကိုမထိခိုက်စေနိုင်ပေ။ 


ဒါပေမဲ့ သူမကလှတာကိုကြိုက်ပါတယ်ဆိုမှပဲ.....


ကျန်းရှုမေ့၏စည်းရုံးရေးကမအောင်မြင်ပေ။သူမက ကျန်းရှောင်မန်ကိုဖိအားမပေးနိုင်တော့ တခြားကလေးကို အာရုံစိုက်ရပေမည်။


ရှင်းလင်းချက် 


(၁) သူမရေးထားသောစာတန်းသုံးကြောင်းက ကျန်းမိသားစုဝင်တစ်ဦးချင်းစီ၏အမည်နှင့်တူညီနေသည်။

-ပထမစာတန်းက "ကြယ်"ဖြစ်ကြီး ကျန်းရှင်း၏နာမည်မှ ရှင်း၏အဓိပ္ပာယ်မှာ ကြယ်ဖြစ်သည်။

-ပြည့်လျှံနေသောချမ်းသာကြွယ်ဝမှု၏ဘာသာပြန်မှာ"ကျောက်စိမ်းနှင့်ရွှေများပြည့်နေသောခန်းမ"ဖြစ်သည်။အဓိပ္ပာယ်အပြည့်အစုံက ကျန်းရှောင်မန်၏နာမည်မှ မန်နှင့်တူညီနေသည်။

-ထူးချွန်ထက်မြက်ခြင်း၏ဘာသာပြန်အမှန်မှာ "လှပစွာဆန့်ကျင်နေသာသစ်ကိုင်း"ဖြစ်သည်။"အလှတရား"က ကျန်းရှုမေ့၏နာမည်မှ ရှုနှင့်တူညီနေသည်။ 


(၂) ဝက်ဦးနှောက်နှင့်လုပ်ထားသောဟင်းတစ်မျိုးဖြစ်သည်။


xxxxx


Chapter 289


ကျန်းရှောင်မန်ကို ဘာကျန်းမာရေးစွပ်ပြုတ်မှတိုက်စရာမလိုတော့ပေ။ ထို့ကြောင့် နောက်တစ်ယောက်ဖြစ်သည့် ကျန်းရှင်းဆီခြေဦးလှည့်သွားသည်။


ကျန်းရှင်းက လူကြီးတစ်ယောက်ဖြစ်နေသော်လည်း သူ့ကိုယ်သူဂရုစိုက်ဖို့ အလွန်အလုပ်များနေလေ့ရှိသည်။ 


သူ့ကိုကြည့်ပါဦး မျက်တွင်းတွေကချောင်ကျနေပြီ....


ပန်းတိုင်အသစ်ရှာတွေ့သွားသော ကျန်းဟွေ့မိန်က နောက်ဆုံးတော့ ကျန်းရှောင်မန်၏ လှပသောခါးလေးကိုလွတ်ပေးလိုက်ပြီး သူမသားရဲ့ခန္ဓာကိုယ်ကိုအားဖြည့်ပေးဖို့အသင့်ဖြစ်သွားတော့သည်။ 


ပထမနေ့မှာ နှပ်ထားသောကြက်ရဲ့ကျောက်ကပ်ကိုကျွေးသည်။


နောက်တစ်နေ့ကျတော့ ပေါင်းထားတဲ့ဝက်ရဲ့ကျောက်ကပ်ကိုကျွေးသည်။


တတိယနေ့တွင် ကမာကောင်စွပ်ပြုတ်တိုက်သည်။


လေးရက်မြောက်နေ့...လေးရက်မြောက်နေ့ကျတော့ ကျန်းရှင်းမစားတော့ပေ။ 


သူကအဲဒါကိုနောက်မှစားရန်ထားထားသလိုဟန်ဆောင်လိုက်သည်။ သူ့ရှေ့တည့်တည့်တွင်ရှိနေသော ကျန်းဟွေ့မိန်၏စေတနာကိုမငြင်းဆန်ရဲပေ။ 


ကျန်းရှုမေ့လဲအများကြီးမတွေးတော့ပဲသူ့ကိုပေးသွားလိုက်သည်။ 


သူထွက်လာပြီးတော့ ကျန်းရှင်းကကျန်းရှောင်မန်ကိုခါးသီးစွာပြောလိုက်သည်။

"ရှောင်မန် ဘာလို့လာမစားတာလဲ...."


"ဟမ် သမီးလား...."

ကျန်းရှောင်မန်ကြည့်ရတာရှုပ်ထွေးနေပုံရသည်။

"ဒါပေမဲ့ အဖွားပြောတာက အဲဒါကဦးလေးအတွက် အထူးလုပ်ထားတာဆို...."


"...ဦးလေးမစားနိုင်တော့ဘူး..."


"ဦးလေးက ရက်အနည်းငယ်ပဲ စားရသေးတာ ပါ... သမီးတောင်လတစ်ဝက်လောက် တောင့်ခံနိုင်သေးတယ်... ဘယ်လိုလုပ်ဦးလေးအတွက်များတယ်ဖြစ်ရမှာလဲ,..."


"...ဦးလေးမခံစားနိုင်တော့လို့ပါ" 


ကျန်းရှောင်မန်ကခဏလောက်အသံတိတ်သွားပြီးနောက် ရိုးသားစွာပြောလိုက်သည်။

"သမီးလဲ မစားနိုင်တော့ဘူး....."


ဘာလို့ဆို သူမအဲဒါတွေကိုစားခဲ့ရတာ မကြာသေးဘူးလေ......


ဘွားဘီားက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုစားပေးမှကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အားပြန်ပြည့်လာမှာဟု ခိုင်မြဲစွာယုံကြည်နေသည်။ သူမက brain flower သာပေးတာမဟုတ်ပဲ brain နဲ့ပတ်သက်သော ဟင်းပွဲတွေလည်း ပေးသေးသည်။ 


၎င်းတို့က ဝက်ခေါင်း ကြက်ခေါင်း ဘဲခေါင်းနဲ့ နှပ်ထားသောခြင်္သေ့ခေါင်း(၃)တို့ဖြစ်သည်။ 


ကျန်းရှင်းကပန်းကန်လုံးကိုသူမရှေ့ရွှေ့ပေးလိုက်သည်။

"ဘာလို့ တစ်ဇွန်းလောက်မစားကြည့်တာလဲ...."


"ဦးလေးသာစားစမ်းပါ...."


နှစ်‌ယောက်သားကအချိန်ခဏလောက် တစ်ယောက်နဲ့တစ်ယောက်ငြင်းနေကြသည်။ သူတို့နှစ်ယောက်လုံးကအဲဒါကိုလွှတ်လဲမလွှတ်ပစ်ချင်ကြပေ။ ထို့ကြောင့် သူတို့ဘယ်သူစားမလဲမဆုံးဖြတ်နိုင်ကြပေ။ 


သူတို့နှစ်ယောက်ငြင်းနေကြတုန်း ကျန်းရှောင်မန်ကနောက်ဆုံးတော့ ဒီအာဟာရစွပ်ပြုတ်အတွက် သင့်တော်တဲ့အိမ်ကိုစဉ်းစားမိသွားသည်။ ဒီအာဟာရစွပ်ပြုတ်အကြောင်းဘာမှမသိတဲ့အိမ်ဖြစ်သည်။


"ဦးလေး ရပြီ သမီးလုပ်လိုက်မယ်...."

ကျန်းရှောင်မန်ကပန်းကန်လုံးကိုယူပြီးထွက်သွားလိုက်သည်။ ကျန်းရှင်းက ဝမ်းသာ မျက်ရည်များဖြင့်ကျန်ခဲ့လေသည်။


နောက်ဆုံးတွင် အာဟာရစွပ်ပြုတ်ထည့်ထားငည့် ပန်းကန်လုံးက ယွီချင်းရှီ ရဲ့စားပွဲပေါ်ရောက်လာတော့သည်။


ယွီချင်းရှီက သူ့မျက်လုံးတွေကို နှိမ့်ချလိုက်ပြီး သူ့မျက်ခုံးတွေကလည်း မမြင့်တက်ပဲမနေနိုင်ပေ။

"ဒါကဘာလဲ...."


"အာဟာရစွပ်ပြုတ်...."


"ဘာနဲ့လုပ်ထားတာလဲ...."


"ငါမသိဘူး....."

ကျန်းရှောင်မန်က ဇွန်းယူပြီးတစ်ဇွန်းသောက်ကြည့်လိုက်သည်။

"ကမာကောင်နဲ့လုပ်ထားတာဖြစ်နိုင်တယ်.... ငါ့ဘွားဘွားကပြောတယ် ဒါကခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်တဲ့.... အထူးသဖြင့်ယောက်ျားလေးတွေအတွက်ကောင်းတယ်တဲ့လေ....  သူအကြာကြီးတည်ထားတာ နင်ကြိုက်သလောက်သောက်လို့ရတယ် ...နင်မစားနိုင်ဘူးဆိုရင် ငါသွန်ပေးမယ်..."


ယွီချင်းရှီက ယခုအချိန်အထိနည်းနည်းထူးဆန်း‌နေတယ်ဟု ခံစားနေရတုန်းပင်ဖြစ်သည်။ 


ကျန်းရှောင်မန်သက်ပြင်းချလိုက်သည်။

"ဒါဆိုလည်း ငါပဲစားလိုက်တော့မယ်...."


"...ငါစားပါ့မယ်...."


ယွီချင်းရှီကအသက်ပြင်းပြင်းရှုလိုက်ပြီး ဇွန်းယူကာ စွပ်ပြုတ်ကိုစတင်သောက်တော့သည်။သူကဘာအသံမှမထွက်ပဲ အရမ်းကိုယဉ်ယဥ်ကျေးကျေးနဲ့သောက်သည်။ ကျန်းရှောင်မန်ကသူမ၏ လက်များကို သူမပါးပေါ်တွင်ထားကာ သူမမျက်လုံးများက တောက်ပနေသည်။ 


သူသောက်ပြီးသွားတာကိုကြည့်ပြီးကျန်းရှောင်မန်ကသူ့ခေါင်းကိုပွတ်ပေးလိုက်ကာဝမ်းသာစွာနှင့်ပြောလိုက်သည်။

"နင်က အံ့ဩစရာပဲ...."


ယွီချင်းရှီရဲ့ပါးတွေနီရဲသွားပြီး အဲဒါက သူစွပ်ပြုတ်ကိုအရမ်းမြန်မြန်သောက်လိုက်လို့လား သူချီးကျူးခံလိုက်ရလို့လားဆိုတာ မပြောနိုင်ပေ။ 


နောက်တော့... 


အဲဒီနေ့ကစပြီးတော့ ကျန်းဟွေ့မိန်က ကျန်းရှင်းကိုပေးသော စွပ်ပြုတ်များဟာ ကျန်းရှောင်မန်မှတစ်ဆင့် ယွီချင်းရှီ၏အစာအိမ်ထဲသို့ရောက်ကုန်တော့သည်။ အာဟာရများပါဝင်သော စွပ်ပြုတ်တစ်ခွက်က နေ့စဉ်အချိန်မှန်ကိုရောက်လာသည်။ ယွီချင်းရှီကအရမ်းနာခံတတ်ပြီး ကျန်းရှောင်မန်ဘာပဲပေးပေး စားသည်။ 


ကျန်းရှောင်မန်သိချင်တဲ့အရာတစ်ခုရှိသည်။


ဘွားဘွားပြောတော့ ဒီစွပ်ပြုတ်က အာဟာရပြည့်ဝပြီးတော့ ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုပြီးတော့.... ယွီချင်းရှီဒီလောက်အကြာကြီးစားတာတောင် သူဘာလို့ဝမလာတာလဲ.... 


ဘာပဲဖြစ်ဖြစ် ၎င်းကသူအရမ်းပိန်နေလို့လဲဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူကီလိုဂရမ်လေးနည်းနည်းလောက်နဲ့ကွဲပြားမှုကိုမမြင်ရတာဖြစ်နိုင်သည်။ 


ကျန်းရှောင်မန်ကသူ့ကိုမေးလိုက်သည်။

"နင်ဝလာလား...."


"ငါမဝလာပါဘူး...


"ငါမယုံဘူး ကိုယ်အလေးချိန်သွားတိုင်းကြည့်မယ်...."


ကျန်းရှောင်မန်ကအတင်းတိုက်တွန်းနေသောကြောင့် ယွီချင်းရှီမှာရွေးချယ်စရာမရှိပဲတိုင်းလိုက်ရတော့သည်။ သို့သော် သူမ၏ ထက်မြက်သောအမြင်စူးရှမှုအောက်မှာ သွားတိုင်းလဲ သူကဘာဝိတ်မှတက်မလာတာကိုတွေ့လိုက်ရသည်။ သူ့ကိုယ်အလေးချိန်ကအရင်ကနဲ့တူတူပဲဖြစ်ပြီး ဘာပြောင်းလဲမှုမှမရှိပေ။ပြောင်းလဲမှုကိုပြောရလျှင် သူကနှစ်ပေါင်တောင်ကျသွားသေးသည်။ 


ရှင်းလင်းချက် 


(၃) နောက်ဆုံးတစ်ခုကတကယ့်ခြင်္သေ့ခေါင်းမဟုတ်ပေ။ဒါပေမဲ့ များသောအားဖြင့် ဝက်သားနှင့်လုပ်ထားသော အသားလုံး ဟင်းတစ်မျိုး၏အမည်ဖြစ်သည်။


xxxxxxx


Chater 290


ကျန်းရှောင်မန်က စိတ်ပူလာပြန်တဲ့အချိန်မှာတွင် ယွီချင်းရှီ၏အစာအိမ်ကိုအားကျနေသည်။ 


သူဘယ်လောက်ပဲအများကြီးစားစား ဘာဝိတ်မှတက်မလာတာကောင်းတာပေါ့....


"အာဟာရစွပ်ပြုတ်ကိုသောက်ပြီးတဲ့နောက်မှာ နင်တစ်ခုခု ထူးခြားတာ မခံစားရဘူးလား...."


"...မခံစားရပါဘူး" 


သူခံစားရတာပေါ့...


ဒါပေမဲ့ သူဘယ်လိုပြောရမလဲမသိဘူးလေ....


၎င်းက ပြောရမှာခက်ခဲမယ်မှန်းသူသိသည်။သူခဏလောက်တွေဝေနေပြီး မပြောတာပိုကောင်းမယ်လို့ပဲ သူဆုံးဖြတ်လိုက်တော့တယ်။ 


အဲဒါကသူကိုယ်တိုင်ကအကျင့်စာရိတ္တမကောင်းလို့နေမှာပါ....ဒီတော့ သူ့ကိစ္စပဲပေါ့...


ယွီချင်းရှီကတိတ်ဆိတ်နေသည်။ ကျန်းရှောင်မန်က သူ့၏ကိုယ်လုံးကိုယ်ပေါက်က အရမ်းထူးခြားလာသည်ဟုခံစားရသည်။ ထိုအချိန်ကစပြီး ကျန်းရှောင်မန်ကသူ့ကို အာဟာရစွပ်ပြုတ်များပိုတိုက်တော့သည်။ 


ထို့ကြောင့် ကျန်းရှောင်မန်ရဲ့ဇွဲရှိမှုအောက်တွင် ပူပြင်းသောနေ့လည်ခင်းတစ်ခု၌ ယွီချင်းရှီကနှာခေါင်းသွေးများ(၄)နှင့် စားပွဲထိပ်တွင်လဲနေတော့သည်။ 


ယွီချင်းရှီ ကြက်သေသေသွားသည်။ သူ့အပေါ်နှုတ်ခမ်းကိုသူ့လက်များဖြင့်ထိကြည့်လိုက်သောအခါ နီရဲတောက်ပနေသောအရည်များကိုစမ်းမိသည်။ သွေးများက သူ၏နုနယ်သောအသားပေါ်တွင်သွေးကြောများကဲ့သို့စီးဆင်းနေပြီးကြည့်ရတာအနည်းငယ်ထိတ်လန့်စရာကောင်းနေသည်။ 


၎င်းကနည်းနည်းညှီပြီး နည်းနည်းပူသည်။ 


ကျန်းရှောင်မန်: "!!!" 


ဘာဖြစ်သွားတာလဲ..."


"နင်တစ်ခုခုဖြစ်နေတာလား ဘယ်လိုဖြစ်တာလဲ စဉ်းစားစမ်း.... ရှောင်မန် စဉ်းစားစမ်း လူတစ်ယောက်နှာခေါင်းသွေးလျှံ‌နေရင်ငါဘာလုပ်ရမလဲ....."

ကျန်းရှောင်မန်က ဒယ်အိုးပေါ်ကပုရွတ်ဆိတ်တွေလိုစိုးရိမ်နေခဲ့သည်။ ပထမဆုံး သူမက ယွီချင်းရှီရဲ့ လက်ညှိုးကိုကြိုးနှင့်စည်းလိုက်ပြီးနောက်မှာ သွေးတွေထပ်မစီးလာတော့အောင် သူ့ခေါင်းကိုအနောက်ကိုစောင်းထားလိုက်တယ်။ 


စနစ်ကအော်လေတော့သည်။

"!!! ပိုင်ရှင်.... အဲဒါဆိုသွေးတွေနောက်ပြန်စီးသွားပြီး အသက်ရှုကြပ်သွားမှာပေါ့!!!"


" ဒါပေမဲ့ သမီးနှာခေါင်းသွေးလျှံရင် ဘွားဘွားက အမြဲဒီလိုလုပ်ပေးတာပဲလေ...."


"ဒီလိုမျိုးရိုးရာဆေးနည်းတွေကလူကိုထိခိုက်နိုင်တယ် သိပ္ပံနည်းကျတွေးစမ်းပါ...."


ကျန်းရှောင်မန်မှာ ရွေးချယ်စရာမရှိတော့‌၍ ယွီချင်းရှီ၏နှာခေါင်းကို တစ်ရှုးတစ်ချို့ထိုးထည့်ပေးထားပြီးတော့ သူ့ကို ကျောင်းဆေးခန်းကိုမြန်မြန်ပို့ပေးလိုက်တော့သည်။ 


နှာခေါင်းသွေးလျှံတာရပ်သွားပြီးတော့ ကျန်းရှောင်မန်ကသူ့ကိုလမ်းလျှောက်ပြန်ဖို့ကူညီပေးခဲ့သည်။ 


ယွီချင်းရှီ၏ နှာခေါင်းပေါက်မှာဂွမ်းဖတ်နှစ်ခုရှိနေသည်။သူ့ကြည့်ရတာ ခေါင်းနည်းနည်း‌မူးနေပုံရသော်လည်း သူကလိမ္မာသော‌ကလေးတစ်ယောက်လို ငြိမ်ငြိမ်လေးနာခံစွာဖြင့်ထိုင်လိုက်သည်။ 


ကျန်းရှောင်မန်သူ့ကိုကြည့်လိုက်သည်။ သူမစိတ်ထင်နေတာပဲဖြစ်ရပေမည်။ သူ့ကိုဘေးက‌နေကြည့်ရတာ သူ့ပါးလေးတွေကနည်းနည်းဖောင်းနေပုံပင်။ ပါးဖောင်းနေရာမှနှုတ်ခမ်းစူလာသည်။ သို့သော် သူ့အမူအရာက အရမ်းအေးစက်နေသောကြောင့် ထိုအခိုက်အတန့်တွင်လသူဘာတွေတွေးနေလဲဆိုတာ သူမနားမလည်နိုင်ပေ။ 


ကျန်းရှောင်မန်၏ လက်များကရုတ်တရက်ခပ်နောက်နောက်ဖြင့် သူ့ပါးကို သူမ၏လက်မနှင့်လက်ညှိုးဖြင့်ထိကာလိမ်ဆွဲလိုက်သည်။ထို ရုတ်တရက်လှုပ်ရှားမှုက ယွီချင်းရှီမှ သူမကိုစိုက်ကြည့်စေခဲ့သည်။ 


ပုံမှန်ဆိုရင် သူကဒီတစ်ခါလေးအတွက်သူမကိုလွှတ်ပေးမည်ဟုသူထင်သည်။ သူ့ပါးများကိုသူမလိမ်ဆွဲခဲ့လျှင်ပင် လူကြီးတစ်ယာက်ဟာကလေးတွေ၏ ခပ်နောက်နောက်အပြုအမူများကို စိတ်ထဲထားမည်မဟုတ်ပေ။ သို့သော် ကျန်းရှောင်မန်က သူမအား ဘာကထိန်းချုပ်ထားလဲဆိုတာမသိပေ။ သူမခံစားရတာက ယွီချင်းရှီကအရမ်းချစ်ဖို့ကောင်းပြီး သူ့ပါးကလိမ်ဆွဲလို့ကောင်းသည်။ ထိုကြောင့် သူမဆက်ပြီး စနောက်နေမိသည်။ 


လိမ်ဆွဲတယ် လိမ်ဆွဲတယ် လိမ်ဆွဲတယ်....


"လွှတ်တော့...."

ယွီချင်းရှီကစိတ်တိုနေပြီး သူ့မျက်နှာကအနည်းငယ်နီရဲနေခဲ့သည်။ထိုတင်မကပဲ သူ့အရေပြားတွင်ရှိသော အပူချိန်ကဖြည်းဖြည်းချင်းမြင့်တက်လာပြီး သူ့ပါးတွေကနီရဲလာသည်။ 


ကျန်းရှောင်မန်ကြည့်ရတာကမ္ဘာသစ်တစ်ခုကိုရှာဖွေတွေ့ရှိသူကဲ့သို့ဖြစ်နေပြီး နီရဲနေသောသူ့ပါးများကိုသိချင်စိတ်ဖြင့်ကြည့်လိုက်သည်။

"နင် ရှက်နေတာလား...."


ယွီချင်းရှီသည်းမခံနိုင်တော့ပေ ။သူ့နှာခေါင်းကဂွမ်းဖတ်များဖြင့် ပိတ်ထားခံရသောကြောင့် သူ့အသံကပြောင်းနေသည်။ 

"ငါ့ပါးကိုလာမဆွဲနဲ့တော့ ငါကလေးမဟုတ်တော့ဘူး...."


"နင်ကလေးမဟုတ်ရင်ငါကနင့်ပါးကိုလိမ်ဆွဲလို့မရဘူးလား....."


"..." 

ယွီချင်းရှီကစိတ်အရမ်းဆိုးနေသောကြောင့်သူမကိုတစ်နေ့လုံးစကားမပြောပေ။ 


သူအခုအရမ်းစိတ်ဆိုးနေသည်။

သူ ကျန်းရှောင်မန်ကို ၎င်းကိုအကျင့်ဖြစ်သွားအောင်ခွင့်ပြုလို့မရပေ။ သူမကို တစ်လက်မလောက်ခွင့်ပြုလိုက်ရင် တစ်မိုင်လောက်တောင်းဆိုလာလိမ့်မယ်။ 


ညနေချမ်းတွင် သူတို့နှစ်ယောက်ကအိမ်တူတူပြန်ခဲ့ကြသည်။ ယွီချင်းရှီက ကျန်းရှောင်မန်ကိုအခုထိစကားမပြောသေးပဲ လျစ်လျူရှုထားသည်။ သူမနှင့်စကားမပြောပဲ အချိန်ခဏလောက်နေဖို့ရည်ရွယ်ထားသည်။


ကံကောင်းစွာနှင့်ပင် ကျန်းရှောင်မန်က အဆင်မပြေမှုတွေကိုခံနိုင်ရည်ရှိသူတစ်ယောက်ဖြစ်နေသည်။ နံရံကိုအကြိမ်အနည်းငယ်ရိုက်ပြီးနောက်မှာ သူမကမပင်ပန်းပဲ ငြိမ်းချမ်းရေးယူဖို့ အလုပ်ကိုမပင်မပန်းလုပ်တော့သည်။ 


ရှင်းလင်းချက် 


(၄) ကျန်းဟွေ့မိန်အသုံးပြုသောပါဝင်ပစ္စည်းများဖြစ်သည့် ကျောက်ကပ်နှင့်ကမာကောင်များမှာ ယောက်ျားများ၏တက်ကြွမှုနှင့် ယန်စွမ်းအင်(အဖိုဓာတ်)အတွက်ကောင်းလေသည်။ထို့ကြောင့်ယွီချင်းရှီကသူ၏ခန္ဓာကိုယ်တွင် အပူများစုပုံလာပြီး နှာခေါင်းသွေးလျှံခြင်းဖြစ်သည်။သနားစရာကောင်းတဲ့ကောင်လေးတစ်ယောက်ကတော့ သူတစ်နည်းနည်းနဲ့ အကျင့်ပျက်လာပြီ ဟုထင်နေလေသည်။


xxxxx