Chapter 47
Viewers 7k

🎶 Chapter 47



ထန်ကျင့် အလုပ်ပြီးသောအခါ ညနေ၇နာရီ ထိုးပြီဖြစ်သည်။ 


စက်တင်ဘာလဖြစ်သောကြောင့် ယခင်ကထက် ပိုမှောင်လာသည်။ သူ စတူဒီယိုထဲက ထွက်လာသောအခါ အပြင်ရှိ လမ်းမီးများပင် ထွန်းထားပြီဖြစ်သည်။


တစ်နေကုန် ရိုက်ကူးရေးလုပ်ပြီးသွားသောအခါ ထန်ကျင့် အလွန်ပင်ပန်းနေသောကြောင့် ကားထဲကိုဝင်သည်နှင့် ပြတင်းပေါက်ကိုမှီကာ အိပ်ပျော်သွားသည်။ 


အေးဂျင့်ခမျာ ရွေးစရာမရှိဘဲ သူ ပြောချင်သည်များကိုသာ မျိုသိပ်ထားလိုက်ရသည်။ 


သူတို့ ဟိုတယ်ကို ပြန်ရောက်သောအခါ အေးဂျင့်က ထန်ကျင့် အခန်းထဲထိ လိုက်ဝင်လာခဲ့သည်။ အခန်းတံခါး ပိတ်လိုက်သည်နှင့် အေးဂျင့် ဆက်လက်မျိုသိပ်မထားနိုင်တော့ဘဲ ပြောလိုက်သည်။

"မင်းဖုန်းထဲက ယဲ့ဇယ်ရှစ်ရဲ့ စာကဘာလဲ..."


ထန်ကျင့် အိပ်ငိုက်နေဆဲဖြစ်ပြီး သူ အနည်းငယ် စိတ်ရှုပ်သွားသောကြောင့် မေးလိုက်သည်။

"ဘာစာလဲ... ယဲ့ဇယ်ရှစ် ဟုတ်လား... ဘာဖြစ်လို့ ကျွန်တော့်စာတွေကို ဝင်ဖတ်ကြည့်တာလဲ..."


ယနေ့မနက်တွင် ထန်ကျင့်ကို သူမ ပြောခဲ့သည့်အကြောင်းကို စဉ်းစားရင်း အေးဂျင့် တစ်နေ့လုံး ထိန်းချုပ်ထားခဲ့ရသည်။ ထန်ကျင့် သူမကို ဖုံးကွယ်ထားသည်က သူမကို ပို၍ပင်ဒေါသထွက်စေသည်။

"ယဲ့ဇယ်ရှစ်က မင်းကို အတူရှိချင်လားလို့ မေးတယ်လေ...အဲဒါကိုမင်းက ငါ့ကို ပြန်မေးနေသေးတာလား... ငါ မင်းရဲ့စာတွေကို ဝင်ဖတ်တာမဟုတ်ဘူး... ဒီမနက်ကမှ အဲဒီစာကို မြင်လိုက်မိရုံတင်..."


ထန်ကျင့် မျက်လုံးပြူးပြီး အေးဂျင့်ကို အံ့သြတကြီး စိုက်ကြည့်လိုက်သည်။ 

"အတူတူရှိချင်လားဆိုတာကြီးက ဘာကိုပြောတာလဲ..."


အေးဂျင့် စကားမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။


ထိုအချိန်တွင် တခုခုမှားနေကြောင်း ထန်ကျင့် ရိပ်မိလိုက်သည်။ သူWechatကို အမြန်ဖွင့်ကြည့်လိုက်သောအခါ စာဝင်သည့် အနီရောင်အမှတ်အသားက ရှိနေဆဲဖြစ်သည်။


သူ ထိုစာကို နှိပ်ကြည့်လိုက်သောအခါ ထန်ကျင့် ရုတ်တရက်အသက်ရှူရပ်သွားသကဲ့သို့ပင်။


ဒီစာက ဘာကိုဆိုလိုချင်တာလဲ...


ယဲ့ဇယ်ရှစ်က ငါ့ခံစားချက်တွေကို နားလည်သွားလို့လား...


တစ်ဖက်လူက သူ့ကို မမေ့သေး‌ပေ ထို့ကြောင့်သာ...


ထန်ကျင့် ရင်ခုန်သံများ အရူးအမူး ခုန်ပေါက်လာသည်။ သူ့မျက်နှာ နီရဲလာသည်မှာ သာမန်မျက်လုံးနှင့်ပင်မြင်နိုင်လေသည်။


သူ့အမူအရာကို မြင်သောအခါ အေးဂျင့် မည်သည်ကိုနားလည်ရမှန်း မသိဖြစ်သွားသည်။ 


"ဆိုတော့... မင်းက ယဲ့ဇယ်ရှစ်နဲ့ တွဲနေတာမဟုတ်ဘူးလား..."


သူ အလွန်ရင်ခုန်နေသော်လည်း ထိုနားလည်မှုလွဲသည်ကို ငြင်းရမည်မှန်း သိနေသေးသည်။

"မဟုတ်ဘူး... သူနဲ့က အခုထိ ဘာမှမဟုတ်သေးဘူး..."


"ဒါဆို မင်း... သူ့ကိုကြိုက်လား..."

အေးဂျင့်၏ လေသံက ပြတ်သားလှသည်။


ဤတစ်ကြိမ်တွင် ထန်ကျင့် မငြင်းတော့ဘဲ သူ့နားရွက်များလည်း နီရဲတက်လာသည်။


အကြာကြီး တိတ်ဆိတ်သွားပြီးနောက် သူ တိုးတိုးပြောလိုက်သည်။

"အဲဒါက...ဟိုလို... ကြိုက်တာမျိုးလို့ မဟုတ်ဘူးထင်တာပဲ...နည်းနည်း အမြင်ကောင်းတယ်ပြောရမလား..."


အေးဂျင့်က ဤအဖြေကို မျှော်လင့်ထားပြီးသားဖြစ်သည်။ သူမ နားထင်ကို ပွတ်လိုက်သည်။ 

"ဘယ်တုန်းကတည်းကလဲ..."


‌သူမ ခဏရပ်သွားကာ သက်ပြင်းချလိုက်သည်။

"ထားလိုက်တော့... အရေးမကြီးတော့ဘူး... ဒီတော့ မင်းအခု သူနဲ့ တွဲချင်နေပြီလား..."


ထန်ကျင့် ငြိမ်ကျသွားပြန်သည်။


အဓိကအချက်မှာ ယဲ့ဇယ်ရှစ် မည်သည်ကို တွေးနေသည်မှန်း သူ မသိခြင်းဖြစ်သည်။


"တွဲဖို့ကို မင်းက ဘာဖြစ်လို့ ရုတ်တရက်ကြီး ခြေလှမ်းစလိုက်တာတုန်း..."

ထန်ကျင့်အဖြေကို သူမ မစောင့်တော့ဘဲ သက်ပြင်းထပ်ချလိုက်သည်။


"ထားလိုက်တော့...ထားလိုက်တော့... မင်း သူ့ကို အရင်ရှင်းအောင် ပြောထားသင့်တယ်... မင်းတို့နှစ်ယောက်ကြားက အခြေအနေ ဘယ်လိုပဲဖြစ်နေပါစေ ငါ့ကိုအရင် အကြောင်းကြားဖို့မမေ့နဲ့... အဲဒါမှ မင်းတို့ ဆက်ဆံရေးကို ချပြတဲ့အချိန်ကျရင် လူထုဆက်ဆံရေးအဖွဲ့ကို ငါကြိုပြီး ဆက်သွယ်ထားလို့ရမှာ..."


အေးဂျင့်က သူ့ကို မတားခဲ့သလို အလွန် နားလည်‌ပေးလေသည်။ ထန်ကျင့်မှာ ဘာမှမပြောနိုင်တော့ပေ။ သူ့မျက်နှာနီရဲလျက်ပင် ခေါင်းညိတ်လိုက်သည်။ 


ထန်ကျင့်ကို ထိုကဲ့သို့ပုံစံဖြင့် မြင်လိုက်ရသောအခါ သူမ ဘာဆက်ပြောရမှန်းပင် မသိတော့‌ပေ။ ထိုကြောင့်သူ့ကို စောစောအနားယူရန်သာ ပြောပြီး ထွက်သွားလိုက်သည်။


အေးဂျင့်ထွက်သွားပြီးသောအခါ ထန်ကျင့် စိတ်လှုပ်ရှားလျက်ပင် Wechat ကိုဖွင့်လိုက်သည်။ 


မေးခွန်းက ယဲ့ဇယ်ရှစ်ကို သူ မည်ကဲ့သို့ စာပြန်သင့်လဲဆိုသည်ပင်။


အချိန်အတန်ကြာ ရုန်းကန်စဉ်းစားပြီးနောက် ထန်ကျင့် အသက်ဝဝရှူလိုက်ကာ သူကိုယ်သူ စိတ်ငြိမ်ရန် ပြောလိုက်သည်။ 

ယဲ့ဇယ်ရှစ် ဆိုလိုချင်တာက ငါ ထင်တဲ့အတိုင်းမဟုတ်ရင်ရော...


စာကို ရေးလိုက်၊ ပြင်လိုက်၊ ဖျက်လိုက် လုပ်ပြီးနောက် သူပို့လိုက်သည်။


"မင်းဘာကို ပြောချင်တာလဲ..."


ထန်ကျင့်ဆီမှ ထိုစာကိုရသောအခါ ယဲ့ဇယ်ရှစ်က animeကြည့်နေခြင်းဖြစ်သည်။ ယနေ့မှာ သူ အလုပ်စောစောပြီးသောကြောင့် ဟိုတယ်ကိုပင် ပြန်ရောက်နေပြီဖြစ်သည်။


Animeကို ခဏရပ်လိုက်ကာ သူ ထန်ကျင့်ကို စာပြန်လိုက်သည်။ 


"မင်းက မချစ်ဖူးချင်ဘူးပေါ့လေ..."


ထန်ကျင့်၏ရင်ခုန်သံများ ထပ်မံအရိုင်းဆန်လာပြန်သည်။ တုန်ယင်နေသော လက်များဖြင့် သူ ယဲ့ဇယ်ရှစ်ကို စာပြန်လိုက်သည်။

"ဘယ်သူနဲ့လဲ..."


ယဲ့ဇယ်ရှစ်: "ဟယ့်လောင်ရှီးနဲ့... မင်းက ဟယ့်လောင်ရှီးနဲ့ လုံးဝလိုက်ဖက်တယ်လို့ ငါထင်တယ်..."


ဖုန်းမျက်နှာပြင်ရှိ ထိုစာသားအတန်းလိုက်ကို ကြည့်ရင်းဖြင့် ကောင်းကင်ဘုံမှ ငရဲသို့ ချက်ချင်းလက်ငင်း ပြုတ်ကျသွားရသကဲ့သို့ ထန်ကျင့် ခံစားလိုက်ရသည်။ 


"မင်း... မင်းက ငါ့ကို ဟယ့်လောင်ရှီးနဲ့ အောင်သွယ်ပေးချင်နေတာလား..."


ယဲ့ဇယ်ရှစ် မတုံ့ဆိုင်းခဲ့ပေ။

"ဟယ့်လောင်ရှီးကို မကြိုက်လို့လား..."


ထန်ကျင့်၏ စိတ်အခြေနေမှာ ရုတ်တရက် အလွန်ရှုပ်ထွေးသွားရသည်။


ငါ ဟယ့်ကျင်းယွင်ကို ကြိုက်လား...


ထိုမေးခွန်းအတွက် အဖြေမှာ သေချာပေါက်ကို မကြိုက်ဘူး ဆိုသည်ပင်။


Starlight နှင့် စာချုပ်မချုပ်မီက ဟယ့်ကျင်းယွင်က သူ့အိုင်ဒေါဖြစ်ခဲ့သည်။ ဟယ့်ကျင်းယွင်ကို သူ၏ စံပြပုဂ္ဂိုလ်အဖြစ် မှတ်ယူရင်း ထိုသူနှင့် တစ်တန်းတည်း ရပ်တည်နိုင်သည်အထိ သူကြိုးစားလိုခဲ့ခြင်းဖြစ်သည်။ 


ထို့ကြောင့် သူ "Time Idol"တွင် ပါဝင်စဉ်ကလည်း ပထမရအောင် ကြိုးစားခဲ့ခြင်းဖြစ်သည်။ 


သို့သော် ထန်ကျင့် တဖြည်းဖြည်းနှင့် နားလည်လာသည်မှာ တစ်ခါတစ်ရံတွင် ကြိုးစားရုံမျှဖြင့် အရာအားလုံးကို မရယူနိုင် ဆိုသည်ကိုပင်။


မင်းသာ လုံလောက်အောင် မကောင်းခဲ့ပါလျှင် အချို့သော အခွင့်အရေးများက မင်းကို ဖြတ်ကျော်သွားမည်သာဖြစ်သည်။ 


ထို့နောက် သူ "ကျော်ကြားသောစစ်သူကြီး" ၏ရိုက်ကူးရေးအဖွဲ့တွင် ပါဝင်လိုက်သည်။


ထိုတစ်လနီးပါးအချိန်လေးတွင် သူနှင့် ယဲ့ဇယ်ရှစ်ကြားရှိ ကွာခြားမှုကို ထန်ကျင့် လုံးဝနားလည်လိုက်သည်။


ထိုအချိန်မှစ၍ ထန်ကျင့် သူ့ပန်းတိုင်ကို တိတ်တဆိတ်ချမှတ်ခဲ့သည်။


သူ ကျော်လွန်ချင်သည့်သူမှာ ဟယ့်ကျင်းယွင်မှ ယဲ့ဇယ်ရှစ်သို့ ပြောင်းလဲသွားခဲ့သည်။ 


ထန်ကျင့်ဆီမှ ပြန်စာကို အတော်ကြာစောင့်ပြီးသောအခါ ဝတ္ထု၏ ဇာတ်ကြောင်းက အမှန်တကယ် သွေဖယ်သွားနိုင်သလားဆိုသည်ကို ယဲ့ဇယ်ရှစ် သိချင်မိလာသည်။ 


ထန်ကျင့်က ယခုအချိန်တွင် ဟယ့်ကျင်းယွင်အပေါ် မည်သည့်ခံစားချက်မှ ရှိမနေပေ။


ထန်ကျင့်ကို တောင်းပန်ရန် ယဲ့ဇယ်ရှစ် ချီတုံချတုံ ဖြစ်နေစဉ်တွင် ထန်ကျင့်ဆီမှ စာဝင်လာသည်။ 


"ဘာမှမဟုတ်ပါဘူး...ဟယ့်လောင်ရှီးက ငါ့အတွက် စံပြပုဂ္ဂိုလ်လို လူတစ်ယောက်ဖြစ်ခဲ့တာဆိုတော့..."


ယဲ့ဇယ်ရှစ် တောင်းတောင်းပန်ပန်ပြောလိုက်သည်။

"တောင်းပန်ပါတယ်... ငါစည်းကျော်မိသလို ဖြစ်သွားတယ်..."


"ရပါတယ်..."

ထန်ကျင့် နောက်ဆုံးစာကြောင်းကို အဆုံးသတ်ပြီးသောအခါ သူ ဖုန်းကို ပိတ်လိုက်ကာ အိပ်ရာပေါ်သို့ ယိုင်လှဲချလိုက်သည်။


ဟယ့်ကျင်းယွင်ကို ငါ ကြိုက်နေတယ်လို့ ဘယ်သူကများ ယဲ့ဇယ်ရှစ်ကို ထင်ယောင်ထင်မှားအတွေးတွေ သွားပေးခဲ့တာလဲ...


ထန်ကျင့်တစ်ယောက် ပူဆွေးမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို ခံစားနေရသည်။ တစ်နေ့တွင် ယဲ့ဇယ်ရှစ်ကို နားလည်သွားအောင် သူ လုပ်မည်ဖြစ်သည်။


ယဲ့ဇယ်ရှစ်လည်း ပူဆွေးနေရသည်။ ကြည့်ရသည်မှာ သူငယ်ချင်းအမည်ခံမှ တစ်ဆင့် ငါးလေးခြောက်စားမည့် အကြံမှာ ပြိုလဲသွားပြီထင်သည်။ 

ရှေ့လျှောက် ငါးလေးခြောက်စားရရေးအတွက် ဘယ်နည်းလမ်းကို ငါ အသုံးချင်သင့်လဲ…


ယဲ့ဇယ်ရှစ် အတွေးယဉ်ကြောထဲမျောနေစဉ် နံဘေးရှိ ဖုန်းကတုန်ခါလာသည်။ 


ထန်ကျင့် ရုတ်တရက်စိတ်ပြောင်းသွားသည်ဟု ယဲ့ဇယ်ရှစ်ထင်လိုက်သည်။ ထို့နောက် Wechat ကိုဖွင့်ကြည့်လိုက်သောအခါ ထိုစာမှာ ဟယ့်ကျင်းယွင်ဆီမှ ဖြစ်နေခဲ့သည်။


"ညနေကျ လုပ်စရာ ကိစ္စရှိလား..."


ယဲ့ဇယ်ရှစ် ဖြည်းဖြည်းသာ စာပြန်လိုက်သည်။

"?..."


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ် ပြန်စာကိုကြည့်ကာ ပြုံးလိုက်သည်။ 

"တကယ်လို့ လုပ်စရာကိစ္စမရှိရင် ညကိုးနာရီကျရင် ငါ့လက်ထောက်ကို မင်းကို လာခေါ်ခိုင်းလိုက်မယ်..."


အဆုံးတွင် ယဲ့ဇယ်ရှစ် စာလုံးအနည်းငယ် ရိုက်ရန် ဆန္ဒရှိလာပြီ ဖြစ်သည်။

"တစ်ခုခု ဖြစ်လို့လား..."


ဟယ့်ကျင်းယွင်: "ကောင်းတဲ့ကိစ္စပါ..."


ယဲ့ဇယ်ရှစ်: "???"


ကောင်းတဲ့ကိစ္စဆိုလည်း ပြောလိုက်ပါတော့လားလို့...


ဟယ့်ကျင်းယွင် ထိုစာပို့ပြီးနောက် စာထပ်မပို့တော့ပေ။


ညကိုးနာရီတွင် ယဲ့ဇယ်ရှစ်၏ ဟိုတယ်အခန်းတံခါးကို ယွိရယ် လာခေါက်လေသည်။ 


ယဲ့ဇယ်ရှစ် မသွားချင်ပေ။ သို့သော် လွန်ခဲ့သည့်နှစ်ရက်က ဟယ့်ကျင်းယွင် လုပ်ပေးခဲ့သော ငါးလေးခြောက်များကို တွေးလိုက်မိသည်။ ထိုငါးလေးခြောက်များက အလွန်အရသာရှိခဲ့သည်။ ထို့အပြင် သူ ဟယ့်ကျင်းယွင်ကို မယဉ်ကျေးရာကျမည်စိုးသောကြောင့် ထွက်လာလိုက်သည်။ 


ထိုသည့်တိုင် သူ ယွိရယ်ကို မေးလိုက်မိသေးသည်။

"ဟယ့်လောင်ရှီးက ငါ့ကို ဘာဖြစ်လို့ခေါ်တာလဲဆိုတာ မင်းသိလား..."


ဟယ့်ကျင်းယွင်၏ မူလစကားများကို ယွိရယ် စဉ်းစားမိသွားသောအခါ သူ့အမူအရာ ခဏမျှ ရှုပ်ထွေးသွားပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလာသည်။

"သွားကြည့်ရင် သိရမှာပါ..."


ယဲ့ဇယ်ရှစ် သူ့သိချင်စိတ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ယွိရယ်နှင့်အတူ ထွက်လာခဲ့သည်။


ဓာတ်လှေကားပေါ်ရောက်သောအခါ ယွိရယ်က သူ့ကို ဟိုတယ်အပြင်ဘက် မခေါ်သွားသည်ကို ယဲ့ဇယ်ရှစ် နားလည်လိုက်သည်။


ယွိရယ်က ယဲ့ဇယ်ရှစ်ကို ဟိုတယ်၏ အမြင့်ဆုံးအထပ်သို့ ခေါ်သွားခဲ့သည်။ လျှောက်လမ်းအဆုံးသို့ လမ်းလျှောက်သွားပြီး သူ အခန်းတံခါးကို ခေါက်လိုက်သည်။


ရင်းနှီးနေသည့် အသံတစ်သံက အတွင်းမှ ထွက်ပေါ်လာသည်။

"ရှောင်ယွိလား..."


ယွိရယ် ပြန်ဖြေလိုက်သည်။

"အစ်ကိုဟယ့်... ယဲ့လောင်ရှီးကို ခေါ်လာခဲ့ပြီ..."


အတွင်းဘက်မှ တံခါးကိုဖွင့်လိုက်သည်။ အိမ်နေရင်း အဝတ်အစားများနှင့် ဟယ့်ကျင်းယွင်ကို တွေ့လိုက်ရသည်။ ယဲ့ဇယ်ရှစ်ကို သူပြုံးပြလိုက်သည်။

"ဝင်ခဲ့လေ..."


ယဲ့ဇယ်ရှစ် မနေနိုင်တော့ပေ။

"ဟယ့်လောင်ရှီး ဘာတွေဖြစ်နေလို့တုန်း..."


"အထဲဝင်ပြီးမှ ပြောပါ..."

ဟယ့်ကျင်းယွင် ပြောလိုက်သည်။


တံခါးပိတ်သွားသည်နှင့် ယွိရယ်လည်း ထွက်သွားသည်။


ဟယ့်ကျင်းယွင် နေသည့်အခန်းမှာ ယဲ့ဇယ်ရှစ်၏ အခန်းနှင့်အတူတူ presidential suite အခန်းဖြစ်သော်လည်း ဟယ့်ကျင်းယွင်၏ အခန်းမှာ ယဲ့ဇယ်ရှစ်၏ အခန်းထက် ပို၍ တစ်သီးပုဂ္ဂလဆန်သည်ဟု ခံစားရသည်။ ပရိဘောဂ အများစုမှာလည်း ယဲ့ဇယ်ရှစ်၏ အခန်းထဲကနှင့် ခြားနားလေသည်။ 


ယဲ့ဇယ်ရှစ် အခန်းထဲရှိ ပရိဘောဂများမှာ ဟိုတယ်ရှိ အခြားအခန်းများနှင့် ဆင်တူသော်လည်း ဟယ့်ကျင်းယွင်၏ အခန်းထဲရှိ ပရိိဘောဂများမှာ အနည်းဆုံး ဂဏန်းငါးလုံးက စလေသည်။ 


အခန်းအပြင်အဆင်ကပင် ယဲ့ဇယ်ရှစ်အခန်းနှင့် မတူပေ။


ယဲ့ဇယ်ရှစ် ထိုသည်တို့ကို ခဏခဏ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။


ဟယ့်ကျင်းယွင် သာမန်အတိုင်း TVကိုဖွင့်လိုက်ကာ ယဲ့ဇယ်ရှစ်ကို ပြောလိုက်သည်။

"ကိုယ့်အိမ်လိုပဲ သဘောထား... တစ်ခုခု သောက်ချင်တာများ ရှိလား..."


ယဲ့ဇယ်ရှစ် ခေါင်းခါလိုက်သည်။

"ဟယ့်လောင်ရှီးက ကျွန်တော့်ကို တစ်ခွက်တစ်ဖလားသောက်ဖို့များ ခေါ်လိုက်တာလားဟင်..."


ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။

"အဲ့ဒီလို ဖြစ်စရာလား..."


စကားပြောပြီးသောအခါ သူထပ်ရှင်းမပြတော့ဘဲ တစ်ဖက်လှည့်လိုက်ကာ ယဲ့ဇယ်ရှစ်ရှေ့တွင်ပင် မီးဖို‌ချောင်ထဲသို့ ဝင်သွားသည်။


ယဲ့ဇယ်ရှစ်လည်း စပ်စုလိုသောကြောင့် နောက်ကလိုက်သွားလိုက်သည်။


မီးဖို‌ချောင်က သမရိုးကျ တရုတ်မီးဖိုချောင်မျိုးပင်။ ဟယ့်ကျင်းယွင် အေပရွန်တစ်ထည်ကို ထုတ်ဝတ်လိုက်သည်။ စတူဒီယိုအတွင်း ယဉ်ယဉ်ကျေးကျေးရှိသည့် အမူအရာဖြင့် ဟယ့်ကျင်းယွင်နှင့်စာလျှင် ယခုပုံစံက တစ်နည်းနည်းဖြင့် သူ့ကိုပို၍ ချဉ်းကပ်ရလွယ်သည့် ပုံစံဖြစ်နေစေသည်။


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ် လိုက်လာသည်ကို သတိပြုမိသော်လည်း သူအနောက်ကို လှည့်မကြည့်ခဲ့ပေ။ သူ့အရှေ့ရှိ ဂတ်စ်မီးဖိုကို ဖွင့်လိုက်ပြီး အိုးထဲသို့ ဆီများစွာ လောင်းထည့်လိုက်သည်။ နံဘေးရှိ စဉ့်တီတုံးပေါ်တွင် လှီးချွတ်ထားပြီးသား အသီးအရွက်များ ရှိကာ သူ့လက်ထဲတွင်လည်း အဖုံးပါသည့် ဇလုံတစ်လုံးကို ကိုင်ထားသည်။ 


ယဲ့ဇယ်ရှစ် ဤသည်ကို မြင်သော်လည်း ဘာကြောင့်ဆိုသည်ကို သူနားမလည်နိုင်သေးပေ။ 


ဟယ့်ကျင်းယွင်က ငါ့ကိုညစာစားဖို့ဖိတ်တာလား...ဒီလူက ကိုယ်တိုင်ချက်မှာပေါ့လေ...


ယဲ့ဇယ်ရှစ် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားသည်။ 

"ဝိုး...တကယ် ကောင်းတဲ့ကိစ္စပဲ..."


ဟယ့်ကျင်းယွင် ပျော်ရွှင်သွားကာ အနောက်ကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းကို ကွေးကာ ပြောလိုက်သည်။

"မင်းကို ငါက လိမ်ဖူးလို့လား..."


ယဲ့ဇယ်ရှစ် ပြုံးလိုက်ကာ အနားကို အမြန်ကပ်သွားလိုက်သည်။

"ဟယ့်လောင်ရှီး ကူညီပေးရဦးမလား..."


ဟယ့်ကျင်းယွင် ခေါင်းခါပြလိုက်သည်။

"အနားမလာခဲ့နဲ့... ဆီပူမှန်မယ် သတိထား..."


ယဲ့ဇယ်ရှစ် လိမ်လိမ်မာမာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို မနှောင့်ယှက်တော့ပေ။


ဟယ့်ကျင်းယွင် ဆီအိုးကို အပူပေးထားစဉ် ဘေးနားရှိ ဇလုံ၏ အဖုံးကို ဖွင့်လိုက်သည်။


ယဲ့ဇယ်ရှစ် လည်ပင်းဆန့်ကြည့်ပြီး စပ်စုလိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ဝင်းလက်သွားသည်။ 

ငါး‌တွေပဲ...


ဟယ့်ကျင်းယွင် အရသာနှပ်ထားသည့်ငါးကို တူဖြင့်ယူလိုက်ပြီး ဆီပူထဲသို့ ထည့်လိုက်သည်။


ဆီပူပူတွင် တရှဲရှဲ မြည်သံကြားနေရသည်။ ကြက်ဥနှင့် မုန့်ညက် လူးထားသည့် ငါးလေးများမှာ တစ်ကောင်ပြီးတစ်ကောင် ဆီပူအိုးထဲ အထည့်ခံနေရသည်။ ခဏအကြာတွင် ငါးကြော်အနံ့လေးမှာ မီးဖိုချောင်ထဲတွင် ‌ဝေ့ဝဲလာသည်။


ယဲ့ဇယ်ရှစ် တံတွေးမျိုချမိလိုက်သည်။ 


ရွှေရောင်သန်းနေသည့် ငါးလေးကြော်လေးများကို အိုးထဲတွင် လုံးဝကျက်သည်အထိ ကြော်ပြီးသောအခါ ဟယ့်ကျင်းယွင် ဆယ်ယူလိုက်သည်။ 


ဘေးဖက်တွင် ပန်းကန်ကို ဆီစုပ်စက္ကူဖြင့်ခံထားသည်။ ရွှေအိုရောင်သန်းနေသော ငါးကြော်လေးများကို ထိုအပေါ်တွင် တစ်ခုပြီးတစ်ခု သပ်သပ်ရပ်ရပ် စီတင်လိုက်သည်။ 


ဟယ့်ကျင်းယွင် ဘေးဖက်ရှိ စင်ပေါ်မှ ငရုတ်ကောင်းမှုန့်ပုလင်းကို ယူလိုက်ကာ ငါးကြော်များပေါ်သို့ သမမျှတစွာ ဖြူးလိုက်သည်။ နောက်‌ဆုံးတွင် သူ ယဲ့ဇယ်ရှစ်ဘက်လှည့်လိုက်ကာ တူတစ်စုံကို ကမ်းပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။

"စားကြည့်.."


ယဲ့ဇယ်ရှစ် တူကိုအမြန်ယူကာ ငါးကြော်ကိုခပ်သွက်သွက် ကောက်ညှပ်လိုက်ပြီး နှစ်ချက်မျှ တဖူးဖူးမှုတ်ကာ စားလိုက်သည်။


"အရသာရှိတယ်..."


ငါးက ကြော်ပြီးခါစဖြစ်သောကြောင့် ပို၍ပင် ကြွပ်ရွနေသည်။ ငါး၏အချိုဓာတ်နှင့် ဆီရနံ့‌တို့၏ ပေါင်းစပ်မှုက ယဲ့ဇယ်ရှစ်၏ ပါးစပ်ထဲတွင် ချက်ချင်း ပေါက်ကွဲထွက်လာသည်။ 


ယဲ့ဇယ်ရှစ် တစ်ကိုက်ကိုက်ပြီးသည်နှင့် တူကို လက်ကမချတော့ပေ။


ဟယ့်ကျင်းယွင်၏ မျက်ဝန်းများ လက်ခနဲဖြစ်သွားကာ သူရှင်းပြလိုက်သည်။ 

"ငါက မနက်မှာဆို အချိန်မရှိတာများတယ်... တစ်ကယ်လို့ ငါးကို တစ်ရက်ကြိုပြီး ကြော်ထားလိုက်လို့ရှိရင် နောက်ရက်ကျ ကြွပ်အောင် ပြန်ကြော် ရမှာ... အဲဒါကြောင့် မင်းကို ဒီနေ့လာပြီး စားဖို့လို့ ခေါ်ခိုင်းလိုက်တာ...."


ထိုသည်ကို ကြားသောအခါ ယဲ့ဇယ်ရှစ်၏ ဖောင်းနေသောပါးတွင် အပြုံးတစ်ခုပေါ်လာပြီး ဟယ့်ကျင်းယွင်ကို လက်မထောင်ပြလိုက်သည်။

"ဟယ့်လောင်ရှီးရဲ့ ငါးလေး‌ခြောက်ကြော်က အရမ်းအရသာရှိတာပဲ..."


ဟယ့်ကျင်းယွင်၏ မျက်ဝန်းများတွင်လည်း အပြုံးများဖြင့်ပင်။ 

"ဒါဆို ရုပ်ရှင်ရိုက်ရတာ ပင်ပန်းတယ်လို့ ခံစားရသေးလား..."


ပါးစပ်ထဲတွင် ငါးကြော်ပလုပ်ပလောင်းဖြင့် ယဲ့ဇယ်ရှစ်မှာ မပင်ပန်းနိုင်တော့ပေ။


"ရုပ်ရှင်ရိုက်ရတာ ပင်ပန်းတယ်လို့ ဘယ်သူပြောခဲ့တာလဲ... ရုပ်ရှင်ရိုက်ရတာ လုံးဝ မပင်ပန်းပါဘူးနော်..."


ဟယ့်ကျင်းယွင်၏ မျက်ဝန်းထဲရှိ အပြုံးများက ပို၍လေးနက်သွားလေတော့သည်။ 


သေချာရဲ့လား...



🎶🎶🎶