Chapter 301
လန်ယွမ်ချင်းလည်းအတူတူပင်ဖြစ်သည်။ သူက ချွေးအေးများဖြိုင်ဖြိုင်ကျနေပြီးမသက်မသာခံစားနေရပုံပင်။ သို့သော် လူသုံးယောက်လုံး၏မျက်နှာကတည်ငြိမ်မှုမရှိသောကြောင့် ဘယ်သူမှသူ၏ ကြောင်တောင်တောင်အပြုအမူကို သတိမပြုမိကြပေ။
ယနေ့တွင်လန်ယွမ်ချင်းက ပုံမှန်နေ့များလိုအထက်တန်းဆန်ဆန်ပုံစံမရှိတော့ပဲ သူ့မျက်နှာကလည်း မချောမောတော့ပေ။
လွန်ခဲ့သောနှစ်အနည်းငယ်က သူသည်စီးပွားရေးခရီးဟု ပြောပြီး မြို့မှထွက်လာခဲ့သည်။ သို့သော် သူကသုံးလထောင်ချခံရတာဖြစ်ပြီး ဒဏ်ရာများဖြင့်ပြည့်နှက်နေသောခန္ဓာကိုယ်ဖြင့်ပြန်လာခဲ့သည်။ သူ့မျက်နှာကလည်း ဒဏ်ရာရထားပြီး ယခုချိန်တွင် ပို၍ပင်ရက်စက်ကြမ်းကြုတ်ပုံပေါက်လာသည်။ခြေထောက်များကလည်း ထော့နဲ့ထော့နဲ့ဖြစ်နေပြီး သူလမ်းလျှောက်သောပုံစံကတည့်တည့်မတ်မတ်မရှိတော့ပေ။ လွန်ခဲ့သောနှစ်နှစ်မှာ သူကလမ်းလျှောက်တုတ်ကိုစတင်အသုံးပြုခဲ့ပြီး အဘိုးကြီးတစ်ယောက်လိုပြုမူတော့သည်။ သူ့မျက်နှာကကြင်နာသနားတတ်သည့်ပုံမရှိသည့်အပြင် သူ့အမာရွတ်များက သူ့ကိုပို၍ပင်ကြောက်ဖို့ကောင်းအောင် လုပ်ပေးလိုက်သေးသည်။
ဝမ်အိမ်တွင် ခိုင်မာမြင့်မားစွာမရပ်တည်နိုင်ပဲ လန်ယွမ်ချင်းကလူများကျေနပ်စေရန်အပြုံးတစ်ခုကိုတပ်ဆင်ထားချိန်တွင် ဝမ်ဟွေ့ကနှစ်များတစ်လျှောက်လန်ယွမ်ချင်းအပေါ် စိတ်ပျက်မှုများပိုပိုတိုးလာခဲ့သည်။
သခင်ကြီးမကျန်းမမာဖြစ်သည်နှင့် ဒီအိမ်ရဲ့သခင်ဖြစ်ဖို့ကသူ့အလှည့်ပဲလို့သူကတွေးထင်ထားလေသည်။
ဝမ်ဟွေ့ကမိန်းကလေးပဲ သူမဘာလုပ်နိုင်မှာလဲ....
လှိုဏ်ဂူရဲ့အဆုံးမှာအလင်းရောင်လေးကိုမြင်မြင်ခြင်းပဲ ဘယ်သူထင်မှာလဲ လူအိုကြီးမသေသေးခင်အဲဒီကလေးကိုရှာတွေ့မယ်လို့လေ....
လန်ယွမ်ချင်းက စိတ်တည်ငြိမ်မှုရစေရန်သူ့လမ်းလျှောက်တုတ်ကို လက်တစ်ဖက်ဖြင့်စိတ်မသက်မသာနှင့် တတောက်တောက်အသံမြည်အောင်ထိလိုက်သည်။
ဝမ်ဟွေ့ကပြောသည်။
"သတင်းတချို့ရှိတယ် အရမ်း အရမ်းတူတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်တဲ့..."
သူမကစကားလုံးနည်းနည်းကိုတိုးတိုးလေးပြောလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
"သမီးသူမနဲ့တွေ့ဖို့အိပ်မက်မက်ဖူးတယ် အဲဒါကအမေနဲ့သမီးဆက်သွယ်မှုကြောင့်များလားပဲ.... နှစ်ပေါင်းများစွာဘာသတင်းမှမကြားခဲ့ရပေမဲ့ အခုတစ်ခုရှိလာပြီမလား သမီးအခုသွားကြည့်ပြီး သေချာတာနဲ့အဖေ့ကိုပြောပြပါ့မယ်...."
လန်ယွမ်ချင်း၏ မျက်လုံးများကကျဉ်းမြောင်းသွားပြီး သူ့နှလုံးသားထဲတွင် အလျင်အမြန်ပင်စဉ်းစားလိုက်သည်။
အခုချိန်ဝမ်ဟွေ့သာအိမ်မှာမရှိချိန် ဝမ်သခင်ကြီးလဲတစ်ခုခုဖြစ်သွားခဲ့လျှင် သခင်မကြီးကမကိုင်တွယ်နိုင်ပဲနှင့် အရာအားလုံးကိုအဆုံးအဖြတ်ပေးရမဲ့သူကသူပဲဖြစ်လာလိမ့်မည်။
အဲဒီအချိန်ကျရင် ဒီမိသားစုကသူဘာပဲပြောပြော နာခံရမှာပဲ....
နှမြောစရာပင်...သူလုံးဝဝမ်ဟွေ့ကိုသူ့ထက်ခြေတစ်လှမ်းအသာပေး၍ကျန်းရှောင်မန်ကိုရှာခွင့်မပြုနိုင်ပေ။ ထို့ကြောင့်သူကထိုအခွင့်အရေးကိုလက်လွှတ်လိုက်ရတော့သည်။
လန်ယွမ်ချင်းက အရင်ကဘာဖြစ်ခဲ့လဲဆိုတာကိုမှတ်မိပြီး သူ့ချွေးအေးများကပိုပိုထွက်လာကြတော့သည်။ သူကပြုံးပြီးပြောလိုက်သည်။
"ဒါက...ဒါကသင့်တော်တယ်လို့ကိုယ်မထင်ဘူး နှစ်တွေအများကြီး ကိုယ်တို့သတင်းတွေမကြာခဏကြားခဲ့ရတာပဲလေ....ဒါပေမဲ့နောက်ဆုံးတော့လဲဘာမှမဟုတ်ဘူး ဒီတစ်ကြိမ်လဲနားလည်မှုလွဲတာဆိုရင် မင်းသွားတာအလကားပဲပေါ့ မဟုတ်ဘူးလား...."
ဝမ်ဟွေ့ကသူ့ကိုကြည့်လိုက်ပြီး ပြန်လည်ချေပချင်သော်လည်း ဘာမှမပြောခဲ့ပေ။ အမှန်တကယ်ပင် ဒီလိုမျိုးဖြစ်တာပထမဆုံးအကြိမ်မဟုတ်သော်လည်း ဤတစ်ကြိမ်တွင်သူမ၌ ခိုင်မာသောအလိုလိုသိစိတ်ရှိနေသည်။ ဒါကအမှန်ပဲဖြစ်ရမယ်။
"ဒီလိုဆိုရင်ပိုကောင်းမယ်.... ကိုယ်အခုသွားကြည့်လိုက်မယ် အတည်ပြုပြီးတာနဲ့ ကလေးကိုပြန်ခေါ်ခဲ့မယ်လေ ဘာပဲဖြစ်ဖြစ် ကိုယ်တို့နှစ်တွေအများကြီးစောင့်ခဲ့တာပဲ ကိုယ်အလျင်မလိုပါဘူး....."
"ဒါပေမဲ့---''
"ဘာမှဒါပေမဲ့မလုပ်နဲ့....."
လန်ယွမ်ချင်းကနည်းလမ်းတကျဖြင့်ပြောလိုက်သည်။
"မမေ့နဲ့လေ အဖေကအခုအရာအားလုံးထက်မင်းကိုပိုလိုအပ်နေတာ...မင်းအဝေးရောက်နေတုန်း အဖေဒီမှာတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ မင်းနောင်တမရနိုင်ဘူးလား....."
ဝမ်သခင်မကြီးကလဲဝင်ရောက်ဖျောင်းဖြသည်။
"ယွမ်ချင်းပြောတာမှန်တယ် မလောပါနဲ့ အဲဒါကအမှန်ဟုတ်ဟုတ်မဟုတ်ဟုတ် သမီးအဖေဘေးနားမှာရှိဖို့ပိုအရေးကြီးတယ်....."
ဝမ်ဟွေ့ကမျက်နှာပျက်သွားသည်။ ခဏလောက် စဉ်းစားပြီးနောက် သူမကသူ့ကိုခရီးသွားခိုင်းလိုက်သည်။
"ဒါဆို ရှင့်ကိုပဲဒုက္ခပေးရတော့မှာပဲ..."
လန်ယွမ်ချင်းက စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်သည်။
သို့သော် ထိုအချိန်တွင်ဝမ်ဟွေ့ကရုတ်တရက်ပြောသည်။
"ရှင်အဲဒီကိုရောက်ရင် အိမ်တော်ထိန်းကိုဆက်သွယ်လိုက်ပါ သူကရှင့်ကိုခေါ်သွားပေးလိမ့်မယ်....."
"ခဏလေး ဘာပြောလိုက်တယ်...."
လန်ယွမ်ချင်းကခဏလောက်ကြောင်သွားပြီး မတုန့်ပြန်နိုင်ပေ။
သူ့ကိုအရင်ပေးသွားမယ်သူမပြောခဲ့တာမဟုတ်ဘူးလား.....
ဝမ်မိသားစုကလူတွေမရောက်ခင် သူအရင်ရှင်းလင်းထားရပေမည်။
ဝမ်ဟွေ့ကသူ့ကိုကြည့်ပြီးပြောလိုက်သည်။
"ကျွန်မ သတင်းရပြီးတာနဲ့ အိမ်တော်ထိန်းကို အရင်သွားဖို့ကျွန်မပြောလိုက်တယ်...."
အိမ်တော်ထိန်းဝမ်ကတကယ်....အဲဒီကိုကျန်းရှောင်မန်ကိုရှာဖို့ရောက်နေပြီပေါ့....
လန်ယွမ်ချင်းမျက်နှာပေါ်ရှိ အပြုံးများကအေးခဲသွားသည်။
မုတ်ဆိတ်မွေးဖြူနေသည့်အဖိုးအိုတစ်ယောက် ကျန်းမိသားစုအိမ်ထဲသို့ဝင်လာခဲ့သည်။ သူ၏မိသားစုနာမည်မှာဝမ်ဖြစ်ပြီး သူ့နာမည်မှာ အိမ်တော်ထိန်းဖြစ်သည်ဟု ပြောသည်။ အိုး မဟုတ်ဘူး... သူကဝမ်မိသားစု၏အိမ်တော်ထိန်းဖြစ်သည် ။
ပတ်ပတ်လှည်သို့လှည့်လှန်ကြည့်ပြီးနောက်တွင် လယ်ထဲတွင်ဝက်မွေးမြုနေသည့်ကျန်းရှောင်မန်ဆီသို့ရောက်သွားပြီး သူမကိုတွေ့သွားလေသည် ။
သူ၏ရှေ့တွင်ရပ်နေသည့်မိန်းကလေးသည် အရပ်ရှည်ပြီးသွယ်လျသည် မျက်နှာအမူအရာမှာလည်းဝမ်ဟွေ့နှင့်ဆင်တူလွန်းပြီး ပုံစံခွက်တစ်ခုတည်းကပြုလုပ်ထားပုံပေါ်သည်။ ဝမ်ဟွေကအိမ်တော်ထိန်းဝမ်၏စောင့်ရှောင့်မှုအောက်တွင်ကြီးပြင်းလာခဲ့ပြီး အိမ်တော်ထိန်း၀မ်ကျန်းရှောင်မန်ကိုပထမဆုံးအကြိမ်တွေ့လိုက်ချိန်တွင် သူ၏ရင်ထဲတွင်အလွန်ခိုင်မာသည့်ခံစားချက်တစ်ခုရှိသွားသည်။ ၎င်းမှာသူမသေချာပေါက်ထိုသူဖြစ်သည်ဆိုတာကိုပင်။ သူမကဝမ်မိသားစု၏နှစ်ပေါင်းများစွာပျောက်ဆုံးသွားခဲ့သည့်ကလေးဖြစ်သည်။ ၎င်းအပြင်သူမ၏မျက်နှာသည် သူမအမေနှင့်တစ်ပုံစံတည်းဖြစ်သည် ။
အကယ်၍မတူသည့်အရာတစ်ခုခုသာရှိခဲ့လျင် ၎င်းမှာသူတို့၏စိတ်နေစိတ်ထားသာဖြစ်နိုင်သည် ။
ဝမ်ဟွေကအေးစက်သူတစ်ယောက်ဖြစ်ပြီး သူမကရက်စက်သည့်စိတ်ထားနှင့် တည်ငြိမ်သည့်အလှပိုင်ရှင်မျိုးဖြစ်သည်။ ဒီမိန်းကလေးကလည်းလှပသည် သို့ပေမဲ့သူမကတသီးတခြားနေတတ်ပုံမပေါ်ဘဲ သူမကအတော်လေးနှစ်သက်ဖွယ်ကောင်းလေသည် ။
သူမတွင်ကောင်းမွန်သည့်မျက်နှာ၊ ကောင်းမွန်သည့်ပုံရိပ်နှင့် ကောင်းမွန်သည့်စိတ်နေစိတ်ထားလည်းရှိသည်။ အကယ်၍တစ်ခုခုမှားနေသည့်အချက်သာရှိမည်ဆိုလျှင် ၎င်းမှာသူမခန္ဓာကိုယ်ကိုဖုံးအုပ်နေသည့်ဖုန်များသာဖြစ်သည် ကြည့်ရတာတော့သူမယခုလေးတင်အလုပ်ကြမ်းအချို့လုပ်ထားသည့်ပုံပင်။ သူမနောက်ကျောရှိ ယခုလေးတင်တူးလာသည့် မုန်လာဥဖြူခြင်းတောင်းကို ကြည့်ခြင်းအားဖြင့် သူ၏ခန့်မှန်းချက်ကိုအတည်ပြုနိုင်လေသည်။
xxxxx
Chapter 302
ကံမကောင်းသည်မှာ ကလေးကလွယ်ကူသည့်ဘဝမျိုးကိုမရရှိခဲ့တာဖြစ်နိုင်သည်။
ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲ....
သို့သော် နှစ်ပေါင်းများစွာကြာသည်အထိပျောက်သွားပြီးတာတောင် သူမကောင်းကောင်းမွန်မွန်အသက်ရှင်နေသေးသည်။ သူအများကြီးမတောင်းဆိုနိုင်ပေမဲ့ ၎င်းကကံဆိုးခြင်းထဲမှ ကံကောင်းခြင်းတစ်မျိုးဟုယူဆထားပြီးပြီဖြစ်သည် ။
သနားစရာကောင်းလိုက်တဲ့ကလေး....
အိမ်တော်ထိန်းဝမ် သက်ပြင်းတစ်ချက်ပြင်းပြင်းချလိုက်ပြီး သူ၏ရည်ရွယ်ချက်ကိုပြောလိုက်သည်။
" ဦးပြောတာ ရိုင်းသွားလောက်တယ်... ကို့ရို့ကားယားနိုင်နေနိုင်တယ်..."
ကျန်းရှောင်မန် သူ့ကိုသူ့ကိုမျက်လုံးကျယ်ကြီးများဖြင့်ကြည့်နေသည်။ သူမမျက်နှာတွင်အမှုအရာကင်းမဲ့ပြီး သူမမည်သည့်စကားမှမပြောပေ။ အနည်းငယ်လေးလံနေသလိုခံစားရသောခြင်းတောင်း၏ ကြိုးကိုကျပ်လိုက်ပြီး ဝက်တွေကြိုက်သည့် မုန်လာဥဖြူအချို့ကိုတူးရန်သူမသွားလိုက်သည်။ ကျန်းမိသာစု ဝက်များ၏ဘဝသည်ပျော်စရာကောင်းသည်ဟုသူမတွေးလိုက်သည်။ သူမအဖွားကမုန်လာဥဖြူများကိုစိုက်ပျိုးထားပြီး သူမကတော့၎င်းတို့ကိုကိုယ်တိုင်ကိုယ်ကျဆွဲနုတ်ရသူဖြစ်သည်။ အကယ်၍သူမသာဝက်တစ်ကောင်ကဲ့သို့ နေထိုင်ရမည်ဆိုလျင် သူမနောင်တရလိမ့်မည်မဟုတ်ပေ ။
သူမပင်ပန်းနေရုံသာရှိသည် ။
သူမရှေ့ရှိ ထူးဆန်းသည့်အဖိုးအိုကဆက်၍ ပြောသည်။
" ဦးလေးဒီကိုလာဖို့အပ်နှင်းခံလိုက်ရတာ...ဦးလေးရဲ့ အလုပ်ရှင်က သမီးကိုသူ့ရဲ့နှစ်ရှည်လများပျောက်နေခဲ့တဲ့ သမီးလေးလို့ထင်နေတယ်...အကယ်၍အဆင်ပြေမယ်ဆိုလျင် သမီးကို DNAစစ်ဆေးခွင့်ပြုနိုင်မလား...."
တစ်စုံတစ်ယောက်ကို ရုတ်တရက်DNAစစ်ဆေးဖို့မေးခြင်းက ရိုင်းသည်ဆိုတာကိုအိမ်တော်ထိန်းဝမ်သိသော်လည်း သူစဥ်းစားကြည့်ပြီးနောက်တွင် အကယ်၍ထိုသို့လုပ်လျှင်အဆင်ပြေလားဟုပဲလိုရင်းကိုမေးလိုက်သည်။ သူလောကဝတ်ကိုကျော်ပြီးမေးလိုက်သော်လည်း ၎င်းကအလုပ်မဖြစ်ပေ။ မည်ကဲ့သို့နည်းနှင့်ဖြစ်ဖြစ်စစ်ဆေးမှုလုပ်ရန်သူနည်းလမ်းရှာရတော့မည်ဖြစ်သည်။ ၎င်းအပြင် သခင်ကြီးဝမ်၏အခြေအနေကလည်းအချိန်နှင့်တပြေးညီဖြစ်နေသည် ။
သူ၏ရှေ့ရှိ မိန်းကလေး၏မျက်လုံးများသည်စိတ်ဝင်စားပုံမပေါ်သည့်အပြင် သူမကသူ့ကိုမည်သည့်စကားမှမပြောပဲသူ့ကိုကြည့်နေခဲ့သည်။ သူပြောသည့်စကားကို နှလုံးသွင်းပုံလည်းမပေါ်ပေ ။
အိမ်တော်ထိန်းဝမ် ချောင်းအသာဟန့်လိုက်သည်။ သူမမည်သို့တွေးနေမည်ဆိုတာကိုမသေချာပေ။ သူမပြန်မတုံ့ပြန်တော့၍ သူဆက်၍ပြောလိုက်သည်။
" ဦးတို့မိသားစုက ကလေးပျောက်သွားတာကြာပြီ.... နောက်ပြီး သူမကိုနှစ်ပေါင်းများစွာကြာအောင်ရှာနေခဲ့တာ... သမီးရဲ့မိသားစုထဲမှာသမီးအပြင်ဘယ်သူရှိသေးလဲ..."
ကျန်းရှောင်မန်မျက်တောင်ခက်ပြီး ရုတ်တရက်ပြောလိုက်သည်။
" အဖိုး ဒီကိုဘာလို့ရောက်နေလဲသမီးသိတယ်..."
တကယ်တမ်းတွင် ထိုလူကြီးပေါ်လာပြီးကတည်းက စနစ်ကသူမ၏ဦးနှောက်ထဲတွင်ရူးသွပ်နေလေပြီ။
"ပိုင်ရှင် ပိုင်ရှင် ပစ်မှတ်ရှာတွေ့ပြီ...ကျေးဇူးပြုပြီး သွားအတည်ပြုကြည့်ပါ..."
ကျန်းရှောင်မန်ကမတုန်လှုပ်ပေ အဘယ်ကြောင့်ဆိုသော် သူမအမှတ်များကို နှစ်တွေကြာအောင်ထိစုဆောင်းမိခဲ့ပြီဖြစ်သည်။ စနစ်သူမကိုပေးကမ်းနိုင်သည့် အမှတ်အနည်းငယ်က သူမကိုအထင်ကြီးစေမည်မဟုတ်ပေ။ သူမအမှတ်အနည်းငယ်ကြောင့်ဆွဲဆောင်ခံမည်မဟုတ်သလို စနစ်လှည့်စားသည့်အရာတွေကိုလည်း လုပ်မည်မဟုတ်ပေ ။
ဟီးဟီး...သူမ အဓိကတောင်းဆိုချက်ကိုမလုပ်ချင်ပေ။
အိမ်တော်ထိန်းဝမ်အလွန်ပျော်ရွှင်သွားပြီး အရာအားလုံးကိုကိုင်တွယ်ရလွယ်ကူမည်ဟုလျို့ဝှက်စွာဖြင့်တွေးလိုက်သည် ။
သို့သော်သူမည်သည့်စကားကိုမှမပြောနိုင်ခင်တွင် ကျန်းရှောင်မန်သူမ၏အသံကိုမြင့်လိုက်သည်။
" ဘွားဘွားရေ...ဒီမှာလူလိမ်တစ်ယောက်ရောက်နေတယ်..."
" ဘ...ဘာကြီး...."
အိမ်တော်ထိန်းဝမ်တုန်လှုပ်သွားသည်။ သူမ လှည့်ပတ်ကစားနေလျင်တောင် သူရှင်းပြချင်နေသေးသည်။
" မိန်းကလေး...ငါကလူလိမ်မဟုတ်ပါဘူး... ငါက.."
သူ၏စကားမဆုံးခင်မှာပင် ကျန်းဟွေ့မိန်အခန်းထဲမှပြေးထွက်လာခဲ့သည် ။
သူမ ယခုလေးတွင်မီးဖိုချောင်ထဲ မုန်လာဥဖြူများကိုလှီးနေတာဖြစ်ပြီး သူမလက်ထဲတွင်မီးဖိုချောင်သုံးဓားကိုကိုင်ထားလျက် ထွက်လာခဲ့သည်။ သူကျယ်လောင်စွာအော်လိုက်သည်။
" သူဘယ်မှာလဲ...လူလိမ်တွေထွက်လာစမ်းပါ... ဒီနေရာကဘယ်နေလဲဆိုတာသူ မသိဘူးလား..."
ကျန်းဟွေ့မိန်ကအလွန်ထည်ဝါနေခဲ့သည် ။
အိမ်တော်ထိန်းဝမ်မကြာခဏ ဟိုဟိုဒီဒီပို့ဆောင်ခံရပြီး ကြီးမြတ်သည့်အရာများကိုလည်းတွေ့ဖူးပေမဲ့ ထိုကဲ့သို့ပုံစံမျိုးကိုတော့တစ်ခါမှမတွေ့ဖူးပေ။ အထူးသဖြင့်တောက်ပနေသည့်မီးဖိုချောင်သုံးဓားကိုမြင်လိုက်ချိန်တွင် သူ၏လည်ပင်းအနည်းငယ်တွန့်သွားခဲ့သည် ။
သူတို့နှစ်ယောက်လုံးအသက်ကြီးပြီဖြစ်ပေမဲ့ အိမ်တော်ထိန်းဝမ်တစ်ယောက်သာလူအိုကြီးနှင့်တူနေခဲ့သည် ။
" အဲ့ဒါနင်လား နင်ကလူလိမ်လား.... "
ကျန်းဟွေ့မိန် ကျန်းရှောင်မန်ကိုသူမဘက်သို့ဆွဲလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
" ရှောင်မန် လှည့်စားမခံနဲ့... အခုခေတ်လူတွေက ယုတ်မာကြတယ် စကားတစ်လုံးနဲ့တင် သမီးလှည့်စားခံသွားရနိုင်တယ်...အဲ့ဒါကမျက်လှည့်တစ်ခုလိုပဲ..."
" အမ်-ဟမ် ...."
ကျန်းရှောင်မန်အားကြိုးမာန်တတ်ခေါင်းငြိမ့်လိုက်ပြီး အိမ်တော်ထိန်း၀မ်ကိုလက်ညိုးထိုးပြလိုက်သည်။
" ဘွားဘွား..သူ့ကိုကန်ထုတ်လိုက်..."
" နေပါအုံး နေပါအုံး..."
အိမ်တော်ထိန်းဝမ်စိုးရိမ်သွားသည်။
" မိန်းကလေး ဦးလေး သမီးကိုမလိုမုန်းထားတဲ့ရည်ရွယ်ချက်မျိုးတစ်ကယ်မရှိပါဘူး ဦးလေးကလူလိမ်လည်းမဟုတ်ပါဘူး.. ဒီကိုDNAစစ်ဖို့အတွက်ပဲ ကိုလာရှာတာပါ...သမီးကိုမလိမ်ပါဘူး သမီးမိဘတွေကိုမလွမ်းဘူးလား...သမီးအိမ်ကိုမပြန်ချင်ဘူးလား..."
ကျန်းဟွေ့မိန် DNAကမည်ကဲ့သို့ဆိုတာကိုနားမလည်ပေမဲ့လည်း သူမ သူပြောသည့်စကားထဲကစာလုံးအချို့ကိုတော့နားလည်သည်၊ သူမမျက်ခုံးနှစ်ဖက် ချက်ချင်းပင်မြင့်တတ်သွားခဲ့ပြီး ငေါင်ငမ်းပြီးပြောလိုက်သည်။
" ဝါး.... ပြန်ပေးသမားတွေခုရက်ပိုင်းသောင်းကျန်းနေပြီး အိမ်တံခါးဆီတောင်တည့်တည့်လာနေကြပါလား ရဲခေါ်လိုက်ကြရအောင်..."
" ကျွန်တော်ကပြန်ပေးသမားမဟုတ်ပါဘူး...ကျွန်တော် မဟုတ်..."
ခြံထဲမှအစောင့်များသည်လစာကိုဒီတိုင်းရနေကြတာမဟုတ်ပေ။ ရုတ်ရုတ် ရုတ်ရုတ်အသံကြား၍ အကယ်၍အစောင့်မဟုတ်လျင်တောင် ကျန်းရှောင်မန်တစ်ယောက်တည်း ထိုအခြေအနေကိုထိန်းသိမ်းနိုင်ပြီး အိမ်တော်ထိန်းဝမ်လည်းကျန်းဟွေ့မိန်၏ရန်ဘက်ဖြစ်စရာတောင်လိုမည်မဟုတ်ပေ ။
xxxxxxx
Chapter 303
အားလုံးထွက်သွားသည်ကိုစောင့်ပြီးနောက်တွင် ကျန်းဟွေ့မိန်က စိတ်မသက်မသာနှင့် သူမလက်နှစ်ဖက်ကိုအေပရွန်နှင့်သုတ်လိုက်သည်။ သူမမျက်လုံးများကကျန်းရှောင်မန်ကိုရှောင် အပေါ် စုန်ချည်ဆန်ချည်ကြည့်နေခဲ့သည် ။ သူမသူခိုးတစ်ယောက်ကဲ့သို့ အပြစ်ရှိသလိုအနည်းငယ်ခံစားနေရသည် ။
ဒီကလေးကဥာဏ်ကောင်းသထက်ကောင်းလာနေပြီ... သူမဟိုလူကြီးအခုပြောသွားခဲ့တဲ့စကားတွေကို သတိထားမိနေရင်ရော......
အကယ်၍ရှောင်မန်မေးလာခဲ့လျှင် သူမမည်ကဲ့သို့ဖြေသင့်သနည်း....
ကျန်းဟွေ့မိန်စိတ်မအေးဖြစ်လာသည် ။
" ဘွားဘွားပြန်သွားပြီးနားတော့လေ...ကျန်တာတွေကိုသမီးဆက်လှီးထားလိုက်မယ်..."
ကျန်းရှောင်မန်က ထိုအကြောင်းနှင့်ပတ်သတ်ပြီးမည်သည့်စကားမှမပြောခဲ့ပေ ။
" အာ... အင်း...ကောင်းပြီလေ ...."
ယခုတစ်ကြိမ်တွင်တော့ ကျန်းဟွေ့မိန်က ကျန်းရှောင်မန်ပြောသမျှကိုနာခံသည့်ကလေးတစ်ယောက်ဖြစ်သွားခဲ့သည် ။
တစ်ချိန်တည်းမှာပင် သူမသက်ပြင်းချလိုက်သည် ။
သူမငယ်ငယ်တုန်းကလည်း တစ်စုံတစ်ယောက်ကသူတို့နံရံကိုကျော်ဝင်လာပြီး ပြန်ပေးသမားနဲ့တွေ့ခဲ့ရတယ်.... အခုသူမအတော်လေးကြီးလာပေမဲ့လည်း သူမပြန်ပေးသမားဆီကနေပြေးနေရသေးတယ်...သူမရဲ့ရှောင်မန်ဘဝကခက်ခဲပြီး ခါးသက်စရာကောင်းလိုက်တာ...
ကျန်းရှောင်မန် စနစ်၏အော်ကျယ်အော်ကျယ်ဖြင့်ငိုနေသည့်အသံကို အသီးအရွက်လှီးရင်းဖြင့်နားထောင်နေခဲ့သည်။
ရထားငယ်တစ်စင်းသည် သူမခေါင်းထဲတွင်ဝူး ဝူး ဝူးဟူသောငိုသံစည်းချက်ဖြင့် ခေါက်တုံ့ခေါက်ပြန်ခုတ်မောင်းနေခဲ့သည် ။
ဤသည်မှာစနစ်၏အကြံအစည်တစ်ခုဖြစ်သည်။ စနစ်ကမငိုနိုင်ပေ ထို့ကြောင့် ဝူး ဝူး ဝူးဟူသောငိုသံထွက်ပေါ်လာခဲ့လျင်တောင် ထိုဝူး ဝူး ဝူး အသံတွင်ခံစားချက်မပါဝင်ပေ။ ထိုသို့ပြုလုပ်ခြင်းက ကျန်းရှောင်မန်ကိုလှည့်စားရန်အတွက်မလွယ်ကူပေ ထို့ပြင် တစ်ချို့သာမန်ကာလျှံကာပြောသည့်ပုံပြင်များဖြင့်လည်း သူမကိုအရူးမလုပ်နိုင်ပေ ။
သူမကိုအရူးမလုပ်နိုင်ဘူးဆိုကတည်းက သူမနှလုံးသားကိုပျော့ပျောင်းအောင်လုပ်ဖို့ပင်ရှိတော့သည်။ စနစ်မငိုနိုင်လည်း ကိစ္စမရှိပေ ၎င်းကနည်းနည်းပိုကောင်းတဲ့စည်းချက်နှင့် နည်းနည်းပိုကောင်းတဲ့အသံဖြင့်ငိုရုံသာ။ ပိုင်ရှင်မခံမရပ်နိုင်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်လာသည့်အချိန်တွင် သူမထပ်ပြီးလျစ်လျုမရှုနိုင်တော့ပေ ။
ဤသို့နှင့် ကျန်းရှောင်မန်မီးဖိုချောင်သုံးဓားကို စဥ်းနှီတုန်းပေါ်သို့ပြစ်ချပြီး သက်ပြင်းချလိုက်သည်။
" စနစ်... အကယ်၍ဦးဦးစနစ်ဒီလိုပဲထပ်လုပ်နေမယ်ဆိုရင် သမီးဒုက္ခရောက်လိမ့်မယ်..."
စနစ်မှပြောလိုက်သည်။
" ပိုင်ရှင်...အဓိကတောင်းဆိုချက် အဲ့ဒါက..."
ကျန်းရှောင်မန်စူးရှစွာကြည့်၍ စိတ်တိုစွာဖြင့်ပြောလိုက်သည်။
" ဦးဦးအရင်ကပြောတော့ကျတော့ သမီးကိုဇာတ်ကွက်နောက်အတင်းအကြပ်မလိုက်ခိုင်းတော့ဘူးဆို...အဲ့ဒါဦးဦးအရင်ကပြောခဲ့တာပဲလေ ..."
" ဒါပေမဲ့ အဓိကတောင်းဆိုချက်က...မသွားပဲနဲ့အလွယ်တကူလွှတ်ချနိုင်တဲ့အဓိကတာဝန်မျိုးမဟုတ်ဘူးလေ...ပိုင်ရှင် ငါ့ကိုသနားပါ...ဝူး ဝူး ဝူး..."
ကျန်းရှောင်မန်လှောင်ပြောင်လိုက်သည်။
" ပိုက်ဆံပြန်ဆပ်..."
"..."
" ပိုက်ဆံပြန်ဆပ်...."
"..." စနစ်တိတ်ဆိတ်လာသည် ။
စနစ်၏အစိတ်အပိုင်းများက အရှိန်ပြင်းပြင်းဖြင့်လည်ပတ်နေပြီး ပြန်လည်တုံ့ပြန်နိုင်မည့်အချက်ကိုတွေးနေခဲ့သည် ။
အတိတ်တုန်းက အဆင့်မြင့်ရန်အတွက် စနစ်ကသူ၏ပိုင်ရှင်နှင့်ကတိပေးခဲ့သည်။ ၎င်းမှာသူမကိုအဓိကတောင်းဆိုချက်နောက်အတင်းမလိုက်ခိုင်းဘူးဟူ၍ဖြစ်သည်။ သို့သော် အဓိကတာဝန်ကထိန်းချုပ်နိုင်သည့်အရာမျိုးမဟုတ်ပေ ။
ထိုအချိန်တုန်းကတော့၎င်း၏ပိုင်ရှင်ကမေးခွန်းမထုတ်ခဲ့ပေ ။
စနစ်၏လုပ်ပိုင်ခွင့်မှာ အမြောက်စာဇာတ်ကောင်ကိုထိန်းချုပ်နိုင်စွမ်းသာရှိသည်။ ၎င်းကဇာတ်ကွက်အနည်းငယ်ကိုပြောင်းလဲနိုင်ပေမဲ့ အဓိကဇာတ်လမ်းကိုတော့မပြောင်းလဲနိုင်ပေ ။
စနစ်: [လက်ကိုင်ပုဝါကိုထုတ်၍ မျက်ရည်များကိုသုတ်ခြင်း.jpg] [လက်ကိုင်ပုဝါကိုထုတ်၍မျက်ရည်များကိုသုတ်ခြင်း.jpg] [လက်ကိုင်ပုဝါကိုထုတ်၍မျက်ရည်များကိုသုတ်ခြင်း.jpg]
ကျန်းရှောင်မန်: " လှည့်စားတာကအသုံးမဝင်ဘူး..."
စနစ်:[ လဲလျောင်းပြီး ငိုခြင်း.jpg]
ကျန်းရှောင်မန်: " သမီးရဲ့နှလုံးကသံမဏိလိုသန်မာတယ်... "
စနစ်: [ နံရံကိုမှီ၍ငိုကြွေးခြင်း.jpg]
ကျန်းရှောင်မန်: " ဒါဆိုသမီးမြင်ရအောင်ဦးဦးငိုကြည့်သင့်တယ်..."
စနစ်ခဲတောင့်သွားပြန်သည်။ ပိုင်ရှင်က ၎င်း၏ခန္ဓာကိုယ်မရှိခြင်းအပေါ်အနိုင်ကျင့်နေသည် ။
စနစ်ဒေါသဖြင့်အော်လိုက်ပြီးနောက်တွင် တစ်ခဏတိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်သူမကိုအမှန်တိုင်းပြောဖို့ဆုံးဖြတ်လိုက်သည်။
" ပိုင်ရှင် တကယ်တော့မင်းကိုအဓိကတောင်းဆိုချက်လုပ်ဖို့တွန်းအားပေးနေတာငါမဟုတ်ဘူး.... ဒါပေမဲ့ကမ္ဘာကြီးမှာလည်း ငါမထိန်းချုပ်နိုင်တဲ့အလိုဆန္ဒဆိုတာရှိတယ်လေ...အဲဒီ့ဆန္ဒတွေသာဆက်ဖြစ်နေမယ်ဆိုရင်ဘာဖြစ်လာမလဲ... ငါကမင်းကိုတွန်းအားပေးနေတာမဟုတ်ဘူး အဲ့ဒါကမ္ဘာကြီးရဲ့အလိုဆန္ဒပဲ..."
ကျန်းရှောင်မန်မီးဖိုချောင်သုံးဓားကိုမြှောက်လိုက်သည်။
" ဦးဦးဘာပြောလိုက်တာလဲ..."
" ဝူး ဝူး ဝူး... "
" ဘယ်လိုပဲဖြစ်ဖြစ် သမီးအိမ်ပြန်မှာမဟုတ်ဘူး..."
ကျန်းရှောင်မန် ဘန်းခနဲမြည်အောင်မုန်လာဥဖြူကိုနှစ်ပိုင်းပိုင်းချလိုက်သည်။ သူမငယ်ငယ်တုန်းကထိုအကြောင်းတွေးလျင်စိတ်တိုခဲ့ရဖူးသည်။
" ဘွားဘွားက ကျန်းမာရေးမကောင်းဘူး သမီးသူမကိုစောင့်ရှောက်ဖို့သူမဘေးမှာပဲနေချင်တယ်...သမီးဒီလောက်ထိကြီးမလာခင်တုန်းက သမီးမိဘတွေကသမီးကိုအဆင်ပြေလားလို့လာမေးဖူးလို့လား.... အခုသမီးကြီးလာမှ သူတို့ကလွယ်လွယ်ကူကူလာခေါ်သွားချင်တာလား...သမီးသူတို့ကိုမလိုချင်ပါဘူး သမီးဘွားဘွားကိုပဲလိုချင်တာ..."
" ဒါပေမဲ့သူတို့ကမင်းရဲ့မိဘအရင်းတွေလေ..."
" အကယ်၍သူတို့သာတစ်ကယ်သမီးရဲ့မိဘရင်းဖြစ်ပြီးသမီးကိုစိတ်ပူတယ်ဆိုရင် သူတို့ကိုယ်တိုင်ဘာလို့မလာတာလဲ...ဟမ်...သူတို့ကအခုထိတစ်စုံတစ်ယောက်ကိုဒီကိုပို့နေတုန်းပဲလေ...ဟိတ်ဟန်များလိုက်တာ အဝေးကြီးကလာတဲ့ဧည့်သည်လိုပဲအရမ်းယဥ်ကျေးတာပဲ..."
စနစ်သူမကို ဆန့်ကျင်ပြီးမပြောနိုင်တော့ပဲ သက်ပြင်းသာချနိုင်တော့သည်။
" ပိုင်ရှင် မင်းရဲ့မိဘမိသားစုကသူတို့စိတ်ကိုပြောင်းမှာမဟုတ်ဘူး...သူတို့ဒီနေ့မလာဘူးဆိုရင်တောင် မနက်ဖြန်လာလိမ့်မယ် ဒါမှမဟုတ်ရင်သဘက်ခါပေါ့ ကြိုသာပြင်ဆင်ထားတော့..."
ကျန်းရှောင်မည်သည့်စကားမှမပြောခဲ့ပေ ။
စနစ်၏စိုးရိမ်မှုကအခြေအမြစ်မရှိဘူးဟုသူမခံစားရသည် ။
xxxxxxx
Chapter 304
အကယ်၍သူမမိသားစုကသူမကိုအမှန်တစ်ကယ်လွမ်းပြီး သူမကိုအလွန်ချစ်တယ်ဆိုလျင် လျန့်ယွမ်ချင်းကသူမကိုအရင်တည်းကဘာလို့အိမ်ပြန်မခေါ်သွားခဲ့တာလဲ...
၎င်းကယုတ္တိကိုမရှိပေ ။
သူမကိုအိမ်ပြန်လာဖို့ လျန့်ယွမ်းချင်းကိုယ်တိုင်ကိုယ်ကျလာတောင်းပန်တာမဟုတ်လျင် သူမထိုအကြောင်းကိုထည့်သွင်းစဥ်းစားမည်မဟုတ်ပေ ။
ကျန်းရှောင်မန်မှပြောလိုက်သည်ဟ
" လျန်ယွမ်ချင်းဒီကိုလာပြီး ငိုယိုဒူးထောက်မတောင်းပန်မချင်း သမီးမယုံဘူး..."
စနစ်: " စောင့်ကြည့်ပါအုံး ...."
...မကြာမီပင် ကျန်းရှောင်မန် စနစ်ပြောခဲ့သည့်လောကီအလိုဆန္ဒဆိိုသည့်ကြောက်ဖို့ကောင်းသည့်အရာကိုတွေ့ရှိခဲ့သည် ။
အဘယ်ကြောင့်ဆိုသော် အိမ်တော်ထိန်းဝမ်ထွက်သွားပြီး နှစ်ရက်အကြာတွင်လျန့်ယွမ်ချင်းရောက်လာခဲ့သည် ။
လျန့်ယွမ်ချင်းအရင်ကနှင့်မတူတော့သော်လည်း ကျန်းရှောင်မန်သူမသူ့ကိုတွေ့လိုက်တာနှင့်မှတ်မိနေသေးသည် ။
ထို့ပြင်ရူးမိုက်စရာကောင်းသည့်အရာမှာ သူ သူမကိုမြင်သည့်နှင့်သူမဆီသို့ပြေးလာပြီးဖက်လေသည် ။
ကျန်းရှောင်မန် သူ၏ရည်ရွယ်ချက်ကိုသိ၍ လျင်မြန်စွာဖြင့်အနောက်ဆုတ်လိုက်သည်။ လျန့်ယွမ်ချင်း သူ၏စိတ်လှုပ်ရှားမှုကိုဖော်ပြရန်အတွက်အလျင်အမြန်ပြေးလာခဲ့၍ သူအချိန်နှင့်တပြေးညီမရပ်လိုက်နိုင်ပေ ။ သူမကိုဖက်မည့်အစား သူမြေကြီးပေါ်သို့ဘုတ်ခနဲပြုတ်ကျသွားပြီး ကျန်းရှောင်မန်အရှေ့ဒူးထောက်လျက်အဆုံးသတ်သွားခဲ့သည် ။
ကျန်းရှောင်မန်ခဏတာဆွံ့အသွားပြီး ရုတ်တရက်တစ်ခုခုကမှားနေသလိုခံစားလိုက်ရသည် ။
လျန့်ယွမ်ချင်းလည်းယာယီဆွံ့အသွားပြီး သူ၏ဒူးမှနာကျင်မှုကိုခံစားခိုက်ရသည် ။
ဖြစ်ပျက်သွားတာမြန်ဆန်လွန်းသော်လည်း ထိုသို့သေးငယ်သည့်အရာများကသူ၏သရုပ်ဆောင်မှုအပေါ်သက်ရောက်မည်မဟုတ်ပေ ။
လျန့်ယွမ်ချင်း အချိန်အတော်ကြာသူ၏မျက်ရည်အတွက်ပြင်ဆင်ထားခဲ့ပြီး သူ ကျန်းရှောင်မန်ကိုကြည့်လိုက်သည်နှင့်မျက်ရည်များစတင်စီးဆင်းလာတော့သည် ။
သူမကိုဖက်ချင်၍ သူ၏လက်များကိုဆန့်ထုတ်ကာငိုရင်းပြောလိုက်သည်။
" ကလေး...ငါ့ရဲ့သနားစရာကလေးလေး...ဖေဖေနောက်ဆုံးတော့သမီးကိုရှာတွေ့ခဲ့ပြီ...ဖေဖေသမီးအပေါ်ကိုမှားခဲ့တယ် အခုဖေဖေနဲ့ပြန်လိုက်ခဲ့ပါ ဝူး ဝူး ဝူး..."
ကျန်းရှောင်မန် "..."
ဒီကမ္ဘာကြီးရဲ့ယုတ်ညံ့တဲ့အလိုဆန္ဒကတော့...
အိမ်တော်ထိန်းဝမ် ဝမ်မိသားစုတွင်နေထိုင်ခဲ့သည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ သူသည်လက်ဟောင်းတစ်ဦးဖြစ်ပြီး ဝမ်မိသားစု၏ယုံကြည်ရသူတစ်ဦးလည်းဖြစ်သည်။ သူ့ကိုဝမ်မိသားစု၏နှလုံးသားဟုတောင်ခေါ်ဆိုနိုင်သည်။ ဝမ်မိသားစု၏ကိစ္စအတော်များများကိုဆောင်ရွက်ပေးရပြီး သူ၏နှလုံးသားသည်လည်းဝမ်မိသားစုနှင့်အတူတူရှိနေခဲ့သည် ။
လျန့်ယွမ်ချင်းက အိမ်တော်ထိန်းဝမ်အပေါ်အနိုင်ယူဖို့နှစ်ပေါင်းများစွာ မကြိုးခဲ့သည်မဟုတ်သော်လည်း သူတစ်ခါမှမအောင်မြင်ခဲ့ပေ။ လျန့်ယွမ်ချင်းတဖြည်းဖြည့်လက်လျှော့လိုက်ရသည် ။
ယခုတစ်ခေါက်တွင်လည်း အိမ်တော်ထိန်းဝမ်ထံတွင်လက်ဦးမှုဆုံးရှုံးခံလိုက်ရသည်ကို လျန့်ယွမ်ချင်းသိ၍ သူလုပ်နိုင်သည်တစ်ခုမှာဖုံးကွယ်ရန်ကြိုးစားပြီး ကလေးကိုသူ့ဘက်သို့ရောက်အောင်စွယ်ရန်သာဖြစ်သည်။ ထိုမှသာ သူမကသူ့ကိုဆိုးကျိုးသက်ရောက်မည့်အရာများ မလုပ်နိုင်မှာဖြစ်သည် ။
ထိုအချိန်တုန်းက သူ သူမကိုပုဂ္ဂိုလ်ရေးအရပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ပေ။ ထို့အပြင် သူမထိုအချိန်တုန်းကငယ်သေး၍ သူမ မမှတ်မိတာလည်းဖြစ်နိုင်သည် ။
၎င်းကအနည်းငယ်ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ပေ။ ယောကျာ်းတစ်ယောက်သည် မည်သည့်အချိန်တွင်ကိုင်းညွှတ်ရပြီး မည်သည့်အချိန်တွင်ဖြောင့်မတ်ရမည်ကိုသိသည်။ အတိတ်ကဖြစ်ရပ်များကိုသူမ ပြန်မပြောသေးသ၍ မည်သူကမှမည်ကဲ့သို့ဖြစ်ပျက်ခဲ့သည်ကိုမသိနိုင်ပေ၊ ထို့ပြင်သူလည်းအတိတ်ကိုဖုံးကွယ်နိုင်မည့်နည်းကိုရှာတွေ့နိုင်မည်ဖြစ်သည် ။
လျန့်ယွမ်ချင်း မျက်နှာပေါ်မှမျက်ရည်များစီးကျလာပြီး စိတ်ပျက်စရာကောင်းအောင်ငိုနေခဲ့သည်။
" သမီးအကြောင်းမတွေးတဲ့နေ့ဆိုတာမရှိပါဘူး ကလေးရယ်...ဒီကိုလာပါအုံး ဖေဖေဖက်ပါရစေ..."
ကျန်းရှောင်မန်သူမခေါင်းကိုခါလိုက်ပြီး တစ်ချိန်တည်းမှာပင်ခေါင်းကိုက်လာသည် ။
စနစ်မှပြောလိုက်သည်
" ပိုင်ရှင်...ဆန္ဒအလျောက်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ အဆုံးသတ်မှာတော့တစ်ပုံစံတည်းဖြစ်မှာပဲ...ဒီကိစ္စမှာဘာလို့စိတ်အနှောင့်အယှက်ဖြစ်ခံနေမှာလဲ...?"
" ပါးစပ်ပိတ်ထား..."
ကျန်းရှောင်မန်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည် ။
ကျန်းရှောင်မန် သူ့ကိုပြောသည်ဟုလျန့်ယွမ်ချင်းထင်သွားခဲ့သည်။ လျန့်ယွမ်ချင်းမျက်နှာနီရဲသွားကာ သူ၏မျက်ရည်များကိုသုတ်လိုက်သည်။ သူချစ်လှစွာသောသမီးကိုပျောက်ဆုံးသွားခဲ့ပြီးမှပြန်ရှာတွေ့ခဲ့သည့် အဖေအိုတစ်ယောက်လိုပြုမှုရန်ကြိုးစားနေခဲ့သည် ။
သို့သော် သူထိုသို့သရုပ်မဆောင်လျင်တောင် သူ၏စိုးရိမ်ကြောင့်ကြမှုများကြောင့်လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မအိပ်နိုင်ခဲ့သဖြင့် သူ၏ချောင်ကျနေသောမျက်နှာနှင့်ပင်သူ့ကိုဝမ်းနည်းနေသည့်ပုံပေါက်စေခဲ့သည်။ သူ့ကိုကြည့်ရသည်မှာ အလွန့် အလွန်ကိုဝမ်းနည်းနေပုံပင် ။
" ရှောင်မန်...သမီး အဖေ့ကိုအတိတ်ကဖြစ်ရပ်အတွက်အပြစ်တင်နေတယ်ဆိုတာသိပါတယ် ဒါပေမဲ့အဲဒီ့အချိန်တုန်းကမတော်တဆဖြစ်ခဲ့တာပါ...သမီးကငယ်သေးပြီး လူကြီးတွေမကြာခဏကြုံတွေ့ရတတ်တဲ့ခက်ခဲတဲ့ကိစ္စတွေအကြောင်းကို သမီးမသိပါဘူး..."
လျန့်ယွမ်ချင်း မှဆက်ပြောသည်။
" အကယ်၍ သမီးသာအဖေ့သမီးဆိုတာကိုသိခဲ့ရင် အဖေဘယ်လိုလုပ်သမီးကိုအဲဒီ့လိုဆက်ဆံခဲ့မှာလဲ...ဖေဖေသိခဲ့ဖို့ကမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား... အဲ့ဒါကအထင်လွဲနေခဲ့တာပါ ဖေဖေကသမီးကိုနာကျင်အောင်လုပ်ခဲ့တဲ့ဦးလေးကို ပြင်းပြင်းထန်ထန်အပြစ်ပေးပြီးပါပြီ..."
" အနာဂတ်မှာသမီးအတွက်အဖေကြိုးစားပါ့မယ်...အဖေနဲ့လိုက်ခဲ့ပါ အိမ်မှာလုပ်ရမယ့်အရာတွေအများကြီးရှိနေသေးတယ် သမီးကိုသွားတဲ့လမ်းမှာတဖြေးဖြေးချင်းပြောပြသွားမယ်..."
လျန့်ယွမ်ချင်း၏ယခုလက်ရှိမျက်နှာကိုကြည့်ကောင်းသည်လို့ မဖော်ပြနိုင်ပေ။ သူ၏မျက်နှာပေါ်ရှိအမာရွတ်ကထူးဆန်းပြီး ကြမ်းကြုတ်သည့်ခံစားချက်မျိုးကိုရစေပြီး သူ၏အမှုအရာသည် ခိုးကြောင်ခိုးဝှက်နိုင်သည့်မျက်လုံးများနှင့်လျို့ဝှက်သည့်ရွယ်ချက်များကြောင့် သူခိုးတစ်ယောက်နှင့်ပင်တူနေသည်။
စနစ်မှပြောလိုက်သည်။
" ပိုင်ရှင် သူမင်းကိုလှည့်စားနေတာပဲဖြစ်ရမယ်..."
၎င်းကမပြောလျင်တောင်သိနိုင်သည် ။
ကျန်းရှောင်မန်မှပြန်ဖြေသည်။
" အရင်ပြန်လိုက်ပါ သမီးအဖွားနဲ့ဦးလေးနဲ့တိုင်ပင်ကြည့်လိုက်အုံးမယ် ..."
လျန့်ယွမ်ချင်းကအလွန်ဥာဏ်များသည်။ သူ ကျန်းဟွေ့မိန်နှင့်ကျန်းရှင်းမရှိခင်အချိန်တွင်လာဖို့ရွေးချယ်ထားခဲ့ချင်းဖြစ်သည်။ ထိုသို့မဟုတ်လျင်သူအထဲသို့ဝင်ခွင့်ရမည်မဟုတ်ပေ။ ကျန်းရှောင်မန်သူတို့နှင့်အရင်တိုင်ပင်ဦးမည်ဟုပြောသည်ကိုကြားလိုက်၍ သူချက်ချင်းပင်စိုးရိမ်လာတော့သည် ။
" ဒါက...ဆွေးနွေးဖို့လိုသေးလို့လား... သမီးအဘိုးးကအခုအပြင်းဖျားနေတာလေ ပြီးတော့သူကသမီးအိမ်ပြန်လာပြီးပြန်ပေါင်းစည်းဖို့ကိုစောင့်နေတာ...ဒီလိုဆိုရင်ရော သမီးအရင်အဖေနဲ့လိုက်ခဲ့လေ ပြီးရင်အဖေ သမီးအဖွားနဲ့ဦးလေးသိအောင်တစ်ယောက်ယောက်ကိုလွှတ်ပြီးပြောခိုင်းလိုက်မယ်...အဖေသူတို့ကိုပိုက်ဆံအချို့ထားခဲ့ပေးလိုက်မယ် သူတို့သမီးကိုကြင်ကြင်နာနာပျိုးထောင်ပေးခဲ့တဲ့အတွက်ပိုက်ဆံအများကြီးပြန်ပေးခဲ့မယ်လေ...ဒီလိုဆိုရင် လူတိုင်း__"
xxxxxxx
Chapter 305
လူတိုင်းပျော်ရွှင်မှာ မဟုတ်တာလား....
ကျန်ရှိနေတဲ့စကားလုံးကမည်သည့်အခါမှအဆုံးသတ်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော်ကျန်းရှောင်မန်၏မျက်လုံများအေးစက်လာသည်ကို လျန့်ယွမ်ချင်းသတိထားမိသည်။ လျန့်ယွမ်ချင်းရှက်ရွံစွာဖြင့်ရပ်တန့်လိုက်ပြီး သူ၏နှလုံးသည်ဒရမ်ကဲ့သို့တီးခတ်နေခဲ့သည် ။
" ရပါတယ် ရပါတယ် သမီးအရင်ဆွေးနွေးလိုက်ပါ...အကယ်၍တစ်ခုခုဆိုရင် အဖေ့ကိုပြောပါ အဖေသမီးကိုကူညီပေးမယ်..."
လျန့်ယွမ်ချင်းအလေးအနက်ဖြင့်ပြောလိုက်သည်။
" အဖေ့ကိုအဲဒီ့လိုမကြည့်ပါနဲ့ ဘာပဲဖြစ်နေပါစေ အဖေကသမီးအဖေဖြစ်နေတုန်းပဲလေ အဖေသမီးကိုဆိုးဆိုးရွားရွားမဆက်ဆံပါဘူး..."
ကျန်းရှောင်မန်ပြန်မဖြေတော့ဘဲ သူ့ကိုသာသွားခွင့်ပြုလိုက်သည် ။
" ပိုင်ရှင် မင်းဘာလုပ်ဖို့ကြံနေတာလဲ..."
" ဦးဦးပြောတာမှန်တယ် အဆုံးသတ်ကတူတူပဲဆိုမှတော့ ဘာလို့စိတ်အနှောင့်အယှက်ဖြစ်ခံနေတော့မှာလဲ... သမီးအဲဒီ့အကြောင်းကိုတွေးပြီးပြီ သမီးမလွှတ်မြောက်နိုင်တော့ဘူးဆိုမှတော့ သမီးကိုယ်တိုင်အစပြုလိုက်တာပဲပိုကောင်းပါတယ်..."
" မင်း...မင်းတကယ်သွားမလို့လား..."
" အင်း..."
" ဒါပေမဲ့... ဒါပေမဲ့မင်းပဲမသွားချင်ဘူးလို့ပြောတာမလား..."
စနစ်များများပြောလေ ယုံကြည်ချက်နည်းလာလေဖြစ်ပြီး ၎င်း၏အသံမှာတိုးလာလေသည် ။
" သမီးအရင်ဘွားဘွားနဲ့ဆွေးနွေးလိုက်အုံးမယ်..."
သူမအမြဲ သူမအဘွားစကားကိုနားထောင်လေသည် ။
ထိုနေ့ညတွင် ကျန်းရှောင်မန်နှင့်ကျန်းဟွေ့မိန်စကားပြောခဲ့ကြသည်။ အဖွားကသေချာပေါက်ဒေါသထွက်လိမ့်မည် ဒါမှမဟုတ်အနည်းဆုံးတော့အထိတ်တလန့်ဖြစ်သွားမည်ဟု ကျန်းရှောင်မန်တွေးထားခဲ့သည်။ မမျှော်လင့်စွာဖြင့် အဖွားဆီမှမည်သည့်တုံ့ပြန်မှုကိုမှမရခဲ့ချေ ။
ကျန်းဟွေ့မိန်အချိန်အတော်ကြာ မည်သည့်စကားမှမပြောပဲတိတ်ဆိတ်နေခဲ့ပြီးနောက်တွင် ကျန်းရှင်းကိုဖုန်းခေါ်လိုက်သည် ။
" ရှင်းရှင်း အိမ်မှာအခြေအနေတစ်ခုရှိနေတယ် ပြန်လာခဲ့ချေ..."
ကျန်းဟွေ့မိန် ထိုကဲ့သို့တည်ကြည်လေးနက်သည့်အသံဖြင့်စကားမပြောသည်မှာကြာပြီဖြစ်ပြီး တစ်ခုခုကမှားနေမှန်းလည်း ကျန်းရှင်းခံစားမိသည်။ သူချက်ချင်းပင် သူ၏လက်ထဲရှိအလုပ်ကိစ္စများကိုဖယ်ထားလိုက်ပြီး အိမ်သို့အပြေးအလွှားပြန်သွားခဲ့သည် ။
လမ်းတွင် ကျန်းဟွေ့မိန် ကျန်းရှင်းအားကိစ္စအဝဝကိုပြောကြားထားပြီးပြီဖြစ်သည် ။
" ရှောင်မန်ရဲ့အဖေအရင်းကငါတို့အိမ်ကိုလာသွားတယ်.... ငါဒီမတိုင်ခင်ကမျက်လုံးတွေလှုပ်နေပြီး စိတ်မသက်မသာဖြစ်နေခဲ့တာ...ဒီနေ့ကဒီလောက်ထိမြန်မြန်ဆန်ဆန်ရောက်လာမယ်လို့ငါမတွေးခဲ့ဖူးဘူး..."
ကျန်းရှင်းလည်းတိတ်ဆိတ်သွားခဲ့ပြီး တစ်ခဏလောက်မည်သို့ပြောရမှန်းမသိအောင်ဖြစ်သွားခဲ့သည် ။
ထိုသို့တိတ်ဆိတ်နေခြင်းမှာ ကျန်းဟွေ့မိန်မှနေ၍ ကျန်းရှောင်မန်၏အဖေရင်းမှာလျန့်ယွမ်ချင်းဟုမပြောမချင်းသာဖြစ်ပြီး ထို့နောက်တွင်ကျန်းရှင်းပေါက်ကွဲသွားခဲ့သည် ။
" အဲဒီ့ခွေးကောင်ကတော့..."
ကျန်းရှင်း သူ၏ကျန်ရှိနေသည့်စကားများကိုအသုံးမဝင်တော့သကဲ့သို့မျိုသိပ်လိုက်ပြီး အချိန်အတန်ကြာသည်အထိမည်သည့်စကားကိုမှမပြောခဲ့ပေ ။
ဒီလိုခွေးကောင်ကဘယ်လိုလုပ် ရှောင်မန်ရဲ့အဖေရင်းဖြစ်နိုင်မှာလဲ....
လယ်ကနေညာပဲကြည့်ကြည့် အလျားလိုက်ဒါမှမဟုတ်ဒေါင်လိုက်ပဲကြည့်ကြည့် ဘယ်လိုပဲကြည့်ကြည့် သူတို့ကဆက်စပ်တဲ့ပုံမပေါ်ပါဘူး.... လျန့်ယွမ်ချင်းကရက်စက်ပြီး ဥာဏ်နီဥာဏ်နက်များနေပေမဲ့ ရှောင်မန်ကတော့ချစ်ဖို့ကောင်းပြီး သွက်လက်ဖျတ်လတ်လွန်းနေတယ် ဒါ ဒါက...
ကျန်းရှင်းသက်ပြင်းချလိုက်သည်။
" ဒါကအသီးကောင်းထွက်တဲ့ အပင်သေလိုပေါ့...အရာအားလုံးကကံစီမံရာပဲပေါ့..."
" အမေ အထိန်တလန့်မဖြစ်ပါနဲ့...သား အိမ်ပြန်လာတာကိုစောင့်ပြီး ရှောင်မန်ဘာပြောမလဲကြည့်ရအောင်...ဒီကလေးမှာအမြဲအကြံအစည်ကြီးတွေရှိပြီးသားလေ...သားပြန်ရောက်တဲ့အချိန်ဆိုရင် သူ့စိတ်ထဲမှာအစီအစဥ်တောင်ရှိနေပြီးလောက်ပြီ..."
ကျန်းဟွေ့မိန်စိတ်လွှတ်သွားခဲ့သည်။ ကလေးတွင်အကြံအစည်ကြီးရှိနေတာကိုက အတိအကျပင်သူမကြောက်နေသည့်အရာပင်ဖြစ်သည် ။
အကယ်၍... အကယ်၍ရှောင်မန်ကပြန်ချင်တယ်လို့ပြောလာခဲ့လျင် သူမကျန်းရှောင်မန်ကိုရပ်တန့်နိုင်လိမ့်မည်မဟုတ်ပေ။ သူမကိုရပ်တန့်စေနိုင်မည့်အရာမရှိပေ မည်သို့သောကလေးကသူတို့မိဘတွေကိုမချစ်ပဲနေလိမ့်မည်နည်း။
ကျန်းဟွေ့မိန် ပြင်းထန်စွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျန်းရှင်းပြန်အလာကိုစောင့်နေခဲ့သည် ။
တစ်မိသားစုလုံးကိုအေးစက်နေသည့်လေထုကဖုံးလွှမ်းနေခဲ့ပြီး အချိန်အတော်ကြာသည်အထိမည်သူကမှစကားမပြောခဲ့ပေ ။
ကျန်းရှောင်မန် ကျန်းရှင်း၏ကားအသံကိုကြား၍ သူ့ကိုကြိုရန်အတွက်တံခါးဆီသို့အပြေးအလွှားသွားလိုက်သည်ဟ
" ဦးဦး..."
" ဟေ့... "
ကျန်းရှင်းသူမ၏ခေါင်းကိုထိကာ သူမကအရပ်ရှည်လာပြီး မိန်းမလေးတစ်ယောက်ဖြစ်နေပြီဆိုတာကိုအံအားသင့်ရုံသာတတ်နိုင်တော့သည် ။
ကျန်းရှင်းခဏတာအတွင်း အလွန်ဝမ်းနည်းသွားခဲ့သည် ။
ယခုတွင်သူမကိုသူ မချီနိုင်တော့ဘဲ သူမကသာသူ့ကိုချီနိုင်လိမ့်မည်ဖြစ်သည် ။
ကျန်းရှင်းမှပြောလိုက်သည်။
" အထဲဝင်ပြီး စကားပြောရအောင်... "
ကျန်းရှောင်မန် ရိုသေစွာဖြင့်သူနှင့်အတူအခန်းထဲသို့လိုက်လာခဲ့ပြီး သုံးယောက်သားမျက်နှာချင်းဆိုထိုင်လိုက်ကြသည်။
ကျန်းရှင်းက စပြောသည်။
" ရှောင်မန် သမီးရဲ့နောက်ခံက... အဘွားနဲ့ဦးကသမီးကိုရည်ရွယ်ချက်ရှိရှိနဲ့လိမ်ခဲ့တာမဟုတ်ပါဘူး ...ဒီတိုင်းကိစ္စလေးတွေအနည်းငယ်ရှုပ်ထွေးသွားပြီး သမီးကိုဘယ်လိုပြောပြရမလဲဦးဦးမသိတော့လို့ပါ အဲဒီ့အချိန်တုန်းက သမီးအမေ...ဦးလေးရဲလညီမကမင်းကိုပြန်ခေါ်လာပြီး သူကဘာကိုမှမပြောခဲ့ဘူးလေ... အဲ့လိုဆိုရင်တောင်မှဦးတို့ကသမီးမိဘတွေကိုရှာချင်ပါသေးတယ် ဦးတို့ဘယ်နားရှာရမှန်းလဲမသိဘူးလေ ဒါ့အပြင်အဲဒီ့အချိန်တုန်းကဦးတို့ဘဝအခြေအနေက သူတို့ကိုရှာခွင့်တောင်မပေးခဲ့ဘူးလေ..."
ကျန်းရှင်းသူတို့အရင်ကနေထိုင်ခဲ့ရသည့်အခက်အခဲများကို မမေ့ခဲ့ပေ။ ထိုအချိန်တုန်းကသူသည် ကမောက်ကမဖြစ်နေခဲ့ပြီး ကောင်းကင်ဘုံနှင့်မြေကြီး၏ကြီးကြယ်မှုကိုမသိရှိသောပရမ်းပတာနတ်ဆိုးကဲ့သို့ဖြစ်နေခဲ့သည်။ မိသားစု၏စားဝတ်နေရေးကို ကျန်းဟွေ့မိန် ကျောင်းစားသောက်ဆိုင်တွင်အလုပ်လုပ်ပြီးရလာသည့်မလောက်မငှလုပ်ခလစာဖြင့်အထောက်အကူပြုခဲ့ရသည် ။
ထိုအချိန်တုန်းက ပိုက်ဆံဖြုန်းပြီးကျန်းရှောင်မန်၏မိဘများကို အားစိုက်ထုတ်၍ရှာဖို့နေနေသာသာ အသက်ရှင်ရန်အတွက်ကပင်ပို၍ပြဿနာဖြစ်နေခဲ့သည် ။
၎င်းကဆင်ခြေတစ်ခုဖြစ်နေနိုင်ပေမဲ့လည်း သူအနည်းငယ်အပြစ်ရှိနေသလိုခံစားနေရသေးသည် ။
ကျန်းရှင်းမှဆက်ပြောသည်။
" သမီးဘယ်လိုပဲတွေးတွေး ဦးဦးစိတ်ထဲမထားပါဘူး အကယ်၍သမီးပြန်ချင်တယ်ဆိုရင်လည်း ပြန်ပါ...အဖွားနဲ့ဦးကသမီးကိုအပြစ်မတင်ပါဘူး ဒါ့အပြင်သူတို့ကသမီးရဲ့မိဘတွေလေ နောက်ပြီးဒါကချိုးဖျက်မရတဲ့ဆက်ဆံရေးမျိုးလေ...အကယ်၍သမီးမပြန်ချင်ဘူးဆိုရင်လည်း သမီးရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုလည်းဦးကထောက်ပံ့ပေးသွားမှာပါ..."
တစ်ခဏကြာပြီးနောက်တွင် ကျန်းဟွေ့မိန်ငိုတော့မည့်ပုံကိုမြင်လိုက်ရသည်။
ကျန်းရှင်းတိုးတိုးလေးပြောလိုက်သည်။
" ဦးဦးအမြင်မှာတော့ သမီးအဖေကလူကောင်းတစ်ယောက်မဟုတ်လောက်ဘူး...အကယ်၍သမီးပြန်ရင်တောင် သမီးကောင်းမွန်တဲ့ဘဝကိုရမှာမဟုတ်ဘူး အကယ်၍သမီးသာဦးဦးကိုမေးမယ်ဆိုရင်တော့ သမီးမပြန်တာကပိုကောင်းလိမ့်မယ်..."
xxxxxxx