အပိုင်း ၃၀၆-၃၁၀
Viewers 14k

Chapter 306


ကျန်းရှောင်မန်တစ်ခဏတွေးလိုက်ပြီးနောက်တွင် ခေါင်းငြိမ့်လိုက်သည်။

 " ဒါဆိုသမီးမပြန်တော့ဘူး... "


" အယ်... "


ကျန်းဟွေ့မိန်ဆွံ့အသွားခဲ့ပြီး ကျန်းရှင်းလည်းဆွံ့အသွားခဲ့သည်။ စနစ်ကပိုလို့တောင်ဆွံ့အသွားခဲ့သည် ။


ပိုင်ရှင် မင်းအရင်ကအဲဒီ့လိုမပြောခဲ့တာအသိသာကြီးပါ ...


ကျန်းရှောင်မန်ပြောလိုက်သည်။

 " သမီးဘာလုပ်ရမလဲဆိုတာကို ဦးဦးတို့နဲ့ဆွေးနွေးချင်ရုံပါ သမီးလည်းသမီးအဖေကိုမကြိုက်ပါဘူး..."


" ဒါဆို ဒါဆို..."

 ကျန်းဟွေ့မိန်မည်ကဲ့သို့ပြောရမည်ဆိုတာကိုမသိတော့ပေ။ ထို့ကြောင့်သူမတိတ်တိတ်လေးနောက်သို့လှည့်၍ မျက်ရည်များကိုသာသုတ်နိုင်တော့သည် ။


ကျန်းရှင်းအလွန်သက်သာရာရသွားပြီး 

သိပ်မကြာခင်မှာပင်သူ ကျန်းရှောင်မန်နောင်ဘဝအထိရှင်သန်နိုင်ရန်အတွက်လုံလောက်သည့်ငွေကိုလွဲပေးမည်ဟုပြောလေသည်။ ထိုမှသာသူမအား သူမဦးလေး မထောက်ပံ့တော့မည်ကိုစိုးရိမ်စရာမလိုတော့မည်ဖြစ်သည် ။


ကျန်းရှောင်မန်အလွန်တုန်လှုပ်သွားခဲ့သည် သို့ပေမဲ့ထိုအကြောင်းကိုတွေးကြည့်ပြီးနောက်တွင် သူမအခြေခံအားဖြင့် သူမဦးလေးအရင်ကပေးခဲ့သည့်ပိုက်ဆံများကိုပင်မသုံးရသေး၍ သူမ မလိုချင်တော့ပေ ။


ညနေပိုင်းတွင် ကျန်းဟွေ့မိန်ငြိမ်ကျသွားပြီး အရာအားလုံးကိုရှင်းရှင်းလင်းလင်းလုပ်လေသည် ။


သူမကျန်းရှင်းကိုရှာပြီးပြောလေသည်။

 " ကလေးကစဥ်းစားတတ်တာတော့ကောင်းပါတယ်... ဒါပေမဲ့လူတစ်ယောက်အနေနဲ့တော့ငါတို့မတရားလုပ်တာမကောင်းဘူးလေ ဘာပဲဖြစ်နေပါစေ သူမကတစ်စုံတစ်ယောက်ရဲ့သမီးဖြစ်နေတုန်းပဲလေ...သူမအိမ်ပြန်တာကလည်းပြဿနာတစ်ခုပဲဆိုပေမဲ့ သူမအနည်းဆုံးတော့သူတို့ကိုမျက်နှာချင်းဆိုင်သွားတွေ့သင့်တယ်...ငါကြားတာတော့သူ့အဖိုးကအပြင်းဖျားနေပြီး အချိန်အခါမရွေးသေသွားနိုင်တယ်တဲ့ နောက်ပြီးသူတစ်ကယ်ကိုသူမကိုတွေ့ချင်နေတာတဲ့ သူမကိုတစ်ကြိမ်ပြန်ခွင့်ပေးပြီး လူတိုင်းနဲ့တွေ့ပြီးအရာအားလုံးကိုရှင်းလင်းအောင်လုပ်ပြီးရင်ပြန်လာလို့ရတာပဲလေ..."


ကျန်းရှင်းတုံ့ဆိုင်းမနေတော့ဘဲ ခေါင်းငြိမ့်ကာသဘောတူလိုက်သည်။

 " ပြီးရောလေ... "


အစီအစဥ် အဆုံးသတ်သွားခဲ့သည် ။


မိသားစုသုံးယောက် ကျန်းရှောင်မန်၏မိသားစုကိုတွေ့ရန်အတွက် မြို့Bသို့အတူသွားခဲ့ကြသည် ။


ကျန်းရှောင်မန် ၎င်းကိုကန့်ကွက်မှုမရှိပဲ သဘောတူစွာဖြင့်ခေါင်းငြိမ့်လိုက်သည် ။


သို့သော်မထွက်ခွာခင်အချိန်တွင် မဖြေရှင်းရသေးသည့်အရာတစ်ခုရှိနေသေးသည် ၎င်းမှာသူမ၏အဖိုးတန်သောဝက်ကလေးဖြစ်သည် ။


ကျန်းရှောင်မန် ကိစ္စများကိုလျင်မြန်စွာဖြေရှင်းချင်ပြီး မွှေးတုံလေးကိုလည်းအသွားအပြန်ခရီးအတွက်ဒုက္ခပေးမည်မဟုတ်ပေ ။


မွှေးတုံလေးမှာအကျင့်စာရိတ္တကောင်းမွန်သည့်ကလေးဖြစ်သည် ။


ထို့ကြောင့်ရှောင်မန် မွှေးတုံလေးကိုချီ၍ယွီချင်းရှီကိုသွားရှာခဲ့သည်။

 " ငါတို့မိသားစုကအဝေးကိုသွားမှာ ငါတို့ဆယ်ရက်ဒါမှမဟုတ်အဲဒီ့ထက်လည်းကြာနိုင်တယ် ဒီတော့ငါမွှေးတုံလေးကိုနင့်ဆီအပ်ခဲ့မယ်... သူကအကျင့်ကောင်းပါတယ် မဆိုးပါဘူး အစားလည်းမခိုးသလို ပစ္စည်းတွေကိုလည်းမဖျက်စီးပါဘူး သူ့ကိုကောင်းကောင်းဂရုစိုက်ပေးပါ..."


ယွီချင်းရှီမည်သို့လုပ်နိုင်မည်နည်း။သူသာဘောတူရုံသာရှိပြီး မွှေးတုံလေးကိုယူ၍ပွေ့ထားလိုက်သည် ။


အဓိက ကိစ္စမှာမွှေးတုံလေးမဟုတ်ပေ သို့ပေမဲ့...


ယွီချင်းရှီမျက်ခုံးပင့်ပြီးသူမကိုကြည့်လိုက်ကာ ထုံထိုင်းစွာဖြင့်ပြောလေသည်။

" ငါနဲ့အတူကမ်းခြေကိုသွားဖို့ကြတော့နင့်မှာအချိန်မရှိဘူး အခုနင်တို့မိသားစုသုံးယောက်သားအဝေးကိုသွားကြမယ်ပေါ့...ဆယ်ရက်ဒါမှမဟုတ်အဲဒီ့ထက်ကျော်တောင်ပြန်မလာရအောင်နင်ဘယ်ကိုသွားမလို့လဲ..."


သူမခြံထဲသို့နောက်ဆုံးအကြိမ်သွားတုန်းက သူနားလည်ပေးနိုင်သည်။ သူမအဖွားနောက်သို့ပြန်လည်သက်သာရန်လိုက်ခဲ့ပြီး သူလည်းကျန်းရှောင်မန်တို့ဆီသွားလည်နိုင်ခဲ့သည် သို့ပေမဲ့ဒီတစ်ကြိမ်တွင်တော့ ကျန်းရှင်းတောင်အတူလိုက်သွားနိုင်ပေမဲ့ သူကတော့မသွားနိုင်ခဲ့ပေ ။


သူအမှန်တစ်ကယ်ကို မခံချိမခံသာဖြစ်ခဲ့သည် ။


"...ငါကစားဖို့အတွက်အဝေးကိုသွားတာမဟုတ်ပါဘူး အရေးကြီးအလုက်ကိစ္စအတွက်ပါ..."


" နင် ငါ့ကိုခေါ်သွားလို့မရဘူးလား..." သူ၏အသံမှာပို၍တောင် မကျေမနပ်ဖြစ်နေခဲ့သည် ။


ကျန်းရှောင်မန် သက်ပြင်းချလိုက်သည်။ ယွီချင်းရှီ၏ မျက်နှာသည်အမှုအရာကင်းမဲ့နေပေမဲ့ တကယ်တမ်းတွင်သူကသူ၏ပါးနှစ်ဖက်ကိုပွတ်နေခဲ့တာဖြစ်ပြီး သူမ သူ့ပါးကိုမပုတ်ပဲမနေနိုင်တော့ဘဲ နှစ်သိမ့်စကားဆိုလေသည်။

 " အဲ့ဒါကနည်းနည်းရှုပ်ထွေးတယ် ငါအဲ့ဒါကိုဖြေရှင်းပြီးသွားရင် နင်နဲ့အတူငါပြန်လာတဲ့အချိန်ကျရင်ကမ်းခြေသွားကြမယ်လေ..."


ဒါက ကတိလား...


ယွီချင်းရှီခေါင်းငြိမ့်လိုက်သည်။

" အင်း..."


ကျန်းရှောင်မန်ထိုသို့ပြောသည်ဆိုကတည်းက သူမပြောသည့်စကားကိုတော့သူမအသေအချာလုပ်လိမ့်မည်ဖြစ်သည် ။


ယွီချင်းရှီဝက်များကိုမွေးမြူရင်းနေမည့်ရက်ကိုစတင်လိုက်ပြီး ကျန်းရှောင်မန်ပြန်အလာကိုစောင့်နေခဲ့သည် ။


သို့ပေမဲ့ မမျှော်လင့်ထားသည်မှာ ကျန်းရှောင်မန်မည်သည့်အခါကမှပြန်မလာခဲ့ပေ ။


...လူလိမ်!


" ဒါကသက်သေခံတဲ့ရလဒ်ပါ..." 

အိမ်တော်ထိန်းဝမ် သူအခုလေးတင်ရလာခဲ့သည့် DNAအထောက်အထားစာရွက်ကို လျန့်ယွမ်ချင်းသို့ပေးလိုက်သည် ။


ဝမ်ဟွေ၏ဆံပင်နှင့်သူစုဆောင်းခဲ့သည့် ကျန်းရှောင်မန်၏ဆံပင်ကိုစစ်ဆေးခဲ့သည် ။


ဖြစ်နိုင်ချေနှုန်းမှာ ၉၉.၉၉၉ ရာခိုင်နှုန်းဖြစ်ပြီး သူတို့ချက်ချင်းပင်မိသားစုဝင်ဖြစ်လာခဲ့သည် ။


ကျန်းရှောင်မန်က ဝမ်မိသားစု၏ပျောက်ဆုံးသွားခဲ့သည့်သမီးဖြစ်သည် ။


အိမ်တော်ထိန်းဝမ် ခက်ခက်ခဲခဲဘဝကိုနေထိုင်ခဲ့ရသည့်မိန်းမငယ်လေးအကြောင်းကိုတွေးလိုက်မိ၍ ရင်ထဲတွင် သက်ပြင်းချရုံသာတတ်နိုင်ပြီး သူ၏မျက်လုံးများမှာမျက်ရည်များဖြင့်မှုန်ဝါးသွားခဲ့ရသည် ။


လျန့်ယွမ်ချင်း အချိန်အတော်ကြာအောက်သို့ကြည့်နေခဲ့ပြီး အပြုံးတစ်ခုဖန်တီးလိုက်သည်။

 " အင်း...ဒါကကောင်းတာပဲ..ဒါပေါ့ ဒါပေါ့..."


သူ၏နှဖူးကိုကိုင်လိုက်သည်။

 " ကျွန်တော်ကလေးကိုပြောပြီးပါပြီ ကျွန်တော်သူမကိုမြင်လိုက်တဲ့အချိန်မှာတည်းကသူမနဲ့အရမ်းနီးစပ်တယ်လို့ခံစားမိတယ် အိမ်တော်ထိန်းဝမ်က ဝမ်ဟွေ့ကိုအရင်သတင်းသွားပြောပြလိုက်ပါ ကျွန်တော်က ကလေးနဲ့စကားပြောပြီးသူ့ကိုပြန်ခေါ်လာခဲ့လိုက်မယ်..."


သူမအဖေဒီမှာရှိနေပြီဆိုကတည်းက အိမ်တော်ထိန်းကကျန်သည့်အရာများကိုစိတ်ပူစရာမလိုတော့ပေ။ သူထိုအကြောင်းကိုတွေးကြည့်လိုက်ပြီး ထူးဆန်းသည့်အရာကိုမတွေ့ပေ ထို့ကြောင့်အိမ်တော်ထိန်းဝမ်မှပြောသည်။

 " ဒါ​ဆို ကျွန်တော်အရင်သွားနှင့်မယ်... "


အိမ်တော်ထိန်းဝမ်ထွက်သွားပြီးနောက်တွင် လျန့်ယွမ်ချင်းလှောင်ရယ်လိုက်သည်


xxxxxxx


Chapyer 307


ထိုကျိန်စာသင့်နေရာကတစ်ခုခုမှားနေသည်ဆိုတာ အသေအချာဖြစ်သည်။ သူထိုနေရာကိုပြန်လာသည့်အချိန်တိုင်း မကောင်းသည့်အရာတစ်ခုခုဖြစ်ပျက်နေကြဖြစ်သည် ။


ပထမအကြိမ်ကလည်းထိုကဲ့သို့ဖြစ်သည်။ ဒုတိယအကြိမ်မှာလည်းထိုကဲ့သို့ပဲဖြစ်ပြီး တတိယအကြိမ်တွင်လည်းထိုကဲ့သို့ပြန်ဖြစ်နေသည် ။


သို့ပေမဲ့၎င်းကကိစ္စမရှိပေ။ သူလဲကျသည့်နေရာတွင်ပြန်ရပ်နိုင်ပြီး သူ၏လက်ထဲတွင်ရှိနေသည့်ကတ်နှင့်ဆိုလျင် သူနိုင်နိုင်မည့် အခွင့်အရေးကြီးရှိနေသေးသည် ။


ကျန်းရှောင်မန်မည်သို့ပင် တော်ပါစေသူမက ကလေးပဲရှိသေးသည်။ သူမကိုမြို့Bသို့ခေါ်သွားသရွေ့ သူမမှီခိုနိုင်မည့်သူမရှိသည့်ထူးဆန်းသည့်ပတ်ဝန်းကျင်တွင် သူမကိုယ်သူမရှာတွေ့နိုင်သည် ထိုအချိန်တွင်တော့ လျန့်ယွမ်ချင်းလုပ်ချင်တာမှန်သမျှလုပ်နိုင်ပြီး သူမလည်းရိုသေရုံမှအပမရှိတော့ပေ ။


လျန့်ယွမ်ချင်းငြိမ်ကျသွားပြီး ကျန်းရှောင်မန်ကိုခေါ်လေသည်။ သူမကိုတစ်ခဏကြာခေါ်ပြီးနောက်တွင် သူ မကျော်ဖြတ်နိုင်ဘူးဆိုတာကိုသူသိလိုက်ရသည် ။


ဒီမှာဘာဖြစ်နေတာလဲ? သူမ သူပြောထားတဲ့စကားကိုပြန်ရုတ်သိမ်းပြီး သူ့ကိုဘလော့ထားတာလား...


လျန့်ယွမ်ချင်း အခန်းထဲတွင်မရပ်မနားပတ်လျှောက်နေခဲ့သည် ။


သူအချိန်အနည်းငယ်ကြာအောင်စောင့်ရန်ဆုံးဖြတ်လိုက်ပြီးအကယ်၍ သူမဆီမှအသံကိုမကြားရဘူးဆိုလျင် သူကျန်းမိသားစုထံကိုယ်တိုင်သွား၍စစ်ဆေးမည်ဖြစ်သည်။ ကျန်းမိသားစုက ကျန်းရှောင်မန်ကိုဖွက်ထားတာလည်းဖြစ်နိုင်သည် ။


သူတုံ့ဆိုင်းနေစဥ်တွင် ကျန်းရှောင်မန်ကိုအရင်ပြန်ခေါ်လာခဲ့သည် ။


လျန့်ယွမ်ချင်း စိုးရိမ်တကြီးပြောလေသည်။

 " ကလေး အခုလေးတင်ဖုန်းခေါ်တာကိုဘာလို့မကိုင်တာလဲ သမီးကအဖေ့ကိုစိတ်ပူအောင်လုပ်နေတာပဲ..."


"...." 

မူရာမာယာများလိုက်တာ...


ကျန်းရှောင်မန် ဖုန်းမျက်နှာပြင်ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ကိုစကားပြောရန်စိတ်မပါစွာဖြင့်ပြောလိုက်သည်။

 " အဲ့ဒါကအခုလေးတင် လေယာဥ်စနစ် မဟုတ်လို့လေ..."


"...ဘ-ဘာကြီး...."


" လေယာဥ်ပေါ်မှာဖုန်းပြောနိုင်​မယ့်နည်းမရှိဘူးလေ..."


လျန့်ယွမ်ချင်း၏မျက်လုံးများမှာနက်မှောင်သွားပြီး အဖြစ်အပျက်များပြောင်းလဲသွားမှုကြောင့် ဇဝေဇဂါဖြစ်သွားသည်။

 " သမီးဘယ်ကိုသွားနေတာလဲ အဖေ့ကိုဘာဖြင်လို့ကြိုမပြောတာလဲ သမီးမြို့Bကိုသွားပြီး သမီးအမေနဲ့တွေ့မယ်လို့ ကတိမပေးခဲ့ဘူးလား..."


သေလိုက်ပါတော့..


ကျန်းရှောင်မန်ခေါင်းငြိမ့်လိုက်သည်။

 " အင်း... အဲဒါကြောင့် သမီးတို့အခုအဲဒီ့ကိုသွားနေတာလေ..."


"...ဘ-ဘာ " 

လန့်ယွမ်ချင်းမူးလဲမတတ်ဖြစ်သွားခဲ့သည် ။


သူ အိမ်တော်ထိန်းဝမ်ကိုဂရုစိုက်နိုင်ပြီး အရှုပ်အထွေးကိုဖြေရှာင်းနိုင်ခဲ့ပြီလို့ထင်ခဲ့သည်။ မမျှော်လင့်ထားသည်မှာ သူ အိမ်တော်ထိန်းဝမ်ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ ကျန်းရှောင်မန်ကတော့ အလွန်ချော်ထွက်နေပြီး သူစီစဥ်သမျှကိုလည်းနားမထောင်ခဲ့ပေ ။


" သမီးကမြို့Bကိုသွားမယ်ပဲပြောတာလေ ဒါပေမဲ့သမီး ဦးဦးနဲ့အတူတူသွားမယ်လို့မပြောခဲ့ပါဘူး..." 

သူမအသံမှာအလွန်ယုံကြည်ချက်ရှိပြီး အပြစ်ကင်းစင်နေသည် ။


လျန့်ယွမ်ချင်း သူ၏နှလုံးတွင်နာကျင်မှုကိုခံစားလိုက်ရပြီး သူမူးဝေသွားခဲ့သည် ။


သူ၏ရင်ဘတ်ကိုကိုင်ကာ အံကြိတ်ပြီးမေးလိုက်သည်။

 " အိမ်တော်ထိန်းဝမ်က သမီးကိုတိတ်တိတ်ဆိတ်ဆိတ်ခေါ်သွားတာလား..."


ထွီး.... အဲဒီ့လူယုတ်မာကတော့....

လျန့်ယွမ်ချင်း ဒေါသထွက်လွန်း၍ သူ၏နှာခေါင်းပင်ကွေးကောင်သွားခဲ့သည် ။


ကျန်းရှောင်မန်မှပြန်ဖြေလိုက်သည်။

" မဟုတ်ပါဘူး "


ဒါဆိုလည်း ဒါကအဆင်ပြေပါသေးတယ် ရန်သူကိုအနိုင်ရနိုင်မယ့်အကန့်ရှိပါ​သေးတယ်.... 


လျန့်ယွမ်ချင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး သူစကားပြောတော့မည့်အချိန်တွင်ကျန်းရှောင်မန်ဆက်ပြောလာခဲ့သည်။

 " သမီးအဘွားနဲ့ဦးဦးနဲ့အတူသွားနေတာ... "


လျန့်ယွမ်ချင်း " !!! "


လျန့်ယွမ်ချင်း ကြောင်အသွားခဲ့သည် ။


ဒုက္ခပေးသည့်အိမ်တော်ထိန်းဝမ်ထွက်သွားသည့်အချိန်တွင် ပို၍ခက်ခဲသည့်လူနှစ်ယောက် ရောက်လာပြန်သည် ။


မမျှော်လင့်ထားစွာဖြင့် ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းက ကျန်းရှောင်မန်နှင့်အတူမြို့Bသို့သွားခဲ့ကြသည်။ အကယ်၍ ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းသာ ဝမ်ဟွေနှင့်တွေ့သွားခဲ့လျင် သူတို့ကပြဿနာမရှိပဲအရင်ငိုကြလိမ့်မည်ဖြစ်သည် ထိုကဲ့သို့သာဆိုလျင် သူ့တွင်စကားပြောနိုင်သည့်အခွင့်အရေးရှိပါအုံးမလား။


အရွယ်ရောက်ပြီးသူများသည်ကလေးများထက်ပိုယုတ်မာပြီး ပိုအကျိုးသင့်အကြောင်းသင့်မရှိပေ ။


လျန့်ယွမ်ချင်း အမှန်တစ်ကယ်ထိတ်လန့်သွားပြီး ဖုန်းကိုပြင်းပြင်းထန်ထန်ချလိုက်သည်၊ ထို့နောက် ချက်ချင်းပင်လေယာဥ်ကိုကြိုတင်စာရင်းသွင်း၍ ပြန်သွားခဲ့သည် ။


ကျန်းရှောင်မန် ဝမ်မိသားစုအိမ်သို့မပြန်ခင်တွင် သူ သူတို့ကိုတားမှဖြစ်သည် ။


ကျန်းရှင်းအရာရာကိုကြိုတင်စီစဥ်ထားခဲ့ပြီး မိသားဟုသုံးယောက်နေနိုင်မည့်ယာယီအခန်းကိုလည်းပြင်ဆင်ထားခဲ့သည်။ လေယာဥ်ကွင်းမှထွက်ခွာလာပြီးနောက်တွင် သူအငှားကားကိုခေါ်၍ ဟိုတယ်ဆီသို့တန်းသွားခဲ့ကြသည် ။


ကျန်းဟွေ့မိန်အရင်ကာ အိမ်နဲ့အဝေးကြီးသို့တစ်ခုမှမသွားခဲ့ဖူးပေ။ သူမလေယာဥ်ပေါ်မှဆင်းလာပြီးနောက်တွင် သူမလေယာဥ်မူးလာခဲ့သည်။ သူတို့အငှားကားတွင်းသို့ရောက်သည့်အချိန်တွင် သူမမျက်နှာကဖျော့တော့နေခဲ့သည် ။


ကျန်းရှောင်မန် သူမကိုစိတ်ငြိမ်အောင်လုပ်ပေးပြီး နှစ်သိမ့်ပေးလိုက်သည် ။


ယာဥ်မောင်းမှာ ကြင်နာပုံရသည့် အသက်အလတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။ မိသားစုသုံးယောက်ကိုမြင်၍ သူစတင်စကားစမြည်ပြောလေသည် ။


ယာဥ်မောင်း: " အစောကြီးလား? "


 ကျန်းရှင်းလန့်သွားခဲ့သည် သူနားမလည်သဖြင့်မအြတ်မသားဖြင့်ပြန်ဖြေခဲ့သည်။

" အာ...ဟုတ် "


ယာဥ်မောင်းမှပြောလိုက်သည်။

 " အခုနောက်ပိုင်း ကလေးတွေကိုပျိုးထောင်ရတာအရမ်းခက်ခဲတယ် ငါတို့အရာရာကိုစိုးရိမ်နေရတယ်...အထက်တန်းဝင်ခွင့်စာမေးပွဲကလည်းပြီးသွားပြီ ပြီးတော့အခုသူတို့အထက်တန်းကိုဝင်ရတော့ ငါတို့လည်းသူတို့ရဲ့သင်ခန်းစာတွေကိုလိုက်ကြပ်မတ်ပေးရတယ်လေ အဲ့ဒါကလည်းညှင်းပန်းနှိပ်စက်မှုတစ်ခုပဲ..."


" အား...သူတို့ရဲ့စာတွေကိုလိုက်ကြပ်မတ်ပေးရတယ်...စာတွေကိုလိုက်ကြတ်​မတ်ပေးရတယ်..." 

ကျန်းရှင်းတွေဝေစွာဖြင့် ဖြေနေသေးသည် ။


မည်သို့ပင်ဖြစ်ဖြစ် နားလည်မှုလွဲနေခြင်းဖြစ်သည်။ အကယ်၍သူတို့သာ သူတို့ဘာလုပ်ဖို့လာတယ်ဆိုတာလူတွေကိုပြောပြလိုက်လျင် သူတို့၏ဇာတ်လမ်းကရူးကြောင်ကြောင်နိုင်သည်ဟု လူတွေကပြောကြလိမ့်မည်။


ယာဥ်မောင်းမှဆက်ပြောသည်။

 " ဒါဆိုမင်းမြန်မြန်လုပ်မှရမယ် တစ်ရက်လာတာနောက်ကျတယ်နဲ့ ကျောင်းနားကအိမ်တွေအားလုံးငှားပြီးသွားလိမ့်မယ်...မင်းကအချိန်မှန်ရောက်လာတာပဲ ကြိုးစားပါ မင်းအနော်အသင့်ကောင်းမွန်တဲ့အိမ်ကိုငှားနိုင်ပါသေးတယ် အိမ်ငှားခကမကြာခင်တတ်လာမှာသေချာတယ်..."


ကျန်းရှင်းပြန်ဖြေခဲ့သည် ။

" အထက်တန်းကျောင်းခရိုင်အိမ်တွေအတွက် အပြိုင်အဆိုင်ဖြစ်ရအောင်ကိုကောင်းတာလား...?"


" မဟုတ်ဘူးလား....လူတိုင်းကကျောင်းကောင်းကိုသွားချင်ကြတာပဲလေ...သူတို့ခေါင်းတွေမပေါက်ထွက်မချင်းလူတိုင်းကကြိတ်ကြိတ်တိုးနေကြတာလေ ဒီ့အပြင် ကျီမင်းကိုဝင်တာက ထိပ်တန်းတက္ကသိုလ်ထဲခြေတစ်ဖက်ခြတာနဲ့ညီတူညီမျှပဲလေ ငါ့ရဲ့ရှေ့နှစ်တွေကအတွေ့အကြုံ​အရဆိုရင် ဒီနှစ်ပြိုင်ပွဲကပိုပြင်းထန်လိမ့်မယ်... "


xxxxxxx


Chapter 308


ယာဉ်မောင်းကထိုအကြောင်းကိုမရပ်မနားပြောလာခဲ့သည် ။


" ဒီနှစ်ချင်းပေကို ဝင်ခွင့်တင်တဲ့သူတွေမရေတွက်နိုင်အောင်ရှိတယ် ထိပ်တန်းတက္ကသိုလ်တွေကို လက်ခံထားသူတွေကပိုလို့တောင်များလွန်းတယ်...အဆိုးဆုံးသူတွေတောင်ပထမတန်းတက္ကသိုလ်တွေကိုဝင်ခွင့်ရကြတယ်...ဒီတော့လူတွေကဘာလို့သူတို့ခေါင်းတွေပေါက်ကွဲတဲ့အထိမတိုးကြိတ်ပဲနေမှာလည်း..."


ကျန်းရှင်းထိတ်လန့်သွားခဲ့သည်။

 " ၁၀၀ရာခိုင်နှုန်းတက္ကသိုလ်ဝင်ခွင့်ရကြတာလား.... လက်ခံမှုနှုန်းက၁၀၀ရာခိုင်နှုန်းဆိုတာရောဖြစ်နိုင်ရဲ့လား....'


" ဟဟ...၁၀၀ရာခိုင်နှုန်းလို့တော့ငါမပြောရဲပါဘူး ဒါပေမဲ့အနည်းဆုံးတော့သေချာပေါက်၉၈ရာခိုင်နှုန်းပဲ..."


ယခုလေးတင်သေလုနီးပါးဖြစ်နေသည့် ကျန်းဟွေ့မိန်ထိုအကြောင်းကိုကြားလိုက်၍ သူမမျက်လုံးများချင်ချင်းပင်ပြူးကျယ်လာခဲ့ပြီး သူမကျန်းရှင်း၏လက်မောင်းကိုဆွဲ၍မေးလေသည်။

 " ဒီလောက်တောင်အံ့သြစရာကောင်းတာလား... "


အကယ်၍ထိုလောက်ကောင်းသည့်ကျောင်းဆိုလျင် ရှောင်မန်လည်းသွားသင့်သည် ။


အကယ်၍သူမသွားရမည်ဆိုလျင် အကောင်းဆုံးနေရာကိုပဲသွားသင့်သည် ။


ကျန်းရှောင်မန် ကျန်းဟွေ့မိန်၏ကျောကိုပုတ်လိုက်သည်။

 " ဘွားဘွား... အဲဒီ့အကြောင်းကိုမစိုးရိမ်ပါနဲ့ အရင်ဆုံးနားလိုက်ပါ..."


ကျန်းရှင်းလည်းခေါင်းငြိမ့်လိုက်ပြီး ကျန်းဟွေ့မိန်ကိုမစိုးရိမ်ဖို့ပြောလေသည် ။


ဟိုတယ်သို့ရောက်သည့်အချိန်တွင် ကျန်းဟွေ့မိန် ကျီမင်းဟုခေါ်သည့်အထက်တန်းကျောင်း အကြောင်းကိုစ​ပြောလေသည် သူတို့မိသားစု၏ရှောင်မန်လည်းတတ်သင့်သည်ဟုတွေးလိုက်သည် ။


၎င်းကသူမရင်ထဲတွင်အထုံးအဖွဲ့ဖြစ်နေခဲ့သည်။


အတိတ်တုန်းက သူမကလေးတွေကိုအကောင်းဆုံးလုပ်ပေးနိုင်သည့်အရည်အချင်းမရှိဘူးဟုသူမအမြဲတွေးခဲ့သည်။ ယခုသူမတွင်အရည်ချင်းရှိနေပြီဖြစ်၍ သူမ သူတို့ကိုအရာအားလုံးပေးချင်သည်။ သူမကျီမင်းအကြောင်းမသိခဲ့လျှင်အဆင်ပြေပေမဲ့ ယခုသူမသိပြီဖြစ်၍ သူမရှောင်မန်ကိုထိုနေရာသို့သွားစေချင်သည် ။


သူမဆက်ပြီးပုတ်ခတ်ပြောဆိုလေသည်။

 " အချစ်ကလေး ရှောင်မန် ...အကယ်၍သမီးမိဘတွေကကောင်းတယ်ဆိုရင် သမီးဒီကအထက်တန်းကျောင်းကိုအခုဘာလို့မသွားနိုင်ရမှာလဲ ပြီးတော့သမီးပြီးသွားရင်ပြန်လာလို့ရတာပဲလေ..."


ကျန်းရှောင်မန် သွားကြိမ်းလာသည်။ အကယ်၍သူမမိဘများသာကောင်းလျင် အဆင်ပြေမည်ဖြစ်သည် ။


သို့ပေမဲ့သူမ အဖွားကိုမစိုးရိမ်စေချင်သောကြောင့် သူမခေါင်းငြိမ့်ပြီးပြန်ဖြေလိုက်သည်။

 " အဲဒီလိုဆိုရင်တော့ကောင်းတာပေါ့...ဘွားဘွာား အရင်ဆုံးနားလိုက်ပါ နှုတ်ခမ်းတွေဖြူနေပြီ..."


" ပြီးရောလေ ကောင်းကောင်းနားရမယ်..မနက်ဖြန်ကျရင် အဖွားသမီးနဲ့အတူသမီးအိမ်ကိုသွားပြီး သမီးမိဘတွေကိုမေးရမယ်..."


ကျန်းဟွေ့မိန်စိတ်အားထက်သန်မှုအပြည့်ရှိပေမဲ့ သူမခရီးတော့မသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမအိပ်ပြီးနောက်တွင် သူမပြန်ဖျားလာပြီးမျက်လုံးတောင်မဖွင့်နိုင်တော့ပေ ။


သူမအသက်အရွယ်နဲ့ဆိုလျင် ဟိုဘက်ဒီဘက်တောင်မလှည့်နိုင်တော့ပေ။ သူမခန္ဓာကိုယ်ကကြံ့ခိုင်လျှင်တောင် သူမကအသက်ကြီးနေပြီဖြစ်သည် ။


 ကျန်းရှောင်မန်စိုးရိမ်ကြောင့်ကြမှုကြောင့် သူမမျက်လုံးများပင်နီလာခဲ့သည်။ ကျန်းရှင်းနှင့်တိုင်ပင်ပြီးနောက်တွင် ကျန်းရှင်းကကျန်းဟွေ့မိန်ကိုစောင့်ရှောက်ရန်နေခဲ့ပြီး သူမကတော့ဝမ်မိသားစုအိမ်သို့တစ်ချက်သွားကြည့်ခဲ့သည် ။


အကယ်၍တစ်ခုခုမှားသွားလျင် သူမဆေးရုံသို့ပြေးသွားနိုင်မည်ဖြစ်သည် ။


အစကတော့ ကျန်းရှင်း ကျန်းရှောင်မန်၏အစီအစဥ်ကိုသဘောမတူခဲ့ပေ ။


ကျန်းရှင်း၏အမြင်အရဆိုလျင် လူကြီးတွေ၏ကိစ္စကိုလူကြီးတွေကသာဖြေရှင်းရမည်။ ရှောင်မန်မည်မျှဥာဏ်ကောင်းပြီး တော်နေပါစေ သူမက ကလေးပဲရှိသေးသည်။ သူမထိုကဲ့သို့ရှုပ်ထွေးသည့်အရာများနှင့်မည်သို့အဆက်အဆံလုပ်နိုင်မည်နည်း? သူမမိဘတွေသာကောင်းသည်ဆိုလျင်အဆင်​ပြေပေမယ့် အကယ်၍သူတို့သာဆိုးလျင် သူမမည်ကဲ့သို့... ကလေးတစ်ယောက်က...ထိုကဲ့သို့မြေခွေးတွေ ကျားတွေနဲ့အဆက်အဆံလုပ်နိုင်မည်နည်း ။


ဒီဟာကမကောင်းဘူး ဟိုဟာကမကောင်းဘူးဟု ကျန်းရှင်းကပြောခဲ့သည်။ အတိုချုံးပြောရလျင် မည်သည့်အရာကမှ မကောင်းဘူးဖြစ်သည် ။


ထို့နောက်တွင် ကျန်းရှောင်မန်တိတ်ဆိတ်စွာဖြင့် အုတ်ခဲတစ်လုံးကိုသူမလွယ်အိတ်ထဲသို့ထည့်လိုက်ပြီးမေးလေသည်။

 " အခုရပြီလား..."


ကျန်းရှင်းထိတ်လန့်သွားခဲ့ပြီး သူမခေါင်းကိုပုတ်လိုက်သည်။

 " တစ်ခုခုဖြစ်ရင် ၁၁၀ ကိုဖုန်းခေါ်လိုက်ချေ..."


" အ-ဟမျ .."

ကျန်းရှောင်မန်တတ်ကြွစွာဖြင့်ခေါင်းငြိမ့်လိုက်သည် ။


ထိုသို့ဖြစ်၍ ကျန်းရှောင်မန်ဝမ်မိသားစုအိမ်သို့တစ်ယောက်တည်းသွားခဲ့သည် ။


အိမ်တော်ထိန်းဝမ်ပြန်လာသည့်အချိန်တွင် ဝမ်ဟွေကအိမ်​တော်ထိန်းဝမ်ကိုစောင့်နေခဲ့ပြီး သူမမျက်လုံးထဲတွင်မျက်ရည်များဖြင့်ချက်ချင်းမေးလိုက်သည်။

 " ကလေးကရော သူမဘယ်မှာလဲ...."


အိမ်တော်ထိန်းဝမ်ခေါင်းငုံ့လိုက်သည်။

 " သခင်လေးကသူ ကလေးကိုပြန်ခေါ်လာခဲ့မယ်လို့ပြောတယ် သူက ကလေးကိုမွေးစားထားတဲ့မိသားစုနဲ့ဆွေးနွေးနေတာလေ ကြည့်ရတာတော့ဒုက္ခများမယ့်ပုံပဲ..."


ထိုလောက ကျင့်ဝတ်များကိုလိုအပ်ကြောင်းသိ၍ ဝမ်ဟွေခေါင်းငြိမ့်လိုက်သည်။ သူမအခြားမည်သည့်အရာကိုမှမပြောတော့ဘဲ မေးလိုက်သည်။

" ကလေးကကောင်းကောင်းရောရှိနေရဲ့လား..."


" ကလေးကကောင်းကောင်းမွန်မွန်ပါပဲ သူကမင်းနဲ့တူတယ် အရမ်းချစ်ဖို့ကောင်းပြီး ခွန်အားလည်းပြည့်ဝနေရော ဒီတိုင်း..." 

အိမ်တော်ထိန်းဝမ်ရပ်သွားပြီး ဆက်ပြောလေသည်။

 " သူတို့တံခါးကိုဝင်ဝင်ချင်းမှာပဲ ကန်ထုတ်ခံလိုက်ရတယ် သူမကိုမွေးစားထားတဲ့မိသားစုနဲ့တောင်စကားမပြောခဲ့ရဘူး...အဆင်းကိုကြည့်ရင်လည်း သူတို့ရဲ့အမူအရာက ကြမ်းကြုတ်မယ့်ပုံပဲ...ပြီးတော့ရိုသေစရာကောင်းတဲ့မိသားစုပုံလည်းမပေါ်ဘူး ပြီးတော့... "


" ပြီးတော့ ဘာဖြစ်လဲ..." 

ဝမ်ဟွေမျက်ခုံးကျုံ့ရုံမှလွဲ၍ မတတ်နိုင်တော့ပေ ။


" ပြီးတော့ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ကလေးကမုန်လာဥဖြူတွေကိုဆွဲနှုတ်နေတာ..."


" ဆွဲနှုတ်တယ်...မုန်လာဥဖြူတွေကိုဆွဲနှုတ်နေတယ်..."


" အင်း သူမမုန်လာဥဖြူတစ်ခြင်းကို ဆွဲနှုတ်နေပြီး သူ့ကိုယ်မှာလည်းရွှံတွေကြီးပဲ ကျွန်တော်သူမကိုမြင်တဲ့အချိန်မှာ သူမကခြံထဲမှာဝက်ကျောင်းနေတာ..."


သူမခက်ခဲသည့်ဘဝကိုရခဲ့တာဖြစ်မည် သို့ပေမဲ့ထိုအကြောင်းကိုတေည့အိမ်တော်ထိန်းဝမ်အတိအလင်းမပြောခဲ့ပေ ။


xxxxxccx


Chapter 309


ဝမ်ဟွေဆွံ့အသွားပြီး သူမခေါင်းထဲတွင်အတွေးအပြည့်ဖြစ်သွားခဲ့သည်။ သူမမျက်ရည်များကျလာခဲ့ပြီး အပြစ်ရှိသလိုခံစားရပြီး စိတ်သောကရောက်သွားခဲ့သည်။ သူမသက်ပြင်းချလိုက်သည်။

 " ထားလိုက်ပါတော့ ရပါတယ် ရပါတယ် သူမအဆင်ပြေနေသေးသရွေ့တော့ ရပါတယ်...သူမကိုပြန်ရတာနဲ့တင်အတော်လေးလုံလောက်နေပါပြီ ကျန်တာတွေကအရေးမကြီးပါဘူး..."


သူမငိုလို့ပြီးသွား၍ သူမသမီးကိုတွေ့ချင်နေခဲ့သည် ထို့ကြောင့်သူမလျန့်ယွမ်ချင်းကိုခေါ်လိုက်သည် ။


" နင်ဘယ်အချိန်အတိအကျပြန်လာမှာလဲ... "


" ကလေးဘယ်မှာလဲ သူမကိုငါနဲ့စကားပေးပြောလိုက်ပါ..."


" ဘာ..."

 ဝမ်ဟွေသူမ၏အသံကိုမြင့်လိုက်ပြီး ရှုံ့မဲ့စွာဖြင့်ပြောလိုက်သည်။

 " အိမ်တော်ထိန်းဝမ်ပြောတယ် နင်ကသူ့ကိုအရင်ပြန်ခိုင်းလိုက်တာဆို ဒါပေမဲ့နင်ကသူမကိုပျောက်သွားခဲ့တယ် ငါ့ကလေးဘယ်မှာလဲ ငါနင့်ကိုပြောပါရစေ အကယ်၍သူမသာပျောက်သွားခဲ့ရင် ဒါရဲ့အဆုံးသတ်ကိုတောင်နင်မြင်ရမှာမဟုတ်တော့ဘူး..."


လျန့်ယွမ်ချင်း၏ပါးစပ်ထဲတွင််ခါးသီးမှုအပြည့်ဖြစ်နေခဲ့သည်။ သူကကျန်းရှောင်မန်မိသားစုမည်သည့်နေရာသို့သွားလဲဆိုသည်ကိုဝမ်ဟွေထက်တောင်ပို၍သိချင်နေခဲ့သည် ။


" ဝမ်ဟွေ အရမ်းစိတ်မထိခိုက်မနေပါနဲ့... " 

လျန့်ယွမ်ချင်းသူ၏မျက်လုံးကိုမှေးလိုက်ပြီး ပြောလေသည်။

 " ငါလည်းအဲဒီ့လိုမဖြစ်စေချင်ပါဘူး ဒါပေမဲ့အဲဒီ့မိသားစုကဘာတစ်ခွန်းမှမပြောပဲ သူမကိုအဝေးကိုခေါ်သွားတာလေ... သူတို့မှာဖုံးကွယ်ထားတဲ့စိတ်ရင်းရှိနေမှာငါကြောက်တယ် ငါပြောတာနားထောင်ပါ... အကယ်၍ တစ်စုံတစ်ယောက်ကမင်းဆီလာခဲ့ရင် သူတို့ဘာပဲပြောပြော မင်းငါ့ဆီကိုအရင်လာခဲ့သင့်တယ် ပြီးမှငါတို့အတူတူဆွေးနွေးကြတာပေါ့ အခုခေတ်မှာလူတော်တော်များများက သူတို့တစ်ခုခုကိုလုပ်လိုက်တယ်ဆိုတဲ့ခံစားချက်ကြီးနဲ့ ဆုငွေတွေလိုချင်နေကြတာလေ..."


ဝမ်ဟွေရူးနှမ်းမတတ်ဖြစ်သွားပြီး စူးစူးဝါးဝါးဖြင့်အော်ချလိုက်သည်။

 " ဒီခွေးကောင်ကတော့ ငါဂရုမစိုက်ဘူး နင်သူမကိုပြန်ခေါ်လာခဲ့ရမယ်..."


" ငါသူမကိုရှာလိုက်ပါမယ် မစိုးရိမ်ပါနဲ့ ငါပြောတာကိုသာမှတ်ထားပါ တခြားသူလှည့်စားမှာကိုသာဂရုစိုက်ပါ သူတို့ပြောသမျှကိုမယုံနဲ့..."


လျန့်ယွမ်ချင်း သူတို့ကိုအနာပေးလိုက်ဆေးပေးလိုက်လုပ်နေခဲ့ပြီး ဝမ်ဟွေကျန်းမိသားစုကိုဆန့်ကျင်မှသာ လျန်ယွမ်ချင်းဖုန်းချတော့သည် ။


ဝမ်ဟွေယခုလေးတင် လျန့်ယွမ်ချင်အသုံးမကျသည့်အပေါ်ဆူနေခဲ့ခြင်းဖြစ်ပြီး ကျန်းရှောင်မန်ကိုကူရှာပေးနိုင်မည့် တစ်စုံတစ်ယောက်ကိုရှာနေချိန်တွင် တံခါးနားမှအစောင့်တစ်ယောက်ရုတ်တရက်ခေါ်လေသည်။

 " မဒမ် တံခါးမားမှာသူ့ကိုယ်သူ ပျောက်နေတဲ့သခင်မလေးလို့ပြောတဲ့သူတစ်ယောက်ရောက်နေပြီး မဒမ့်ကိုတွေ့ချင်တယ်ပြောနေတယ်..." 


" သူ့ကိုအထဲဝင်ခိုင်းလိုက်....'


လျန့်ယွမ်ချင်း ဒီငတုံးကတော့ ဒီလိုကိစ္စလေးကိုတောင်သူမကိုင်တွယ်နိုင်ဘူး....


သူမကျောင်းလွယ်အိတ်ကြိုးကိုတင်းလိုက်ကာ သူမရှေ့တွင်ထိုင်နေသည့်သူမ၏အမေဟူအမည်ရသည့် အမျိုးသမီးကိုကြည့်နေခဲ့ပြီး ပြတ်သားစွာပြောလေသည်။

 " အမေ...သမီးအမေလို့ခေါ်လို့ရမလား..."


ထိုစကားလုံးများထွက်လာပြီးနောက်တွင် ဝမ်ဟွေသူမ၏မျက်ရည်များကိုထန်းမထားနိုင်တော့ပေ။ သူမကျန်းရှောင်ကိုငို၍မဖက်ပဲ မနေနိုင်တော့ပေ။

 " ငါ့ကလေး...ငါ့ရဲ့သနားစရာကလေးလေး...အမေကသမီးကိုဒီဘဝမှာထပ်မတွေ့နိုင်တော့ဘူးလို့ထင်ထားခဲ့တာ အမေသမီးကိုအရမ်းလွမ်းတာပဲ..."


ကျန်းရှောင်မန်အနည်းငယ်ကြောင်အသွားခဲ့သည်။ သူမ၏နှာခေါင်းထိပ်ဖျားတွင် ထိုအမျိုးသမီး၏အနံ့ကပြည့်နှက်နေခဲ့ပြီး ၎င်းကအဆိုးကြီးတော့လည်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့်ပြောရလျင် သူမ၏အနံ့ကမွှေးပြီး သက်သောင့်သက်သာရှိလေသည်။ သူမတွင်ရေမွှေးဆွတ်တတ်သည့်အကျင့်ရှိပုံရသည်။ ယခုသူမမည်သည့်အရာမှမဆွှတ်ထားပေမဲ့ သူမကိုယ်တွင်မွှေးနံလေးရှိနေသေးသည်။ သို့ပေမဲ့ သူမ၏ပွေ့ဖက်မှုကနွေးတွေးမှုမရှိဘူးဟုသူမခံစားရလေသည် ။


သူမမတ်တပ်ရပ်နေပြီး ဝမ်ဟွေအားသူမကိုဖက်ခွင့်ပေးထားခဲ့သည်။ သူမတစ်လျှောက်လုံးငိုချင်နေခဲ့ပေမဲ့ သူမျက်ရည်ကိုထိန်းနိုင်ရန်သူမတတ်နိုင်သမျှကြိုးစားခဲ့သည်။ သို့ပေမဲ့မျက်ရည်တစိုးတစိမှထွက်မလာခဲ့၍ သူမလက်လျှော့လိုက်ပြီး ဝမ်ဟွေကိုနှစ်သိမ့်ပေးရန်အတွက်သူမကျောကိုပုတ်ပေးလိုက်သည် ။


ဝမ်ဟွေငို၍ပြီးသွားသည့်နောက်တွင် သူမမျက်ရည်များကိုသုတ်လိုက်ပြီး ရှက်ရွံ့လာလေသည်။

 " သမီးကိုကြောက်အောင်လုပ်မိသွားလား..."


ကျန်းရှောင်မန်ခေါင်းခါပြလိုက်သည် ။


ဝမ်ဟွေ ကျန်းရှောင်မန်၏လက်ကိုဆွဲ၍ အိမ်ထဲသို့ခေါ်သွားခဲ့သည် ။


မဒမ်ဝမ် သူမခင်ပွန်းနှင့်အတူဆေးရုံသို့လိုက်သွားခဲ့သည်။ ကျန်းရှောင်မန်လာမည်ဆိတြာကိုသူမကြိုမသိခဲ့ပေ။ ထို့ကြောင့်သူမအချိန်မှီပြန်မရောက်လာခဲ့ပေ။ လျန့်ယွမ်ချင်းမြို့ပြင်မှာရှိနေသေးပြီး အိမ်ပြန်လာရန်လုပ်နေခဲ့သည်။ လျန့်စီယုလည်းအိမ်တွင်မရှိပေ ထိအခိုက်အတန့်တွင်ဝမ်ဟွေတစ်ယောက်သာအိမ်တွင်ရှိနေခဲ့သည် ။


သူမကိုလက်ဖက်ရည်နှင့်ကိတ်မုန့်ဖြင့်ဧည့်ခံခဲ့ပြီး သားအမိနှစ်ယောက်ဆိုဖာပေါ်ထိုင်၍စကားပြောခဲ့ကြသည် ။


ဝမ်ဟွေမှပြောလိုက်သည်။

 " သမီးကရုတ်တရက်ကြီးရောက်လာတော့ အမေတို့ကဘာပြင်ဆင်မှုမှတောင်မလုပ်ထားရဘူး...သမီးအဖေ သမီးအဘိုးနဲ့အဘွား ပြီးတော့သမီး...သမီးအမပြန်လာရင် အမေတို့သမီးကိုကြိုဆိုဖို့အတွက်မိသားစုအွဲလေးလုပ်ပေးမယ် အကယ်၍နေသားမကျတာတစ်ခုခုရှိရင်ပြောနော်...အိမ်ကလူတွေအားလုံးကသမီးပြန်အလာကိုစောငွနေကြတာ..."


" အားလုံးအဆင်ပြေပါတယ် ဒီတိုင်း...သမီးဒါမျိုးအိမ်မှညတစ်ခုမှမလုပ်ဖူးလို့ပါ..." 

ကျန်းရှောင်မန်သူမအကြည့်ကိုအောက်သို့ပို့လိုက်ပြီး အသံတိုးတိုးလေးဖြင့်ပြောလေသည် ။


သူတို့ကသူမကိုဧည့်သည်တစ်ယောက်ကဲ့သို့ ယဥ်ယဥ်ကျေးကျေးဆက်ဆံနေကြသည်။ ၎င်းကသူမကို အိမ်နီးချင်းတစ်ဦး၏သမီးဟုခံစားရစေသည် ။


သူမထိုသို့ပြောလိုက်ခြင်း​ကြောင့် အရင်ကသူမထိုကဲ့သို့မုန့်များနှင့်အစားအစာများတစ်ခါမှမစားဖူးလောက်ဘူးဟုဝမ်ဟွေ ထင်သွားခဲ့၍ သူမပိုလို့တောင်အပြစ်ရှိသလိုခံစားရပြီး စိတ်သောကရောက်သွားခဲ့သည်။ သူမချက်ချင်းပင်ပြောလေသည်။

 " ဒါကဘာမှမဟုတ်ပါဘူး ဒါကဗြိတိန်လက်ဖက်ရည်ကြမ်းလေ ပြီးတော့ဒီမုန့်တွေကို မိသားစုရဲ့မုန့်ဖုတ်သမားဖုတ်ထားတာ အဲ့ဒါကနေရာတိုင်းမှာမရနိုင်ဘူး အကယ်၍သမီးကြိုက်ရင်__"


" အာ... မဟုတ်တာ "

 ကျန်းရှောင်မန်လက်ရာမြောက်သောလက်ဖက်ရည်ကြမ်းကိုချလိုက်သည်။

" သမီးဒီလိုအရာမျိုးတွေကိုစားနေကျမဟုတ်ဘူး..."


" ရပါတယ် သမီးမစားတတ်ရင်မစားပါနဲ့...အမေသမီးကိုအနာဂတ်မှာတဖြေးဖြေးချင်းသင်ပေးသွားမယ်..."


xxxxxxxx


Chapter 310


ထိုသို့ကြားလိုက်၍ ကျန်းရှောင်မန်ခေါင်းထောင်လာပြီး သူမကိုမေးလိုက်သည်။

 " အမေကသမီးကိုဘာသင်ပေးချင်လို့လဲ..."


" ဒီတိုင်း...အခြေခံလူမှုရေးကျင့်ဝတ်တွေအကြောင်း စသည်ဖြင့်ပေါ့...သမီးကိုအရင်ကဘယ်သူကမှမသင်ပေးဘူးဆိုတော့ အမေကတော့အနာဂတ်မှာသမီးကိုကောင်းကောင်းသင်ပေးပါ့မယ်..."


 ဝမ်ဟွေစကားပြောလို့ပြီးသွားသည့်နောက်တွင် ဆွေမျိုးတွေနဲ့တွေ့သည့်အခါရှိသင့်ရှိထိုက်သည့်လေထုမျိုးမဟုတ်ဘူးဆိုတာကိုသူမရုတ်တရက်သဘောပေါက်လိုက်သည်။ သူမအနည်းငယ်ကိုးရိုးကားရားနိုင်စွာဖြင့်အောက်သို့ကြည့်လိုက်ပြီး သူမ၏ရှက်ရွံ့မှုကိုဖုံးကွယ်ရန် လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုရှောင်မန်အတွက်ထည့်ပေးလိုက်သည် ။


သူမ ကလေးနဲ့ပေါင်းသင်းဆက်ဆံတတ်ပုံမပေါ်ဘူးဆိုတာကို သူမသိရှိလိုက်သည် ။


ထို့အပြင် ကျန်းရှောင်မန်က၁၅နှစ်ကြာပျောက်နေခဲ့ခြင်းဖြစ်သည်။ သူမရှောင်မန်အကြောင်းတွေးလိုက်တိုင်း သူမနှလုံးကိုအပိုင်းပိုင်းဖြတ်လိုက်သလိုခံစားရပြီး ကျန်းရှောင်မန်ကိုပြန်ရှာတွေ့သည့်အချိန်တွင်သူမကိုမည်ကဲ့သို့အချစ်တွေနဲ့ဆက်ဆံရမည်ဆိုတာကို ဝမ်ဟွေအမြဲစိတ်ကူးယဥ်နေခဲ့သည် သို့ပေမဲ့လက်တွေ့ဖြစ်လာသည့်အချိန်တွင်လူတွေနှင်းအဆက်အဆံလုပ်ရသည်ကမလွယ်ကူဘူးဆိုတာကိုသူမသိလာခဲ့သည် ။


ဝမ်ဟွေစိတ်ဓာတ်ကျသွားခဲ့သည် ။


ထိုအချိန်တွင် ကျန်းရှောင်မန်ငြင်သာစွာဖြင့်ပြောလာခဲ့သည်။

 " အကယ်၍သမီးမသင်ချင်ဘူးဆိုရော...."


သူမကမသင်ချင်ဘူးလား....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....


ဝမ်ဟွေ သူမကလေးကတိုးတတ်ချင်စိတ်မရှိသည်ကိုမကြည့်နေနိုင်ပေ။ သူမဒေါသထွက်လုနီးပါးဖြစ်သွားပေမဲ့ သူမထိုအကြောင်းကိုတွေးလိုက်မိချိန်တွင် သူမကလေးကဘဝကောင်းကောင်းကိုမရခဲ့တာဖြစ်နိုင်သည်။ သူမမည်ကဲ့သို့ ကျန်းရှောင်မန်ဆီမှပိုတောင်းဆိုနိုင်မည်နည်း ။


သူမကိုပြန်ရှာတွေ့သည်နှင့်တင် ကောင်းမွန်နေပြီဖြစ်သည် ။


ဝမ်ဟွေပြုံးလိုက်သည်။

 " သမီးအရင်ကအရာတော်တော်များကိုမလိုခဲ့ပေမဲ့ အနာဂတ်မှာသမီးမသုံးရဘူးလို့မဆိုလိုဘူးလေ သမီးသင်ဖို့လိုတာတွေကိုလည်းသင်ရအုံးမယ်လေ... အမေကသမီးအတွက်မကောင်းတဲ့အရာဆိုဘာမှမလုပ်ပါဘူး..."


ကျန်းရှောင်မန်မျက်တောင်ခတ်လိုက်ပြီး အပြစ်ကင်းစင်သောမျက်နှာဖြင့်ဘောလုံးတစ်လုံးပြစ်ထည့်လိုက်ပြန်သည်။

 " သမီးကမလိမ္မာတဲ့အတွက် အမေကသမီးကိုမုန်းမှာလား..."


" မဟုတ်တာ " 

ဝမ်ဟွေမှဆက်ပြောသည်။

 " အမေတစ်ယောက်ကသူ့ကလေးကိုဘယ်လိုလုပ်မုန်းရက်မှာလဲ..."


ကျန်းရှောင်မန်လေးလေးနက်နက်ဖြင့်ခေါင်းငြိမ့်လိုက်သည်။ သူမလက်တစ်ဖက်ကိုကျောင်းလွယ်အိတ်ထဲသို့ထည့်၍ အုတ်ခဲကိုရှာနေခဲ့သည်။ တစ်ခဏကြာပြီးနောက်တွင် သူမလွယ်အိတ်ကိုကောက်ယူ၍ ယဥ်ကျေးစွာဖြင့်ပြောလေသည်။

 " တကယ်တော့ သမီးဒီနေ့ဝမ်မိသားစုဆီကိုပြန်လာဖို့အတွက်လာတာမဟုတ်ဘူး ရှင်းပြဖို့အတွက်လာခဲ့တာ..."


" ဘာ..." 

ဝမ်ဟွေငေါက်ငမ်းပြီးပြောလိုက်သည်။

 " ဒီကလေး...ဘယ်လိုအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ..."


" သမီးအခုကောင်းကောင်းနေနေရတယ် နောင်အနာဂတ်ကိုလည်းသူတို့နဲ့ပဲသမီးဆက်နေမှာ သမီးဒီကိုပြောင်းလာမှာမဟုတ်ဘူး..." 

မွေးစားသမီးလျန့်စီယု၏မျကလုံးထဲမှလှောင်ပြောင်မှုအရိပ်အမြွက်များကို ကျန်းရှောင်မန်မှတ်မိနေသေးသည်။ လျန့်စီယုအရင်ကမွှေးတုံလေးကိုကန်ခဲ့သည်ကိုလည်းသူမမှတ်မိနေသေးသည် ။


" အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ မဖြစ်နိုင်တာ..."

 ဝမ်ဟွေ၏အခုလေးတွေငြိမ်ကျသွားသည့်နှလုံး ချက်ချင်းပြန်တောက်လာပြန်သည်။

 " ဒီကလေး ဘယ်လိုအဓိပ္ပါယ်မရှိတာတွေပြောနေရတာလဲ...အမေကဘယ်လိုလုပ်သမီးကိုအပြင်မှာလမ်းပျောက်ခွင့်ပေးရမှာလဲ အပြင်မှာဘယ်လောက်ပဲကောင်းကောင်း အိမ်မှာနေရတာတာထက်တော့ကောင်းနိုင်ပါ့မလား..."


" အပြင်လောကကြီးကဘယ်လောက်ပဲဆိုးနေပါစေ သမီးအဲဒီ့မှာဆယ့်ငါးနှစ်တောင်နေခဲ့တာလေ..." 

ကျန်းရှောင်မန်သူမနှင့်ရန်မဖြစ်ချင်ပေ တတ်နိုင်သမျှအေးအေးဆေးဆေးပြောနိုင်ရန်ကြိုးစားခဲ့သည်။

 " အင်း ရိုးရိုးသားသားပြောရရင်တော့ သမီးဒီကိုအမေနဲ့ဆွေးနွေးဖို့ပြန်လာခဲ့တာမဟုတ်ဘူး...သမီးဝမ်မိသားစုအိမ်ကိုပြန်လာမှာမဟုတ်ဘူးဆိုတာကိုလာအကြောင်းကြားတာ..."


ဝမ်ဟွေ၏တစ်ကိုယ်လုံးတောင့်ခဲသွားပြီး သူမမျက်လုံးများကျယ်လာခဲ့သည်။ ကြိုစားအားထုတ်ပြီးနောက်မှ ရှာတွေ့လာခဲ့သည့်သူမသမီးက ဘာကြောင့်ထွက်သွားမည်ဆိုတာကို သူမနားမလည်ခဲ့ပေ။ ကျန်းရှောင်မန်ကို​ဆွဲဖို့ရန်သူမလက်ကိုဆန့်လိုက်ပေမယ့် လေကိုသာဆွဲနိုင်ခဲ့သည် ။


" ရှောင်မန်..."

 ဝမ်ဟွေ ကျန်းရှောင်မန်နောက်မှလိုက်လာခဲ့သည်။ 


ဝမ်​ဟွေမိသွားသည့်အချိန်တွင် ကျန်းရှောင်မန်ကမထွက်သွားရသေးပေ အဘယ်ကြောင့်ဆိုသော်သူမရှေ့မှတစ်စုံတစ်ယောက်ကပိတ်ရပ်ထားခဲ့သောကြောင့်ဖြစ်သည် ။


သခင်ကြီးဝမ်၏လူနာဘီးတပ်ကုလားထိုင်ကိုတွန်းလာခဲ့သည့် မဒမ်ဝမ်ကကျန်းရှောင်မန်၏ လမ်းတွင်ပိတ်နေသောကြောင့်ဖြစ်သည်။


သခင်ကြီးဝမ်သူမကိုတွေ့သည့်အချိန်တွင်သူ၏မျက်နှာသည်ချက်ချင်းပင် မျက်ရည်အပြည့်ဖြစ်သွားခဲ့ပြီး ကွဲအက်နေသောအသံဖြင့်ပြောလာခဲ့သည်။

 " ကလေး ကလေးရေ...ဒီကိုလာပါအုံး အဖိုးတစ်ချက်ကြည့်ပါရစေ..."


ကျန်းရှောင်မန်အေးစက်သွားပြီး တုပ်တုပ်မလှုပ်တော့ပေ ။


သူမတွင်ကိုယ်ပိုင်မူတစ်ခုရှိသည် ၎င်းမှာကလေးတွေကိုမရိုက်ဖို့ဖြစ်သည်။ သူမအဖွားအသက်ကြီးလာသည့်အချိန်တွင် သူမနောက်ထပ် မူတစ်ခုထပ်ထည့်လိုက်သည် ၎င်းမှာလူကြီးတွေကိုဒေါသမထွက်ဖို့ဖြစ်သည် ။


ကျန်းရှောင်မန်ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမ သူ့ကိုဘိုးဘိုးဟုရိုသေစွာခေါ်လိုက်ပြီး မဒမ်ဝမ်ကိုကြည့်လိုက်ကာ သူမကိုလည်းဘွားဘွားဟုခေါ်လိုက်သည် ။


သူမအဖိုးမှာစိတ်လှုပ်ရှားလွန်းပြီး သူမမျက်နှာကိုသူ၏သစ်သားခြောက်များနှင့်တူသောလက်နှစ်ဖက်ဖြင့်ပွတ်နေခဲ့သည်။ သူကအလွန်အသက်ကြီးနေပြီဖြစ်ပြီး လက်များမှာလည်းသူမ၏အဖွားကဲ့သို့အရေပြားတွန့်နေခဲ့သည်။ ကျန်းရှောင်မန်တစ်ခဏတုံ့ဆိုင်းသွားခဲ့ပေမဲ့ သူ့ကိုအဝေးသို့တွန်းမထုတ်ခဲ့ပေ ။


" သမီးပြန်လာတာကောင်းတယ်...သမီးပြန်လာတာကောင်းတယ် ..."

 သူခိုက်ခိုက်တုန်နေခဲ့ပြီး သူ၏လက်များမှာလည်းတစ်ချိန်လုံးတုန်နေခဲ့သည် ။


ဝမ်ဟွေငိုပြီးပြောလိုက်သည်။

 " အဖေ သူ့ကိုမြန်မြန်လေးဖျောင်းဖျပေးပါ ကလေးကစိတ်ရှုပ်ထွေးနေတယ် သူကဘယ်လိုပဲဖစ်ဖြစ်ကိုပြန်သွားချင်နေတယ် ပြီးတော့ဒီမှာမနေချင်ဘူးတဲ့ ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


လူအိုကြီးခေတ္တရပ်သွားခဲ့သည် သူ၏မျက်လုံးထဲတွင်အံအားသင့်မှုအပြည့်နှင့်ပင် ။


သူခဏငြိမ်သက်သွားပြီးနောက်တွင် ကျန်းရှောင်မန်ကိုမေးလေသည်


 " ကလေး သမီးတစ်ကယ်ကိုထွပ်သွားချင်တာလား..."


" သမီးဦးလေးနဲ့အဖွားနဲ့နေချင်တယ် ...."

ကျန်းရှောင်မန်၏အသံမှာနူးညံလာခဲ့သည် ။


" ဒါဆိုရင်...အကယ်၍သမီးအဖွားနဲ့ဦးလေးနဲ့ဒီမှာအတူလာနေမယ်ဆိုရင်ရော..." 

အဖိုးအိုမှာသနားစရာကောင်းအောင်ငိုတော့လေသည်။

 " ဖိုးဖိုးသမီးကိုနေ့တိုင်းတွေ့ချင်တယ်...အကယ်၍သမီးမိသားစုသာဒီမှာလာနေရင် ဖိုးဖိုးသူတို့ကိုလည်းကောင်းကောင်းဂရုစိုက်ပေးမှာပါ.. "


ကျန်းရှောင်မန်မျက်တောင်ခက်လိုက်ပြီး အနည်းငယ်အံအားသင့်သလိုခံစားလိုက်ရသည် ။


သူကတစ်ကယ်ကို သူမအဖွားနဲ့ဦးလေးကိုခေါ်ထားဖို့ဆန္ဒရှိတာလား...


ကျန်းရှောင်မန် သူနှင့်ရန်မဖြစ်ချင်၍ သူမတိုးတိုးလေးသာပြောနိုင်ခဲ့သည်။

 " ဒါဆိုသမီးပြန်သွားပြီး သမီးအဖွားနဲ့ဦးလေးနဲ့အရင်ဆွေးနွေးလိုက်အုံးမယ်..."


xxxxxx