Chapter 311
ကျန်းရှောင်မန်က တစ်ကယ်တော့သူ့ကိုပါးနပ်စွာဖြင့်ငြင်းပယ်နေခဲ့တာဖြစ်ပြီး ယခုလောလောဆယ်ထိုပြဿနာကိုကျော်ဖြတ်နိုင်ရန်အတွက်ကြိုးစားနေခြင်းဖြစ်သည် ။ ၎င်းအပြင်အဖွားကလည်းထိုနေကာတွင်နေဖို့သေချာပေါက်အဆင်ပြေလိမ့်မည်မဟုတ်သည့်အပြင် သူမကလည်းသူမအဖွားကိုတစ်စုံတစ်ယောက်၏အမိုးအောက်တွင်နေ၍ လူစိမ်းတွေ၏မျက်နှာနေတိုင်းကြည့်ခိုင်းရန်မလိုလားပေ။ သူမဦးလေးကိုစည်းရုံးရန်မှာပို၍မဖြစ်နိုင်ပေ သူကနေ့တိုင်းပိုက်ဆံရှာနေရတာကြောင့်အလုပ်များနေ၍ သူ့တွင်အခြားသူများနှင့်ဆက်ဆံရေးပျိုးထောင်ရန်မည်ကဲ့သို့အချိန်ရှိလိမ့်မည်နည်း ။
သူမကသူ့ကိုသွယ်ဝိုက်သောနည်းဖြင့်ငြင်းဆန်နေခဲ့ပေမယ့် တစ်ဖက်သူကတော့သိလိမ့်မည်မဟုတ်ပေ။ သူမအမှန်တစ်ကယ်ပြောနေသည်ဟု သူတို့ကထင်နေကြသည် ထို့ကြောင့်မဒမ်ဝမ်၏မျက်နှာမှာအနည်းငယ်ကြည့်ရဆိုးသွားခဲ့သည် ။
" ဘာသွားလုပ်မှာလဲ__"
" ကလေးပြောတာမှန်တယ်လေ သူမကဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ကိစ္စမျိုးကိုသူ့မိသားစုနဲ့မတိုင်ပင်ပဲနေမှာလဲ..."
လူကြီးက သူမ၏မိန်းမကိုဟန့်လိုက်ပြီး ဒေါသထွက်စွာဖြင့်ပြောလေသည်။
" ဒါကမင်းကိစ္စတွေကိုကိုင်တွယ်တဲ့နည်းလား ငါကအသက်ကြီးနေပေမယ့်လည်း ဘာကိုလုပ်သင့်လဲဆိုတာငါ့ရင်ထဲကနေကို ရှင်းရှင်းလင်းလင်းသိတယ်..."
သခင်ကြီးဝမ် ရက်အတော်ကြာကြာရောဂါကြောင့်အိပ်ယာထဲလှဲနေခဲ့သည်။ ယနေ့တွင်တော့ ကလေးပြန်လာသည်ကိုသူကြားလိုက်ရသည်။ သူစိတ်ကောင်းနေသည့်အချိန်မှာအတော်လေးရှားပါးပြီး သူ၏ခန့်ညားမှာအသွင်အပြင်ကပြန်ပေါ်လာခဲ့သည် ။ သူစကားပြောပြီးပြီးချင်းပင် မည်သူကမှစကားဆက်မပြောနိုင်တော့ပဲ ခေါင်းငြိမ့်ရုံသာတတ်နိုင်ကြသည် ။
သို့ပေမဲ့လည်း လူစိမ်းနှစ်ယောက်နဲ့နေရသည်မှာစိတ်သောကရောက်မှာတော့အသေအချာပင်ဖြစ်သည်။ အိမ်ခန်းနှစ်ခန်းထပ်ထည့်သည်ကပြဿနာတော့မဟုတ်ပေ ။
ကျန်းရှောင်မန်အားယနေ့ညနေ့ဖို့ကိုတော့ သခင်ကြီးဝမ်ကတွန်းအားမပေးခဲ့ပေ ။ သူမကထိုနေရာနှင့်နေသားမကျသေးဘူး ထို့ကြောင့် သူမအရင်ပြန်ပြီးသူမမိသားစုနှင့်ဆွေးနွေးသင့်သည်ဟုသူပြောခဲ့သည်။ အလျင်လိုရမည့်အကြောင်းလည်းမရှိပေ ။
ကျန်းရှောင်မန်၏ သခင်ကြီးဝမ်အပေါ်အမြင်မှာ တိုးတက်လာခဲ့ပြန်သည် ။
သူမဝမ်မိသားစုအိမ်မှထွက်လာရင်း သူမ၏အုတ်ခဲကိုသယ်လာခဲ့သည် စနသ်မှရုတ်တရက်ပြောလာခဲ့သည်။
" ပိုင်ရှင် မင်းအဖိုးအခြေအနေကမကောင်းဘူးနော်..."
" အင်း သူဖျားနေတာ လူတွေကအိုလာရင်အဲဒီ့လိုပဲလေ..."
" ဒါပေမဲ့...ဇာတ်လမ်းထဲမှာ သူကအသက်ခုနှစ်ဆယ့်ရှစ်နှစ်နဲ့ဆုံးသွားတာလေ..."
ကျန်းရှောင်မန် အခုလေးတင်ကြင်နာတတ်သည့်အဖိုးအိုကိုသတိရသွားခဲ့ပြီးမျက်ခုံးမကြုံ့ပဲမနေနိုင်တော့ပေ။
" သူကအခု ခုနှစ်ဆယ့်ရှစ်နှစ်ဖြစ်နေပြီလား.."
" မဟုတ်ဘူး သူကဒီနှစ်မှာမှခြောက်ဆယ့်ငါးနှစ်ပဲရှိသေးတာ..."
စနစ်ကအစိုးရိမ်လွန်၍ အီလက်ထရွန်းနစ်ဆူညံသံများပြန်ထွက်လာခဲ့ပြီး ၎င်း၏ချစ်ပ်ပြားမှာ လျှပ်စီးပတ်လမ်းပြတ်လုနီးပါးဖြစ်သွားခဲ့သည်။
" ဒါပေမဲ့စနစ်ရဲ့ရေဒါအရ သူကအခုသေလုနီးပါးဖျားနေတာ ပြီးတော့သူ့ရဲ့လက်ကျန်သက်တမ်းကနှစ်လထက်ပိုမကြာတော့ဘူး..."
"...!! "
ကျန်းရှောင်မန်ထိတ်လန့်သွားပြီး စနစ်ကိုမေးလိုက်သည်။
" ဦးဦးမှားများတွက်ချက်မိတာလား ဒါမှမဟုတ်ဦးဦးရဲ့ရေဒါမှာပြဿနာရှိနေတာလား ဒါမှမဟုတ်...ဦးဦးရဲ့ဇာတ်လမ်းကပြဿနာဖြစ်နေတာလား..."
" ပိုင်ရှင် တစ်ခုခုကမှားနေပြီ..."
စနစ်ပုံမှန်ပြန်မဖြစ်ခင်အချိန်တစ်ခုလောက်အထိအကျပ်ရိုက်သွားခဲ့သည် ။
တစ်ချိန်တည်းမှာပင် ပျက်ကွက်နေတာကြာခဲ့ပြီဖြစ်သည့်တာဝန်တစ်ခုအားကျန်းရှောင်မန်ကို စနစ်ပေးလိုက်သည် ။
[ အထူးတာဝန်: သခင်ကြီးဝမ်၏အခြေအနေကိုသိရန်နည်းလမ်းရှာပါ သူ့ကျန်းမာရေးကိုကုသပြီး ဇာတ်လမ်းကိုပြင်ဆင်ပါ...ရှာဖွေခြင်းဆုလာဘ်: ဇာတ်လမ်းပြင်ဆင်သည့်ကတ်]
ကျန်းရှောင်မန်တစ်ခဏလောက်တိတ်ဆိတ်သွားခဲ့ပြီး ရုတ်တရက်ပြောလေသည်။
" စနစ် ဦးဦးကသမီးကိုလှည့်စားဖို့ကြိုးစားနေတာပဲ..."
စနစ်: "??"
သူမကဘာကိုဆိုလိုတာလဲ .... သူမကိုလှည့်စားတယ်....
စနစ်အနေနှင့်ဆိုလျင် ၎င်းမှာလည်း၎င်း၏စည်းမျည်းစည်းကမ်းများနှင့်နိယာမများရှိသည် ။
" သမီးဝမ်မိသားစုဆီကိုပြန်သွားမယ်လို့ပြောပြီးပြီးချင်းပဲ ဦးဦးကသမီးကိုဒီတာဝန်ပေးတယ်...ဦးဦးသိုဝှက်ထားတဲ့အကြောင်းရင်းတစ်ခုခုရှိရမယ် ဒါကလှည့်စားတာပဲဖြစ်ရမယ်..."
"!!!"
စနစ်နာကျင်စွာပြောလိုက်သည်။
" ပိုင်ရှင် စိတ်အေးအေးထားပါ မင်းငါ့ရဲ့စိတ်ဓာတ်ကိုယုံရမယ် ကြီးကြီးမားမားတစ်ခုခုဖြစ်နေတာဖြစ်ရမယ် ငါဟာသလုပ်ဖို့အတွက်တော့ဇာတ်လမခးကိုဘယ်တော့မှအသုံးချမှာမဟုတ်ပါဘူး..."
" ဦးဦးမှာစိတ်ဓာတ်ရှိတာလား..."
စနစ်ငို၍ " ပိုင်ရှင် ငါ့ရဲ့ဥာဏ်ရည်မမြင့်ဘူးဆိုတာနဲ့ပဲ မင်းငါ့ကိုဒီလိုပြောလို့မရဘူးနော်..."
"..."
စနစ်၏စကားလုံးများသည်သနားစရာကောင်းလှသည်ဟု ကျန်းရှောင်မန်ခံစားမိလေသည် ၎င်းကငိုမနေပေမဲ့လည်း ၎င်း၏အသံကအမှန်တစ်ကယ်နစ်နာနေသည့်ပုံပင် ။
သူမသက်ပြင်းချလိုက်ပြီး ယခုတစ်ခေါက်တွင်တော့ယုံကြည်လိုက်သည် ။
ကျန်းရှောင်မန်မေးလိုက်သည်။
" ဇာတ်လမ်းအမှန်ပြင်တဲ့ကတ်ကဘာလဲ..."
" မင်းဇာတ်လမ်းကိုပြင်ဆင်နိုင်မယ့် ခွင့်ပြုချက်ကိုရနိုင်တယ်...အကယ်၍မှားယွင်းမှုကိုပြင်ဆင်မယ်ဆိုရင် မင်းကတ်ကိုလည်းရလိမ့်မယ် အမှားတစ်ခုကိုတစ်ကြိမ်ဖာထေးရင် မင်းကိုကတ်တစ်ကြိမ်ပေးမယ်..."
စနစ်စောစောစီးစီးပင်အကျပ်ရိုက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကခွင့်ပြုချက်ရရန်အတွက်ဖြစ်သည်။ အခြေအနေကမမှန်နေပေမဲ့လည်း စနစ်စုံစမ်းရုံသာတတ်နိုင်ပြီး ၎င်းကိုယ်တိုင်ပြန်မပြင်နိုင်ပေ။ ကျန်သည့်အရာအားလုံးကိုပိုင်ရှင်၏အပိုင်းသာဖြစ်သည် ။
ယေဘူယျအားဖြင့်ပြောရလျင် ဇာတ်လမ်းထဲတွင်တော့ မှားယွင်းချက်မရှိသင့်ပေ ။
.ကောင်းပြီ....
ထိုကဲ့သို့အတွေးမျိုးမရှိဘူးဟု စနစ်တွေးလိုက်သည် အဘယ်ကြောင့်ဆိုသော်၎င်းက ကျန်းရှောင်မန်နှင့်ပေါင်းစည်းပြီးကတည်းက အဟန့်အတားမရှိဘူးဟုထင်ရလောက်အောင်တိုးတတ်မှုများရှိခဲ့သည်။ သို့ပေမဲ့ တစ်ကယ်တမ်းတွင်ဇာတ်ကွက်၏ဦးတည်ရာကနေလွဲနေပြီဖြစ်သည် ။ သူတို့ကဇာတ်ညွှန်း၏အလွှတ်နေရာတွင်တည်ရှိနေသည်ဖြစ်၍ ဇာတ်ကွက်ကသက်ရောက်မှုမရှိတော့ပေ ။
ယခုတွင်တော့ကွဲပြားနေပြီဖြစ်သည် ။
သခင်ကြီးဝမ် အသက်ခုနှစ်ဆယ့်ရှစ်နှစ်ထိနေရမည်ဟု ဇာတ်ညွှန်းထဲတွင်ရှင်းရှင်းလင်းလင်းရေးသားထားခဲ့သည် ။
ကျန်းရှောင်မန်လည်း တစ်ချိန်တည်းမှာပင်တွေးတောနေခဲ့သည် ။
စနစ်နှင့်နှစ်ပေါင်းများစွာအတူရှိခဲ့သည်ဖြစ်၍ စနစ်၏အကျင့်ကိုကျန်းရှောင်မန်နားလည်သည် ။
ယေဘူယျအားဖြင့် ၎င်းကိုစကားပြောရန်လွယ်ကူပြီး အရူးလုပ်ရန်လည်းလွယ်ကူသည်။ သို့ပေမယ့်ဇာတ်ကွက်နှင့်ပတ်သတ်လာလျင်တော့ ၎င်းတွင်ရှောင်လွှဲချင်သည့်စိတ်မရှိပေ။ ထို့ကြောင့် ကျန်းရှောင်မန်မည်မျှပင် ၎င်းနှင့်ဆက်ဆံရေးကောင်းချင်ပြီး ဇာတ်ကွက်ကိုပြင်ဆင်ချင်ပါစေ ၎င်းကငြင်းဆန်လိမ့်မည်ဖြစ်သည်။ ၎င်းပြောခဲ့သည်မှာ အကယ်၍ဇာတ်ကွက်သာပြောင်းသွားခဲ့လျင် ထိုသည်မှာ၎င်း၏အဆုံးသတ်သာဖြစ်သွားလိမ့်မည် ။
xxxxxxx
Chapter 312
စနစ်ကရှင်ခြင်းနှင့်သေခြင်းအကြောင်းတောက်လျှောက်ပြောနေခဲ့ပြီး ၎င်းကအသက်ရှည်ရှည်နေနိုင်လျင် ပို၍ပြန်ခွင့်များပုံပေါက်နေသည် ။
မည်သို့ပင်ဖြစ်စေ ထိုဇာတ်ကွက်ပြင်ဆင်သည့်ကတ်က ရှားပါးသည့်အရာဆိုတာကိုပြနေသည့်အပြင် ပွိုင့်များထက်လည်းပို၍အရေးကြီးလေးသည် ။
ပွိုင့်များကိုမကြာခဏသုံးနိုင်ပေမဲ့ ဇာတ်ကွက်ပြင်ဆင်သည့်ကတ်ကတော့မဟုတ်ပေ ။
" ကောင်းပြီလေ...."
ကျန်းရှောင်မန်လျင်မြန်စွာဖြင့်သူမ၏စိတ်ကိုပြင်ဆင်လိုက်ပြီး သူမမည်သို့လုပ်သင့်သည်ကိုသိလေသည်။
" သမီးလက်ခံပါ့မယ် ..."
စနစ်အကြိမ်အနည်းငယ်မျှ ကိုကြွေးလိုက်ပြီး သူမကိုမျက်နှာချိုသွေး၍ပြောလေသည်။
" မင်းကအရမ်းကြင်နာတာပဲ ပိုင်ရှင်...ငါမင်းကိုအချစ်ဆုံးပဲ..."
" မုန်းစရာကြီး..."
" ချစ်စရာလေး..."
" ဦးဦးကစိတ်အနှောင့်အယှက်ဖြစ်ရာကောင်းလိုက်တာ ..."
"..."
စနစ် ၎င်းကိုယ်တိုင်ပဲပါးစပ်ပိတ်လိုက်ပြီး စကားထပ်မပြောတော့ပေ ။
သို့ပေမဲ့မည်သို့ပင်ဖြစ်စေ ပိုင်ရှင်တွင်အလုပ်လုပ်ချင့်သည့်စိတ်ဆန္ဒရှိတာကကောင်းလေသည် ။
အလိုလိုက်ခံထားရသည့်ကလေးတစ်ယောက်လိုပြုမှုခြင်းအားဖြင့် ပိုင်ရှင်ကိုခြောက်လန့်ရတာခံစားလို့ကောင်းလေသည် ။
ကျန်းရှောင်မန်ဟိုတယ်ခန်းအသေးလေးထဲသို့ပြန်လာသည့်အချိန်တွင် ညနေခင်းဖြစ်နေပြီဖြစ်သည်။ ယခုလေးတွင် ကျန်းဟွေ့မိန်နှိုးလာခဲ့ပြီး စိတ်အခြေအနေကောင်းမွန်နေခဲ့သည်။
သူမအိပ်ယာပေါ်တွင်အနားယူနေခဲ့ပြီး မည်သည့်နေရာမှရောက်လို့ရောက်လာမှန်းမသိသည့် လက်ကမ်းစာစောင်ကိုကိုင်ထားပြီး သူမမျက်လုံးများသည်စိုးရိမ်ကြောင့်ကြမှုများကြောင့်ပင် နီရဲနေခဲ့သည် ။
ထို့ပြင်ကျန်းရှင်းကလည်းမီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့ပြီး ကျန်းဟွေ့မိန်အတွက်စွပ်ပြုတ်လုပ်ပေးရန်စီစဥ်နေခဲ့သည်။ သို့သော်လည်း သူ၏ဟင်းချက်စွမ်းရည်ကမတိုးတတ်လာသေးပေ။ သူကချွေးထွက်သည့်တိုင်အောင် အလုပ်ရှုပ်နေခဲ့ပြီး ကျန်းရှောင်မန်ကသာသူ့ကိုကယ်တင်ရန်ရောက်လာခဲ့သူဖြစ်သည် ။
ကျန်းရှင်းမျက်ရည်များထွက်ကျလာခဲ့သည်။
" ရှောင်မန် သမီးနောက်ဆုံးတော့ပြန်လာပြီပဲ သမီးအဖွားကအသားစွပ်ပြုတ်သောက်ချင်နေတာ..."
ကျန်းရှောင်မန် သူမလက်ကိုယမ်းလိုက်၍ သူ့ကိုထွက်လာဖို့ပြောလေသည်။
" သမီးကိုပေးလုပ်ချေ "
မီးဖိုချောင်ကအလွတ်ဖြစ်နေခဲ့သည် ။
ကျန်းရှင်းနောက်ဆုံးတော့သူ၏ကိစ္စများကိုကိုင်တွယ်ရန်အချိန်ရခဲ့ပြီဖြစ်ပြီး ချက်ချင်းပင်ကွန်ပျုတာကိုဖွင့်လိုက်ပြီး အလုပ်လုပ်ရန်ထောင်ထောင်ကို ဗီဒီယိုကောလ်ခေါ်လိုက်သည် ။
ထိုအချိန်တွင် ကျန်းရှောင်မန်ကြက်သွန်မြိတ်နှင့် ဂျင်းကိုလှီးဖြတ်နေခဲ့သည်။ သူမဒယ်အိုးထဲသို့ရေထည့်လိုက်ပြီး နုတ်နုတ်စဥ်းထားသည့်အမဲသားကိုထည့်လိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်ထည့်၍ မွှေမတ်ပြီးနောက်တွင် သူမ၏အာရုံကိုမီးဖိုပေါ်တွင်ပွက်ပွက်ဆူနေပြီဖြစ်သည့် စွပ်ပြုတ်ဆီသို့လှည့်လိုက်သည် ။
မကြာမှီတွင် ကျန်းဟွေ့မိန်အတွက်အထူးချက်ထားခဲ့သည့်အမဲသားစွပ်ပြုတ်သည်အဆင်သင့်ဖြစ်နေပြီဖြစ်သည် ။
သက်ကြီးရွယ်အိုများတွင် အရသာခံနိုင်စွမ်းကောင်းကောင်းမရှိသလို အစာချေဖျက်နိုင်စွမ်းလည်းနည်းပါးသည်။ ထို့ကြောင့်သူတို့ကထိုကဲ့သို့လတ်ဆတ်သည့်အရာများကိုသာစားနိုင်သည် ။
ကျန်းရှောင်မန်အခန်းထဲသို့စွပ်ပြုတ်ယူလာခဲ့ချိန်တွင် ကျန်းဟွေ့မိန်ကလက်ကမ်းစာစောင်ကိုသာကြည့်နေခဲ့ပြီး သူမကျန်းရှောင်မန်ကိုတွေ့သည့်အချိန်တွင် လက်ကမ်းစာရွက်များအပေါ်မှလူများကိုလက်ညိုးထိုးပြလိုက်ပြီး ပြောလေသည်။
" ရှောင်မန်ကြည့် ...အဲဒီ့လူတွေအတန်းလိုက်ကြီးက ရှင်းဟွာနဲ့ ပေကျင်းတက္ကသိုလ်ကိုဝင်ခွင့်ရသူတွေလေ အရမ်းအံသြဖို့ကောင်းတာပဲ..."
သူမမျက်လုံးများအရောင်လက်နေခဲ့ပြီး အတည်ပြုချက်ကိုစောင့်နေသည့်ကလေးတစ်ယောက်ကဲ့သို့ပင် ။
သူတို့အသက်ရှင်ရင်ရှင်သလောက်ခေတ်ပြန်ဆွဲနေသည့်သူများသည် စနစ်တစ်ဦးတည်းမဟုတ်ပေ။ အဖွားလည်းထိုနည်းလည်းကောင်းပဲမဟုတ်လား။
ကျန်းရှောင်မန်တစ်ချက်ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
" အင်း တစ်ကယ်အံ့သြဖို့ကောင်းတာပဲ... ဘွားဘွားအရင်ဆုံးစားလိုက်ပါ...."
ကျန်းဟွေ့မိန် သတိလစ်ဟင်းစွာဖြင့်ကြဘ့်နေသေးပြီး သူမ၏မျက်လုံးများသည်။ ကျီမင်းအထက်တန်းကျောင်း၏ နံရံကပ်ကြော်ငြာကိုကြည့်နေခဲ့ပြီး သူမ၏ပါးစပ်သည်လည်းမပိတ်နိုင်လောက်အောင်ပင် ခပ်ကျယ်ကျယ်ပြုံးနေခဲ့သည် ။
" သမီးခွံ့ကျွေးမယ်...အာ..."
ကျန်းဟွေ့မိန်နာခံစွာဖြင့် " အာ..." လို့ပြောပြီး အားစိုက်ထုတ်မှုများစွာဖြင့် နောက်ဆုံးတွင်စွပ်ပြုတ်ကိုစားကုန်သွားခဲ့သည်။ ကျန်းဟွေ့မိန်နောက်ဆုံးတော့ကျန်းရှောင်မန်ကို ယနေ့အလုပ်ကိစ္စမည်ကဲ့သို့နေလဲမေးရမည်ကို သတိရသွားခဲ့သည် ။
အဘယ်ကြောင့်ဆိုသော် သူမကအလွန်စိတ်အားထက်သန်နေခဲ့ပြီး ကျန်းဟွေ့မိန်ယနေ့၏ကိစ္စကြီးကိုရုတ်တရက်မမှတ်မိနိုင်အောင်ပင် ရှောင်မန်၏အကျင့်ကအလွန်တည်ငြိမ်ပြီး သာမန်ဆန်လွန်းနေသည် ။
" အိုး..အဲ့ဒါ...."
ကျန်းရှောင်မန်ကိုးရိုးကားရားဖြစ့်သူမ၏ခေါင်းကိုကုတ်လိုက်သည်။
" အင်း အဲ့ဒါက အဲ့ဒါက အဆင်ပြေပါတယ်..."
" ဘာလဲ အဲ့ဒါက အဲ့ဒါက ဆိုတာ... သူတို့ကသမီးကိုတွေ့ရတာဝမ်းမသာကြဘူးလား ဒါမှမဟုတ်သူတို့သမီးကိုအနိုင်ကျင့်လို့လား..."
ကျန်းဟွေ့မိန်စတင်ဒေါသထွက်လာခဲ့သည်။ သူမအလွန်အတည်ပေါက်ဖြစ်နေပြီး သူမပုံစံကအပြင်ထွက်ပြီး ရန်ဖြစ်တော့မည့်ပုံပေါက်နေသည် ။
" မဟုတ်ဘူး မဟုတ်ဘူး...ဘယ်သူကသမီးကိုအနိုင်ကျင့်ရဲမှာလဲ ...."
ကျန်းရှောင်မန် သူမကိုအောက်သို့ဆွဲလိုက်ကာ သူမမျက်လုံးကိုလှိမ့်လိုက်ပြီး အပြသ်ရှိစိတ်ဖြင့်ပြောလေသည်။
" ဘွားဘွား....သမီးဘွားဘွားနဲ့ဆွေးနွေးစရာတစ်ခုရှိတယ်... "
" ပြောလေ.... "
ကျန်းရှောင်မန်သူမလက်ချောင်းများကိုကစားနေခဲ့ပြီး တိုးတိုးလေးပြောလေသည်။
" သမီးအဖိုး...သခင်ကြီးဝမ် သူ့မှာအသက်ရှင်နေနိုင်ဖို့နှစ်လလောက်တောင်မရှိတော့ဘူးတဲ့...သူကအရမ်းဖျားနေတာ သမီးပြန်သွားပြီး သူတို့နဲ့တစ်ခဏလောက်နေပေးသင့်တယ်လို့ထင်တယ်..."
ကျန်းဟွေ့မိန်သူမမျက်လုံးအကြည့်ကိုအောက်သို့ချလိုက်ပြီး တစ်ခဏကြာသည်အထိစကားပြောမလာခဲ့ပေ ။
" စိတ်မပူပါနဲ့ ဖွားဖွား...ပြဿနာကိုဖြေရှင်းပြီးတဲ့အခါကျရင်သမီးပြန်လာပါ့မယ် သမီးကဖွားဖွားနဲ့ဦးဦးနဲ့ပဲနေချင်တာပါ သမီးအဲဒီ့ကိုပြန်မသွားချင်ပါဘူး..."
ကျန်းရှောင်မန်သူမအဖွားဝမ်းနည်းအောင်မလုပ်ချင်ပေ ထို့ကြောင့်သူမလခြမ်းကွေးပုံသဏ္ဍန်ရှိသည့် ကျောက်စိမ်းကိုချွတ်လိုက်ပြီး ကျန်းဟွေ့မိန်လက်ထဲသို့ထည့်ပေးလိုက်သည်။
" သမီးဒါကိုဖွားဖွားကိုပေးမယ်...သမီးအဲ့ဒါကိုလုံးဝမလိုပါဘူး..."
စနစ်"..."
' ပိုင်ရှင် မင်းအရမ်းရက်စက်တာပဲ '
xxxxxxxx
Chapter 313
အရင်ကရှောင်မန်၏ကျောက်စိမ်းလည်ဆွဲကိုလိုချင်ခဲ့သည့် ကျန်းဟွေ့မိန်ကယခုတစ်ကြိမ်တွင်ငြင်းလိမ့်မည်ဆိုသည်ကိုတော့စနစ်ထင်မထားခဲ့ပေ။ ထိုသို့ယူမည့်အစား သူမထိုလည်ဆွဲကိုပြန်တွန်းပေးလိုက်ပြီး ကျန်းရှောင်မန်ကိုလေးနက်စွာဖြင့်ပြောလေသည်။
" ဒီကိစ္စမှာ...သမီးအဲဒီ့ကိုပြန်သွားပြီး တစ်ခဏလောက်နေသင့်တယ် "
" အယ်..."
" လူကြီးတွေကသူတို့ဘယ်အချိန်သေမယ်ဆိုတာကိုမသိနိုင်ဘူး...ငါတို့သေတဲ့အခါကျရင် ငါတို့အသက်ရှင်နေရတဲ့အကြောင်းရင်းကိုသိမှာမဟုတ်တော့ဘူး...ငါတို့အစိုးရိမ်ဆုံးက နောင်တတွေကိုမဖြေရှင်းနိုင်မှာကိုပဲ..."
ကျန်းဟွေ့မိန်မှပြောလိုက်သည်။
" ဖွားဖွားလည်းအသက်ကြီးနေပြီ သူသမီးကိုလွမ်းနေမယ်ဆိုတာကိုဖွားဖွားနားလည်ပါတယ်...အခြေအနေကလည်းဒီလိုပါပဲ ဒီတော့သမီးပြန်ပြီးသူနဲ့အတူ သွားနေပေးသင့်တယ် ဒါ့အပြင်သူကသမီးအဖိုးပဲလေ...ဖွားဖွားအဆင်ပြေမှာပါ ဖွားဖွားကသေချာပေါက် သူ့ထက်ပိုပြီးအချိန်ကြာကြာနေရအုံးမှာ... ဖွားဖွား သမီးကိုအခုမလိုသေးပါဘူး..."
ကျန်းဟွေ့မိန် ယခုတစ်ကြိမ်တွင်တော့ အလွန်နားလည်နေခဲ့ပြီး စနစ်ကိုတောင်ထိတ်လန့်သွားစေခဲ့၍ ၎င်းက 'အဖွား' ဟုခေါ်လိုက်ပြီး တိတ်ဆိတ်သွားခဲ့သည် ။
ကျန်းရှောင်မန် သူမလက်ဖဝါးနှစ်ဖက်ကိုပွတ်လိုက်ပြီးနောက်တွင် ပန်းကန်လုံးကိုသူမနှင့်အတူယူသွားလိုပ်သည် ။
သူမပန်းကန်ဆေးနေရင်းဖြင့် သူပုခုံးပေါ်မှဝန်ထုပ်ဝန်ပိုးကြီးကြသွားသလိုခံစားလိုက်ရသည်။
အရမ်းပျော်တာပဲ ...
သူမကိစ္စအဝဝကိုဖြေရှင်းပြီးနောက်တွင် ဇာတ်လမ်းပြင်ဆင်ခြင်းကတ်ကိုရလိုက်ပြီး သူမအဖိုး၏ရောဂါကိုကုသရန်သူမပြန်သွားနိုင်ခဲ့သည် ။
ကျန်းရှောင်မန် သီချင်းတစ်ပုဒ်ကိုနူးနူးညံ့ညံဖြင့်ငြီးနေခဲ့ပြီးနောက်တွင် စနစ်နှင့်စကားဝိုင်းဖွဲ့လေသည် ။
ညနေပိုင်းတွင် ကျန်းဟွေ့မိန် ကျန်းရှောင်မန်အားခွင့်ပြုချက်ပေးလိုပ်သည်ကို သိသွားခဲ့ပြီး ရုတ်တရက်ထအော်လေသည်။
" အမေ ဒီ...အမေဘာလို့ဒီတိုင်းသဘောတူလိုက်ရတာလဲ...သားတို့အဲဒီ့မိသားသုကိုတောင်မတွေ့ရသေးဘူးလေ သူတို့ရှောင်မန်မပေါ်မကောင်းရင်ရော... ရှောင်မန်ရဲ့အဖေကလူကောင်းတစ်ယောက်လို့တော့သားမထင်ဘူး..."
ကျန်းဟွေ့မိန်လက်ကမ်းစာစောင်ကိုခေါက်ပြီး သူ့ကိုရိုက်လိုက်သည်။
" ငါကရူးနေတယ်လို့နင်ထင်တာလား...ငါ့မှာလည်းငါ့ကိုယ်ပိုင်အကြံရှိတယ် မစိုးရိမ်နဲ့ ...ငါရှောင်မန်ကိုကျီမင်းအထက်တန်းကျောင်းမှာသွားတတ်စေချင်ရုံပဲ ဒါကပြည့်စုံလွန်းတဲ့အခွင့်အရေးပဲမဟုတ်လား... ရှောင်မန်ကိုအိမ်ပြန်လွှတ်ပြီး သူမအိမ်စာတွေကိုအရင်လုပ်ခိုင်းပြီးတော့မှ ကျန်တာတွေကိုနောက်မှငါတို့ဆွေးနွေးလို့ရတာပဲလေ..."
တစ်ခဏကြာပြီးနောက်တွင် သူမထပ်ပြောလာပြန်သည်။
" အကယ်၍အဲဒီ့မိသားစုကရှောင်မန်ကိုဆိုးဆိုးရွားရွားဆက်ဆံရင်တောင်မှ ဒီမှာဦးလေးတစ်ယောက်လုံးရှိမနေဘူးလား...နင်စားတာအပြင်တခြားလုပ်နိုင်တာဘာမှမရှိတော့ဘူးလား.... ရှောင်မန် ရူးသွပ်ပြီး မိုက်မဲတဲ့သူမျိုးမဟုတ်ဘူး သူသာအနိုင်ကျင့်ခံရရင်ဘာမှမပြောပဲနေမယ်လို့နင်ထင်လား.... မပူနဲ့ ရှောင်မန်ကဥာဏ်ကောင်းပြီး သူ့ကိုအလွယ်တကူလှည့်စားလို့လည်းမရဘူး..."
ကျန်းရှင်း "..."
သူအိမ်ပြန်လာသည့်အချိန် သူ၏အမေလက်ကမ်းစာစောင်ကိုဖတ်၍မိုက်မိုက်မဲမဲရယ်နေသည်ကိုမြင်တည်းက သူ့တွင်အံသြစရာမရှိတော့ပေ။ သူမတွင်ကြိုတင်စီစဥ်ထားသည့်အစီအစဥ်တွေရှိနေပြီးသားဆိုတာကိုသိရှိလာရသည် ။
" ဒါဆို သားတို့ဒီတိုင်း...ရပ်ပြီးကြည့်နေရမှာလား...."
" ငါတို့ဘယ်လိုလုပ်ရပ်ပြီးကြည့်နေနိုင်မှာလဲ ရှောင်မန်ရဲ့မိဘတွေမကိုင်တွယ်နိုင်ဘူးဆိုရင်ရော... ဒါက ကိစ္စတစ်ခုပဲနော်...ငါတို့ကရှောင်မန်ကိုစောင့်ရှောင်ရမယ့်သူတွေဖြစ်နေတုန်းပဲနော် ငါစုံစမ်းထားပြီးပြီ နင်ကကျောင်းနားကအိမ်ကိုသွားဝယ်တော့.... နင်ဝင်ခွင့်လုပ်ငန်းစဥ်တွေအားလုံးကိုကိုင်တွယ်နိုင်မလားပဲကြည့်ရအောင် ကလေးရဲ့ကျောင်းပညာရေးကိစ္စတွေကိုဖြေရှင်းန်ုင်မလားကြည့်ရအောင် ဒါဆိုရင်ငါတို့သူစိမ်းတွေရဲ့မျက်နှာကိုလည်းကြည့်စရာမလိုတော့ဘူး..."
ကျန်းရှင်းလက်မထောင်လိုက်သည်။
" ကောင်းသားပဲ..."
နှစ်ယောက်သားထိုအတိုင်းဆုံးဖြတ်လိုက်ကြသည် ။
.........
" စီယု...ငါအိမ်ပြန်တော့မယ် ..."
" ငါလည်းပြန်တော့မယ် ...."
" ကောင်းပြီ အားလုံးပဲတာ့တာ "
လျန့်စီယု ချိုသာတိတ်ဆိတ်စွာဖြင့်ပြုံးလိုက်ပြီး သူမအတန်းဖော်တစ်ယောက်ပြီးတစ်ယောက်ကိုနှုတ်ဆက်လိုက်သည်။ ညနေပိုင်းသို့ရောက်နေပြီဖြစ်ပြီး သူမအိမ်ပြန်ရန်လျင်လိုမနေခဲ့ပေ ။
ယနေ့ သူမပုံကြမ်းဆွဲဖို့ရန်သူမသူငယ်ချင်းမှားနှင့်အတူဆင်ခြေဖုံးမြို့လေးသို့သွားခဲ့ပေမယ့် တစ်နေ့လုံးနေပြီးတာတောင်သူမများများစားစားမလုပ်နိုင်ခဲ့ပေ။ အိမ်မှာကလည်းအလွန်ဆူညံနေခဲ့သည်။ အဖိုးနေမကောင်းဖြစ်ပြီးကတည်းက လေထုကအလွန်စိတ်မချမ့်မြေ့စရာကောင်းနေခဲ့ပြီး လျန့်စီယုကိုမွန်းကျပ်စေခဲ့သည် ။
အိမ်တွင် သူမအဖိုးနှင့်အိပ်ယာထဲတွင်လိုက်နေပေးရသည် ထိုမှမဟုတ်သူမအမေ၏ဟောပြောချက်များအား တစ်ခုမဟုတ်တစ်ခုကိုသူမနားထောင်ရလေသည်။ သူမအချစ်ဆုံးဖြစ်သည့်အဖေကလည်းအိမ်တွင်မရှိပေ။ သူကအလုပ်ခရီးထွက်နေသည်ဟု သူမကြားထားပြီး လျန့်စီယုအိမ်မှာနေရသည်ကိုမပျော်ရွှင်နေပေ ။
အဖိုးအတွက်ဆိုလျင်တော့...သူမဝင်ခွင့်စာမေးပွဲကိုပြင်ဆင်နေရသည်ဖြစ်ပြီး သူမ၏သင်ခန်းစာများနှင့်အလုပ်ရှုပ်နေခဲ့သည်။ ထို့ကြောင့်သူ့ကိုစောင့်ရှောင့်ပေးနိုင်မည့်အလှည့်သို့မရောက်နိုင်သေးပေ သူမပုံမှန်စကားပြောရန်တော့ထိုနေရာကိုသွားလေသည် ။
ပိတ်ရပ်ပြီးသွားသည့်နောက်တွင် သူမအဖိုးနှင့်အတူသွားနေပေးခဲ့သည် ငို့ပေမဲ့သူမအဖိုးရေးထားသည့်သေတမ်းစာကို လျို့ဝှက်စွာဖတ်ခဲ့လေသည် ။
ဝမ်မိသားစု၏ပိုင်ဆိုင်မှုများနှင့် ဝေစုများကိုသူမအားမပေးထားပေ ။
ထိုအကြောင်းကိုတွေးလိုက်ခြင်းဖြင့် လျန့်စီယု၏အမှုအရာပြောင်းလဲသွားခဲ့သည်။ နက်မှောင်လွန်းသည့်အရောင်ကိုသူမ၏ပန်းချီတွင်ပေါင်းထည့်လိုက်ပြီး ၎င်းမှာလုံးလုံးကြီးကိုပျက်ဆီးနေပြီဖြစ်သည် ။
လျန့်စီယု၏ရင်ထဲတွင် ပို၍ကသိကအောက်ဖြစ်လာခဲ့သည်။ သူမစာရွက်ကိုဆွဲယူလိုက်ပြီး ဘောလုံးတစ်လုံးကဲ့သို့ချေမွပြစ်လိုက်ပြီး အဝေးကိုလွှင့်ပြစ်လိုက်သည် ။
သူမပုံဆွဲနေခြင်းကိုလုံးလုံးလျားလျားရပ်တန့်လိုက်သည် ။
သူမမျက်နှာမည်းမှောင်လာခဲ့သည်။ သူမပန်းချီဆွဲသည့်ကိရိယာများကိုသိမ်းဆည်းလိုက်ပြီး ကိရိယာများကိုသန့်ရှင်းရေးလုပ်ပြီးနောက်တွင် သူမကိုအိမ်ပြန်ခေါ်သွားပေးရန်သူမယာဥ်မောင်းကိုပြောလိုက်သည် ။
xxxxxx
Chapter 314
တံခါးပေါက်မှဝင်လာပြီးနောက်တွင် သူမအဖိုးနှင့်အဖွားဆေးရုံမှပြန်လာသည်ဆိိုတာကိုအစောင့်ဆီမှကြားလိုက်ရသည် ။
ပြန်လာပြီလား...အဖိုးကအရမ်းဖျားနေတာမဟုတ်ဘူးလား....
လျန့်စီယုအတွေးနက်နက်ထဲနှစ်မြောသွားခဲ့ပြီး အိမ်ထဲသို့ဝင်လိုက်သည်။ သူမလှေကားပေါ်သို့တတ်ပြီးပြီးချင်း အိပ်ခန်းထဲသို့ဝင်၍ရေချိုးရန်ပြင်လိုက်သည်။ သို့ပေမဲ့အိပ်ခန်းထဲသို့မဝင်ခင်မှာပင် အထဲတွင်သန့်ရှင်းရေးလုပ်နေသည့်အစေခံနှစ်ယောက်၏တီးတိုးပြောသံကိုကြားလိုက်ရသည်
"ဟူး...သခင်မလေးကလည်းသနားစရာကောင်းတာပဲ အရာအားလုံးအရင်ကအဆင်ပြေနေတာပဲကို သမီးအရင်းကရုတ်တရက်ကြီးဘာလို့ပေါ်လာရတာလဲ... ငါ့ကိုပြောစမ်းပါ သခင်မလေးကဒီမှာနှစ်ပေါင်းများစွာနေခဲ့တာလေ ဘယ်တစ်ယောက်ကပိုပြီးအချစ်ခံရမလဲဆိုတာကိုပြောဖို့အခုထဲကခက်ခဲနေပြီမဟုတ်လား...."
" သမီးအရင်းကိုပဲနေမှာ...သခင်မလေးကတော့ရှေ့လျှောက်ကိုခက်ခဲတဲ့အချိန်တွေရှိလာတော့မှာပဲ သမီးအရင်းအိမ်ထဲဝင်မလာသေးတာတောင် မဒမ်ကသူ့အတွက်ပစ္စည်းတွေစဝယ်နေပြီ ပြီးတော့ဒီအခန်းကလည်း မူလကသူမသမီးအရင်းအတွက်ပြင်ဆင်ထားတာလို့ပြောတယ် ဒါပေမဲ့သူမကိုပျောက်သွားတော့ သခင်မလေးကိုပဲပေးလိုပ်တာလေ...အခုသူမပြန်လာပြီဆိုတော့ အခန်းကလည်းပြန်ယူခံရမှာပဲ...."
" ဟူး...သနားစရာကလေး သူကတော့အနာဂတ်မှာသေချာပေါက် ကိုးရိုးကားရားနိုင်တဲ့အခြေအနေကိုရောက်တော့မှာပဲ... "
" အဲ့ဒါမှန်တယ် ..."
လျန့်စီယုထိုစကားများကိုကြားလိုက်ချိန်တွင် သူမခေါင်းထဲဝေဝါးလာကာ သွေးများစောင့်တတ်လာပြီး သူမလက်များနှင့်ခြေထောက်များပင်အေးစက်လာသည် ။
သမီးအရင်း...ပြန်လာပြီ....
လန့်စီယုသူမမျက်လုံးအကြည့်ကိုအောက်သို့ပို့လိုက်ပြီး သူမမျက်နှာမှာမည်းမှောင်လာခဲ့သည် ။
သို့သော်လည်း မစ္စတာဝမ်ကတော့ ကျန်းဟွေ့မိန်နဲ့ ကျန်းရှင်းကို ခေါ်သွားဖို့ ဆန္ဒရှိကြောင်း ပြောလာခဲ့သည်။ကျန်းဟွေ့မိန် ကတော့ သူမမှာ သွားဖို့ ဆန္ဒမရှိဘူးလို့ ပြောခဲ့သည်။
"သွားဖို့က ဒုက္ခများလွန်းတယ်.. ငါတို့ ရှောင်မန် ကိုပြဿနာဖြစ်အောင် လုပ်လို့မဖြစ်ဘူး....မဟုတ်ရင် အကျိုးအမြတ်လိုချင်လို့ ငါတို့ ဒီလိုလုပ်တယ်ဆိုပြီး သူများတွေ တွေးလိမ့်မယ်....နောက်ပြီး ငါ့ကျန်းမာရေးက သိပ်အကောင်းကြီးလည်း မဟုတ်ဘူး....
အပြောင်းအရွှေ့ လုပ်တာက ကံဆိုးစေတယ်.. ငါ ပိုပြီးကျန်းမာလာမှ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့...."
ကျန်းရှင်းက သဘာဝကျစွာဖြင့် သူ့အမေပြောသမျှ နားထောင်နေလိုက်ပြီး ဘာမှဝင်မပြောပဲ နေလိုက်သည်။
ထွက်ခွာရမယ့်နေ့မှာ ကျန်းရှောင်မန်က သူမရဲ့ ခရီးဆောင်အိတ်ကို တစ်ယောက်ထဲ ထုတ်ပိုးနေသည်။ သူမထွက်လာသောအခါ အကြာကြီးနေမှာ မဟုတ်တဲ့အတွက် အဝတ်များများစားစား ယူဖို့ မလိုဘူးဟူ၍ တွေးလိုက်သည်။ ထုပ်ပိုးပြီး ဝမ်ကျားကို သွားဖို့အတွက် ကျောပိုးအိတ် တစ်လုံးစာ ရိုးရိုးရှင်းရှင်းပဲ ဖြစ်သည်။
"လာ.. ဒါက သမီးရဲ့ အခန်းပဲ... ဒီအခန်းကို အမေကိုယ်တိုင် ကြိုတင်စီစဉ်ပေးထားတာလေ.."
ဝမ်ဟွေ့ အခန်းကို ညွှန်ပြရင်း ဒီနေရာရဲ့ အပြင်အဆင်က ရှောင်မန် နေရထိုင်ရ သက်တောင့်သက်သာဖြစ်အောင် သူသေချာ စဉ်းစားပြီး လုပ်ပေးထားကြောင်း ပြောနေသည်။
ကျန်းရှောင်မန် အိတ်ကို ချလိုက်ပြီး ခေါင်းငြိမ့်ပြရင်းပြောသည်။
" အမေ... သမီး ပင်ပန်းနေပြီမလို့ အနားယူချင်တယ်.."
ဝမ််ဟွေ့ အနေခက်စွာ ပြုံးပြပြီးနောက် ထွက်သွားလိုက်သည်။
ကျန်းရှောင်မန် ရေနွေးနဲ့ ရေအရင်ချိုးလိုက်ပြီး
အိပ်ယာပေါ်ထိုင်ကာ တွေဝေနေသည်။
စနစ်ကပြောလာသည်။
" ပိုင်ရှင်ရေ လျန့်စစ်ယွီရဲ့ အခန်းက ဒီအခန်းထက် ပိုပြီးကြီးတယ်...ပိုပြီးလည်း ကျယ်ကျယ်ဝန်းဝန်း ရှိတယ်..."
ဒီအခန်းက မကြာခင်ကမှ သန့်ရှင်းထားသော အခန်းဖြစ်သည်။
ကျန်းရှောင်မန် ရယ်ရင်း ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် သူမက ဒီမှာနေတာ ကြာပြီိလေ..."
"ဒါပေမယ့် အဲ့တာတွေက သေချာပေါက် ပိုင်ရှင့်အတွက် ဖြစ်နေရမှာလေ..."
"အဲ့တာက သိပ်အရေးမကြီးပါဘူး..."
ကျန်းရှောင်မန် လှဲချလိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"အဲ့တာက သိပ်ကြာတော့မှာ မဟုတ်ဘူး.."
ပိုင်ရှင်က အရမ်းကို သာမန်ကာလျှံကာ ပြောနေလွန်းသည်။ စနစ်လည်း ပါးစပ်ပိတ်ပြီး ဘာမှဆက်မပြောပဲနေလိုက်သည်။
ထိုအရာက မှန်သည်။ ဗီလိန်စနစ်အနေနဲ့ ဒီအရာက ဗီလိန်အတွက် မကျေနပ်ချက် ဖြစ်လာအောင် အမှန်တကယ် လုပ်ပေးနေသည်။ထို့ကြောင့် ပိုပိုပြီး အဆင်ပြေလာစေသည်။
'အာ.........'
ဒါပေမယ့် နောက်နည်းလမ်းတစ်ခုနဲ့ စဉ်းစားကြည့်လိုက်သည်။
သူက ဗီလိန်စနစ်တစ်ခုဖြစ်တယ်ဆိုမှတော့ ဇာတ်လိုက်က သူ့ပိုင်ရှင်ရဲ့ ရန်သူပဲလေ.... နောက်ပြီး အဲ့ရန်သူရဲ့ သူငယ်ချင်းကလည်း ရန်သူပဲဖြစ်တာကို....အဲ့တာဆို ဇာတ်လိုက်ကို ရန်လိုရင်ရော ဘာမှားလဲ ...
ဘာမှ မမှားဘူးလေ...
စနစ်က ရုတ်ရက် ကျိုးကြောင်းဆီလျော်စွာ ပတ်သက်ဆက်နွယ်နေမှုကို ရှင်းလင်းကြည့်လိုက်ပြီးနောက် ပွင့်ပွင့်လင်းလင်း ကျိန်ဆဲလိုက်သည်။
"ပိုင်ရှင် အဲ့တစ်ယောက်က အရမ်းအရှက်မရှိတာပဲ..."
"ဟမ်...."
"ပိုင်ရှင် သူ မင်းဆီကနေ အကုန်လုယူထားတာ..."
"..."
ကျန်းရှောင်မန် စိတ်တိုတိုဖြင့် ပြောလိုက်သည်။
" သမီးကို နားခွင့်မပေးတော့ဘူးလား... ပေးမအိပ်တော့ဘူးလား..."
စနစ်က ပါးစပ်ပိတ်သွားသည်။
နောက်တစ်နေ့ ရောက်ဖို့ စောင့်လိုက်ပြီး ကျန်းရှောင်မန် စောစောထကာ မစ္စတာဝမ့်ကိုရှာဖို့ ဆေးရုံကိုသွားလိုက်သည်။
အဘိုးအတွက်ဆိုရင် လူကိုယ်တိုင်သွားတွေ့ပြီး ဂရုစိုက်ပေးတာက သဲလွန်စနည်းနည်း ရှာတွေ့နိုင်သည်။
အရုဏ်တက်မှာ ကျန်းရှောင်မန် ထလိုက်သည်။ ဝမ်အိမ်ကတော့ ဘယ်သူမှ မနိးသေးတာ တွေ့ရသည်။ သူမ ဆေးရုံကို ရောက်တဲ့အခါ အဘိုးက နိုးနေပြီဖြစ်သည်။ အဲ့အချိန်မှာပဲ သူနာပြုက အတွင်းလူနာဌာနသို့ ဝှီးချဲကိုတွန်း၍ လာနေသည်။
"ဘိုးဘိုး..."
ကျန်းရှောင်မန် သူ့ကို လှမ်းပြီး လက်ပြလိုက်သည်။
အဘိုးအိုဝမ်ရဲ့ ငြိမ်သက်သည့် မျက်လုံးများပွင့်လာပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။
"ရှောင်မန်...မြန်မြန်လေး.. အဖိုးဆီကိုလာ.."
ကျန်းရှောင်မန် ပြေးလိုက်သွားပြီး လက်ကိုင်ကို ကိုင်လိုက်ကာ ဝှီးချဲကို တွန်းပေးလိုက်သည်။ သူမက မရဲတရဲဖြင့် မေးလိုက်သည်။
"ဘိုးဘိုး.. ပုံမှန်ဆို ဆေးရုံမှာ ဘိုးဘိုးတစ်ယောက်ထဲပဲလားဟင်..."
"သမီးအဘွားက တစ်ခါတစ်လေ အဘိုးကို လာကြည့်ပါတယ်... သမီးအမေကြ အရမ်းအလှုပ်ရှုပ်နေတာလေ မိသားစုတာဝန်တွေအကုန် သူ့ပုခုံးပေါ် ရောက်နေတာကို... သမီး အဖေကကြ...."
မစ္စတာဝမ် ခဏရပ်လိုက်သည်။
"အကုန် အရမ်းအလုပ်ရှုပ်နေကြတာ သမီးအမက ပိုပြီးတောင် အလုပ်ရှုပ်နေသေးတယ်..."
သို့ပေမယ့် ဒီကလေးကတော့ အခုပဲ ပြန်ရောက်လာတာတောင် သူ့ဝေယျာဝစ္စတွေ လုပ်ပေးဖို့ ဆေးရုံကို အပြေးလေး ရောက်လာခဲ့သည်။လူအိုကြီးက အရမ်းကိုပျော်ရွှင်နေပြီး သူမလက်ကို စိတ်လှုပ်ရှားစွာ ခပ်ဖွဖွပုတ်ပေးနေသည်။
xxxxx
Chapter 315
ပြောရမှာ ထူးဆန်းပေမယ့် သူအရင်က အကြာကြီးနေရတော့မှာ မဟုတ်ဘူး ထင်ခဲ့သည်။ အမှန်တိုင်းဝန်ခံရရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သူတွေးတောနေခဲ့သည်။သို့ေသာ်လည်း ဒီကလေး ပြန်ရောက်လာပြီးတဲ့နောက်မှာ သူအတော်လေး သက်သာလာပြီး အချိန်မရွေး ဆေးရုံဆင်းလို့ရတယ်ဟု သူခံစားရသည်။
ကြည့်ရတာ ကံကြမ္မာဖြစ်မယ်....
"မနက်ခင်းက အေးနေသေးတယ် သမီး အဘိုးကို လူနာဆောင်ဆီ အရင် ပြန်တွန်းပို့ပေးမယ်..."
"ကောင်းပြီလေ သွားကြတာပေါ့..."
မစ္စတာဝမ်က အရမ်းအပျော်လွန်နေပြီး စနောက်လိုက်သည်။
" အဘိုး သမီးကို တွေ့နေရရင် နေမကောင်းတာတောင် သက်သာလာပြီး အခုချက်ချင်း ဆေးရုံဆင်းလို့တောင်ရတယ်... ဒီဆေးရုံက အရမ်း စိတ်ပျက်ဖို့ကောင်းတယ် ...အဘိုးနေ့တိုင်း ဆေးသောက်ပြီး ဆေးထိုးနေရတယ် နောက်ပြီး အရမ်းစောင့်ကြည့်နေကြလွန်းတယ်...ဆရာဝန်တွေက အဘိုးနေမကောင်းတာကို သက်သာမလာစေဘူး..ဖြစ်နိုင်ရင် အိမ်ကိုပြန်ပြီး သက်တောင့်သက်သာနေချင်တယ်... အဲ့လိုဆို နေပြန်ကောင်းလာပြီး ကုသစရာ မလိုလောက်တော့ဘူး..."
ကျန်းရှောင်မန် နှလုံးသားလေး လှုပ်ခါသွားသည်။ လူနာဆောင်ကို ရောက်သွားပြီးနောက် အဘိုးက တမနက်လုံး ဘယ်မှထပ်မထွက်ပဲနေနေသည်။
ဆေးဝါးတွေနဲ့ ထိုးဆေးတွေ နောက်ပြီး အဘိုးနေ့တိုင်း ထိတွေ့သမျှအရာ အကုန်လုံးကို စနစ်က စစ်ဆေးထားပြီးသားဖြစ်သည်။
ဘယ်အရာမှ ပြဿနာရှိမနေတာ တွေ့လိုက်ရသည်။
ပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာမတွေ့ပေမယ့် ဒါက သေစေနိုင်လောက်တဲ့ အရာဖြစ်သည်။ဒါကိုရှာရတာ အနည်းငယ်ခက်ခဲသည်။
ကျန်းရှောင်မန်က စိတ်ဓာတ်ကျနေသည်။ သူမတစ်နေ့လုံး ဘာမှ များများစားစား ရှာမတွေ့ပါ ထို့ကြောင့် အဘိုးအိုကို မငြီးငွေ့အောင်
အဖော်ပြုပေးလိုက်ပြီး ညရောက်မှ ပြန်လာလိုက်သည်။
"ညီမလေးက ပြန်မလာသေးဘူးလား..."
ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်နေရင်း လျန့်စစ်ယွီ ဝင်ပေါက်တံခါးကို အချိန်တိုင်း လှမ်းကြည့်နေသည်။ သူတိုးတိုးလေး ရေရွတ်လိုက်သည်။
" သမီးက ညီမလေးနဲ့ ဒီနေ့ တွေ့ချင်တာ အဲ့လိုဆို သူ ဒီမှာ မြန်မြန်လေး အသားကျနိုင်တယ်....မထင်ထားတာက သူ မနက်အစောကြီး ဆေးရုံကို သွားမယ်လို့လေ..."
ဝမ်ဟွေ့ က ပြောလာသည်။
" ဒီကလေးက အတော်လေးသိတတ်တယ်... အဲ့ဒါပဲ... ငါအလုပ်များနေလို့သာပေါ့... မဟုတ်ရင် ငါ သူနဲ့အတူတူနေ့တိုင်းအိပ်လောက်တယ်"
လျန့်စစ်ယွီ သူမရဲ့ ဆံပင်အနားစကို သပ်တင်လိုက်ပြီး အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။
"ဟုတ်တာပေါ့ ... သမီးက ညီမလေးထက် ပိုတော်နေလို့လည်း မဖြစ်သလို သိတတ်နေလို့လည်း မဖြစ်ဘူး .... သူမက သမီးကို အနည်းငယ် နာကျင်စေရုံပါပဲ... မနက်အစောကြီးထပြီး သူက သူ့အတွက်သူ မနက်စာပြင်တယ် အဝတ်စားလဲပြီးထွက်သွားတယ်.... အမေလည်း ကျောင်းကို သွားပြီး ညီမလေးအတွက် ဝင်ခွင့်သွားယူပေးခဲ့တာပဲ....ဒါပေမယ့် ညီမလေးကတော့ တစ်နေကုန် ပြန်မလာခဲ့ဘူး.... ကြည့်ရတာ အဘိုးက မိသားစု အကြီးအကဲမလို့ အဘိုးနား ကပ်နေတာ ဖြစ်မယ်..."
"အဘိုးက အကြီးအကဲလေ ...အဘိုးမှာ ပြောဆိုလို့ရတဲ့ အာဏာလည်း ရှိတယ်...နောက်ပြီး အဘိုးက နေမကောင်းလို့ သေတော့မှာလေ...."
"အဘိုးဆီသွားပြီး နာခံသလို ဟန်ဆောင်မယ် ...နောက်ပြီး မျက်နှာပြောင်ပြောင်နဲ့ အမွေဆက်ခံခွင့် ရဖို့လုပ်မယ်..."
လျန့်စစ်ယွီ အထွန့်တက်လိုက်သည်။ ဒီလိုပြောတာက ကလေးဆန်တယ် ထင်ရပေမယ့် ဝမ်ဟွေ့ မျက်နှာမှာ ပြောင်းလဲသွားသည်။သူမ တင်းမာစွာ ပြောလိုက်သည်။
"တော်လိုက်တော့ စစ်ယွီ ....သူ ဒီရက်ပိုင်း အရမ်း ပင်ပန်းနေတာ... နင့်ညီမကိုကို ဒါတွေသွားမပြောမိစေနဲ့..."
"အမေ..."
လျန့်စစ်ယွီ သူ့အမေရဲ့ လက်မောင်းကို လှုပ်ခါပြီး ကလေးတစ်ယောက်လို ချွဲဖို့ လုပ်လိုက်သည်။ သို့ပေမယ့် ထိုအချိန်တွင် လျှောက်လမ်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ သူမလှည့်ကြည့်လိုက်သည့်အခါ ပြန်လာသည့် ကျန်းရှောင်မန်ကို တွေ့လိုက်ရသည်။
"ပြန်ရောက်ပါပြီ..."
ဝမ်ဟွေ့ ချက်ချင်း ပြုံးပြလိုက်သည်။
" ရှောင်မန် ပြန်လာပြီပဲ..."
ကျန်းရှောင်မန် ခပ်ဖျော့ဖျော့ ပြန်ပြုံးပြလိုက်သည်။လျန့်စစ်ယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အပေါ်ထပ်တက်နေရင်းပြောလိုက်သည်။
" အမေ သမီး ရေအရင် ချိုးလိုက်အုံးမယ်..."
ညစာစားချိန်တွင် လျန့်ယွမ်ချင်း ပြန်မလာေသေးပေ။ထို့ကြောင့် ကျန်းရှောင်မန် လျန့်ယွမ်ချင်းကို ဒီအိမ်ထဲတွင် မမြင်ဖူးသေးခြင်း ဖြစ်သည်။
သူ့ကြည့်ရတာ ကျန်းရှောင်မန်ကို တွေ့ဖို့ အရမ်းကြောက်သည့်ပုံပေါ်ကာ သူမကို အေးစက်စက် ဆက်ဆံသည်။စိတ်အားထက်သန်သည့် အပြင်ပိုင်းပုံစံကို ပြနေသော်လည်း ကျန်းရှောင်မန် သူ့ရဲ့ ဝတ်ကျေတမ်းကျေ ပြုမူပုံကို ခံစားမိလေသည်။သို့ပေမယ့် ကျန်ရှောင်မန် လုံးဝ ဂရုစိုက်ခြင်း ရှိမနေသည်။
လျန့်ယွမ်ချင်း ဟာ သူမအပေါ် မလိုမုန်းထားခြင်းများ ရှိနေသော်လည်း သူမကို ပြန်ခေါ်လာခဲ့သည်။လျန့်ယွမ်ချင်း ကြောင့် ဘေးအန္တရာယ် ရှိသည်ဟု သူမ ပြောမယ်ဆိုလျှင် ဝမ်အိမ်က လူတွေဟာ သေချာပေါက် မယုံကြည်မှာကို သူမ သိနေသည်။
နှိုင်းယှဉ်ကြည့်ပါက လျန့်ယွမ်ချင်းဟာ သူတို့နှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ပြီး သူမကတော့ အပြင်လူသာသာ ဖြစ်သည်။ဒီပတ်ဝန်းကျင်တ်ဝန်းကျင်က သူမအပေါ် မဖော်ရွေမှန်း ကျန်ရှောင်မန် ခံစားလို့ရသည်။ဒါမှမဟုတ် အဘိုးကိစ္စကို စာရင်းအရင်ရှင်းပြီး ဒီနေရာကို အဘွား ဖြေရှင်းဖို့ ထားလိုက်တာ ကောင်းမယ်ဖြစ်သည်။
ညစာထမင်းဝိုင်းတွင် ဝမ်ဟွေ့ ကျန်းရှောင်မန်အတွက် စွပ်ပြုတ်ခပ်ထည့်ပေးလိုက်သည်။ သူမအတွက် ဟင်းပွဲတွေ နွေးနွေးထွေးထွေး ပြင်ဆင်ပေးထားပြီး ဘယ်ဟင်းပွဲက ဘယ်လိုဖြစ်ကြောင်း ရှင်းပြနေသည်။ဘယ်ဟင်းပွဲကတော့ အရသာအကောင်းဆုံး ဟူ၍ဆက်ပြောနေလေသည်။
လျန့်စစ်ယွီ သူတို့ကို ကြည့်လိုက်ပြီး သူမ တူကို တိတ်တဆိတ် ကိုက်နေလိုက်သည်။
"အမေ ဒီနေ့ ညီမလေး ကျောင်းဝင်ခွင့်အတွက် သွားစုံစမ်းဖို့ လုပ်ထားတာဆို.... ကျောင်း ဘယ်နှကျောင်းကို ဆက်သွယ်ထားလဲဟင်....."
လျန့်စစ်ယွီ ဆက်ပြောလိုက်သည်။
"အမေ့ကို ဘယ်ကျောင်းက ပြန်ဆက်သွယ်လာလဲ....."
ဝမ်ဟွေ့ ကပြောလိုက်သည်။
"ဆက်သွယ်မလာဘူး.... တတိယအဆင့် အလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကို အမေတွေ့ခဲ့တယ်.... သူက ရှောင်မန် အဲ့မှာကျောင်းတက်လို့ ရတယ်လို့ ပြောတယ်..."
B မြို့ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းက ချီမင် အထက်တန်းကျောင်း ဖြစ်သည်။သို့သော်လည်း ဝမ်ဟွေ့ဟာ တတိယအဆင့် အလယ်တန်းကျောင်းကိုသာ ဆက်သွယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချီမင်အထက်တန်းကျောင်းဟာ ဝင်ခွင့်အမှတ် အရမ်း မြင့်လွန်းပြီး ကျန်းရှောင်မန် ဝင်ခွင့်စာမေးပွဲ အောင်မအောင်ကိုလည်း သူမ မသေချာသောကြောင့် ဖြစ်သည်။ပိုသေချာသည်ကို သူမပြန်စဉ်းစားပြီးနောက် တတိယအဆင့် အလယ်တန်းကျောင်းကိုသာ ဒုတိယအကောင်းဆုံး နေရာအဖြစ် ရွေးချယ်ခဲ့သည်။ထိုနေရာသည် အလွယ်တကူ လမ်းလျှောက်ဝင်နိုင်သော နေရာလည်း ဖြစ်သည်။
xxxxxx