Chapter 316
လျန့်စစ်ယွီ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် နောင်တရနေသော လေသံနှင့် ပြောလေသည်။
"သမီးက ညီမလေးနဲ့အတူ ကျောင်းတက်ချင်တာ...ဒါပေမယ့် သမီးက ချီမင် အထက်တန်းကျောင်းကို ဝင်ခွင့်ရပြီးပြီ... ဘာမှစိတ်မပူပါဘူး ...နောက်မှာ ညီမလေး ပြောင်းလာဖို့ အခွင့်ရေး အများကြီး ရှိတာပဲ...မြို့နယ်ဝင်ခွင့် စာမေးပွဲကို စောင့်ကြည့််ပြီး အတော်ဆုံး ကျောင်းသားအယောက်တစ်ရာထဲ ဝင်ရင် အမေက ကျောင်းအုပ်ကြီးကို သွားရှာပြီး ညီမလေးကို ကျောင်းပြောင်းပေးလို့ ရတယ်လေ..."
ကျန်းရှောင်မန် စွပ်ပြုတ်ကို သောက်လို့ပြီးသွားတဲ့အခါ ပါးစပ်ထောင့်တွေကို အသေချာ သုတ်လိုက်သည်။ သူမက နူးညံ့သည့် လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" မမကလည်း တူတူတက်ချင်မှတော့ ချီမင်ကိုပဲ သွားတာပေါ့..."
လျန့်စစ်ယွီ ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
သူမ ခေါင်းကို စောင်းလိုက်ပြီး ကျန်းရှောင်မန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမယ့် ညီမလေး ချီမင်အထက်တန်းေကျာင်းရဲ့ ဝင်ခွင့်စာမေးပွဲက အရမ်းကို ခက်လွန်းတယ်...မမတောင် ဝင်ခွင့်အောင်ဖို့ မနည်းကြိုးစားခဲ့ရတာ ...ညီမလေးက ဖြေချင်တယ်ဆိုရင် အဲ့တာက အမေ့ကို အရှက်ရအောင် လုပ်သလို ဖြစ်နေမလား...."
ဝမ်ဟွေ့ရဲ့ ပုံစံက အနည်းငယ် တောင့်တင်းလာပြီး သူမတိုးတိုးသာသာ ပြောလာသည်။
"ရှောင်မန် ချီမင်က အဲ့လောက် ဝင်ခွင့်ရဖို့ လွယ်တဲ့နေရာ မဟုတ်ဘူး...အမေ သမီးကို တတိယအဆင့် အလယ်တန်းကျောင်းကို သွားဖို့ အရင် လုပ်ပေးမယ်လေနော်..."
"အရမ်း အရှက်ရစရာ ကောင်းလို့လား... အကယ်၍ အဲ့တာက အရမ်းကို ခက်ခဲတယ်ဆိုရင်လည်း ထားလိုက်ပါတော့လေ..."
ကျန်းရှောင်မန် ရုတ်ရက် ခေါင်းငြိမ့်လိုက်သည်။
" အဲ့တာက ရှက်စရာကောင်းနေရင် ဘာမှလုပ်ဖို့ မလိုတော့ပါဘူး....ဦးလေးပြောတာ တကယ်ကို မှန်တယ်... လူတွေက ဘယ်လောက်ပဲ အင်အားကြီးကြီး သူတို့ လက်လှမ်းမမှီနိုင်တဲ့ အခြေအနေတွေဆိုတာ ရှိတယ်တဲ့...."
လျန့်စစ်ယွီ ကျယ်လောင်စွာ ထရယ်မိတော့မလို ဖြစ်သွားသည်။သူ့ရဲ့ ဒီညီမဟာ လိမ္မာပါးနပ်ပုံပေါ်ပေမယ့် တကယ်တမ်း သူ့ခေါင်းထဲမှာ ဝါဂွမ်းတွေနဲ့သာ ပြည့်ကျပ်နေသည်။သို့သော်လည်း သူမ မျက်မှောင်ကြုံ့လိုက်ပြီး ဆူပူသည့်အသံဖြင့် ပြောလိုက်သည်။
"ညီမလေး... နင်ဘယ်လိုတောင် ပြောလိုက်တာလဲ...အမေက ဒီနေ့ နင့်အတွက်နဲ့ ပြေးလွှားနေခဲ့ရတာလေ...စုံစမ်းပေးပြီးတာတောင် အမေက တစ်နေ့လုံး ဆက်အလုပ်ရှုပ်နေတုန်းပဲ...နင် ကျေးဇူးတင်ရကောင်းမှန်းတော့ သိသင့်တယ်နော်..."
"ငါ အမေ့ကို စိတ်ပျက်မသွားစေချင်ဘူး..."
ကျန်းရှောင်မန် သူမကို စိုက်ကြည့်လိုက်ပြီးနောက် မျက်စိမျက်နှာပျက် ဖြစ်နေေသာ ဝမ်ဟွေ့ကို ကြည့်လိုက်သည်။ ထို့နောက် "အိုး..." ဟုသာ သူမ အသံပြုလိုက်လေသည်။
"ချီမင်အထက်တန်းကျောင်းရဲ့ ဝင်ခွင့်အောင်ကြောင်း အသိပေးစာကို သမီး အစောကြီးကတည်းက ရပြီးပြီ..."
"အမေ သမီးအတွက်နဲ့ ပင်ပန်းသွားရပြီ...အခုလို လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်..."
"ဒါပေမယ့် သမီး အကုန် ဖြေရှင်းပြီးပြီ..."
လျန့်စစ်ယွီ ကြက်သေသေသွားကာ "ဘယ်လို....ဘာပြောလိုက်တယ်...."
လျန်စစ်ယွီ စိတ်မချမ်းမသာ ဖြစ်လာပြီး သူမမျက်နှာမှာလည်း ဖြူဖျော့ကာ တဖြည်းဖြည်းပြာနှမ်းလာသည်။ သူမထပ်ပြီး မပြုံးနိုင်တော့ဘူး။
မယုံနိုင်ဘူး...
ချင်းမင် အထက်တန်းကျောင်းရဲ့ ဝင်ခွင့်က အရမ်းမြင့်တာကို ဘယ်လိုလုပ် ချက်ချင်း ဝင်ခွင့်အကြောင်းကြားစာကို ထုတ်ပေးပါ့မလဲ...
လျန်စစ်ယွီ ရေနွေးတွေကို ပါးစပ်အပြည့်သောက်လိုက်ပြီး သွေးအန်မိလုနီးနီး အခြေအနေကို ထိန်းလိုက်ရသည်။
ထိုအချိန်မှာပဲ ဝမ်ဟွေ့ကတော့ သူမမျက်နှာပေါ်မှာ အမူအယာအမျိုးမျိုးရှိနေပြီး သတိထားပြီး မေးလာခဲ့သည်။
“ရှောင်မန်… တကယ်ပဲလား... ချင်းမင်အထက်တန်းကျောင်းကို ဝင်ခွင့်ရဖို့က တကယ်မလွယ်ဘူးနော်”...."
လျန်စစ်ယွီကလည်း ဆက်ပြီး ပြောသည်။
“ဟုတ်တယ် ညီမလေးရဲ့ ဒီနှစ်မှာ အွန်လိုင်းကနေ လိမ်လည်တဲ့လူတွေ ပေါလာတာ ဒါကြောင့် အလိမ်မခံရစေနဲ့နော်… တချို့လူတွေက အိုင်ကျူနိမ့်လွန်းတော့ အွန်လိုင်းကနေ ခဏခဏ အလိမ်ခံနေရတာလေ …သူများပြောသမျှ အရမ်းယုံလွယ်ကြတာပဲ”
“ဟုတ်လား...."
ရှောင်မိန်က ပြုံးလျက် ပြောလိုက်သည်။
“ ဒါဆို ညီမလေစက ဝင်ခွင့်စာမေးပွဲမှာ ထူးချွန်ကျောင်းသားတွေ အမှတ်ဘယ်လောက်ရလဲ မသိဘူးလောက်ပေါ့.... မမပြောသလို မမက ခက်ခက်ခဲခဲ အောင်ခဲ့တာဆိုတော့ Aနီးပါးရခဲ့တာပဲ ဖြစ်ရမယ်… ညီမလေးက နောက်ဆုံးမေးခွန်းမှာ ထပ်ပေါင်းထားတဲ့ ဂျီသြမေတြီမေးခွန်းကို မသိနိုင်လောက်ဘူးပေါ့… အဲ့တာက ပျောက်သွားတာမို့လို့လား..."
“ နင်… နင်ဘယ်လိုသိတာလဲ…”
လျန်စစ်ယွီမှာ အံ့အားသင့်လွန်းသဖြင့် ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ပေ။ သူမရဲ့ မျက်နှာက ပို၍ပင် အရုပ်ဆိုးလာသည်။
“ဘာလို့လဲဆိုတော့ ညီမလေးဖြေခဲ့တာမို့လေ...."
ကျန်းရှောင်မန် သူမပါးစပ်ကို အုပ်ထားလိုက်ရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“ ပြောပြမယ် နောက်ဆုံးအဖြေက နံပါတ်နှစ်လေ...."
“မဖြစ်နိုင်တာ...."
လျန်စစ်ယွီ စိတ်လှုပ်ရှားမှုကြောင့် ထိန်းမနိုင်ဘဲ အော်ဟစ်လိုက်ပြီး ထရပ်လိုက်သည်။
ဘယ်လိုဖြစ်နိုင်မှာလဲ...
ကျန်းရှောင်မန်က ဘာလို့ သိနေရတာလဲ...
ချင်းမင်အထက်တန်းကျောင်းရဲ့ အမှတ်ပေးစနစ်က တကယ့်ကို A A B B ပေါ်မှာအခြေခံထားတာဖြစ်ပြီး တိကျတဲ့ ရမှတ်တွေမရှိဘဲနဲ့ စာမေးပွဲမဖြေဖူးတဲ့သူတွေ သိစရာအကြောင်းမှ မရှိတာ။ ပြီးတော့ လျန်စစ်ယွီက နောက်ဆုံးထပ်ပေါင်းမေးခွန်းကို မဖြေနိုင်ခဲ့ဘူး။
နောက်ဆုံးတစ်ခေါက် အတန်းဖော်တစ်ယောက်နဲ့ အဖြေတိုက်ကြည့်တုန်းက အဖြေမှန်က တကယ်ကြီး 2 ဖြစ်နေတာ။
လျန်စစ်ယွီ ကျန်းရှောင်မန်ကို စိုက်ကြည့်ပြီး ဘာမှ ဆက်မပြောချင် တော့ပေမယ့်လည်း ဝမ်ဟွေးက သူမကို ဆူလိုက်တယ်။
“မဟုတ်တာတွေတွေးနေတာ တော်လိုက်တော့..... သမီးအစ်မလုပ်သမျှကို ဘာလို့ လိုက်ပြောနေရတာလဲ... ဒါကကောင်းတဲ့အရာပဲ မဟုတ်ဘူးလား… ထိုင်လိုက်တော့…”
ဝမ်ဟွေ့က သူမကို မျက်မှောင်ကြုပ်ကြည့်လိုက်ပြီး ဆူပူလိုက်သည်။ သူမတော်တော်လေး စိတ်မချမ်းမသာ ဖြစ်နေပြီ။
ရှောင်မန်က ကျောင်းဝင်ခွင့် အတွက် သူမရဲ့ ဦးလေးက ကူညီခဲ့တာလို့ ပြောခဲ့တဲ့အတွက် သူမမျက်နှာပျက်ရပေမယ့်လည်း ဒါက ကောင်းတဲ့ အရာပဲလေ။ စစ်ယွီက နေရာတိုင်းကို မလိုမုန်းထားနေပြီး သူမရဲ့ ရည်ရွယ်ချက်ကလည်း အရမ်းသိသာလွန်းတယ်။
ဝမ်ဟွေ့ ဆက်မကြည့်နိုင်တော့ဘဲ ထပြောလိုက်ရတယ်။
" သမီးအစ်မကို တောင်းပန်လိုက်...."
သူမက လျန်စစ်ယွီ ထငိုလိုက်မယ်လို့ မထင်ထားခဲ့ဘူး။ သူမအထင်မှားသွားခဲ့သည်။
xxxxxx
Chapter 317
လျန်စစ်ယွီက သူမကြီးပြင်းလာတဲ့ တစ်လျှောက်လုံး သူမအမေဆီက အဆူမခံခဲ့ရဘူး။ သူမက တောင်းပန်စကား မပြောဘဲ ကျန်းရှောင်မန်ကို စိုက်ကြည့်ပြီး ထငိုတော့တယ်။ “နင်ကျေနပ်ပြီလား...."
“….”
ကျန်းရှောင်မန်လေး တကယ့်ကို ဆွံ့အသွားပြီး ခေါင်းခါပြလိုက်တယ်။
“မရသေးဘူး…. မမက မတာင်းပန်သေးဘူးလေ… ညီမလေးက ဘာကို ကျေနပ်ရမှာလဲ...."
လျန်စစ်ယွီ ဒေါသထွက်ပြီး ပြေးထွက်သွားသည်။
သူမက အပေါ်ထပ်ကို တက်ပြေးသွားပြီး အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။ သူမရဲ့ ညစာကိုတောင် ပြီးအောင် စားမသွားခဲ့။
ဝမ်ဟွေ့နှင့် ကျန်းရှောင်မန်သာ မျက်နှာချင်းဆိုင် ကျန်နေရစ်နေခဲ့သည်။
ကျန်းရှောင်မန်က ဝမ်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး အပြစ်ကင်းတဲ့ ပုံစံလေးနဲ့ မေးလိုက်သည်။
“မေမေ သမီး တစ်ခုခုများ အမှားလုပ်မိလို့လား...သမီး မကောင်းတဲ့ စကားတွေလည်း မပြောမိပါဘူး..”
“အဆင်ပြေပါတယ်...."
ဝမ်ဟွေ့က ခြောက်ခြောက်ကပ်ကပ် ပြုံးလိုက်သည်။
“သမီးမမကို လွှတ်ထားလိုက်ပါ… သူက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရတော့ နည်းနည်းဆိုးတယ်… သမီးတို့ တဖြည်းဖြည်း အတူတူနေရင်းနဲ့ အချင်းချင်ခင်သွားကြမှာပါ....”
ကျန်းရှောင်မန်ကတော့ မလုပ်နိုင်ပါဘူးနော်....
“ဟမ့်..."
ထို့နောက် ထမင်းစားဖို့ရန်သာ သူမရဲ့ခေါင်းကို ငုံ့လိုက်တော့သည်။
ဝမ်ဟွေ့က ရှုပ်ထွေးနေသည့် အမူအယာနှင့် သူမကို ကြည့်ပြီး တီးတိုးပြောလိုက်လေသည်။ “ရှောင်မန် မေမေ့ကိုပြော သမီး ကျောင်းဝင်ခွင့် ဘယ်လို ရလာတာလဲ?”
“မေမေကမယုံဘူးလား သမီးလိမ်နေတယ်လို့ ထင်နေတာပေါ့လေ...."
“မေမေ ယုံပါတယ် ဘာလို့ မယုံရမှာလဲ...."
ဝမ်ဟွေ့က စိတ်ထိန်းလိုက်ပြီး သူမရဲ့ ကြင်ကြင်နာနာ အသံလေးနှင့်ပြောလိုက်သည်။
“တကယ်တော့ မေမေ အဲ့တာကို အရင်က မတွေးကြည့်မိလို့ သမီးရဲ့ သဘောကို အရင်မေးကြည့်တာပါ.. ရှောင်မန်က ဝင်ခွင့်အောင်သွားပြီ ဆိုတော့လည်း ကောင်းတာပေါ့… ရှောင်မန်က အရမ်းတော်တာပဲ.. မေမေ့ကို ပြောပြခဲ့ရမှာကို…”
“မေမေက မေးမှမမေးဖူးတာ…”
ရှောင်မန်က ထမင်းအများကြီး စားခဲ့သော်လည်း သူမအမူအယာတွေက အလွန်ညင်သာပြီး မြန်မြန်ဝါးနေသည်။ စားနေရင်းနဲ့လည်း သူ့ခေါင်းကိုမော့ပြီး သူမအမေကို စကားပြောဖို့ မမေ့ခဲ့ပေ။
ဒါက သူမ ယွီချင်းရှီနှင့်ရှိတုန်းက အလေ့အကျင့်ဖြစ်နေခဲ့သည့် ကျွမ်းကျင်မှုများ ဖြစ်သည်၊။
သူမရဲ့ပါးပေါ်က လှုပ်ရှားမှုလေးတွေကို ကြည့်ရတာ သူမမျက်လုံးထဲ အစားစားဖို့ပဲ ရှိတဲ့ပုံပေါ်နေသည်။ ဝမ်ဟွေ့ စကားတစ်ခွန်းပြောတိုင်း သူမပြန်ပြောသည်။ ဝမ်ဟွေ့ က ဒေါသမထွက်သော်လည်း မသက်မသာ ခံစားနေရသည်။
ဝမ်ဟွေ့ က သူမရဲ့ မျက်ရည်တွေကို မြန်မြန်သုတ်လိုက်သည်။ သူမက မသက်မသာ ဖြစ်နေသော်လည်း ဒေါသမထွက်နိုင်ပေ။ သူမက တစ်ချိန်ထဲမှာပင် သူမနှလုံးသားကနေ အဆင်မပြေမှုတွေ စိတ်ပင်ပန်းတာတွေ အပြစ်ရှိစိတ်တွေ ဝမ်းနည်းမှုတွေကိုရော မျိုးစုံ ခံစားနေရသည်။
“ရှောင်မန် မေမေပြောတာနားထောင်… နောက်ဆို လိုချင်တာမှန်သမျှ မေမေ့ကို ပြောနော်..”
“ဟုတ်...."
“ရှောင်မန် မေမေ့ကို ပြောကြည့်.. အခုဘာလိုချင်လဲဟင်... မေမေ လုပ်ပေးမယ်လေ…”
“ဘာမှမလိုပါဘူး...."
ဝမ်ဟွေ့ ဘာမှဆက်မပြောနိုင်တော့။
ခဏအကြာမှာတော့ ကျန်းရှောင်မန်က တိုးတိုးလေး ရေရွတ်လာသည်။
“ဘွားဘွားနဲ့ ဦးလေးကို တွေ့ချင်တယ်”
သူတို့ကို လွမ်းလှပြီလေ။
ဝမ်ဟွေ့က ဖျော့ဖျော့လေး ပြုံးလိုက်သည်။
“ရတယ်လေ… မေမေ စီစဥ်လိုက်မယ်…”
စကားပြောပြီးရင် ဖုန်းခေါ်ကြည့်ရမယ်။ သူမက တော်တော်လေးတက်ကြွတဲ့ လူမျိုးဖြစ်ပြီး ဆုံးဖြတ်ချက်လည်း မြန်မြန်ချလေ့ရှိသည်။
ဒါပေမယ့်လည်း….
ကျန်းရှောင်မန်က မျက်မှောင်ကြုံ့လိုက်သည်။
”သူတို့နဲ့အရင်ဆွေးနွေးဖို့ မလိုပါဘူး..သူတို့ရဲ့ အမြင်ကိုရော မေးပြီးပြီလား...."
ဝမ်ဟွေ့ရဲ့ နှုတ်ခမ်းပေါ်က အပြုံးမှာလည်း အေးခဲသွားလေသည်။
သူမက ဖုန်းကို ခက်ခက်ခဲခဲ ကိုင်ထားလိုက်ပြီး ခြောက်ကပ်ကပ် ပြုံးကာ ပြောလိုက်လေသည်။ “ဟုတ်သားပဲ.. မေမေ အမှားလုပ်မိပြီ… ရှောင်မန် ပြောကြည့် မေမေသူတို့ကို ဘယ်လို ဆက်သွယ်ရမလဲ.."
“သမီး သူတို့နဲ့ ပြောကြည့်လိုက်မယ်..."
ကျန်းရှောင်မန် ပြုံးသာ နေလိုက်သည်။
ထို့နောက် သူမက ညစာတဝကြီးစားခဲ့ပြီး ပျော်စရာကောင်းတယ် ဆိုရုံမျှသော နေ့လေးကို ဖြတ်သန်းခဲ့လေသည်။
အိပ်ခန်းထဲတွင်တော့ ကျန်းရှောင်မန် တစ်ယောက် အိပ်ယာပေါ်တွင် လိမ့်နေခဲ့ပြီး ဦးဦးစနစ်က ဘေးခန်းရဲ့ လှုပ်ရှားမှုများကို ပြောပြနေခဲ့သည်။
“ပိုင်ရှင်...သူငိုနေတယ်...."
“ပိုင်ရှင်…သူက ကြို့ထိုးလာတဲ့အထိကို ငိုနေတာ...."
“ပိုင်ရှင်..သူ တော်တော်လေး ဗိုက်ဆာလွန်းလို့ တကျီကျီ လုပ်နေတာ ဒါပေမယ့် စားဖို့ ငြင်းနေတုန်းပဲ...."
“ပိုင်ရှင်..သူ့ကို ဘယ်သူမှ လာမချော့ကြဘူး...."
ကျန်းရှောင်မန်က စိမ်ပြေနပြေ သက်ပြင်းချလိုက်သည်။
“သူ့ကြည့်ရတာ အရမ်း အင်အားကြီးမဲ့ ပုံစံလေးနဲ့ ကျန်းရှင်းဟွားထက်တောင် ထိလွယ်ရှလွယ် ဖြစ်နေသေးတယ်..”
ဘယ်လို နားလည်ရတော့မှာလဲ...သူမက အရမ်းငိုသွားပြီး မတောင်းပန်ခဲ့ဘူး....အရမ်းဗိုက်ဆာနေပေမယ့်လည်း မစားဘူးလေ...
ကျန်းရှောင်မန် တစ်ယောက် ရုတ်တရက် ဒါကြီးကအဓိပ္ပာယ် မရှိသလို ခံစားလိုက်ရတယ်။
ဦးဦးစနစ်က ခဏလောက် ငြိမ်နေပြီးမှ ဆက်ပြောလိုက်သည်။
“ပိုင်ရှင် ကလေးတိုင်းက မင်းလို မဟုတ်ဘူးလေ…”
ဆယ်ကျော်သက်ကာလမှာ ပုန်ကန်ထကြွတဲ့ကာလကို ဖြတ်သန်းပြီးမှ ဘဝရဲ့ တိုက်စားမှုဒဏ်ကို ခံရပြီး အရမ်းအင်အားကြီးလာမယ်။
“ဦးဦးက သမီးကို ဉာဏ်ကောင်းတယ်လို့ ထင်လား...."
“ဒါပေါ့.. ပိုင်ရှင်က ငါတွေ့ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံးပဲ ..ကမ္ဘာပေါ်မှာ မင်းထက် ဉာဏ်ကောင်းတဲ့သူ မရှိတော့ဘူး..”
ဦးဦးစနစ်ရဲ့ မြှောက်ပင့်နည်းတွေက ဆယ်နှစ်ကြာတာတောင် မပြောင်းလဲသေးဘူး။ ပြောင်းလဲသွားတဲ့ တစ်ခုတည်းသော အရာက သူ့ရဲ့ အသံအနိမ့်အမြင့်ပဲ။ ပိုပြီးတော့ မြှောက်ပင့်တတ်တဲ့ လေသံနဲ့ အာမေဋိတ်တွေအများကြီး ပါလာတာ။
"ဒါဆို ဉာဏ်ကောင်းတဲ့ ပိုင်ရှင်လေးရေ..ဘယ်တော့လောက် လူသတ်သမားကို ရှာမှာလဲဟင်..ငါတို့က မစ်ရှစ်ကြောင့် ရောက်လာတာလေ...”
ကျန်းရှောင်မန်လည်း တိတ်သွားသည်။ သူမမှာလည်း ဘာသဲလွန်စမှ မရှိပေ။
သူမက ဆရာဝန်လည်း မဟုတ်ဘဲနှင့် လူတစ်ယောက်ကို ဘာကြောင့် နေမကောင်းဖြစ်ရပါတယ်လို့ ဘယ်လိုပြောနိုင်ပါ့မလဲ။ ပြီးတော့လည်း သူမ ဘိုးဘိုးရဲ့ ဆေးစစ်ချက် မှတ်တမ်းကို ဖတ်ကြည့်ခဲ့တုန်းက အသက်ဆုံးစေလောက်တဲ့အထိ ပြင်းထန်တဲ့ ဘာပြဿနာကိုမှ မတွေ့ခဲ့အေ။
ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမှ မတွေ့ခဲ့ရခြင်းပင်။
xxxxxx
Chapter 318
ဤရောဂါက တော်တော်လေးကို ရှင်းမပြနိုင်လောက်အောင်ပဲ။ အဲ့တာက သူမရဲ့ “100% သေစေနိုင်တဲ့ကဒ်”လိုမျိုး ဆန်းကြယ်နေသည်။
ကျန်းရှောင်မန်တစ်ယောက် သူမရဲ့ ပါးလေးတွေကို ပွတ်ရင်းနဲ့ပဲ အရင်ဆုံး အိပ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
စနစ်ကတော့ အရမ်းအလျင်လိုနေတော့ ခဏလောက်စဥ်းစားနေလိုက်တယ်။ သူက ပိုင်ရှင်ကို အလုပ်လုပ်ဖို့ တိုက်တွန်းမယ့်အကြံနဲ့ ကျန်းရှောင်မန်အတွက် အချိန်အသိပေးချက်လုပ်ပေးလိုက်သည် :ဘိုးဘိုးရဲ့ သက်တမ်း 54ရက်သာ ကျန်တော့သည်။
ကျန်းရှောင်မန်တစ်ယောက် ချက်ချင်း မျက်စိကြောင်သွားပြီး အရမ်းစိတ်လှုပ်ရှားလာတဲ့ အတွက်ကြောင့် ထထိုင်ကာ တစ်ညလုံး စာဖတ်နေဖို့ပဲ စဥ်းစားလိုက်တော့သည်။
စနစ်: “………”
ကျန်းရှောင်မန်: “စာဖတ်ခြင်းက လူတွေကို အသိပညာတိုးစေတယ်”
“ဒါပေမယ့် ဒါက တာဝန်အတွက် အသုံးမဝင်ဘူးလေ...."
“ဒါက ဆေးပညာစာအုပ်လေ.. သမီးက အများကြီး မလုပ်နိုင်ရင်တောင် ပညာရှင်တွေရဲ့ အသိပညာတွေကို ကိုးကားကြည့်လို့ ရသေးတယ်လေ...."
“မင်းက နားလည်လို့လား...."
“နားမလည်ဘူး…ဒါကြောင့် အိပ်တော့မလို့...."
လျန်စစ်ယွီလည်း အိပ်မပျော်နိုင်ခဲ့ပေ။ ထို့ကြောင့် ညလယ်မှာ ထလာပြီး လျန်ယွမ်ချင်း ဆီကို ဖုန်းခေါ်လိုက်သည်။
လျန်ယွမ်ချင်းကလည်း ကုမ္ပဏီမှာပဲ ရှိနေသေးပြီး မအိပ်သေးသောကြောင့် ဖုန်းကို ချက်ချင်းပဲ ကိုင်လိုက်သည်။
“ဘာဖြစ်လို့လဲ...."
လျန်ယွမ်ချင်း က အလွန်အမင်းကို စိတ်မသက်မသာ ဖြစ်နေသည်။ သူ့ရဲ့ ညာဘက်မျက်ခွံက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက တစ်ချိန်လုံး လှုပ်ပြီးရင်းလှုပ်နေခဲ့တာ မကောင်းတာ တစ်ခုခုဖြစ်တော့မယ့် အတိုင်းပင်။
သူ ပျာယာခတ်သွားပြီး အရမ်းလည်း စိတ်ဓာတ်ကျသွားသည်။
“ဖေဖေ”
လျန်စစ်ယွီက ငိုနေခဲ့သည်။
“ဖေဖေ ဘာလို့ ပြန်မလာသေးတာလဲ...အိမ်က အဲ့ဒီ ကျန်းရှောင်မန်ကို မကြာခင် မိသားစုထဲ ထည့်တော့မှာ...."
ကျန်းရှောင်မန်အကြောင်း ပြောရရင် အဖေရော သမီးရောအတွက် နှလုံးရောဂါ ရစေနိုင်သည်။ ဒါကြောင့် သူမပြောလာသည့်အခါတွင် လျန်ယွမ်ချင်း မျက်ခုံးတွေ ပိုကြုံ့လာသည်။
“ဘာဖြစ်လို့လဲ...."
လျန်ယွမ်ချင်း၏ ပထမဆုံးအတွေးက သူမကောင်းကြောင်းတွေ သူမထုတ်ပြောလိုက်ပြီလား ဆိုတာကိုပင်။ သူက သူ့လက်ထောက်နှင့် ဖြေရှင်းပြီးပြီ ဆိုသော်လည်း ဒီကိစ္စကြီးက ပျောက်ကွယ်သွားတာ မဟုတ်သေးပေ။ ဒါကြီးက ဖြစ်ပြီးသား ကိစ္စ ဆိုပေမယ့်လည်း ကျန်းရှောင်မန် သူ့အကြောင်း မပြောဖို့ မတားနိုင်ချေ။
“သူက အဖေ့အကြောင်း မကောင်းတာပြောလို့လား...."
လျန်ယွမ်ချင်း သွေးတက်လုနီးပါးပင်။
“ သူက သမီးကို ဆိုးဆိုးဝါးဝါးတွေ ပြောခဲ့တာ....”
လျန်စစ်ယွီ မတတ်နိုင်တော့ဘဲ သူမမျက်လုံးတွေကို လှိမ့်လိုက်ပြီး ဆက်ငိုတော့သည်။
“သူ သမီးကို လှောင်တယ်..ပြီးတော့လည်း မေမေက သမီးဘက်ကမနေဘူး...."
လျန်ယွမ်ချင်းက ခဏလောက် တိတ်ဆိတ်သွားပြီးမှ သူ့မျက်ခုံးတွေ ပြေလျော့လာပြီး အလေးအနက် ပြောလိုက်သည်။
“ စစ်ယွီ သမီး အမေက သူ့ကို တအား ကာကွယ်နေတာ.. သူ့ကို အခုဆန့်ကျင်လို့ မဖြစ်သေးဘူး...."
“ဒါဆို သမီးက ဒေါသ ဆက်ထွက်ရမှာလား..."
“ဖေဖေ့စကားနားထောင်....'
လျန်စစ်ယွီ ငြိမ်သက်သွားသည်။ သူမအတွက် အသုံးဝင်မဲ့ အကြောင်းအရာ ဘာတစ်ခုမှ မရတော့လည်း ဖုန်းကို ဆက်ကိုင်ထားရုံသာ။ ဒါပေမယ်ြ တစ်ခုခုကို သတိရသွား၍ပြောလိုက်သည်။
“ ဖေဖေ.. မေမေက ကျန်းမိသားစုထဲက တစ်ယောက်ကို ဖိတ်နေတာ ကြားလိုက်တယ်... ဘိုးဘိုးတောင် ပြန်လာမှာတဲ့ မိသားစုတစ်ခုလုံး သူတို့ကို ဧည့်ခံရမှာ...."
ဒါကို အခုလေးတင် ဝမ်ဟွေ့ဆီကနေ နားစွန်နားဖျား ကြားခဲ့တာ ဖြစ်သည်။
လျန်စစ်ယွီက စိတ်ပြေသွားပြီး သူ့အမေကို လာချော့စေချင်ခဲ့သော်လည်း ထိုအကြောင်းကို ရုတ်တရက် ကြားလိုက်ရတဲ့ အချိန်မှာ ဝမ်းနည်းသွားခဲ့ရသည်။
“ကောင်းပြီ ဖေဖေ သိပြီ...."
လျန်ယွမ်ချင်း သူ့မျက်ခုံးများကြုံ့ထားသည်မှာ ယင်တစ်ကောင်တောင် သတ်မိလုနီးနီးပင်။
ခဏလောက် စဥ်းစားပြီးချိန်မှာတော့ သူ့ကုတ်အင်္ကျီကို ကုလားထိုင်ပေါ်မှ ကောက်ယူကာ ညနက်မှ အိမ်ကို ပြန်လာခဲ့သည်။
သူဆက်ပြီး ကြည့်မနေနိုင်တော့ဘူး။
တကယ်လို့ ကျန်းရှင်းနဲ့ ကျန်းဟွေ့မိန်သာ ရှိနေရင် သူ့အတွက် မကောင်းတာတွေပဲ ဖြစ်လာလိမ့်မည်။ ပြီးတော့ လူအိုကြီးသာ တကယ်ပြန်လာချင်လို့ဆိုရင် ပိုလို့တောင် မကောင်းတော့ပေ။
ဒါကိုတားမှ ဖြစ်တော့မယ်....
လျန်ယွမ်ချင်း မတားနိုင်ခဲ့ပါချေ။
နောက်တစ်နေ့မှာပဲ မစ္စတာဝမ်က ဆေးရုံဆင်းလာခဲ့သည်။ မိသားစုတစ်စုလုံး သေသေချာချာ ဝတ်ဆင်ထားကြပြီး ကျန်းရှင်းနဲ့ ကျန်းဟွေ့မိန်အတွက် ဟင်းပွဲမြောက်များစွာကိုလည်း အထူးတလှယ် ပြင်ဆင်ထားခဲ့ကြသည်။
ကြည့်ရတာ ကျန်းမိသားစုက အရမ်းအရေးကြီး ဧည့်သည် ဖြစ်မည့်ပုံပေါ်နေသည်။
လူအိုကြီးက အရမ်းကို အားအင်ပြည့်ဝနေပြီး လွန်ခဲ့တဲ့ရက်တွေမှာ နေမကောင်းဖြစ်နေခဲ့တာ သူမဟုတ်တဲ့ အတိုင်းပင်။
….ကြည့်ရတာအမြန်ပြကွက်များလား...
လျန်ယွမ်ချင်း မျက်မှောင်ကြုံ့မိသွားပြီး ဒါကိုလည်း ကောင်းတဲ့ကိစ္စလို့ပဲ သတ်မှတ်လိုက်ရမလားပင်မသိတော့အေ။ သူက ရှေ့တိုးကာ လူအိုကြီးရဲ့ ဝှီးချဲကို တွန်းလာခဲ့ပြီး သူနဲ့အတူ ခေါ်လာခဲ့သည်။
“အဖေ.. အခု အလုပ်ရှုပ်မခံနဲ့နော်.. နေမကောင်းဖြစ်သလိုခံစားရရင် ခဏနားနေလေ.. အဖေသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့ အဖေ့ကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး...."
လူအိုကြီးက သူ့ကို စိုက်ကြည့်လိုက်သည်။
“အရင်ကသာ အားလုံးအဆင်ပြေနေရင် ငါ့လိုလူအိုကြီးက အားလုံးလိုက်စိုးရိမ်နေစရာ လိုပါ့မလား...."
သူလုံးဝကို စိတ်မအေးနိုင်ခဲ့ပါချေ။
လျန်ယွမ်ချန်းက တန့်သွားပြီး တိတ်တိတ်ကလေး လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“အဖေ ကျွန်တော် အဲ့လို ဆိုလိုတာ မဟုတ်ပါဘူးဗျာ.. ကျွန်တော် အရင်က ကျန်းမိသားစုနဲ့ ဆုံဖူးပြီးသားမလို့ သူတို့နဲ့ ကောင်းကောင်း သိတယ်လေ.. ဧည့်ခံဖို့က ကျွန်တော့်တာဝန်ထားပါ..အဖေက အရင်ပြန်ပြီး အနားယူသင့်တယ်…”
“မဟုတ်သေးဘူး…သူတို့နဲ့ လူချင်းတွေ့ရမှ ဖြစ်မယ်.. သူတို့က ရှောင်မန်ကို စောင့်ရှောက်ထားတဲ့ ကျေးဇူးရှင်တွေပဲ.. သူတို့ကို ပေါ့ပေါ့တန်တန် ဆက်ဆံလို့ မဖြစ်ဘူး..”
မစ်စတာဝမ်က အလေးအနက်ပြောနေသောကြောင့် လျန်ယွမ်ချင်း ခမျာ ရွေးချယ်စရာ မရှိဘဲ သွားခွင့်ပြုလိုက်ရသည်။
မကြာမီပင် ကျန်းရှင်းနှင့် ကျန်းဟွေ့မိန်တို့ ရောက်ရှိလာသည်။
xxxxx
Chapter 319
ကျန်းဟွေ့မိန်က တမင်သက်သက်ကို အဝတ်အစားအသစ်များ ဝတ်ဆင်ထားပြီး ပြင်ဆင်ပြီးချိန်တွင် သူမက အရမ်းကို အင်အားပြည့်ဝနေသော အဘွားအိုတစ်ယောက်ပုံစံပေါ်နေသည်။ နှစ်ပေါင်းများစွာကြာပြီးချိန်မှာ သူမက ယဥ်ကျေးသိမ်မွေ့ရတာကို သဘောကျလာသောကြောင့် သူမရဲ့ အမူအယာများကလည်း တည်ငြိမ်အေးဆေးလာကာ ဆဲရေးတာမျိုးလည်း မလုပ်တော့ပေ။
အဘွားဝမ်က သူမကို အပြုံးလေးနှင့် ဆွဲခေါ်လိုက်ပြီး သူမကို စကားစပြောဖို့ ကြိုးစားပေမယ့်လည်း နှစ်ယောက်သား ဘာစကားမှ မပြောနိုင်ဘူး ဖြစ်နေသည်။ အဘွားဝမ်က စကားပြောဖို့ ဆက်မကြိုးစားတော့ဘဲ ကျန်းဟွေ့မိန်ကလည်း မပြောသည့်အတွက် နှစ်ယောက်သား အချင်းချင်းသာ ပြုံးပြနေကြလေသည်။
ကျန်းရှင်းနှင့် လျန်ယွမ်ချင်းအတွက်မူ ဘာပြောစရာမှ ရှိမနေပါချေ။
သူတို့က အရင်ကတည်းက အစေးမကပ်ကြတဲ့သူတွေပင်။
ကလေးအတွက်သာ မဟုတ်ကဲ့ပါလျှင် ကျန်းရှင်းက ဒီလူကို စိစိညက်ညက်ကြေအောင် လုပ်နိုင်ပေမယ့်လည်း ဒီနေ့မှာတော့ အောင့်သက်သက် ပြုံးပြနေရပြီး စိတ်ထဲမှာတော့ ယင်နှင့်ယန်လို ဆန့်ကျင်နေကြဆဲပင်။
အဆုံးမှာတော့ မစ္စတာဝမ်ရောက်လာမှသာ ကသိကအောက် အခြအနေမှ ကယ်တင်ခံလိုက်ရသည်။
လူအိုကြီးက ဝှီးချဲပေါ်မှာ ထိုင်ကာ အားနည်းတဲ့ ခန္ဓာကိုယ်ရှိပေမယ့်လည်း သူ့ရဲ့စိတ်ကတော့ ကြည်လင်ပြတ်သားနေဆဲပင်။ ဩဇာရှိတဲ့ ဟန်အမူအယာနဲ့ပဲ ကျန်းရှင်းနဲ့ ကျန်းဟွေ့မိန်ကို ကျေးဇူးတင်စကား ပြောကာ သူတို့က ပြန်ပြီး သေသေချာချာ ဧည့်ခံမည့်အကြောင်း ပြောလာသည်။ ပြီးတော့ ကျန်းမိသားစုလည်း အနီးအနားကို ပြောင်းလာပြီး ရင်းရင်းနှီးနှီး နေသင့်ကြောင်းလည်း ထပ်ပြောသေးသည်။
အိမ်ထဲဝင်လာပြီးနောက်မှာတော့ အတူတကွ စားသောက်ကြလေသည်။ ဘာပဲဖြစ်ဖြစ် ဒါက မိသားစုတစ်ခုပါပင်။ ရှောင်မန်က သူတို့မိသားစုနဲ့ ဝမ်မိသားစု နှစ်ခုလုံးရဲ့ကလေးပါပဲလေ။
ကျန်းဟွေ့မိန်က သတိထားနေဆဲပဲဖြစ်သည်။ သူမက ရှောင်မန်လေး အနိုင်ကျင့်ခံရပြီး ခက်ခက်ခဲခဲနေရမှာကို စိုးရိမ်နေခဲ့ရတာ။ ကြည့်ရတာတော့ လူအိုကြီးက နေကောင်းနေတာကို တွေ့မှ စိတ်သက်သာရာရသွားသည်။
ရှောင်မန်က သူမအဘိုး အချိန်သိပ်မရှိတော့ဘူးလို့ ပြောခဲ့သည်။ ဒါကြောင့်မို့လည်း ကျန်းဟွေ့မိန်က ကြင်ကြင်နာနာပြောလိုက်သည်။
“ရှင်ပြောတာကို ကြည့်ပါအုံး..ရှောင်မန်က အရမ်းလိမ္မာတဲ့ကလေးပါ… ရှင်တို့က ကောင်းကောင်းမွေးပေးခဲ့လို့ပဲ ဖြစ်ရမယ်...."
လူအိုကြီးကလည်းပြောလိုက်သည်။
“ခင်ဗျားတို့ ကလည်း ကောင်းကောင်း သင်ကြားပေးခဲ့ကြတာပါပဲ...."
နှစ်ယောက်သားက အပြန်အလှန် ချီးကျူးနေကြရင်းနဲ့ ပတ်ဝန်းကျင် အခြေအနေက တဖြည်းဖြည်း သဟဇာတ ဖြစ်လာသည်။
ကျန်းရှောင်မန်က သူတို့အတွက် လိမ္မော်သီးနှင့် ပန်းသီးများ အခွံခွာရင်း အလုပ်ရှုပ်နေခဲ့သည်။
လျန်စစ်ယွီက တိတ်တဆိတ် အံကြိတ်ကာ ငိုလုနီးနီး မျက်ရည် အပြည့်ဖြင့် သူတို့ကို ကြည့်နေခဲ့သည်။
ဘိုးဘိုးက သူမကို ဘယ်တုန်းကမှ မချီးကျူးပေးခဲ့ပေ။ အပြင်ပန်းမှာတော့ စည်းကမ်းကြီးတယ် ဆိုပေမယ့်လည်း တကယ်တမ်းက သူမအပေါ် အမြဲတမ်း အေးစက်နေခဲ့တာသာဖြစ်သည်။ လျန်စစ်ယွီ သူမအဘိုးကို တစ်ခါမှ မချွဲနွဲ့ရဲခဲ့ရသော်လည်း ကျန်းရှောင်မန်ကတော့ လုပ်နိုင်ခဲ့သည်။
သူမက မျက်လုံးထောင့်ကို မြန်မြန် သုတ်ကာ မျက်ရည်များကို ထိန်းထားလိုက်သည်။
သူမသာ အခုငိုလိုက်ရင် လူအများကြီးကို ဆန့်ကျင်လိုက်သလို ဖြစ်သွားမှာ....
သူမထိန်းထားဖို့လိုတယ်....
ထိုအချိန်မှာပဲ လူအိုကြီးနှစ်ယောက်က စကားကောင်းနေကြပြီး လူအိုကြီးဝမ်က မေးလိုက်သည်။
“အိမ်မှာ ခင်ဗျားနဲ့ ကျန်းရှင်း နှစ်ယောက်ထဲ နေတာလား...ဘယ်သူမှ မရှိဘူးပေါ့...."
“ဟုတ်တယ် ကျွန်မနဲ့ ကျန်းရှင်းပဲလေ...."
ကျန်းဟွေ့မိန်က ခေါင်းငြိမ့်ပြလိုက်ရင်း မျက်လုံးများ အနည်းငယ် ပူလာလေသည်။
“ကျွန်မခင်ပွန်းက စောစောပဲ ဆုံးသွားတာလေ…ကျွန်မက ကလေးနှစ်ယောက်ကို တစ်ယောက်တညိး ပျိုးထောင်ခဲ့ရတာ..”
“ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ပျိုးထောင်ခဲ့ရတာ လွယ်ကူခဲ့မှာ မဟုတ်ဘူး..”
မစ္စတာဝမ်က ပထမဆုံး ထောက်ခံလိုက်ပြီးနောက် တစ်ခုခုမှားနေသလို ခံစားရတာကြောင့် ဆက်မေးလိုက်သည်။
“ကလေးနှစ်ယောက်လား...."
“ကျွန်မမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတာလေ.... အကြီးဆုံးကလေးရဲ့ နာမည်က ကျန်းယွဲ့တဲ့.. ဒါပေမယ့် ကံမကောင်းရှာတော့ ဘဝက အဆင်မပြေခဲ့ဘူး ငယ်ငယ်ရွယ်ရွယ်ပဲ ဆုံးသွားခဲ့တာလေ...."
ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းတို့ရဲ့ အမူအယာက ပုံမှန်သာဖြစ်သည်။ သို့သော် ဝမ်မိသားစုမှာ ရှိတဲ့လူတိုင်းကတော့ ပြောင်းလဲသွားကြလေပြီ။
ကလေးတွေက ဘာတွေဖြစ်နေလည်း ဆိုတာကို မသိကြပေမယ့်လည်း လူကြီးတွေကတော့ အရောင်ပြောင်းလဲကုန်ပြီ။
အဘွားဝမ်ကမေးလိုက်သည်။
“ကျန်းယွဲ့...ရှင့်သမီးနာမည်က ကျန်းယွဲ့လား.... ဒါတိုက်ဆိုင်တာရော ဟုတ်ပါ့မလား..သူက ဒီမြို့မှာ တက္ကသိုလ် တက်ခဲ့တာလား...."
ကျန်းဟွေ့မိန်ကတော့ ဝမ်မိသားစု၏ တုံ့ပြန်မှုတွေကြောင့် နည်းနည်းတော့ လန့်သွားသည်။
သူတို့က ဘယ်လိုလုပ် ကျန်းယွဲ့ကို သိနေရတာလဲ....
သို့သော် ကျန်းရှင်းကတော့ သတိမမူမိဘဲ ဆက်ပြောလိုက်သည်။
“ကျွန်တော့်အစ်မက ဒီမြို့မှာ တက္ကသိုလ် တက်ခဲ့တာလေ.. သူက ကျွန်တော်တို့ရွာရဲ့ တစ်ဦးတည်းသော ကောလိပ်ကျောင်းသူပဲ… သူက အရမ်းတော်တာ..."
မဒမ်ဝမ်နဲ့ မစ္စတာဝမ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့မျက်နှာတွေ ထပ်ပြီး မတည်ငြိမ်နိုင်တော့ပေ။
မူလက သဟဇာတ ဖြစ်နေတဲ့ လေထုက ချက်ချင်းပဲ ဘဝင်မကျစရာ အခြေအနေသို့ ပြောင်းလဲကုန်သည်။ အခန်းတစ်ခုလုံး တိတ်ကျသွားသည်။
လျန်ယွမ်ချင်းက အခြေအနေကို တိတ်တဆိတ် စောင့်ကြည်နေရင်းက ရုတ်တရက် လှောင်ပြုံးပြုံးလိုက်လေသည်။ သူ့ခေါင်းထဲ အကြံတစ်ခုပေါ်လာလေပြီ။
ကမ္ဘာကြီးက တကယ် ကျဥ်းကျဥ်းလေးပင်ဖြစ်သည်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ တကယ်မမျှော်လင့်ထားခဲ့ပေ။ သူတို့က ကျန်းယွဲ့ရဲ့ မိသားစုတွေဖြစ်ပြီး ကျန်းယွဲ့ကလည်း သေသွားပြီဖြစ်သည်။
ဒါဆို ပိုလွယ်သွားတာပေါ့။
xxxxxxx
Chapter 320
မစ္စတာဝမ်က ပြောလိုက်သည်။
."ကျန်းယွဲ့က ကျွန်တော် ထောက်ပံ့ပေးခဲ့ဖူးတဲ့ ကျောင်းသူတစ်ယောက်ပဲ.. သူကကျောင်းမှာ အရမ်းကို ကြိုးစားတာလေ.. အဲ့အချိန်တုန်းက သူဘွဲ့ရရင် ကျွန်တော့်ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ သဘောတူထားခဲ့တာ.. သူက ကျွန်တော့်သမီးရဲ့ ညာလက်ရုံး ဖြစ်လာခဲ့ပေမယ့် စိတ်မကောင်းစရာက..”
ပြီးတော့ ကျန်းယွဲ့ ပျောက်သွားခဲ့တယ်...
မစ္စတာဝမ်က အရမ်းဝမ်းနည်းနေတုန်းပင်။
“ဒါ.. ပြီးတော့.. ဒါက..."
ကျန်းဟွေ့မိန်က တစ်ခုခုမှားနေမှန်း သတိထားမိသွားပြီး တစ်စုံတစ်ရာကို ခန့်မှန်းမိသလိုပင်။ “ဘာဆက်ဖြစ် သွားလဲ...."
“ဘာဖြစ်ရမှာလဲ... ကျွန်တော်တို့ကမှ ခင်ဗျားကို မေးရမဲ့ဟာလေ...."
လျန်ယွမ်ချင်းက မူလတုန်းက ပန်းသီးခွာနေတာ ဖြစ်သော်လည်း ထိုအချိန်မှာပဲ ရုတ်တရက် သစ်သီးဓားကို ပန်းသီးမှာ စိုက်လိုက်လေသည်။ ဓားသွားက ပြောင်လက်နေကာ အေးစက်စက် အလင်းရောင် ထွက်ပေါ်လာသည်။ သူက သူ့အသံကို ပိုမြှင့်လိုက်သည်။
“ကျွန့်တော့် အဖေက ကျန်းယွဲ့ရဲ့ ကြိုးစားမှုတွေကို သဘောကျခဲ့လို့ ငွေကြေးရော အရင်းအမြစ်တွေရော ထောက်ပံ့ပေးခဲ့တာ သူ့ကို မြှင်တင်ပေးဖို့ အဖေက အကောင်းဆုံး လုပ်ပေးခဲ့ရပြီးတော့ အလားအလာရှိတဲ့သူ အနေနဲ့ ပျိုးထောင်ပေးခဲ့တာကို နောက်ဆုံးကျတော့ရော... ဘာတစ်ခွန်းမှမပြောဘဲ ပျောက်သွားတယ်လေ ကျွန်တော်တို့ ကလေးကိုပါ ခိုးသွားသေးတယ်…”
ကျန်းရှင်းရဲ့ မျက်နှာ မဲမှောင်လာသည်။
“သေချာမသိဘဲ မစွပ်စွဲနဲ့…ငါ့အစ်မက အဲ့လို လူမျိုး မဟုတ်ဘူး...."
“မဟုတ်ဘူးပေါ့... ဒါဆို ရှောင်မန် ခင်ဗျားတို့ဆီ ဘယ်လိုရောက်လာလဲ ရှင်းပြစမ်းပါ… ကျန်းယွဲ့သာ လက်စားချေဖို့ ကလေးကို ခိုးမသွားခဲ့ရင် ရှောင်မန်က ခင်ဗျားတို့အိမ်မှာ ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာပါ့မလဲ....”
လျန်ယွမ်ချင်းရဲ့ မျက်လုံးတွေ နီရဲနေတာ ကျန်းရှင်းထက်တောင် ပိုဒေါသထွက်နေပုံရပြီး စွပ်စွဲလိုက်သည်။
“ခြေလှမ်း တစ်ထောင်လောက် ဆုတ်ရင်တောင် ကလေးကို ကျန်းယွဲ့က မခိုးရင် ကျုပ်တို့ မိသားစုမှာ ကလေးပျောက်သွားတာကို သူသိရဲ့နဲ့ ဘာလို့ ကျုပ်တို့ကို အကြောင်းမကြားရတာလဲ.... သူမလုပ်လို့ ဘယ်သူလုပ်မှာလဲ....."
“စောင့်နေ.. ကလေးပြန်ပေးဆွဲမှုနဲ့ ခင်ဗျားတို့ကို ဖမ်းဖို့ ရဲစခန်းကို ဖုန်းဆက်ရမယ်...."
လျန်စစ်ယွီက ပြောတဲ့အတိုင်းပဲ ရဲဆီ ဖုန်းခေါ်လိုက်လေသည်။
လျန်ယွမ်ချင်း မူလက ရဲခေါ်ဖို့ လုပ်ခဲ့သော်လည်း ရဲစခန်းက ဖုန်းမကိုင်ခင်မှာပင် မစ္စတာဝမ်ရဲ့ တားဆီးခြင်းကို ခံလိုက်ရသည်။
“ယွမ်ချင်း...စိတ်လိုက်မာန်ပါ မလုပ်နဲ့.. နားလည်မှုလွဲတာလည်း ဖြစ်နိုင်တာပဲ...."
လျန်ယွမ်ချင်း စကားပြောဖို့ စိတ်မပါတော့ဘဲ အရင်ဦးဆုံး ဖုန်းချလိုက်ရသည်။ တကယ်က သူ ထိုလူနှစ်ယောက်ကို သဘာဝကျကျပဲ စွဲချက်တင်ပြီး အပြစ်ဖို့ဖို့ လုပ်ခဲ့သည်။ ကျန်းယွဲ့ သေပြီဆိုမှတော့ ဘာသက်သေမှ မရှိတော့ဘဲ အရာအားလုံး ဖြေရှင်းဖို့ အရမ်းလွယ်ကူသွားလေပြီ။
ယောက္ခမနဲ့ သမက် အတွေးမတူတာကတော့ စိတ်မကောင်းစရာပင်။
ကျန်းဟွေ့မိန်က လျန်ယွမ်ချင်း၏ စွပ်စွဲချက်တွေကို ကြားတဲ့အခါမှာ ဒေါသထွက်လွန်းလို့ အသက်ရှူရပ်မတတ်ပဲ။
ကျန်းယွဲ့ အသက်ရှင်နေတုန်းက သူမအတွက် ရတနာလေး ဖြစ်ခဲ့ပေမယ့် သူမသေသွားတော့ ကျန်းဟွေ့မိန် နှလုံးသားထဲမှာ ဆူးတစ်ချောင်းလို စိုက်နေခဲ့တာ။
ဒါကို မပြောနဲ့အုံး... သူမကို လာပြီး ရေဆိုးတွေလာ လောင်းချနေတာကို ဒေါသမထွက်ဘဲ ဘယ်နေနိုင်ပါ့မလဲ....
ကျန်းဟွေ့မိန်က လျန်ယွမ်ချင်းကို စိုက်ကြည့်လိုက်ပြီး အံကြိတ်ကာ ဒေါတတကြီး ပြောလိုက်သည်။
“ ငါ့သမီးအကြောင်း ငါကောင်းကောင်း သိတယ်.. သူက လိမ္မာတဲ့ ကလေးပဲ.. ငယ်ငယ်လေးကတည်းက ဘာမကောင်းတာမှ မလုပ်ဖူးဘူး.. ဒီလိုကိစ္စကိုလည်း သူလုပ်မှာ မဟုတ်ဘူး...."
လျန်ယွမ်ချင်းက လှောင်ရယ်ရယ်လိုက်သည်။
“ဘယ်သူ သိမှာလဲ... အမေတိုင်းက ကိုယ့်ကလေးကိုတော့ အကောင်းမြင်ကြတာပဲ.. မဟုတ်လို့လား..”
“နင်…”
ကျန်းဟွေ့မိန် သူမအင်္ကျီလက်တွေကို ခေါက်တင်လိုက်ပေမယ့်လည်း ဘာမှမလုပ်ရသေးခင် ကျန်းရှင်းက ဝင်တားလိုက်သည်။
သူ့အမေက သွေးဆူလွယ်တယ်... သူသတိထားမှ ဖြစ်မယ်...
“လျန်ယွမ်ချင်း သူများအပေါ် ထင်ယောင်ထင်မှား ဖြစ်အောင် အပြစ်ပုံချဖို့ လုပ်မနေနဲ့.. ငါ့အစ်မက… ငါ့အစ်မ ရှောင်မန်ကို ခေါ်လာကတည်းက ကလေးကို သမီးအရင်းလို ဆက်ဆံခဲ့တာ.. ဘယ်တုန်းကမှ မမျှမတ မလုပ်ဖူးဘူး.. တကယ်လို့ မင်းသာ ကလေး တစ်ယောက်ကို ပြန်ပေးဆွဲခဲ့တယ်ဆိုရင်လည်း ကလေးကို နာကျင်အောင် မလုပ်ဘဲ နေပါ့မလား...."
“ကလေးကို ခိုးသွားတာ ဒါမှမဟုတ် ပြန်ပေးဆွဲတာသာ မဟုတ်ရင် သူကဘာလို့ ကလေးကို ခေါ်သွားရတာလဲ.... ရီစရာပဲ ငါတို့ကို သုံးနှစ်သားများ မှတ်နေလား...."
လျန်ယွမ်ချင်း က မစ္စတာဝမ်ကို လှည့်ကြည့်လိုက်သည်။
“အဖေ...တစ်ခုခု ပြောပါအုံး.. ဒီကိစ္စကို ဒီအတိုင်းကျော်သွားလို့ မဖြစ်ဘူးလေ...ဒီနှစ်တွေမှာ ကျွန်တော်တို့ ကလေးကို ဘယ်လောက် လွမ်းနေခဲ့ရလဲ...ဒါတွေအားလုံး ကျန်းယွဲ့ကြောင့်ပဲ..ဟုတ်တယ်မလား...."
လူအိုကြီးဝမ်ကတော့ သေချာစဥ်းစားကြည့်ပေမယ့်လည်း ဘာမှ ပြောမထွက်လာပေ။ ခေါင်းငိုက်စိုက်ချပြီး တွေးတောနေသည်။
အခန်းက အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်သွားခဲ့ပြီးမှ ကျန်းရှန်းက သူမျက်နှာကို ပွတ်လိုက်ကာ လျန်ယွမ်ချင်းစကားတွေကို ဆက်ပြီး ငြင်ခုံတော့သည်။
“ဒီမှာ လျန်မျိုးရိုးနဲ့လူ... ခင်ဗျားပြောသလိုဆို ကျုပ်အစ်မ ကျန်းယွဲ့ကို အစကတည်းက သင်္ကာမကင်း ဖြစ်နေတယ်ဆိုလည်း ဘာလို့ ရှောင်မန်ဆီကို လာပြီး သူ့ကို ပြန်ပေးဆွဲရတာလဲ.... ခင်ဗျားဒါကို ဘယ်လို ဖြေရှင်းမလဲ.... ဒါမှမဟုတ် ခင်ဗျား အစကတည်းက အမှန်တရားကို သိနေတာပဲ ဖြစ်ရမယ်.. ရှောင်မန်ကို ခင်ဗျားကလေးမှန်း သိနေပေမယ့် အသိအမှတ်မပြုချင်ဘူးမလား... ရှောင်မန်ကို အစတည်းက မြင်ဖူးပြီး သိလည်း သိနေတာပဲ.. ခင်ဗျားက ခင်ဗျားကလေးကို အရမ်းချစ်တယ်ဆိုပြီး ကလေးကိုကျ ဘာလို့မမှတ်မိရတာလဲ.... ဆိုးလိုက်တာ...."
ဟေး ငါ့အပေါ် ရေဆိုးတွေ လောင်းချင်တယ်ပေါ့....
အခု မင်းအလှည့်ပဲ....
“ဘာ...."
ဝမ်ဟွေ့ သူမမျက်နှာ လုံးဝပြောင်းလဲသွားကာ ထရပ်လိုက်သည်။
ဝမ်မိသားစုမှာ ရှိတဲ့ လူတိုင်းက လျန်ယွမ်ချင်းကို ရန်လိုနေတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လိုက်ကြသည်။
လျန်ယွမ်ချင်းရဲ့ ခြေထောက်တွေ အားနည်းလာပေမယ့်လည်း သူ တပ်ဆုတ်လိုက်လို့ မဖြစ်သေးပေ။ ဖြစ်ပြီးသားက ပြီးပြီးသားအရာတွေသာဖြစ်သည်။
“ခင်ဗျား မဟုတ်တာတွေ မပြောနဲ့ ...."
လျန်ယွမ်ချင်း ပြောလိုက်သည်။
“ခင်ဗျားကမှ လိမ်နေတာ မဟုတ်ဘူးလား...."
ကျန်းရှင်းက နှစ်ခါမျှ ရယ်မောလိုက်သည်။
“ကျွန်တော့ကို မယုံရင် သူ့ရဲ့မှတ်တမ်းကို ရှာကြည့်လို့ရတယ်…သူသုံးလလောက် ထိန်းသိမ်းခံလိုက်ရတယ်မလား... သူ့မျက်နှာပေါ်က အမာရွတ်တွေနဲ့ သူ့ခြေထောက်ပေါ်က ဒဏ်ရာတွေက သက်သေပဲ… ကျွန်တော်နဲ့ လိုက်ပြီး ဒေသရဲစခန်းက ပြစ်မှုမှတ်တမ်းကို ရှာကြည့်လို့ရတယ်လေ ဒါဆို ရှင်းသွားမှာပဲ…”
လျန်ယွမ်ချင်း ဒေါသကြောင့် တုန်ယင်နေလေပြီ။
ဒါက သူအကြောက်ဆုံးအရာသာဖြစ်သည်။
xxxxxxx