အပိုင်း ၃၃၁-၃၃၅
Viewers 18k

Chapter 331


အတန်းပိုင်က ကျောင်းပြောင်းကျောင်းသားကို အတန်းထဲခေါ်လာသည်။


"ကျောင်းသားတို့ တိတ်တိတ်နေကြမယ်...."

အတန်းပိုင်ကပြောလိုက်သည်။

"ဆရာတို့ရဲ့ အတန်းဖော်အသစ်လေးရောက်လာပြီ...."


လူတိုင်းခေါင်းမော့ကြည့်လိုက်ပြီး အတန်းပိုင်အနောက်ရှိကောင်လေးမှာ အရပ်ရှည်ကာ ပိန်ပါးသောကောင်လေးတစ်ယောက်ဖြစ်ကြောင်း ရှာတွေ့သွားကြသည်။ ထိုကောင်လေး၏ သူငယ်အိမ်တို့ကနက်မှောင်နေပြီး စိတ်သဘောထားကလည်း အေးစက်လေကာ ချောမောလှသည့်မျက်နှာတွင် တုံဏှိဘာဝေအမူအယာရှိနေသည်မှာ အတော်လေးမျက်စိဖမ်းစားဖွယ်ဖြစ်နေသည်။


ရှေ့ဆုံးတန်းတွင်ထိုင်သည့်ကောင်လေးက ခဏမျှမှင်သက်သွားပြီးနောက်တွင် လွှတ်ခနဲပြောမိသွားသည်။

"ဖက်ခ်... ကောင်ချောလေးက ပိုကောင်းတယ်ဟ....."


စာသင်ခန်းတစ်ခုလုံးက အလွန်တိတ်ဆိတ်နေလေရာ တစ်ခန်းလုံးက သူ့အသံကိုကြားလိုက်ရသည်။


အခြေအနေတစ်ခုလုံးက အလွန်အမင်းရှက်ဖွယ်ကောင်းနေပြီး အတန်းပိုင်ဆရာက ထိုကောင်လေးကိုစိုက်ကြည့်လိုက်သည်။


သို့သော် အတော်လေး အလိုက်သိပြီး ခြေတစ်လှမ်းနောက်ဆုတ်ရမည့်အချိန်ကိုသိလေရာ သူကဦးဆောင်၍ ရှက်ဖွယ်အခြေအနေကို ပြောင်းလဲလိုက်သည်။

"ကြိုဆိုပါတယ်.... ကြိုဆိုပါတယ်.... နွေးထွေးစွာကြိုဆိုပါတယ်...."


သူကဦးဆောင်လိုက်သည်နှင့် အခန်းထဲတွင်မိုးခြိမ်းသံတမျှသော လက်ခုပ်တီးသံနှင့် ကြိုဆိုသံများထွက်ပေါ်လာသည်။


"ကောငိးပြီ.... ကောင်းပြီ.... လူတိုင်းကအရမ်းကို စိတ်အားထက်သန်နေကြတာပဲ... ကျောင်းသားသစ်လေးကြောက်သွားပါဦးမယ်...."

အတန်းပိုင်က အလွန်စိတ်ကျေနပ်သွားပြီး သူတို့ကို လက်ခါရမ်းပြကာ ကျောင်းပြောင်းကျောင်းသားကို သူ့ကိုယ်သူမိတ်ဆက်ရန်သာပြောလိုက်သည်။


ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ခြင်းဆိုသည်မှာ သင်ဘယ်အတန်းကိုရောက်ရောက် မရှိမဖြစ်လိုအပ်သည့်အရာတစ်ခုပင်။


ကျောင်းပြောင်းကျောင်းသားမရောက်ခင်က ကျန်ကျောင်းသူကျောင်းသားများက သူတို့ကိုယ်သူတို့မိတ်ဆက်ပြီးဖြစ်၍ သူတစ်ယောက်သာကျန်တော့သည်။


ကျောင်းပြောင်းကျောင်းသား၏ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်မှုက အတိုချုံးသာဖြစ်သည်။


"အားလုံးပဲ မင်္ဂလာပါ...."

ထို့သို့ပြောပြီး သူ့မျက်လုံးများက တစ်ခန်းလုံးကိုခြုံကြည့်လိုက်ကာ အကြည့်ပြန်ရုတ်သိမ်းလိုက်ပြီးဆက်ပြောလေသည်။

"ငါ့နာမည်က ယွီချင်းရှီပါ... ကူညီစောင့်ရှောင့်ပေးကြပါဦး....."


လူတိုင်း လက်ခုပ်တီးကြသည်။


အရမ်းမိုက်တာပဲ....


အတန်းပိုင်က ဦးဆောင်၍ နွေးထွေးစွာ ကြိုဆိုလေသည်။


ကျောင်းပြောင်းကျောင်းသားက အတော်လေးတိတ်ဆိတ်နေပြီး နွေးထွေးလှသည့်လေထုတွင် သက်တောင့်သက်သာရှိနေပုံပင်။ ကျန်းရှောင်မန် အကြည့်လွဲသည်လားတော့မသိ သူ့ကိုထပ်တွေ့ချိန်တွင်အရင်ကထပ် ပို၍ သုန်မှုန်လာသည်ဟု ခံစားနေရသည်။


ပို၍ အထီးကျန်ဆန်လာသလိုပင်။


ထို့အပြင် သူမကိုယ်ပေါ်ကျရောက်နေသည့် ယွီချင်းရှီ၏ အကြည့်များကြောင့် ကြက်သီးပင်ထလာရသည်။


ကြောက်ဖို့ကောင်းလိုက်တာ....


ကျန်းရှောင်မန် ဇက်ကလေးပုသွားကာ ယွီရှင်းချီကို မျက်နှာချိုသွေးသလိုပြုံးပြလိုက်သည်။


ထို့နောက်တွင်....


သူက အကြည့်လွှဲသွားလေသည်။


သူမကိုမကြည့်တော့ပေ။


အတော်လေးဝေးနေသော်လည်း ကျန်းရှောင်မန်က ယွီချင်းရှီ ဟမ့်ဟူ၍ နှာမှုတ်လိုက်ကြောင်း ၁၀၀%သေချာသိနေသည်။


သူအတော်လေးဒေါသထွက်သွားပုံပင်။ ကျန်းရှောင်မန် နောင်တရသွားရသည်။


"ကောင်းပြီ... အတန်းဖော်တို့ရေ အတန်းဖော်အသစ်လေးမှာ ထိုင်စရာ ထိုင်ခုံနဲ့ စားပွဲခုံနေရာမရှိသေးဘူး... ဘယ်သူများသူ့ကိုကူညီပေးနိုင်မလဲ...."


ချီမင်အထက်တန်းကျောင်းက တစ်ယောက်ထိုင် ထိုင်ခုံနှင့်စားပွဲတစ်စုံစီ ထားသည့်ကျောင်းဖြစ်သည်။ လူသစ်တစ်ယောက်ထပ်ရောက်လာလျှင် ကျောင်းစတိုခန်းသို့သွားကာ ကိုယ့်ဘာသာ သွားယူရမည်သာဖြစ်သည်။


ထိုကဲ့သို့ လေးလံသည့်ပစ္စည်းများရွှေ့ပြောင်းခြင်းက ယောက်ျားလေးများ၏ခေါင်းပေါ်သို့ ကျလာလေသည်။


အလုပ်ကြိုးစားသည့် အရပ်ရှည်ရှည်ကျောင်းကော်မတီဝင်က ကူညီရန်လက်ထောင်ခါနီးတွင် သူ့အရင်လူတစ်ယောက်က ဦးအောင်လက်ထောင်လိုက်သည်။


"သမီး...."

ကျန်းရှောင်မန်က လက်ထောင်လိုက်သည်။

"ဆရာ သမီးသွားမယ်....." 


"သမီး... သမီးသွားမလို့လား...."

အတန်းပိုင်က မသေချာမရေရာဖြစ်နေသည်။ ကျန်းရှောင်မန်၏ ပိန်သွယ်သွယ်ခြေထောက်နှင့် လက်မောင်းများကိုကြည့်ပြီး ဘယ်လောက်အားရှိမလဲဟု တွေးလိုက်မိသည်။


ဂရုစိုက်တတ်သည့် စိတ်အခံရှိသည့် အတန်းပိုင်ကပြောလိုက်သည်။

"စတိုခန်းကဒီနဲ့အတော်လေးဝေးတယ်... ပြီးတော့ စားပွဲနဲ့ထိုင်ခုံကလည်း အလေးကြီးလေ.... ယောက်ျားလေးအတန်းဖော်တွေကိုပဲဘာလို့ လုပ်ခွင့်မပေး....."


သူ့စကားမဆုံးမှ ကျန်းရှောင်မန်၏ ပိန်ပါးပါးလက်မောင်းလေးများက စာအုပ်များအပြည့်ဖြစ်နေသည့် သူမ၏ စားပွဲခုံကိုမလိုက်သည်။


ခေါင်းအပေါ်ထိပါ မပြလိုက်သည်။


အတန်းပိုင် "!!!!!"


ကျောင်းသူကျောင်းသားများ: "ဝါး......"


"ဆရာ သမီးမနိုင်ပါတယ်...."

ကျန်းရှောင်မန်က သူ့ရင်ဘတ်သူပုတ်ပြလိုက်သည်။


အတန်းပိုင်ဆရာမှာ ဘာမှပြောစရာမရှိတော့၍ သူမကို ယွီချင်းရှီကို ခေါ်သွားခိုင်းလိုက်ရတော့သည်။


"ကောင်ချောလေးတွေက ပိုနာမည်ကြီးတာပဲ...."

ရှေ့ဆုံးတန်းမှကောင်လေးက ထပ်ပြောလိုက်မိသည်။

"မထင်မှတ်ထားစွာနဲ့ ကျောင်းပန်းပွင့်လေးကပါ သူ့မျက်နှာမှာကျရှုံးသွားရတော့တာပဲ...."


လေသံက အတော်လေး ကျင့်သားရနေဟန်ပင်။


တက်ကြွသည့် ဆယ်ကျော်သက်ကောင်လေး ကောင်မလေးများက အတွေးအခေါ်များဆန့်ကျင်ဘက်ဖြစ်ကြသော်လည်း လှပသောအတွေးအခေါ်လေးများရှိကြသည်။ ချီမင်ကျောင်းသားများကလည်း လှပသည့်အရာများကို သဘောကျလေသည်။


ကျန်းရှောင်မန်က ကျောင်း၏ထိပ်ဆုံးအတန်းတွင် သူမကိုယ်သူမ မိတ်ဆက်ပြီးကတည်းက ယောက်ျားလေးများက သူမကို အတန်း၏ပန်းပွင့်လေးအဖြစ် သတ်မှတ်ပြီးသားဖြစ်လေသည်။


အတန်း၏ပန်းပွင့်လေးက အမြဲတမ်းတစ်ယောက်တည်းဖြစ်နေတတ်သလို စိတ်ထားလေးကလည်းလှ၍ လူတိုင်းကသူမကို အေးစက်သည့်မိန်းမလှလေးဟု ထင်ခဲ့ကြပြီး မည်သူမှသူမကို စကားမပြောရဲပေ။


သို့သော်ယနေ့တွင် ထိုအေးစက်စက်အလှလေးက ပထမဆုံးတွေ့ဖူးသည့် ယွီချင်းရှီဆိုသည့်ကောင်ချောလေးကို လက်ဦးမှုရယူ၍ စကားပြောခဲ့သည်။


ဒါ အရမ်းမြန်မြန်ကြီးချစ်မိသွားတာမျိုးမဟုတ်ဘူးလား....


အား......


မျက်နှာချောချောလေးပဲရှိတာမဟုတ်ဘူးလားလို့....

xxxxxxx


Chapter 332


စာသင်ဆောင်မှထွက်လာပြီးနောက်တွင် ကျန်းရှောင်မန်၏ နောက်ကျောမှကြက်သီးတို့ထနေဆဲဖြစ်သည်။


သူမ ယွီချင်းရှီကိုကြည့်လိုက်ချိန်တွင် သူ၏မျက်နှာတွင် မပျော်ဘူး ဟူသောစာလုံးကိုရေးထားသလိုပင်။ စိတ်မကျေနပ်နေမှန်းသိသာလှ၍ ချော့ရန်လိုအပ်နေလေသည်။


"နင်ဘာလို့ဒီကိုရောက်နေတာလဲ...."

ကျန်းရှောင်မန်က နူးညံ့သည်ထက်နူးညံ့အောင်မေးလိုက်သည်။ သူမ၏ အပြစ်ကင်းစင်သည့်မျက်နှာလေးကိုကြည့်ရသည်မှာ အတော်လေးအဆင်မပြေဖြစ်နေသည့်ပုံပင်။


လုပ်ပြီ.....


အား... နင်အခုထိ.. အား...


ယွီချင်းရှီ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

"ငါရောက်ချင်လို့ရောက်နေတာ....."


သူဤနေရာကို လာချင်၍လာခြင်းဖြစ်သည်။ အခြားရည်ရွယ်ချက်မရှိသလို သူမကြောင့်လာခြင်းလည်းမဟုတ်ပေ။ အရာအားလုံးက တိုက်ဆိုင်သည်သာဖြစ်ပြီး ကျန်းရှောင်မန်ကို ဤနေရာ၌တွေ့ရသည်မှာ အတော်လေးကောင်းပေသည်။


ကျန်းရှောင်မန် လက်မလျော့ပဲ ထပ်မံ၍ ငြင်သာပျော့ပြောင်းစွာမေးလေသည်။

"ငါ့ကိုသတိရနေလို့လား....."


"မရဘူး...."

ယွီချင်းရှီက ပြင်းပြင်းထန်ထန်တုန့်ပြန်လေပြီး သူ့မျက်နှာက နီရဲလာကာ အံတင်းတင်းကြိတ်၍ပြောလေသည်။

"နင် အရှက်ကိုမရှိဘူး...."


"..."


ရှောင်မန်အတော်လေး မတရားခံလိုက်ရသလို့ ခံစားလိုက်ရသည်။


သူမကဘာလို့ အရှက်မရှိဖြစ်သွားရတာလဲ...


 ဘယ်နေရာမှာအရှက်မရှိဖြစ်သွားရတာလဲ....


"ငါနင့်ကို သတိမရပါဘူး... ငါ့ကိုသတိရနေတာကနင်ပဲ... မဟုတ်ရင် ငါ့ကိုဘာလို့ဖုန်းဆက်မှာလဲ...."

ယွီချင်းရှီက အနိုင်ရရှိသွားသလိုခံစားလိုက်ရပြီးအတော်လေး တည်ငြိမ်သွားသည်။

"ဒါပေမဲ့ ငါကအရမ်းအလုပ်ရှုပ်တော့ ဖုန်းကိုင်ဖို့ အချိန်မရှိလိုက်ဘူးလေ...."


"နင်ဘာတွေလုပ်နေလို့လဲ...."

ကျန်းရှောင်မန် ဆက်မေးသည်။


"ဒီအတိုင်း... ဟိုဟိုသည်သည်အလုပ်ရှုပ်နေတာ...."

ယွီရှင်းချီကပြောသည်။

"ဘာပဲဖြစ်ဖြစ် နင်သွားနေတုန်း ငါ့မှာအချိန်ကောင်းလေးတွေရှိခဲ့တယ်..."


"တကယ်လား....."

ကျန်းရှောင်မန် သူ့ကို အမှန်ပြောဆေးရည်ပါ တိုက်ချင်သွားသည်။


ထိုအချိန်တွင် ယွီချင်းရှီက သူ့ဗိုက်သူကိုင်ထားပြီး ထုတ်မပြောမိရန်ကြိုးစားနေသည်။


"တကယ်...."


လမ်းတစ်လျောက်တွင် နှစ်ယောက်သား စကားပြောလာကြပြီး နောက်ဆုံးတွင် စတိုခန်းသို့ရောက်လာတော့သည်။


စတိုခန်းထဲတွင် ပစ္စည်းများစွာရှိပြီး တစ်နှစ်ပတ်လည်းမဖွင့်ရသေး၍ ဘာပစ္စည်းတွေမှန်းဘယ်သူမှမပြောနိုင်ကြပေ။ တံခါးပွင့်သွားသည်နှင့် ဖုန်များပျံ့လွင့်လာပြီး ရှောင်မန်ကိုအဆက်မပြတ် နှာချေသွားစေသည်။


ယွီချင်းရှီသူ၏ ခြေတံရှည်များကို ဆန့်ထုတ်ရင်းလမ်းလျှောက်လိုက်ရန် ပြင်လိုက်ချိန်တွင် သူ့ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ခြင်းခံလိုက်ရသည်။


သေးကွေး၊ ပိန်သွယ်ကာ နူးညံ့သော အထိအတွေ့နှင့်.....


၎င်းက ကျန်းရှောင်မန်၏လက်ပင်။


သူဘာတွေလုပ်နေတာလဲ...


ငါ့ကိုနေ့ခင်းကြောင်တောင်ကြီးမှာ လာဖက်နေတာလား....


ဘာလို့လာဖက်တာလဲ...


အသားယူနေတာလား...


ဟာသလာလုပ်နေတာလား....


ယွီချင်းရှီ၏ဦးနှောက်က ဗလာဖြစ်သွားသော်လည်း မျက်စိတစ်မှိတ်အတွင်း သူ့တွင်တွေးရန်ပင်အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရှောင်မန်၏လက်များက အမြင်ထက်အတော်ကြီးကို သန်မာလေသည်။


သူမက သူ့ခါးကိုဖက်လုနီးပါးဖြစ်သွားပြီး သူ့ကိုနောက်သို့ဆွဲပြီး... ဆွဲပြီး...


ဆွဲပြီး တံခါးပေါ်တွင်ဖိလိုက်သည်။


သူဘာတွေလုပ်ဖို့ပြင်နေတာလဲ....


Kabedonလုပ်မလို့လား....

(Japan animeတွေမှာပါနေကြပုံစံမျိုးပါ။ ကောင်မလေးကိုနံရံမှာကပ်ပြီး ကောင်လေးကနံရံကိုလက်တစ်ဖက်ထောက်တဲ့ပုံစံလေး)


တကယ့်ကိုအရှက်မရှိဘူးပဲ...


မိန်းကလေးဆိုတိုင်း လုပ်ချင်တာလုပ်လို့မရဘူးကွ.... ကျန်းရှောင်မန်ရ...


သူမ သူ့ကိုသတိရနေကြောင်းသိသော်လည်း..... 

ဒီလို မလုပ်... မလုပ်နဲ့လေ....


ယွီချင်းရှီ၏ဦးနှောက်လေးထဲတွင် နတ်ဘုရားများနှင့်လူသားများ ရန်ပင်ဖြစ်နေကြလေပြီး အတွေးများကလည်း ဟိုရောက်သည်ရောက်ဖြစ်နေသည်။ သို့သော် အမှန်တကယ်တွင် သူ့တွင် ဘာအမူအယာမှမရှိပေ။


သူ့မျက်နှာကသာ ချက်ချင်းကြီးနီရဲလာသည်။


နီရဲလွန်း၍ သူ့နားရွက်များက သွေးပင်ထွက်လုနီးနီးပင်။


ကျန်းရှောင်မန်က သူနှင့်နီးသည်ထက် နီးလာပါသောအခါတွင် ယွီချင်းရှီ... သူ... သူ မျက်လုံးသာမှိတ်ချလိုက်သည်။


"ဟေး.... အရမ်းကြောက်နေတာလား.. မျက်လုံးတွေတောင်မှိတ်ကုန်ပြီ....."

ကျန်းရှောင်မန် အသက်ရှူသံရပ်သွားပြီး ရုတ်တရက်သူ့နားပိုကပ်လာသည်။

"မကြောက်နဲ့နော်.... ငါကာကွယ်ပေးပါ့မယ်...."


"?????"


ယွီချင်းရှီမျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများရှိ စိတ်အားထက်သန်မှုတို့က အငွေ့ပျံသွားလေသည်။


"ဒီမှာကြွက်တွေရှိတယ်လေ....."

ကျန်းရှောင်မန်ပြောလိုက်သည်။

"ငါအရင်တစ်ခေါက်လာတော့ အတူတူလာတဲ့ကောင်မလေးတွေက ကြွက်တွေတွေ့ပြီးအော်လိုက်ကြတာများတအားပဲ.. နင်ဒီမှာစောင့်နေနော်... ငါချက်ချင်းပြန်လာခဲ့ပါမယ်...."


ပြောပြီးထွက်သွားလေသည်။


အထဲတွင် စားပွဲခုံရွေ့သံကဲ့သို့ အသံမျိုးစုံထွက်ပြီးနောက်တွင် ကျန်းရှောင်မန်က ယွီရှင်းချီအတွက် ထိုင်ခုံနှင့်စားပွဲခုံများရွေးချယ်ပေးပြီးလေပြီး အပြင်သို့ဆွဲထုတ်လာလေသည်။ ဖုန်များစွာဖုံးလွှမ်းနေ၍ တစ်ရှူးအစိုကိုထုတ်ကာ ဟိုဟိုသည်သည်သုတ်ပြီး အစက်အပျောက်ပင်မကျန်အောင်သုတ်ပေးလိုက်သည်။ ထို့နောက်တွင် ယွီချင်းရှီကိုကြည့်လိုက်သည်။

"ကြည့်လိုက်....သန့်ရှင်းသွားပြီ... မဟုတ်လား...."


ယွီရှင်းချီသူမကို လျစ်လျူရှုထားလိုက်သည်။


သူ၏ မျက်နှာက မဲမှောင်နေပြီး အနည်းငယ်ရှက်နေသလိုဒေါသထွက်နေသည့်ပုံပေါက်နေသော်လည်း ခဏအကြာတွင် ပုံမှန်လိုဖြစ်သွားသည်။


ကျန်းရှောင်မန်က နားလည်သလိုပြုမူလိုက်သည်။

"လျှောက်မသွားနဲ့နော်... ငါကျောင်းဆေးခန်းသွားပြီး နင့်အတွက် ပိုးသတ်ဆေးတစ်ပုလင်းယူပေးမယ်...."


ဤအသန့်ကြိုက်ရောဂါက အလွန်ဆိုးသည်။ သူကဤစားပွဲကို မသန့်ရှင်းဟုထင်နေလောက်သည်။


"မလိုဘူး...."

ယွီချင်းရှီအံကြိတ်လွန်း၍ သွားပင်ကျွတ်လုနီးနီးပင်။

"ပြန်ကြမယ်...."


ကျန်းရှောင်မန်က အလောတကြီးဆက်ပြောသည်။

"တွန်းအားပေးစရာမလိုပါဘူး... ဒါမှမဟုတ်ငါနင့်ကို ငါ့ခုံပေးမယ်လေ.... လဲသုံးကြတာပေါ့...."


"ဟင့်အင်း....."

ယွီချင်းရှီ စားပွဲကိုကောက်မကာ ထွက်သွားပြီး သူမကို ထိုင်ခုံအပေါ့လေးတစ်ခုသာချန်ပေးပြီး ပြေးထွက်သွားလေသည်။


ကျန်းရှောင်မန်က နှုတ်ခမ်းလေးထော်ကာ ခဏမျှစဉ်းစားပြီး နားမလည်နိုင်တော့၍ သူ့နောက်သာလိုက်သွားခဲ့သည်။ သို့သော် ထိုအချိန်တွင် ယွီချင်းရှီအမူအရာကစိတ်ပျက်နေသည်ဟူသော စကားကိုမရေးထားရုံတမယ်ဖြစ်နေပြီး ကျန်းရှောင်မနိကို လုံးဝလျစ်လျူရှူထားသည်။


"စနစ်... သူဘာတွေတွေးနေလဲပြောပြပါလားဟင်...."

ကျန်းရှောင်မန်စနစ်ကို အကူအညီတောင်းလိုက်ည်။


စနစိက ဖြောင့်မတ်စွာပြောလိုက်သည်။

"မရဘူး.... စနစ်က အဲ့လိုကိစ္စတွေမလုပ်နိုင်ဘူး..."


အမှန်ပဲ... သင်သာလူများ၏အတွေးကိုဖတ်တာက စည်းကမ်းဖောက်ပြီး ညစ်တာပဲလေ....

xxxxx


Chapter 333


ကျန်းရှောင်မန် အတော်လေးစိတ်ရှုပ်သွားပြီး စနစ်ကို ယွီချင်းရှီသူမအပေါ်ထားသည့် နှစ်လိုမှုအမှတ်ကိုပြောပြခိုင်းလိုက်သည်။ စနစ်က အရင်ကလည်း ယွီချင်းရှီ၏ နှစ်လိုမှုအမှတ်ကိုတိုက်ရိုကိပြဖူးပြီးဖြစ်လေသည်။ ၎င်းက စနစ်၏လုပ်နိုင်စွမ်းထက်မပို၍ ၎င်းသာသဘောမတူပါက ခြိမ်းခြောက်ရန်ပါပြင်ထားပြီးလေပြီ။


ကျန်းရှောင်မန်ခြိမ်းခြောက်ရန်ပင် မပြင်ရသေးမီ စနစ်က ချက်ချင်သဘောတူလိုက်သည်။ သို့သော် စနစ်က ယွီချင်းရှီ၏ နှစ်လိုမှုအမှတ်က လုံးဝမပြောင်းလဲဘဲ သူမထွက်သွားစဉ်ကထက်ပင် မြင့်ကြောင်းပြောလေသည်။


ဒါဆိုဘာလို့ စိတ်ဆိုးနေရသေးတာလဲ....


ကျန်းရှောင်မန်နားမလည်တော်၍ စနစ်ကိုသာအကူအညီဆက်တောင်းလေသည်။

"တကယ်တော့ မင်းသူ့အတွေးတွေကို တိုက်ရိုက်ကြည့်လို့မရပေမဲ့ နည်းနည်းအရိပ်အမွက်လေးလောက်တော့ ပြောပြနိုင်ပါတယ်..."


စနစ်က ခဏမျှအကြပ်ရိုကိသွားလေပြီး လောကစည်းမျဉ်းများကိုဖောက်ဖျက်မိမည်စိုး၍ အမြန်သာပြောလိုက်သည်ည

"ယခုလက်ရှိ ယွီချင်းရှီရဲ့စိတ်အခြေအနေက မိုးအုံ့နေပါတယ်...."


"......"

၎င်းက ယေဘုယျဆန်လွန်း၍ စနစ်မပြောပြလျှင်ပင် ကျန်းရှောင်မန်သိလေသည်။


အိုး.. ငါဘာများလုပ်နိုင်ဦးမှာလဲ...


ကျန်းရှောင်မန်ဒေါသတကြီးပြောလိုက်သည်။

"အရမ်းကို အကြမ်းထည်ဆန်လွန်းတယ်လေ... ပိုပြီးတိတိကျကျပြောသင့်တာပေါ့... အနည်းဆုံးတော်အသံလေးဘာလေး ပေးလေ...."


စနစ်က သူမကိုမရှုပ်ရဲ၍ တစ်စုံတစ်ခုကိုသာ အဆက်မပျက်ပြလေတော့သည်။


"ယခုလက်ရှိ ယွီချင်းရှီ၏ စိတ်အခြေအနေ :

oooooooooooo....."


"..."


"ပိုင်ရှင်... ငါအသံပေးတယ်နော်...."


ကျန်းရှောင်မန်က စနစ်ကိုမမှီခိုတော့ပဲ သူမဘာသာအဖြေထုတ်ရန်ဆုံးဖြတ်လိုက်တော့သည်။ စနစ်က သုံးမရပေ။


သူမယွီချင်းရှီနောက်ကိုပြေးလိုက်ပြီး သူ့လက်ကိုကိုင်၍ပြောလိုက်သည်။

"ငါနင့်ကိုအရမ်းသတိရနေတာ... နင်ကတော့ငါ့ကိုသတိမရဘူးတဲ့... တကယ်တော့ ငါမနေ့ညကနင့်ကိုအိပ်မက်မက်လို့ ကျောင်းဆင်းရင်ဖုန်းဆက်မလို့တောင်လုပ်သေးတယ်... ဒါပေမဲ့ နင်ကတော့ ငါ့ကိုလျစ်လျူရှူနေတယ်...."


"အား...... ပိုင်ရှင်ရေ.... ရသွားပြီ...."


"ယခုလက်ရှိယွီချင်းရှီ၏စိတ်အခြေအနေ :

ကောင်းကင်ကြီးက သာယာပြီး နေကလည်းသာတယ်.... နေကနေပဲ... နေကအရမ်းပျော်နေတော့ ပွက်ပွက်ပါဆူနေတယ်...."


ကျန်းရှောင်မန် "....."


ကျန်းရှောင်မန်  ယွီချင်းရှီ၏မျက်နှာကို စေ့စေ့စပ်စပ်  ကြည့်လိုက်ရာ  ပုံမှန်မဟုတ်သည့်အရာ ဘာတစ်ခုမှမရှိသည်ကို တွေ့ရှိခဲ့သော်လည်း ယခုအချိန်တွင် စနစ်က သူ ရွှင်မြူးနေပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။


နားမလည်ဘူး...ငါ တကယ်နားမလည်ဘူး...


ယောက်ျားလေးတွေက ဒီလိုပဲခွကျကြတာလား...


ကျန်းရှောင်မန်  ထိုကိစ္စကို  လောလောဆယ် ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်၏။ ယွီချင်းရှီ က အမြဲတမ်းဤသို့ပင်။ သူ့စိတ်က တက်လိုက်ကျလိုက်နှင့် ရာသီဥတုထက်တောင်ပိုပြီးအပြောင်းအလဲမြန်သေးသည်။ 


သို့ပေမဲ့ အကုန်လုံး သိပ်ကိုကောင်းလွန်း၏။ ကြောက်စရာမဟုတ်ပါချေ။ 


နောက်ဆုံးတွင် စားပွဲကို စာသင်ခန်းသို့ရွှေ့ပြီးနောက် ကျန်းရှောင်မန်  စာသင်ခန်းကို တစ်ချက်ကြည့်ပြီး သူ့ခုံအနောက်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ 

"ဒီနေရာလား....."


ယွီချင်းရှီ  စကားမပြောခင်  သူထပ်ပြီး ခွတီးခွကျဖြစ်မှာ စိုးသဖြင့် ကျန်းရောင်မန် ချက်ချင်းဆက်ပြောလိုက်၏။

"ငါနင်နဲ့ခုံချင်းကပ်ရပ်ထိုင်ချင်တယ်...."


တစ်ယောက်ထိုင် စားပွဲသာမဟုတ်ပါက စားပွဲတစ်ခုတည်းမှာထိုင်ရလည်း အဆင်ပြေလေသည်။


"အွန်း...."

ယွီချင်းရှီ ကမန်းကတန်း ခေါင်းညိတ်ပြ လိုက်သည်။


ကျန်းရှောင်မန် ခေါင်းခါလိုက်ပြီး သူ့အား စားပွဲခုံနှင့် ထိုင်ခုံများကို စီစဥ်ခိုင်းလိုက်၏။


နောက်အချိန်က သင်္ချာဖြစ်လေသည်။ ယွီချင်းရှီက ကျောင်းသုံးစာအုပ် မရသေးသည့်အတွက် ကျန်းရှောင်မန်  သူ့ကို ကျောင်းသုံးစာအုပ်မျှသုံးရန် ရက်ရက်ရောရော ဖိတ်ကြားခဲ့သည်။ ယွီချင်းရှိ ထပ်ပြီးကိုးရိုးကားယားဖြစ်သွားပြီး  သူ့နားရွက်တွေ နီသွားသည်။


သို့သော်လည်း ကျန်းရှောင်မန်အနေဖြင့် သင်ခန်းစာကောင်းကောင်းရထားပြီးဖြစ်လေရာ  သူ့ကို ပြန်ပြောလာသည်ကို မစောင့်ဘဲ ဆက်တိုက်ဆက်ပြောလိုက်၏။ 

"ငါ တောင်းဆိုတာပါ...."


"အွန်း...."


စနစ်က ပြောလာသည်။

"ပိုင်ရှင်...ယွီချင်းရှီရဲ့ နေရောင်ခြည် အညွှန်းကိန်း ပေါက်ကွဲတော့မယ်...."


ကျန်းရှောင်မန် : “…”


နေရောင်ခြည်အညွှန်းကိန်းသည် စနစ်မှတီထွင်ထားသော နာမ်တစ်ခုဖြစ်၏။ ၎င်းသည် *နေသာအရုပ်နှင့် တူညီသောသဘောသဘာဝရှိပြီး စိတ်ခံစားချက်ကိုဖော်ပြရန်အသုံးပြုလေသည်။

(T/N–sunny doll= နေသာအရုပ်တွေက ဂျပန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေထဲကတစ်ခုပါ။ အဖြူရောင်အဝတ်စ ဒါမှမဟုတ် စက္ကူနဲ့ပြုလုပ်ထားပြီး နောက်တစ်နေ့ နေသာဖို့ရာမျှော်လင့်ချက်နဲ့ တံစက်မြိတ်မှာ ချိတ်ဆွဲထားလေ့ရှိကြပါတယ်။)


နေရောင်ခြည်အညွှန်းကိန်းပေါက်ကွဲခြင်းဆိုသည်မှာ ယွီချင်းရှီ၏ စိတ်ခံစားချက်က လက်ရှိတွင် ပျော်ရွှင်မှု ပူပေါင်းလေးတွေ ပလုံစီနေရုံမျှလောက်မရိုးရှင်းရုံသာမက ယင်းပလုံစီနေသော ပျော်ရွှင်မှုများက ပွက်ပွက်ဆူတော့မည်ဟူသော သဘောပင်။


ဒီဟာနဲ့ပတ်သတ်ပြီး ဘာလို့ဒီလောက် ပျော်နေရတာလဲ...


ဟေ့... ငါနားမလည်ဘူး... ငါတကယ်နားမလည်တော့ဘူး...


​ကျန်းရှောင်မန် ယွီချင်းရှီ၏ စိတ်အခြေအနေကိုတွေးမနေတော့ဘဲ အတန်းကိုပဲ အာရုံစိုက်လိုက်သည်။ သူတို့နှစ်ဦးသည် တူညီသောစာအုပ်၊ စာရွက်ကြမ်းတစ်ခုတည်းကို အသုံးပြုကြပြီး ခေါင်းနှစ်လုံးကို ပူးကပ်ထားကာ အလွန်ရင်းနှီးနေဟန်ရှိလေ၏။ 


ကျန်းရှောင်မန်နှင့် ယွီချင်းရှီအတွက်မူ ဤအရာက သာမန်အကျဆုံးအရာဖြစ်သည်။ သူတို့ ငယ်ငယ်ကတည်းက ဤသို့ပင်ရှိနေခဲ့ကြ၏။ စာအုပ်တစ်အုပ်တည်းကိုအတူတူသုံးပြီး အတူတူဖတ်ခဲ့ကြခြင်းနှင့်ပတ်သတ်၍  မရေမတွက်နိုင်သောနမူနာများရှိလေသည် (အရင်က မရေမတွက်နိုင်လောက်အောင် အတူတူသုံးကြဖတ်ကြဖူးသည်)။ သို့သော် သစ္စာမရှိသော ဘေးလူများ၏ အမြင်တွင်မူ ထိုသို့ မဟုတ်ပေ။


ကျောင်းများတွင် ဆဲလ်ဖုန်းများကို ခွင့်မပြုထားသော်လည်း အများအားဖြင့် ကျောင်းသားများ၏ ကိုယ်ပိုင်လက်ထဲတွင် ဆဲလ်ဖုန်းရှိကြသည်။ မူဝါဒ နှင့် တန်ပြန်မှုရှိသည့်အရာတွေ အများကြီးရှိ၏။ ထို့အပြင် ကျောင်းစဖွင့်သည်မှာ မကြာသေးသည့်အတွက်  ကျောင်းသားအချို့က အားလပ်ရက်များထဲတွင် နှစ်မြုပ်နေကြဆဲဖြစ်ပြီး ပြန်လည်ရုန်းထွက်နိုင်ခြင်းမရှိပေ။ ယင်းတို့ကို အတန်းထဲသယ်လာခြင်းသည်ကား ဖြစ်နေကျပင်။

xxxxxxx


Chapter 334


ဆရာမက အာရုံစိုက်မနေသည့်အချိန်မှာ မိန်းကလေးတစ်ယောက်က သူမ၏လက်ကိုင်ဖုန်းကို တိတ်တဆိတ်ထုတ်ပြီး  ကျန်းရှောင်မန်နှင့်ယွီချင်းရှီ  အတူတူထိုင်နေသည့်ပုံကို ရိုက်လိုက်သည်။ သူမ၏ရှုထောင့်မှ ရိုက်ထားသော ဓာတ်ပုံများတွင် ကျန်းရှောင်မန်၏ဘေးတိုက်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး  ယွီချင်းရှီကမူ နောက်စေ့တစ်ခြမ်းသာ ပါလေ၏။


ရိုက်ကူးအပြီးတွင် သူမ၏မိန်းကလေးသူငယ်ချင်းများထံ လျှို့ဝှက်ပေးပို့လိုက်သည်။


လျှို့ရွှမ်: [စီယု စီယု... ငါတို့အတန်းထဲမှာ အပြောင်းအရွှေ့ကျောင်းသားအသစ်တစ်ယောက်ရှိတယ်... အပြောင်းအရွှေ့ကျောင်းသားက အရမ်းချောတယ်... ချောလွန်းလို့ ငါခြေထောက်တောင်မစေ့နိုင်တော့ဘူး 】


လျှို့ရွှမ်: [ကံမကောင်းစွာနဲ့ပဲ တချို့လူတွေက အရှက်မရှိတဲ့အတွက် အရင်စလုပ်ကြ​တယ် လေ... ခွေးကိုလျှက်နေတာက အိမ်ကောင်းမဖြစ်နိုင်ဘူးလိုမျိူး ပုံစံဖြစ်နေတဲ့ သူ့ ကိုကြည့်ပါဦး ]

(တအားကပ်ဖားရပ်ဖားလုပ်နေတော့ မိန်းမကောင်းမဖြစ်နိုင်ဘူးလို့ဖြစ်နိုင်)


လျှို့ရွှမ် : [အခုလေးတင် အတန်းဟောင်းက ကောင်လေးတွေကို အပြောင်းအရွေ့ကျောင်းသားကို  စားပွဲထိုင်ခုံတွေ ကူရွှေ့ဖို့ပြောလိုက်တာနဲ့ သူက ရှက်နေတဲ့မျက်နာနဲ့သွားထိုင်တယ်...တကယ်ကို မျက်နှာပြောင်တာပဲ... နောက်တော့ အပြောင်းအရွှေ့ ကျောင်းသားကို သူနဲ့အတူ အတန်းတက်ခွင့်ပေးဖို့ ငါဆင်ခြေတစ်ခုပေးလိုက်တယ်]


လျှို့ရွှမ်: [အပြောင်းအရွှေ့ကျောင်းသားလိုမျိုး  ရိုးသားတဲ့ လူတော်လေးကလည်း သူရဲ့ မျက်နှာအစစ်ကို မမြင်နိုင်တာလေ... ဟုတ်တယ်မလား]


လျှို့ရွှမ် : [ငါ့အမြင်အရ သူ့မျက်နှာက အဆင်ပြေရုံပဲ... နင်လောက်မလှပါဘူး...ငါတို့အတန်းထဲက ယောက်ျားလေးတွေက သူ့ကို နတ်ဘုရားမလို့ ကွယ်ရာမှာခေါ်ကြတာ... ရွံရှာစရာကောင်းလိုက်တာ... အခုတော့ သူတို့နတ်ဘုရားမက ညနေခင်းပွဲတော်ကို အာမမခံနိုင်ဘူး...သူတို့က လူတွေကို ပြောင်ပြောင်တင်းတင်း ပါးလျက်နားလျက်လုပ်နေကြတယ် ဟီးဟီး]


[ပုံ.jpg] [ပုံ.jpg]


ပုံထဲမှာ ကျန်းရောင်မန်နှင့်ယွီချင်းရှီတို့က သာမန်အတိုင်း လူနှစ်ယောက်ပင်။ လျှို့ရွှမ်၏ရိုက်ကူးမှုသည် အလွန်မှုန်ဝါးနေသော်လည်း လျန့်စီယု  ကျန်းရှောင်မန် ၏မျက်နှာကို မှတ်မိသည်။


လျန့်စီယုက အမြဲတမ်း ကျောင်းသူကောင်းတစ်ယောက် အသွင်အပြင်ရှိသူဖြစ်ပြီး သူမသွားလေရာရာ၌  ညီအစ်မငယ်တစ်သိုက်ရှိပြီး လျှို့ရွှမ် ကဲ့သို့သော ခွေးတစ်ကောင်ကား မရှိမဖြစ်ပါပင်။ 


လျှို့ရွှမ်၏ ခွေးခြေထောက်များ နေရာယူထားသောကြောင့် လျန့်စီယု  သူမနှင့် အကောင်းဆုံးဆက်ဆံရေးရှိလေသည်။


မူလက လျန့်စီယု  သူမ၏ ကျောင်းသူကောင်းပုံစံကို ဆက်လက်ထိန်းသိမ်းထားလိုပြီး အတန်းထဲမှာ သူမ၏ လက်ကိုင်ဖုန်းကို မထိသော်လည်း  ကျန်းရှောင်မန်၏မျက်နှာကို ပြေးမမြင်မိဘဲမနေနိုင်ပေ။


သူမ ခြေဆောင့်ကာ ရယ်မောမိ၏။


ထူးခြားတဲ့အပြောင်းအရွေ့ကျောင်းသား...ဒီလူလား...


တကယ်စိတ်ဝင်စားစရာကောင်းတာပဲ...


အင်အားကြီးတဲ့  ဇာတ်ကောင်လို့ ထင်ခဲ့ပေမဲ့  စွဲလန်းမိသွားမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...


တခါတစ်ရံ လျန့်စီယု  ကျန်းရှောင်မန်က နားမလည်နိုင်လောက်အောင် ဖြူစင်ပြီး ရိုးအသည်ဟု ထင်မိသော်လည်း သူမ လုပ်လိုက်သည့်အရာများနှင့် သူမပြောသောစကားများက လူတွေကို သေလောက်အောင် ကြောက်သွားစေနိုင်သည်။


သို့သော် ထိုအခိုက်အတန့်တွင် လျန့်စီယု အတော်လေးအဓိပ္ပါယ်မရှိသော ခံစားချက်ကို ခံစားလိုက်ရသည်။


တစ်ဖက်လူ၏ နားမလည်နိုင်သော အစိတ်အပိုင်းက သူမဘာသာ ဦးနှောက်ဖြင့် ဖန်တီးထားခြင်း သို့မဟုတ်  ကျန်းရှောင်မန်ကိုယ်၌က  အမှန်တကယ်ကို ဝါဂွမ်းတွေပြည့်နေသည့် ကောက်ရိုးအိတ်ကြီးဖြစ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အရင်က သူမလုပ်ခဲ့သောအရာတွေက သူမနောက်ကွယ်က ကျွမ်းကျင်သည့်လမ်းညွှန်မှုကြောင့်သာ ဖြစ်နိုင်၏။ 


လျန့်စီယု ဤရက်ပိုင်း သူမအပေါ် ဖိထားသည့် တောင်တန်းများ ပျောက်ကွယ်သွားသလိုခံစားလိုက်ရပြီး ကျေနပ်စပြုလာသည်။


ခဏလောက်စဉ်းစားပြီးနောက် သူမ လျှို့ရွှမ်ကို  မက်ဆေ့ခ်ျကို အမြန်ပြန်ရိုက်ပို့လိုက်၏။


လျန့်စီယု  : [ဒီကောင်မလေး... ဒီကောင်မလေးက ကျန်းရှောင်မန်လို့ခေါ်တာလား...】


လျှို့ရွှမ်: [ဟမ်...နင်ဘယ်လိုသိတာလဲ...】


လျန့်စီယု : [သူ့ကို ငါအရင်ကတည်းကသိတယ် [ရယ်မောနေ, jpg]]


လျှို့ရွှမ်: [လတ်စသတ်တော့ နင်သိတဲ့လူကိုး]


လျှို့ရွှမ် သူမကိုယ်သူမ  အနည်းငယ် လှသည် ဟုထင်သော်လည်း အလယ်တန်းကျောင်းတက်ချိန်တုန်းက သူမ လျန့်စီယု နှင့် အတန်းဖော်ဖြစ်ခဲ့ပြီး အလွှမ်းမိုးခံလိုက်သည့်အတွက် အတန်ငယ် အဆင်မပြေဖြစ်မိသည်။  လျန့်စီယုက  ဆရာ၏ မျက်နှာသာပေးမှုရခဲ့ပြီး ယောက်ျားလေးများ၏ အပိုးပန်းခြင်းကို ခံခဲ့ရကာ   လျှို့ရွှမ်ကို မနာလိုဖြစ်စေသည်။ လျန်စီယုက ပိုထင်ရှားလေလေ၊ သူမက ပိုပြီး မှုန်ဝါးလာလေလေဖြစ်၏။ 


ပထမတုန်းက လျှို့ရွှမ် လျန့်စီယုကို တိုက်ခိုက်ဖို့ စိတ်ကူးနေသေးသော်လည်း  သူမ ဘာတစ်ခုမှ လုပ်နိုင်စွမ်းမရှိသည်ကို  တဖြည်းဖြည်း သိလာခဲ့သည်။ လျန့်စီယုက အလွန်တော်၏။ မိသားစုနောက်ခံပဲဖြစ်ဖြစ် သူမ၏ကိုယ်ပိုင်အရည်အချင်းပဲဖြစ်ဖြစ်  လျှို့ရွှမ်ကို နောက်ချန်ထားခဲ့ဖို့လုံလောက်လေသည်။  တဖြည်းဖြည်းနှင့် လျှို့ရွှမ်း လျန့်စီယုကို သူမ၏မျက်လုံးထဲတွင် ဆူးတစ်ချောင်း အဖြစ်မသတ်မှတ်တော့ဘဲ သူမနှင့်ပူးပေါင်းရန်ရွေးချယ်လိုက်သည်။


  အလယ်တန်းကျောင်းမှာ လျန့်စီယုဆီကနေအ သုံးနှစ်ကြာ ဖိအားအပေးခံရပြီးနောက် လျှို့ရွှမ်နောက်ဆုံးမှာ အထက်တန်းကျောင်းတက်ရန် စဉ်းစားနေသည့် လျန့်စီယုနှင့် လမ်းခွဲခဲ့သည်။ ဤတစ်ခါ အဆိုးဆုံးသည်ကား  ပန်းစည်းများပါလုပ်၍ရနေခြင်းပင်။  ကျန်းရှောင်မန်  မွေးဖွားလာပြီး လျန့်စီယုထက်ပင် ပိုနာမည်ကြီးနေမည်ဟု မည်သူထင်ထားပါမည်နည်း။


လျှို့ရွှမ်က ထင်ရာဆွဲတွေးတတ်သည့် တစ်ဖက်စောင်းနင်းသမားဖြစ်၏။


ကမ္ဘာကြီးက သေးငယ်လွန်းသည်၊ ဤနေရာမှာပင်  အသိမိတ်ဆွေများနှင့် တွေ့ဆုံနိုင်ပေသည်။


ကျန်းရှောင်မန်က လျန့်စီယု၏အသိုင်းအဝိုင်းထဲကဆိုလျှင် သူမ အလျော့ပေးလိုက်ရုံသာတတ်နိုင်၏။


လျှို့ရွှမ် သူမ၏ချဉ်တူးတူးစကားများကို မကယ်တင်နိုင်မီ လျန့်စီယုက တုံ့ပြန်လာသည်။


လျန့်စီယု  : [အရမ်းရင်းနှီးတယ်တော့ မဟုတ်ဘူး... သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါတို့အိမ်ကိုရောက်လာတာ ... များသောအားဖြင့် သူ့ကို သိပ်မတွေ့မိဘူး]


လျှို့ရွှမ်: [သူက နင့်ရဲ့ဆွေမျိုးလား.. 】


လျန့်စီယု - [ငို, JPG]


လျန့်စီယု  : [ဒီထဲမှာ ပါတဲ့အရာတွေက အရမ်းရှုပ်ထွေးတယ်..ငါ ဒီအကြောင်းကို ပြောပြလို့မရ ဘူး...အတိုချုပ်ပြောရင် သူ့ကို ငါ ကောင်းကောင်းမသိသလို  သူငါတို့အိမ်မှာ ဘယ်အချိန်ထိနေမှာမှန်းကိုလည်းငါမသိဘူး ...သူအရင်ကမြို့ထဲမှာနေပြီး    အဘွားအိုတစ်ယောက်က သူ့ကို ပြုစုပျိူးထောင်ခဲ့တာပဲငါသိတယ် ... ငါ့အိမ်ကို မရောက်ခင်က သူက ခြံထဲမှာ ဝက်တွေ မွေးမြူထားသေးတယ်]


ဟမ်...


လျှို့ရွှမ် ချက်ချင်းနားလည်သွား၏။


ဆင်းရဲတဲ့ ဆွေမျိုးတွေက ဘယ်ချောင်ကမှန်းမသိပေါ်လာတယ်...


လျန့်စီယု၏မိသားစုက ချမ်းသာမှန်း သူမသိ၏။

xxxxxx


Chapter335


လျှို့ရွှမ်  တူညီသောမုန်းတီးမှုကို ချက်ချင်းမျှဝေလိုက်သည်- [စိတ်ပျက်စရာကောင်းလိုက်တာ...  】


လျန့်စီယု  : [အဲလို မပြောပါနဲ့..ဒီကျောင်းကို ဝင်ခွင့်ရဖို့ သူအရမ်းကြိုးစားခဲ့တာ...ကျေးဇူးပြုပြီး သည်းခံပေးပါဦးနော် ]


လျှို့ရွှမ်က ပို၍ပင် အထင်သေးသွားသည်။ 

[ဒီလိုလူမျိုးကို ငါ နားမလည်နိုင်ဘူး...ကျောင်းကိုလာပြီး ကောင်းကောင်းလည်း စာမသင်...ဘာမှမလုပ်ဘဲ ဒါတွေချည်း လုပ်နေတာမကောင်းဘူးလေ... အရင်းအမြစ်တွေကိုဖြုန်းတီးနေတာပဲ... စစ်ယု စိတ်မကောင်းမဖြစ်နဲ့ အတန်းပြီးသွားရင် ထမင်းစားခန်းကိုသွားပြီးတော့ ဝက်နံရိုးချိုချဥ်ကြော် မှာလိုက်ကြစို့~~]


လျန့်စစ်ယု : [ကောင်းတယ်]


နေ့လယ်ပိုင်း နောက်ဆုံးအတန်းချိန်ပြီးသည့် နောက်မှာ ဆရာမက အမိန့်ပေးပြီးနောက် ကျောင်းသားတွေ အားလုံး မြင်းရိုင်းတွေလို ယမျိုး ထမင်းစားခန်းဆီ တန်းနေအောင်ဒုန်းဆိုင်းကြသည်။ လူတိုင်း ဗိုက်ဆာပြီး အော်ဟစ်နေတာမဟုတ်ကြသော်လည်း  နောက်ကျသွားလေပြီ။ အကြိုက်ဆုံး ဟင်းပွဲတွေ ကုန်သွားပြီ။


ယွီချင်းရှီတွင် သိမ်းစရာ ပစ္စည်းနှင့် ဖတ်စာအုပ်များ မရှိပါချေ။ ခေါင်းလောင်းသံကြားသည်နှင့် ချက်ချင်းထရပ်ပြီး ထွက်ပြေးသွားတော့သည်။


ကျန်းရှောင်မန်  : “…”


ကလေး မွန်းနေပြီ...လွှတ်ပေးလိုက်ပါ...


ရှည်လျားသောခြေထောက်များနှင့် အပြေးမြန် ခြင်းကို အခွင့်ကောင်းယူပြီး ယွီချင်းရှီနောက်ဆုံးတွင် ထမင်းစားခန်းသို့ ဦးစွာပြေးသွားခဲ့၏။ သို့သော်လည်း  ဝက်နံရိုးချိုချဥ်က မည်သည့်စားသောက်ဆိုင်တွင်မဆို လူကြိုက်အများဆုံးဖြစ်ပြီး ယခုအချိန်၌ လူတန်းရှည်ကြီး ရှိ၍နေသည်။


စကားတစ်ခွန်းမှ မပြောဘဲ သူတန်းစီနေလိုက်သည်။


အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက်၊ နောက်ဆုံးတွင် ယွီချင်းရှီ၏အလှည့်သို့ရောက်ရှိလာခဲ့၏။


“အန်တီ ဝက်နံရိုးချိုချဉ်သုံးပိုင်း...."


“ကောင်းပြီ..."


ထမင်းစားခန်းထဲက အဒေါ် အတော်လေး လန်းဆန်းသွားသည်။ သူမ၏ လှုပ်ခါနေသောလက်များအောက်တွင် အောက်ဆုံးရောက်နေသည့် နှစ်ပိုင်းတည်းသော ဝက်နံရိုးချိုချဥ်က သူ့အတွက် သုံးပိုင်းအဖြစ် ရုတ်ချည်းပြုလုပ်ခြင်းခံလိုက်ရ၏။


"ဒီမှာပါ... ဝက်နံရိုးချိုချဥ်သုံးပိုင်း....."

ယွီချင်းရှီ ၎င်းကိုယူကာ အစားအသောက်ကတ်ကို ပွတ်ဆွဲပြီးနောက် ထွက်သွားတော့မည်လုပ်သည်။


သူ့နောက်တွင်ရှိနေသည်ကား လျှို့ရွှမ် နှင့် လျန့်စစီယု  တို့ဖြစ်ကြ၏။


သူတို့အလှည့်ရောက်ခါမှပဲ ဝက်နံရိုးချိုချဥ်က မရှိတော့ပေ။


မဟုတ်ဘူး.... အဲဒီမှာရှိပေမဲ့ ယွီချင်းရှီကြောင့် မရှိတော့တာ...


လျှို့ရွှမ် အလွန်ဒေါသထွက်နေပြီး လျန့်စီယု၏ မျက်နှာကလည်း အရုပ်ဆိုးနေသည်။


လျှို့ရွှမ် လျန့်စီယု၏နောက်ကို လိုက်ခဲ့ပြီး လျန့်စီယု၏နောက်လိုက်များက သူမကို ကျေနပ်စရာကောင်းအောင် မျက်နှာချိုသွေးကြသည်။ လျန့်စီယုကို ပိုးပန်းလိုသော ယောက်ျားလေးတိုင်းသည် သူမထံမှ စတင်ရမည်ဖြစ်ပြီး လျှို့ရွှမ် သည်လည်း များစွာအကျိုးရှိခဲ့၏။ သူမ စားချင်သော ဝက်နံရိုးချိုချဥ်တွေ ကုန်သွားသည်ကို မြင်ရသည်တွင်  မသိလိုက်ဘာသာဖြင့် ပြောမိလိုက်သည်။ 

"အတန်းဖော် နင်တစ်ယောက်တည်း အများကြီးမစားနိုင်ဘူး....ငါတို့ကို နှစ်ပိုင်းပေးလို့ရမလား....."


ယွီချင်းရှီ  သူ့ကို တစ်ယောက်ယောက်ခေါ်နေနေသည်ကိုကြားသည့်အခါ လှည့်ပြီး အေးစက်စွာပြောလိုက်၏။ 

"နှစ်ယောက်....."


လိုရင်းတိုရှင်းဖြစ်ဆဲပင်။


"ကျောင်းသားသစ်....."

 ယွမ်ချင်းရှီ၏ ချောမောသော မျက်နှာက သူမကို ရုတ်တရက် အသက်ရှူမှားသွားစေသည် ။  လျန့်စိယု၏ နှလုံးခုန်သံပင် တစ်ဝက်လောက်မှားသွားသည်မှာ အံ့သြစရာဖြစ်လေ၏။


တကယ်ချောသည့်ငနဲတွေက သေမင်းထောင့်ကနေ ကြည့်လျှင်ပင်။ အလွန်နီးနီးကပ်ကပ် ကြည့်လျှင်ပင် အပြစ်အနာအစာလုံးဝမရှိပါဘဲ သူတို့က အင်မတန် ချောမောနေဆဲဖြစ်ကြ၏။  အောက်မေးရိုးကတောင်မှ တခြားသူတွေထက် ပိုကြည့်ကောင်းပြီး အသားအရည်ကလည်း အလွန်ကောင်းပြီး ဖြူသည်။


အပြောင်းအရွှေ့ကျောင်းသားက အလွန်ကြည့်ကောင်း၏၊ ကျန်းရှောင်မန် မြင်းကမလှုပ်ဘဲခုံကလှုပ်ရသည်အထိ အရှက်မဲ့သွားခြင်းက  အံ့သြစရာမဟုတ်ပေ။အနှီမျက်နှာက တကယ်ကို မျက်စိပသာဒဖြစ်စေသည်။ 


လျန်စီယု တွေးပြီးသောအခါ သူမ သူ့ကို ဗြောင်ကျကျကြည့်ကာပြောလိုက်၏။

"ဒါဆို... နင်ငါ့ကို တစ်ခုပေးလို့ရမလား...တစ်ခုတည်းပဲလေ ...."


လျန့်စီယု သူ့ကို ပြုံးပြီး မေးလိုက်ခြင်းပင်။ ဤသည်​က သူမ၏အပိုင် လှည့်ကွက်ဖြစ်ပေသည်။  သူမအနေဖြင့်  အခြားသူများ၏ ဦးစားပေးခြင်းကို အမြဲ ခံရကာ သူမ၏ တောင်းဆိုမှုကလည်း အလွန်အကျွံမဟုတ်သည့်အတွက်  သူမ အငြင်းမခံရလောက်ပေ။


သို့ရာတွင်  ……


"အများကြီးစားမှာ...မလောက်ဘူး...."

ယွီချင်းရှီ သူ၏ဝက်နံရိုးချုချဥ်များကို ကာကွယ်လိုက်သည်။ သူက လျန်စီယု၏တောင်းဆိုချက်ကိုသဘောတူရန် ပျက်ကွက်ခဲ့ရုံသာမက သူမကို ခုခံကာကွယ်လိုမှုအပြည့်ဖြင့်ပါ ကြည့်နေပြီး သူ့မျက်လုံးများက ခွဲခြားရခက်နေ၏။


သူ့မျက်လုံးထဲရှိအမူအရာကို  တိတိကျကျပြောရမည်ဆိုပါက  သေချာပေါက်ကို ခေါင်းမကောင်းဘူးလားဟူ၍ပင်။ 


လျန့်စီယု၏ မျက်နှာက ဒေါသကြောင့် စိမ်းဖန့်သွားပြီး အချိန်အတော်ကြာသည်အထိ ပြန်မကောင်းမလာပေ။


သူမကို ဤမျှဆိုးသည့်သဘောထားနှင့် ငြင်းဆိုခဲ့သည်။


လျှို့ရွှမ်လည်း အလွန်ရှက်သွား၏။ သူမက ခြောက်ကပ်ကပ်ပြုံးပြီး ဖော်ပြချက်ရှာမတွေ့နိုင်လောက်အောက်ထိ အကျည်းတန်နေသော လျန့်စီယုကို နှစ်သိမ့်ပေးလိုက်သည်။

“ကောင်လေးတွေက အစာစားချင်စိတ်အရမ်းများပြီး အများကြီးစားကြတယ်... နောက်တစ်ခါ စောစောလာကြတာပေါ့....'


“အင်းပါ...."

 လျန့်စီယု   အင်တင်တင်ဖြင့်  ပြုံးလိုက်ပြီး ငြိမ်သက်သွား၏။


သူက အရမ်းအရပ်ရှည်တယ်...လူကောင်ကြီးတယ်... ယောက်ျားလေးတွေက ပိုစားတယ်လေ...


လျန့်စီယု၏ မိမိကိုယ်ကို နှစ်သိမ့်မှုမပြီးသေးခင်မှာပင်  ခြေလှမ်းအနည်းငယ်ပဲ လှမ်းပြီးခါစရှိသောယွီချင်းရှီက  နောက်ဆုံးမှာ ကျန်းရှောင်မန်  ရောက်လာသည်ကို တွေ့လိုက်ရသည့်အတွက် တန်းပြီး  ပြောလိုက်သည်။

"ငါ...  ငါ ဝက်နံရိုးချိုချဥ် နှစ်တုံး လုခဲ့တယ် ....."


လျန့်စီယု: “…”


လျှို့ရွှမ်: “…”


ဆဲချင်လိုက်တာနော်...

xxxxxxx