Chapter 336
နေ့ခင်းဘက်တွင် ယွီချင်းရှီ သူ၏ဖတ်စာအုပ်အစုံအလင်ကို ရရှိခဲ့ပြီး ကျန်းရှောင်မန် နှင့်အတူတူ အတန်းမတက်နိုင်တော့ပေ။ စိတ်ထိခိုက်စွာဖြင့် သူ့နေရာသို့ ပြန်ဆုတ်ခွာပြီး ပြဋ္ဌာန်းစာအုပ်များကို ဖွင့်ကာ ကိုယ်ဘာကိုယ် အတန်းတက်လိုက်သည်။
အဓိကအချက်သည်ကား မသွားချင်သည့် ဆန္ဒကို မပြသနိုင်၍ပေ။
အာ...
နောက်ဆုံးတွင် ညနေ ကျောင်းဆင်းချိန်အထိ ဆက်နေခဲ့၏။
ယွီချင်းရှီ သူ့ကျောင်းလွယ်အိတ်တွေကို သိမ်းပြီး ကျန်းရှောင်မန် နောက်ကနေ တိတ်ဆိတ်စွာ စာသင်ခန်းအပြင်သို့ လိုက်ထွက်ခဲ့သည်။
သူက အလွန်တိတ်ဆိတ်နေပြီး သူ့ခြေသံကလည်း တိုးဖွနေခြင်းကြောင့် ကျန်းရှောင်မန် အချိန်တစ်ခုမျှ သတိမထားမိလိုက်ပေ။ ကျောင်းတံခါးက ထွက်လာပြီးနောက် သူမအနောက်မှာ အမြီးသေးသေးလေးတစ်ချောင်းရှိနေတာကို သူမ သိလိုက်ရ၏။
အမြီးလေးသည်ကား ယနေ့မှ ကျောင်းကိုပြောင်းလာသည့် ယွီချင်းရှီဖြစ်နေဆဲပင်။
အရင်တုန်းက နှစ်ယောက်သား တစ်ချိန်တည်း အတူတူဝင်ပြီး အတူတူထွက်ခဲ့ကြသည်။ ဤတစ်ကြိမ်၌ အခြေအနေက နည်းနည်းကွာခြား၏။
ကျန်းရှောင်မန် လမ်းဘေးမှာ ရပ်နေပြီး ဘယ်ညာ ကြည့်လိုက်ပေမဲ့ ယွီချင်းရှီကို လာကြိုရန် တာဝန်ယူထားသည့် ဒရိုင်ဘာနှင့်ကားကို မတွေ့ပါချေ။ သူမ ယွီချင်းရှီ ကိုကြည့်ကာ မေးလိုက်သည်။
"နင့်ရဲ့ဒရိုင်ဘာက ဘယ်မှာလဲ....."
ယွီချင်းရှီ ခေါင်းခါလိုက်၏။
ကျန်းရှောင်မန်က ထပ်မေးပြန်သည်။
" တစ်ယောက်တည်းရောက်လာတာလား...."
ယွီချင်းရှီ ခေါင်းညိတ်လိုက်၏။
"ဒါဆို နင့်မှာနေစရာနေရာမရှိဘူးပေါ့ ...."
ယွီချင်းရှီ ခေါင်းညိတ်လိုက်သည်။
“ဟေ့ နင့်ရဲ့အပြောင်းအရွှေ့က အရမ်းဖြစ်ကတတ်ဆန်းနိုင်တာပဲ ...ကြိုမစီစဉ်ထားဘူးလား...ငါဆို ဟိုးအရင်ကြီးကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာ....."
ကျန်းရှောင်မန်က ပေါ့ပေါ့တန်တန် သက်ပြင်းချလိုက်ပြီး ယွီချင်းရှီ၏ မျက်နှာသည်ကား အာမေဋိတ်ဖြင့် အမည်းရောင်ပြောင်းသွားသည်။
အိုး... ငါပြင်ဆင်နေတာကြာပြီ...ကြာပြီ...ဒါပေမဲ့ သူ့ကို တစ်လုံးမှမပြောခဲ့ဘူး...
နင်က တကယ်ကို ကျန်းရှောင်မန်ဖြစ်ဖို့ထိုက်တန်တယ် ... နင်လုပ်နိုင်တယ်...
ကျန်းရှောင်မန် ရှေ့ကို တိုးလာပြီး သူ့ကျောင်းလွယ်အိတ်၏ ကြိုးကို ဆွဲကာဖြင့်ပြောလိုက်သည်။
"ဒါဆို ငါနဲ့ အိမ်လိုက်ခဲ့..."
သူမနဲ့ အိမ်လိုက်ခဲ့...
“ကောင်းပြီ...”
ယွီချင်းရှီ အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
"နင်က အရမ်းသနားစရာကောင်းတာပဲ...."
"အွန်း...."
အစတုန်းက သူက အရမ်းသနားစရာကောင်းတယ်ဟု သူလည်း ထင်ခဲ့၏။ အတိတ်ကို ကိုင်တွယ်ရန် ဟိုတယ်ကို သွားမည်။ ၎င်းနောက် လူတွေကို အိမ်ရှာခိုင်းမည်ဟု စီစဉ်ခဲ့ပေမဲ့ ကျန်းရှောင်မန်က သူ့ကို သူမအိမ် လိုက်ခွင့်ပြုမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤနည်းဖြင့် သူသည် အကြိုဆိုမခံခဲ့ရပါချေ။
ဟိုတယ်မှာ ဘာလုပ်နေတာလဲ...ငွေကြေးဖြုန်းတီးနေတာပဲ... ချွေတာနေတာမဟုတ်ဘူး...
ကျန်းရှောင်မန်က ပြောသည်။
"ဦးလေးယွီပြောတာလည်းမှန်တယ်... နင်ဘာလို့ ကိုယ့်ကိုကိုယ် ဂရုမစိုက်ရတာလဲ...."
ထိုစကားကို ကြားရာတွင် ယွီချင်းရှီ အပြစ်ရှိသလိုခံစားရလာ၏။
မူလက တာဝန်ယူခဲ့သော်လည်း ယွီချင်းရှီက ဒေါသထွက်သွားသည့်အတွက် နာခံမှုရှိရှိဖြင့် ဤနေရာသို့ စေလွှတ်ခံခဲ့ရသည်။
ဤအရာတွေအားလုံး၏တရားခံ ကျန်းရှောင်မန်က ယင်းကိုပင် သတိမထားမိချေ။
မဟုတ်ဘူး...ဒါတွေအားလုံးက သူ့အပြစ်ပဲ...
ဒါပေမဲ့ သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ဘူး...
ယွီချင်းရှီ အကြာကြီး ငြိမ်သက်နေပြီး လွန်လွန်ကဲကဲ တွေးတော နေမိသည်။
ကျန်းရှောင်မန် သူ စိတ်ဓာတ်ကျနေပြန်ပြီး ဦးလေးယွီက သူ့ကို မချစ်ကြောင်း၊ သူကမည်သူမှ မလိုချင်သော ဂေါ်ဖီထုပ်လေးဖြစ်ကြောင်းတို့ ခံစားနေရသည်ဟု ထင်လိုက်သည်။ သူ့ကို နှစ်သိမ့်ပေးရန်အတွက် သူမကပြောလိုက်၏။
“တကယ်တော့ နင် အရမ်းဝမ်းနည်းနေဖို့ မလိုပါဘူး...ဦးလေးယွီက နင့်အပေါ် အရမ်းကောင်းပါတယ်... နင့်အဖေက အဖေကောင်းတစ်ယောက်ဖြစ်ပေမဲ့ အတော်လေး အလုပ်များတဲ့လူ... ဒါပေမဲ့ သူက မိသားစုကို ထောက်ပံ့ချင်တယ်လေ ...နားလည်ပေးလို့ရတယ် ...ငါ့အဖေဆိုရင် မတူဘူး...အဖေက မိသားစုကို မထောက်ပံ့ရုံတင်မကဘူး အမေကိုလည်း ပြုစုပျိုးထောင် ခိုင်းသေးတယ်... အမေက ကျွေးမွေးပြုစုခဲ့ပေမဲ့ *ထမင်းပျော့က သိပ်တော့မကောင်းဘူးပေါ့ဟယ်...."
(T/N–ထမင်းပျော့စားတဲ့ယောကျာ်းဆိုတာက မြန်မာလိုဆို မိန်းမထမိန်နားခိုစားတာပေါ့၊ စာဝတ်နေရေးမှာ မိန်းမကို မှီခိုရတဲ့သူ)
"……??"
ဘာတွေဖြစ်ခဲ့တာလဲ...
ယွီချင်းရှီ အံ့အားသင့်သွားပြီး ကျန်းရှောင်မန် သူ့ကို ခုနကပြောခဲ့သည့် အချက်အလက် ပေါက်ကွဲချက် ရှင်းရှင်းလင်းလင်းနားလည်ရန် ကြိုးစားရင်း သူ့ဦးနှောက်က လျင်မြန်စွာ ပြောင်းလဲ၍နေသည်။
ခဏအကြာတွင် "မင်းမိဘတွေကို ရှာတွေ့ပြီလား"ဟု သူမေးစမ်းကြည့်လိုက်၏။
"တွေ့ပြီ....."
ကျန်းရှောင်မန်က ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေး စကားပြောနေခဲ့သည်။ နှစ်ပေါင်းများစွာ ကွဲကွာနေသော မိဘအရင်းကို ပြန်တွေ့ခဲ့ရသည့် သာမန် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေခြင်း နည်းနည်းမှမရှိပါချေ။
ယွီချင်းရှီ ခဏလောက်စဉ်းစားပြီးနောက် သူ သူမကို ခွင့်လွှတ်နိုင်သည်ဟု ခံစားမိသည်။
ဤကိစ္စအတွက် သူမ အလွန်အလုပ်ရှုပ်နေပုံပေါ်၏။
အတိတ်တုန်းက ကျန်းရှောင်မန်သည် သူ့မိဘတွေအကြောင်းကို ရံဖန်ရံခါ ပြောလေ့ရှိပြီး သူမလေသံက အနည်းငယ် အားကျနေဟန်ပင်။ယင်းက ကလေးဘဝတုန်းက ကိစ္စဖြစ်လေသည်။ အရွယ်ရောက်လာသောအခါ၌ ပြောလေ့ပြောထမရှိသလောက်ပင်။ ယွီချင်းရှီအနေဖြင့် သူမနားလည်မှုလွဲမှာစိုးသည့်အတွက် သူ့အဖေကို တစ်ဝက်ခွဲ ပေးမည်ဟု မိုက်မဲလွန်းစွာ အလွယ်တကူ မပြောနိုင်တော့ပါချေ။
“အဆင်ပြေပါတယ်....."
ယွီချင်းရှီ ခေတ္တခဏ တုံ့ဆိုင်းနေပြီးနောက် သူမခေါင်းကို ထိလိုက်သည်။
"တွေ့သွားပြီပဲလေ...."
ကျန်းရှောင်မန် မျက်တောင်တဖျတ်ဖတ်ခတ်ကာ ယွီချင်းရှီ ခုနက ထိလိုက်သည့်နေရာကို လက်တစ်ဖက်ဖြင့် ဖိပြီး အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
သူ့လက်ဖဝါးတွေက ကြီးတယ်... ကျယ်တယ်...နွေးလည်းနွေးတယ်...
...ဘွားဘွားလိုပဲ...
သူမကို အားကိုးလိုသည့်ခံချက်တစ်ခုဖြစ်တည်လာစေ၏။
သူမ၏ *ဝါးမြင်းငယ်လေးသည် သူမထက် အရပ်ပိုရှည် ၊လူကောင် ပိုကြီးပြီး ယောကျာ်းတစ်ယောက် နှင့်ပိုပို တူလာသည်။
(T/N–ငယ်ကျွမ်းဆွေ/ငယ်သူငယ်ချင်း )
ကျန်းရှောင်မန် သက်ပြင်းချလိုက်၏။ ရုတ်တရက် သူမမိသားစုဝင်လေး ကြီးပြင်းလာသည့်အတွက် စိတ်သက်သာရာရသလို တပြိုင်တည်း တစ်ခုခုဆုံးရှုံးသွားသလိုလည်း ခံစားရလာသည်။
ရှုပ်ထွေးလှ၏။
xxxxxxxx
Chapter 337
သူမသည် ထိုခံစားချက်ကို အမြန်ဖိနှိပ်လိုက်ပြီးနောက် ယွီချင်းရှီနှင့် စတင် စကားဖောင်ဖွဲ့လိုက်ကာ သူနှင့်ဝေးကွာနေရသော ဤနေ့ရက်များတွင် သူမ ခက်ခဲကြမ်းတမ်းသောနေ့ရက်များကို မည်ကဲ့သို့ ဖြတ်သန်းခဲ့သည်ကို ပြောပြခဲ့သည်။
“အတိုချုပ်ပြောရရင်တော့ အရမ်း ခက်ခဲတယ်......"
ကျန်းရှောင်မန် လျန့်ယွမ်ချင်း၏ ရှင်းပြ ချက်ကို အဆုံးသတ်ပြီးနောက် သူမအဖိုးအကြောင်း ပြောပြလိုက်၏။
“ငါ့အဖိုးက ဆေးရုံတက်နေတုန်းပဲ... ကြီးကြီးမားမား ပြဿနာမရှိဘူးလို့ ထင်ရပေမဲ့ ဆေးရုံက ဆင်းလို့မရဘူးလို့ ဆရာဝန်က ပြောတယ်...အတွင်းပိုင်း စောင့်ကြည့်လေ့လာမှုလုပ်ရဦးမယ်....."
"ငါ...သူ့ကိုသွားတွေ့မယ်....."
ယွီချင်းရှီ အနည်းငယ် စိတ်လှုပ်ရှားလာပြီး သူ၏ လည်ဇလုတ်က အရိပ်အယောင်မရှိဘဲ လှုပ်ခါသွားကာ သတ္တိမွေးလျက် ပြောလိုက်သည်။
"မင်းတို့မိသားစုကို ငါမမြင်ဖူးသေးဘူး...သူ ဆေးရုံမှာ တစ်ယောက်တည်း အထီးကျန်နေလိမ့်မယ်...."
သူ့အမေလည်း ဤသို့ပင်။ အလွန်အထီးကျန်နေသာ လူတစ်ယောက်သာ။
ယွီချင်းရှီ ကျန်းရှောင်မန်၏ အဖြေကို စောင့်မျှော်ရင် မျက်လွှာချလိုက်သည်။
"ကောင်းပြီ... မနက်ဖြန်သောကြာ...စနေတနင်္ဂနွေ သွားမယ်လေ....."
ကျန်းရှောင်မန်က သူကို စိတ်မြန်လက်မြန်ရှိသူဟုဆို၏ ။ သူကဆုံးဖြတ်ပြီးသည်နှင့် တန်းပြီး လုပ်တော့သည်။ သူမ လက်ကိုင်ဖုန်းကို ထုတ်ပြီး ဝမ်ဟွေ့ကို ဖုန်းခေါ်လိုက််၏။
"ဟဲလို အမေ...မနက်ဖြန် သူငယ်ချင်းကို ဆေးရုံလူနာမေး ခေါ်သွားချင်လို့ ...အိမ်က ဒရိုင်ဘာ သုံးလို့ရမလား...."
"ဒါ သမီးသူငယ်ချင်းကောင်းပါ...."
"ကောင်းပြီ အမေ... ကျေးဇူးတင်ပါတယ်...သမီးအမေ့ကို ဒုက္ခပေးမိပြီ..."
တစ်ခုခုကို နားလည်ရန် ဖုန်းချကြည့်လိုက်ပါ...
ငါ့ဦးလေး မရှိဘူးဆိုတော့ ပြဿနာ မရှိတော့ဘူးလို့ အခု ငါအမြဲတမ်း ခံစားနေရတယ်...
ဟေး...သူမအသက်အရွယ်ကြောင့် မဟုတ်ရင် ယာဉ်မောင်းလိုင်စင် စာမေးပွဲဖြေပြီး ကိုယ်တိုင်မောင်းလို့ရတယ်လေ...
သူမ ကျန်းဟွေ့မိန်ကို ထပ်ခေါ်ပြီး ဒီည လူတစ်ယောက်အပိုပါလာမည်ဟုပြောကာ နည်းနည်းပိုချက်ခိုင်းလိုက်သည်။ ကျန်းရှောင်မန် ယွီချင်းရှီ ကို ခေါ်ပြီး ပျော်ရွှင်စွာ အိမ်သို့ တန်းတန်းမတ်မတ် သွားခဲ့၏။
အိမ်ပြန်ရောက်တော့ ခုနစ်နာရီထိုးနေလေပြီ။
ကျောင်းက အိမ်နဲ့ သိပ်မဝေးပေ။ ထိုကို လမ်းလျှောက်သွားရန် အချိန်သိပ်မကြာသော်လည်း ကျန်းရှောင်မန်က ယွီချင်းရှီကို နေရာကို သိပြီး လမ်းကိုမှတ်မိရန် ပတ်ခေါ်သွားသည့်အတွက် ပြန်မလာခင်မှာ တစ်ပတ်ပတ်လိုက်သေးသည်။
ထိုအချိန်တွင် ကျန်းဟွေ့မိန်က မီးဖိုချောင်တွင် အလုပ်များနေ၏။ တံခါးဖွင့်သံကြားရာတွင် သူမက "ရှောင်မန် ဝင်လာပြီး အဖွားကို ဟင်းရည်တစ်ပန်းကန် ကူချပေးဦး....."
ဟုတန်းပြီး လှမ်းအော်လိုက်သည်။
"ရောက်ပါပြီ...."
ကျန်းရှောင်မန်က သူမကျောင်းလွယ်အိတ်ကို ချပြီး မီးဖိုချောင်ထဲသို့ ဝင်သွားကာ ယွီချင်းရှီက နောက်မှလိုက်၍ ထမင်းစားပွဲအား အတူတူပြင်ဆင်ပေးလေ၏။
ယွီချင်းရှီကို မတွေ့ရသည်မှာကြာပြီဖြစ်သည့်အတွက် ကျန်းဟွေ့မိန် မျက်လုံးပြူးသွားသည်။ သူမက သူ့အတွက် ဟင်းအမယ်များစွာကို ထည့်ပေးပြီး ပြောလေသည်။
“စားပါ... မြန်မြန်စား...ဒါတွေ အားလုံး သားအတွက် လုပ်ထားတာ...ရှောင်မန်က သားလာနေပြီလို့ ပြောတာနဲ့ သားအတွက် အာဟာရဖြည့်ပေးဖို့ အထူးတလည်လုပ်ထားတာ....
ထိုစကားကိုကြားပြီးနောက် ယွီချင်းရှီ သီးမိသွားပြီး လည်ချောင်းတွေ နီမြန်းလာ၏။
"ဟမျ... ဘာအာဟာရလဲ..."
"ဦးနှောက်..."
ယွီချင်းရှီက ယုံကြည်မှုအပြည့်နှင့်စားလေသည်။
သူတကယ်ကြောက်နေ၏။
ကျန်းရှောင်မန် ခဏလောက်စဉ်းစားပြီး သူ့ကိုဟင်းတချို့ထည့်ပေးလိုက်သည်။
"မြန်မြန်စားနော်...."
စားပြီးရင်းစားနေလိုက်သည်။
ယွီချင်းရှီက ထမင်းဝါးသည့်နေရာမှာ အာရုံစိုက်ထားသည်။
ကျန်းရှောင်မန် သူအကြောင်းကို သိသဖြင့် ထမင်းစားချိန်မှာ သူ့ကို မနှောင့်ယှက်ဘဲ ကျန်းဟွေ့မိန်နှင့်သာ စကားပြောနေခဲ့သည်။
"ဘွားဘွား... သူက အရမ်းသနားစရာကောင်းတယ်...သူ့မှာ တစ်ယောက်တည်းနေဖို့ နေစရာ နေရာမရှိဘူး... ဒီမှာ အိမ်ငှားခက မလွယ်ဘူးလို့ဦးလေးဆီကကြားဖူးတယ် ...သူ့ကို သမီးတို့နဲ့ အတူနေခိုင်းကြရအောင်လေနော်... မဟုတ်ရင် သူ ဟိုတယ်မှာ နေရလိမ့်မယ်...."
ကျန်းဟွေ့မိန်က စူးစူးရဲရဲနှင့် ချက်ချင်းပြန်ပြော၏။
"မရဘူး...ဟိုတယ်မှာ ဘယ်လိုလုပ်နေရမှာလဲ... ဟိုတယ်မှာ ဘယ်လိုနေပြီး ကျောင်းတက်နိုင်မလဲ... ဒီကိုလာနေ... အဘွားက မင်းကို ဂရုစိုက်ပေးမယ်...."
"ဟုတ် ..."
ယွီချင်းရှီ ဇယ်ဆက်သလို ခေါင်းညိတ်လိုက်သည်။
ကောင်းလိုက်တာ ... နံရံတွေ အများကြီးခြားပြီး အိမ်နီးချင်းဖြစ်ခဲ့ဖူးတယ်... အခုတော့ အမိုးတစ်ခုတည်းအောက်မှာ နံရံတစ်ခုပဲခြားတော့တယ်...
အတန်းဖော် ယွီချင်းရှီသည် ဤမျှလောက် တစ်ခါမှ အားပြည့်မနေဖူးပေ။
အထူးသဖြင့် ထမင်းစားပြီးနောက် ကျန်းရှောင်မန်က သူ့ကို အိမ်စာလုပ်ရန် တက်ကြွစွာဖိတ်ခေါ်လာပြီး သူမအခန်းထဲကို ဝင်သွားခဲ့သည်။
ယွီချင်းရှီး၏ နေရောင်ခြည်အညွှန်းကိန်းက ထပ်မံပေါက်ကွဲတော့ပေမည်။
ကျန်းရှောင်မန်၏အခန်းကို ကျန်းရှင်းက အထူးတလည် ပြုပြင်မွမ်းမံထားသည်။ ဤအိမ်တွင် အကျယ်ဆုံးနေရာဖြစ်၏။ ကလေးများအိမ်စာလုပ်ရန်အတွက် စာကျက်ခန်းအဖြစ် သီးသန့်ဖွင့်ထားသည့် အတွင်းခန်းလည်း ရှိသည်။သူ့မိသားစုက ရှောင်မန်က ဆုပေါင်းစုံ ရရှိလေ့ရှိသောကြောင့် ကျန်းရှင်း အမျှော်အမြင်ကြီးကြီးဖြင့် စာအုပ်များ၊ ဆုတံဆိပ်များနှင့် လက်မှတ်များအတွက် အထူးစင်မြင့်ကြီးတစ်ခုထားရှိထားသည်။
အချိန်အနည်းငယ်မျှရှိသေးပြီး အကန့်များ လွတ်နေသေးသော်လည်း မကြာမီ တံခါးထိတိုင် ပစ္စည်းများစွာ သေချာပေါက် စုပုံလာမည်ဖြစ်၏။
ယွီချင်းရှီ ပတ်ပတ်လည်ကို ကြည့်လိုက်ရာတွင် သူ့အရင်အခန်းနှင့် သိပ်မကွာခြားသည်ကို တွေ့လိုက်ရသည်။
"ဒီမှာထိုင်...."
ကျန်းရှောင်မန်က သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို မသိဘဲ ကျောင်းလွယ်အိတ်ကို ထုတ်ယူကာ ကျန်ခဲ့သည့် သင်ခန်းစာများ၏ မှတ်သားရမည့်အချက်များကို ထုတ်ယူရန် ကူညီပေးပြီး မည်သည်အဓိကအချက်များလဲ ဆိုသည်နှင့် လိုအပ်သည်များကို ပြောပြခဲ့သည်။ သူမမှတ်စုတွေကိုလည်း မျှဝေပြီး ကော်ပီကူးခိုင်း၏။
မှတ်စုများပေါ်က လက်ရေးက သိပ်ကိုလှသည်။
သူတို့နှစ်ယောက်လုံးသည် ငယ်ငယ်လေးကတည်းက လက်ရေးလှရေးလေ့ကျင့်ခဲ့ကြခြင်းဖြစ်ပြီး ဆရာတစ်ယောက်တည်းက သူတို့ကို သင်ပေးခဲ့သော်လည်း စာလုံးပုံစံက လုံးဝကွဲပြားလေ၏။
ယွီချင်းရှီ သူမလက်ချောင်းများဖြင့် ခက်ခက်ခဲခဲ ရေးခဲ့သော ခြေရာလက်ရာများကို ညင်သာစွာ တိုးတိုးပြောပြီးနောက် ငြိမ်သက်စွာ စတင် ကူးယူလိုက်သည်။
နှစ်ယောက်စလုံးက အလွန်သတိရှိကြပြီး တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ကျန်းရှောင်မန်က သူမကိုယ်ပိုင်ကမ္ဘာထဲတွင် လုံးလုံးလျားလျား နှစ်မြှုပ်နေခဲ့သည်။ တိတ်ဆိတ်နေပုံရသော ယွီချင်းရှီက သူမကိုခဏပြီးခဏ ခေါင်းမော့ကာကြည့်လေ့ရှိပြီး ၎င်းနောက်သူခိုးတစ်ယောက်ကဲ့သို့ ခေါင်းကို ပြန်ငုံ့သည်။
အချိန်က ကိုးနာရီ၊ ညနက်နေလေပြီ။
ထိုအချိန်တွင် အခန်းထဲ၌ ဆူညံသံအချို့ထွက်ပေါ်လာသည်။ ကျန်းဟွေ့မိန် ဝင်လာပြီး ဗိုက်ဆာမှာစိုးသဖြင့် သူတို့စားရန် သေးငယ်သောအရာအချို့ကို ယူဆောင်လာခဲ့၏။
xxxxxxxx
Chapter 338
ကျန်းရှောင်မန် အကျောဆန့်လိုက်ပြီး ပင်ပန်းသလို ခံစားရလာသည်။ သူမက လက်ဆန့်ကာ ကျောကိုထုရိုက်နေရင်း ယွီချင်းရှီ နှင့် တိုးတိုး တိုးတိုးစကားပြောနေ၏။
ညကိုးနာရီခွဲတွင် ကျန်းဟွေ့မိန် ဝင်လာပြီး နို့လက်ဖက်ရည်ပူပူကို နှစ်ခွက်ယူလာပြန်သည်။
ကျန်းရှောင်မန် သူမအဖွားက ဂရုစိုက်လွန်းသည် ခံစားရသဖြင့် ချိုချိုသာသာ ကျေးဇူးတင်စကားဆိုလိုက်ပြီး နို့လက်ဖက်ရည်ကို စုပ်သောက်ကာ ၎င်းနောက် ယွီချင်းရှီနှင့် စကားဆက်ပြောလိုက်၏ ။
ယွီချင်းရှီ သကြားများစွာပါသော နို့လက်ဖက်ရည်ကို မကြိုက်သော်လည်း ၎င်းကို မသောက်မီ ခဏမျှသာ တုံ့ဆိုင်းခဲ့သည်။
ဆယ်နာရီလောက်မှာ ကျန်းဟွေ့မိန် ပြန်လာပြီး သစ်သီးခြောက်တွေ ယူလာပြန်၏။
ကျန်းရှောင်မန်က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။
"ဟင့် ဘွားဘွား...သမီးမစားနိုင်တော့ဘူး... ညဘက်တွေ အများကြီးစားရင် ဝလာလိမ့်မယ်...မကောင်းဘူး..."
ထိုစကားကိုကြားသောအခါ ကျန်းဟွေ့မိန် သူမကို စိုက်ကြည့်လိုက်သည်။
သူမ သူတို့ကို အဆာပြေမုန့်ကျွေးဖို့ ရောက်နေတယ်များထင်လား...
သူမရောက်လာတိုင်း ချောင်းအသာဟန့်ပြီး ညဉ့်နက်နေ၍ အိပ်ရာဝင်ချိန်ရောက်ပြီဟု လိမ္မာပါးနပ်စွာ သတိပေးခဲ့သော်လည်း ကျန်းရှောင်မန်ကမကြားပေ။
ယောက်ျားလေးနဲ့ မိန်းကလေးက တစ်ခန်းတည်းမှာ ဆက်မနေသင့်ဘူးမလား...
ဒီကောင်မလေး ဆက်ပြီးမသိနားမလည်ဖြစ်နေပါက ကျန်းဟွေ့မိန်ဝုန်းဒိုင်းကျဲလုနီးပါးဖြစ်တော့မည်။
အလိုလေး ဒီလောက် ထုံတဲ့လူဘယ်လိုများရှိနိုင်ရတာလဲ...
သူတို့နှစ်ယောက်က ကစားကောင်းနေတုန်းဆိုရင်တောင် သူတို့အသက်အရွယ်သူတို့ သိရမယ်လေ...
ကျန်းဟွေ့မိန် ပြတ်ပြတ်သားသားပြောလိုက်သည်။
"အရမ်းနောက်ကျနေပြီ...အိပ်ချိန်ရောက်ပြီ... ချင်းရှီကိုအနားယူခိုင်းလိုက်တော့... သူက ဒီနေ့ သေချာပေါက်အလုပ်ရှုပ်ခဲ့မှာ.... ပင်ပန်းနေလောက်ပြီ.... အနားယူဖို့ လိုတယ်....."
ထိုမှသာ ကျန်းရှောင်မန်က သူမခေါင်းကိုယ်သူမ ပုတ်ကာ ပြောလိုက်သည်။
"ငါ့ရဲ့ဝက်ဦးနှောက်ကတော့... မေ့နေတယ်ကြည့်စမ်း... ငါတို့ မကြာခင် အဆင်ပြေသွားမှာပါ..."
ထို့နောက် မတ်တပ်ထရပ်ကာ ယွီချင်းရှီနှင့်အတူ စာအုပ်တွေသိမ်းကာ စကားပြော ရပ်လိုက်သည်။
မထွက်ခင်မှာ ယွီချင်းရှီက ကျန်းရှောင်မန်ကိုကြည့်ပြီး တုံ့ဆိုင်းနေ၏။
ကျန်းရှောင်မန်က ပြောလိုက်သည်။
"ပြောစရာ ရှိတာပြောလေ...."
ယွီချင်းရှီ ကတကယ်ကို ဘာပြောရမှန်း မသိပေ။
ယနေ့ညမှာ ကျန်းရှောင်မန်က သူမမိဘတွေ၊ အဘိုးအဘွားတွေနှင့်ညီမလေးတစ်ယောက်အကြောင်း သူ့ကို အများကြီးပြောပြခဲ့၏။ ဤကဲ့သို့ ရှုပ်ယှက်ခတ်နေသော ဆက်ဆံရေးမျိုးတွင် ရှိနေသည့်မည်သူမဆို အလွန်ပင်ပန်းလိမ့်မည်ပင်။
ယွီချင်းရှီ သူကိုယ်သူ ထိုနေရာမှာ ထည့် စဉ်းစားကြည့်သည် ။ သူကိုယ်တိုင်သာ ဤကဲ့သို့ အဖြစ်မျိုးကြုံခဲ့ပါလျှင် ကျန်းရှောင်မန်လိုမျိုး ယခုလောက် မြန်မြန်ဆန်ဆန် ပြန်အဆင်ပြေလာနိုင်မည်လုံးဝဟုတ်မနေပါချေ။
သို့ပေမဲ့ ပြောရမည်ဆိုပါက ကျန်းရှောင်မန်ကဤသို့သာဖြစ်၏။ ယခုကဲ့သို့ ထူးထူးဆန်းဆန်းတွေ ကြုံလာတိုင်း သူမက အလျင်အမြန်လက်ခံနိုင်ပြီး အရင်ကထက်ပင် ပိုပိုကာပျော်ပျော်ရွှင်ရွှင်နေထိုင်မှာဖြစ်ပေသည်။ သူမကို ဘယ်အရာကမှ အလဲမထိုးနိုင်ပါချေ။
နေမင်းသေးသေးလေးလို အမြဲတမ်း တက်ကြွလန်းဆန်းနေ၏။
ဤစိတ်ဓာတ်မျိုးက သူနှင့် ဘယ်တော့မှ တွဲမိမှာမဟုတ်ပေ။
သူ အားကျမိသည်။
သို့ပေမဲ့ တစ်ချိန်တည်းမှာ သူမလည်း ခဏလောက်ပဲဖြစ်ဖြစ် အားနွဲ့သည့်အချိန်ရှိမှာပဲဟုလည်း ယွီချင်းရှိခံစားရ၏။
ဟုတ်လား...
ကျန်းရှောင်မန် အဲ့လို့ဖြစ်လိမ့်မလား...
ယွီချင်းရှီ မသေချာပေ။
တစ်ခုခုလုပ်သင့်သည်ဟု သူခံစားရသည်။
ကျန်းရှောင်မန် ၏ သံသယအကြည့်အောက်တွင် ယွီချင်းရှီ တဖြည်းဖြည်း ရှက်ရဲရဲ လာပြီးတိုးတိုးလေးပြောလိုက်၏။
“ငါ… ငါ မင်းအနားမှာ ရှိမနေနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်...."
အဲ့ဒီ ရှုပ်ထွေးပြီး ဝမ်းနည်းစရာနေ့ရက်တွေ တလျှောက်မှာပေါ့...
ယွီချင်းရှီ သူတကယ်ရှက်နေချိန်မှာ နီရဲလာသော ပထမဆုံးအရာက သူ့မျက်နှာအစား သူ့နားရွက်ဆိုသည်ကို မသိခဲ့ရှာပေ။ မျက်နှာ အရင်နီသွားပါက ဒေါသဖြစ်နိုင်ခြေ များလေသည်။ သို့ပေမဲ့ နားသံလေးများ အရင်နီသွားပါက အခုလိုမျိုး သူ့နှလုံးသားထဲမှာ ဆိုးရွားသည့် ခံစားချက်တစ်ခု ဖြစ်နေရပေမည်။
သူ့နားရွက်တွေက သွေးထွက်တော့မတတ်နီရဲနေ၏။
ကျန်းရှောင်မန် သူမပါးစပ်ကို အုပ်ကာ ပြုံးပြီး ယွီချင်းရှီ ထွက်ပြေးခါနီးမှာ သူ့ကို လှမ်းဖက်လိုက်တော့သည်။
ဘာမှဟုတ်ပုံမရသော အနံသင်းသင်းလေးတစ်ခု၊ နူးညံ့အိစက်သေခန္ဓာကိုယ်တစ်ခုနှင့် သူ့ပါးပြင်များကို ရိုက်ခတ်နေသော ဆံနွယ်မျှင်များ...
ကျန်းရှောင်မန် အတွက်မူ ဤအရာသည် ကျေးဇူးတရားနှင့် ခင်မင်ရင်းနှီးမှုကို ကိုယ်စားပြုသည့် အလွန်ရိုးရှင်းပြီး အလွန်ဖြူစင်သော အရာတစ်ခုမျှသာဖြစ်၏။
သူမက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ယွီချင်းရှီ၏လည်ပင်းမှာ နီရဲနေလျက်
"... ရပါတယ်"
ပြောပြီးတာသည်နှင့် ထွက်ပြေးသွားတော့၏။
… ရှက်လိုက်တာ...
ယွီချင်းရှီ၏အခန်းသည်ကား ကျန်းဟွေ့မိန် သူ့အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။
မွေ့ယာနှင့် စောင်ကို တင်ထားပြီး အရာအားလုံး ကို သန့်ရှင်းထား၏။
ယွီချင်းရှီက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အဘွား...."
"ကျေးဇူးတင်စရာမလိုပါဘူး...
လိုအပ်တာရှိရင်ပြောနော် ...."
“ဟုတ်... ကျေးဇူးတင်ပါတယ်...."
ယွီချင်းရှီ၏နှလုံးသားသည် ပြင်းထန်စွာခုန်ပေါက် နေပြီး ကျန်းဟွေ့မိန်ကို အိပ်ခန်းတံခါးဆီ လိုက်ပို့လိုက်၏။
...၎င်းနောက် ရေချိုးသည်။
ရေအေးနှင့်အတူ သူ ငြိမ်ကျသွားသလို ခံစားလိုက်ရသည်။
လက်ရှိအချိန်မှာ ရာသီဥတုက ပူနေသေးသော်လည်း ညဘက်မှာ လေပြင်းတွေတိုက်သည့်အတွက် ယွီချင်းရှီမှာ ရေနွေးရှိ၏။ ဒီည ရေအေးက နည်းနည်းအေးစိမ့်နေပေမဲ့ သူ မလုံလောက်သလို ခံစားရသည်။
တကယ်ကို ပိုပိုဆိုးလာပြီ...
အသက်ကြီးလေလေ ...ရှက်ဖို့ ပိုလွယ်လေလေလား...
နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ပါးပြင်ပူခြင်းနှင့် အရက်မူးသလိုမျိုး ခေါင်းတွေရီဝေဝေဖြစ်နေခြင်းလည်း သူ့မှာရှိသေး၏။
ဒါကရော စိတ်ရောဂါတစ်ခု လား...
သူရောဂါပြန်ဖြစ်နေပြန်ပြီလား...
ယွီချင်းရှီ ကိုယ့်အကြောင်းကိုယ်သိစွာဖြင့် မှန်ထဲ ကြည့်ပြီး ရေအေးဖြင့် ပါးပြင်ကို ပုတ်လိုက်ကယ အနည်းငယ် ငြိမ်သက်သွားပြီးနောက် အိပ်ရာဝင်ကာ အိပ်ပျော်သွားခဲ့သည်။
အစတုန်းက အေးအေးဆေးဆေး အိပ်ပြီးရင် ညမှာ ဘာမှမဖြစ်ဟု သူထင်ခဲ့မိ၏။
နောက်နေ့ နိုးလာသည့်အခါမူ ထုံးစံအတိုင်းပင်ဖြစ်နေသည်။
ယွီချင်းရှီ တစ်ခုသောအရာကို လွတ်သွားသည်ကားစိတ်မကောင်းစရာပင် ။ ယင်းသည်ကား လူတွေက အိပ်မက်မက်နိုင်ပေ၏။
သူ အိပ်မက်မက်နေပြန်သည်။
ဤတစ်ကြိမ်၌ အိပ်မက်က ပိုအရိုင်းဆန်ပြီး တဲ့တိုးဆန်၏။
အိပ်မက်၏ပုံရိပ်ကလည်း ပိုရှင်းလင်းလေသည်။
အိပ်မက်ထဲမှာ မြင်ကွင်းနှစ်ခုရှိ၏။
တစ်ခုက စတိုခန်းထဲမှာ ဖြစ်ပြီး ကျန်းရှောင်မန် က သူ့ကို နံရံမှာ ဖိကာ… အသဲအမဲနမ်းနေသည်။
ယွီချင်းရှီ တစ်စုံတစ်ရာကို ပြန်သတိရရန် အချိန်မရသေးခင်မှာ နောက်အခိုက်အတန့်တွင် မြင်ကွင်းက ပြောင်းလဲသွားပြန်၏။
ကုတင်ဆီ ပြောင်းသွားခဲ့သည်။
ကောင်းပြီ၊ ဤနေရာက တကယ့်ကို အပြစ်ကြီးသောနေရာပင်။
xxxxxxx
Chapter 339
နောက်ပိုင်း ဘာဖြစ်သွားလဲဆိုသည်ကား ပြောစရာပင် မလိုတော့ပါချေ။
ယွီချင်းရှီ သူ့တွင် အမှန်တကယ် ဆိုးရွားသော အတွေးတစ်ခု ရှိနေနိုင်သည်ဟု ခံစားရသည်။
သို့ပေမဲ့ သူ့ကိုယ်သူ ပြစ်တင်ရှုံ့ချနေချိန်၌ပင် အင်မတန်ထင်ယောင်ထင်မှားဖြစ်စေသော တိတ်တခိုး ပျော်ရွှင်မှုတစ်ခုလည်းရှိနေ၏။
အိပ်မက် နှင့် ပြစ်တင်ရှုံ့ချခြင်း သည် သူ့ကိုအမဲဖျက်လုနီးပါး ၊ ထို့နောက် ... ယွီချင်းရှီ၏ ဘောင်းဘီ စိုစွတ်လာသည် ။
အေးစက်နေသော ခန္ဓာကိုယ်ဖြင့် ယွီချင်းရှီ ချက်ချင်း မျက်လုံးဖွင့်ကာ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်လိုက်၏။
သူက တကယ့်ကို လူယုတ်မာပဲ...! ! !
ယွီချင်းရှီ က သူ့ကိုယ်သူ ပါးရိုက်လိုက်ပြီး အိပ်ယာနှင့် ဘောင်းဘီကို ထပ်ထိမိလိုက်ချိန်တွင် သူ့မျက်နှာ ချက်ချင်းပြောင်းသွားသည်။
သွားပြီ...
ဒီလိုအရာမျိုးကို သူဘယ်လိုများ လုပ်နိုင်ခဲ့တာရလဲ...
ကျန်းရှောင်မန်ကို ဘယ်လိုပြောရမလဲ...
အဘွားကို ဘယ်လိုပြောမှာလဲ...
ယွီချင်းရှီ ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။
မနက်ငါးနာရီထိုး၌ ယွီချင်းရှီ သူ့လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ငါးကြင်းကို ချက်ချင်းရိုက်ကာ ရေချိုးခန်းထဲကို အမြန်လျှောက်သွားသည်။
အဘွားကို မြင်ခွင့်မပေးနိုင်ဘူး...ကျန်းရှောင်မန် ကိုလည်း မြင်ခွင့်မပေးနိုင်ဘူး...
ယွီချင်းရှီ သူ၏ရာဇ၀တ်မှုဆိုင်ရာ အထောက်အထားများကို ဖုံးကွယ်ထားခြင်းကြောင့် အလွန်အပြစ်ရှိသလိုခံစားခဲ့ရသည်။ မနက်ငါးနာရီတွင် သူသည် အလွန် သတိကြီးကြီးထားကာ... အိပ်ယာခင်းများကို ဆေးကြောပြီး ဘောင်းဘီများကို လျှော်ဖွပ်ခဲ့၏။
ကျန်းရှောင်မန် နိုးလာသောအခါတွင် သူ့ပုံစံအလွန်နေမကောင်းဖြစ်နေပြီး မျက်လုံးအောက်တွင် အမဲကွင်းများရှိနေသည်ကို သူမတွေ့လိုက်ရသည်။
ကျန်းဟွေ့မိန်ကလည်း သမ်းဝေရင်း အိပ်ခန်းထဲမှ ထွက်လာပြီး သူမကြည့်ရသည်မှာ ကောင်းကောင်းမနိုးသေးဟန်ပင်။
အသက်ကြီးသူများက အလွန်အိပ်ရေးဆတ်၏။ သူ၏လှုပ်ရှားမှုများက သေးငယ်လွန်းနေပြီဟု ယွီချင်းရှီက ထင်နေသော်လည်း အမှန်တွင် သူ့လှုပ်ရှားမှုများက ကျန်းဟွေ့မိန် အတွက် လက်မခံနိုင်စရာဖြစ်သည်မှာ ထင်ရှားလှသည်။
(ယွီယွီက တိုးတိုးလေးလုပ်ပေမဲ့ အသက်ကြီးတဲ့လူဆိုတော့ အိပ်ရေးဆတ်လို့ကြားရတယ်ပေါ့)
သူမက သာမန်ကာလျှံကာ ပြောလာ၏။
" ချင်းရှီ က ဘာလို့ ဒီမနက် စောစောထရတာလဲ... အိပ်မပျော်ဘူးလား ...ကုတင်စိမ်းလို့လား...."
"ဟင်အင့်...မဟုတ်ပါဘူး..."
ယွီချင်းရှီ ခေါင်းယမ်းလိုက်သည်။
သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းနေပြီး ခေါင်းကို ရင်ဘတ်မှာ မြုပ်လုမတတ်ငံ့ထားကာ သူ့အသံက မကြားနိုင်လောက်အောင် တိုးနေ၏။
"ကျွန်တော် ... ကျွန်တော် အိပ်လို့မရလို့ ...ထပြီး အိပ်ယာခင်းတွေ လျှော်နေတာ ...."
အိပ်ယာခင်းတွေကို လသာဆောင်မှာလှမ်းထားသဖြင့် ဖုံးကွယ်စရာနည်းလမ်းမရှိပါချေ။
ကျန်းဟွေ့မိန်က သူမအပြစ်ဟုထင်ပြီး "စောင်ကပေနေလို့လား" လို့ ချက်ချင်းမေးလိုက်သည်။
“မဟုတ်ဘူး... မဟုတ်ဘူး…”
ယွီချင်းရှီ ဘယ်လိုရှင်းပြရမှန်း မသိလောက်အောင် စိုးရွံ့နေခဲ့၏။
ထိုအချိန်တွင် ကျန်းရှောင်မန် ထွက်လာပြီး သူ့ကို သက်သာရာရစေခဲ့သည်။
"ဘွားဘွား... သူ့ကို တစ်ယောက်တည်း ထားလိုက်ပါ... သူက ဒီလိုပပဲ...သူက ကောင်းကောင်းအိပ်နိုင်ဖို့အတွက် အဆိပ်ကိုသတ်ဖို့ ပိုးသတ်ဆေးသောက်ဖို့ မစောင့်နိုင်တော့ဘူး...ကိစ္စတွေ တွေအများကြီးရှိတယ်... ဘွားဘွားက သူ့ကို လိုလေသေးမရှိသလို ဆက်ဆံတော့သူ့မှာလုပ်စရာမရှိတော့ဘူး....."
ယွီချင်းရှီ ပြန်မချေပနိုင်ဘဲ အင်းလုပ်ရုံသာတတ်နိုင်လေသည်။
ဤသို့ဖြင့် လွတ်သွားခဲ့သည်။
နှစ်ယောက်သား ကျောင်းအတူတူသွား၊ ကျောင်းကန်တင်းမှာ မနက်စာစားပြီး စာသင်ခန်းကို စောစောသွားကြ၏။
ချီမင် အထက်တန်းကျောင်း၏ သင်ကြားမှုမှာ တင်းကျပ်ပြီး ဌာနမှူးသည် ယခင်ကထက် ပိုမိုပြင်းထန်သည်။ သူက စည်းကမ်းကို လက်ကိုင်ထားရင်း သင်ကြားရေးအဆောက်အအုံ၏ ဧည့်ခန်းတွင် ရပ်ကာ ဖြတ်သွားသော ကျောင်းသားများကို ခေါင်းလောင်းများသဖွယ် စိုက်ကြည့်နေ၏။
*ပါပီအချစ်ကိုဖမ်းဆီး၊ အသွင်အပြင်ကို ကြည့်ကာ၊ သင်ကြားရေး အဆောက်အအုံထဲသို့ အစားအစာ ယူဆောင်ခြင်းရှိမရှိကိုစစ်ဆေးမည်။
(T/N–ဆယ်ကျော်သက်အရွယ် စိတ်ကစားသောအချစ်)
ကျန်းရှောင်မန် နှင့် ယွီချင်းရှီက ဘေးချင်းကပ်လျက်လမ်းလျှောက်နေပြီ လူချင်းပိုနီးကပ်လာခဲ့သည်။ သူတို့ ကောင်းကောင်း လျှောက်ခဲ့ကြ၏။ သင်ကြားရေးမှူးက “ရှေ့ကတစ်ယောက် ...ရှေ့ကတစ်ယောက် မင်းဘာလို့အဲ့လောက်ကပ်နေတာလဲ...." ဟု အော်လိုက်၏။
ယွီချင်းရှီ တိတ်တိတ်လေး ခြေလှမ်းတစ်ဝက်နောက်ချန်နေခဲ့ရပြီး တုန်လှုပ်သွားခဲ့သည်။
သောကြာနေ့မှာဆိုလျှင် ကျောင်းသားများက အတန်းထဲမှာနေရန် သိပ်ပြီး မစဉ်းစားကြတော့ပေ။ ပိတ်ရက်တွေမှာ သူတို့သွားပျော်ပါးချင်သည့်နေရာများအကြောင်းကို တွေးပြီး သူငယ်ချင်းများကို တစ်ယောက်ပြီးတစ်ယောက် အဖော်ညှိကြ၏။
နေ့လယ် နောက်ဆုံး စာသင်ချိန်ရောက်သောအခါ ကျောင်းသားများ၏ စိတ်အာရုံတွေ ဝေဝါးနေပြီး ကျောက်သင်ပုန်းကို ဗလာသက်သက် စိုက်ကြည့်နေကြသည်။ ဆရာက ဘာပဲပြောပြော နားထောင်မည် နားမထောင်မည်မတွေးဘဲ ရှစ်ပါးမြောက် ကျမ်းဂန်တွေကို ရွတ်နေပေလိမ့်မည်။
“ကောင်းပြီ အတန်းဖော်တွေ... ဒီနေ့ အတန်းပြီးပြီ... ပျော်ရွှင်စရာ ပိတ်ရက်ဖြစ်ပါစေနော်...."
ဆရာမက ကျောင်းသုံးစာအုပ်နှင့် လက်ကမ်းစာစောင်တွေကို ယူပြီး ထွက်သွားခဲ့၏။
"အိုး ဟုတ်တာပေါ့ ...နင်ဒီနေ့ ဘယ်မှာသွားပျော်မလဲ... တုတ်ထိုး အသားကင်ဆိုင်ကို သွားကြမလား..."
"မဟုတ်ဘူး...ငါက ညကျောင်းတက်ရမယ်...."
"ငါလည်း အပြင်မထွက်ဘူး...."
ကျောင်းသားများသည် အုပ်စုလိုက် နှစ်ယောက်၊ သုံးယောက်စီ စာသင်ခန်းမှ ထွက်လာကြပြီး အလွန်တက်ကြွနေကြသည်။
ယွီချင်းရှီ နှင့် ကျန်းရှောင်မန်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြောလိုက်ကြ၏။ "ငါတို့ အဘိုးကို သွားတွေ့ကြမလား....'
“ကောင်းပြီ...ဒါပေမဲ့ ဒရိုင်ဘာဦးလေး လာကြိုတာကို စောင့်ရမယ်...."
ကျန်းရှောင်မန်လည်း အားနေသည်နှင့် ယွီချင်းရှီ ကို ကျောင်းအနီးရှိ နို့လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားခဲ့၏။ နှစ်ယောက်သား တစ်ခွက်စီမှာသောက်ရင်း ဒရိုင်ဘာကို လာကြိုမည်ကို ထိုင်စောင့်နေသည်။
xxxxxxx
Chapter 340
"စီယု..."
လျှို့ရွှမ်က လျန့်စီယု၏ စာသင်ခန်းတံခါးဝတွင် အစောကြီး စောင့်နေပြီး သူမ ထွက်လာသည်ကို မြင်သောအခါ တန်းပြီး လက်ယမ်းကာ နှုတ်ဆက်လိုက်သည်။
လျန့်စီယုက ထူးချွန်အတန်းက ဖြစ်၏။ သို့သော် သူမက လျှို့ရွှမ် နှင့် ကျန်းရှောင်မန် တို့ကဲ့သို့ အတန်း(8)ကမဟုတ်ဘဲ အတန်း(12)တန်းကဖြစ်လေသည်။
"ဒီနေ့က 'ကမ်းရိုးတန်းနေ့'. .. အားလုံးက နင့်ကို စောင့်နေကြတယ်....."
လျှို့ရွှမ်၏ လေသံမှာ အနည်းငယ် မျက်နှာချိုသွေးနေပြီး အံ့ဖွယ်ကောင်းလောက်အောင် ဖားနေ၏။
'ကမ်းရိုးတန်း' သည် ဤနေရာတွင် စားသုံးမှုအဆင့်အမြင့်ဆုံး KTV ဖြစ်ပြီး အမြင့်ဆုံးအဆင့်သီးသန့်ခန်း၌ တစ်ညစားသုံးခြင်းသည် 10,000 မှ 20,000 ကျော် ကုန်ကျသည်။
သို့ရာတွင် လျန့်စီယုမှာပိုက်ဆံရှိ၏။
ညီအစ်မငယ်များ သို့မဟုတ် အသိုင်းအဝိုင်းငယ်များ စုဝေးသည့်အချိန်တိုင်း လျန့်စီယုက ၎င်းအတွက် ဒကာခံလေ့ရှိသည်။
လျန့်စီယု၏ လစဉ် မုန့်ဖိုးသည် တစ်ခါတစ်ရံ တစ်သိန်းကျော်ပြီး ၎င်းတို့ကို အဖေ၊ အမေ၊ အဖိုးအဖွားများက ပေးခြင်းဖြစ်၏။ တစ်လတစ်ကြိမ်တွေ့ဆုံခြင်းသည် သူမအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေ။ သူမက ဤကဲ့သို့အလွန်အမင်းကျေနပ်ဖွယ်ကောင်းသော ခံစားချက်ကိုလည်း နှစ်သက်သည့်အတွက်ကြောင့် အမြဲတမ်း ငွေကို ရက်ရောစွာ သုံးစွဲခဲ့သည်။။
သို့ပေမဲ့ ဒီနေ့…
လျန့်စီယု ခြောက်ကပ်ကပ် ရယ်မောပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
"ဒါကို အရင်မလုပ်တာ ပိုကောင်းမယ်... အဘိုး... ငါ့အဘိုးက မကြာခင်သေးမီကမှ အရမ်း နေမကောင်းနေတာ...ငါ အပြင်ထွက်မပျော်ချင်ဘူး....."
သူမမှာ ပိုက်ဆံမရှိပေ။
ဤလတွင် အဖေက ဆေးရုံမှာပဲရှိနေပြီး သူမကို မုန့်ဖိုးမပေးသလို အမေကလည်း သူမကို ဂရုမစိုက်ပေ။ အဘွားက ယွမ် ၃၀၀၀၀ ပေးခဲ့သော်လည်း အဘိုးဆီကမရခဲ့ချေ။
လျန့်စီယု ပိုက်ဆံအများကြီးသုံးခဲ့ပြီး နည်းနည်းမှမစုခဲ့ပေ။ ယခု ကမ်းရိုးတန်းကို သွားစားမည်ဆိုရာတွင် သူမမတတ်နိုင်တော့ပါချေ။
လျှို့ရွှမ် အံ့အားသင့်သွားပြီး သူမကရေရွတ်လိုက်သည်။
"စီယု... အခုပဲ မန်နေဂျာက ဖုန်းဆက်တယ်... နင့်အတွက် သီးသန့်ခန်း ဖွင့်လိုက်ပြီး ကျန်လူတွေအားလုံးက ဝင်သွားပြီတဲ့....'
သူတို့က ကမ်းရိုးတန်းတွင် ပုံမှန်ဧည့်သည်များအဖြစ် သတ်မှတ်၍ရပေသည်။
လျန့်စီယု၏ မျက်နှာသည် မည်းမှောင်လာပြီး ကျားစီးရမလိုမျိူး အခက်တွေ့ သွား၏ ။
ပိုက်ဆံမရှိရင် မရဘူးပဲ...
"အိုခေလေ..."
နှစ်ယောက်သား အတူတူ ကျောင်းတံခါးမှ ထွက်လာကြပြီး လျှို့ရွှမ်၏မျက်နှာ လက်ရှိတွင် မျက်နှာချိုသွေးသော အပြုံးတစ်ခုဖြင့် ပြည့်နေလျက်ရှိကာ ပြောလိုက်သည်။
"စီယု... နင့်အဖေ ငါတို့ကို အပြန်လာကြိုမှာလား...."
လျန့်စီယု၏ဖခင်က သူမကို အရမ်းချစ်၏။ သူ့သမီးကို မတားခဲ့ရုံသာမက လစဉ် ကမ်းရိုးတန်းမှာ နေ့တိုင်း သူငယ်ချင်းများများရှာရန် အားပေးအားမြှောက်ပြုလေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် လျန့်ယွမ်ချင်းက သူတို့ကို အကြိမ်တိုင်း ပို့ပေး၏။
ဇိမ်ခံကားများ...
လျန့်စီယု အကြိမ်ကြိမ် အပြုံးလေးနှင့်ပင် မထိန်းနိုင်တော့ဘဲ သာမန်ကာလျံကာဖြင့်ပြောလိုက်သည်။
"မဟုတ်ဘူး...သူ မအားဘူး...."
"ဒါဆို... ဘတ်စ်ကားစီးရအောင်...ဘတ်စ်ကားစီးမှာလား...."
လျန့်စီယုက ဘတ်စ်ကားစီးခဲ့တာလား...
“တိုက်—” ကားဟု မပြောနိုင်ခင်မှာပင် လျူရွှမ်
က တစ်နေရာကို လက်ညိုးထိုးပြပြီး ဝမ်းသာအားရနှင့် ပြော၏။
“ကြည့်စမ်း... နင့်ရဲ့ဒရိုင်ဘာက ရောက်နေတယ်... သူက နင့်ကို လာကြိုတာလား...နင်က အရမ်းဇိမ်ရှိတာပဲ...ငါနင့်ကို အားကျလိုက်တာ.... "
လျန့်စီယု သက်ပြင်းတစ်ချက်သာ ရှုရှိုက်ရင်း အတော်လေး တည်ငြိမ်သွားသည် ။
အိမ်က ကားက သဘာဝအတိုင်း သူမကိုလာကြိုခြင်းပဲဖြစ်ရမည်။
သို့ပေမဲ့ ဒရိုင်ဘာက သူမကို မမြင်သဖြင့် နေရာမှာတင် ရပ်ပြီး မောင်းမလာခဲ့သည့်အတွက် လျန့်စီယု လျှို့ရွှမ်ကို ခေါ်သွားရတော့၏။
"ဦးလေးကျိူး... ကျွန်မ တို့ကို ကမ်းရိုးတန်းကို လိုက်ပို့ပေးပါ....."
ကားပြတင်းပေါက်ကို ခေါက်ပြီးနောက် လျန့်စီယုက ချက်ချင်း အမိန့်ပေးလိုက်သည်။ လျှို့ရွှမ်က ကားထဲကိုဝင်လိုက်ပြီး အလွန်ပျော်ရွှင်နေခဲ့၏။
ကားဆရာကျိုးက အတော်လေး အကြပ်ရိုက်သွားဟန်ဖြင့် ပြောလိုက်သည်။
"ဒါ...ဒါက အလုပ်မဖြစ်မှာ စိုးမိတယ်...."
"ရှင်က ကျွန်မကို လာကြိုဖို့ရောက်နေတာမဟုတ်ဘူးလား... ကျွန်မကို ကမ်းရိုးတန်းကို ခေါ်သွားပေး... "
လျန့်စီယု မသိစိတ်ဖြင့် အသံမြင့်မိလိုက်ပြီး အလွန်စိတ်မရှည်ဖြစ်နေသည်။
…တကယ် မဟုတ်ဘူးမလား...
သူ့မ၏ အရုပ်ဆိုးနေသောမျက်နှာကို မြင်ရာတွင် ဒရိုင်ဘာကျိုးက သရော်လိုက်၏။
“မစ္စစိယု...ကျွန်တော် မင်းကို ကမ်းရိုးတန်းကို မပို့နိုင်ဘူး...ကျွန်တော့်မှာ လုပ်စရာရှိတယ်...."
"ဘာကိစ်စလဲ..."
လျန့်စီယု၏ လေသံမှာ အလွန်အေးစက်နေပြီဖြစ်သည်။ သူမ မှန်ထဲကနေ နောက်ထိုင်ခုံမှာထိုင်နေသည့် လျှို့ရွှမ်ကို မြင်နေရပြီး သူမ၏အမူအရာမှာ အနည်းငယ်ပုံမှန်မဟုတ်ဖြစ်နေ၏။
အမှန်တွင် သူမအတန်းဖော်၏ရှေ့မှာ သူမမျက်နှာကို အဖတ်ဆယ်ခြင်းဖြစ်လေသည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်က ခဏနေ အကြီးဆုံးသခင်မလေးကို ဆေးရုံ ခေါ်သွားပေးရတော့မှာ...."
"ဘာ... ဘာရယ်..."
လျန့်စီယု ဆွံ့အသွားလုနီးပါးပင်။
လျှို့ရွှမ်လည်း အနည်းငယ် စိတ်ဆိုးသွားပြီးမေးလိုက်၏။
"ရှင် ဘာတွေပြောနေတာလဲ မစ္စဟုတ်လာ... ရှင့်ဝမ်အိမ်ရဲ့ အကြီးဆုံးသခင်မလေးက ရှင့်ရှေ့မှာ မဟုတ်ဘူးလား... ဘာတွေ ပြောနေတာလဲ..."
ဒရိုင်ဘာကျိုးက နှုတ်ခမ်းထောင့်များတွန့်လိုက်ပြီး ရွေးချယ်စရာမရှိပဲ ပြောရတော့သည်။
“မစ္စစီယု...ကျွန်တော့် မိန်းမက သခင်မလေးကို လာကြိုခိုင်းလိုက်တာ... ကျွန်တော် အလုပ်အရင်ပြီးအောင်လုပ်ရမယ်...ကျွန်တော် မင်းကို လိုက်မပို့နိုင်ဘူး... တကယ်သွားချင်ရင် ဒီမှာ အရင်နေ နှင့်ပါ... ကျွန်တော့်ကိုစောင့်နေ့... ကျွန်တော် မင်းကိုပြန်လာခေါ်ပါ့မယ်...."
လျန့်စီယု နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။
ဒရိုင်ဘာကျိုးက သူမကို သခင်မလေး ဟု ခေါ်ဆိုလေ့ရှိသော်လည်း ကျန်းရှောင်မန်
ရောက်လာပြီးနောက် သူမက မစ္စစီယု ဖြစ်လာ၏။
သူမလက်ကို တိတ်တဆိတ် လက်သီးတင်းတင်းဆုတ်လိုက်ပြီး သူမ၏မျက်လုံးထဲက အရိပ်များက အလွန်ကြောက်စရာကောင်းလာသည်။
"ထားလိုက်တော့ လျှို့ရွှမ်... သွားရအောင်... သူ့ကို မပို့ခိုင်းနဲ့တော့... အိမ်ပြန်ပြီး အမေ့ကို သွားပြောမယ်....."
လျန့်စီယု မျက်နှာအပျက်မခံနိုင်သောကြောင့် သူ့ကို တားရန် အကြောင်းပြချက်တစ်ခုသာ ရှာနိုင်လေ၏။
xxxxxx