Chapter 341
လျှို့ရွှမ်က ဘာဖြစ်သွားမှန်း မသိသောကြောင့် လျန့်စီယုနှင့်အတူ ဆင်းသွားရုံသာတတ်နိုင်သည်။ သူငယ်ချင်းကောင်းတစ်ယောက်အနေဖြင့် သူမ၏ဒေါသကို ဖြေဖျောက်ပေးရန်အတွက် လျှို့ရွှမ် ကားမောင်းသူကြားနိုင်လောက်သည့် လေသံကို တမင်တကာ ထိန်းထားသလိုပြောလိုက်သည်။
“ဘယ်လိုဝန်ထမ်းမျိုးလဲ...သေးမပေါက်ခင်ကိုယ့်ဘာကိုယ်အရင်ပြန်ကြည့်ဦး... ဒီတောင်းဆိုချက်လေးကိုတောင် သဘောမတူနိုင်ဘူးတဲ့... ဒီလို ဒရိုင်ဘာက ဘာသုံးစားရမှာလဲ... အလုပ်ထုတ်လိုက်တာ ပိုကောင်းတယ်...."
လျန့်စီယုက သူမလက်ကိုဆွဲလိုက်ပြီးပြောလိုက်သည်။
"မေ့လိုက်ပါ... သွားကြရအောင်...."
လူကြီးတစ်ယောက် ဗီလိန်၏အတိတ်ကို မမှတ်မိသည်နှင့်တူလေသည်။
“စီယု...နင်က အရမ်းကြင်နာတတ်တာပဲ...ဒါကိုအတိတ်မှာပဲထားခဲ့သင့်တယ်... သခင်ကို လှည့်ဖြားတဲ့ ကျွန်ဆိုးလို့ခေါ်ရမှာ..
ဘာသခင်မလေးလဲ... ဒါက အဓိပ္ပာယ်မရှိဘူး မဟုတ်လား...နင့်အပြင် တခြားဘယ်သူရှိသေးလို့လဲ ငါသိချင်လိုက်တာ.... ဒါက နင့်ကို သက်သက်အနိုင်ကျင့်နေတာပဲ မဟုတ်လား... သူလေထဲကနေ သခင်မလေးတစ်ယောက်ဆွဲထုတ်နိုင်မလား ငါကြည့်ချင်သေးတယ်..."
လျှို့ရွှမ် ထွက်မသွားနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဒရိုင်ဘာဆိုသည်မှာ အလုပ်အများကြီးလုပ်ကိုလုပ်ရမှာဖြစ်သည်ကို အလုပ်မလုပ်ချင်ဘူးဟု သူမယူဆသောကြောင့်ပင်။
လျန့်စီယု အလွန်စိုးထိတ်နေသဖြင့် သူမမျက်လုံးများနီရဲနေပြီး ဤငတုံးမကို ပါးသာ ဆွဲရိုက်ပစ်ချင်၏။
နှစ်ယောက်သား ရုန်းကန်ရင်း လျှို့ရွှမ်က လျန့်စစ်ယုအတွက် တရားမျှတမှုကို ရှာဖွေရန် တွေးနေချိန်၌ သူတို့နားကနေ လူနှစ်ယောက် ဖြတ်သွားပြီး ကားတံခါးကို ဖွင့်ကာ ဝင်သွားကြသည်။
ကျန်းရှောင်မန်က ပြော၏။
"ဒီနို့လက်ဖက်ရည်က အရသာရှိတယ်နော် ...."
“အွန်း...."
ထိုသည်က ကျန်းရှောင်မန် နှင့် ကျောင်းသားအသစ်လေးဖြစ်လေသည်။
လျှို့ရွှမ် ကြက်သေသေသွားပြီး လျန့်စစ်ယု လည်း ကျောက်ရုပ်ဖြစ်သွား၏။
ကျန်းရှောင်မန်နှင့် ကျောင်းသားသစ်ဖြစ်နေသည်က ပြဿနာမရှိပေ။ သူတို့နှစ်ဦးက တော်လှန်ရေးကို ကျော်လွှားနိုင်သော ချစ်ကြည်ရင်းနှီးမှုတစ်ခုကို ဖော်ဆောင်ထားပြီးဖြစ်သည်။ လျှို့ရွှမ်လည်း အထူးသဖြင့် ဤသည်ကို ပစ်ပစ်ခါခါငြင်းပယ်ခဲ့သည်။
ဒါပေမဲ့……
အဓိကအချက်က ကျန်းရှောင်မန်က ဘာလို့ကားပေါ်တက်နိုင်ရတာလဲ...
ယာဉ်မောင်းက ကားကို မောင်းထွက်သွားတယ်ပေါ့...
ယာဉ်မောင်းက ဒီလောက်နာခံနေတယ်လား...
ခဏ... သခင်မလေးလား....
သခင်မလေး...ဘာအခြေအနေကြီးလဲ...ကျန်းရှောင်မန်က ဝမ်အိမ်ရဲ့သခင်မလေးဆို လျန့်စစ်ယုဘာလဲ...
လျှို့ရွှမ် လုံးဝ အံ့အားသင့်သွားသည်။ သူမသည် ထိုအကြောင်းကို တွေးပင် မတွေးဘဲပြောလိုက်၏။
“စီယု...နင် သူနဲ့ မရင်းနှီးဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား...."
လျန့်စီယု : “…”
တစ်ယောက်၏ မျက်နှာသည်ကား စိမ်းဖန့်နေလေပြီ။
လျန့်စစ်ယု နှင့် လျှို့ရွှမ်တို့ကြားရှိ ချစ်ကြည်ရေးလှေ မှောက်သွားခဲ့သည်။
သူမ အဓိပ္ပါယ်မရှိသည့်အရာတစ်ခုပြောခဲ့မိသည်ကို သတိထားမိရာတွင် လျှို့ရွှမ် ထိုဟာကို ဖြစ်မြောက်အောင်လုပ်ရန် နည်းလမ်းရှာခဲ့သည်။ သူမက ရယ်ပြီး ပြောလိုက်သည်။
“ဒါက ဘယ်လိုဖြစ်တာလဲ... စီယု ငါတို့မှားနေတာလား... ကျန်းရှောင်မန်ရဲ့ မျိုးရိုးနာမည်က ကျန်းလေ...ဝမ် မဟုတ်ဘူး...ဘယ်လိုသူဖြစ်နိုင်မှာလဲ...ဝမ်အိမ်က အကြီးဆုံးသခင်မလေးက ဘယ်မှာလဲ... ဒရိုင်ဘာက နင့်ကို လိမ်နေတာပဲဖြစ်ရမယ်..."
အဆင်ပြေသည်ဟု ပြောစရာပင်မလိုပါချေ၊ သူမ ထိုသို့ပြောလိုက်သည်နှင့် လျန့်စီယု၏ဒဏ်ရာကို တန်းပြီး သွားစွမိတော့၏။
ကျန်ရှောင်မန်၏ မျိုးရိုးအမည်မှာ ကျန်း ဖြစ်ပေ သည်။ သို့သော် ၎င်းသည် သူမ၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်၏။ သူမအမေနှင့်အဘွားက ကျန်းရှောင်မန်ကို မျိုးရိုးပြောင်းစေချင်ကြောင်း ဆွေးနွေးခဲ့ကြပေမဲ့ ကျန်းရှောင်မန်က မပျော်မရွှင်ဖြစ်ပြီး ပြဿနာရှာခဲ့သည်။
သူမကိုယ်တိုင်ကမူ ဝမ်ဟုအမည်တပ်ခံချင်သော်လည်း အခွင့်အလမ်းမရှိတာကြောင့် ဝမ်အမည်မတပ်နိုင်ခဲ့ပေ။
လျန့်စီယု၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး သူမကိုယ်သူမ ဝမ်းနည်းသွားပြီး စကားမပြောဘဲ တိတ်တဆိတ် ထွက်သွားသည်။
ထိုအချိန်မှစ၍ လျန့်စီယု နှင့် လျှို့ရွှမ်နှင့် တစ်ပတ်လုံး စကားမပြောဖြစ်တော့ပေ။
QQက အခြေခံအားဖြင့် လူမည်းများကို မပိတ်ပင်ထားသော်လည်း လျှို့ရွှမ် မည်သို့သောသတင်းကိုပေးပို့သည်ဖြစ်စေ တုံ့ပြန်မှုမရရှိခဲ့ပေ။ လျန့်စီယုက သူမအား အေးစက်စွာ ဆက်ဆံခဲ့ပြီး လျစ်လျူရှုထား၏။
လျှို့ရွှမ် သူမက မတရားသဖြင့် သေဆုံးသွားခဲ့ရသည်ဟု ပြောစရာနေရာပင်မရှိတော့ပါချေ။
မစ္စလျန့်စီယုက ဒေါသကြီးမှန်ဘယ်သူသိမှာလဲ... သူမက တစ်ခုခုမှားပြောမိတာလေးပဲ မဟုတ်ဘူးလား...ဘာအတွက်လဲ...
မူလက လျှို့ရွှမ် လျှို့ဝှက်ထားသော ခံစားချက်များ ရှိကောင်းရှိနိုင်သည်ဟု တွေးထင်ခဲ့သည်။ မဟုတ်ပါက ဆက်ဆံရေးသည် ဤမျှထိ မည်သို့ ရှုပ်ထွေးသွားနိုင်မည်နည်း။ သို့ပေမဲ့ ထပ်၍စဉ်းစားပြီးနောက်တွင်ကား လျန့်စီယုမှာလည်း ဝမ် မျိုးရိုးနာမည်မရှိခဲ့သလို ဝမ်မိသားစုအကြီးဆုံးအဖြစ်ရှိနေသည်မှာ အချိန်တစ်ခုရှိနေလေပြီ။ ဒါဆို ဘာလို့ ကျန်းမျိူးရိုးမဖြစ်နိုင်ရမှာလဲ....
လျှို့ရွှမ် ရုတ်တရက် ရှင်းလင်းလာပြီး ဘာတစ်ခုမှ မေးခွန်းထုတ်မနေတော့ပေ။
ဆန့်ကျင်ဘက်အနေနှင့် “ဧကရာဇ်မင်းသည် နောက်နှစ်တွင် ငါ့အိမ်သို့ အလှည့်ကျလာထိုင်မည်” ဟူသော ခံစားချက်ရှိလေသည်။
ဤစာကြောင်းလေးကိုကား လျှို့ရွှမ် လျန့်စီယု၏ ရှေ့မှာ မပြောရဲပါချေ။
သူမသူငယ်ချင်း လျန့်စီယုကို အဆုံးရှုံးခံရန်အတွက်က မဖြစ်နိုင်ပေ။
တောင်ကြီး ကိုယ့်ဆီမလာပါက ကိုယ်က တောင်ဆီ သွားရပေမည်။ လက်ရှိအချိန်မှာ အသိစိတ်ရှိသည့် ကပ်ဖားခွေးတစ်ကောင်ဖြစ်ရလိမ့်မည်။
လျှို့ရွှမ် လျန့်စီယုကို နံနက်စာ၊ ထီးများနှင့် အဆာပြေ အမျိုးမျိုး ပေးရန် သူမ၏ ဦးနှောက်ကို စတင်အသုံးပြုခဲ့သည်။ အခန်း(8)ကနေ အခန်း(12)ကို သူမ နေ့တိုင်း အလွန်အားစိုက်ထုတ်ကာ ပြေးလွှာခဲ့၏။
လျှို့ရွှမ် တစ်ပတ်ဆို လျန့်စီယု ဒေါသပြေလောက်သင့်သည်ဟု ခံစားရသောကြောင့် သူမ၏လျှိ့ဝှက်လက်နက်ကို ထုတ်ကာ လျန့်စီယု ထံ အကြွေးသွားတောင်းခဲ့သည်။
xxxxxx
Chapter 342
သူမ လျန့်စီယုဆီသို့ လင့်ခ်တစ်ခု ပေးပို့ပြီး ကျောင်းဖိုရမ်၏ မဲပေးကဏ္ဍတစ်ခုသို့ ကလစ်နှိပ်လိုက်သည်။ ထိပ်ဆုံးမှာ *အနီရောင် ပို့စ်တစ်ခုရှိနေ၏။
(T/N–အနီရောင်ဆိုရင် နာမည်ကြီးတယ် hotဖြစ်နေတယ်ဆိုတဲ့သဘောပါ )
[မင်းရဲ့စိတ်ထဲက ကျောင်းပန်း/မြက်တွေကို လာရွေးချယ်ပါ]
ဤသည်က စစ်တမ်း ပို့စ်တစ်ခုဖြစ်လေသည်။ ချီမင်း၏ အစဥ်အလာတစ်ခုလည်းဖြစ်သည်ပင်။
သူတို့၏နေ့ရက်များသည် ပျင်းစရာကောင်းလွန်းသည်၊ ထိုသို့အသေးအဖွဲအရာတွင်သာ အပန်းဖြေ စရာတချို့ ရှာတွေ့နိုင်လေသည်။
နှစ်စဉ် ကျောင်းအလှပန်းလေး နှင့် ကျောင်းမြက်ခင်းစိမ်းလေး ရွေးချယ်ရေး ပြိုင်ပွဲက ရောက်လာလေပြီ။
လျှို့ရွှမ်: [စီယု လာ...နင့်နာမည်ပေါ်နေတယ်...နင့်ကို မဲပေးဖို့ ငါ တစ်ညလုံး မအိပ်ဘဲနေခဲ့တာ... အဖေ့နံပါတ်၊ အမေ့နံပါတ်၊ အဖိုးအဖွား၊ အဖွား၊ အဘိုး၊ အစ်ကိုကြီး၊ အစ်မ နံပါတ်တွေ အကုန်လုံးကို ငါ ငှားလိုက်တယ်...နင့်ကို မဲပေးဖို့ အတွက် သိလား...နင် ချန်ပီယံဖြစ်နိုင်တယ်နော် 】
ဤတစ်ကြိမ်တွင် လျှို့ရွှမ် ပေးပို့သော မက်ဆေ့ချ်သည် မြေကြီးပေါ် ရေသွန်သလိုမဖြစ်ဘဲ လျန့်စီယုက သူ့မကို မက်ဆေ့ခ်ျကို ပြန်ပို့ခဲ့သည်။
လျန့်စီယု : [ဒီပန်းတွေနဲ့ နင်ဘာလုပ်နေတာလဲ ...ငါဂရုမစိုက်ဘူး...ပျင်းစရာကောင်းတယ်]
လျှို့ရွှမ်: [ဟေး... နင်နဲ့ထိုက်တန်တယ်လို့ ငါထင်တယ်]
ဤတစ်ကြိမ်၌ ပြန်ပင်ပြေလည်သွားခဲ့၏။
လျှို့ရွှမ် ထိုအခိုက်အတန့်တွင် စိတ်သက်သာရာရသွားသည်။
လျန့်စီယု ထိုပို့စ်ကို နှိပ်လိုက်သည်နှင့် သူမ၏နာမည်က လက်ရှိစာရင်း၏ ထိပ်ဆုံးမှာ ရှိနေသည်ကို တွေ့လိုက်ရ၏။ "လျန့်စီယု " အမည်အတွက် ဆန္ဒမဲအရေအတွက်သည် အခြားသူများထက် များစွာကျော်လွန်နေသည်။
သူမ ပြုံးမိသွားပြီး အနိုင်ရရန် စိတ်ပိုင်းဖြတ်လိုက်ကာ လက်ချောင်းများကို ရွေ့လျား၍ သူမကိုယ်သူမ မဲပေးခဲ့သည်။
ချီမင် အထက်တန်းကျောင်းမှ ကျောင်းသားအများစုသည် ဂျူနီယာအထက်တန်းကျောင်းသို့ ဝင်ရောက်ခဲ့သော လျန့်စီယု၏ အတန်းဖော်ဟောင်းများလေ၏။ ယခင် သူမ အလယ်တန်းကျောင်းတက်စဥ်တုန်းက လျန့်စီယုသည် လေလိုလူအတန်းစားထဲမှာ ပါဝင်ခဲ့ပြီး အတန်းဖော်တွေက သူမကို အသိအမှတ်ပြုခဲ့ကြသည်။
ဤကဲ့သို မဲပေးခြင်းက လွယ်ကူသည်ဆိုလျှင်ပင် သူမကို မဲပေးကြမှာဖြစ်၏။
တခြားသူတွေအတွက်ကတော့ ဘယ်သူသိမှာလဲ ...
လျန့်စီယု ကျန်းရှောင်မန်၏ နာမည်ကို ရှာတွေ့ရန် အဆုံးထိ လှန်လိုက်သည်။
တခြားမိန်းကလေးတွေမှာ ဓာတ်ပုံတွေရှိသော်လည်း ကျန်းရှောင်မန်မှာကား မပါပေ။ သူမနာမည်က ဖြတ်သွားဖြတ်လာများကြောင့် သူ့အလိုလို တွန်းတင်ခံထားရ၏။
မဲအရေအတွက်က သနားစရာကောင်းပြီး မုန်တိုင်းက မသေချာ မရေရာပေ။
လျန့်စီယု ပို၍ပင် ရင်တွေနာသွားသည်။ သူမစိတ်ကောင်းဝင်နေပြ လျှို့ရွှမ်ဆီသို့ မက်ဆေ့ချ်ပို့ကာ နေ့လည်စာ အတူစားရန် ဖိတ်ခေါ်လိုက်သည်။
ကိုယ်ပိုင်စာကြည့်ချိန်များ...
အတန်း (၈) ၏ စာသင်ခန်းသည် စာရေးခြင်းမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေပြီး စာအုပ်စာမျက်နှာများကို လှန်လိုက်သော အသံများသာရှိနေကာ အားလုံးက အသိနိုးကြားနေကြ၏။
စာသင်ခန်းက အနည်းငယ်ပူပြီး ငြီးငွေ့စရာကောင်းသည်။ ကျန်းရှောင်မန် အသုံးမဝင်သောလေကို သူ့လက်ဖြင့် ခတ်လိုက်ပြီး ညင်သာစွာ သက်ပြင်းချကာ သူမပတ်ပတ်လည်ရှိ လိုက်ကာများကို ဆွဲချလိုက်သည်။
ကျန်းရှောင်မန် နှင့် ယွီချင်းရှီတို့သည် သူတို့၏ အရပ်အမောင်း ပြဿနာများကြောင့် အခန်းထောင့်ဆီသို့ အောင်မြင်စွာ အပစ်ထုတ်ခံရသည်အတွက် အခြားသူများကို ကွယ်မထားနိုင်တော့ပေ။
သူမ လှုပ်ရှားလိုက်သည်နှင့် ယွီချင်းရှီက မျက်လုံးပင့်ကာ သူမကိုကြည့်လိုက်သည်။
စာသင်ချိန်တစ်ဝက်လောက် ဆက်တိုက်ဆိုသလို တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ယွီချင်းရှီ က သူမကို ထပ်ကြည့်ဖို့ မျက်လွှာပင့်လိုကိသော်လည်း ဤတစ်ကြိမ်၌ ထူးထူးခြားခြား တစ်ခုခုကို တွေ့သွားတော့၏။
အခုလေးတင် လိုက်ကာရဲ့ခြေရင်းမှာ... တစ်ခုခု ဖြတ်ပြေးသွားသလိုပဲ...
အမွေးအမှင်များ၊ စုတ်ချွန်းချွန်း မျောက်လိုမျက်နှာနှင့် မီးခိုးရောင်...
ယွီချင်းရှီ ရုတ်တရက်ထရပ်လိုက်ပြီး သူ့အသားအရည်ကြောင့် ဖြူဖျော့နေသည့်မျက်နှာက ပို၍ဖြူဖွေး လာသည်။
သူ့လှုပ်ရှားမှုက သေးသေးလေးမဟုတ်သလို တိတ်ဆိတ်ငြိမ်သက်နေသည် စာသင်ခန်းထဲမှာ အသံက အရမ်းရှင်းလင်းနေ၏။
အားလုံးက သူ့ကို ဘာကြောင့်မှန်းမသိ ပြန်ကြည့်လာကြသည်။
ယွီချင်းရှီ လက်နှစ်ဖက်ကို ဘေးမှာချထားရင်း လက်သီးများတင်းနေအောင် ဆုတ်ကာ သူ့မျက်နှာက မပြုံးမရွှင်နှင့် မျက်နှာသေဖြစ်နေသော်လည်း နှုတ်ခမ်းတွေကမူ ဖြူဖွေးနေ၏။
နှလုံးသားထဲက ထွက်ပြေးရန် တိုက်တွန်းနေမှုကို တွန်းလှန်ရင်း ယွီချင်းရှီ "ကြွက်တွေရှိတယ်" ဟု တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
ကျန်းရှောင်မန့်ရှေ့မှာ မျက်နှာအပျက်မခံနိုင်တော့ဘူးဟု သူ တွေးလိုက်၏။ အလျင်စလို မတ်တပ်ရပ်လိုက်ရုံနှင့် ဗီဇက ထိန်းချုပ်လို့ မရတော့ပေ။ ယခု သူက ယောကျာ်းတစ်ယောက်ဖြစ်နေပြီဖြစ်ကာ ယောကျာ်းစစ်စစ်တစ်ယောက်ဖြစ်နေသော်လည်း ဤမျှသော အရာကို မကိုင်တွယ်နိုင် မဖြေရှင်းနိုင်ပေ။
တည်ငြိမ်ရမယ်...တည်ငြိမ်ရမယ်...တည်ငြိမ်ရမယ်——
စိတ်လျော့စမ်း....
ယွီချင်းရှီက တည်ငြိမ်နေဆဲသော်လည်း သူ့စကားတွေပြောပြီးသည့်နောက်မှာ စာသင်ခန်းတစ်ခုလုံးသည်ကား ငြိမ်သက်မနေတော့ပါချေ။
ယွီချင်ရှီ ယနေ့အချိန်အထိ ကမ္ဘာပေါ်တွင် ကြွက်များကို ကြောက်တတ်သူ အများအပြားရှိကြောင်း နားမလည်ခဲ့ပေ။
အနည်းဆုံး မိန်းကလေး တစ်ဝက်လောက်က ဆူညံပွက်လောရိုက်လာသည်။
“အားးး-”
"ကြွက်... ကြွက်ဘယ်မှာလဲ.."
"အား အားး မလာနဲ့... အား မလာနဲ့ ...အား မလာနဲ့...ဘယ်မှာလဲ..."
ကျောင်းစာအုပ်များ၊ ပုလင်းများနှင့် အခြားအရာအားလုံးကို လက်ထဲတွင် ကိုင်ဆောင်ထားသူများသည် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် လက်နက်အဖြစ် အသုံးပြုနိုင်ပေသည်။ သတ္တိပိုနည်းလာပြီး သူ စာသင်ခန်းအပြင်ကို ပြေးထွက်လိုက်၏။
ယောက်ျားလေးတွေလည်း ပရမ်းပတာဖြစ်သွားကြသည်။ အစပိုင်းတွင် တစ်စိတ်တစ်ပိုင်သာ ပရမ်းပတာတစ်ခုဖြစ်ခဲ့သော်လည်း ကြွက်က ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကို ပြသသောအခါတွင်မူ...
"အာာားးး... အမေရေ... ကြွက်ရှိတယ်..."
“မေငိုး.... ကြွက်ကြီးဟ...."
"ဘယ်သူ ဖမ်းမှာလဲ အာား..."
အကုန်လုံး ဗြောင်းဆန်ကုန်၏။
xxxxxxxx
Chapter 343
ကြွက်ကလည်း ကြောက်လန့်တကြား ပတ်ပြေးပြီး လူတွေကလည်း ကြောက်လန့်တကြားပတ်ပြေးနေသည်။
ခဏအကြာ၌ လူတွေကပဲ ကြွက်ကို ပိုကြောက်သလား သို့မဟုတ် ကြွက်တွေကပဲ လူကို ပိုကြောက်သလား မပြောနိုင်တော့ပေ။
တချို့လူတွေက ကြွက်တွေကိုဖမ်းချင်သော်လည်း ရှေ့ကိုမလှမ်းဝံ့ကြချေ။ သူတို့က ရှေ့တိုးလိုက်နောက်ဆုတ်လိုက်ဖြင့် အထင်းသားဖြစ်နေ၏။
ကျန်းရှောင်မန် သက်ပြင်းချလိုက်ပြီး စင်မြင့်အောက်ကနေ သူမ၏နေ့စဉ်ဝတ်လက်အိတ်ကို ထုတ်ကာ ကျယ်ကျယ်ပြောလိုက်တော့သည်။
"လမ်းဖယ်ပေးကြပါ ...ငါလာမယ် ...."
သူမ၏လေသံက အေးဆေးတည်ငြိမ်လွန်းပြီး ကိုယ်ဟန်အနေအထားက အရမ်း ခံ့ညားပုံပေါ်သည့်အတွက် လူတိုင်းက ဘေးကို ထွက်သွားကြပြီး အများစုက စာသင်ခန်းထဲက ထွက်သွားကြ၏။
စာသင်ခန်းက ဗလာဖြစ် သွားပြီးနောက် ကျန်းရှောင်မန် ကြွက်ကို အမြီးကနေ ကိုင်ဖမ်း လိုက်ပြီး မြှောက်လိုက်သည်။
“အိုခေ... ကြွက်ကို ဖမ်းလိုက်ပြီ...မကြောက်ကြနဲ့... ငါ နင်တို့ကို ကာကွယ်ပေးမယ်...”
အိုး သူရဲကောင်းပဲ ...သူရဲကောင်း...
လက်ဗလာဖြင့် ကြွက်ကို ဖမ်းသော စစ်သည်တော်...
အတန်းခေါင်းဆောင်၏ ဦးဆောင်မှုနှင့်အတူ အတန်း(8)ရှိလူတိုင်းက ကျန်းရှောင်မန်ကို လက်ခုပ်တီးကာအားပေးကြပြီး သူမကို တဖိတ်ဖိတ်တောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ဤအခိုက်အတန့်တွင် ကြွက်ကို အနိုင်ယူခဲ့သော ကျန်းရှောင်မန်သည် သူတို့၏စိတ်ထဲတွင် မဟာသူရဲကောင်းနှင့် စစ်သည်တော်ဖြစ်သည်။
သူမက အရမ်းရဲရင့်တယ်... လုပ်နိုင်စွမ်းရှိတယ်...သတ္တိရှိတယ်...
သူမကသာ ခေါင်းဆောင်... သူမကသာ အရာရာတိုင်းပဲ...
စွန်းမိုက်တယ်...
မည်သို့ပင်ဖြစ်စေ ၊ဤကဲ့သို့သော အရာကို မကြောက်သူမည်သူရှိပါမည်နည်း
“နင်က အရမ်းမိုက်တယ်...”
တစ်စုံတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ကြွက်ကို မြင်ချင်သော်လည်း မကြည့်ဝံ့ဘဲ တစ်ချက်ကြည့်ပြီး ခေါင်းပြန်လှည့်လိုက်သည်။
"နင် ကြွက်ဖမ်းရဲတယ်ပေါ...."
"ငါက ကြွက်ဖမ်းရတဲ့နေရာမှာ အရမ်းသတ္တိရှိတယ်..."
ကျန်းရှောင်မန်က သူမ၏ ဆုဖလားကို ကိုင်မြှောက်ကာ ဂုဏ်ယူစွာပြောခဲ့သည်။
"မကြောက်ပါနဲ့... အဲဒါက ငါ့ကို ကိုက်မှာမဟုတ်ဘူး... ငါ အခု ဖြေရှင်းလိုက်မယ်..."
"ဝိုး……"
"ငါ ကြောက်တယ်..."
"ကိုယ်ပိုင်စာကြည့်ချိန်နော်... ပြဿနာမရှာပါနဲ့..."
အတန်းဆောင်က အတန်းကို ထိန်းသိမ်းရန် ထွက်လာပါတော့သည်။
စာသင်ခန်းထဲမှာ ပြန်ပြီးငြိမ်သက်သွား၏။
ထိုအချိန်တွင် ခဏမျှတုံ့ဆိုင်းသွားပြီး ကျန်းရှောင်မန်က ကြွက်ကို ကိုင်ထားရင်း သူမ သက်ရှိသတ္တဝါများကို အန္တရာယ်မပေးနိုင်ဟု တွေးကာ တခြားနေရာများမှာ ပြန်လွှတ်လိုက်ရန် စီစဉ်ခဲ့သည်။
ထိုသို့ တွေးပြီးသည်နှင့် သူမ ဆရာမဆီကို အလိုလို ထွက်သွားခဲ့၏။
သို့ပေမဲ့ ဆရာမကိုရှာရန် သင်ကြားရေးနှင့် သုတေသနရုံးခန်းထဲသို့ ကြွက်ကို ယူလာသောအခါ…
"အား အား အား အား ..."
"အား...အား...အား..."
"အဲဒါဘာကြီးလဲ...."
သြော် ဆရာမကလည်း ကြောက်တတ်တာပဲ...
နောက်ပိုင်းတွင် ကျန်းရှောင်မန် အစောင့်ဦးလေးကိုရှာတွေ့ခဲ့ပြီး ဦးလေးက ၎င်းကို သူ ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟု ပြောသဖြင့် ကျန်းရှောင်မန် စိတ်သက်သာရာရစွာဖြင့် သူ့ကို လွှဲပြောင်းပေးလိုက်သည်။
ထို့နောက် ပြန်လာ၍ ဆက်လာက် စာကြည့်တော့၏။
ဒီကလူတွေက အရမ်းသတ္တိကောင်းကြတာပဲ...
စာသင်ခန်းထဲပြန်ဝင်ပြီးနောက် ခုနလေးကမှ ရုတ်ရင်းဆန်ခတ်မှုဖြစ်ထားသည့်ဟန်မတွေ့ရတော့ပေ။ ကျန်းရှောင်မန် သူမထိုင်ခုံဆီသို့ ပြန်သွားပြီး ထိုင်လိုက်သည်။ အနောက်ခုံမှာထိုင်နေတဲ့ ယွီချင်းရှီက သူမကို သေသေချာချာကြည့်ပြီး စာရွက်တစ်ရွက်ကို တိတ်တဆိတ် ပေးလာ၏။
ကျန်းရှောင်မန် ရှုပ်ထွေးသွားပြီး ဖွင့်ကြည့်လိုက်ချိန်တွင် မှတ်စုသေးသေးလေးတစ်ခုဖြစ်နေလေသည်။
[ကျေးဇူးတင်ပါတယ် (`)နှလုံးသားထက်ပို]
အနီရောင် ဘောပင်ဖြင့် အနီရောင် ခြယ်ထားသော အသဲလေးတစ်ခုကိုလည်း ၎င်းနောက်မှာ ဆွဲထား၏။
ကျန်းရှောင်မန် အချိန်အကြာကြီး ကြည့်နေခဲ့ပြီး ယွီချင်းရှီ၏ ဆေးခြယ်ရန် ငြင်းဆိုမှုသည် အမှန်တကယ်ကို အရည်အချင်းတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူမ ယွီချင်းရှီကို မှတ်စုလေးတစ်ခု အမြန်ပြန်ပေးခဲ့၏။
【ရပါတယ်】
နောက်ကျောမှာ အသဲလေးတစ်ခုလည်း ထည့်ထားသည်။
ယွီချင်းရှီ ခေတ္တရပ်တန့်နေပြီးနောက် အသဲနှစ်ခုကြားတွင် မြှားတစ်စင်းကို တိတ်တိတ်လေး ခိုးဆွဲပြီး ၎င်းတို့ကို တွဲဆက်လိုက်သည်...
မြှားနတ်မောင်ရဲ့မြှား... *အဲရောစ်ရဲ့မြှား
(T/N–ဂရိအချစ်နတ်ဘုရား)
သူလုပ်ထားသည့်အရာကို သတိပြုမိသောအခါ ယွီချင်းရှီ၏မျက်နှာက နီရဲသွား၏။ ကံကောင်းထောက်မစွာပင် မည်သူမျှ သတိမထားမိဘဲ ချက်ချင်းပင် မြှားကို ဖျက်ဆီးကာ အသဲနှစ်ခုကို မည်းမှောင်သွားစေခဲ့သည်။
လွှင့်ပစ်ချင်ပေမဲ့ မပစ်ရက်သည့်အတွက် ခေါက်ပြီး အိတ်ကပ်ထဲ ထည့်ထားလိုက်ရ၏။
ကျန်းရှောင်မန် မသိခဲ့သည်က သူမ၏ သူရဲကောင်းဆန်ဆန် လုပ်ရပ်တွေ အခုလေးတင် ပြန့်နှံ့သွားခြင်းကိုပင်။
မွန်းတည့်အချိန်၌ ထမင်းစားခန်းမသည် အလွန်စည်ကားနေဆဲဖြစ်ကာ အချိန်လည်းနှောင်းသွားပြီဖြစ်သဖြင့် ဘာမှမကျန်တော့ပေ။
လျှို့ရွှမ်နှင့် လျန့်စီယုတို့က နောက်ကျမှ ရောက်လာကြပြီး အစားအသောက်ကောင်းများကို မလုယူခဲ့နိုင်ကြသော်လည်း သူတို့၏ ကောင်းမွန်နေသော စိတ်အခြေအနေကို ပျက်စီးမသွားစေခဲ့ပေ။
လျန့်စီယုက သူမကျောင်းအလှပန်းလေး ရွေးချယ်မှုစာရင်းမှာ ပထမဖြစ်နေသည့်ကိုတွေ့လိုက်ရသောကြောင့် သဘာဝအတိုင်း ပျော်ရွှင်နေခဲ့သည်။
လျှို့ရွှမ်ကမူ ကျန်းရှောင်မန်၏ ဟာသကို မြင်လိုက်ရသည့်အတွက် လက်ရှိမှာ လျန့်စီယုကို စိတ်ပါလက်ပါ ပြောပြနေ၏။
“ဟေ့... မသိဘူးလား...အဲဒီတုန်းက ငါသေအောင်ကြောက်သွားတာ... အဲဒီကြွက်ကို မြင်လိုက်ရတော့ ငါ့ခြေထောက်တွေ ပျော့ခွေသွားတာပဲ...သူက တကယ်ကြီး ကြွက်ကို လက်ဗလာနဲ့ ဖမ်းရဲတယ်... ညစ်ပတ်တယ်မဟုတ်လား... အဲဒီအကောင်ကို ကြည့်ပြီး ငါဖျားတောင် ဖျားတယ် ...."
လျှို့ရွှမ်က အလွန်ချဲ့ကားနေသောအမူအရာဖြင့်ပြောလေသည်။
"ကြွားချင်လို့ဖြစ်မှာပေါ့...အရမ်းတွေကြိုးစားနေတာ....."
xxxxxx
Chapter 344
ကြွက်ဖမ်းတာလား...လတ်စသတ်တော့ အတန်း(8)က အခုလေးတင် ဒီလောက်ဆူညံပွက်လောရိုက်သွားတာ ဒါကြောင့်လား..
လျန့်စီယုက ပြုံးပြီး ပြောလိုက်သည်။
“အဲလိုပြောစရာ မလိုပါဘူး... သူက အရင်က တောမှာ နေတာလို့ ငါ ကြားဖူးတယ်...ဒီလိုမျိုးတွေ ဖမ်းရတာ သာမာန်ပဲ မဟုတ်လား... ဒါက သူ့အတွက် ပုံမှန်ပါပဲ...ညှာညှာတာတာလေးပြောပါ...တကယ်တမ်းကျ သူက ကလေးဘဝကတည်းက လေ့ကျင့်ပေးခံထားရတာလေ...."
ထိုသည်ကိုကြားရာတွင် လျှို့ရွှမ် ကျန်းရှောင်မန်နှင့်ဝမ်အိမ်၏ ဆက်ဆံရေးကို သိချင်သော်လည်း သင်ခန်းစာရထားသည့်အတွက် သူမ ထပ်မမေးရဲတော့ဘဲ ကျန်းရှောင်မန်အကြောင်းကို လျန့်စီယုနှင့် ဆက်ပြီးမှိုချိုးမျှစ်ချိုးပြောရုံသာတတ်နိုင်လေသည်။
"မှန်တယ်... ဒါပေမဲ့ အဓိကအချက်က… ညစ်ပတ်တာပဲ... သူက အရမ်းညစ်ပတ်တယ်..”
လျှို့ရွှမ်က သူမဘာတွေတွေးနေမှန်းမသိဘဲ တိုးတိုးလေးပြောလိုက်၏။
" အိပ်ခန်းအောက်က ပန်းကုတင်နားကို ဖြတ်သွားတော့... ပေါက်လို့ပဲစား ကြွက်တချို့ပြေးထွက်လာပြီး ငါသေအောင် ကြောက်သွားတာ... အဲဒီမှာ မြေအောက်ရေလမ်းကြောင်း ပိတ်ဆို့သွားတယ်လို့ ကြားတယ်...အခု ပြုပြင်နေတော့ အဲဒီနေရာက ညစ်ပတ်တဲ့အရာတွေ အကုန်ထွက်ပြေးလာကြတာ .... အခုဆို အထူးသဖြင့် ကြွက်တွေ အများကြီးပဲ...."
လျန့်စီယု ထိုသည်ကိုကြားရာတွင် ဘာမှမပြောဘဲ ကျော်သွားလိုက်သည်။
လျှို့ရွှမ်က ဆက်လက်လှောင်ပြောင်ကာ ထေ့ငေါ့ပြောဆိုခဲ့သည်။
“ကျန်းရှောင်မန်က ကြွက် ဖမ်းဖို့ အရမ်း စိတ်အားထက်သန်ပြီး အရမ်းလည်းအစွမ်းရှိတော့ သူ့ကို ဖမ်းခွင့်ပေးလိုက်တာက ပိုကောင်းပါတယ်...ဘယ်လောက်တောင်ကောင်းလိုက်လဲ....."
"ငါ့ကိုမပြောပြနဲ့... ထမင်းစားနေတုန်း ဒီလိုပြောနေတာ ရွံစရာကြီးမလား ....."
လျန့်စီယု သူမကို ထူးထူးခြားခြား ကြည့်လိုက်ပြီးနောက် ဆက်လက်၍ စားနေသည်။
သူမ အချိန်အတော်ကြာပြီးနောက် ဖုန်းကိုပြန်ကြည့်လိုက်ချိန်တွင် မဲအရေအတွက်တွင် သူမက ပထမနေရာ၌ ရှိနေသေး၏။ ကျန်းရှောင်မန်က နောက်ဆုံးလူဖြစ်နေဆဲဖြစ်သည်။
စိတ်အခြေအနေက သိပ်ကိုလှပနေဆဲပင်။
ကျန်းရှောင်မန် သူမကို မည်သို့မျှ အနိုင်ယူနိုင်မှာမဟုတ်ပေ ။
ဤစိတ်အခြေအနေကောင်းလေးသည် ညနေခင်းအထိသာ ကြာမြင့်ခဲ့သည်။
လျန့်စီယု ညစာစားပြီးနောက်တွင် မဲအရေအတွက်ကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်၏။ ကျောင်းအလှပန်းရွေးချယ်ပွဲ အတွက် ဆန္ဒမဲအရေအတွက်ကို သူမ အလွန်ကျေနပ်သွားပြီး ၎င်းနောက် ကျန်းရှောင်မန်၏ မဲအရေအတွက်...နှင့် တခြားဟာများစွာကိုကြည့်လိုက်သည်။
တစ်ခုခုမှားနေတာလား...
လျန့်စီယု ထပ်ခါတလဲလဲ အတည်ပြုခဲ့ပြီး နောက်ဆုံးတွင် ကျန်းရှောင်မန် ရက်တစ်ပိုင်း အတွင်း မဲရာနှင့်ချီတိုးလာခဲ့ကြောင်း သိရှိသွားတော့သည်။
မွန်းတည့်မတိုင်မှီက သူမသည် အောက်ဆုံးနေရာတွင် ရှိနေခဲ့ပြီး ယခုမူ သူမကို ပထမစာမျက်နှာတွင် မြင်တွေ့ရလုနီးပါးဖြစ်နေလေပြီ။
ဒါ... ဒါက မြန်လွန်းနေသလားလို့...
ဘယ်လိုဖြစ်တာလဲ...
ကျန်းရှောင်မန်က လက်မှတ်ကို ပွတ်ဆွဲလိုက်တာလား....
(ငွေသုံးပြီးမဲထည့်ခိုင်း)
လျန့်စီယု အထူး ပြင်းထန်သောအကျပ်အတည်းတစ်ခုနှင့်အတူ အလွန်ကသိကအောက်ဖြစ်လာသဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည် ။
၎င်းတို့နှစ်ဦးကြားရှိ မဲအရေအတွက် ကွာခြားချက်မှာ အလွန်ကြီးမားနေသေးသော်လည်း လျန့်စီယုတိုးလာသောမဲများက အလွန်နည်းပါးသွားကာ လိပ်အရှိန်နှင့်သာတိုးလာနေမှန် သိသာ၏။ကျန်းရှောင်မန်၏ စုစုပေါင်းမဲအရေအတွက်သည် သူမလောက်မကောင်းသော်လည်း ယခုအချိန်တွင် တိုးလာနေသည်မှာ အလွန်လျင်မြန်သည်။
ဤအတိုင်းဆက်သွားနေပါက အနှေးနှင့်အမြန် သူမကို မှီလာလိမ့်မည်။
ညိုမှိုင်းသောမျက်နှာဖြင့် လျန့်စီယု ဂျူနီယာအထက်တန်းကျောင်းရှိ အတန်းအသီးသီးနှင့် အတန်းဖော်များထံ မဲပေးရန်လင့်ခ်ကို ပေးပို့ပြီးနောက် အခြားမက်ဆေ့ချ်တစ်ခု ပေးပို့ခဲ့သည်။
လျန့်စီယု : [လျှို့ရွှမ်... ကျေးဇူးတင်ပါတယ်... ငါ အခု စာရင်းရဲ့ ထိပ်ဆုံးမှာ ရောက်နေတယ်... သူ့ရဲ့ ဒါဇင်နဲ့ချီမဲတွေ ကြောင့်သာမဟုတ်ရင် ငါ ဒီနေရာကိုရမှာ မဟုတ်ဘူး]
ထိုဟာကို ပို့ပြီးသည်နှင့် အတန်းထဲကလူများ ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်လာ၏။
"နတ်သမီးလေး ရောက်လာပြီ "
"အစ်မစီယု အားးး..."
“ဘာလဲ... ငါလည်းကြည့်ပါရစေဦး ”
အားလုံးက စကားတွတ်ထိုးနေကြပြီး လျန့်စီယု ကပြောလိုက်သည်။
"တောင်းပန်ပါတယ်... မှားပို့လိုက်တာ...အား..... ဘယ်လောက်ရှက်စရာကောင်းသလဲ..."
"ဟားဟားဟား ...စီယုက အရမ်းချစ်စရာကောင်းတယ်..."
"ဒါက နေရာမှားပို့လို့ရပါတယ် ဟားဟား...."
"အားမပေးနေနဲ့ ဟားဟား မဲပေးကြ...."
ထို့နောက်တွင် နောက်ထပ် မဲလှိုင်းများ ထွက်ပေါ်လာ၏။
လျန့်စီယု တက်ကြွနေသည်ကိုမြင်ရာတွင် လျှို့ရွှမ် သူမကို တိတ်တိတ်လေး လက်တို့ပြီး လျန့်စီယု ၏သံသယများကိုဖြေရှင်းရန် ပို့စ်များစွာကို ပေးပို့ခဲ့ပြီး ကျန်းရှောင်မန်၏မဲများ အချိန်တိုအတွင်း မည်သို့တိုးလာပုံကို လျန့်စီယုအား နားလည်စေခဲ့သည်။
#啊啊啊 ငါလည်း ဒီလိုကြွက်ဖမ်းနတ်သမီးလေး ကြွက်လာကူဖမ်းပေးမှာကိုလိုချင်တယ်လေ ! #
#သူမက တကယ်သတ္တိရှိတယ် အရမ်းလည်းချစ်စရာကောင်းတယ်...သူမ အတန်းထဲမှာရှိနေတာကို ငါအရမ်းပျော်တယ်... လုံခြုံတယ်လို့ ခံစားရတယ်... #
#重金求满QAQ တောင်းပန်ပါတယ်...ငါတို့အိပ်ဆောင်က ကြွက်တွေကူဖမ်းပေးပါဦး... ငါတို့ ရူးတော့မယ် ဝူးးးးးးး#
ဤအရာအားလုံးဟာ ယနေ့ ဖိုရမ်မှာ တင်ထားသည့် ပို့စ်တွေဖြစ်၏။
အကြောင်းအရာအားလုံးသည် ကြွက်ဖမ်းခြင်းအကြောင်းဖြစ်သည်။
"အားး အားး ကျန်းရှောင်မန် အရမ်းခန့်ညားတာပဲ"၊ " အားးး အားးး... ငါ နင့်ကို ခံနိုင်ရည်ရှိပါတယ်... ငါ့အတွက် ကြွက်တွေ လာဖမ်းပေး..."၊ "ကျန်းရှောင်မန် ငါ့အတွက် ကြွက်တွေ လာဖမ်း... ငါ့မှာ ထောက်ပံ့ဖို့ ပိုက်ဆံရှိတယ်"...
ကြွက်...ကြွက်...ဒီရွံစရာကောင်းတဲ့စွမ်းရည်နဲ့ ကျန်းရှောင်မန်က အမျိုးသမီးအဆောင်တစ်ခုလုံးရဲ့ ဒဏ္ဍာရီလာသူရဲကောင်း ဖြစ်လာခဲ့တယ်ပေါ့လေ...
လျန့်စီယု ရူးလုမတတ်ပင်။
ဒါ ကြီးကျယ်ခမ်းနားတဲ့ အရာမဟုတ်ဘူးလေ... သူတို့ကိုယ်တိုင် လုပ်လို့မရဘူးလား... ကျန်းရှောင်မန်နဲ့ ပတ်သက်မှ ရမှာလား...
ဒီလိုအရာမျိုးကို ပြောရလောက်တဲ့အထိ ဘယ်သူများ အဲ့လောက်ပျင်းနေတာလဲ...ကျန်းရှောင်မန်လိုအရူးကို ဒီအတွက်နဲ့ မဲတွေပေး နိုင်ကြတယ်ပေါ့...
နင်တို့ဦးနှောက်တွေ ဘယ်ရောက်ကုန်ကြလဲ...
အဆင့်အတန်းတွေရော...
xxxxxxxx
Chapter 345
လက်ရှိမှာ လျန့်စီယု အချိန်အတော်ကြာ မေ့လျော့ထားခဲ့သည်ကား ယခု သူမသည် ဂျူနီယာ အထက်တန်းကျောင်းမှာမဟုတ်တော့သလို သူမက သူမ၏ အဖွဲ့ငယ်လေးထဲက အကောင်းဆုံး မင်းသမီးလေးလည်း မဟုတ်တော့ပေ။ အဆင့်အတန်းကိုမဆိုထားနှင့် တခြားသူတွေက သူမနှင့် သိပ်ပင်မရင်းနှီးကြပါချေ။
ထိုလူများသည် ကျန်းရှောင်မန်ကို အရူးအမူး ချစ်ရေးဆိုကြပြီး အချိန်တိုတိုအတွင်း၌ ၎င်းတို့သည် ကျန်းရှောင်မန်၏မဲများကို ဂျပန်ထိရောက်အောင် ပေးခဲ့ကြသည်။
(ဟိုးထိပ်ဆုံးထိလို့ပြောချင်တာကို အတိသယဝုတ္တိအလင်ကာသုံးထားတယ်ထင်တာပဲ XD)
စိတ်အားထက်သန်မှုနှင့် ကြယ်ပွင့်နောက်လိုက်သူ ကဲ့သို့ ပြုမူနိုင်သည့် စွမ်းရည်ကို ပြသဖြင်းသည် တိုက်ခိုက်ရမည့်နေရာကို ရိုးရှင်းစွာ ရည်ညွှန်းလေ၏။
လျန့်စီယု မဲအရေအတွက် အပြောင်းအလဲကို တစ်ညလုံး စောင့်ကြည့်နေခဲ့သည်။
အစပိုင်းတွင် ကျန်းရှောင်မန်က အဆင့်နှစ်ဆယ်၊ ဝန်းကျင်၌သာရှိပြီး၊ ၎င်းနောက် ဆယ့်ငါးဖြစ်လာကာ ထို့နောက် ထိပ်တန်းဆယ်ယောက်ထဲသို့ ရောက်ရှိလာခဲ့၏။
ထိပ်ဆုံးငါးယောက်... ထိပ်ဆုံးသုံးယောက်...
လျန့်စီယုနှင့် တစ်နေရာသာ ကွာတော့သည်။
သို့သော်လည်း ကျန်းရှောင်မန်၏မဲများက မရပ်တန့်သေးပါချေ။
လျန့်စီယု ဒေါသထွက်လွန်း၍ ငိုချလုမတတ်ပင်။ သူမ လျှို့ရွှမ်ထံမှ သင်ယူခဲ့ပြီး သူမရှာဖွေနိုင်သော ဖုန်းနံပါတ်များအားလုံးကို စာရင်းသွင်းကာ ငှားရမ်းပြီးနောက် သူမကိုယ်တိုင် မဲပေးခဲ့သည်။
သို့သော် အရာမရောက်ပေ။
လျန့်စီယု လက်မှတ်တွေကို ပွတ်ဆွဲပြီး ကျန်းရှောင်မန်ကို နှိမ်နှင်းဖို့တောင် တွေးထားပေမဲ့ သူမမှာ ပိုက်ဆံရှိပြီး ပွတ်ဆွဲချင်နေလျှင်ပင် စျေးကွက်ရှိမှာ မဟုတ်ချေ။ ဤသည်က စီးပွားရေးလုပ်ငန်းတစ်ခု လုံးဝ မဟုတ်ပါဘဲ အပန်းဖြေစရာတစ်ခုသာ ဖြစ်လေ၏။ စျေးကွက်မရှိသလို လုပ်ချင်သူကိုလည်း ဘယ်သူမှ ရှာတွေမှာမဟုတ်ပေ။
လျန့်စီယု တစ်ညလုံး လူးလိမ့်ကာဖြင့် ထိုဟာ စူးစိုက်ကြည့်နေခဲ့ပြီး ကျန်းရှောင်မန်၏ မဲများ သူမကို ကျော်တက်သွားသည်ကို ကြည့်နေခဲ့သည်။
စာရင်း၏ ထိပ်ဆုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်နေလျက်...
ထို့နောက်…သူမ၏မဲများနှင့်အကွာကြီးကွာသွား၏။
လျန့်စီယု အိပ်မပျော်ပေ။
နောက်နေ့တွင် သူမ မျက်လုံးအောက်မှာ အမဲကွင်းလေးများနှင့် ကျောင်းကိုရောက်လာသည်။
ကောင်းသည့်အရာဟု သူမ ထင်ခဲ့သော်လည်း နောက်ဆုံးမှာ ကျန်းရှောင်မန်က သရဖူဆောင်းသွား၏။ အနှီခံစားချက်က ရိုလာကိုစတာနှင့်တူလေသည်။ နှစ်ဘက်ကြားက ကွာဟမှုက လျန့်စီယုကို စိတ်ဓာတ်ကျသွားစေပြီး တစ်ခုနှစ်ခုမျှ သက်သာရာရရန်အတွက် သွေးအန်လုနီးပါးဖြစ်ခဲ့ရ၏။
တကယ်တမ်းကျ... ကျန်းရှောင်မန်ကို အနိုင်မယူနိုင်ခဲ့ချေ။
ကျန်းရှောင်မန်ကို ထပ်ပြီး အနိုင်မယူနိုင်တော့ဘူး....
လျန့်စီယု သံလိုက်အိမ်မြှောင်များကိုယူကာ စားပွဲခုံပေါ်တွင် ကြောက်စရာကောင်းသော ခြစ်ရာတစ်ခုကို အပြင်းအထန်ပြုလုပ်ခဲ့သည်။
သူမစိတ်အခြေအနေ မကောင်းသည်ကိုမြင်လိုက်ရာတွင် လျှို့ရွှမ် လျန့်စီယုကို သူမ၏ စိုးရိမ်ပူပန်မှုတွေနှင့် အခက်အခဲတွေကြားကနေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ဆက်လက်ကူညီပေးချင်သည့်အတွက် ကျန်းရှောင်မန်ကို ခက်ခက်ခဲခဲ နင်းချေခဲ့ရ၏။
"စီယု... စိတ်မကောင်းမဖြစ်ပါနဲ့... အဲဒါက ဘာမှမဟုတ်ပါဘူး...မတော်တဆမှုတစ်ခုသက်သက်ပါပဲ...ကျန်းရှောင်မန်က အလကားချီးထုတ်ပါ....."
လျန့်စီယု သူမ၏ဒေါသကို ထွက်ပေါက်ရှာလိုက်သည်။
"နင့်အပြစ်တွေပဲ..."
ကျီးကန်းလို နှုတ်သီးကောင်းလျှာပါး လျှို့ရွှမ်ကြောင့်ဖြစ်မည်ထင် ကျန်းရှောင်မန်က မြေအောက်ရေလိုင်းက ကြွက်တွေအားလုံးကို အမှတ်တကယ် ဖမ်းမိသွားခဲ့၏။
လက်ရှိအခြေအနေက ပို၍ပင် ဆိုးသေးသည်။ သူမက ကြွက်တွေကို ဖမ်းမိခဲ့ခြင်းမဟုတ်ဘဲ အားလုံးကို ဖမ်းမိသွားခြင်းဖြစ်ပြီး အကျိုးကျေးဇူးတွေ အားလုံးကို ရယူသွားခဲ့၏။
လျှို့ရွှမ်လည်း သူမ မနေ့ကပြောခဲ့သည်ကို သတိရပြီး ရေရွတ်လိုက်သည်။
“ဒါက ဒီတိုင်း သာမန်ကာလျှံကာ ပြောလိုက်တာ... ဘယ်သူသိမှာလဲ အဲ့ဒီ့လူတွေက … ဒါမှမဟုတ်… ဒါမှမဟုတ်… နင် သူတို့ကို ကြွက်ကူဖမ်းပေးရဖို့ ဖြစ်နိုင်ပါ့မလား....."
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...
ဒီလိုအရာမျိုးကို သူမ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ...
လျန့်စီယု သူမကို စိုက်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
" ဒီနေ့ ငါနေမကောင်းဘူး... စကားလည်းမပြောချင်ဘူး... နင်အရင်သွားနှင့်ပါလား...ငါ ခဏလောက် ငါ့ဘာငါ ငြိမ်ငြိမ်နေလိုက်ဦးမယ်...."
“အိုး...ကောင်းပြီ...."
လျှို့ရွှမ် ဘာမှ မပြောဝံ့ဘဲ စာသင်ခန်းသို့ ပြန်သွားခဲ့၏။
လျန့်စီယုက စားပွဲပေါ်တွင် မှောက်နေခဲ့ပြီး သူမမျက်နှာပေါ်ရှိ အမူအရာကို မည်သူမျှ မမြင်နိုင်သလို သူမ တွေးနေသည့်အရာကိုလည်း ဘယ်သူမှ မသိပေ။
အချိန်အတော်ကြာအောင် တွေးပြီးနောက် သူမ ယခုလိုမျိုး ဆက်လုပ်မနေနိုင်တော့ဘူးဟု ခံစားရသည်။
ဘယ်သူကမှ အရှုံးသမားမဖြစ်ချင်ပါချေ၊ သူမ ထာဝရ အနိုင်ရချင်ပါ၏။
ကျန်းရှောင်မန်ကို သူမ၏ခေါင်းပေါ်သို့ တက်ခိုင်းရန် လုံးဝမဖြစ်နိုင်ပေ။
လျန့်စီယု ရယ်မောကာ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ပတ်အကြာတွင် ပထမဆုံး လပတ်စာမေးပွဲ ဖြစ်၏။
စာမေးပွဲမစမီ ကျန်းရှောင်မန် နှင့်ယွီချင်းရှီတို့သည် အတူတကွ ပြန်လှန်လေ့ကျင့်ခန်း လုပ်ကြပြီး ကျန်နေသည့်ဟာမရှိကြောင်း သေချာစေခဲ့သည်။
သင်္ချာ နှင့်ရူပဗေဒ ဖော်မြူလာ နှစ်ခုစလုံးကို အကျွမ်းဝင်နေကြလေပြီ ။ ဓာတုတုံ့ပြန်မှုညီမျှခြင်းကိုလည်း အလွတ်ကျက်ခဲ့သည်။ နိုင်ငံရေး၊ ပထဝီဝင်နှင့် သမိုင်းမေးခွန်းများ၏ အကျဉ်းချုပ်များကို အလွတ်ကျက်မှတ်ထားပြီး အင်္ဂလိပ်စာကို တစ်ရက်လျှင် တစ်နာရီ နားထောင်ရမည်ဖြစ်ပြီး စာတမ်းအစုံကို နေ့တိုင်း သတ်မှတ်ထားသည်။ ဘာသာစကား… ဘာသာစကားက ပို၍ပင် ပေါ့ပေါ့ပါးပါးနိုင်သေး၏။ ကျန်းရှောင်မန် တရုတ်ဘာသာစာမေးပွဲတွင် ဘယ်တုန်းကမှ အမှတ်အပြည့်မတောင်းဆိုခဲ့ပေ။
"နင် ကြိုးစားရမယ်...."
ကျန်းရှောင်မန် ယွီချင်းရှီကို အားပေးလိုက်သည်။
သူမကိုယ်တိုင်လည်း လုံးဝထိတ်လန့်မနေပါချေ။
ယွီချင်းရှီက ခေါင်းညိတ်ပြပြီး စာရေးကိရိယာတွေ သူမကို ခွဲပေးပြီး စာမေးပွဲခန်းထဲဝင်ကာ စာမေးပွဲဖြေဖို့ ထိုင်လိုက်သည်။
မနက်ပိုင်းမှာ တရုတ်စာ စာမေးပွဲကို အရင်ဖြေပြီး နေ့ခင်းပိုင်းမှာ သင်္ချာဖြေရ၏။
ဘာသာစကားစာမေးပွဲမှာ ကောင်းမွန်နေသေးပေမဲ့ နေ့ခင်းဘက်တွင်မူ ကျန်းရှောင်မန့် နေရာ၌ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လေသည်။
စာမေးပွဲတစ်ဝက်တွင် သူမ စာရေးနေတုန်း ရုတ်ချည်း သူမခေါင်းက စာရေးခုံနှင့်ဆောင့်မိသွားပြီး အသံအကျယ်ကြီးထွက်သွား၏။
နောက်ထိုင်ခုံမှ ယွီချင်းရှီ သူမ တစ်ခုခုဖြစ်သွားသည်ဟု ထင်ကာ လန့်ဖျပ်သွားပြီး သူမကိုမေးတော့မည့်အချိန်တွင် သူမက မတ်မတ်ပြန်ထိုင်လိုက်သည်။
အဆင်ပြေပါတယ်...
စာမေးပဲဲကြီးကြပ်သူက ရပ်ကာပြော၏။ ရပ်တန့်ကာပြောလိုက်သည်။
“စာမေးပွဲတွင်းမှာ အဲ့ဒီအတန်းဖော်ကို တမှေးအိပ်မသွားစေနဲ့,...."
ထို့နောက်တွင် ဘယ်သူမှ ဂရုမစိုက်တော့ပေ။
xxxxxxx