အပိုင်း ၃၄၆-၃၅၀
Viewers 14k

Chapter 346


သို့သော် ကျန်းရှောင်မန်  သူမအတွက် တစ်ခုခု မှားယွင်းသွားသည်ဟု ခံစားမိသည်။ ရုတ်တရတ် ဆတ်ခနဲဖြစ်အပြီးမှာ သူမခေါင်းက  တစ်ခုခု တူးထုတ်ခံလိုက်ရသလိုမျိုး  ဗလာကျင်းသွား၏။


ပြဿနာရှိသည်ဟု၍လည်း ပြော၍မရသလို ထူးဆန်းသည်ဟုလည်း ပြော၍မရပေ။


ကျန်းရှောင်မန်  သည် စိတ်ရှုပ်ထွေးစွာဖြင့် တုန်လှုပ်သွားခဲ့ပြီး  ပုစ္ဆာကိုဆက်ဖြေရှင်းခဲ့သည်။


ထူးဆန်းတယ်...


သူမခုနလေးတင် ပုစ္ဆာကိုချောချောမွေ့မွေ့စဥ်းစားနိုင်ခဲ့သော်လည်း ယခု ဆက်လုပ်မည်ဆိုပါက  မလုပ်နိုင်တော့သလို ခံစားရ၏။


သူမသည် ဤဖော်မြူလာနှင့် ဤသီအို​ရီကို ရှင်းရှင်းလင်းလင်း မှတ်သားထားပြီး ၎င်းကို အသုံးပြုမှာဖြစ်လေသည်။


 ဒါပေမဲ့ ဘာလို့...ဘာလို့ ...


အာ့... ဒီဖော်မြူလာက ဘာလဲ...


သီအိုရီတွေ... သူမ ရှုပ်ထွေးနေတာလား...


ကျန်းရှောင်မန်၏ ပထမဆုံး တုံ့ပြန်မှုသည် နားမလည်ခြင်းပင်။


သူမ တကယ်နားမလည်တော့ခြင်းပင်။


ဤအတည်ပြုချက်က  သူမကို ထိတ်လန့်ကာ ချွေးစေးတွေ ပြန်လာစေသည်။


သူမမဖြေနိုင်သည့်စာမေးပွဲဟူ၍မရှိခဲ့ပေ။  ဤအခြေအနေက လုံးဝပုံမှန်ဟုတ်မနေချေ။ ထို့အပြင်၊ သူမ အရင်က ၎င်းကို အလွတ်ကျက်ပြီးဖြစ်ကြောင်း အသေအချာပြောနိုင်သော်လည်း ယခုအခါတွင် ဤမေးခွန်း၏ မှတ်ဉာဏ်က တူးထုတ်ခံလိုက်ရပြီး ဗလာဖြစ်နေပုံရသည်။


ကျန်းရှောင်မန်  ယခုမှပင် ခုနကသူမ အကြောင်းပြချက်မရှိဘဲ မူးလဲသွားခြင်းမဟုတ်ပါပဲ   စက္ကန့်အနည်းငယ်ကြာသတိလစ်သွားခြင်းက သူမကို ထိခိုက်မှုတချို့ရှိစေနိုင်ကြောင်း သိသွားတော့၏။


သို့ပေမဲ့ စာမေးပွဲက ဖြေနေတုန်းပင်၊ သူမ  *ကျည်ဆံကိုက်ပြီး လုပ်ရုံသာတတ်နိုင်လေသည်။

(T/N–စိတ်ပိုင်းဖြတ်)


ကံကောင်းထောက်မစွာဖြင့်  ဤမှတ်ဉာဏ်ပျောက်ဆုံးမှုမျိုးသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အသိပညာအားလုံး ပျောက်ဆုံးသွားခြင်းမဟုတ်ဘဲ အသိပညာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။


ဆုံးရှုံးမှုသည် အလွန်ကျပန်းဆန်ပြီး ပုံမှန်ဖြစ်ပုံမရပေ။


သူ့မ၏လက်ရှိစွမ်းရည်အရ ကျန်းရှောင်မန်  သူမရနိုင်သော အမှတ်တွေအားလုံးကို ယူခဲ့ပြီး သူမမှတ်မိနိုင်သည့် မေးခွန်းအားလုံးကို ဖြေဆိုခဲ့၏။ 


အခုဘာတွေဖြစ်နေသည်လဲဟု သူမတွေးနေမိသည်။ 


စိတ်တစ်ခုတည်းကို နှစ်ခွသုံးနေခြင်းကြောင့် သူမ၏နဖူးကနေ ချွေးတစ်လွှာ ယိုစီးကျလာ၏။


နောက်ဆုံးတွင် စာမေးပွဲခေါင်းလောင်းသံမြည်ပြီး စာရွက်တွေ ထပ်၍ရပြီဖြစ်လေသည်။


ထိုအချိန်၌ နှစ်နာရီနီးပါးကြာအောင် ချုပ်တည်းထားခဲ့သော စနစ်ဖြစ်သူ နောက်ဆုံးတွင်  ကျန်းရှောင်မန်ကို နှောင့်ယှက်ရန် သတ္တိရှိလာသည်။

 "ပိုင်ရှင်.. မကောင်းတော့ဘူး... မင်းနဲ့ တကယ်ကို သက်ဆိုင်သွားပြီ....."


ကျန်းရှောင်မန် ထိုဟာကို  အချိန်အတော်ကြာကတည်းက မှန်းဆမိခဲ့သော်လည်  သူမအထိတ်တလန့်မဖြစ်ခဲ့ပေ။


“ဘယ်အချိန်ကလဲ..." ဟုသူမမေးလိုက်သည်။ 


"မင်း မူးလဲသွားချိန်မှာပဲ... ငါ့ရဲ့ ချစ်ပ်ပြားနဲ့ သံလိုက်စက်ကွင်းက ပရမ်းပတာဖြစ်သွားတယ်... ပြန်ကောင်းလာတဲ့အခါ မင်းရဲ့ ကိန်းဂဏန်းအကွက် ပြောင်းလဲသွားတာကို ငါတွေ့လိုက်ရတယ်..." 


ပိုင်ရှင်စက္ကန့်အနည်းငယ်မျှ မူးလဲသွားသော်လည်း အစပိုင်းတွင် စနစ် ဘာအမှားအယွင်းမှမတွေ့ခဲ့ပေ။  ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်နေပြီး အင်္ဂါအစိတ်အပိုင်းအားလုံးကလည်း ပုံမှန်အလုပ်လုပ်နေကာ ပြဿနာမရှိဟုထင်ရ၏။


နောက်ပိုင်းတွင် ပိုင်ရှင်၏ ကိန်းဂဏာန်းအကွက်ကို သူ ပြန်လည်သိမ်းဆည်းခဲ့ပြီး သဲလွန်စများကို တွေ့ရှိခဲ့သည်။


ကိန်းဂဏန်းအကွက်သည် အရေးကြီးသော ခန္ဓာကိုယ်ဝိသေသလက္ခဏာများမှလွဲ၍ IQ နှင့် EQ ကဲ့သို့သော အတွင်းပိုင်းတန်ဖိုးအချို့၏ အရေအတွက်စသည့်  အိမ်ရှင်၏ ပကတိအခြေအနေကို တွက်ချက်ရန် ဇယားတစ်ခုဖြစ်၏။


အသိပညာကော်လံရှိ ပိုင်ရှင်၏တန်ဖိုးမှာ 85 မှတ်ဖြစ်သော်လည်း ယခုအခါ ငါးမှတ်လျော့နည်းသွားသည့်အတွက် အမှတ် 80 ဖြစ်သွားသည်။


ယင်းက အလွန်ထူးဆန်းသည့်အရာပင်။


ယေဘုယျအားဖြင့်ပြောရလျှင် လူတစ်ယောက်သည် အသိပညာအသစ်များကို ဆက်လက်လေ့လာနေသမျှကာလပတ်လုံး ဆုတ်ယုတ်မှုမရှိတော့ဘဲ အသက်ကြီးလာသည်နှင့်အမျှ ကြီးထွားလာမည်ဖြစ်၏။ အစပိုင်းမှာ ထက်မြက်ကြသော်လည်း တိုးတက်မှုကို မလိုချင်ဘဲ သူတို့၏ကောင်းမွန်သည့် IQ ကို ဖြုန်းတီးပစ်သောသူများလည်းရှိကြပေသည်။ 


သို့သော် သူ၏ပိုင်ရှင်က အထက်တန်းကျောင်းတက်နေဆဲဖြစ်ပြီး ဘဝ၏အသိပညာသိုမှီးမှုသည် တဖြည်းဖြည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဖြစ်ရာ နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်ပေ။ နောက်ပြန်ဆုတ်ခြင်း၊ ပိုင်ရှင်က ဖန့်ကျုံးယုံ မဟုတ်ချေ ။ မည်သို့ ယခုလိုလက်ခံနိုင်ဖွယ်မရှိသောကိစ္စမျိုး ဖြစ်လာနိုင်ပါမည်နည်း။

 

(T/N–စုန့်မင်းဆက်က စာပေပညါရှင် ဝမ်အန်းရှီကပညာရေးရဲ့အရေးပါမှုကိုပြသဖို့ သူဇာတိမြို့ကပါရမီရှင်ကလေးတစ်ယောက်ရဲ့အကြောင်းကို  "သနားစရာကျုံးယုံ"ဆိုတဲ့ခေါင်းစဥ်နဲ့ စာတမ်းတစ်ခုရေးခဲ့ပါတယ်။ ဖန့်ကျုံးယုံက သူ့ဦးလေးရဲ့သားဖြစ်ပြီး ငါးနှစ်အရွယ်ကတည်းက ကဗျာတွေစရေးတတ်ပေမဲ့ သူ့အဖေကသူ့ကိုကျောင်းမထားဘဲ မြို့ထဲကလူတွေဆီပဲခေါ်ခေါ်သွားပြီး လက်စွမ်းပြခိုင်းပါတယ်။ ဝမ်အန်းရှီမြို့ကို့ပြန်ရောက်ချိန်မှာ ဖန့်ကျုံးယုံက12/13အရွယ်ရှိနေပါပြီ။ ဝမ်အန်းရှီ သူ့ဦးလေးအိမ်သွားပြီး ဖန့်ကျုံးယုံကို ကဗျာစပ်ခိုင်းတော့ သူဦးလေးက ဖန့်ကျုံးယုံရဲ့အရည်အချင်းတွေပျောက်ကွယ်သွားပြီး အခုဘာထူးခြားစွမ်းရည်မှမရှိတော့ဘူးလို့ပြောခဲ့ပါတယ်။ ဝမ်အန်းရှီပြောချင်တာက ဘုရားပေးတဲ့စွမ်းရည်ဆိုရင်တောင်မှ သင့်တော်ကောင်းမွန်တဲ့ပညာရေးမရှိရင် လျော့ပါးလွှင့်ပျောက်သွားနိုင်ပါတယ်တဲ့။)

xxxxxxxxx


Chapter 347


စနစ်သည် လှိုင်းတစ်ခုကို ခွဲခြမ်းစိတ်ဖြာပြီး ကောက်ချက်ချခဲ့သည်။


"ပိုင်ရှင်... စနစ်တစ်ခုက မင်းကို လုပ်ခဲ့တာ....."

စနစ်ကပြောလိုက်၏။ 

“ဒီစနစ်က ငါတို့ထင်ထားတာထက် ပိုကြောက်စရာကောင်းတယ်...မကောင်းတာတချို့ကို သတိရမိတယ်... ငါတို့ကြုံတွေ့နေရတာက ဒဏ္ဍာရီဆန်ဆန် မဟာစနစ်တစ်ခုဖြစ်နိုင်လောက်တယ်"....."


"ဘာမဟာစနစ်လဲ..."


“ပိုင်ရှင်က အမှတ်တွေရရှိဖို့ စနစ်ကထုတ်ပေးတဲ့တာဝန်တွေကို ပြီးမြောက်ဖို့လိုအပ်တယ်...ပြီးရင်အမှတ်တွေနဲ့စနစ်ကနေတစ်ဆင့် ကုန်သွယ်တယ်... ဒါပေမဲ့ စနစ်မှာ အကြွင်းမဲ့စွမ်းအားရှိနေတာတော့မဟုတ်ဘူး... စနစ်တိုင်းက  သူတို့ရဲ့တာဝန်တွေကို လုပ်ဆောင်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကိုပဲ လဲလှယ်နိုင်တယ်...ဒီမဟာစနစ်က အမှတ်မပါဘဲ လဲလှယ်နိုင်တယ်...."


"??!!!" 

ကျန်းရှောင်မန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်ချည်း  အဆင့်မြှင့်ရန် တွန်းအားတွေပြည့်လာသည်။

"စနစ်... ဦးဦး ထိပ်ဆုံးထိ အဆင့်မြှင့်ပြီးပြီလား... နောင်မှာ တစ်ခုခု တောင်းရင် အမှတ်တွေ မလိုတော့ဘူးလား...."


ဒါက မဟာစနစ်တွေရဲ့ဆွဲဆောင်မှုလား...


“…ဒါက အဓိက မဟုတ်ဘူး...” 

စနစ် မျက်ရည်မကျဘဲ ငိုနေမိသည်။


"ဒဏ္ဍာရီတွေထဲမှာပဲ ဒီလိုမဟာစနစ်မျိုးကို ငါကြားဖူးတယ်...ပိုင်ရှင်က ပစ္စည်းတွေအတွက် အမှတ်နဲ့လဲစရာမလိုပေမဲ့   တိုက်ရိုက်ညီမျှတဲ့ အလဲအလှယ်မျိုးလိုတယ်...   ဥပမာ ကျန်းမာရေးအတွက် ကျန်းမာရေး...စည်းစိမ်ဥစ္စာကို အသုံးပြုပြီး စည်းစိမ်ဥစ္စာနဲ့ လဲလှယ်တာ... အသိပညာကို အသိပညာနဲ့ဖလှယ်တာမျိုးတွေ ....."


သို့သော် ဒြပ်ရှိ အရာများကို မည်သည့်အရာနှင့်မှ ဖန်တီး၍မရနိုင်သည့်အပြင် စနစ်သည်လည်း ဒြပ်များ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေကို လိုက်နာရမည်ဖြစ်ပေသည်။


စနစ်က ပိုင်ရှင်၏ "စွမ်းရည်" ကို လုပ်ဆောင်ရန်အတွက်  အခြားသူများထံမှ "စွမ်းရည်" ကို ဖယ်ထုတ်ပြီး ၎င်း"စွမ်းရည်" ကို ပိုင်ရှင်ထံ ထည့်ပေးရမည်ဖြစ်သည်။


၎င်းသည် ရိုးရှင်းပြီး ကြမ်းကြုတ်သော ဖြည့်စွက် စနစ်တစ်ခုဖြစ်သည်။ သို့သော် ဖြည့်စွက်သည့်အရာက လေဖိအားနည်းရပ်ဝန်းမှ ထွက်လာမည်မဟုတ်ပါချေ။ ၎င်းသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ လွှဲပြောင်းခြင်းသာဖြစ်၏။


စနစ်က ဤသို့ဆိုသည်။

 “ရိုးရိုးလေးပြောရရင်...အခုလေးတင်  စနစ်တစ်ခုက မင်းရဲ့အသိပညာကို ခိုးယူပြီး သူ့ပိုင်ရှင်ရဲ့အသိပညာအဖြစ်ပြောင်းလဲပစ်လိုက်တယ်......"


“ကြောက်စရာကြီး…”


စနစ်က အတော်လေးခံပြင်းနေပြီး ရှားရှားပါးပါး အနည်းငယ်ငိုသံစွက်နေသောအသံဖြင့် ပြောလိုက်သည်။

 "တောင်းပန်ပါတယ် ပိုင်ရှင်...အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ဘူး....."


ကျန်းရှောင်မန်   ခဏလောက် စဉ်းစားပြီးနောက်စနစ်ကို သူမအတွက် ငွေကူရှင်းခိုင်းရန်မကြံရွယ်ထားကြောင်းပြောရမှာ တကယ်ကို ရှက်စရာကောင်းလေသည်။ 


“သူက သမီးရဲ့အသိပညာကို ခိုးတာလေ...IQမဟုတ်ဘူး ... သင်ယူခြင်းအားဖြင့် အသိပညာကို ရရှိနိုင်တယ်လေ... တစ်နည်းပြောရရင် ဆုံးရှုံးသွားတဲ့ 'သင်ယူခြင်း' ကို ဖြည့်ဆည်းဖို့ သမီးရဲ့ကိုယ်ပိုင်အားထုတ်မှုတွေအပေါ်မှာ အားကိုးလို့ရတယ် မဟုတ်လား......"


မင်းက အရမ်းတည်ငြိမ်တာပဲ ပိုင်ရှင်ရေ...


“မှန်ပါတယ်” ဟု စနစ်က ဆိုလိုက်၏။


ကျန်းရှောင်မန်  ထိုအချိန်တွင် စိတ်သက်သာရာ ရသွားသည်။


ပြဿနာက ကြီးကြီးမားမား မဟုတ်ပေ။ ပိုလေ့လာဖို့ကသာ ကိစ္စကြီးဖြစ်ပေ၏။ 


သူမ စနစ်ဆီကနေ ပြန်လည်ရုပ်သိမ်းခြင်းကတ်ကို အမြန်လဲလှယ်ပြီး ၎င်းကို ကိုယ်တိုင်အသုံးပြုခဲ့သည်။  စဉ်းစားကြည့်ပြီးနောက် ယွီချင်းရှီပြန်လှည့်ကြည့်လိုက်ကာ သူ့အတွက်ပါ တစ်ခုသုံးခဲ့၏။


“!!!” 

ပိုင်ရှင်ရေ... *Niubi... ဒီလှည့်ကွက်လုပ်လို့ရမယ်လို့ သူဘာလို့ မတွေးမိခဲ့ရတာလဲ...

(T/N—တရုတ်ဗန်းစကားပါ၊niubi=awesome=အရမ်းမိုက်တယ် )


"ပိုင်ရှင်... ဒါက အသုံးဝင်လား......"

စနစ်ဖြစ်သူ တုန်လှုပ်နေဆဲပင်။ အလွန်ကြောက်စရာကောင်း၏၊ သူ လက်သစ်စနစ်တစ်ခုသာဖြစ်လေသည်။ ဒီဒဏ္ဍာရီလာမဟာစနစ်ကို သူ အမှန်တကယ် တွန်းလှန်နိုင်ပါ့မလား...


ကျန်းရှောင်မန်က ကျေနပ်အားရစွာဖြင့်ပြောလေ၏။

"သမီး အဘိုးရဲ့ရောဂါကို မမေ့နဲ့...သူ အခုနေကောင်းနေပြီလေ....."


မူမမှန်မှုကို ရှာတွေ့ခဲ့သည်မှာ နှစ်လကြာပြီဖြစ် သော်လည်း ကျန်းရှောင်မန်  မစ္စတာဝမ်အတွက် ပြန်လည်ရုပ်သိမ်းခြင်းကတ်ကို အသုံးပြုခဲ့သဖြင့် နှစ်သစ်ကြိုဆိုပွဲအစီအစဥ်သည် 58 ရက်အထိ ထာဝရတည်ရှိနေပြီး ဘယ်သောအခါမျှ လျော့ကျသွားခြင်းမရှိပေ။


“ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ အသိပညာအတွက်အသိပညာ ဖလှယ်မယ်... ဒီစနစ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်....."  

ကျန်းရှောင်မန်  သူ့မမေးစေ့ကို ပွတ်ပြီးစဥ်းစားခန်းဝင်လိုက၏။ 


"လျန့်စီယုက စာမေးပွဲဖြေဖို့  အသိပညာအတွက် ငါ့ရဲ့အသိပညာကို ဖလှယ်တယ်... နောက်ပြီး အဘိုးရဲ့ ကျန်းမာရေးကို ကျန်းမာရေးအတွက်ဖလှယ်တယ် … မဟုတ်ဘူး.... ကျန်းမာဖို့အတွက်တင် မဟုတ်ဘူး...အဘိုးရဲ့​သက်တမ်းက ၁၃ နှစ်လောက် တိုက်ရိုက် ဆုံးရှုံးသွားတာ... ဒါက ဘဝအတွက် ဘဝသက်တမ်းတစ်ခု လဲလှယ်တာပဲ....."


“ရှူး…”

 ကျန်းရှောင်မန်  ရုတ်တရတ် ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခုရရှိသွားခဲ့သည်။

  “ လျန့်စီယု  တစ်ခုခုကို ကုသနေတာ ဖြစ်နိုင်လား... ဒါမှမဟုတ် သူက သေပြီးသားဖြစ်နေတာ ကြာပြီလား...လူသေတစ်ယောက်တောင်ဖြစ်နေလောက်ပြီလား..."


“…ပိုင်ရှင်...ငါတို့က လင်ရိဝမ် မဟုတ်ဘူး...မင်း ပိုသတိထားသင့်တယ်..."


ကျန်းရှောင်မန်က "အိုး" ဟု ပြောလိုက်သည်။ သူမ ယခုလေးတင် ရှုပ်ထွေးနေသော အခြေအနေမှ လွတ်မြောက်ပြီး ဇာတ်လမ်းတစ်ခုလုံးကို နားလည်သွားသည့်အတွက် ငြိမ်ကျသွားသည်။


“မြစ်ကမ်းစပ်မှာ ခဏခဏ လမ်းလျှောက်တော့ သမီးက ဘယ်လိုလုပ် ဖိနပ်ရေမစိုဘဲနေမှာလဲ..."


"ပိုင်ရှင်...မင်း ဘာလုပ်မလို့လဲ...ရန်သူမလှုပ်ရှားရင် ငါတို့လည်း မလှုပ်ရှားရဘူးမလား...."


"မဟုတ်ဘူး...သူမကို****  ရအောင်..."


"မင်းလုပ်နိုင်လား...လုပ်ပြီးပြီလား...."


ကျန်းရှောင်မန်က နှစ်သိမ့်လိုက်၏။

"စနစ်အတွက် စိတ်မပူပါနဲ့...ဦးဦးက ကြီးမြတ်နေတုန်းပါပဲ... သမီးက ဦးဦးကို အရမ်းသဘောကျနေတုန်းပဲ...."


လက်ရှိတွင် စနစ်ခမျာ ဝူးဝူးဝူးကလွဲ၍ ပြောစရာမရှိတော့ပါချေ။  


ကြောက်စရာကောင်းတဲ့ အကြံဉာဏ်နဲ့ရင်ဆိုင်နေရမှတော့  ဘာအဓိကတာဝန်လဲ...ဘာစနစ်စည်းမျဥ်းလဲ... အကုန်လုံး လေနဲ့ သွား **** လိုက်စမ်း....


သူ့ပိုင်ရှင်သာ လိုအပ်ပေသည်။


ပိုင်ရှင်က တကယ်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံး ပိုင်ရှင်ပဲ...ဒိလိုမျိုးအရှုံးမပေးစမ်းနဲ့...

xxxxxxx


Chapter 348


ကျန်းရှောင်မန်   သူမကျောင်းလွယ်အိတ်နှင့် စာရေးကိရိယာတွေကို သိမ်းပြီး ယွီချင်းရှီ  ကို သူမနှင့် အိမ်ပြန်ရန်ခေါ်လိုက်၏။


လမ်းတွင် ကျန်းရှောင်မန် ယွီချင်းရှီအတွက်ပါ ပြန်လည်ရုပ်သိမ်းရေးကတ်တသ်ကတ်ကိုအသုံးပြုခဲ့သည်။


တစ်ဖက်လူက အထိတ်အထိတ်အပျာပျာနှင့် တခြားသူတွေကိုပါ တိုက်ခိုက်မှာကို စိုးရိမ်၍ပင်။


ယခု ယွီချင်းရှီက အတန်းထဲတွင် ပထမမျှော်လင့်ချက်ဖြစ်၏။


ယွီချင်းရှီက ဒါကို သတိထားပုံရပြီး ရုတ်တရက် သူမကို ခေါင်းလှည့်ကာ ကြည့်လာပြီးမေးလေသည်။

 "ဘာဖြစ်နေတာလဲ......"


“မဟုတ်ဘူး… ဘာမှမဟုတ်ပါဘူး...." 

ကျန်းရှောင်မန်  အပြစ်ရှိစိတ်ဖြင့် မျက်လုံး ဖွင့်လိုက်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

" ငါ နည်းနည်း စိတ်ရှုပ်နေတယ်...အဆင်မပြေဘူး...နင်နေမကောင်းရင် အိမ်မြန်မြန်ပြန်လေ...ငါဖြည်းဖြည်းမှလိုက်လာမယ်....."


ယွီချင်းရှီ  ဒီနေ့ သူမ ရုတ်တရက်ကြီးခုံနှင့်ဆောင့်မိသည့် အခိုက်အတန့်ကို တွေးကာ စိုးရိမ်သွားပြီး မျက်ခုံးများတွန့်ချိုးလာသည်။ ကျောင်းလွယ်အိတ်၏သိုင်းကြိုးကို ကိုင်ထားသည့်လက်သည် တောင့်ခံနေရသလိုမျိုး အပြာရောင်သွေးကြောများ တဖြည်းဖြည်းထလာ၏။


သူမ၏ နှုတ်ခမ်းများ အနည်းငယ် ဖြူဖျော့နေသည်ကို မြင်ရခြင်းက  တကယ်ကို စိတ်မသက်မသာ ဖြစ်စေသည်။


ရုတ်တရက် ယွီချင်းရှီက ကျန်းရှောင်မန့်ရှေ့မှာ ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

 "တက်..."


"အမ်...ဟမ်..."


"လာ...  ငါ နင့်ကို အိမ်ပြန်ပို့ပေးမယ်"


"ငါ့ဘာငါ သွားလို့ရပါတယ်..."


"တက်ခဲ့...."

သူ့ပါးစပ်က လေသံက အလွန်ခိုင်မာနေ၏။ သူက ခေါင်းမာမာဖြင့် ငုတ်တုတ်ထိုင်နေဆဲဖြစ်ပြီး လုံးဝမည့်ဟန်မရှိပေ။


ကျန်းရှောင်မန်  တခဏမျှ တုံ့ဆိုင်းသွားပြီး နာခံမှုရှိရှိဖြင့် ရှေ့သို့ ကုန်းကာ သူ့နားထဲကို တိုးတိုးလေးပြောလိုက်သည်။

 "ကြိုပြောထားတာနော် ...ငါကအရမ်းလေးတယ်....."


သူဘာတွေ ဒီလောက်အလေးအနက်ထားနေရတာလဲ... သူမက ဒီအတိုင်း ပြောလိုက်ရုံပါ… ဟေး...မဖြစ်နိုင်ဘူး...သူသဘောပဲပေါ့...


"ငါ့ကိုအထင်သေးတာလား... " 

ယွီချင်းရှီက  သူမကို ပြန်ကြည့်လိုက်ရာတွင် သူ့မေးစေ့က သူမနဖူးနှင့် တိုက်မိသွားပြီး နှစ်ယောက်စလုံး နာကျင်သွားကာ တညီတညွတ်တည်း နောက်ဆုတ်မိတော့၏။


ယွီချင်းရှီ၏နားများ တိတ်တိတ်လေး  နီရဲနေသည်။


ကျန်းရှောင်မန်  စကားမပြောဝံ့တော့ဘဲ သူ့လည်ပင်းကို ဖက်ထားရုံရှိပြီး တိုးတိုးလေးပြောလိုက်၏။ 

"နင့်ကအထင်သေးတာမဟုတ်ပါဘူး...ရေးကြီးခွင်ကျယ်လုပ်နေတာကနင်လေ...."


"ဒီနေ့ နင်ဘာဖြစ်တာလဲ...မေ့သွားတာလား ...."

 ယွီချင်းရှီ   စာရွက်ထပ်တုန်းက သူမ မေးခွန်းတွေအများကြီး မဖြေထားသည်ကို မြင်လိုက်ရသည့်အကြောင်းအမှတ်ရပြီး ထူးဆန်းသလိုခံစားရသည်။

"အဆင်မပြေဘူးလား...."


ကျန်းရှောင်မန် ယောင်ဝါးဝါးပြန်ဖြေ၏။

“ငါ ပင်ပန်းနေရုံပါ....."


“အဲ့လိုဆိုကောင်းဆုံးပေါ့ ....."


ကျန်းရှောင်မန်  လိမ်လိမ်မာမာဖြင့်  သူ့ကျောကို မှီထားရင်း အိပ်ပျော်လုနီးပါး ဖြစ်သွားသည်။


အေးချမ်းသည်ဟု ခံစားရ၏။


အိမ်ပြန်ရောက်ပြီးနောက် ကျန်းရှောင်မန်  အခန်းထဲတွင် သူမကိုသူမ လော့ချထားပြီး သူမနှင့် အိမ်စာတွေ အတူတူ ပြန်လည်လေ့ကျင့်မည့် ယွီချင်းရှီကိုပင် ကန်ထုတ်လိုက်သည်။


မနက်ဖြန် စာမေးပွဲအတွက် ဘာသာရပ်တွေကို ပြန်လေ့ကျင့်ဖို့ရာ သူမ အလျင်လိုမနေပေ ။ ယာယီပွေ့ဖက်ခြင်းသည် သူမအတွက် မသင့်တော်ပါချေ။ သူမ မေ့သွားသော သင်္ချာဆိုင်ရာ သီအိုရီများနှင့် ဖော်မြူလာများကို စတင်ကြည့်ရှုခဲ့၏။


သူမ ဤအရာများကို နှလုံးသားထဲတွင် သိမ်းဆည်းထားပြီးဖြစ်သည်။ သူမ ၎င်းတို့ကို မေ့သွားသော်လည်း သူမခန္ဓာကိုယ်ထဲတွင် အမှတ်တရများ ရှိနေသေး၏။ ဒုတိယ အကြိမ်တွင်  လျင်မြန်သည်ဟု ထင်ရသော်လည်း အစပိုင်းတွင် ပြုလုပ်ခဲ့သလိုမျိုး သူမ ကျွမ်းကျွမ်းကျင်ကျင်  အသုံးမချနိုင်ခဲ့ပေ။


ကျန်းရှောင်မန်  သူမထင်မြင်ချက်ကို  ခိုင်မာစေရန် ကြမ်းတမ်းစွာ သုတ်သင်လိုက်သည်။


ငါ ဆယ့်တစ်ထိုးလောက်အထိ မအိပ်ဘူး...


အိပ်ရာမဝင်ခင် စနစ်က သူမကို သတင်းပို့ခဲ့ပြီး ယခုတွင်  သူမ၏ အသိပညာ နည်းနည်း တိုးလာလေပြီ။


အတော်မြန်တာပဲ...


ကျန်းရှောင်မန်  တဖြည်းဖြည်း သက်သာရာရလာကာ ရက်အနည်းငယ်ကြာပြီးနောက် သူမ သူမ၏ အသိပညာကို ထပ်မံ တစ်ဖက်ကမ်းခတ်နိုင်တော့မည်ဟု စိတ်ထဲမှာ တွေးလိုက်မိသည်။


ယခင်ကမူ လျန့်စီယုက   မည်သို့ပင်ဖြစ်စေ အရည်အချင်းတချို့တော့ ရှိလိမ့်မည်ဟု သူမထင်ခဲ့သော်လည်း အလှခေါင်းအုံးတစ်ခုသာ ဖြစ်နေမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ဤမျှလောက်သာ ခက်ခဲသောစာမေးပွဲအတွက်ကိုပင် သူမက စနစ်ကိုအသုံးပြုနေရသေး၏။


အမလေး ရှက်လိုက်တာ...


ကျန်းရှောင်မန် မျှော်မှန်းထားသည့်အတိုင်း ပြန်လည်ရုပ်သိမ်းခြင်းကတ်ကို အသုံးပြုပြီးနောက် လာမည့်စာမေးပွဲအနည်းငယ်တွင် ဘာတစ်ခုမှဖြစ်မလာခဲ့ပေ။ လျန့်စီယုတွင် လှည့်ကွက်တစ်ခုခုရှိနေမည်ကို  စိုးရိမ်သဖြင့် စနစ်သည် ၎င်းကိုကာကွယ်ရန် အပြင်းအထန်ကြိုးစားခဲ့သည်။


စာမေးပွဲပြီးလျှင် လကုန် ခွင့်နှစ်ရက် အလကား ပေးမည်ဖြစ်၏။ 


ကျန်းရှောင်မန်  ငှက်တစ်ကောင်ကဲ့သို့ ပျော်ရွှင်နေပြီး ယွီချင်းရှီကို တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။ 


"ဘာလုပ်နေတာလဲ....."

 ယွီချင်းရှီက မေး၏။


"ကျောင်းအနီးမှာ အသားကင်ဆိုင်ရှိတယ်ကြားတယ်... ငါတို့သွားစမ်းကြည့်ကြမလား"


BBQ စားသောက်ဆိုင်လား...


နှစ်ယောက်တည်း...


ယွီချင်းရှီ၏လည်ချောင်းက လှုပ်ရှားသွားပြီး "ကောင်းပြီ" ဟု တိုးတိုးလေးပြော​လေသည်။


ကျန်းရှောင်မန်က ဝမ်းသာအားရနှင့် ကျန်းဟွေ့မိန်ကိုဖုန်းခေါ်လိုက်၏။


“ဟဲဲလို ဘွားဘွား... ဒီနေ့ အားလပ်ရက်မို့ အိမ်ညစာပြန်မစားတော့ဘူးနော်... ဘွားဘွားဘာသာ အရင်စားနှင့်...  သမီးတို့ကိုမစောင့်နဲ့..."


"ယွီချင်းရှီပေါ့... သူက ထူးထူးခြားခြား   အသားကင်  စားချင်နေတာလို့ပြောတယ်... ဒီနေ့ မစားရင် သူအဆင်ပြေမှာမဟုတ်ဘူး ...အဲ့တော့လည်း သမီးသူနဲ့ လိုက်သွားပဲရှိတော့တာပေါ့..."


“ရပါတယ်... သမီးတို့ မသန့်ရှင်းတဲ့ အစားအစာ မစားပါဘူး...စိတ်မပူပါနဲ့ ဘွားဘွား ...သမီးသူ့ကို ကြည့်လိုက်မယ်..."


''ဟုတ် ဒါပဲနော် ဘွားဘွား ...."


ယွီချင်းရှီ : “…”


ကျန်းရှောင်မန်နဲ့ သူဘာလုပ်ရမှန်းကို မသိတော့ဘူး...


ဒါကို သူမ ဘယ်လိုများလုပ်နိုင်ရတာလဲ...


...ဒါပေမဲ့ သူ တအားပျော်နေတုန်းပဲ...


ယွီချင်းရှီ   သူ့အပေါ် အိုးတွန်းတင်ခံလိုက်ရသည်ကို မကြားချင်ယောင်ဆောင်ပြီး လမ်းလျှောက်ဖို့ပဲ အာရုံစိုက်လိုက်သည်။


မိနစ်နှစ်ဆယ်လောက်ကြာသောအခါ နောက်ဆုံးတွင်  အသစ်ဖွင့်ထားသည့် အသားကင်ဆိုင်ကို ရောက်သွား၏။

xxxxxxxx


Chapter 349


ဆိုင်မှာ လူတွေအများကြီးရှိနေပြီး အထဲမှာလည်း လူတွေ ရှိလေသည်။ ဝင်ဝင်ချင်းပင်  သင်းပျံ့သည့်မွှေးရနံ့ကို ရနိုင်မှာပင်။


ကျန်းရှောင်မန်၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သည်။

"အသားစားချင်တယ်..."


ယွီချင်းရှီက ပုံမှန်အတိုင်း မှတ်ချက်တစ်စုံတစ်ရာမပြု ခဲ့ဘဲ လိမ်လိမ်မာမာဖြင့်  သူ့ဘာသာသူ နေရာတစ်ခုသွားရှာခဲ့သည်။


စားပွဲကို သုတ်ကာ တစ်ရှူးအစိုဖြင့်ထပ်သုတ်ပြီးနောက် ကျန်းရှောင်မန်ကို လာထိုင်ခိုင်းလိုက်၏။


ကျန်းရှောင်မန်က အသားအများကြီးနှင့် ဘီယာနှစ်ပုလင်းကို မှာထားပြီး အသစ်တစ်ခုခု စမ်းကြည့်မည်ဟုသူ့ကို ဆိုလေသည်။

အမှန်တွင်  သူတို့နှစ်ယောက်လုံး ဘီယာမသောက်ဖူးကြပေ။


ယွီချင်းရှီ  ခေါင်းစကိုက်လာသည်။ အကြောင်းမှာ  ကျန်းရှောင်မန် ရူးသွားပါက သူ  သူမကို မထိန်းချုပ်နိုင်၍ပင်။


ထောင့်စွန်းဝိုင်းရှိ မျက်လုံးနှစ်စုံက ကျန်းရှောင်မန်  နှင့် ယွီချင်းရှီတို့ကို မီးဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် စူးစူးဝါးဝါး စိုက်ကြည့်ကြ၏။ 


အသားကင်ဆိုင်ရှိ ဝိုးတဝါး မီးရောင်အောက်တွင် တောက်ပစွာ ပြုံးနေသော ကျန်းရှောင်မန်က ရံဖန်ရံခါ သူမကို နွေးထွေးမှုအနည်းငယ်ရှိပြီး အေးစက်မှုတို့ကင်းမဲ့စွာဖြင့် ပြောဆိုလျက်ရှိသည့် ကျောင်းသားသစ်နှင့်  စကားပြောနေလေသည်။ 


အရာရာတိုင်းက  အလွန်သဟဇာတဖြစ်နေဟန်ပင်။


သူမ ကျန်းရှောင်မန်  နားမလည်နိုင်လျှင်ပင် လျှို့ရွှမ် ဤမိန်းမက တကယ်ကို ကောင်းမွန်သည့်အသားအရည်နှင့်အတူ မွေးဖွားလာခဲ့ပြီး  လျန့်စီယုထက်ပိုလှပကြောင်းဝန်ခံရပေမည်။


လိုက်ဖက်ညီတာပဲ...


သူမ ရုတ်တရက် စိတ်သက်သာရာ ရသွားသော်လည်း ချဥ်တော့ချဥ်နေတုန်းပင်။


လျှို့ရွှမ်က ထုံပေပေနှင့်ပြောလိုက်၏။

“စီယု ကြည့်မနေနဲ့... သူက ဒီလိုပဲ...ကျောင်းသားပြောင်းတဲ့နေရာမှာ စည်းမျဥ်းလုံးဝမရှိဘူး...ဒီလောက်မြန်မြန်ကျရှုံးသွားတာ အရှက်မရှိဘူး....."


ယောက်ျားတိုင်းက ရုပ်ရည်ကိုဦးစားပေးတဲ့ တိရစ္ဆာန်တွေချည်းပဲ ဟမ့်...


လျန့်စီယု  စိတ်မသက်မသာဖြစ်ကာ အကြည့်တွေကို ပြန်ရုတ်သိမ်းသွားပြီး မျက်လွှာချလိုက်ရင်း သူဘာတွေတွေးနေလဲဆိုသည်ကို သိချင်နေမိသည်။


လျှို့ရွှမ်က စကားများနေဆဲပင်။

“ဒါနဲ့ ဒီလပတ်စာမေပွဲ နင်ဘယ်လိုလုပ်ခဲ့လဲ... ဆရာ့ဆီက ကြားရဖို့ အရေးကြီးတယ်...."


“အင်း… အိုခေ...."

 လျန့်စီယုက သိပ်မဝံ့တာမျိုးနှင့်တန်၏။ 


တရုတ်စာသည် သူမ အားအသန်ဆုံးဖြစ်ပေသည်။  တကယ်ကို ကောင်းကောင်းဖြေနိုင်၏ ။ သင်္ချာလည်း အဆင်ပြေသည်။ အမှတ်ပြည့် ရလောက်၏။


သို့ရာတွင် ကျန်သည့် ဘာသာရပ်များကမူ သာမန်ပင်။ 


လျန့်စီယု  နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှားသွားမှန်း ရှာမတွေ့သေးပေ။


သူမ၏စနစ်က စွမ်းအားကြီးသော်လည်း အကြိမ်တိုင်းတွင် ကန့်သတ်ချက်များစွာရှိသည်။ ဥပမာအားဖြင့် အစတွင် ပစ်မှတ်က ကျန်းရှောင်မန်  ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့အားလုံးက ကျန်းရှောင်မန်ထံမှ အသိပညာများကိုသာ ခိုးယူနိုင်ကြ၏။


သင်္ချာဘာသာရပ်တွင် အရာအားလုံး ချောမွေ့သွားသော်လည်း ၎င်းနောက်ကွယ်ရှိ စနစ်သည် ကျန်းရှောင်မန်ထံမှ မည်သည့်အရာကိုမျှ လုံးလုံးလျားလျား  ခိုးယူနိုင်ခြင်း မရှိပေ။


သို့သော်လည်း လျန့်စီယုက  အကြိမ်ပေါင်းမည်မျှ  အစပျိုး၍ ခိုးယူရန်တောင်းဆိုခဲ့သည့်ဖြစ်စေ  နောက်ဆုံးတွင် ထိုအရာအားလုံးက အချည်းနှီးဖြစ်သွားခဲ့သည်။  စာမေးပွဲမဖြေခင် လျန့်စီယု  ယခုစာမေးပွဲမှာ ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့်သေချာပေါက် သတ်မည်ဟု  တွေးထားခဲ့သည်မှာ တော်တော်ကြာနေပြီဖြစ်သဖြင့်  သူမ သိပ်ပြီး စာမကြည့်ခဲ့ပေ။ ကျန်းရှောင်မန်၏  အကူအညီကို ဆုံးရှုံးလိုက်ရသောအခါ သူမ စာမေးပွဲကို  အောင်ရုံအောင်ခဲ့၏။ 


စာမေးပွဲအပြီးတွင် လျန့်စီယု  စနစ်ဖြင့် ဇယားရှင်းခဲ့သော်လည်း စနစ်က ပြန်မဖြေနိုင်ခဲ့ပေ။  သူမက စနစ်ကို အော်တစ်ဇင်ဖြစ်ရန် ဆူပူကြိမ်းမောင်းခဲ့သော်လည်း စနစ်က တစ်ခုခုမှားနေပြီဖြစ်ပြီး  ချို့ယွင်းချက်တစ်ခုရှိနေသည်ဟုအမှန်တကယ်ပြောလာခဲ့သည်။   ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက် ပြဿနာရှိမရှိသိရန် သူမကိုယ်တိုင် စုံစမ်းစစ်ဆေးရန် လိုအပ်လေ၏။


လျန့်စီယု  ယခုအချိန်အထိ စိတ်ဓာတ်ကျနေပြီး အသားကင်ကို ပါးစပ်ထဲကိုက်ထားလျှင်ပင် အနံ့လုံးဝမရပေ။


ထိုအချိန်တွင် လျှို့ရွှမ်က  တိတ်တိတ်လေး  စောင်းငဲ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"နောက်ကျရင်  ပြိုင်ပွဲတစ်ခုကျင်းပတော့မယ်လို့ ကောလဟာလတစ်ခုကြားတယ် ...ဒီလပတ်စာမေးပွဲထဲကနေ ပါဝင်ယှဉ်ပြိုင်ဖို့ လူတွေကို တိုက်ရိုက်ရွေးချယ်တာ ကောင်းပါတယ်..."


မည်သို့ပင်ဖြစ်စေ ဤသည်က  ကျောင်း၏ယှဥ်ပြိုင်မှုကို ကိုယ်စားပြုပြီး အကောင်းဆုံးဖြစ်ကိုဖြစ်ရမည်ပင်။


လျန့်စီယုက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ဒါက ဘယ်လိုပြိုင်ပွဲလဲ...."


" သင်္ချာလို့ထင်တာပဲ...."


လျန့်စီယု၏ထိုးကျနေသော စိတ်ဓာတ်က ချက်ချင်းပြန်တက်လာပြီး ပြုံးလိုက်၏။   

"ဒါဆို ငါ အဆင်ပြေမှာပါ....."


သူမ၏ပြုံးလိုက်မဲ့လိုက် ပြောင်းလဲမှုများသည် ကြီးမားလွန်းသဖြင့် လျှို့ရွှမ် သူမကိ​ုနှစ်သိမ့်ရန် ဘာမှကို မပြောနိုင်တော့ပေ။


ဒါက ခွေးမတစ်ကောင်ပဲနော်... ဟုတ်တယ်မလား... 


အပေါ်ယံတွင် စာမေးပွဲမှာ ညံ့ဖျင်းဆိုးရွားဟန်ဆောင်ကာ အခြားသူများ သူမကို လာနှစ်သိမ့်ပေးမည် စောင့်နေခဲ့ပြီး  ရလဒ်ထွက်လာသည့်အခါတွင်မူ စစ်ဆေးမှုက ပထမဟူသတဲ့လား။


သို့ပေမဲ့ လာမည့်အပတ်မှာ စာမေးပွဲရလဒ်နှင့်အဆင့်သတ်မှတ်ချက်တွေ ထွက်လာမှာဖြစ်ပေသည်။


ပထမက ယွီချင်းရှီ ဖြစ်ပြီး ကျန်းရှောင်မန် က တတိယဖြစ်၏။


ဒုတိယကမူ နေ့တိုင်းဖတ်စာအုပ်တွေကိုင်ပြီး လမ်းလျှောက်သည့် လူတွေကို တိုးတိုက်မိနိုင်သော *လေးလုံးကျောင်းသားပင်။

(T/N–မျက်မှန်ပါတာ)


လူတွေက တတ်သင့်သလောက် ကြိုးစားပြီး လေးလေးနက်နက် သင်ယူကြလေငည်။


ကျန်းရှောင်မန်  သင်္ချာတွင် အမှတ်များဆုံးရှုံးခဲ့သော်လည်း  သူမက ကျန်ဘာသာရမ်များအတွက် ပြင်ဆင်ခဲ့သော်ကြောင့်  *ရွှယ်ပါ၏ ရှုံးထွက်အမှတ်များ   သူ၏စွမ်းဆောင်ရည်ကို လုံးဝမထိခိုက်စေခဲ့ပေ။

(T/N–တရုတ်ဗန်းစကားပါ။မြန်မာလိုဆို ဟိုက်ပါ(hyper)၊ စာတော်တဲ့လူ၊ပညာရေးဂုရုကြီးပေါ့)


သူမ၏တရုတ်ဘာသာရပ်ကပင်လျှင်  သူမဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပြည့်ရခဲ့သည်။


အိုးး...ဟုတ်တာပေါ့...


စိတ်အခြေအနေပိုကောင်းလာတယ်...


ကျန်းရှောင်မန် လျန့်စီယု၏အဆင့်ကို အထူးတလည် သိရှိခဲ့သည်။


အဆင့်30...


သင်္ချာဘာသာရပ်တစ်ခုတည်းက အမှတ်ပြည့်ဖြစ်ပြီး  ကျန်ဘာသာရပ်တွေက သာမန် သူလိုကိုယ်လို  ပျမ်းမျှအဆင့်ဖြစ်၏။


ကျန်းရှောင်မန်  ဘာမှန်းမသိသလို အပြုံးလေးပန်ဆင်ထားလိုက်သည်။  နက်မှောင်သော မျက်လုံးတစ်စုံသည် ရွှန်းလဲ့နေပြီး အနည်းငယ် စိတ်ထိခိုက်နေသယောင်ပင်။

xxxxxxxx


Chapter 350


စာသင်ခန်းသို့ပြန်ရောက်ပြီးနောက် ကျန်းရှောင်မန် ယွီချင်းရှီ၏နေရာကို တစ်ချက်ကြည့်လိုက်ရာ သူ ထိုနေရာမှာမရှိသည်ကို တွေ့လိုက်ရ၏။


ယွီချင်းရှီကို ဆရာမက ရုံးခန်း ခေါ်သွားခဲ့သည်။


မကြာမီတွင် မြို့နယ်အဆင့် သင်္ချာပြိုင်ပွဲကို မြို့တွင်းရှိ အထက်တန်းကျောင်း အများအပြား ယှဉ်ပြိုင်ကြမည်ဖြစ်ရာ လျှို့ဝှက်ပြိုင်ဆိုင်မှု အတော်လေး ရှိသည်ဟု ဆရာမက ပြော၏။ ဤတစ်ကြိမ်တွင် သူက သင်္ချာစာမေးပွဲမှာ အမှတ်ပြည့် ရခဲ့သဖြင့်  ကျောင်းကသူ့ကို ဝင်ပြိုင်ခိုင်းမှာဖြစ်ပြီး  ဆက်လက်ကြိုးစားပြီး ကျောင်း၏ဂုဏ်ကျက်သရေကိုဆောင်နိုင်မည်ဟု မျှော်လင့်နေသည်။


ယွီချင်းရှီ  ခေါင်းညိတ်ပြီး နားလည်ကြောင်းပြကာ ဆရာရုံးခန်းမှ ထွက်လာခဲ့၏။


မူလက သူ အခြားတစ်နေရာက ကျန်းရှောင်မန်  ဖြစ်ရမည်ဟု မသိစိတ်က တွေးထားသော်လည်း သူမ မဟုတ်ခဲ့ပေ။  လျန့်စီယုက ငှက်ကျား၏အသိုက်ကို သိမ်းပိုက်ထားသူဖြစ်သည်။


စကားမစပ် ကျန်းရှောင်မန်၏ အဖြေလွှာက အကုန်ဖြေမထားပေ။


ယွီချင်းရှီ မျက်မှောင်ကြုတ်လိုက်သည်။ စာသင်ခန်းသို့ပြန်ရောက်ပြီးနောက်  သူမ သူ့ကို တစ်ခုခုဖုံးကွယ်ထားသည်ဟု ခံစားမိသဖြင့်  သူ ကျန်းရှောင်မန်ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။


"ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ...ဆရာက တစ်ခုခု ဖြစ်နေတယ်ပြောလိုက်လို့လား...."


ယွီချင်းရှီက  ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

 “ရက်နည်းနည်းကြာရင် သင်္ချာပြိုင်ပွဲတစ်ခုရှိလာမှာ...ငါ့ကို ဝင်ပြိုင်ပြီး ကျောင်းရဲ့ဂုဏ်ကျက်သရေဆောင်ဖို့ အသင့်ရှိနေခိုင်းတာ...."


"ဒါဆို နင်  ကြိုးစားရမယ်....."

ကျန်းရှောင်မန်က သူ့ကို အားပေးမှုကိုပြသရန်အလို့ငှာ သူ့ပုခုံးပေါ် လက်တင်လိုက်သည်။


အဝတ်စပါးပါးကနေတစ်ဆင့်  သူမလက်ဖဝါး၏ အပူချိန်ကို သူခံစားနိုင်နေဆဲပင်။


ယွီချင်းရှီ ပခုံးကိုကျုံ့လိုက်ပြီး အသာအယာ ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။

"နောက်တစ်နေရာစာရှိသေးတယ်...အဲ့ဒါက လျန့်စီယု...."


ကျန်းရှောင်မန်၏ မျက်လုံးများထဲရှိ အပြုံးသးက မှိန်ဖျော့သွားသော်လည်း သူမက နှုတ်ခမ်းကို ပင့်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... သူက သူပဲလေ... သူသွားတဲ့အခါ ငါပိုပျော်ပေးမှာပါ...."


... ကျန်းရှောင်မန်ကတော့ ကျန်းရှောင်မန်ပါပဲ...ငါလည်း အဲ့လိုတွေးပါတယ်...


ယွီချင်းရှီ ဆွံ့အသွားသည်။


သို့ပေမဲ့  ဤသည်က ယွီချင်းရှီ၏အမှားပင်။


ကျန်းရှောင်မန်  ထိုအ​ကြောင်းကို တွေးနေပြီး သူမလည်းပဲ  အလွန်ဒေါသထွက်နေ၏။

သူမ ပြိုင်ပွဲကျင်းပမည့်အချိန်အသေးစိတ်ကို ယွီချင်းရှီကိုမေးပြီးနောက် အမှတ်တစ်မှတ်သုံးကာ လျန့်စီယုအတွက် ပယ်ဖျက်ခြင်းကတ်ကို အသုံးပြုခဲ့သည်။


[အရာဝတ္ထုကိုသုံးပါ–လျန့်စီယု 


သေချာပါသလား】


【အတည်ပြု】


ပယ်ဖျက်ခြင်းကတ်က ဆယ်ရက် တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းမဟုတ်ပါက  ကျန်းရှောင်မန်  ၎င်းကို သူမအပေါ် ထပ်ခါထပ်ခါသုံးပစ်ချင်မိ၏။


စနစ်ဖြစ်သူအနေဖြင့်  ယခင်က ခိုးယူခံရခြင်း၏ အရှက်တရားကို ဖယ်ရှားပစ်ချင်ခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့် အသံပြောင်းသွားခဲ့သည်။

"ပိုင်ရှင်... ငါတို့မှာ ဒါရှိတာလား....."


အသုံးမကျပါက လျန့်စီယု ပြိုင်ပွဲမှာ  အမှတ်ပြည့်ရသွားလိမ့်မည်။


စနစ်က မမြင်နိုင်ပေမဲ့ ကျန်းရှောင်မန်  မျက်စောင်းထိုးလိုက်၏


"စိတ်မပူပါနဲ့... အဲဒါကို လတ်ဆတ်တဲ့လှည့်ကွက်လို့ ခေါ်တယ်...ကောင်းကင်တစ်ခွင်လုံးစားပစ်လိမ့်မယ်....."


စာမေးပွဲခန်းထဲမ၀င်ခင်မှာ လျန့်စီယု ယုံကြည်မှုအပြည့်နှင့်ပင်။စာမေးပွဲခန်းထဲသို့ ဝင်ပြီးနောက် လျန်စီယု  နဖူးပေါ်မှ ချွေးအေးများ စီးကျလာသည်။

ထုံးစံအတိုင်း သူမ မေးခွန်းများကို ဖြေရန် ဘောပင်ကို ကောက်ကိုင်လိုက်၏။ အစပိုင်းတွင် မေးခွန်းများသည် အလွန်ရိုးရှင်းပြီး သူမကိုယ်တိုင် ဖြေရှင်းနိုင်ခဲ့သည်။


ဒါပေမဲ့ စိတ်မပူပါနဲ့... သူမမှာ ရွှေလက်ချောင်းတွေ ရှိနေတုန်းပဲ...


"စနစ်......"

လျန့်စီယု  သူမနှင့် စာမေးပွဲတစ်ခန်းထဲရှိ ယွီချင်းရှီကို တစ်ချက်ကြည့်လိုက်သောအခါ  နောက်ကျောလေးပဲဖြစ်သော်လည်း အပြောင်းအရွှေ့ကျောင်းသားက အလွန်အမင်း ချောမောကာ တည်ကြည်နေဆဲဖြစ်၏။


သူ့မျက်နှာက ကြည့်ကောင်းသော်လည်း ကျန်းရှောင်မန်နှင့်တွဲနေသည်ကား သနားစရာပင်။


တောင်းပန်ပါတယ်...


“သူ့အသိပညာကို ခိုး...ငါ့သူ့ကို ပုစ္ဆာ 

ဖြေရှင်းစေချင်တယ်..."


"ကောင်းတယ် ပိုင်ရှင်....."

စနစ်က ပြန်ဖြေသည်။ 


ထို့နောက် လျန့်စီယု  စောင့်နေလိုက်၏။


သို့ပေမဲ့  စောင့်ပြီးရင်း စောင့်နေရပြီး မိနစ် 20 ကြာသွားသော်လည်း  သူမစိတ်ထဲမှာ ဤပုစ္ဆာကို ဖြေရှင်းရန်အတွက်   အကြံဥာဏ်တွေ ထပ်ထွက်မလာပေ။


ဘာမှကိုရှိမနေတာ...


ဗလာကြီး...


ဘာတွေဖြစ်နေတာလဲ...


လျန့်စီယု  ထိတ်လန့်သွားပြီး ဒေါသတကြီးမေးလိုက်သည်။

 "ဘာဖြစ်တာလဲ...  စာမေးပွဲဖြေဖို့ အလျင်လိုနေတာ နင်မသိဘူးလား....."


"...ပိုင်ရှင်... ငါ မင်းအတွက် ခိုးပြီးသား....."


"လျှောက်ပြောမနေနဲ့...ငါ လုံးဝ မရခဲ့ဘူး..."


"ဒါပေမဲ့  ပိုင်ရှင်...ငါ မင်းအတွက် ခိုးပြီး​​သားလေ...."


“မဟုတ်ဘူး...”


လျန့်စီယု၏ နဖူးမှ  ချွေးစေးများစွာ စိမ့်ထွက်လာပြီး  ထိန်းမရအောင်ကြောက်စိတ်မွှန်လာခြင်းနှင့်အတူ သူမလက်နှင့် ခြေထောက်များကအေးစက်သွားသည်။


အတိအကျကို  ဘာဖြစ်နေလဲ...စနစ်က တကယ် ပြဿနာရှိနေတာလား...


မဟုတ်ဘူး...လောလောဆယ် စနစ်ကို ဂရုမစိုက်နဲ့....လက်ရှိစာမေးပွဲကိုပဲ အာရုံစိုက်ထား... ဒီလိုအရေးကြီးတဲ့ စာမေးပွဲမှာ ကျရှုံးခဲ့ရင် သူမ လူတွေကို မျက်နှာချင်းဆိုင်နိုင်ဦးပါ့မ လား...အခွင့်အလမ်းမရှိဘဲ လူဘယ်နှစ်ယောက်လောက်လာချင်ပါ့မလဲ...


လျန့်စီယု   ဘောပင်ကိုင်ပြီး မေးခွန်းကိုဖြေချင်ပေမဲ့ သူမစိတ်က ဗလာဖြစ်ပြီး ဘာမှရေးလို့မရပေ။


သူမ ဘိတ်ချေးဖြစ်တော့မှာလား...သူမ ဒီလူကို အရှုံးမခံနိုင်ဘူး...


ဒါပေမဲ့  မဟုတ်ဘူး မဟုတ်ဘူးနဲ့ သူမ ဘာလုပ်နိုင်မှာလဲ... 


သူမ စိတ်ပဲတိုနေနိုင်သည်။ လျန့်စီယု  သူမကို အကြိမ်မည်မျှသတိပေးခဲ့ပါစေ စနစ်က သူမဆီကို အသိပညာမပို့နိုင်ခဲ့ပါချေ။


စနစ်က တကယ်ပျက်သွားပြီ...


လျန့်စီယု  စိုးရိမ်လွန်း၍ မူးလဲလုနီးပါး ဖြစ်နေသည်။


သူမ စိတ်ရှုပ်သွားပြီး နောက်ဆုံးထပ်ဆောင်း မေးခွန်းကို ဖြေလိုက်၏။

xxxxxxx