အပိုင်း ၃၇၆-၃၈၀
Viewers 14k

Chapter 376 (Extra-13)


သူတို့နှစ်ယောက်စလုံး ခရီးဆောင်သေတ္တာမပါလာခဲ့။ ထို့ကြောင့် လေယာဥ်ပေါ်သို့ အေးအေးဆေးဆေးတက်သွားနိုင်ကြသည်။


ယွီချင်းရှီက ကျန်းရှောင်မန်၏ကျောပိုးအိတ်ကိုပါ ကူသယ်ပေးထားသည်။ ပန်းနုရောင်ပန်းပွားအိတ်ကလေးမှာ သူ၏အေးစက်စက်ပုံစံနှင့်လုံးဝမလိုက်ဖက်ချေ။ သို့သော် သူကတည်တည်ငြိမ်ငြိမ်ပင်ရှိနေသည်။


ကျန်းရှောင်မန် သူ့ကိုနောက်ကကြည့်ရင်း တိတ်တိတ်ကလေးကြိတ်ရယ်မိသည်။ ခဏစဥ်းစားပြီး​နောက် သူမက လက်ကမ်းလိုက်ကာ


"ငါ့လက်ကိုကိုင်ထား...မဟုတ်ရင် နင်လမ်းပျောက်သွားလိမ့်မယ်...”


"အင်း...”


ယွီချင်းရှီ အားအပြည့်ဖြင့်ပို၍တက်ကြွသွားသည်။


သူတို့နှစ်ဦးလေယာဥ်ပေါ်မှဆင်းပြီး​နောက် တက္ကစီိငှားရန်ပြင်နေကြစဥ် ရင်းနှီးနေသောပုံရိပ်နှစ်ခုကိုတွေ့လိုက်ရ၏။ ၎င်းတို့မှာ ယဲ့ကျားကျားနှင့် ကျန်းရှင်းဟွားပင်။


ယွီချင်းရှီ: "…”


သူက မမြင်ချင်ယောင်ဆောင်ရန်ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့အကြံအစည်မအောင်မြင်လိုက်ချေ။ ကျန်းရှောင်မန် သူတို့နှစ်ဦးကိုတွေ့သွားလေသည်။ 


ကျန်းရှင်းဟွားနှင့်ယဲ့ကျားကျားတို့က "ရှောင်ယွီနဲ့ရှောင်မန် ပြန်လည်ကြိုဆိုပါတယ်” ဟူသည့်စာသားဘုတ်ကို တစ်ယောက်တစ်ခုစီကိုင်ထားကြသည်။ ထောင့်စွန်းတွင် "ပျော်ရွှင်ဖွယ်လက်ထပ်ပွဲ” ဟုကောင်းချီးပေးထားသေးသည်။


အဆိုပါဘုတ်ကိုရေးထားသည်မှာ သပ်သပ်ရပ်ရပ်မရှိသလို အဓိပ္ပာယ်မှာလည်းမရှင်းလင်းချေ။ စာကိုဖတ်သည့်မည်သူမဆို ရှောင်ယွီနှင့်ရှောင်မန်လက်ထပ်သည်ဟူ၍သာ တွေးထင်ကြလိမ့်မည်။


ယွီချင်းရှီ၏ နှုတ်ခမ်းထောင့်လေးများမြင့်တက်သွားသည်။


ဒီနှစ်ယောက်ကို နည်းနည်းမျက်နှာသာပေးလိုက်ပါ့မယ်လေ...


"နင်ဘာလို့ သူတို့ကိုချိန်းလိုက်တာလဲ...”

ယွီချင်းရှီ၏အသံမှာ ချဥ်တင်တင်ဖြစ်နေသည်။


"သဝန်တိုနေပြန်ပြီလား...”


"မဟုတ်ပါဘူး...”


"ဒီလောက်သိသာနေတာကို...”


ကျန်းရှောင်မန်က ခေါင်းယမ်းကာသက်ပြင်းချလိုက်သည်။


"ဟေး...ငါနင့်ကိုအကြိုက်ဆုံးပဲ...တခြားဘယ်သူ့ကိုမှမကြိုက်ဘူး...ဟုတ်ပြီလား...”


"…”


ယွီချင်းရှီ ပြုံးလိုက်ရင်းပြောသည်။

"ငါကအဲ့လောက်မကတ်သတ်ပါဘူး...သွားရအောင်...”


သူတို့နှစ်ယောက်က ယဲ့ကျားကျားတို့ထံလျှောက်သွားလိုက်သည်။


"ရှောင်မန်...ရှောင်မန်...”


ယဲ့ကျားကျားက ကျန်းရှောင်မန်ထံသို့ ခုန်ပေါက်လျှက်ပြေးလာသည်။ သူမက ကျန်းရှောင်မန်အားဖက်တော့မည့်ဆဲဆဲတွင် တစ်စုံတစ်ယောက်၏ကာဆီးမှုကို ရင်ဆိုင်လိုက်ရသည်။


ဒါက အဓိကမဟုတ်သေးချေ။ စင်ဂယ်ခွေးယွီချင်းရှီက ရှောင်မန်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသေးသည်။ အကယ်၍ သူမအထင်သာမမှားပါက သူမနှင့်ကျန်းရှင်းဟွားကိုကြည့်နေသော အေးစက်စက်မျက်ဝန်းများက ခံစားချက်တစ်ခုကိုရှင်းလင်းစွာဖော်ပြထားလေသည်။


မကြိုဆိုတာ...


လုံးဝကို မလိုလားတာအသိသာကြီး...


ထိုစဥ် ဘာကိုမှမသိသောကျန်းရှင်းဟွားက ယွီချင်းရှီလွယ်ထားသည့် ပန်းရောင်အိတ်ကိုကြည့်ရင်းမေးလိုက်သည်။


"ချင်းရှီ...မင်းကဘာလို့ဒီအိတ်ကိုလွယ်ထားတာလဲ...”


ယွီချင်းရှီ: "…”


ကျန်းရှောင်မန်: "…”


ယဲ့ကျားကျား: "…”


သုံးယောက်သား ခဏတိတ်သွားသည်။ ထို့နောက် ကျန်းရှောင်မန်က သူမ၏အိတ်ကိုယူလိုက်သည်။

"ငါ့အိတ်ကအရမ်းလေးလို့ သူ့ကိုသယ်ခိုင်းထားတာလေ...”


တခြားလူယုံယုံမယုံယုံ ကျန်းရှင်းဟွားကတော့ အဆိုပါဖြေရှင်းချက်ကိုယုံလိမ့်မည်။



ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့ မြို့တော်B သို့ပြောင်းသွားကတည်းက သူတို့လေးယောက်တူတူမဆုံတော့ခြင်းဖြစ်သည်။ ယခုမူ နွေရာသီအားလပ်ရက်ဖြစ်သည့်အတွက် အတူတကွပြန်ဆုံကြသည်။


သုံးနှစ်လောက်ခွဲနေရသော်လည်း ယဲ့ကျားကျားအတွက်မူ ကျန်းရှောင်မန်က အခင်ဆုံးသူငယ်ချင်းဖြစ်လေသည်။


သူတို့က တစ်စုံတစ်ခုပြောင်းလဲသွားသည်ကို သတိမပြုမိကြပဲ အတူတူစျေးဝယ်ထွက်ကြတော့သည်။


မိန်းကလေးနှစ်ယောက်ကတစ်တွဲ ယောက်ျားလေးနှစ်ယောက်က...


ယွီချင်းရှီ ကျန်းရှင်းဟွားနှင့်အတူမသွားချင်ချေ။ သို့သော် ကလေးဘဝတည်းက သူ့ခံစားချက်ကဤအချိန်မျိုးဆို ချောင်ထိုးခံရစမြဲဖြစ်သည်။ 


မိန်းကလေးနှစ်ဦးက တွတ်ထိုးနေကြပြီး ယောက်ျားလေးနှစ်ယောက်က နောက်ကခပ်ဖြည်းဖြည်းလိုက်လာကြသည်။


ကျန်းရှင်းဟွားမှာ တုံးအသော်လည်း ယွီချင်းရှီပျော်မနေမှန်းတော့နားလည်သည်။ သို့သော် သူ့အတွက်လည်းထိုအရာက ရိုးအီနေပြီဖြစ်ရာ ဒီအတိုင်းသာလျစ်လျူရှုလိုက်သည်။


သူက ယွီချင်းရှီတစ်ခုခုပြောင်းလဲသွားမှန်းသိသော်လည်း ဘာမှန်းမပြောတတ်ချေ။ ထို့ကြောင့် ဒီအတိုင်းသာ မေးချလိုက်၏။


"ချင်းရှီ...မင်းဒီတစ်ခါပြန်လာတာ တစ်ခုခုမူမမှန်သလိုပဲ...”


"မင်းပဲ တစ်ခုခုမှားနေတာ...”


"…”


ကျန်းရှင်းဟွားက တိတ်ကျသွားပြီးကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ကြည့်မိသည်။


"မဟုတ်ဘူး...မင်းတစ်ခုခုပြောင်းလဲနေတာ...”


"ငါက ဘာပြောင်းလဲသွားလို့လဲ...”


xxxxxxxx


Chapter 377(Extra-14)


ယွီချင်းရှီက ကျန်းရှောင်မန်မှလွဲ၍ တခြားလူများနှင့်စကားပြောခဲလေသည်။ ယဲ့ကျားကျား၊ကျန်းရှင်းဟွားတို့နှင့် တပူးပူးတတွဲတွဲရှိနေစဥ်ကပင် စကားသိပ်မပြောချေ။ ယခုမူ တခြားလူများနှင့်ရောက်တတ်ရာရာပြောဆိုခြင်းမှာ လက်မခံနိုင်စရာမဟုတ်မှန်းတွေ့ရှိသွားသည်။


ကျန်းရှင်းဟွားက မေးကိုပွတ်ကာစဥ်းစားလိုက်ရင်း


"ငါ့အမြင်ပြောင်းသွားတာထင်တယ်...မင်းကိုကြည့်ရတာ အရင်နဲ့မတူတော့ဘူး...”


ယွီချင်းရှီက လျှို့ဝှက်စွာပြုံးလိုက်ရင်း မရှင်းမလင်းပြောသည်။


"မှားတယ်...မင်းကသာအထီးကျန်​နေတဲ့တစ်ယောက်ပဲ...”


"…”


ဟမ်....


ကျန်းရှင်းဟွားက ယွီချင်းရှီထံမှဤကဲ့သို့ဝေဖန်ခံလိုက်ရသည်ကို မယုံနိုင်အောင်ဖြစ်နေသည်။


သို့သော် လူကဝသည့်အလျှောက် နှလုံးသားကလည်းကြီးမားပေသည်။ ကျန်းရှင်းဟွားက ဒီအတိုင်းသာလက်ခံလိုက်ပြီး ဆက်တွေးမနေတော့ချေ။


ကောင်မလေးနှစ်ယောက် စျေးဝယ်ထွက်ခြင်းပြီးဆုံးသွားသည့်အခါ လေးယောက်သားစားသောက်ဆိုင်သို့အတူတကွသွားကြသည်။


လေးယောက်အတူတကွထိုင်လိုက်သည့်အခါ ကျန်းရှောင်မန် ကိုယ့်ကိုယ်ကိုယ်ပြန်ငယ်သွားသလို ခံစားလိုက်ရ၏။


သူတို့တွေက မူလတန်းကတည်းကအတူတူရှိလာခဲ့ခြင်းဖြစ်သည်။ ကျန်းရှောင်မန်က အလယ်တန်းတွင် ဆုများစွာဆွတ်ခူးနိုင်ခဲ့၏။ သူမက ဆုရသည့်အချိန်တိုင်း သူမ၏သူငယ်ချင်းများကိုခေါ်ကာ မုန့်အတူထွက်စားလေ့ရှိသည်။


"အချိန်တွေကုန်တာမြန်လိုက်တာ...ငါတို့ကမျက်တောင်တစ်ခတ်အတွင်း အသက်ကြီးလာကြတာပဲ...ငယ်ငယ်ကလေ ကျားကျားငိုရင်နှပ်ချေးတွေက သူ့ကျစ်ဆံမြှီးပေါ်ပေကုန်ရော...”


"ကျန်းရှင်းဟွားကတော့ အစားအရမ်းသောင်းကျန်းတာ...အတန်းထဲမှာမုန့်ခိုးစားလို့ခဏခဏအပြစ်ပေးခံရတာလေ...ယွီချင်းရှီကတော​့ အစားအရမ်းနည်းလွန်းတယ်...သူမစားချင်တာအကုန် ငါ့ပန်းကန်ထဲထည့်ပေးတာဟေး...ဥပမာ ကြက်ခြေထောက်ကြော်ပေါ့...”


"…”


ယွီချင်းရှီက သူမစကားမှာအနည်းငယ်လွဲမှားနေသည်ကို သတိပြုမိသည်။ သို့သော် သူကငြင်းခုံမနေတော့ချေ။ သူ့ပန်းကန်ထဲရှိ ကြက်ခြေထောက်ကိုသာ ခေါင်းငုံ့ရင်းစားနေသည်။


ကျန်းရှောင်မန်က စကားပြောပြီးသည့်အခါ သူမပန်းကန်ထဲတွင် ကြက်ခြေထောက်အပိုတစ်ခုရှိ​နေသည်ကို တွေ့လိုက်ရ၏။


"ကြည့်...ခုလည်းသူထည့်ထားပြန်ပြီ...”


ယွီချင်းရှီ: "…”


မေ့လိုက်တော့...သူမပျော်နေရင်ပြီးတာပဲ...


ကျန်းရှင်းဟွားက ခဏတွေဝေသွားကာ သူ့ပန်းကန်ထဲရှိကြက်ခြေထောက်ကို ယဲ့ကျားကျားပန်းကန်အတွင်းထည့်ပေးလိုက်သည်။


ကျန်းရှောင်မန်နှင့်ယွီချင်းရှီက တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။


ဒီဖက်တီးလေးက အစားအသောက်ကိုသူ့အသက်နီးပါးတန်ဖိုးထားတာလေ...


ကျန်းရှောင််မန်က သူ့အားမေးလိုက်သည်။


"ကျန်းရှင်းဟွား...နင်ဘာလို့မစားတာလဲ...”


ကျန်းရှင်းဟွားက ဘာမှပြန်မဖြေချေ။ ယဲ့ကျားကျားက ပုံမှန်လေသံကလေးဖြင့်ရှင်းပြလာသည်။


"အိုး...သူကဒီရက်ပိုင်းဝိတ်ချနေတာလေ...”


စကားပြောလိုက်...ရယ်မောလိုက်...ကြက်ခြေထောက်စားလိုက်နှင့်...


စိတ်အစဥ်က အေးချမ်းလျှက်ပင်။


ကျန်းရှောင်မန် ဒီလိုနေ့ရက်မျိုး များများရှိရန်ဆုတောင်းမိသည်။ ရုတ်တရက်သူမက တစ်စုံတစ်ခုကိုသတိပြုမိသွားကာ ​ပြောရန်ပါးစပ်ဟလိုက်သည်။


ထိုစဥ် ယွီချင်းရှီက စားပွဲအောက်မှသူမခြေထောက်အားလှမ်းကန်လိုက်ကာ တားမြစ်လိုက်၏။


"…”


ကျန်းရှောင်မန် ကြောင်အသွားသည်။ သို့သော် ဘာမှမပြောတော့ပဲ မသိချင်ယောင်သာဆောင်နေလိုက်သည်။


ထို့နောက် ယွီချင်းရှီနှင့်ကျန်းရှောင်မန်တို့က အိမ်သို့အတူတကွပြန်လာခဲ့ကြသည်။ အိမ်ပြန်လမ်းတွင် ကျန်းရှောင်မန်က ယွီချင်းရှီအားမေးသည်။


"ဘာလို့ ငါ့ကိုမပြောခိုင်းတာလဲ...”


"မဟုတ်ပါဘူး...ဒီတိုင်း သူ့ကိုသနားသွားလို့...”


ကျန်းရှောင်မန်က ယွီချင်းရှီကိုလှည့်ကြည့်လိုက်သည်။


"ဘာလို့လဲ...ရုတ်တရက်ကြီး...”


"ငါလည်းသူနဲ့အတူတူပဲလေ...”


ကျန်းရှောင်မန်က ခေါင်းလေးငုံ့သွားကာ ထိုကိစ္စကိုထပ်မံ၍အစမဖော်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူမအပြစ်ဟူ၍ဝန်မခံချင်ပေ။


ယွီအိမ် ဗီလာသို့ရောက်သည့်အခါ ကျန်းရှောင်မန်က သူမအိမ်သို့ပြန်ရန်ပြင်လိုက်သည်။ သို့သော် ယွီချင်းရှီက လက်ကိုလွှတ်မပေးချေ။


"ဘာဖြစ်လို့လဲ...”


"မွှေးတုံလေးကို ဝင်မနှုတ်ဆက်တော့ဘူးလား...”


ကျန်းမိသားစုက ဗီလာကိုစောင့်ရှောက်ရန် လူတစ်ယောက်မှမထားခဲ့ချေ။ သူတို့တစ်မိသားစုလုံး လက်ထပ်ပွဲအတွက် ကမ်းခြေသို့သွားကြသည့်အခါ မွှေးတုံလေးကယွီအိမ်သို့ပြန်ရောက်သွားသည်။ မြောင်မြောင်လည်းရှိနေသည့်အတွက် ဝက်ကလေးနှစ်ကောင်...မဟုတ်သေးဘူး...ဝက်တစ်ကောင်နှင့်ကြောင်တစ်ကောင်မှာ အချင်းချင်းမိတ်ဖွဲ့၍နေကြလေသည်။


ကျန်းရှောင်မန် ဗီလာအတွင်းသို့ဝင်လိုက်သည်နှင့် ကမ်းခြေသေးသေးလေးတစ်ခု တွေ့လိုက်ရသည်။


"…”

xxxxxxxx


Chapter 378(Extra-15)


ယွီချင်းရှီက ခပ်တိုးတိုးကပ်ပြောသည်။


"သူတို့နှစ်ကောင်ထဲပျင်းနေမှာစိုးလို့ အိမ်ကလူတွေကိုကမ်းခြေအသေးလေးလုပ်ပေးဖို့ပြောထားတာ...”


ကျန်းရှောင်မန် ရင်ထဲထိသွားသည်။ သူမရဲ့ သစ်သားမြင်းရုပ်လေးက အရမ်းကြင်နာတတ်ပြီး အရမ်းကိုချိုမြိန်လွန်းတာပဲ...


ထို့နောက် မွှေးတုံလေးကိုခေါ်ကြည့်လိုက်သည်။ အတန်ကြာသည်အထိ ဘာသံမှထွက်မလာချေ။ နောက်ထပ်အကြိမ်အနည်းငယ်ခေါ်ကြည့်သည့်အခါ မတရားခံနေရသလို ဝက်သံခပ်အစ်အစ်ထွက်လာ၏။


ကျန်းရှောင်မန်ရော ယွီချင်းရှီပါလန့်သွားသည်။ သူတို့က အသံကြားရာအတိုင်းလိုက်သွားသည့်အခါ တစ်စုံတစ်ခုကိုသဲထဲမြှုပ်နေသည့် မြောင်မြောင်ကိုတွေ့လိုက်ရသည်။


"…”


မြောင်မြောင် သည် ဝသော်လည်း ကြောင်တစ်ကောင်အနေနှင့်သာ ဝသည် ဟု ဆိုနိုင်ပါသည်။


ကြောင်နှင့်ဝက် ယှဉ်လိုက်လျှင်တော့ အလွန်ဝသောကြောင်သည်ပင် ဝက်နှင့်စာလျှင်တော့ သေးသွားမည်မဟုတ်လား။


ထို့ကြောင့် ကျန်းရှောင်မန်သည် အဘယ်ကြောင့် ကြောင်ဖြစ်သောမြောင်မြောင်က တိုက်ခိုက်ရာတွင် အလွန်အားကြီးနေကာ ဝက်ဖြစ်သောမွှေးတုံလေးက အားနည်းနေသည်ကို နားမလည်နိုင်ဖြစ်နေမိသည်။


သို့သော်လည်း ဤကိစ္စသည် ၎င်းတို့ ငယ်စဉ်တည်းက ဖြစ်သည်။


ပေါက်စလေးများဘဝတည်းက မွှေးတုံလေးသည် မြောင်မြောင်အား ဘယ်သောအခါမျှ မနိုင်ချေ။ ဤသည်ကို ကျန်းရှောင်မန်သိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျန်းရှောင်မန် စိတ်တိုသည်က နှစ်များစွာကြာသည့်တိုင် မွှေးတုံလေးသည် တိုးတက်မလာခြင်းကို ဖြစ်သည်။ 


ယခုထိတိုင် မွှေးတုံလေးသည် မြောင်မြောင် အနိုင်ကျင့်သည်ကို ခံနေရစမြဲ ဖြစ်သည်။


ရှက်စရာပင်ဖြစ်သည်။


မွှေးတုံလေးသည် ယခုထိ သဲထဲတွင် နစ်နေကာ ဘာမှမလုပ်နိုင်ပဲ အော်ရုံသာ အော်နေလေသည်။


မွှေးတုံလေးအားကြည့်ရင်း ကျန်းရှောင်မန် သည် ရှက်စရာကောင်းသည် ဟု တွေးနေမိသည်။


ကျန်းရှောင်မန်သည် ခဏမျှ ရပ်ကြည့်နေပြီးမှ မြေကြီးထဲ နစ်နေသော သနားစရာ မွှေးတုံလေးအား ဆွဲထုတ်ရန် အပြေးသွားလိုက်သည်။


ယွီ့်ချင်းရှီကတော့ မြောင်မြောင်အား ချီ၍ ဘေးတွင်ရပ်နေကာ သူရှေ့မှ မိန်းကလေးနှင့် ဝက်တို့ကို တိတ်တဆိတ် ကြည့်နေမိသည်။


ယွီချင်းရှီသည် မည်သို့ဖြစ်ကုန်သည် မသိသော်လည်း ဤကဲ့သို့ လုပ်နိုင်သည့်အတွက် မြောင်မြောင့် အား ချီးကျူးချင်နေမိသည်။ သို့သော် ကျန်းရှောင်မန်ရှေ့တွင်တော့ ထုတ်မပြောရဲပါ။


"မြောင်မြောင် မင်းတော်တော်ဆိုးတာပဲ...ငယ်ငယ်လေးတည်းက သူငယ်ချင်းကို ဘာလို့ ဒီလို လုပ်ရတာလဲ...မင်းက ကြောင်ဆိုးလေးပဲ..."


တကယ်က ယွီချင်းရှီသည် မြောင်မြောင့်အား ဤသို့ ဆူနေသင့်သည်ဖြစ်သည်။


ယွီချင်းရှီသည် မြောင်မြောင်၏ ခြေထောက်များကိုကိုင်ကာ လက်သည်းများကြားထဲမှ သဲများကို ဖယ်ရှားပေးနေရင်း မွှေးတုံလေးအား ကျန်းရှောင်မန်ဆူနေသည်ကို နားထောင်နေမိသည်။


"ဘယ်လိုဖြစ်ရတာလဲ..."


ကျန်းရှောင်မန်က မွှေးတုံလေးအား ကိုင်ကာ စိတ်တိုတိုနှင့် မေးလိုက်သည်။ မွှေးတုံလေးသည်လည်း လျှာပင် ပန်းရောင်ရှိတော့ကာ ကျန်သည့်တစ်ကိုယ်လုံးက ညစ်ပတ်နေ၍ ချစ်စရာမကောင်းတော့ချေ။


မွှေးတုံလေးသည် ကျန်းရှောင်မန်မေးသည်ကို မဖြေနိုင်ပဲ ညည်းရုံသာ ညည်းနေတော့သည်။


ထို့နောက် မွှေးတုံလေးသည် အလွန်ဝမ်းနည်းသည့် အသံဖြင့် တစ်ချက်အော်မြည်လိုက်သည်။ ကျန်းရှောင်မန်လည်း ဘာမျှ မပြောတော့ပဲ သက်ပြင်းသာ ချလိုက်သည်။


"ထားလိုက်ပါတော့...မင်းကို ရေပဲချိုးပေးတော့မယ်..."


ထို့နောက် ကျန်းရှောင်မန်သည် ယွီချင်းရှီအား နှုတ်ဆက်၍ မွှေးတုံလေးအား ခေါ်ကာ ထွက်သွားတော့သည်။


ယွီချင်းရှီသည် မြောင်မြောင့်အား မျက်စောင်းထိုးကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။

"မင်းက ဘယ်လိုဖြစ်နေတာလဲ...ဘာလို့ မွှေးတုံလေးနဲ့ ရန်သွားဖြစ်ရတာလဲ..."


မြောင်မြောင်သည် ယွီချင်းရှီအား အေးစက်၍ အလိုမကျသောအကြည့်ဖြင့်ကြည့်ပြီးနောက် ‌အိပ်သွားတော့သည်။


မြောင်မြောင်သည် စကားမှ မပြောနိုင်သည်ပဲ။ သူတို့သိချင်လျှင် ဟိုဝက်အား သွားမေးကြပေါ့။


အမှန်တကယ်တော့ မြောင်မြောင်သည် ဒေါသထွက်လွန်း၍ သေမလိုပင် ဖြစ်နေရသည်။


တကယ့်အဖြစ်မှန်က ဤသို့ ဖြစ်သည်။


ကြောင်တစ်ကောင်ဖြစ်သည့် မြောင်မြောင်၏ အကြိုက်ဆုံးအလုပ်မှာ အိပ်ရခြင်းဖြစ်ကာ အပြင်သို့ သိပ်မထွက်ဖြစ်ပေ။ ထို့ကြောင့် သူနေနေရသောအိမ်သည် မည်မျှပင် ကြီးကျယ်ခမ်းနား၍ လှပသော စံအိမ်ကြီးဖြစ်စေကာမူ ထိုအိမ်ထဲ၌ပင် ဆယ်နှစ်ကျော်နေလာရသောအခါ အလွန် ငြီးငွေ့ဖွယ်ကောင်းလာသည်။


ဤတစ်ခေါက်တွင်တော့ မြောင်မြောင်၏သခင်လေးက သူ့အတွက် ကမ်းခြေငယ်လေးပြုလုပ်ပေးခဲ့ရာ မြောင်မြောင် အလွန်ကြိုက်နှစ်သက်သွားရသည်။ မြောင်မြောင်သည် ဤနေရာသို့ နေ့တိုင်းလာကာ အိပ်ခြင်း၊ လိပ်ပြာဖမ်းခြင်း၊ အီအီးပါခြင်းများ ပြုလုပ်သည်။


တကယ်တော့ ဤ‌ကမ်းခြေငယ်လေးသည် မြောင်မြောင့်အတွက် ကမ်းခြေသာမက အီအီးပါရန် သဲပုံး အကြီးစားလည်း ဖြစ်နေတော့သည်။


xxxxxxxxxxxx


Chapter 379(Extra-16)


မြောင်မြောင်သည် ဤသဲပုံးကြီးအား အလွန်ကြိုက်နေမိတော့သည်။ ကမ်းခြေ တစ်ဖြစ်လဲ သဲပုံးကြီးသည် ကျယ်လည်းကျယ်သည်။ ကြီးလဲကြီးသည်။ အနံ့လဲမနံကာ လေဝင်လေထွက်လည်းကောင်းသည်။


ဝက်များက အမြဲဒုက္ခပေးနေသည်ကတော့ စိတ်ညစ်စရာပင်ဖြစ်သည်။


မွှေးတုံလေးဆိုသည့်ဝက်ကတော့ တကယ် ဝက်တစ်ကောင်ပင်ဖြစ်သည်။ သူသည် မြေကြီးများအား နေရာအနှံ့ထိုးကော်ကာ မြောင်မြောင်‌‌မြှုပ်ထားသည့် အီအီးများကိုပါ ထိုးကော်ပစ်တော့သည်။


တစ်ကောင်က သဲဖြင့်ဖုံးရသည်ကိုကြိုက်ကာ တစ်ကောင်က မြေကြီးတူးရသည်ကိုကြိုက်သည်။ ဤနှစ်ကောင် ဆုံမိမှတော့ ရန်ဖြစ်ကြသည်မှာ မဆန်းပါ။


မြောင်မြောင်သည် သန့်ရှင်းမှုကို အလွန်ကြိုက်သော ကြောင်ဖြစ်သောကြောင့် ထိုညစ်ပတ်သောဝက်အား မြင်လျှင် မျက်စိစပါးမွှေးစူးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤတစ်ကြိမ်‌တွင်တော့ မြောင်မြောင်သည် အလွန်ပင်ဒေါသထွက်ကာ မွှေးတုံလေးအား အီအီးကဲ့သို့ပင် သဲဖြင့် ဖုံးထားလိုက်တော့သည်။


ထိုဝက်သည် အီအီးကဲ့သို့ပင် ညစ်ပတ်ကာ နံစော်နေသည်မဟုတ်လား။ ထို့ကြောင့် အီအီးများနှင့်အတူ အဖော်လုပ်ခိုင်းလိုက်ခြင်းဖြစ်သည်။


မြောင်မြောင်သည် ဤအကြောင်းများအား ဒေါသထွက်ထွက်ဖြင့် ပြောပြချင်သော်လည်း သခင်လေး ယွီချင်းရှီက နားလည်မည်မဟုတ်ချေ။ ထို့ကြောင့် မြောင်မြောင်သည် စိတ်ကိုလျှော့ကာ အိပ်ပဲအိပ်လိုက်တော့သည်။ သူမ၏ ခံစားချက်တွေကို ဤ ဘာမဟုတ်သည့် အကြောင်းအရာဖြင့် ဒေါသထွက်အောင်လုပ်ဖို့ မတန်ဘူး မဟုတ်လား။


ကျန်းရှောင်မန်သည် မွှေးတုံလေးအား သန့်စင်အောင် ရေချိုးပေးပြီးသည့်အခါတွင် ညပင် ရောက်နေပြီဖြစ်သည်။ ကျန်းရှောင်မန်လည်း အလွန်ပင်ပန်းသွားကာ ယွီရှင်းချီအား နှုတ်ဆက်၍ အိပ်ယာဝင်သွားတော့သည်။


ယွီချင်းရှီသည် မြောင်မြောင့်အားချီကာ ပွတ်ပေးနေသည်။ ကျန်းရှောင်မန်က လာ၍နှုတ်ဆက်သွားသောအခါ သူသည်လည်း မြောင်မြောင့်ကိုချ၍ အိပ်ယာဝင်တော့သည်။


ပုံမှန်ဆိုလျှင် ယွီချင်းရှီ အိမ်၌ရှိလျှင် မြောင်မြောင်သည် ယွီချင်းရှီနှင့် အမြဲ တူတူအိပ်နေကျဖြစ်သည်။ သို့သော် ယနေ့တွင်တော့ မြောင်မြောင်သည် အဖယ်ခံလိုက်ရသည်။


သခင်က မြောင်မြောင့်အား လျစ်လျူရှုလိုက်သည်လား။


သခင်လေးသည် မြောင်မြောင့်အား အဘယ်ကြောင့် တူတူအိပ်ခွင့်မပေးရပါသနည်း။ အဘယ်ကြောင့် ခါတိုင်းကဲ့သို့ မြောင်မြောင့်အား စောင်အောက်တိုးဝင်ခွင့် မပေးရပါသနည်း။


မြောင်မြောင်သည် အလွန်ဒေါသထွက်လာသော်လည်း ဒေါသထွက်ခြင်းဖြင့် ဘာမျှ လုပ်မရပေ။ သူသည် အိပ်ယာပေါ် စမ်း၍ခုန်တက်လိုက်သောအခါ ယွီချင်းရှီသည် အခန်းထဲမှ ပြေးထွက်သွားသည်။ ထို့နောက် မြောင်မြောင်၏ အိပ်ယာခြင်းတောင်းလေးကို ယူလာကာ အခန်းထဲသို့ပြန်လာသည်။ ယွီချင်းရှီက ထိုခြင်းတောင်းကို လက်ညှိုးထိုးကာပြောသည်။


"ဒီနေ့ကစပြီး မြောင်မြောင် ဒီထဲမှာပဲအိပ်ရမယ်နော်..."


"မအိပ်နိုင်ဘူး...မအိပ်နိုင်ဘူး...မအိပ်နိုင်ဘူး..."


မြောင်မြောင်သည် မလှုပ်မရှားနှင့် အိပ်ချင်ယောင်ဆောင်နေလိုက်ကာ ယွီချင်းရှီပြောသည်ကို မကြားဟန်ဆောင်နေလိုက်သည်။


ထိုအခါ ယွီချင်းရှီသည် မြောင်မြောင့်အား မ ကာ ခြင်းတောင်းထဲသို့ ကိုယ်တိုင်ထည့်ပေးလိုက်တော့သည်။


အရှက်မဲ့သည့် လူသားပေပဲ။


"မြောင် မြောင် မြောင်..."


မြောင်မြောင်သည် သူ မကြိုက်ကြောင်းပြသည့်အနေဖြင့် အော်လိုက်သည်။


ယွီချင်းရှီကပြောသည်။

"အဲ့ပေါ်မှာ မအိပ်ဘူးဆိုရင် အခန်းအပြင်ထုတ်ပြီး ဝင်မရအောင် သော့ပိတ်ထားလိုက်မှာနော်..."


သခင်က တကယ်ပင် ပြောနေသည်ပဲ။


မြောင်မြောင်သည် ဆက်မအော်နိုင်တော့ပဲ တိတ်ဆိတ်သွားရသည်။ ဝမ်းနည်းလွန်း၍ မျက်ရည်များပင် ကျလုမတတ်ဖြစ်သွားသည်။


သခင်သည် အရင်ကလည်း ဤကဲ့သို့ပင် မြောင်မြောင့်အ‌ပေါ် တင်းမာခဲ့သည်လား။


ယခု မြောင်မြောင်သည် ကြီးလာကာ ကြောင်ပေါက်စလေးမဟုတ်တော့သည့်အတွက် သခင်က မုန်းသွားသည်လား။


မြောင်မြောင်သည် ထိုညက အိပ်‌၍ပင်မပျော်တော့ချေ။ အိပ်၍မရသည်က မြောင်မြောင်နေ့လယ်က တစ်နေကုန်အိပ်ထား‌သောကြောင့်သာ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း ထိုညတွင် အိပ်မပျော်သည်က မပျော်သည်ပင်ဖြစ်သည်။ လူတိုင်း အချစ်ခံနေရသောမြောင်မြောင်သည် အသက်ကြီးလာကာ စွန့်ပစ်ခံရမည်ကို တွေးပူနေမိတော့သည်။


မနက်တွင် ယွီချင်းရှီသည် အိပ်ယာမှစောစီးစွာထကာ ရေချိုး အဝတ်လဲ၍ မြောင်မြောင်ဘဝ၌ ပထမဆုံးအကြိမ် သူ့သခင်သည် နေထက်ပိုတောက်ပသောအပြုံးဖြင့် ပြုံးနေသည်ကို မြောင်မြောင်တွေ့ရသည်။ ထို့နောက် သခင်သည် သူ့အပြုံးကို ပြန်ထိန်းကာ မျက်နှာတည်တည်ဖြင့် သူ့ကို လာနှုတ်ဆက်သည်။


"မင်္ဂလာနံနက်ခင်းပါ..."


မြောင်မြောင်သည် သခင်အား အလွန်အမြင်ကတ်သွားသည်။ မြောင်မြောင်သည် ယခုကဲ့သို့ အေးစက်သည့်ကြောင် ဖြစ်နေရခြင်းမှာ သူ့သခင်လေးသည်လည်း ငယ်စဉ်က အေးစက်သော ကလေးလေး ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ သို့သော် သူ၏သခင်လေးသည်ပင် ပြောင်းလဲသွားခဲ့ပြီ။


မြောင်မြောင်သည် သူ၏ အိပ်ယာခြင်းတောင်းလေးထဲတွင် မလှုပ်မယှက် နေနေမိသည်။ ‌သူသည် အသက်ကြီးလာမည်ကို တွေးပူနေသည်ဖြစ်ကာ သူ့သခင်အား ဂရုမစိုက်နိုင်သေးချေ။


နေ့လယ်တွင် အိမ်သို့ ယွီချင်းရှီနှင့်တွေ့ရန် ကျန်းရှောင်မန် ရောက်လာသည်။


အမှန်တကယ်တော့ ကျန်းရှောင်မန်သည် မြောင်မြောင်နှင့်ဆော့ရန်ရောက်လာခြင်းသာဖြစ်သည်။ သို့သော် မြောင်မြောင်က ခြင်းတောင်းထဲတွင် မလှုပ်မယှက် ရှိနေဆဲသာဖြစ်သည်။


xxxxxxxxxx


Chapter 380(Extra-17)


ကျန်းရှောင်မန်သည် ယွီချင်းရှီပြီးလျှင် မြောင်မြောင်၏ ဒုတိယအချစ်ဆုံးလူသားဖြစ်ကာ ကျန်းရှောင်မန်က လာဆော့ဖို့ခေါ်တိုင်း ဝမ်းသာအားရ လိုက်လာမြဲဖြစ်သည်။ ကျန်းရှောင်မန် လာတိုင်း မြောင်မြောင် က ပျော်ရွှင်ကာ တညောင်ညောင် အော်နေတတ်သည်။ ယနေ့တွင်တော့ မြောင်မြောင်သည် တိတ်ဆိတ်နေသောကြောင့် ကျန်းရှောင်မန် ဝမ်းနည်းသွားသည်။


မြောင်မြောင်နေမကောင်းဖြစ်နေမည်ကို စိုးရိမ်သဖြင့် ကျန်းရှောင်မန် မေးလိုက်သည်။


"မြောင်မြောင် နေမကောင်းဖြစ်နေတာလား..."


"မဟုတ်ပါဘူး...ညတည်းက သူအဲ့လိုဖြစ်နေတာ..."


"ညတည်းကဆို ဘာလို့ ခုထိ ဆရာဝန်မပြသေးတာလဲ..."


ယွီချင်းရှီက ခဏကြာ တိတ်ဆိတ်သွားပြီးမှ တိုးတိုးပြောလိုက်သည်။


"မြောင်မြောင်က စိတ်ကောက်နေတာပါ..."


"စိတ်ကောက်နေတာ..."


ကျန်းရှောင်မန်က နားမလည်ဖြစ်သွား၍ ပြန်မေးလိုက်သည်။


ယွီချင်းရှီလည်း မရှင်းပြ၍မဖြစ်တော့သဖြင့် ရှင်းပြလိုက်ရသည်။


"ညက ကုတင်ပေါ်တက်အိပ်မယ်လုပ်နေတာလေ...အဲ့ဒါ မတက်ခိုင်းတော့ စိတ်ကောက်သွားတာ..."


"အဲ့ဒါဆိုလည်း ကုတင်ပေါ်မှာ အိပ်ခိုင်းလိုက်ပေါ့..."


ကျန်းရှောင်မန်က မြောင်မြောင့်အား ကြည့်ကာ တီးတိုးပြောလိုက်သည်။


"မြောင်မြောင်လေးက သနားစရာလေးနော်...သနားစရာမြောင်မြောင့်ကို ဘာလို့ ကုတင်ပေါ်မအိပ်ခိုင်းရတာလဲ..."


ယွီချင်းရှီက သူ့နှုတ်ခမ်းများကို ကိုက်နေပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။


"ကုတင်ပေါ်မှာက နေရာမှမရှိတော့တာ...အခုတည်းက အကျင့်ရအောင် လေ့ကျင့်ထားပေးရမယ်လေ..."


ကျန်းရှောင်မန်လည်း မနေနိုင်ပဲ ယွီချင်းရှီ၏ ၁.၈ မီတာရှည်သော နှစ်ယောက်အိပ်ကုတင်ကြီးအား မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည်။


ယွီချင်းရှီတစ်ယောက် ဘယ်လိုများအိပ်လို့ ဤမျှ ကြီးမားသောကုတင်ကြီးပေါ်၌ ကြောင်လေးတစ်ကောင်ကိုမျှ နေရာမပေးနိုင်ဖြစ်နေရတာလဲ။


"သနားစရာ မြောင်မြောင်ရယ်..."


ကျန်းရှောင်မန်က ထပ်ပြောလိုက်သည်။


ယွီချင်းရှီလည်း ငြိမ်မနေနိုင်တော့ပဲ အံကျိတ်ကာ မပွင့်တပွင့် ပြောလိုက်သည်။


"နောက်ကျရင် သူအိပ်ဖို့နေရာက ရှိတော့မှာမဟုတ်ဘူးလေ...သူ့ဘာသာသူ အိပ်တတ်အောင် လေ့ကျင့်ပေးထားမှရမှာ...မဟုတ်ရင် လူနှစ်ယောက်ကြားမှာ သူဘယ်လိုအိပ်မလဲ..."


"လူ နှစ်..နှစ်ယောက်..."


ကျန်းရှောင်မန်၏ဦးနှောက်သည် ရုတ်တရက် ဗလာ ဖြစ်သွားကာ မြောင်မြောင်သည်ပင် မျက်လုံးပြူး၍ ကြောင်အသွားသည်။


သို့သော် မြောင်မြောင်သည် စိတ်အေးသွားရသည်။ သူ့ကို ကုတင်ပေါ်မအိပ်ခိုင်းခြင်းသည် သခင်က သူ့ကို မချစ်တော့၍ မဟုတ်ချေ။ ကုတင်ပေါ်မအိပ်ရတော့သည်ကို သိပ်မကြိုက်လှသော်လည်း သခင်က အရွယ်ရောက်လာပြီဖြစ်သည်ကို မြောင်မြောင်နားလည်ပါသည်။ ထို့ကြောင့် မြောင်မြောင်သည် စိတ်ချလက်ချ အိပ်၍ ရပေပြီ။


မြောင်မြောင်သည် စိတ်အေးသွားရပြီး မကြာမီ အိပ်ပျော်သွားတော့သည်။ သူ၏ဟောက်သံက အခန်းထဲမှ တိတ်ဆိတ်မှုနှင့် ရှက်ရွံ့နေမှုများကို ချေဖျက်လိုက်သည်။


ကျန်းရှောင်မန်သည် မျက်လွှာချလိုက်ကာ မျက်နှာသည်လည်း နီရဲနေသည်။


ယွီချင်းရှီက အကြည့်ကို မလွှဲသော်လည်း သူ့မျက်နှာသည်လည်း ရှက်စိတ်ဖြင့် နီနေသည်။


ယွီချင်းရှီသည် ဤသို့ ရုတ်တရက်ပြောလိုက်မိခြင်းကို နောင်တ‌ရနေမိသည်။


နှစ်ယောက်တူတူအိပ်မည်ဟုပြောခြင်းသည် စဉ်းစားကြည့်လျှင် ကြောင်တောင်တောင်နိုင်သည် မဟုတ်လား။


ယွီချင်းရှီသည် သူ့နှုတ်ခမ်းသူကိုက်ကာ အရူးတစ်ယောက်ကဲ့သို့ ခံစားနေရမိသည်။ ဘေးကကြည့်သောအခါ ဒေါသထွက်နေသကဲ့သို့ ဖြစ်‌နေသည်။


ကျန်းရှောင်မန်က ယွီချင်းရှီအား လှည့်ကြည့်ကာ လှမ်းခေါ်လိုက်သည်။


"ဒီနားကိုလာခဲ့..."


ယွီချင်းရှီက မလှုပ်ချေ။


"လာပါဆို..."


ယွီချင်းရှီက အံကြိတ်ကာ လျှောက်လာ၍ မပွင့်တပွင့်ပြောလိုက်သည်။


"ဘာလုပ်မလို့လဲ..."


ယွီချင်းရှီစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းရှောင်မန်သည် ယွီချင်းရှီအား နမ်းလိုက်သည်။


ထို့နောက် သူမ၏လက်များဖြင့် ယွီချင်းရှီ၏ လည်ပင်းကို သိုင်းဖက်ကာ ပြောသည်။


"နင့်ကို ငါ အချစ်ဆုံးပဲ..."


"ဟင်း..."


ယွီချင်းရှီက လှောင်ရယ် ရယ်လိုက်သည်။


မိမိသည် ဤကဲ့သို့ ချွဲနွဲ့ရုံမျှဖြင့် ရမည့်လူစားမျိုးမဟုတ် ဟု ယွီချင်းရှီ တွေးနေမိသည်။ သို့သော် နှစ်ခါ အနမ်းခံလိုက်ရသောအခါတွင်တော့ ယွီချင်းရှီအရည်ပျော်သွားတော့သည်။


ကျန်းရှောင်မန်က ယွီချင်းရှီ၏ နှုတ်ခမ်းကို ဖွဖွလေး ထပ်နမ်းကာ မေးလိုက်သည်။


"ဘာလို့စိတ်တိုနေရတာလဲ ထူးထူးဆန်းဆန်း...ငါက စိတ်မဆိုးရဘူး...သူက လာပြီး စိတ်ဆိုးနေတယ်..."


"ငါလည်း စိတ်မဆိုးပါဘူး..."


"အဲ့ဒါဆို ဘာလဲ...ရှက်နေတာလား..."


"မရှက်ပါဘူး..."


"ဒါလေးပြောတာ ရှက်စရာမှမဟုတ်တာ..." 


ကျန်းရှောင်မန်က သက်ပြင်းချကာပြောလိုက်သည်။


ထို့နောက် ကျန်းရှောင်မန်သည် ယွီချင်းရှီ၏ မျက်နှာကို ကိုင်ကာ ပြောလိုက်သည်။


"တူတူအိပ်ကြရအောင်..."


ယွီချင်းရှီသည် ဘာပြောရမှန်းမသိဖြစ်သွားသည်။


ကျန်းရှောင်မန် ဆိုသော ကောင်မလေး ဘာတွေ ပြောနေသနည်။


xxxxxxxxx