အပိုင်း ၁၂
Viewers 10k

Chapter 12
ကျောင်းမတော်တဆမှုကြောင့် လျှိုကျောက်ချန်က နောက်ဆုံးတွင် သနားကြင်နာမှုပြလာပြီး ယဲ့ကျားအား သူအိမ်မက်မက်နေခဲ့သည့် အားလပ်ရက်ကို ပေးလိုက်သည်။
ပြီးတော့ အဲဒါက တစ်ပတ်စာလုံးအတွက်ပင်!
ယဲ့ကျားက သူ့ဆေးရုံကုတင်ဘေးတွင် ရပ်နေသည့် လျှိုကျောက်ချန်အား အလွန်တရာထိရှနေသည့် အမူအယာဖြင့် ကြည့်လိုက်ပြီးနောက်
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်၊ ခင်များက ဒုက္ခဆင်းရဲတွေကို ဖယ်ရှားပေးတဲ့ သက်ရှိဗုဒ္ဓပါပဲ…”
လျှိုကျောက်ချန်က “…..မင်းစကားတစ်ခွန်း ထပ်ပြောရဲရင် မင်းရဲ့နားရက်က နောက်ရက်အထိပဲ ဖြစ်သွားလိမ့်မယ် ...”
ယဲ့ကျား : !
သူကချက်ချင်းပင် ရပ်လိုက်ပြီး နှုတ်ခမ်းထက် ဇစ်ဆွဲပြီးနှုတ်ပိတ်သည့်အမူအယာ လုပ်ပြလိုက်သည်။
လျှိုကျောက်ချန်က နှာမှုတ်လိုက်ပြီး လူနာကုတင်ထက်ကို သေတ္တာတစ်လုံး ပစ်ချပေးလိုက်၏။
ယဲ့ကျားက ကောက်ယူလိုက်ပြီး အလေးချိန်ကို စစ်လိုက်ကာဖြင့် “ဒါကဘာလဲ”
“ဖုန်း...” လျှိုကျောက်ချန်က အမူအယာမဲ့စွာဆိုသည်။
ယဲ့ကျား : “ခေါင်းဆောင် ၊ ကျွန်တော် ဒီလိုလျှပ်စစ်ပစ္စည်းတွေကို သိပ်မသုံးတတ်တာ ခင်များသိသားပဲကို….”
“ဖုန်းမရှိပဲ ငါတို့မင်းကို ဆက်သွယ်လို့မရဘူး၊ လက်ရှိမှာတောင် လူအင်အားပြတ်တောက်မှုနဲ့ ကြုံနေရတာ၊ မင်းမှာဖုန်းမရှိရုံနဲ့ အချိန်ပိုဆင်းစရာမလိုတော့ဘူးလို့ တွေးမနေနဲ့ ...” လျှိုကျောက်ချန်က နှာရှုံ့လိုက်ပြီး “ဒါကိုဘယ်လိုသုံးရမလဲဆိုတာ သင်ယူဖို့ မင်းကို နားရက်၇ရက်ပေးမယ်၊ မင်းမလုပ်ရင်တော့ အလုပ်ပြန်လာတာနဲ့ တာဝန်နှစ်ဆတိုးလာလိမ့်မယ် ...”
ယဲ့ကျား : “…….”
ယဲ့ကျား၏တုန့်ပြန်စကားကို မစောင့်တော့ပဲ လျှိုကျောက်ချန်က လေပြင်းတိုက်သွားသည့်ပမာ အခန်းထဲမှ ထွက်သွား၏။ သူက တံခါးကိုပင် တိုက်မိသွားခဲ့သေးသည်။
လူနာဆောင်က တဖန်ပြန်၍ တိတ်ဆိတ်သွားခဲ့သည်။
ယဲ့ကျားက သက်ပြင်းချလိုက်ကာ သူ့လက်ထဲရှိဖုန်းအား ပူပန်စွာဖြင့် ကြည့်လိုက်မိသည်။
ခြုံငုံကြည့်လျှင် သူဂိမ်းထဲတွင်ရှိနေခဲ့သည်မှာ စုစုပေါင်း ၁၂နှစ်မျှ ရှိနေပေပြီ။
ဂိမ်းထဲတွင် ကစားသမားအားလုံး၏အသက်မှာ သူတို့ဝင်ရောက်သည့်အခိုက်အတန့်၌ အမြဲရပ်တန့်နေခဲ့သည်။
သူတို့ထဲမှ တစ်ယောက်ကမှ အမှတ်ဆယ်သန်းကိုစုကာ ဂိမ်းထဲမှထွက်ခွာရန် အခွင့်အရေး မရှိသလောက်ပင်။
ယဲ့ကျား ဂိမ်းထဲမဝင်မှီတွင် လူတိုင်းက ကြီးမားသည့်ခေါက်ဖုန်းများကို အသုံးပြုခဲ့ကြသော်လည်း သူပြန်ထွက်လာချိန်တွင် လူတိုင်းက ပါးလွှာပေါ့ပါးသည့် စမတ်ဖုန်းများကိုသာ အသုံးပြုကြတော့၏။
သူက အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးအသွင် ရှိနေသေးသော်ငြား သူ့ဝိဥာဥ်ကမူ အလွန်ခြားနားလှပေသည်။
နည်းပညာအရ များစွာပြောင်းလဲသွားသည့်မြို့နှင့် အသားကျစေရန် ယဲ့ကျားမှာ အချိန်ကြာကြာယူခဲ့ရ၏။ မိုဘိုင်းလ်ဖုန်းတစ်ခုတည်းကသာ သူဘယ်တော့မှ မကျော်ဖြတ်နိုင်သည့် အတားအဆီးတစ်ခုဖြစ်လာခဲ့၏။
ဂိမ်းထဲတွင် ဆက်သွယ်ရေးစက်တစ်ခုရှိသော်လည်း ဆက်သွယ်ရေးစက်ကို အသုံးချခြင်းက ဖော်ထုတ်ခံရနိုင်ချေများသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ဦးဆောင်သူစာရင်း၏ထိပ်ဆုံးတွင်ရှိနေသူ၊ အထူးလက်နက်ကို ပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့် ယဲ့ကျားမှာ အမြဲလိုလို မနာလိုဖြစ်စရာ ပစ်မှတ်ကြီး ဖြစ်နေခဲ့သည်။ သူ့အတွက်တော့ လူသားများက သရဲတစ္ဆေများထက် ပို၍ခြိမ်းခြောက်နိုင်သော်လည်း ကံဆိုးစွာဖြင့် ဆက်သွယ်ရေးကိရိယာကို အသုံးပြုရာတွင် သူ၏အလိုလို ခုခံလိုမှုမှာ လက်တွေ့ကမ္ဘာသို့ ပြန်ရောက်ပြီးနောက်တွင်ပင် ဆက်လက်တည်ရှိနေသေးသည်။
အခြားလူတွေ သူ့ကိုအချိန်မရွေးရှာတွေ့သွားနိုင်သည်ဟူသော ခံစားချက်က သူ့အား မလုံမခြုံဖြစ်စေသည်။
လက်မည်းလေးက သူ့ပုခုံးထက်မှ ခေါင်းပြူထွက်လာပြီး ယဲ့ကျားလက်ထဲရှိသေတ္တာကို စပ်စပ်စုစုဖြင့် ကြည့်လိုက်သည်။ “ဒါကဘာလဲ”
“ဖုန်း...” ယဲ့ကျားက ပြန်ဖြေလိုက်၏။
လက်မည်းလေးက ပိုနီးအောင်ကပ်လာပြီး တောက်ပနေသည့်မျက်နှာပြင်ကို အလွန်စိတ်ဝင်စားစွာ ကြည့်လိုက်၏။
"ဖုန်းကဘာကြီးလဲ"
ယဲ့ကျားက မျက်လုံးတွေကိုအသာကျဥ်းမြောင်းရင်း လက်မည်းလေးကို အတွေးအပြည့်ဖြင့် ကြည့်လိုက်မိသည်။
ရုတ်တရက် သူကလက်ကို သတိပေးခြင်းမရှိမြှောက်လိုက်ပြီး ဖုန်းအား လက်မည်းလေးထံ ပစ်ပေးလိုက်သည်။
လက်မည်းလေးက ထိတ်လန့်သွားသည်။ သူက အလျင်အမြန် ဖမ်းဖို့ရာ ကြိုးစားပြီးနောက့ လက်ကောက်ဝတ်မှာ ဖုန်း၏အလေးချိန်ကြောင့် အသာတုန်ယင်သွားပြီး အနည်းငယ် အဆင်မပြေဖြစ်စေသည်။
“ဒါကို ဘယ်လိုသုံးလဲဆိုတာသင်ဖို့ ငါးရက်အချိန်ပေးမယ်...” ယဲ့ကျားက ပြုံးပြီးပြောလာသည်။ “မဟုတ်ရင်တော့ ငါမင်းကိုစားပစ်မယ် ”
လက်မည်းလေး : “……..”
ငါ ပေါ့ပေါ့ပါးပါးလေး မပြောလိုက်သင့်ဘူး။ အရမ်းနောင်တရနေပါပြီနော်။
ပြီးတော့ အဲဒါက ၇ရက်မဟုတ်ဘူးလား။ ဘာလို့ အခု ၅ရက်ဖြစ်သွားရတာလဲ။
လက်မည်းလေးက မျက်ရည်မထွက်ပဲ ငိုချင်လာ၏။ သူ့တွင် အကူအညီတောင်းစရာလူလည်း မရှိချေ။
သူ့အနေဖြင့် နောင်တတွေကို မြိုချပြီး အနှီအမြတ်ထုတ်ခြင်းကို လက်ခံရုံသာရှိတော့သည်။
ယဲ့ကျားက ဆေးရုံကုတင်ထက်မှ လန်းဆန်းစွာထလိုက်ပြီးနောက် သူ၏တစ္ဆေပိုင်နက်ကို အသက်သွင်းကာ ဝင်သွားလိုက်သည်။
နောက်တစ်မိနစ်တွင် သူက လူနာဆောင်တစ်ခုအတွင်း၌ တိတ်တဆိတ် ပေါ်လာသည်။
ကန့်လန့်ကာများကို ဆွဲချထားပြီး အပြာရောင်ကောင်းကင်ကို ဟနေသည့်နေရာမှ မြင်နေရ၏။ နေလုံးက တိမ်တွေကြားမှ ခွဲထွက်ကာ ထွက်လာတော့မယောင်ရှိနေပြီး ကမ္ဘာကြီးထံ အလင်းရောင်ကို ဆောင်ကျဥ်းပေးလာခဲ့သည်။
ဆေးရုံကုတင်ထက်တွင် သတိမဲ့နေသည့်မိန်းမငယ်လေးတစ်ဦး လဲလျောင်း၍နေသည်။ သူမ၏ဝိဥာဥ်က အိပ်ယာဘေးတွင် ခွေလျက်ရှိနေ၏။
သူမက ယဲ့ကျားကိုမြင်သည်နှင့် စွင်းကျားလဲ့၏ မျက်လုံးများက တောက်ပလာသည်။
"ကောကော!"
သူမက ပတ်ပတ်လည်ကို လက်ညှိုးလိုက်ထိုးပြီး ရတနာတစ်ခုကို ရှာတွေ့သည့်အလား စကားဆိုလာသည်။
"အဲဒီ့အနက်ရောင်တွေအားလုံး ပုံမှန်ဖြစ်သွားပြီ!"
တကယ်ပင် စောစောကအထိ ရေတွက်မရသည့်သရဲပေါင်းများစွာ စုပေါင်းနေသော လူနာဆောင်က ရှင်းလင်းသွားချေပြီ။ ဖြစ်ခဲ့သမျှ အရာအားလုံးက အိမ်မက်လိုပင်။
စွင်းကျားလဲ့က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။
"သ... သမီး အခု ကိူယ်ထဲပြန်သွားလို့ရပြီလားဟင်"
"ဒါပေါ့" ယဲ့ကျားက သူမ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
"ဒါပေမယ့် ကောအတည်ပြုစရာတစ်ခု ရှိနေသေးတယ်၊ မင်းနည်းနည်းလောက် ထပ်စောင့်ပေးမလား"
စွင်းကျားလဲ့က ရှုပ်ထွေးသွားသည့်တိုင် သူမက နာနာခံခံ ခေါင်းညိတ်လိုက်ဆဲပင်။
"ကောင်းပါပြီ"
ယဲ့ကျားက ကုတင်နားချဥ်းကပ်ကာ စောင်ကိုမကြည့်လိုက်သည်။ မိန်းကလေး၏ခြေကျင်းဝတ်ထက်တွင် ရှိနေသည့် အနက်ရောင်အမှတ်များက သာမန်မျက်စိဖြင့် မမြင်နိုင်သောအရှိန်ဖြင့် ပျောက်ကွယ်သွား၏။ မကြာခင်မှာ ပုံမှန်ပြန်ဖြစ်သွားလိမ့်မည်။
သူအတွေးနက်သွားရသည်။
စောစောက ကျောင်းတွင် တိုက်ခိုက်ရေးအဖွဲ့ဝင်တစ်ဦးက သတင်းပို့လာခဲ့သည်။ သတိမဲ့နေသည့် စွင်းကျားလဲ့မှလွဲ၍ ကျန်ကလေးအားလုံးက 'အိမ်မက်ဆိုး'ထဲ ဆွဲသွင်းခံလိုက်ရပြီး အနှီနစ်နာသူတို့၏အခြေအနေမှာ ကပ်ပါးကောင်တို့ အမဲလိုက်သည့်ထုံးစံနှင့် ညီနေသည်ဟူ၏။ အမှတ်အသားပြုပြီးသည်နှင့် အမှတ်အသားပြုခံရသူမှာ ဘေးပတ်ဝန်းကျင်ရှိ သရဲများကို ဆွဲဆောင်မိလိမ့်မည်ဖြစ်ကာ ကပ်ပါးကောင်များက သူတို့၏စိတ်ဝိဥာဥ် အားနည်းနေချိန်တွင် သူတို့၏အသက်စွမ်းအင်ကို စုပ်ယူပေလိမ့်မည်။ ဤနည်းလမ်းက သဘာဝကျကျပင် ဂိမ်းထဲမှာထက် သေစေနိုင်၏။ ယင်းက လက်တွေ့ကမ္ဘာတွင် ပျံ့လွင့်နေသည့် ဝိဥာဥ်များကိုသာ ဆွဲဆောင်နိုင်သောကြောင့် 'အိမ်မက်ဆိုး'ကိုသာ ဖြစ်ပေါ်စေခဲ့သည်။
ဒါဆို ဘာလို့ စွင်းကျားလဲ့က ကွဲပြားနေရတာလဲ။
ထိုအခိုက်အတန့်၌ ယဲ့ကျား၏ပုခုံးထက်တွင် ပုန်းနေသည့် လက်မည်းလေးက ရုတ်တရက်ထွက်ကာ တိုးတိုးလေးပြောလာသည်။
"ကလေးရဲ့လည်ပင်းမှာ ယင်စွမ်းအင်အချို့ ရှိနေတယ်၊ ဒါပေမယ့် အဲတာက ကောင်းလားဆိုးလားတော့ ငါမပြောတတ်ဘူး..."
ယဲ့ကျား ခေတ္တမျှ ထိတ်လန့်သွားရသည်။ သူက မျက်လုံးပင့်လိုက်ပြီး လက်မည်းလေး ညွှန်ပြရာကို ကြည့်လိုက်၏။
သူက ခဏတာ တုန့်ဆိုင်းသွားပြီးနောက် သူမလည်ပင်းတွင် ဝတ်ထားသည့်ဆွဲသီးလေးကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သည်။
ယင်းက ကျောက်စိမ်းဆွဲသီးလေးတစ်ခုပင်။ ၎င်းအား အလွန်လက်ရာမြောက်စွာ ထွင်းထုထားသည့်တိုင် မျက်နှာပြင်ကို ကွန်ယက်ကဲ့သို့သော အက်ကြောင်းများဖြင့် ဖုံးအုပ်ထားသည်မှာ နောက်တစ်စက္ကန့်တွင် ကွဲကြေသွားတော့မည့်နှယ်။
စွင်းကျားလဲ့က သူ့နောက်မှနေ၍ အော်လိုက်သည်။
"အား... အဲတာ မာမီသမီးကို ပေးခဲ့တဲ့ဟာလေး"
ယဲ့ကျား လန့်သွားရသည်။
သူက တစ်စုံတစ်ခုကို တွေးနေပုံရပြီး သူ့လက်ထဲမှ လက်ကျန်စွမ်းအင်ကို ဆွဲသီးထဲ ထည့်သွင်းလိုက်၏။
လေထုထဲတွင် မသိမသာလေး တည်မငြိမ်ဖြစ်သွားခဲ့သည်။
နောက်တစ်ခဏတွင် ဖြူဖျော့ဖျော့မျက်နှာဖြင့် အမျိုးသမီးတစ်ဦး သူ့နောက်တွင် ပေါ်လာ၏။ သူမက ခွဲစိတ်ခန်းဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏အဝတ်အစားများမှာ သွေးရည်အိုင်ထဲ နစ်ထားသည့်ပမာ ရွှဲရွှဲနစ်နေ၏။
သူမ၏မျက်နှာက မှုန်ဝါးနေပြီဖြစ်ကာ ဝိုးတဝါးကောက်ကြောင်းတစ်ခုကိုသာ မြင်နေရသည်။ သူမ၏အမူအယာက တင်းမာပြီး ပျော့ညံ့နေပုံရသည်မှာ အချိန်ကြာလာသည်နှင့်အမျှ မှတ်ဥာဏ်တို့ ယိုယွင်းလာသည့်အတိုင်းပင်။
သူမလက်ထဲတွင် မှုန်ဝါးဝါးအမှောင်ထု အစုအပုံကို ကိုင်ထား၏။
ထိုထုထည်မှာ မူလကထက် ပို၍ ဖျော့တော့လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့်အတိုင်းပင်။
ယင်းက ယဲ့ကျား ပထမဆုံးဆေးရုံရောက်စဥ်က လျှောက်လမ်းတွင် တွေ့ခဲ့ရသည့် အမျိုးသမီးဖြစ်သည်။
ယဲ့ကျား၏အကြည့်တို့က အမှောင်ထုပေါက်စအပေါ် ရောက်သွားခဲ့သည်။
အနက်ရောင်လက်ဗွေတစ်ခုက မြင်ကွင်းအပြင်ကို ပျံ့လွင့်လာသည်။
စွင်းကျားလဲ့က အလင်းရောင်ထဲကို နစ်မြှုပ်သွားတော့သည်။ သူမက လုံးဝမယုံကြည်နိုင်ဖြစ်နေပုံရကာ အားပျော့သည့်အသံကိုသာ ထုတ်လိုက်နိုင်သည်။
"မာမီ?"
ရှုပ်ထွေးသည့်အကြည့်တစ်ခုက ယဲ့ကျား၏မျက်ဝန်းထဲတွင် ပေါ်လာ၏။
အခုတော့ သူအကြောင်းပြချက်ကို သိသွားပေပြီ။
ပထမဆုံး သူရောက်လာစဥ်က လူနာဆောင်ရှိ ယင်လေထုမှာ စုစည်းပြီးဖြစ်သဖြင့် လျှောက်လမ်းတွင် သရဲများစွာ ကျန်ရှိမနေသင့်ချေ။ မူလက သူတွေးခဲ့သည်မှာ ထိုသရဲများက လူနာခန်းဘက်ကို ဦးတည်သွားနေကြသည်ဟူ၍ ဖြစ်သော်လည်း အမှန်တကယ်မှာမူ သူတို့က ထိုအမျိုးသမီး၏လက်ထဲတွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရခြင်းပေ။ အချို့အကြောင်းပြချက်များကြောင့် သူမက စွင်းကျားလဲ့ကိုယ်ထက်ရှိ အမှတ်အသားကို မျှယူနိုင်ခဲ့ကာ သူမက သရဲများကို သူမသမီးထံမှ သူမထံသို့ အလိုလို သွေးဆောင်နိုင်သွားသည်။
သရဲများ၏ စွဲလန်းမှုက ရှည်လျား၏။ သူတို့က များသောအားဖြင့် နာကြည်းမုန်းတီးမှု၊ နာကျင်ခံစားရမှုနှင့် ထွက်သွားလိုစိတ်မရှိခြင်းတို့ကြောင့် လေလွင့်သရဲတစ္ဆေများ ဖြစ်နေတတ်သည်။
သို့သော်လည်း ဤကျောက်စိမ်းဆွဲသီးရှိ ဝိဥာဥ်အကြွင်းအကျန်လေးကမူ ကာကွယ်ရန်သက်သက်သာဖြစ်သည်။
ယင်စွမ်းအင်က အလွန်အားနည်းပြီး အငြိုးအတေးကလည်း နည်းပါး၏။ သရဲတစ်ကောင်နီးပါးဖြစ်နေသည့် လက်မည်းလေးပင်လျှင် သူ၏တည်ရှိမှုကို မခံစားနိုင်ပေ။
စွင်းကျားလဲ့၏ မျက်လုံးများက ဗလာဖြစ်စွာ ပြူးကျယ်နေသည်။ သူမက လဲကျသွားပြီး လက်ကိုဆန့်ထုတ်ပြီးမှ ပြန်ရုတ်လိုက်ကာ သတိကြီးကြီးထားလျက် မျှော်လင့်စွာဖြင့် မေးလိုက်သည်။
"မာမီ၊ မာမီလားဟင်"
အမျိုးသမီးက ပြန်မဖြေပေ။
သူမက အကွာအဝေးတစ်ခုမှနေ၍ ခံစားချက်မဲ့စွာ ကြည့်နေသည်။ လူနာဆောင်၏အလယ်တွင် တိတ်တဆိတ် ရပ်နေသည်မှာ သေဆုံးပြီးလမ်းလျှောက်နေသည့်အတိုင်းပင်။
မျက်ရည်တို့က အထိန်းအကွပ်မဲ့စွာ စီးကျလာ၏။ စွင်းကျားလဲ့က သူမ၏ဝမ်းနည်းမှုတို့အား အကောင်းဆုံးဖိနှိရင်း အမျိုးသမီး၏ဝတ်စုံအဖျားကို ထိတွေ့ရန် လက်မြှောက်လိုက်သည်။
"မာမီ.....သမီးကို မမှတ်မိတော့ဘူးလားဟင်?"
ယဲ့ကျား တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဝိဥာဥ်တစ်ကောင်၏အသိစိတ်က အချိန်တိုလေးတစ်ခုအထိသာ ခံပြီး အငြိုးအတေးမရှိသော ဝိဥာဥ်အတွက်ဆိုပါမူ ပို၍ပင် တိုတောင်းပေလိမ့်မည်။ ထို့အပြင် သူမက စွင်းကျားလဲ့၏ ကျိန်စာအမြောက်အများကိုပါ မျှယူထားရရာ လက်ရှိတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေပေပြီ။
သူက တစ်စုံတစ်ရာကိုပြောလိုစိတ်ဖြင့် ခြေလှမ်းကို ရှေ့တိုးလိုက်သော်လည်း သူ့ရှေ့ရှိ အမျိုးသမီးက နေရာရွှေ့သွားသည်။
သူမ၏မျက်လုံးများက အောက်ကိုခက်ခက်ခဲခဲ ငုံ့ကြည့်နေသည်မှာ ပျက်စီးနေသော ကိုယ်မှ ရုန်းထွက်ရန် ကြိုးစားနေသည့်နှယ်။
သူမ၏အကြည့်များက ပြောင်းလဲသွားသည်။ သူမရှေ့ရှိလူကို သတိထားမိသွားသကဲ့သို့အကြည့်တို့က နူးညံ့ကာ ချစ်မြတ်နိုးမှုတို့ ပြည့်နေပြီး ထိုအထဲတွင် ဝမ်းနည်းမှုအနည်းငယ်လည်း ရော၍နေသည်။
အမျိုးသမီးက ခက်ခဲစွာပင် သူမလက်ကို အသာမြှောက်ကာ မိန်းမငယ်လေး၏ပါးပြင်ကို ထိလိုက်သည်။
"မငို.........ပါနဲ့....."
သူမက စကားတစ်လုံးချင်း အားစိုက်ထုတ်ကာ ပြောနေရသည်။ "မ.....လှပဲ.....နေလိမ့်....မယ်..."
ရုတ်တရက် ပေါက်ကွဲထွက်လာသည့် ဝမ်းနည်းမှုတို့အား ဖိနှိပ်မရခဲ့ပေ။ စွင်းကျားလဲ့က အမျိုးသမီး၏အဝတ်ထောင့်စွန်းကို ဆုပ်လိုက်ကာ အနည်ငယ်မျှ ငိုရှိုက်နေပြီးနောက် ကျယ်လောင်စွာ စတင်ငိုကြွေးတော့သည်။
အမျိုးသမီးက သူမအကြည့်တွေကို ပင့်လိုက်ပြီး မိန်းမငယ်လေးဘေးတွင်ရပ်နေသည့် ယဲ့ကျားကို အသနားခံသလို ကြည့်လိုက်လေသည်။
ယဲ့ကျား တိတ်တဆိ ခေါင်းညိတ်ပြလိုက်၏။
သူက အမြန်လျှောက်သွားပြီး စွင်းကျားလဲ့၏ ပုခုံးထက် လက်တင်လိုက်ကာ သူမကိုအနောက်သို့ အသာအယာဆွဲလိုက်သည်။
မိန်းမငယ်လေး၏ဝိဥာဥ်က မျှောလွင့်သွားပြီး လူနာကုတင်ထက် တဖြည်းဖြည်း ပြန်ကျသွားကာ ကုတင်ထက်ရှိ ကိုယ်အလွတ်နှင့် ထပ်လျက်ဖြစ်သွားသည်။
သူမက အိပ်ငိုက်လာ၏။
အမျိုးသမီး၏ဝိဥာဥ်က ကန့်သတ်ချက်ကို ရောက်နေပြီဖြစ်ပုံရကာ ကိုယ်ကိုထွင်းဖောက်လျက် လျင်မြန်သည့်အရှိန်ဖြင့် ကွဲကြေသွား၏။
သူမက ယဲ့ကျားကို မော့ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြုံးလိုက်သည်။ သူမအသက်ရှင်စဥ်က ရှိခဲ့ဖူးသည့် ညင်သာမှုနှင့် လှပမှုတို့က ပြန်လည်ရောက်ရှိလာပုံရသည်။
သူမက ယဲ့ကျားထံဦးညွတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ် "
သူမ၏လက်ချောင်းများ စတင်ပျောက်ကွယ်လာသည်။
လူနာဆောင်မှာ တိတ်ဆိတ်ငြိမ်သက်ကာ ကျန်ခဲ့၏။
နေလုံးက တိမ်ထုကြားမှ ခွဲထွက်လာပြီး အမှောင်ထုကို တွန်းထုတ်လိုက်၏။ နူးညံ့သည့် ရွှေရောင်ဖျော့ဖျော့အလင်းက လိုက်ကာကြားမှ ဖြာကျနေပြီး မိန်းမငယ်လေး၏ပြန့်ကျဲနေသည့် ဆံနွယ်ထက်ကို ပြန့်ကြဲကာ နွေးထွေးသည့်အရိပ်အယောင်ကို ယူဆောင်လာခဲ့သည်။
တစ်နေ့တာအသစ်က စတင်လာပြီပင်။
..
စွင်းကျားလဲ့က မျက်လုံးဖွင့်လာသည်။ ခဏမျှကြာအောင် သူမဘယ်ရောက်နေသည်ကို မသိခဲ့ပေ။
သူမက ခက်ခက်ခဲခဲထလိုက်ပြီး သူမက ဆေးရုံကုတင်ထက်တွင် ရှိနေကြောင်း သတိပြုမိသွားသည်။
ဘာတွေ......ဖြစ်နေတာလဲ?
သူမကြောင်အနေခဲ့သည်။
သူမ၏ ဝေဝါးနေသည့်အမြင်အာရုံမှတစ်ဆင့် လူနာခန်းတံခါးကပွင့်လာပြီး အမျိုးသားတစ်ဦးက ပူပန်မှုအပြည့်ဖြင့် အလျင်စလို ပြေးဝင်လာသည်။
"လဲ့လဲ့! သမီးနိုးလာပြီပဲ!"
Xxxx