👻Chapter 10
Viewers 1k

👻Chapter 10



ဘဲလ်မြည်သံတစ်ခုနှင့်အတူ သူ၏​နောက်မှ ဓါတ်​လှေကားတံခါးမှာပွင့်သွားခဲ့​လေသည်။ ရှီကျား​လေးလံ​သော အမူအရာနှင့် သူ၏ကိုယ်ကိုလှည့်လိုက်​လေသည်။ သူ၏လက်​ချောင်းကိုတင်းကြပ်စွာဆုပ်ထားခဲ့ပြီးထိုလက်​ချောင်းများ​ပေါ်တွင် ​သွေး​ရောင်အရှိန်အ၀ါတို့ လွှမ်းခြုံ​ရစ်ပတ်​နေခဲ့​လေသည်။ သူ​သေချာမကြည့်လိုက်ရ​သေးခင်မှာပင် စိတ်လှုပ်ရှား​နေ​သော အသံတစ်ခုကိုကြားလိုက်ရ​လေသည်။

"ငါ​ပြောပါတယ်..ငါကျိန်း​သေ​ပေါက်ရှာ​တွေ့မှာပါလို့...အာ ရှီကျား..မင်းဒီကိုဘယ်လို​ရောက်​နေတာလဲ..မင်းလည်းရှာ​တွေ့သွားပြီလို့မ​​ပြောနဲ့​နော်...အာ..ကြည့် ဒီမှာ စက္ကူပိုက်ဆံ​တွေရှိ​နေတယ်..တစ်​ယောက်​​ယောက်​သေသွားတာ​သေချာတယ်...ဒီတိုက်ခန်း၂ခုထဲကတစ်ခုက​တော့ ပြဿနာရှိ​နေတာ​သေချာတယ်...ငါဒီကို​ရောက်တာနဲ့ ငါ့သံလိုက်အိမ်​မြှောင်လက်တံ​တွေက ချက်ချင်း​​ယောက်ယက်​တွေခတ်ကုန်တာ​လေ...ဒီမ​ကောင်းဆိုး၀ါး၀ိညာဥ်ရဲ့ယင်စွမ်းအင်က အ​တော်သန်မာတာပဲ ..ငါ​တွေ့ဖူးသမျှထဲဆို မင်းထက်ပဲ အားနည်း​လောက်တယ်"

ရှီကျား"..."

မျက်​ပေတုံး ဆရာသခင်အတု​လေးက အဆုံးမရှိ ကရား​​ရေလွှတ်တတွတ်တွတ်ဆို​နေခဲ့သည်။ ယခု​လေးတင်ရှားရှားပါးပါး ကျက်သီးထဖွယ်ခံစားချက်​လေးက ဖြုတ်ဆို​ပျောက်ဆုံးသွားခဲ့​လေသည်။

"ငါ့သံလိုက်အိမ်​မြှောင်က မင်းကိုညွှန်​နေတာဆိုရင် စွမ်းအင်​ရှုပ်​ထွေး​နေလို့မဟုတ်ဘူး ပျက်သွားတာပဲဖြစ်မယ်...မင်း၀ူရှန်းရှင်းလီကိုချွတ်ခဲ့တာဖြစ်ရင်ဖြစ်..မဟုတ်ရင် ငါ့သံလိုက်အိမ်​မြှောင်က ပျက်​နေလို့ပဲ..အဲလိုသာဆို ငါလည်းဘယ်သွားငိုရမှန်း သိမှာမဟုတ်ဘူး...မင်းက သရဲ​တွေထက်​တောင် ယင်စွမ်းအင်များ​နေတာကိုး..ငါ့သံလိုက်အိမ်​မြှောင်က..."

"ပါးစပ်ပိတ်​တော့"

ရှီကျား၏သည်းခံနိုင်စွမ်းတို့ အ​ဆုံးသတ်ကို​ရောက်ရှိလာခဲ့​လေသည်။

ပြဿနာအရင်းအမြစ်ကိုရှာ​တွေ့နိုင်ခြင်းမှာ ထိုပြဿနာကို​ဖြေရှင်းနိုင်သည့်နည်းလမ်းကို​တွေ့ခြင်းဟုမဆိုလိုချေ။

​ဖေးယွီမှာ အလွန်ယုံကြည်ကိုးစားမရပုံ​ပေါ်​သော်လည်း သူသည် ​လော​လောဆယ်ရှီကျားရှာ​တွေ့နိုင်သမျှ သရဲဖမ်းဆရာသခင်တစ်ဦးဖြစ်​နေခဲ့သည်။ သို့နှင့် တဖက်လူအား သူ​တွေ့ခဲ့သည်တို့ကို​ပြောပြလိုက်​လေသည်။

​​ဖေးယွီတန့်သွားခဲ့​လေသည်။

"အဲဒီအ​မေနဲ့သားက သရဲ​တွေလား"

ရှီကျား​ခေါင်းကိုအသာယမ်းလိုက်သည်။

"ငါသရဲ​တွေအများကြီး​တွေ့ဖူးတယ်..အငြိုးစွမ်းအင်အများကြီးရှိတဲ့ မ​ကောင်းဆိုး၀ါး၀ိညာဥ်မှမဟုတ်ရင် သာမာန်လူတွေက ခံစားမိဖို့ခက်တယ်..ညဘက်မှာ သူတို့ကလူ​တွေမြင်နိုင်​အောင် ကိုယ်ထည်ဖန်ဆင်းနိုင်တယ်ဆိုတာကဖြစ်နိုင်တယ်..ဒါ​ပေမယ့်အဲဒီက​လေးရဲ့ကိုယ်မှာ ကိုယ်ပူချိန်ရှိ​နေတယ်..အဲဒီသူအ​မေရဲ့ကိုယ်​ပေါ်မှာလဲ ​သွေးနံ့ပြင်းပြင်းရ​ပေမယ့် သရဲနဲ့လည်းမတူပြန်ဘူး"

​​ဖေးယွီမျက်လုံးတို့ပြူးသွားခဲ့သည်။

"အဲလို​သွေးနံ့ပြင်းပြင်းမျိုးဘာလို့ရှိ​နေမှာလဲ..မဟုတ်မှလွဲ​ရော.."

ရှီကျားအမူအယာမဲ့စွာဆိုလိုက်သည်။

"အဲဒါဆို အဲဒီအိမ်မှာ ​နေ့လည်စာ ကြက်သားဟင်းချက်မှာမို့ ကြက်ခုတ်​နေရင်းတန်းလန်းထွက်လာတာလား"

​ဖေးယွီ"...မဖြစ်နိုင်ဘူးလား"

ကြက်: ငါဘာများမှားလို့လဲ...

​လှေကားထိပ်တွင် တံခါး၂ချပ်မှာ တင်းကြပ်စွာ​စေ့ပိတ်ထားလျက် တိုက်ခန်း၂ခု၏ တည်ရှိမှုကို ပိတ်ဆို့ထားသည့်နှယ်။ ​ထောင့်ရှိ သံ​ဘေစင်ထဲမှ ​စက္ကူပိုက်ဆံတွင် စွဲ​နေ​သော ​နောက်ဆုံး​သော မီးပွင့်က​လေးမှာ တဖြည်းဖြည်း မီးခိုး​ရောင်အဖြစ်​ပြောင်းသွားခဲ့​လေ​တော့သည်။

ထိုအ​ဆောက်အဦးထဲမှထွက်လာသည်နှင့် ​ဖေးယွီမှာ သူလွယ်ထား​သော အိတ်​လေးထဲမှ ထူးဆန်း​သော အနက်​ရောင်သံတုံး၂တုံးကိုထုတ်လာခဲ့သည်။ ထိုသံတုံး၂တုံး က​လေးတုန်းက လှည့်၍​ဆော့ရ​သော ဂျင်များနှင့်တူ​လေသည်။ ၄င်းတို့မှာ ကန်​တော့ချွန်သဏ္ဍာန်ရှိကာ ကိုယ်ထည်မှာ မာ​ကြောကာ​ဖောက်ထွင်းမြင်နိုင်​သောအနက်​ရောင်ဖြစ်သည်။ ထိပ်အချွန်​နေရာတွင်မူ ​သွေးနီ​ရောင်သန်း​နေခဲ့​လေသည်။ ရှီကျားမှာ ၄င်းတို့သည် ထိပ်​နေရာတွင် ​သွေးစက်တချို့ကိုခဲထား​သော ​​ဖောက်ထွင်းမြင်ရ​သော အတုံးများသာဖြစ်​ကြောင်း​သတိထားမိလိုက်​လေသည်။

ရှီကျား စိတ်၀င်စားစွာ အကြိမ်အနည်းငယ်စူးစမ်းကြည့်​နေခဲ့​လေသည်။ သို့​သော် ​ဖေးယွီကဆိုလာသည်။

"မင်းလည်းငါ့အိတ်က စတိုင်ကျတယ်ဆိုတာ သတိထားမိသွားပြီလား"

ရှီကျား ၄င်းကိုကြား​​သော် တန့်သွားခဲ့​လေသည်။ သူ၏အကြည့်တို့က ထို​က​တော့ချွန်၂ခုမှ ​ဖေးယွီ၏အိတ်ထံကူး​ပြောင်းသွားကာ သူသည်ဆွံ့အသွားခဲ့​လေသည်။

​ဖေးယွီမှာ ဘ၀င်ခိုက်​နေ​သော အမူအယာဖြင့် ​နဂါးရုပ်ထိုးထား​သော အစိမ်းရင့်​​ရောင်အိတ်က​လေးကိုပုတ်ပြလာခဲ့​လေသည်။ ထိုအိတ်၏အ၀ကို ပိတ်ရန်သုံး​သော ကြယ်သီး​လေးကမူ ကြောင်မျက်လုံး​ကျောက်​လေးဖြစ်​လေသည်။ ၄င်းမှာ အ​တော်​လေးထူးဆန်း​သော ​ကြောင်မျက်လုံး​ကျောက်​လေးဖြစ်​လေသည်။ ရှီကျားအ​သေအချာကြည့်လိုက်ချိန်တွင် ထိုမျက်လုံး​လေးမှာ အမှန်တကယ်​မျက်​တောင်တစ်ချက် ခတ်လိုက်သည်ကိုပင် မြင်လိုက်ရသည့်နှယ်။

​ဖေးယွီကဆိုလာသည်။

"ငါထျန်းကုန်းကျိုက်ဆီက​နေ ငါဒီရှန်းခွန်အိတ်ကို၀ယ်ဖို့ 88points​တောင်သုံးခဲ့ရတာ..ဒီအိတ်​လေးက ​ရှေ့လကုန်ခါနီးမှ စင်​​ပေါ်​ရောက်လာတာ​လေ..ဒီတစ်အိတ်တည်းရယ်..ဒါ​တောင်ငါရ​အောင်လုနိုင်ခဲ့တာ..ဒီအိတ်​လေးကတကယ် ဒီနှစ်ရဲ့ ဖက်ရှင်အကျဆုံးပစ္စည်း​လေးပဲ..သူ့အ​ရောင်ပဲဖြစ်ဖြစ် ဒီဇိုင်းပဲဖြစ်ဖြစ်..တို့အသိုင်းအ၀ိုင်းထဲမှာ ငါ့နဂါးနက်အိတ်​​လေးက စတိုင်အမိဆုံးပဲ..မင်း​ရောဘယ်လိုထင်လဲ"

ရှီကျား"... gay li gay qiလိုမျိုးလား.."

(TN -အင်တာနက်slangတစ်ခုပါ..ရှာကြည့်​ပေမယ့်ဘာကို​ပြောချင်တာမှန်းအတိအကျနားမလည်ဘူးရယ်)

​ဖေးယွီ" ဘာချီလဲ"

ရှီကျားကအသာပြုံးလိုက်သည်။

"ဘုရင့် အာဏာရှင်ချီလို​လေ"

​ဖေးယွီ" ဒါ​ပေါ့"

ချီးကျူး​မြှောက်ပင့်ခံရပြီး​နောက်၀ယ် အတုအ​ယောင်ဆရာသခင်​လေး​ဖေးမှာ အတားအဆီးကိုဆွဲရာတွင် ပို၍ စိတ်အားတက်ကြွလာ​တော့သည်။

သူသည်ထိုက​တော့ချွန်​လေးခုကို အ​ဆောက်အဦး၏ ​ထောင့်​လေးခုဖြစ်​သော အ​ရှေ့အ​​နောက် ​တောင်​မြောက်တွင် ထိုးစိုက်လိုက်​လေသည်။ ​သွေးနီ​ရောင်အဖျားကိုသာ​မြေကြီးတွင်ထိုးစိုက်ထားခြင်းဖြစ်သည်။ ​နောက်ဆုံးတစ်ခုကိုထိုးစိုက်ပြီး​နောက် ​ဖေးယွီမှာ အ၀ါ​ရောင်အ​ဆောင်လက်ဖွဲ့တစ်ခုကိုထုတ်လိုက်ပြီး တိတ်တဆိတ်စတင်ရွတ်ဖတ်​တော့သည်။

" ကမ္ဘာကြီးဟာ သဘာ၀အတိုင်းပဲ..မ​ကောင်းတဲ့ချီ​တွေ​ပျောက်ကွယ်သွား​စေ..အနက်​ရောင်တွင်း​​ပေါက်ကြီး​တွေကို..​တောက်ပတဲ့ ထိုက်ယွမ်းနဲ့လင်းလက်​​စေမယ်...အရပ်မျက်နှာ​ပေါင်းစုံက ​ကောင်းကင်ဘုံစွမ်းအင်​တွေစီးဆင်း​စေ..သဘာ၀နဲ့တစ်သားထဲတစ်​စေ..ကျုံးရှန်းရဲ့ မန္တာန်..​ကျောက်စိမ်း​ပေလွှာရဲ့အစ..အထွပ်အမြတ်​တောင်ကြီးငါးလုံးရဲ့ ဖိနှိပ်အားကိုယူ၍ ပင်လယ်ကြီး၄ခုလုံးသိကြား​စေ...နတ်ဆိုးဘုရင်ဟာ စွမ်းအားကင်းမဲ့တယ်..ငါ၏​ခြေရင်းမှာခစား​လေ..မ​ကောင်းတဲ့စွမ်းအင်​တွေပြိုကွဲလို့..တာအိုချီ​တွေဆက်လက်ပြန့်ပွား​စေ...​ကောင်းကင်ဘုံရဲ့အမိန့်"

“သွား.."

စက္ကူအ​ဆောင်လက်ဖွဲ့​လေးမှာ ​လေထဲတွင် တဖြတ်ဖြတ်လွင့်​နေခဲ့​လေသည်။ ​ထောင့်​လေးခုမှ ​သွေး​ရောင်စီး​ကြောင်းလေးခုက ​ဖေးယွီ၏ လက်ဖ၀ါးထံ​ပြေး၀င်လာခဲ့​လေသည်။ သူကလက်ဖ၀ါးကိုဖွင့်လျက် အတူတကွချိတ်ဆက်​နေကြ​သော ​သွေးစီး​ကြောင်း​လေးခုကို ဖမ်းယူလိုက်​လေသည်။ သူ၏ညာလက်ကိုသုံးလျက် ဖိချလိုက်သည်နှင့် ထို​သွေးစီး​ကြောင်း ၄ခုမှာ ​မြေကြီး​ပေါ်သို့ ခိုင်မာစွာ နှစ်ခံလိုက်ရ​လေသည်။

ထို​ချည်ကြိုးမျှင်နှယ် ​သွေးစီး​ကြောင်း ၄ခုမှာ အသိစိတ်ရှိ​နေသည့်အလား ​ဖေးယွီ၏လက်ထဲတွင် ဆက်တိုက်ရုန်းကန်​နေခဲ့​လေသည်။ သူကရုတ်ချည်း လက်ညှိုးထိပ်ကိုကိုက်ချလိုက်ပြီး သူ၏​သွေးတစ်စက်ကို ထို​သွေးစီး​ကြောင်း ​လေးခုဆုံရာထံဖိချလိုက်ပြန်သည်။

ဘုန်း...

ထို​သွေးစက်မှာ ထို​သွေးစီး​ကြောင်း​လေးခုထံစီး၀င်သွားပြီး ထို​သွေးစီး​ကြောင်း​လေးခုမှာလည်း ယင်နှင့် မ​ကောင်းဆိုး၀ါးစွမ်းအင်ကို ဖိနှိပ်လာခဲ့​လေသည်။

ရှီကျား​ကောင်းကင်ကို​မော့ကြည့်လိုက်လျှင် ​နေ​ရောင်မှာ တိမ်စိုင်များကြားမှ ​ဖောက်ထွင်းကာ ဖြာကျလာပြီး အိမ်ရာ၀န်းကိုတဖြည်းဖြည်းလင်းလက် ​နွေး​ထွေးလာ​စေသည်ကို ခံစားလိုက်ရ​လေသည်။ အိမ်ယာ၀န်းအတွင်း အချိန်ကြာ မလှုပ်မယှက်စွဲကပ်​နေ​သော ယင်စွမ်းအင်များမှာလည်း တဖြည်းဖြည်းကျဲပါးသွားခဲ့​လေသည်။ ပတ်၀န်းကျင်တစ်ခုလုံးမှာ ရုတ်ချည်း အသက်ပြန်၀င်လာ​သော ဇွန်ဘီတစ်​​ကောင်နှယ်။

စ​​ကားတ​ပြော​ပြောနှင့် လမ်း​လျှောက်​နေကြ​သော အမျိုးသမီးများမှာ တက်ကြွစွာရယ်​မောလိုက်ကြကာ ​လေ့ကျင့်ခန်းလုပ်​နေကြသူများမှာလည်း ပို၍ အသက်၀င်လာခဲ့​လေသည်။

သူတို့၏​​ရှေ့မှ အ​ဆောက်အဦးတစ်ခုတည်းကသာ ယင်စွမ်းအင်များဆက်လက်ဖုံးလွှမ်းလျက် ကျန်ရှိ​နေခဲ့​လေသည်။

​ဖေးယွီက သူ၏လက်​ချောင်းထိပ်ကိုစုပ်လိုက်သည်။ သူ၏လက်​ချောင်းမှာ ​သွေးထပ်၍ မထွက်​တော့သည်အထိ​စောင့်ပြီးမှ သူက​ဆိုလာခဲ့သည်။

"အခု​လေးတင်ငါ ယင်စွမ်းအင်ကို ဒီအ​ဆောက်အဦးက​နေ ပြန့်မသွား​အောင်ပဲ တားထားလိုက်တယ်..ငါ့​သွေးကမလုံ​လောက်ဘူး..ယင်စွမ်းအင်ကိုအကြာကြီးမဖိနှိပ်နိုင်မှာစိုးရတယ်..ငါခဏ​နေရင် ထျန်းကုန်းကျိုက်ကိုသွားပြီး ငရဲဘုရင်ယဲ့ရဲ့​သွေးစက်ကိုမှာလိုက်မယ်"

ရှီကျားမျက်​တောင်ခတ်လိုက်သည်။

"​သွေးစက်ဟုတ်လား"

​ဖေးယွီကရှင်းပြလာခဲ့သည်။

"အခု​လေးတင် ငါယင်စွမ်းအင်ကိုဖိနှိပ်ဖို့ ​သွေးစက်​တွေကိုသုံးလိုက်တာ​လေ ​တွေ့လိုက်တယ်မလား..ငါထုတ်လာတာ​လေ..အာ..​သွေးစက်​လေးစက်​​လေ...ထိပ်ဖျားမှာ နီနီ​တွေ​လေ အဲဒါငါ့​သွေး..​သွေးစက်အရှိန်အ၀ါကပြင်းတယ်..ငါက​သွေးစက်ပိုင်ရှင်ဖြစ်​နေရင်​​တောင်မှ ငါ့စကားကိုနား​ထောင်ချင်မှနား​ထောင်တာ..အဲဒါ​ကြောင့်​သွေးတစ်စက်ထပ်​ဖောက်ပြီး ထိန်းချုပ်လိုက်ရတာ​လေ"

​ပြော​ပြောဆိုဆိုနှင့် ​ဖေးယွီမှာ သူ၏ဖုန်းကိုထုတ်ယူလျက် "ငါဘာကြုံခဲ့ရလဲ သရဲ​တွေပဲသိတယ်" (Ghost know) official အ​ကောင့်ကိုဖွင့်လိုက်​လေသည်။ ထို့​နောက် ​ရွေးချယ်စရာဘားများ​အောက်မှ ထျန်းကုန်းကျိုက်ကို နှိပ်လိုက်​လေသည်။ ထို့​နောက် ရုတ်ချည်းဆိုသလိုပင် ရှီကျား၏မျက်လုံးများ​ရှေ့တွင် အွန်လိုင်း​ရှော့တစ်ခုဗြန်းခနဲဆို ​ပေါ်လာခဲ့​လေသည်။

ရှီကျား"..."

​ဖေးယွီ" ငါရှာ​နေတာ..ရှာ​နေတာ..အာ..​သွေးစက်..အဲ ​တွေ့လား ဒီမှာကြည့်..ငရဲဘုရင်ယဲ့ရဲ့​သွေးစက်က​ရောင်းအားက အဆင့်၂ပဲ"

ရှီကျား​သေချာကြည့်လိုက်သည်။ ထို​သွေးစက်အ​ရောင်းဆိုင်တွင် ထိပ်ဆုံးမှ ​ရောင်းကုန်မှာ "နန်ရိ​သွေးစက်"ဖြစ်သည်၊။ သူကအစပိုင်းတွင် အနည်းငယ်ရှုပ်​ထွေး​နေ​သေးသည်။

ဒုတိယအဆင့်ကလူရဲ့​သွေးစက်က ပထမအဆင့်ကလူထက်ဘာလို့​ရောင်းအားပို​ကောင်း​နေရတာလဲ..

သို့​သော် ထို​သွေးစက်၂စက်၏ ​စျေးနှုန်းကိုယှဥ်ကြည့်ပြီး​သော် သူချက်ချင်းနားလည်သွားခဲ့​တော့သည်။

နန်ရိ- ​သွေးစက်: 8 points /တစ်စက်

ယဲ့ကျင်းကျီ- ​သွေးစက်: ၁၈ points/ တစ်စက်

အဲ​တော့ ရွှမ်းရွှယ်ကမ္ဘာကလူ​တွေလည်း ​စျေးနှုန်းအနိမ့်အမြင့်ကိုကြည့်ကြ​သေးတယ်​ပေါ့ အာ..

.....မဟုတ်​သေးဘူး..အခုအာရုံစိုက်ရမှာက ဘာလို့သူတို့မှ အွန်လိုင်း​ရှော့ကြီး​တောင်ရှိ​နေရတာလဲ..

ဒါကတရား၀င်အ​ကောင့်​လေ..modouအဆင့်ဇယားကိုထားလိုက်ဦး..အွန်လိုင်း​ရှော့ကြီးပါရှိ​နေ​သေးတယ်​ပေါ့..သူတို့ဘယ်​တောင်​တောင်မှ ​ခေတ်​ရှေ့​ပြေး​နေကြတာလဲဟ...

​ဖေးယွီမှာ ရှီကျား၏ မူမမှန်​သော အမူအရာကို သတိမထားမိခဲ့​ချေ။ သူ၏နှလုံးသားမှာ နာကျင်​နေခဲ့​လေသည်။

"ဒီမ​ကောင်းဆိုး၀ါး၀ိညာဥ်ရဲ့ယင်စွမ်းအင်က ငါ​တွေ့ဖူးသမျှထဲမှာ အသန်မာဆုံးပဲ...နန်ရိ​သွေးကို၀ယ်တာက အသုံးမ၀င်ဘူး..ငရဲဘုရင်ယဲ့သွေးစက်ကို၀ယ်မှပဲရမှာ..18point​တောင်မှ...အာ...၄စက်​လောက်၀ယ်ရင်.. 72point​တောင် အဲဒါက တစ်လနဲ့ တစ်၀က်​​လောက် သရဲလိုက်ဖမ်းရတာ​လောက်ရှိတယ်လို့.."

​ဖေးယွီမှာ ​အော်ဒါတင်​နေရင်း ရှီကျားအား ​လေထွား​နေခဲ့​လေသည်။

သူ့ကိုယ်သူမည်မျှ အံ့အားသင့်ဖွယ်ရာ​ကောင်းလှ​ကြောင်း မည်မျှမိမိုက်လှ​ကြောင်း ​ရေပက်မ၀င် တတွတ်တွတ် ​လေလုံးထွား​နေ​သော စကားလုံးတချို့မှလွဲလျှင် ရှီကျားမှာ​နောက်ဆုံးမှာ​တော့ အဓိပ္ပါယ်ရှိသည် တစ်ခုခုကိုကြားလိုက်ရ​လေသည်။

"Ghosts know" officialအ​ကောင့်မှ ​နေ့တိုင်းဆိုသလို ရွှမ်းရွှယ်​လောက၏​နေ့စဥ်သတင်း​ပေါင်းစုံကို တင်​ပေး​လေ့ရှိ​လေသည်။ ဥပမာ ရှီကျားမှာ သူတို့ထံမှ အသိ​ပေးချက်တစ်ခုကိုလက်ခံခဲ့ရ​လေသည်။

《 အံ့ဖွယ်သတင်းထူး! ၀ူရှန်းရှင်းလီရဲ့ ပိုင်ရှင်က​ပြောင်းသွားခဲ့ပြီလား...ငရဲဘုရင်ယဲ့ရဲ့ ချစ်သက်လက်​ဆောင်! 》

ထိုသတင်းကိုဖတ်ရပြီးချင်းချင်း ရှီကျား အတုအ​ယောင်ဆရာသခင်​​လေး၏ မျက်နှာကို အညှာအတာမဲ့စွာ ထိုးချလိုက်​လေသည်။

ထိုရိုက်ချက်မှာရုတ်ချည်း​ရောက်ရှိလာခြင်းဖြစ်​လေရာ အရူးလိုရယ်​မော​နေ​သော ဆရာသခင်​လေး​ဖေးမှာ မ​ရှောင်နိုင်လိုက်​ချေ။ အရိုက်ခံရပြီးသည်​ဖေးယွီမှာ ​ပေါက်ကွဲပစ်ချင်ခဲ့​သော်လည်း ရှီကျားတစ်​ယောက် ​ဒေါသအပြုံးကြီးနှင့် သူ၏ဖုန်းမျက်နှာပြင်ကို ​မြှောက်ပြလာသည်အား​တွေ့လိုက်ရ​လေသည်။

"ဒီဟာကို မင်း​ရေးထားတာလား"

​ဖေးယွီမှာချက်ချင်းညှိုး​ရော်သွားလျက် အပြစ်မကင်းစွာ ​ခြောက်ကပ်ကပ်ရယ်​မောလာခဲ့သည်။

"မ..မဟုတ်ပါဘူး..ငါက စာကြမ်း​လေးပဲ​ရေးပို့လိုက်တာ..ဒီသတင်းကို​တော့ 'Ghosts Know' ကလူ​တွေပဲ​ရေးထားတာ ကျိန်း​သေတယ်"

ထိုသတင်းကိုဖွင့်ကြည့်လိုက်လျှင် ဖတ်ရှုသူဦး​ရေမှာ 100,000+ရှိကာ likeအ​ရေအတွက်မှာ 36,000ရှိ​နေခဲ့​လေသည်။ မ​ရေတွက်နိုင်​သော လူများကလည်း ​ကောမန့်များကို ချန်ထားရစ်ခဲ့ကြသည်။

【 6666666, clickbaitကြီး..ငါ 'Ghosts know'တစ်ခုကိုပဲ followထားတာပါ 】

【ဟိုင်း..ငါက ထိတ်လန့်အံ့သြဖွယ်သတင်းထူး ဌာနကပါ..အယ်ဒီတာကမနက်ဖြန်အလုပ်ဆင်းမယ်ကြားပါတယ် .. 】

【 ငရဲဘုရင်ယဲ့က​တော့ စံပြ​မော်ဒယ်လို့​ခေါ်ထိုက်ပါ​ပေတယ်..ဒီလိုကိစ္စမျိုးကို​တောင်ဂရုတစိုက်နဲ့ ၀ူရှန်းရှင်းလီကို​တောင် ငှား​ပေးခဲ့​သေးတယ်..အထူးယင်စွမ်းအင်ခန္ဓာကိုယ်နဲ့ လူတစ်​ယောက်လက်ထဲမှာ ရှိ​​နေ​တော့ဘာများလုပ်ရမှာတုန်း..အဲဒါက၀ူရှန်းရှင်းလီ​လေ...အာ..​တွေးလိုက်တာနဲ့တင် သွားရည်ကျတယ်..… 】

【 ​နောက်ဆုံး​ကောမန့်ပါ..​အဲဒီ​ကျေးဇူးမသိတတ်တဲ့​သေမျိုးက ငရဲဘုရင်ယဲ့ကိုချနိုင်လို့လား..သူကပြန်မ​ပေးဘဲထားကြည့်ပါလား..ငရဲဘုရင့်ယဲ့ကဖြင့် သူ့ကို pointအဖြစ်​ပြောင်းပစ်လိမ့် 】

【 ​တာအို​ရောင်းရင်း​လေးယဲ့မှာ တကယ်ကြင်နာတတ်တဲ့ နှလုံးသား​လေးရှိတာပဲ..သြမိ​သော​ဖော... 】

၄င်းတို့ကိုဖတ်​နေ​သော ရှီကျား"...."

အ​တော်အဆိပ်ပြင်းကြတာပဲ အာ...ဘယ်သူက​ကျေးဇူးမသိတတ်တဲ့ ​သေမျိုးလဲ..ဘယ်သူကpointလဲ...

​ဖေးယွီနှင့် ၂ရက်ကြာ ရှိ​နေပြီး​​နောက် သူတို့ရွှမ်းရွှယ်​လောကတွင်မ​ကောင်းဆိုး၀ါး၀ိညာဥ်ကိုသတ်ခြင်းက သူတို့ကို pointများရရှိ​နေ​ကြောင်း သိခဲ့ပြီးဖြစ်သည်။ ထိုမ​ကောင်းဆို၀ါး၀ိညာဥ်ကလူတစ်ဦးကိုသတ်ဖူးပါက သူတို့point၂ ခုရရှိမည်ဖြစ်သည်။ လူ၂ယောက်သတ်ထားဖူး​သော် 3 pointရရှိမည်ဖြစ်ကာ သတ်ဖူး​သော အ​ရေအတွက်​ပေါ်လိုက်၍ pointများတိုးတိုးသွားမည်ဖြစ်​လေသည်။

သို့​သော် လူသတ်ဖူး​သော မ​ကောင်းဆိုး၀ါး၀ိညာဥ်များက အနည်းစုမျှသာဖြစ်​လေသည်။ အများစုက လက်စား​ချေပြီးသည်နှင့် ပြန်လည်၀င်စားခြင်းစက်၀န်းသို့၀င်သွားရ၍ဖြစ်သည်။ ထို့အပြင် မ​ကောင်းဆိုး၀ါး၀ိညာဥ်အများစုကလည်း လူသတ်နိုင်​​လောက်​အောင် မသန်မာကြ​ချေ။ ထို့​ကြောင့် ​ဖေးယွီတို့ကဲ့သို့ သရဲဖမ်းဆရာသခင်များမှာ တစ်လလျှင် အလွန်ဆုံးမှာ pointတစ်ရာမျှသာရရှိနိုင်​လေသည်။

ကြယ်များ​​ပေါ်က ငရဲဘုရင်ယဲ့ကို​တော့ထည့်တွက်၍မရ​ချေ။

****

စာ​ရေးသူမှာ ​ပြောစရာရှိတယ်:

ရွှမ်းရွှယ်​​လောကမှလူများ: ပန်းသစ်​တော်စိမ်း ၅​တောင်းကိုကြည့်ပြီး သွားရည်​တောင်ကျလာပြီကွာ...

ပန်းသစ်​တော်စိမ်း၅​တောင်း: ​ဒီဘေဘီ​လေးက အားလုံးကို အမှုန့်​ချေပစ်မယ်...


👻