👻Chapter 12
Viewers 3k

👻Chapter 12

​
၅မိနစ်ကြာပြီး​နောက် ၇ထပ်​မြောက်၏ ပြတင်း​ပေါက်မှတဆင့် မီး​ရောင်တစ်ခုကို ရှီကျား​တွေ့လိုက်ရ​လေသည်။ တာအိုဆရာကြီးမှာ အ၀ါ​ရောင်အ​ဆောင်စာရွက်ကို ကိုင်လျက် တတွတ်တွတ်ရွတ်ဖတ်​နေခဲ့​လေသည်။ ထို့​နောက် မက်မွန်သားဓါးကိုသုံးလျက် ထိုအ​ဆောင်စက္ကူကိုထိုး​ဖောက်လိုက်သည်။ သူထိုအရာများအားလုံးကိုလုပ်ပြီးသည့်တိုင် ၇ထပ်​မြောက်တွင် ပိတ်ခံထားရ​သော အနက်​ရောင်ချီများမှာ တစက်​လေးမျှလှုပ်ရှားမသွားသည်ကိုလည်း ရှီကျား​တွေ့​နေရ​လေသည်။ ​သွေးနီချည်ကြိုး၄​ချောင်းမှာ ထိုအနက်​ရောင်ချီများကို တင်းကြပ်စွာချုပ်ထားခဲ့​လေသည်။

၁မိနစ်မျှကြာပြီးမှ ရှီကျားမှာ ၇ထပ်​မြောက်ထံမှ အ​လင်း​ရောင်​လေးတစ်ခုကိုမ​မျှော်လင့်ပဲ​တွေ့လိုက်ရ​လေသည်။ သူထရပ်လိုက်ကာ ထို၇ထပ်​မြောက်ကအလင်း​ရောင်အား တည်ကြည်​လေးနက်စွာကြည့်လိုက်​လေသည်။ ပြတင်း​ပေါက်တွင်ထင်​နေ​​သော အရိပ်များမှတဆင့် ရှီကျားသည် က​လေးတစ်​ယောက်ကိုချီထား​သော အမျိုးသမီးမှာ ဖြည်းညှင်းစွာ​ရွေ့လျား​နေသည်ကို​တွေ့လိုက်ရ​လေသည်။ သူတို့​ရွေ့လျား​နေသည်မှာ ​နှေး​ကွေးလွန်းသဖြင့် တံခါးအပြင်ဖက်တွင် အပနှင်​နေ​သော တာအိုဆရာကြီး၏ လှုပ်ရှားမှုများနှင့်ယှဥ်ပါက ခရုတွား​နေသလိုပင်။

ထို့​နောက်သူတို့က တစ်လှမ်းပြီးတစ်လှမ်းတံခါးအနီးသို့​ရောက်ရှိလာခဲ့​လေသည်။ အမျိုးသမီးမှာ ​ခေါင်းကိုဖြည်းညှင်းစွာ နှိမ့်လိုက်ပြီး ​ချောင်းကြည့်​​ပေါက်မှတဆင့် အပြင်ဘက်ရှိ တာအိုဆရာကြီးနှင့် လင်မယား၂ဦးကိုကြည့်လိုက်သည်။

ဘန်း...

အနက်​ရောင်ယင်စွမ်းအင်များမှာ ရုတ်ချည်းဆန်တက်လာပြီး ​သွေးနီကြိုး​လေး​ချောင်းမှာ ပြင်းထန်စွာ လှုပ်ခါသွားခဲ့​လေသည်။

အ​ဝေးမှ မြို့​တော်တစ်ခုတွင် ​အေးစက်စက်နှင့် အမူအရာမဲ့​သော အမျိုးသားတစ်ဦးမှာ ဘုန်း​တော်ကြီးတစ်ဦးနှင့်စကား​ပြော​နေခဲ့​လေသည်။ ရုတ်ချည်း သူသည်​ခေါင်းကိုလှည့်လျက် ​တောင်ဘက်အရပ်ကိုလှည့်ကြည့်လိုက်ကာ သူ၏အကြည့်တို့မှာ ​လွန်စွာစူးရှ​နေခဲ့​လေသည်။

ဘုန်း​တော်ကြီးမှာ သူ၏လက်၂ဖက်ကိုပူးလျက် ပြုံးလိုက်သည်။

"တာအို​ရောင်းရင်း​ယဲ့..ကိစ္စများရှိလို့လား"

သူ၏မဟူရာနှယ်မည်း​မှောင်​သောမျက်လုံးအိမ်ထဲ အလင်း​ရိပ်တစ်ခုဖြတ်​ပြေးသွားခဲ့​လေသည်။ သူသည်ပြန်လှည့်ကာပြီး ခံစားချက်မဲ့စွာဆိုလာခဲ့သည်။

"ကျွန်​တော့်​သွေးစက် ကျိုးပျက်​တော့မယ်"

ဘုန်း​တော်ကြီးမှာ မယုံနိုင်ဖြစ်သွားမိသည်။

"မင်း ထျန်းကုန်းကျိုက်မှာတင်ထားတဲ့ ​သွေးစက်​တွလား...အဲဒါ​တွေက ၇၂point​တောင်​လေ..အသိဥာဏ်ထက် ပိုက်ဆံကပို​ပေါပြီး ၀ယ်နိုင်တဲ့သူ တကယ်ရှိတယ်​ပေါ့..."

ခတ္တမျှတန့်သွားပြီးမှ ဘုန်း​တော်ကြီးကဆက်​ပြောလာခဲ့သည်။

"မင်းရဲ့ ​သွေးစက်ကို​တောင်ချိုးဖျက်နိုင်တဲ့ မ​ကောင်းဆိုး၀ါး၀ိညာဥ်မျိုးက အနည်းဆုံး ငရဲပြည်၄ထပ်​မြောက်ကို ဆင်းရ​လောက်တဲ့အဆင့်ပဲ..ဒါ​ပေမယ့် ၇၂pointကိုသုံးပြီး မင်းရဲ့​သွေးစက်ကို​တောင်၀ယ်နိုင်တဲ့သူက​တော့ ​ရှေ့မျိုးဆက်က စီနီယာ​တွေမဟုတ်ရင်​တောင် ထိပ်ဆုံး၁၀​ယောက်ထဲက တာအို​ရောင်းရင်း​လေး​တွေပဲဖြစ်မှာပါ..သိပ်ပူ​နေစရာရယ်​တော့မလိုပါဘူး"

ယဲ့ကျင်းကျီး​ခေါင်းအသာညိတ်လိုက်​လေသည်။ သို့​သော် တစ်စက္ကန့်မျှအကြာတွင် သူ၏မျက်ဆံတို့ကျုံ့သွားခဲ့​လေသည်။

"စည်းကျိုးသွားပြီ"

ဘုန်း​တော်ကြီးမှာ လန့်သွားခဲ့သည်။

"ဘယ်လို"

ယဲ့ကျင်းကျီ၏ အမူအယာမှာတဖြည်းဖြည်းပျက်ယွင်းလာခဲ့​လေသည်။

"ကျွန်​တော့်ရဲ့​သွေးစက်ကျိုးပျက်သွားပြီ"

ဘုန်း​တော်ကြီးမှာလည်း ရတက်မ​အေး​​တော့​ချေ။

"အဲ​​လောက်မြန်တယ်လား"

ပြိုင်ဘက်ကင်းကာ ​ချော​မော​သော အနက်​၀တ်အမျိုးသားမှာ ​တောင်ဘက်ကို ​အေးစက်စွာကြည့်လျက်ဆိုလာခဲ့သည်။

"ကျွန်​တော်သွားနှင့်​တော့မယ်..ကြည့်ရတာ Sမြို့​ကပဲ"

****

ရှီကျား​ခေါင်းကို​​မော့လျက် ဆက်တိုက် ကြီးထွားလာ​သော အနက်​ရောင်ချီထုကြီးကို အမူအယာမဲ့စွာ ကြည့်လိုက်​လေသည်။ ​သွေးချည်မျှင်ကြိုး ၄ကြိုးမှာ ထိုအနက်​ရောင်ချီထုကြီးထဲတွင် တုန်ခါ​နေခဲ့သည်။ သို့တိုင်​အောင် ၄င်းတို့က အနက်​ရောင်ချီထုကြီးကို မထိန်းချုပ်နိုင်​တော့​ချေ။ ​ထို့​နောက် ​ထောက်ခနဲပင် ထိုချည်မျှင်ကြိုး၄ကြိုးမှာ မ​ရေတွက်နိုင်​သော အလင်းစက်များအဖြစ် ပြိုကွဲသွားခဲ့​တော့သည်။

​တ​နေကုန်အ​ကောင်းဖြစ်​သော်လည်း ထိုလင်မယား၂ဦးနှင့် တာအိုဆရာကြီးအ​ပေါ်ထပ်သို့တက်သွား​တော့မှ အ​ခြေအ​နေမှာ ပိုဆိုးလာ​တော့သည်။

​သွေးချည်မျှင်ကြိုးများပြတ်​တောက်သွားပြီး​နောက် တဖက် အမျိုးသမီးအိမ်ထဲမှ အလင်း​ရောင်မှာလည်း ချက်ချင်းပိတ်ကျသွားခဲ့​လေသည်။ ၇ထပ်​မြောက်မှ အနက်​ရောင်ချီများမှာ ထပ်မံလျှံကျလာပြီး အ​ဆောက်အဦးတစ်ခုလုံးကိုလွှမ်းခြုံသွားပြန်သည်။ ထို့​နောက်တဖြည်းဖြည်းနှင့် အိမ်ရာ၀န်းတစ်ခုလုံးကို ကူးစက်လာ​​တော့သည်။

သူ၏လက်ထဲမှ စုန့်စုန့်မှာ ​ကြောက်ရွံ့မှု​ကြောင့် တုန်ယင်​နေခဲ့လျှင် ရှီကျားက စုန့်စုန့်ကို​အောက်တွင်ချလိုက်ပြီး အ​ဆောက်အဦးထံစတင်​လျှောက်သွားလိုက်​လေသည်။ သို့​သော် သူ​ရှေ့ဆက်မသွားလိုက်ရခင်မှာပင် စုန့်စုန့်မှာ သူ၏လက်​မောင်းထဲသို့ ပြန်၍ ခုန်၀င်လာခဲ့​လေသည်။ ရှီကျားတန့်သွားမိသည်။

"အဲဒီမှာ သရဲဆိုးကြီးရှိတယ်​နော် မင်းမ​ကြောက်ဘူးလား"

သူ၏စကားကိုနားလည်သည့်အလား ​ကြောင်က​လေးစုန့်စုန့်မှာ ​ခေါင်းကို အပြင်းအထန်ခါယမ်းလာခဲ့သည်။ သို့​သော် သူ၏ကိုယ်​လေးမှာ​တော့ တုန်ယင်​နေမှုကိုမရပ်တန့်နိုင်ပဲ စုန့်စုန့်၏ လက်​မောင်းများကြား ပုန်း​နေခဲ့​လေသည်။

ထို​ဖိုးသတ္တိ​ ​ကြောင်နက်ကပ်​​စေးကိတ်​လေးကိုကြည့်ကာ ရှီကျားသက်ပြင်းချလိုက်မိသည်။ သူ၏လည်တိုင်မှ ၀ူရှန်းရှင်းလီကိုဆွဲဖြုတ်ကာ သူသည် စုန့်စုန့်၏လက်ထဲကိုထည့်​ပေးလိုက်​လေသည်။ ထို့​​နောက် ​ကြောင်နက်က​လေးနှင့် အံစာတုံး​လေးကို သူ၏အိတ်ကပ်ထဲသို့ အတူတကွထိုးထည့်လိုက်​တော့သည်။ ထို့​နောက် အနက်​ရောင်ချီများဖုံးလွှမ်း​နေ​သော အ​ဆောက်အဦးကိုကြည့်ကာ အတွင်းသို့​ပြေး၀င်သွား​တော့သည်။

ထိုအခိုက်အတန့်တွင် အတုအ​ယောင်ဆရာသခင်​လေး​ဖေးမှာ သူ၏အိတ်အစိမ်း​လေးထဲကို တန်ဆာပလာအစုံကိုထိုးထည့်​နေခဲ့​လေသည်။ သူက​ခေါင်း​လေးကိုယမ်းရင်း နာမည်ကြီးသီချင်းတစ်ပုဒ်ကိုညည်း​နေခဲ့​လေသည်။ ထိုစဥ်သူ၏ဆဲလ်ဖုန်းမှာ ရုတ်ချည်းတုန်ခါလာခဲ့​လေသည်။ ​ဖေးယွီကသူ၏Wechatကိုဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။

【 ရှီကျား: ဆရာယဲ့ရဲ့ ​သွေးကြိုးမျှင်ပြတ်သွားပြီ..ယင်စွမ်းအင်​တွေလျှံထွက်​နေလို့ အ​ခြေအ​နေကိုအရင်သွားကြည့်လိုက်ဦးမယ်..အမြန်လာခဲ့ပါ. 】

သူ၏မျက်​ပေတုံး​လေးမှာ ရုတ်ချည်းပြူးကျယ်သွားလျက် ​ဖေးယွီမှာ မယုံနိုင်ခဲ့​ချေ။

"ငရဲဘုရင်ယဲ့ရဲ့​သွေးစက်က ဘယ်လိုလုပ်ကျိုးပြတ်သွားရတာလဲ"

​ပြောပြီးသည်နှင့် ​ဖေးယွီမှာ စားပွဲ​ပေါ်မှ အ​ဆောင်ရတနာပစ္စည်းအားလုံးကိုအိတ်ထဲ သိမ်းကြုံးကာထိုးထည့်လိုက်ပြီး ဧည့်ခန်းသို့​ပြေးထွက်သွားခဲ့​လေသည်။

"ဆရာဦး​လေး ကျွန်​တော်ကို စစ်တပ်​လေယာဥ်​လေးတစ်ချက်​လောက်စီစဥ်​ပေးပါဦးဗျာ..ကျွန်​တော်ချက်ချင်းသွားမှရမယ်..Sမြို့ကဒုက္ခ​ရောက်​နေပြီ"

နာရီ၀က်မျှပင် မကြာလိုက်ခင်တွင် စစ်တပ်​ပိုင်​လေဆိပ်မှ ​လေယာဥ်တစ်စင်းမှာ မြို့​တော်၏​တောင်ဘက်ခြမ်းသို့ထွက်ခွာသွားခဲ့​လေသည်။ ထို့အတူမြို့​တော်၏ ​မြောက်ဘက်ခြမ်းတွင်လည်း အနက်​ရောင်အရိပ်တစ်ခုမှာ ​​​​တိမ်များကိုဖြတ်သန်းလျက် ​တောင်ဘက်အရပ်သို့ တရှိန်ထိုး​ရွေ့လျား​နေခဲ့​လေသည်။

ရှီကျားမှာ လက်ရှိတွင် ​​လျှောက်လမ်းသို့၀င်လာခဲ့ပြီဖြစ်သည်။ အနက်​ရောင်ချီများမှာ တွန့်လိမ်လျက် သူ၏ကိုယ်​ပေါ်ချိတ်တက်ရန် ကြိုးစား​နေခဲ့ကြ​လေသည်။ သို့​သော် ထိုအနက်​ရောင်ချီများမှာ သူ့ကိုမထိနိုင်ခဲ့​ချေ။ သူ၏အိတ်ကပ်ထဲမှ ၀ူရှန်းရှင်းလီအသာလှုပ်ခါသွားသည်နှင့် ​ဘေးနားရှိယင်စွမ်းအင်များမှာ ​ကြောက်လန့်တကြားကျဲပါးသွားကြ​လေသည်။

ဓါတ်​လှေကားမှာတင်းကြပ်စွာ ပိတ်သွားခဲ့သည်။ ဓါတ်​လှေကား၏အ​ပေါ်မှ display screenမှာ လုံး၀မည်း​မှောင်​နေခဲ့သည်။

မီး​ရောင်လည်းလင်းမ​နေသလို မည်သည့်အထပ်ဖြစ်​ကြောင်းလည်း ပြသမလာ​ချေ။ အ​ဆောက်အဦးတစ်ခုလုံးမှာ သရဲ​ခြောက်​သော အိမ်ကြီးအလား။ အလင်း​ရောင်ကင်းမဲ့​နေခဲ့သည်။ ပြတင်း​ပေါက်မှ ​ဖောက်၀င်လာ​သော လ​ရောင်မှ မှုန်၀ါး၀ါးအလင်း​ရောင်တချို့မျှသာရှိ​​လေသည်။

ရှီကျားမှာ ​ဓါတ်​လှေကားကို တိတ်တဆိတ်ကြည့်လိုက်ပြီး​နောက် ​လှေကားထစ်များထံသာ ဦးတည်၍ ​လျှောက်သွားလိုက်​လေသည်။ ထို့​နောက် ၇ထပ်​မြောက်ထံ ​ခြေလျင်တက်သွားလိုက်သည်။ ၇ထပ်​မြောက်သို့​ရောက်သည်နှင့် အိမ်၂အိမ် လုံး၏ တံခါးများကို​တွေ့လိုက်ရ​လေသည်။ လွန်ခဲ့​​သော ၅မိနစ်ခန့်ကမျှ လင်မယား၂ဦးနှင့် တာအိုဆရာကြီးမှာ ဂါထာများရွတ်​နေခဲ့ကြ​သေးသည်။ ယခုမူ စုန်းစမြုပ်​ပျောက်ကွယ်သွားကြ​လေသည်။ ကြမ်းပြင်​ပေါ်တွင် မည်သည့်မီးရှို့ထား​သော အ​ဆောင်စာရွက်လက်ကျန်မျှရှိမ​နေပဲ သံ​ဘေစင်ထဲတွင်သာ စက္ကူပိုက်ဆံ ပြာမှုန်များရှိ​နေခဲ့​လေသည်။

သံ​ဘေစင်ထဲတွင် ယခုလေးတင်မှ တစ်​ယောက်​ယောက်ကမီးရှို့ထားသည့်အလား မီးပွား​လေးများ တစ်စနှစ်စကို​တွေ့ရ​လေသည်။

ရှီကျား သံ​ဘေစင်ထံငုံ့ကြည့်လိုက်သည်။ ခတ္တမျှအကြာတွင် သူသည် အိမ်​ရှေ့ထံ​လျှောက်သွားလျက် တံခါး​ခေါက်ရန် လက်ကို ​မြှောက်လိုက်​လေသည်။ တံခါး​ခေါက်သံက တိတ်ဆိတ်​နေ​သော ​ကော်ရစ်တာတွင် ပဲ့တင်ထပ်သွားခဲ့ပြန်သည်။ ​ချောင်းကြည့်​ပေါက်မှာမည်း​မှောင်သွားခဲ့ပြီး တံခါးမှာ ကျွီခနဲပွင့်လာခဲ့​လေသည်။ ရှီကျားမှာပြုံးလျက် လူ​သေ​ကောင်နှယ်ဖြူ​ဖျော့​နေ​သော အမျိုးသမီးနှင့် သူမချီထား​သော ​က​လေးကိုကြည့်လိုက်သည်။

"ကျွန်​တော်က ဆရာသခင်လည်းမဟုတ်ဘူး..ဆရာယဲ့​လောက်လည်း မစွမ်းသလို ​ဖေးယွီ​လောက်လည်း မသိပါဘူး..ဘယ်သူကလူလဲ သရဲလဲဆိုတာမသိ​သေးဘူး..ဒါ​ပေမယ့်ကျွန်​တော့်လက်သီးက​တော့ လူတစ်​ယောက်ကိုဆို အသက်ထွက်သွား​အောင် သရဲတစ်​ကောင်ကိုဆို သူ့၀ိညာဥ် ပြိုကွဲသွားတဲ့ထိသမနိုင်တယ်..ဒီ​တော့..ဘယ်သူအရင်စမ်းကြည့်ချင်လဲ"

စကားဆုံးသည်နှင့် ဓါးတစ်​ချောင်းနှယ် ထက်မြ​သောလက်သီးချက်က​ပြေး၀င်လာခဲ့​လေသည်။ သို့​သော် လူ​သေနှယ်ထူပိန်းစွာလိမ်းကျံထား​သော မိတ်ကပ်များ​အောက်မှ အမျိုးသမီး၏ အမူအရာမှာ တစက်​လေးမှ ​ပြောင်းလဲမသွားခဲ့​ချေ။ သူမ၏မည်း​မှောင်​နေ​သောမျက်လုံးများက ၂ကြိမ်မှလည်သွားခဲ့လျက် ​ဘေးသို့​တောင့်တင်းစွာ​ရှောင်လိုက်​လေသည်။ သို့​သော် ရှီကျား၏လက်မှာလမ်းတစ်၀က်တွင် ရပ်တန့်သွားလျက် သူမလက်ထဲမှ က​လေးကိုထိုးချလိုက်မည်ဟု​တော့ မ​မျှော်လင့်ထားခဲ့​ချေ။

လူကြီးတစ်​ယောက်က က​လေးတစ်​ယောက်ကို ရိုက်နှက်ခြင်းက လူ့အသိုင်းအ၀ိုင်းတွင် အပြင်းအထန် အပြစ်​ပေးခံနိုင်သည်။ သို့​သော် ယခု​လေးတင် ရှီကျား၏ အားတစ်၀က်မျှပါ၀င်​​သောလက်သီးချက်မှာ ထို​ကောင်​လေး၏ ဘယ်ဘက်မျက်လုံးထံ​ပြင်းထန်စွာ ကျ​ရောက်သွားခဲ့သည့်တိုင် ​​သွေးတစ်စက်မျှထွက်မလာခဲ့​ချေ။

ရှီကျားမှာ သူ၏လက်ကိုပြန်ရုတ်လျက် ထိုက​လေးကို ငုံ့ကြည့်လိုက်သည်။ ထို​ကောင်​လေး၏ မျက်လုံးအိမ်မှာ ချိုင့်၀င်သွားလျက် မျက်ဆံကြီးက တ၀က်မျှပြူထွက်လာသည်ကို​တွေ့လိုက်ရ​လေသည်။ တကျွတ်ကျွတ်မြည်သံများနှင့်အတူ သူ၏​ခေါင်းမှာ ​မော့လာပြီး မတရားခံရစွာဆိုလာသည်။

"အစ်ကိုကြီး..သားကိုဘာလို့ရိုက်တာလဲ"

ရှီကျားမှာ​နောက်ထပ်တုန့်ဆိုင်းမ​နေ​တော့ပဲ လက်သီး​နောက်တစ်ချက်ကိုပစ်သွင်းလိုက်​လေသည်။ အမျိုးသမီးမှာ က​လေးကိုချီလျက် ​နောက်သို့လျင်မြန်စွာ​ပြေးသွားခဲ့​လေသည်။ ရှီကျား​နောက်မှ​ပြေးလိုက်သွားခဲ့သည်။ သို့​သော် အနက်​ရောင်ချီစွမ်းအင်ထုကြီးက ကန်ထွက်လာပြီး သူ၏မြင်ကွင်းကို ပိတ်ဆို့​နေခဲ့သည်။

ကမ္ဘာကြီးတစ်ခုလုံးမှာ ပိန်း​ပိတ်​အောင်​​မှောင်​ကျသွားခဲ့သည်။ ဤသည်မှာ ၇ထပ်​မြောက်၏​လျှောက်လမ်းဟုတ်မ​နေခဲ့​ချေ။ မရင်းနှီး​သော ​နေရာစိမ်းတစ်ခုဖြစ်​လေသည်။ ရှီကျားမှာ သတိနှင့် ပတ်၀န်းကျင်ကို စူးစမ်းလိုက်​လေသည်။ ဤသည်မှာ လူသူကင်းမဲ့​သော​နေရာလွတ်တစ်ခုဖြစ်ကာ ပါတ်၀န်းကျင်တစ်ခုလုံး အနက်​ရောင်ချီများနှင့်ဖုံးလွှမ်း​နေခဲ့​လေသည်။ လုံး၀ပုံမှန်မဟုတ်​သော​နေရာမျိုးဖြစ်သည်။ ရှီကျားအကြာကြီး​လျှောက်သွားသည့်တိုင်း ဤ​နေရာမှာသာ ပိတ်မိ​ဆဲဖြစ်သည်။

"သရဲနံရံကို၀င်တိုက်မိတာလား..."

(TN- သရဲဖန်ဆင်းထားတဲ့ စိတ်လှည့်စား၀င်္ကပါလိုမျိုးထဲ​ရောက်သွားတာပါ)

စုန့်စုန့်၏​ခေါင်း​လေးက ရှီကျား၏အိတ်ကပ်ထဲမှ ပြူထွက်လာခဲ့သည်။ ၀ူရှန်းရှင်းလီမှာ ရှီကျား၏အ​ခြေအ​နေကိုနားလည်သည့်အလား စုန့်စုန့်၏လက်ထဲတွင် အဆက်မပြတ်တုန်ခါ​နေခဲ့​လေသည်။

ရှီကျားမှာ ၀ူရှန်းရှင်းလီထံ ငုံ့ကြည့်လိုက်​လေသည်။

"ငါ ဂါထာမန္တာန်​တွေဘာ​တွေမသိလို့..မင်းလမ်းညွှန်​ပေးလို့ရမလား"

၀ူရှန်းရှင်းလီမှာ ခတ္တမျှတုန်ခါ​နေပြီးမှ ရုတ်တရက် ဦးတည်ရာတစ်ခုထံပျံထွက်သွားခဲ့​လေသည်။ ရှီကျားမှာ ၄င်း​နောက်မှလျင်မြန်စွာလိုက်သွားခဲ့သည်။ အနက်​ရောင်ချီများကတဖြည်းဖြည်းပို၍ သိပ်သည်းထူထပ်လာခဲ့​လေသည်။ သို့တိုင်​အောင် ရှီကျားမှာ ၀ူရှန်းရှင်းလီအ​ပေါ် သံသယစိတ်လုံး၀ကင်းမဲ့စွာ ခိုင်မာ​သော​ခြေလှမ်းများနှင့်​နောက်မှလိုက်​နေခဲ့သည်။

သူ၅မိနစ်မျှ​လျှောက်ခဲ့ရ​လေသည်။ တကယ်တမ်းဆိုရလျှင် ရှီကျားမှာ ထိုအနက်​ရောင်ချီထုထဲ ၀ူရှန်းရှင်းလီကိုမြင်နိုင်ခြင်းမရှိပဲ ဝူရှန်းရှင်းလီ၏ဆွဲအား​နောက်မှသာ လိုက်လာရခြင်းဖြစ်​လေသည်။ ရုတ်ချည်းသူသည် အသံတုန်တုန်ယင်ယင်တစ်ခုကိုကြားလိုက်ရ​လေသည်။ ရှီကျား ထိုအသံထွက်လာရာထံ​လျှောက်သွားလိုက်သည်။ သူ​ခြေတစ်လှမ်းထပ်လှမ်းလိုက်သည်နှင့် ​ကောင်းကင်နှင့်​မြေကြီး၏ ​မြင်ကွင်းမှာ ရုတ်ချည်းပွင့်လာသည့်နှယ် ရှင်းလင်းသွားခဲ့​လေသည်။ ထူထဲ​သော အနက်​ရောင်ချီများမှာ ကျဲပါးသွားခဲ့သည်။

ဤကျယ်၀န်း​သော​နေရာလွတ်တွင် မီးခိုး​ရောင်၀တ်ရုံကို၀တ်ဆင်ထား​သော တာအိုဆရာကြီးမှာ ​ကောင်းကင်ကြီးကို ​ကြောက်ရွံ့စွာ​မော့ကြည့်​နေခဲ့​လေသည်။ သူသည်တုန်ယင်​နေ​သောလက်ဖြင့် မြင်းမြှီးယပ်ကို ​ဝေ့ယမ်းကာ ထလိုက်ထလိုက်ဖြင့် တုန်တုန်ယင်ယင် ​ရေရွတ်​နေခဲ့​လေသည်။

" ပိုက်ဆံ​လေးပဲလိမ်မိတာပါ..ဘယ်သူ့ကိုမှာဒုက္ခမ​ပေးဖူးပါဘူး..ဒုက္ခမ​ပေးဖူးပါဘူး.."

ထိုသို့​ရေရွတ်​နေရင်း တာအိုဆရာကြီးမှာ သူ၏အိတ်ထဲမှ အ​ဆောင်လက်ဖွဲ့အစုံကိုဆွဲထုတ်လာခဲ့​လေသည်။ သူ၏အ​ဆောင်များမှာ ​လေထဲပျံတက်သွားလျက် ​မီးများထ​တောက်လာခဲ့​လေသည်။ ၄င်းမှာ အံ့အားသင့်ဖွယ်မြင်ကွင်းမျိုးဖြစ်​သော်လည်း သူ၏မျက်နှာ​ပေါ်မှ အ​ကြောက်တရားများနှင့်ယှဥ်ကြည့်လိုက်​သော် နယ်တကာပတ်လျက် လိမ်လည်​နေ​သော လူလိမ်အိုကြီးတစ်ဦးနှင့်သာ တူ​လေသည်။

ရှီကျား မျက်ခုံးတို့ကို တွန့်ချိုးလိုက်​မိလေသည်။


👻