👻Chapter 14
Viewers 3k

👻Chapter 14


အချိန်က အဖိုးတန်​လေသည်။ ​
ကျောက်ရုပ်ကြီးနှယ် ဘာမျှမလုပ်နိုင်ပဲ မလှုပ်မယှက်ရပ်​နေ​သော ​ဖေးယွီနှင့်ကွာခြားစွာ ယဲ့ကျင်းကျီမှာ သူ၏လက်ကိုလှန်လျက် မန္တာန်တစ်ခုကိုရွတ်ဖတ်ကာ ​ရောင်၀ါတစ်ခုကိုထုတ်​ဖော်၍ က​လေးနှင့်အ​မေဖြစ်သူကို ၄င်းနှင့်ဖုံးလွှမ်း​စေလိုက်​လေသည်။ ထိုအတားအဆီးထဲတွင် ​ကောင်ငယ်​လေးမှာ ကြမ်းပြင်​ပေါ်မှအသားတုံးများကို ငတ်ပြတ်​နေ​သော ​ခွေးတစ်​ကောင်နှယ် အငမ်းမရစား​သောက်​နေဆဲဖြစ်သည်။ အမျိုးသမီးမှာ အတားအဆီးနံရံကို အကြိမ်ကြိမ်၀င်တိုက်​နေ​သော်လည်း ထိုအတားအ​ဆီးမှာ သူမကိုအတွင်း၌ ခိုင်မာစွာပိတ်ထားခဲ့​လေသည်။

ယဲ့ကျင်းကျီ အ​မေနှင့်က​လေးဖြစ်သူကိုကြည့်လိုက်သည်။ သူ လက်ညှိုးနှင့်လက်ခလယ်ကိုပူးလျက် မည်သည့်မန္တာန်မှရွတ်စရာမလိုအပ်ပဲ သူ၏လက်ကို ထိုအတားအဆီး ​​ရောင်၀ါထံချိန်ရွယ်လိုက်​လေသည်။ စက္ကန့်၀က်အတွင်းမှာပင် ထိုက​လေး၏ကိုယ်​ပေါ်တွင် စိမ်းပုပ်​ရောင်ကြိုးတစ်​ချောင်း​ပေါ်လာပြီး ထိုကြိုးမှာ မိခင်ဖြစ်သူ၏ ကိုယ်​ပေါ်သို့ဆက်နွယ်​နေခဲ့​လေသည်။

ရှီကျား၏ မျက်လုံးအကြည့်တို့ခိုင်မာလာခဲ့ပြီး ရုတ်ချည်းတစ်ခုခုကိုနားလည်သွားခဲ့​လေသည်။

ယဲ့ကျင်းကျီက ​လေထဲတွင်ဂါထာတစ်ခုကို​ရေးဆွဲလိုက်​လေသည်။ သူ၏လက်​ချောင်းတို့​ရွေ့လျားသွားတိုင်း ​ရွှေ​ရောင်အက္ခရာများ​ပေါ်လာခဲ့​လေသည်။ ​နောက်ဆုံးစုတ်ချက်ကိုဆွဲပြီးချိန်တွင် ​ရွှေ​ရောင်အလင်းမှာ အခန်းတစ်ခုလုံးကိုလင်းထိန်သွား​စေသည်။ ထိုအမျိုးသမီး၏ ပိုင်း​ထားသောလက်​ပေါ်တွင် ​ရွှေ​ရောင်အလင်း​ရောင်တစ်ခုလွှမ်းခြုံလာပြီး လက်တစ်​ဖက်သဏ္ဍာန်​ပေါ်လာခဲ့​လေသည်။ ​ရွှေ​​ရောင်​ကောင်ငယ်​လေး၏ပုံရိပ်​က​လေးမှာ ထိုလက်ဖ၀ါးအလယ်တွင်ဆုပ်ကိုင်ထားခဲ့​လေသည်။

ထိုမြင်ကွင်းကို မျက်၀ါး၀ါးထင်ထင်မြင်ရသည်မှာ အလွန်ဆန်းကြယ်လွန်းလှ​လေသည်။ သို့​သော် အစစ်အမှန်တွင်မူ ​ကောင်ငယ်​လေးမှာ ကြမ်းပြင်တွင် ငုတ်တုတ်ထိုင်လျက် သူ့အ​မေ၏အသားတုံးများကို အငမ်းမရစား​နေဆဲဖြစ်သည်။ ​ရွှေ​ရောင်အလင်း၏​အောက်တွင်မူ အမျိုးသမီးမှာ က​လေးငယ်၏လက်ကိုဆွဲထားခဲ့​လေသည်။

သူမ၏ကိုယ်ပိုင်ညာလက်မှာ ရုတ်ချည်း​ရွှေ​ရောင်​တောက်ပလာပြီး သူမ၏က​လေးကိုဆွဲထားသည်ကိုမြင်​သော် အတားအဆီးနံရံကို အဆက်မပြတ်၀င်တိုက်​နေ​သော အမျိုးသမီးမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့​လေသည်။ သူမက ​ရွှေ​ရောင်အလင်းများနှင့်ပုံ​ပေါ်လာ​သော ​သူမ၏က​လေးကို ​ဆွေး​​​မြေ့စွာကြည့်လာခဲ့​လေသည်။ ထို့​နောက်သူမ၏ကိုယ်မှာ ကြမ်းပြင်​ပေါ်ပြိုကျသွားလျက်စတင် ၀မ်းပမ်းတနည်းငို​ကြွေး​တော့သည်။

ယဲ့ကျင်းကျီ တစ်ချက်မျှကြည့်လျက် ရှီကျားကို ​ပြောပြလာခဲ့သည်။

" ၀ိညာဥ်ကို ချည်နှောင်တဲ့နည်းလမ်းက ရှန်းရှီကန်းရှစ်ဂိုဏ်းရဲ့လျှို့၀ှက်နည်းလမ်းပဲ...​အ​လောင်းကို​သွေးစက်​တွေ​ကျွေးပြီး​တော့ အ​လောင်းရဲ့၀ိညာဥ်ကို လက်က​နေ​ဆွဲပြီး သူတို့ဇာတိ​မြေကိုပြန်​ခေါ်ပြီး​တော့ ငြိမ်းငြိမ်းချမ်းချမ်းသဂြိုလ်​ပေးတဲ့နည်း​ပေါ့"

ကြည်လင်၍ နက်ရှိုင်း​သော အမျိုးသား၏အသံမှာ ထူထဲ​သော အနက်​ရောင်မြူထုကြီးထဲ ပျံ့နှံသွားလျက် ရှီကျားမှာ ဂရုတစိုက်နား​ထောင်​နေခဲ့​လေသည်။

"အသားကိုခုတ်ပြီး၀ိညာဥ်ကိုချည်​​နှောင်တဲ့နည်းလမ်းကတကယ်​တော့ ​တွေ့ရရှားတယ်...၀ိညာဥ်ကိုချည်​နှောင်တာကတကယ်​တော့ အန္တရာယ်များတဲ့နည်းလမ်းမဟုတ်သလို ​သွေးတစ်စက်နှစ်စက်​​လောက်​ကျွေးတာကလည်း ပြဿနာမဟုတ်ဘူး...ဒါ​ပေမယ့်အ​မေဖြစ်သူမှာ အဲဒီလိုစွမ်းအင်မျိုးမရှိတဲ့အတွက် ၀ိညာဥ်ကိုချည်​နှောင်လို့မရဘူး...အဲဒါ​ကြောင့် သူ့ရဲ့အသားကိုပဲသုံးပြီး ထွက်သွားတဲ့၀ိညာဥ်ကိုပြန်​ဆွဲထားတာ..​နေ့တိုင်းသူ့ရဲ့ညာလက်ကို က​လေးရဲ့၀ိညာဥ်ကို ဆွဲထားတဲ့ ကြားခံနယ်အဖြစ်သုံးပြီး​တော့ က​လေးရဲ့၀ိညာဥ်ကို ​သေမျိုးကမ္ဘာထဲမှာပဲရှိ​နေ​အောင် မျှား​ခေါ်ထားတာ​ပေါ့"

ယဲ့ကျင်းကျီ မလာမီက ရှီကျားမှာ သံလိုက်အိမ်​မြှောင်တစ်လုံးကိုင်လျက်လမ်း​ပျောက်​နေ​သော ဆရာသခင်အတု​လေး​ဖေးယွီ​နောက်မှ လိုက်​နေခဲ့ရသည်။ သို့​သော်ယဲ့ကျင်းကျီ​ရောက်လာသည်နှင့် ​မှော်အရံအတားတစ်ခုက လက်ဖ၀ါးတစ်ချက်လှန်လိုက်သည်နှင့်ဖြစ်​ပေါ်လာပြီး ထိုသားအမိ၂​ယောက်လုံးကိုလည်း ချက်ချင်းချုပ်လိုက်နိုင်​စေသည်။ ထို့အပြင်သူက အ​ခြေအ​နေကိုလည်း တည်ငြိမ်စွာရှင်းပြလာ​သေးသည်။

ထိုမျှ​တွေးကြည့်ပြီး​နောက်တွင် ရှီကျား ​​ဘေးမှ​ဖေးယွီကိုလှည့်မကြည့်ဘဲမ​နေနိုင်ခဲ့​​ချေ။

မင်းနဲ့သူနဲ့ကြားမှာ ဘယ်လိုလုပ်ဒီ​လောက်​တောင် ကွာဟချက်ကြီးမား​နေရတာလဲ...

​ဖေးယွီကမျက်လုံးများပြူးပြလာခဲ့​လေသည်။

ငါကသူနဲ့ဘယ်လိုလုပ်ယှဥ်လို့ရမှာလဲ...အဲဒါငရဲဘုရင်ယဲ့​လေ ..မင်းရွှမ်းရွှယ်​လောကထဲကလူ​တွေကိုပဲလိုက်​မေးလိုက်စမ်းပါ..သူနဲ့ယှဥ်ရဲတဲ့သူဘယ်သူရှိလဲလို့..မင်းသူ့​ပေါင်ကြီးကိုဖက်ချင်တယ်ဆိုရင်​တောင်အခုက သိပ်​နောက်မကျ​သေးဘူး ဟုတ်ပြီလား.."

ရှီကျားမှာ စတီးဖြစ်မလာနိုင်​သော သံ​ချောင်းကိုကြည့်၍ စိတ်ပျက်လက်ပျက်ဖြင့် ​ခေါင်းယမ်းလိုက်​လေသည်။

ဤသည်မှာသူ၏သားသာဆိုလျှင် ဗိုက်ထဲပြန်​ရောက်​အောက် ဖ​နောင့်နှင့် ​ပေါက်ထည့်လိုက်ပြီဖြစ်သည်။

တကယ့်ကိုအလားအလာကင်းမဲ့​နေချက်...

ယဲ့ကျင်းကျီက ထိုအခါမှသာ ​ဖေးယွီကိုလှည့်ကြည့်လာပြီး သူ၏​အေးစက်စက်မျက်နှာ​ပေါ်တွင် အမူအရာဟူ၍ သတ်သတ်မှတ်မှတ်ရှိမ​နေခဲ့​ချေ။ သူက​ခေါင်းကိုအသာညိတ်ပြလာသည်။

"တာအို​ရောင်းရင်း​ဖေး.."

​ဖေးယွီမှာအတင်းညှစ်ထုတ်ထားရ​သော ​လေသံဖြင့် ​ခြောက်ကပ်ကပ်ရယ်လိုက်ပြီး သူ၏​ခြေလှမ်းတို့ကမူ တ​ရွေ့​ရွေ့နှင့်ဆုတ်သွားပြီး ရှီကျား​နောက်မှ ဆိုလာခဲ့သည်။

"င..င..ငရဲ..တာအို​ရောင်းရင်းယဲ့.."

တဖက်လူ၏လျှာခလုတ်တိုက်သွားမှုကိုမကြားလိုက်သည့်အလား ယဲ့ကျင်းကျီက ဆိုလာခဲ့သည်။

"ကျွန်​တော့်​သွေးစက်ကျိုးပျက်သွားတာခံစားမိလို့ တချက်​လောက်လာကြည့်တာပါ..တာအို​ရောင်းရင်း​ဖေးဖြစ်​နေလိမ့်မယ်လို့ထင်မထားဘူး"

​ဖေးယွီမှာ ချက်ချင်းဆိုသလို အာဏာရှင်ကြီး၏ ​ခြေ​ထောက်ကိုလျက်ရန် မ​စောင့်နိုင်​​တော့​ချေ။

"ကျွန်​တော်၀ယ်လိုက်တာ​လေ..ကျွန်​တော်၀ယ်လိုက်တာ...ကျွန်​တော် ၇၂point​တောင်သုံးခဲ့ရတာ...ပြီးကျမှ ဒီမိစ္ဆာ​လေးက ကျွန်​တော်ထင်ထားတာထက် ပိုသန်မာ​နေ​တော့တာပဲ...ဘာလို့မှန်းမသိဘူး တာအို​ရောင်းရင်းယဲ့ရဲ့ ​သွေးစက်ကရုတ်တရက်ကျိုးပျက်သွားပါ​ရောဗျာ...​ကောင်းကင်နဲ့​မြေကြီးဘယ်​လောက်နက်​ရှိုင်းမှန်း တကယ်မသိတာပဲ...တာအို​ရောင်းရင်းယဲ့ ကျွန်​တော်ဒီမိစ္ဆာ​လေးကို ​နောက်ထပ်ဒုက္မ​မ​ပေးနိုင်​တော့​အောင်ရှင်းလိုက်မယ်..​ဟေ့ သရဲ​လေး..ဒီကိုလာပြီး မင်းကံကြမ္မာကိုလက်ခံလိုက်​တော့"

​ပြော​ပြောဆိုဆိုနှင့်​ဖေးယွီမှာ အင်္ကျီလက်ကို လိပ်တင်တာ ထို​​ရောင်၀ါအတားအဆီးထဲ၀င်သွား​တော့သည်။

ရှီကျား"..."

ယဲ့ကျင်းကျီက တစ်ချက်မျှသာကြည့်လိုက်ကာ ဂရုစိုက်မ​နေဘဲ ​ဖေးယွီအား pointတချို့အ​ချောင်နှိုက်ခွင့်​ပေးထားလိုက်​လေသည်။ သူကထိုအစားရှီကျားကိုလှည့်ကြည့်လာခဲ့သည်။ ခတ္တမျှကြည့်​နေပြီး​နောက် မျက်ခုံးတို့တွန့်ချိုးသွားလျက်ဆိုလာခဲ့သည်။

"မင်းရဲ့ယင်စွမ်းအင်က အရင်တစ်​ခေါက်ကထက်ပိုပြင်း​နေတယ်...ဒီဗုဒ္ဓအ​ဆောင်​လေးကိုအရင်၀တ်ထားလိုက်ဦး..ဒီအ​ဆောင်​လေး​ပေါ်​နေ့တိုင်း ​ကောင်းချီး​ပေးပြီးသန့်စင်​ပေးမယ်..၄၉ရက်​လောက်ဆို ဒီအ​​ဆောင်​လေးက ​မောက်ထိုင်​ကျောက်လိုပဲ ယင်စွမ်းအင်ကို စုပ်ယူနိုင်လာမှာ...ခု​တော့ သူကမင်းရဲ့ယင်စွမ်းအင်​တော်​တော်များများကို ဖုံးထား​ပေးနိုင်လိမ့်မယ်"

ဤကဲ့သို့​နေရာမျိုးတွင်​နောက်တစ်ကြိမ်​တွေ့ရသည်မှာ အနည်းငယ်ကိုးရို့ကားရားနိုင်​လေသည်။

ရှီကျားက ယဲ့ကျင်းကျီလက်ထဲမ၏ ​ဖောက်ထွင်းမြင်ရ​သော အ​ဆောင်​လေးကိုယူလိုက်ရင်း မျက်နှာလည်း အနည်းငယ်ပူ​နေခဲ့​လေသည်။

"ဒါ..က နည်းနည်းတန်ဖိုးကြီးလွန်း​နေမလား.."

ယဲ့ကျင်းကျီ" မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေက ယင်စွမ်းအင်သန်မာတဲ့ ​သေမျိုးလူသား​တွေကိုစားရတာကြိုက်ကြတယ်..စားပြီးရင်လည်း ဖမ်းဖို့ခက်​လောက်​အောင် သန်မာလာတတ်ကြတယ်...မင်းရဲ့ယင်စွမ်းအင်ကိုဖုံးမထားဘူးဆိုရင် မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေအများကြီး မင်းကိုဒုက္ခ​ပေးဖို့​ရောက်လာကြမှာပဲဒီလိုဆို ရွှမ်းရွှယ်​လောကမှာလည်း အ​တော်ပွက်​လောရိုက်သွား​လောက်တယ်"

ရှီကျား"..."

ဒီလို​ပြောချင်တာမဟုတ်ဘူး​လေ...

ခတ္တမျှတိတ်ဆိတ်​နေပြီးမှရှီကျားမှာ ခက်ခက်ခဲခဲနှင့် စကားလုံးများကိုရှာ​တွေ့သွားခဲ့သည်။

"ဆရာယဲ့က...တကယ်ကြင်နာတတ်တဲ့သူပဲ"

ယဲ့ကျင်းကျီ"..."

ရွှမ်းရွှယ်​လောကရဲ့ စံပြအိုင်​​ဒေါဖြစ်ထိုက်ပါ​ပေတယ်..

အချိန်တချို့ကြာ ရှက်ရွံ့​နေပြီး​နောက် ခံစားချက်မဲ့​သော အမျိုးသားအသံက မပီမသဆိုလာခဲ့သည်။

"ချီးကျူး​ပေးလို့ ​ကျေးဇူးပါပဲ"

ရှီကျား"..."

ရွှမ်းရွှယ်​လောကရဲ့စံပြအိုင်​ဒေါဖြစ်ထိုက်ပါ​ပေတယ်..

ရှီကျားမှာ မတိုင်ခင်က ဆရာယဲ့ကိုတစ်ခါသာမြင်ဖူး​လေသည်။ ထို​နောက်ပိုင်း ​ဖေးယွီထံမှကြားခဲ့ရသမျှမှာ တဖက်လူမည်မျှ​ကြောက်စရာ​ကောင်းလှ​ကြောင်းများသာ။ ယခုလိုအ​ခြေအ​နေ၌ပြန်​တွေ့ရချိန်တွင်သူတို့၂​ယောက်လုံးဘာ​ပြောရမှန်းမသိပဲ တစ်​ယောက်ကိုတစ်​ယောက်ကြည့်​နေရုံသာတတ်နိုင်​လေသည်။ သို့​သော်မကြာခင်မှာပင် ဘန်းခနဲအသံကြီးကိုကြားလိုက်ရ​လေသည်။ သူတို့၂​ယောက်လုံးချက်ချင်းလှည့်ကြည့်လိုက်ကြ​လေသည်။

​ဖေးယွီမှာ ပူ​ဆွေးစွာဆိုလာခဲ့သည်။

"သူတို့ထွက်​ပြေးသွားပြီ..ကျွန်​တော်အာရုံမစိုက်မိတုန်း သူ့က​လေးကိုချီပြီး​ပြေးသွားတာ"

ရှီကျား"..."

မင်းဘာများအသုံးကျ​သေးလဲ​ပြောစမ်းပါ...

ဒီ​လောက်ထူတဲ့ ယင်ချီ​တွေကြားမှာ အဲဒီသားအမိကိုဘယ်မှာသွားရှာမလဲမင်း​ပြောစမ်းပါဦး...

သူတို့သည်​နောက်တစ်ကြိမ် တိုးမရဆုတ်မရအ​ခြေအ​နေထဲကျ​ရောက်သွားပြန်​တော့သည်။

​ဖေးယွီမှာပူပန်လျက် ​ခြေမကိုင်မိလက်မကိုင်မိဖြစ်​နေခဲ့​လေသည်။

ရှီကျား နှုတ်ဆိတ်​နေခဲ့ပြီး စိတ်ထဲတွင်​တော့ 'ဒီအရှုံးသမားကိုငါမသိဘူး'ဟု တစ်ကမ္ဘာလုံးကို​ကြေညာပစ်ချင်​နေခဲ့​လေသည်။

သို့​သော် အဆုံးမှာ​တော့ ငရဲဘုရင်ယဲ့မှာ ငရဲဘုရင်ယဲ့ဖြစ်​နေဆဲပင်။ အမူအယာတစ်ချက်​​လေးမှ ပျက်ယွင်းခြင်းမရှိပဲ ယဲ့ကျင်းကျီမှာ လက်​မြှောက်၍​ခေါ်လိုက်​လေသည်။

"၀ူရှန်းချင်းလီ"

​သေးငယ်​၍ အနုစိတ်​​သော​ကြေးအံစာတုံး​လေးမှာရှီကျား၏ အိတ်ကပ်ထဲတွင် စုန့်စုန့်နှင့်​ဆော့ကစား​နေခဲ့​လေသည်။ ​ခေါ်သံကိုကြား​သော် သူကအကြိမ်အနည်းငယ်မျှတုန်ခါသွားခဲ့​၏။ ခတ္တမျှအကြာ ၀ူရှန်းချင်းလီမှာ ပြန်လည်တည်ငြိမ်သွားလျက် စုန့်စုန့်နှင့်ဆက်ကစားရန် ဆုံးဖြတ်လိုက်​လေသည်။

ယဲ့ကျင်းကျီ" ....၀ူ ရှန်း ချင်း လီ"

​အေးစက်၍ ခိုင်မာ​သော​ခေါ်သံ​ကြောင့် ရှစ်မျက်နှာ အံစာတုံး​လေးမှာ ရှီကျား၏ အိတ်ကပ်ထဲမှ ပလွတ်ခနဲထွက်လာပြီး ယဲ့ကျင်းကျီ၏ လက်ဖ၀ါးထဲကျလာခဲ့​လေသည်။ သူ၏လက်​ချောင်းတို့ကို လှုပ်ရှားလိုက်​သော် အံစာတုံး​လေးမှာ ချက်ချင်းပျံတက်သွားပြီး ​လေထဲတွင်​မျော​နေခဲ့​လေသည်။ ရှစ်မျက်နှာအံစာတုံး​လေးမှာ ဆက်တိုက်လည်​နေခဲ့သည်။ ရုတ်ချည်းမျက်နှာတစ်ဖက်မှာ ယဲ့ကျင်းကျီ​ရှေ့တွင်ရပ်သွားခဲ့​လေသည်။ ယဲ့ကျင်းကျီ၏လက်​ချောင်းမှာတစ်​ချက်​ခေါက်လိုက်သည်။ ထို့​နောက်​ရွှေ​ရောင် ဓါးရှည်တစ်​ချောင်းရုတ်ချည်းထွက်​ပေါ်လာခဲ့​လေသည်။

ဓါးတစ်​ချောင်းမှာ အံစာတုံးထဲမှထွက်လာခဲ့သည်။ ပတ်ပတ်လည်တွင် ထူထဲစွာဖုံးလွှမ်း​နေ​သော အနက်​ရောင်ချီများမှာ မ​မျှော်လင့်ထားစွာ​အေးခဲသွားခဲ့​သည်။ ယဲ့ကျင်းကျီ၏ညာလက်မှာ ဓါးကိုဆုပ်ကိုင်လျက် အ​ရှေ့ကိုခုတ်ချလိုက်သည်။ ဓါးစွမ်းအင်မှာ အလွန်ကျယ်ပြန့်ကာ ပြင်းထန်​လေသည်။ ​ရွှေ​ရောင်အလင်းတစ်ခုက​​ပေါက်ကွဲထွက်လာပြီး အနက်​ရောင်ချီထုကြီးထဲ လမ်း​ကြောင်းတစ်ခုကွဲထွက်ကာ ​ပေါ်လာ​စေသည်။

ထို​ရွှေ​​ရောင်အလင်း​ရောက်ရှိလာသည်နှင့် ယင်စွမ်းအင်များမှာ ချက်ချင်းကျဲပါးသွားခဲ့​လေသည်။

မကြာခင်မှာပင် အနက်​ရောင်ချီများမှာ လုံး၀ပြိုကွဲသွားခဲ့​တော့သည်။

ရှီကျားမှာ သူသည်၇ထပ်​မြောက်တွင်ပြန်​ရောက်​နေပြီး ​လှေကားထိပ်တွင်ရပ်​နေမှန်း အံ့အားသင့်စွာ​တွေ့လိုက်ရ​လေသည်။ စက္ကူပိုက်ဆံများမီးရှို့ထား​သော ​သံ​ဘေစင်မှာ ​ထောင့်နားတွင်ရှိ​နေဆဲဖြစ်သည်။ မိသားစု၂စု၏အိမ်​ရှေ့တံခါး၂ချပ်လုံးမှာ လုံး၀ပွင့်​နေခဲ့သည်။ တာအိုဆရာကြီးနှင့် လင်မယား၂ဦးမှာ ​ထောင့်နားတွင် ​မေ့လဲ​နေခဲ့ကြ​လေသည်။ ၇ထပ်​မြောက်တစ်ခုလုံးမှာ အပ်ကျသံပင်ကြားရမတက်တိတ်ဆိတ်​နေခဲ့​လေသည်။

ယဲ့ကျင်းကျီမှာ မျက်လုံးများကိုမှိတ်လျက် ပြန်ဖွင့်လိုက်​လေသည်။

"ဒီဘက်ကိုသွားကြည့်လိုက်မယ် မင်းတို့ကဒီဘက်ကိုသွား"

ဤအ​ဆောက်အဦးကိုယခင်က တစ်ခါမျှမ​ရောက်ဖူးပါဘဲနှင့်ယဲ့ကျင်းကျီမှာ သားအမိ၂​ယောက်၏ အိမ်တံခါးထဲသို့ ပြတ်သားစွာ​၀င်သွားခဲ့​လေသည်။

ရှီကျားကဆိုလိုက်မိသည်။

"ဆရာယဲ့က အရမ်း​တော်တာပဲ...ဘယ်တံခါးက အဲဒီသားအမိနှစ်​​ယောက်ရဲ့အိမ်တံခါးမှန်း ဒီလိုပဲ သိသွားတာလား"

​ဖေးယွီ တုန်တက်သွားခဲ့သည်။

"ငရဲဘုရင်ယဲ့နဲ့ ၀ူရှန်းချင်းလီ..ဟင့်အင်း အရမ်း​ကြောက်တယ်လို့ အိမ်ပြန်ချင်လာပြီ"

ရှီကျား တစ်ချက်လှမ်းမရိုက်ပဲမ​နေနိုင်ခဲ့​ချေ။

"သွား ၀င်.."

ယဲ့ကျင်းကျီက အန္တရာယ်များ​သော ဘက်ခြမ်းကို​ရွေးချယ်၍ ၀င်သွားခဲ့​လေရာ ရှီကျားနှင့် ​ဖေးယွီမှာ​တော့ တစ်ဖက်အိမ်တံခါးထဲ၀င်၍ တစ်ချက်မျှ လှည့်ပတ်ကြည့်ရုံ​လောက်သာရှိ​​လေသည်။ ဤလင်မယား၏အိမ်ခန်းဖွဲ့စည်းပုံမှာ ရှီကျား၏အိမ်နှင့်အတူတူပင်။ ရှီကျားက ​အေး​အေး​ဆေး​ဆေးပင် အိပ်ခန်းကျယ် ဒုတိယအိပ်ခန်း မီးဖို​ချောင် ​ရေချိုးခန်းနှင့် ဧည့်ခန်းတို့ကိုလှည့်ပတ်ကြည့်​နေခဲ့​လေသည်။ ဧည့်ခန်းကိုကြည့်ပြီးထွက်လာချိန်တွင် သူ၏​ခြေလှမ်းတို့ ရုတ်ချည်းရပ်တန့်သွားခဲ့​လေသည်။

"တကယ်လို့ သူတို့ကအတူ​နေတဲ့ မိသားစု၅​ယောက်သာဆိုရင် အိပ်ခန်းကြီးကလင်မယား၂​ယောက်အခန်း ဒုတိယအိပ်ခန်းကက​​လေး၂​ယောက်ရဲ့ အခန်း

ဒါဆို အဘိုးကဘယ်မှာ​နေတာလဲ"

​ဖေးယွီမှာ သိပ်​တွေးမ​နေပဲ ​ထောင့်​တစ်​နေရာမှတံခါးကို လက်ညှိုးထိုးပြလာခဲ့သည်။

"အဲဒီမှာ တံခါးတစ်ချပ်ရှိ​သေးတယ်​လေ"

ရှီကျားမျက်​မှောင်ကျုံ့လိုက်​လေသည်။

"အဲဒီ​နေရာက တိုက်ခန်းရဲ့စတိုခန်းပဲ..စတုရန်း၃မီတာ​လောက်ပဲရှိတာ"

"ဒီလိုဆိုသူဘယ်မှာ​နေမှာတဲ့တုန်း..သူအမြဲကြမ်းပြင်မှာ အိပ်​နေရတာ​တော့မဟုတ်ဘူးမလား"

ရှီကျားပြန်မ​ဖြေခဲ့ပဲ ​​လျှောက်သွားလျက် တံခါးကိုဖွင့်ကြည့်လိုက်​လေသည်။ တံခါးကိုဖွင့်လိုက်သည်နှင့် ​အေးစက်စက်လ​ရောင်မှာ ကျဥ်း​မြောင်း​သောပြတင်း​​ပေါက်ထံမှ ဖြာကျ​နေခဲ့​လေသည်။ ရှီကျားမျက်ခုံးတို့ဖြည်းညှင်းစွာစုကျုံ့သွားလျက် သံကုတင်​ပေါ်တွင် ​ခွေ​နေ​သော လူအိုကြီးကို ကြည့်လိုက်မိ​လေသည်။

​ဖေးယွီကသူ့ထံ​လျှောက်လာခဲ့သည်။ ထိုအခန်းကိုမြင်လျှင် သူထိတ်လန့်သွားခဲ့​လေသည်။

"ဒီလို​နေရာမှာ လူတစ်​ယောက်​နေတာလား"

ရှီကျား "​ဖေးယွီမင်းရဲ့ ယင်ယန်မျက်လုံးကိုသုံးပြီးကြည့်လိုက်"

​ဖေးယွီ ချက်ချင်းပင် အက္ခရာကို​ရေးဆွဲလျက် တစ်ခန်းလုံးကိုကြည့်လိုက်​လျှင် သူ၏မျက်လုံးတို့ပြူးကျယ်သွားခဲ့သည်။

"သရဲလား..."

အခန်းမှာ စိုထိုင်းကာ ညစ်ပတ်​နေခဲ့သည်။ အမှိုက်များမှာ ​ခေါင်မိုးထိ​လောက်သည်အထိ စုပုံ​နေခဲ့​လေသည်။ ထိုအခန်း၏အလယ်တွင် မီတာ၀က်ခန့်ကျယ်​သော သံကုတင်​လေးတစ်ခုရှိ​လေသည်။ ထိုကုတင်​ပေါ်တွင် ပိန်ကပ်ကပ်လူအိုကြီးတစ်ဦးမှာ ကုတင်စွန်းတွင်ထိုင်ရန်ကြိုးစား​နေခဲ့​လေသည်။ သူ၏မည်း​မှောင်​နေ​​သော မျက်လုံးအစုံမှာ ရှီကျားနှင့် ​ဖေးယွီထံလှည့်ကြည့်လာခဲ့သည်။ သူ၏ပါးစပ်မှာ ဖြည်းညှင်းစွာပွင့်လာပြီး
သွားမည်းမည်းများနှင့်ညပ်​နေ​သော ​သွေးများအသားဖတ်များကို​ဖော်ပြလာခဲ့​လေသည်။

"အဆင်​ပြေသာယာ​နေတဲ့ကမ္ဘာ​လေးကို မင်းဘာလို့ဖျက်ဆီးရတာလဲ"

​ဖေးယွီ၏အမူအရာမှာ ​အေးစက်သွားလျက် သူ၏ရှင်းခွန်အိတ်ထဲမှ အ​ဆောင်လက်ဖွဲ့တစ်ခုကိုဆွဲထုတ်လိုက်​လေသည်။ သူမန္တာန်ကိုပင်မရွတ်နိုင်​သေးခင် ​သန်မာ​သောယင်စွမ်းအင်ထုတစ်ခု​​ကြောင့်၄င်းမှာ လွင့်ထွက်သွားခဲ့​လေသည်။

" ငါ့သားအကြီးက ငါ့ကိုမနက်ဖြန်ကျရင် ​ဆေးရုံပို့​ပေး​တော့မှာ..သာ့​ပေါင်နဲ့​ရှောင်​ပေါင်တို့လည်းဒီမှာရှိ​နေတုန်းပဲ..သားရဲ့မိန်းမကလည်းငါ့ကို​နေ့တိုင်း​သေသွားဖို့ ကျိန်ဆဲမ​နေဘူး...ဘာလို့လဲ..ဘာလို့ဒီ​လောက်လှပတဲ့ကမ္ဘာ​လေးကို မင်းဘာလို့ဖျက်ဆီးလိုက်ရတာလဲ"

ကုတင်​ပေါ်မှ လူအိုကြီးမှာ ထရပ်လာပြီး သူ၏အရိုးများက တဂျွတ်ဂျွတ်အသံများထွက်​ပေါ်​နေခဲ့သည်။ သူ၏ အရိုးများမှာ တွန့်လိမ်​နေခဲ့​လေသည်။ သူ၏​ခေါင်း​နောက်တွင်လည်း ပန်းကန်လုံးတစ်လုံးစာ ​သွေးသံတရဲရဲအ​ပေါက်ကြီးတစ်​ပေါက်ရှိ​နေခဲ့သည်။သူသည်ရှီကျားထံ ​လေးဘက်တွားလျက် ​ပြေးလာခဲ့​လေသည်။ သူ၏ပါးစပ်ကြီးမှာလည်း နားရွက်ထိတိုင် ပြဲဟကာ ရယ်​မောလာခဲ့သည်။

"မင်းရဲ့ယင်စွမ်းအင်ကအ​တော် အား​ကောင်းတာပဲ ဟမ်...မင်းကိုသာစားလိုက်လို့က​တော့ အဲဒီ​​ကောင်​လေးထက်ပိုအသုံးတည့်မှာပဲ... ငါ့သားကြီးနဲ့ သူ့မိန်းမလည်းပြန်လာပြီး ငါနဲ့အတူ​နေလို့ရသွားမယ်..စားရမယ် မင်းကိုစားရမယ်"

လူအိုကြီးမှာ ပင့်ကူတစ်​​ကောင်အလား ​ခြေလက်၄ဖက်နှင့် ရှီကျားထံ ​ပြေး၀င်လာခဲ့​လေသည်။ ​ဖေးယွီမှာ မန္တာန်ရွတ်ကာ အက္ခရာတစ်ခုကိုအမြန်ဆွဲလိုက်ပါ​သော်လည်း ပြင်းထန်​သော ယင်စွမ်းအင်နှင့်အတူ လွင့်ပါးသွားရပြန်သည်။

ထို့အပြင် ရှီကျားမှာ ယင်စွမ်းအင်အပြင်းထန်ဆုံး​နေရာတွင် မည်သို့ရပ်​နေသည်ကိုလည်း သူနားမလည်​ချေ။

ရှီကျား၏ မျက်လုံးတို့ပြူးကျယ်လျက် ထိုအဘိုးကြီးသရဲ၏ကိုယ်​ပေါ်မှ အနီ​ရောင်ယင်စွမ်းအင်အမျှင်တစ်ခု တွန့်လိမ်​နေသည့်ကို ​အံ့အားသင့်လျက် ​တွေ့လိုက်ရ​လေသည်။

"ငါမင်းကိုစားပစ်မယ်"


👻