👻Chapter 17
Viewers 3k

👻Chapter 17



ဧည့်ခန်းထဲတွင် ​​ဖေးယွီသည် ယဲ့ကျင်းကျီ၏ ဒဏ္ဏာရီလာ​အောင်မြင်မှု​ပေါင်းများစွာကို အာ​ပေါင်အာရင်းသန်သန်​ပြော​နေခဲ့​လေသည်။

ရှီကျားမှာ လွန်ခဲ့​သော၄နှစ်ခန့်က ယဲ့ကျင်းကျီတစ်​ယောက် ဖုန်းတုမှ သရဲတစ်​သောင်း​ကျော်ကို ရှင်းပစ်ခဲ့ခြင်းကိုကြားခဲ့ပြီးဖြစ်သည်။ ဤတစ်ကြိမ်​တွင်​တော့ယဲ့ကျင်းကျီသည် ၀ူရှင်းချင်းလီနှင့် ရာစုနှစ်ကြာသက်တမ်းရှိ​သော မ​ကောင်းဆိုး၀ါး၀ိညာဥ်ကြီးကိုမည်သို့ဖြိုခွဲပစ်​ခဲ့​ကြောင်းပါ ပါ၀င်​လေသည်။

​​ဖေးယွီမှာ သူ၏မျက်ခွံတို့​လေးလံလာသည်အထိ တတွတ်တွတ်ဆို​နေခဲ့ပြီး ထိုအတိုင်းပင်အိပ်​ပျော်သွား​တော့သည်။ ရှီကျား ဧည့်သည်အိပ်ခန်းကို ​ခြေသံ​ဖော့​ဖော့ဖြင့်​လျှောက်သွားလိုက်မိ​လေသည်။ ထို့​နောက်တံခါးကို ညင်သာစွာ​ခေါက်လိုက်​လေသည်။

"ဆရာယဲ့..အိပ်​​နေပြီလား"

သိပ်မကြာလိုက်ခင်မှာပင် အခန်းတံခါးမှာ ပွင့်လာခဲ့​လေသည်။ ယဲ့ကျင်းကျီက အနက်​ရောင်ကုတ်အင်္ကျီရှည်ကြီးကို မ​ပြောင်းမလဲအမူအရာဖြင့်၀တ်ဆင်ထားဆဲဖြစ်သည်။ ၄င်းမှာ အ​ဝေးမှပင် နီးကပ်လာလို​သောလူများကို ငြင်းဆန်​နေသည့်အလား။ တံခါးအဟကြားမှတဆင့် ကုတင်​ပေါ်မှ​စောင်​ခေါက်မှာ အရာမယွင်း​သေးသည်ကို ရှီကျား​တွေ့လိုက်ရ​လေသည်။ အိပ်ယာခင်းများမှာလည်း ​ချော​မွေ့ပြီး အတွန့်ရာများရှိမ​နေသည်မှာ ထိုအ​ပေါ်တွင် မည်သူမျှလှဲမထားသည့်အလားပင်။

ရှီကျား၏ရင်ထဲတွင် ​ဖေးယွီ၏' ငါတို့က သူ့ကိုဘာလို့ဂရုစိုက်​နေမှာတုန်း'ဟူ​သော စကားကိုထပ်မံကြား​​ယောင်လာမိ​လေသည်။ ရှီကျား၏နှုတ်ခမ်း​ထောင့်တို့မြင့်တက်သွားခဲ့​လေသည်။ ညင်သာ​သောအပြုံးတစ်ပွင့်နှင့်အတူ သူကဆိုလိုက်​လေသည်။

"ဆရာယဲ့ ​စော​စောအိပ်သင့်တယ် ​ကောင်း​သောညပါ"

အမျိုးသား၏ နက်ရှိုင်း​သောမျက်၀န်းတို့ ဖြတ်ခနဲတုန်ရီသွားခဲ့​လေသည်။ ယဲ့ကျင်းကျီ၏နှုတ်ခမ်းတို့မှာ ပိတ်လိုက်ဖွင့်လိုက်ဖြစ်​နေခဲ့​လေသည်။ အ​တော်ကြာမှ ခပ်နိမ့်နိမ့်​လေသံဖြင့်တုန့်ပြန်လာခဲ့​လေသည်။

"​ကောင်း​သောညပါ"

***
လမင်းမှာ ​ကောင်းကင်၏အလယ်တွင်ချိတ်ဆွဲ​နေခဲ့​လေသည်။ ဇစ်ရှီ(၁၁နာရီမှ ၁နာရီ)မှာ ​ရောက်ရှိလာ​ခဲ့​လေပြီ။ ဤသည်မှာ ကမ္ဘာ​ပေါ်တွင် ယင်စွမ်းအင် အထူထပ်ဆုံးအချိန်ဖြစ်​လေသည်။

၄င်းမှာ 'Ghosts know' officialအ​ကောင့်၏ ပို့စ်အသစ်တစ်ခု ပုံမှန်တင်​သောအချိန်လည်းဖြစ်သည်။

​လက်ရှိသရဲဖမ်း​နေကြ​​သော သို့မဟုတ် ​လေလွင့်၀ိညာဥ်များနှင့် ကစား​နေကြ​သောဆရာသခင်များအားလုံးမှာ သူတို့၏အိတ်ကပ်ကိုယ်စီမှ ဖုန်းများကိုထုတ်ယူလိုက်ကြ​လေသည်။ ထို့​နောက် 'Ghosts know'အ​ကောင့်ကို၀င်ကြည့်လျက် ယ​နေ့အတွက်အထူးအတင်းအဖျင်းကိုကြည့်ရန်ပြင်လိုက်ကြ​လေသည်။ ခါတိုင်းကဲ့သို့​ ဆိုလျှင် ခေါင်းစဥ်ကြီးတစ်ခုနှင့် အခြားသတင်း​လေး၃ခုရှိရမည်ဖြစ်သည်။ သို့​သော် ယ​နေ့သတင်းကိုဖွင့်ကြည့်လိုက်သည့် ​ကောင်းကင်ဘုံဆရာသခင်အားလုံးမှာ ​​ကြောင်အသွားကြ​လေသည်။

ကြီးမြတ်​သော၀မ်ရှို့ဘုရား​ကျောင်း​တော်မှ ဘုန်းကြီး​လေးတစ်ပါးမှာ သူ၁၀နှစ်တာအသုံးပြုလာ​သော အနီ​ရောင် သစ်သားငါးရုပ်က​လေးကို ခွဲပစ်မိသွားခဲ့သည်။

ကျစ် ​ဝေ့ ရှင်းခန်းမ​ဆောင်မှ တပည့်ငယ်များမှာအလန့်တကြား​ပြိုင်တူ​အော်သံ​ကြောင့် သူတို့၏အကြီးဆုံးစီနီယာအစ်ကိုကြီး နန်ရိ မျက်​မှောင်တို့ကျုံ့လိုက်မိ​လေသည်။

ဟိုင်ချန်းအပြင်ဘက် ဗီလာတစ်ခုရှိ ဆံပင်ဖြူတို့နှင့် လူအိုကြီးတစ်ဦးမှာ တကိုယ်လုံးတုန်လှုပ်သွားခဲ့​လေသည်။ ထိုတစ်အိမ်လုံးမှရှိရှီသမျှသရဲ၀ိညာဥ်များလည်းတမဟုတ်ချင်းပြိုကွဲသွားခဲ့​လေသည်။ သူ၏အသက်၆၀​ကျော် သားဖြစ်သူမှာ အ​ပေါ်ထပ်သို့ ​ဒေါသတကြီး​ပြေးတက်လာခဲ့​လေသည်။

"အ​ဖေ..ကျွန်​တော်ရှိခိုး​တောင်းပန်ပါတယ်..'Ghosts know'ကိုသွားမဖတ်ပါနဲ့​တော့လို့..ဟုတ်ပြီလား..အ​ဖေ ရင်ပြင်မှာပဲ square danceသွားက​နေလို့မရဘူးလား..အဲဒီမှာတခြားသူ​တွေနဲ့ square danceကတာက ခန္ဓာကိုယ်အတွက်လည်း​ကောင်းတယ် ကျန်းမာတယ် အ​ဖေရဲ့"

ရှီရှန်း-​တောက်ရန်၏မျက်လုံးတို့ပြူးကျယ်​နေခဲ့သည်။

"မင်းဒီညသတင်းကိုဖတ်ပြီးပြီလား"

သူ၏အသက်၆၀​ကျော်သားဖြစ်သူမှာ​ခေါင်းကို​ခါလိုက်​လေသည်။

"မဖတ်ရ​သေးဘူး..ကျွန်​တော်ဖုန်းကိုဖွင့်လိုက်တာပဲရှိ​သေးတယ်..အ​ဖေ့​အော်သံကြီး​ကြောင့် မှန်​တွေအကုန်ကွဲကုန်တာ​လေ...အဲဒါ​ကြောင့် အ​ပေါ်လာတက်ကြည့်တာ"

ချီရှန်း​တောက်ရန်မှာ စားပွဲကိုရိုက်ချလိုက်​လေသည်။

"မင်းအမြန်ကြည့်လိုက်စမ်း..အရမ်းမိုက်တယ်..​ရောင်းရင်း ရီလင်းကျစ်မ​သေခင်က သူကသူ့တပည့်အတွက် ​စေ့စပ်​ကြောင်းလမ်း​ပေးခဲ့တာတဲ့ကွ"

သားဖြစ်သူလူအိုကြီးမှာ ​ရှော့ခ်ရသွားခဲ့သည်။

"စီနီယာရီလင်းကျစ်ကလား...သူ့မှာတပည့်ဆိုလို့ အဲဒီ ငရဲ..အဲ..တာအို​ရောင်းရင်းယဲ့တစ်​ယောက်ပဲရှိတာမဟုတ်ဘူးလား.."

ချီရှန်း​တောက်ရန်ကရယ်လိုက်​လေသည်။

"​အေး​လေ..ဒီ​နေ့ 'ghosts know'ထိပ်စီး သတင်းက ရီလင်းကျစ်က ယဲ့ကျင်းကျီအတွက် လွန်ခဲ့တဲ့၁၉နှစ်ကတည်းက ​သတို့သမီး​လောင်းရှာ​ပေးထားခဲ့တာကွ"

ရွှမ်းရွှယ်​လောက၏မျိုးဆက်သစ်များအတွက် ယဲ့ကျင်းကျီမှာ ​မျှော်ကြည့်ရုံသာတတ်နိုင်​သော ​ဖိအားကြီးဆိုလျှင် ချီရှန်း​တောက်ရန်နှင့် သူ့သားအတွက်မူ 'ရီလင်းကျစ်'ဟူ​သော အမည်မှာ က​လေးများပင် အသံကြားသည်နှင့် အငိုတိတ်သွား​စေ​​လောက်​​အောင် ​​ကြောက်စရာ​ကောင်း​လေသည်။

ချီရှန်း​တောက်ရန်၏သားကိုသာဥပမာယူနိုင်သည်။ ထို​နေ့များတွင် သူသည် ချီရှန်း​​တောက်ရန်ထံမှ 'မင်းကိုယ်မင်း ရီလင်းကျစ်နဲ့ယှဥ်ကြည့်စမ်း'ဟု နားနှင့်မဆန့်နိုင်​အောင်ကြားခဲ့ရ​လေသည်။

"မင်းကိုယ်မင်း ရီလင်းကျစ်နဲ့ယှဥ်ကြည့်စမ်း..သူများတကာက အသက်၁၆နှစ်ကတည်းက မော့သို့ဇယားမှာ အဆင့်၁ချိတ်လာတာ..မင်းက​ရော...ပုခုံးကလည်းမသယ်နိုင် လက်လည်းမ​မြှောက်နိုင်..ငါမင်းလို အသုံးမကျတဲ့သားမျိုး ဘယ်လိုများ​မွေးခဲ့မိတာလဲ"

ထို​နေ့များတွင် ထိပ်ဆုံးအဆင့်၁၀ထဲမှ အရည်အချင်းရှိပြီး​တော်​သောလူငယ်​လေးမှာ မခံမရပ်နိုင်ပဲ မျက်ရည်​​ပေါက်​ပေါက်ကျသည်အထိ အဆူခံခဲ့ရ​လေသည်။

သူကစီနီယာရီလင်းကျစ်နဲ့ယှဥ်နိုင်မှာတဲ့လား...

စီနီယာရီလင်းကျစ်က ဟိုဘက်အိမ်က က​လေးဖြစ်ဖို့​မွေးဖွားလာတာ ဟုတ်ပြီလား.

ရီလင်းကျစ်မှာအလွန်သန်မာ​သော်လည်း ချီရှန်း​တောက်ရန်နှင့် သူနှင့်မျိုးဆက်တူများမှာ အခုချိန်အထိ ရီလင်းကျစ်မည်မျှအထိသန်မာမှန်း မသိခဲ့ကြ​ချေ။ သို့​သော်သူ၏ သရဲဖမ်းရန်ကလွဲလျှင် ဘာကိုမျှစိတ်မ၀င်စားပဲ ​အေးတိ​အေးစက်နိုင်​သော တပည့်ဖြစ်သူနှင့်ယှဥ်လျှင် ရီလင်းကျစ်မှာ ဆက်ဆံ​ရေး​ကောင်းသူဖြစ်​လေသည်။ ထိုစဥ်က ရီလင်းကျစ်မှာ အလွန်တက်ကြွကာ တူညီ​သော မျိုးဆက်များနှင့်အတူ ပွဲတိုင်း​ကျော်ဖြစ်ခဲ့သည်။

သူ၏ငယ်ရွယ်စဥ်ကအခိုက်အတန့်များကိုပြန်​တွေးမိလျှင် ချီရှန်း​တောက်ရန် နှ​မြောတသနှင့် သက်ပြင်းချလိုက်မိ​လေသည်။

"နှ​မြောစရာပဲ..လွန်ခဲ့တဲ့၁၈နှစ်တုန်းက ငါ ရီလင်းကျစ်နဲ့အတူ​သောက်ဖို့ချိန်းထားခဲ့တာ..ဒါ​ပေမယ့်မတိုင်ခင်မှာပဲ သူကနှစ်​တစ်​ထောင်​ကျော် မိစ္ဆာကိုအသက်နဲ့ရင်းပြီးရှင်းသွားခဲ့တယ်​လေ"

ဤတစ်ကြိမ်တွင် 'Ghosts know'၏သတင်းတွင် ရီလင်းကျစ်၏အမည်ပါရှိလာခဲ့သည်။ မျိုးဆက်​ဟောင်းမှစီနီယာများလည်း ကိုယ်စီထွက်လာပြီး ထိုပို့စ်​အောက်တွင် အတိတ်ကို စားမြို့ပြန်ကြကုန်သည်။ သူတို့ကတိတ်တဆိတ်အတင်းအဖျင်းများဖလှယ်​နေခဲ့ကြသည်။

【ငရဲဘုရင်ယဲ့မှာလည်း သတို့သမီး​လောင်းရှိတယ်လား...သူ့ဆရာကအနာဂါတ်ကိုတွက်ချက်တဲ့​နေရာမှာ သိပ်​တော်တာပဲဖြစ်ရမယ်.. မဟုတ်ရင် ငရဲဘုရင်ယဲ့က ခုချိန်ထိ​ရေခဲတုံးလို ​အေးတိ​အေးစက်နဲ့ ရည်းစားလည်းမရှိ​သေးဘူးဆိုတာ သူဘယ်လိုကြိုမြင်ခဲ့မှာလဲ..အဲဒါ​ကြောင့် လွန်ခဲ့တဲ့ ၁၉နှစ် ငရဲဘုရင်ယဲ့က ငရဲဘုရင်ယဲ့ဖြစ်မလာခင်ကတည်းက က​လေးမ​လေးတစ်​ယောက်ကိုလှည့်ဖျား​ပေးခဲ့တာပဲဖြစ်မယ်? 】

【 စီနီယာရီလင်းကျစ်ကတကယ်အမြင်ရှိတာပဲဗျာ...ကျွန်​တော့်ဆရာကကျဘာလို့ ကျွန်​တော်ငယ်ငယ်ထဲက အဲလို​စေ့စပ်​ကြောင်းလမ်း​ပေးခဲ့တာမျိုးမရှိခဲ့ရတာလဲ..ကျွန်​တော်ဖြင့် အသက်၃၀​တောင်ရှိ​နေပြီ ခုထိမိန်းမမရ​သေးဘူး..ငရဲဘုရင်ယဲ့ကို ကြည့်စမ်း မ​နေ့ကထိသူကလူလွတ်..​ဟော ဒီ​နေ့သူ့မှာ အနာဂါတ် သတို့သမီး​လောင်းရှိ​နေပြီ...ဒီတာအိုဆရာသခင်က မနာလိုဖြစ်လို့ ​သေရပါ​တော့မယ် 】

【 ငရဲ့ဘုရင်ယဲ့မှာက မိစ္ဆာ၃မျိုးခန္ဓာဖွဲ့စည်းပုံရှိတာမလား...ဒီအတိုင်းဆို သူကသူ့မိန်းမကို​သေ​အောင်ပဲလုပ်မိ​တော့မှာ​ပေါ့..တကယ်အကျိုးအ​ကြောင်းကျ​ပြောရရင် သူ့အတွက်မိန်းမဆိုတာမရှိသင့်ဘူး..စီနီယာရီလင်းကျစ်က ​သောက်ရမ်းမိုက်တာပဲ...စီနီယာရီရဲ့နာမည်ကြားတာနဲ့ ကျွန်​တော့်အဖိုးတစ်​ယောက်တုန်​နေ​အောင်​ကြောက်ခဲ့တာ မအံ့သြ​​တော့ပါဘူး..သူကငရဲဘုရင်ယဲ့နဲ့လိုက်ဖက်တဲ့ ပြင်းထန်တဲ့ယင်စွမ်းအင်ပိုင်ရှင် သတို့သမီးကို​တောင် ရ​အောင်ရှာ​ပေးနိုင်တယ်​လေ .. 】

【 ​ဟေး..တစ်ခုခုကမဟုတ်​သေးဘူး​နော်..ဒီသတင်းထဲမှာ ငရဲဘုရင်ယဲ့ဇနီးလောင်းက ဘယ်မှာရှိ​နေလဲဆိုတာ ​ပြောမထားဘူးလို့.အား..! 】

****

ထိုအချိန် Sခရိုင် ချန်းအန်မြို့ ​တောင်​​ခြေတွင်..

ကတုံး​ပြောင်နှင့် ဘုန်းကြီးအိုတစ်ပါးမှာ သစ်ပင်အိုကြီးအ​ပေါ်တွင်ရပ်လျက် ​ရှေ့ဘက်သို့ စိတ်လှုပ်ရှားစွာကြည့်​နေခဲ့​လေသည်။ သူသည်ကား ​တောရိုင်းထဲတွင်တစ်ဦးတည်းဖြစ်သည်။ ၂ကီလိုမီတာအကွာတွင် ဧကရာဇ်ချင်၏ ​မြေနီတပ်​တော် တနည်း ကမ္ဘာ့အ​မွေအနှစ်များထဲမှတစ်ခု။

​နေ့လည်ခင်းတွင် လာ​ရောက်လည်ပတ်​သည့်ခရီးသွားဧည့်သည်များရှိ​သော်လည်း ညဘက်တွင်မူ ​​ကျောချမ်းဖွယ်တိတ်ဆိတ်​နေခဲ့​လေသည်။ ​အ​မှောင်ထုမှာဖုံးလွှမ်းလျက် ကမ္ဘာကြီးကိုဖိနှိပ်ထားသည့်နှယ်။

ဘုန်းကြီးအိုကြီးက လက်ညှိုးတစ်​ချောင်းကို နှုတ်ခမ်း​ပေါ်တင်လျက် မန္တာန်တချို့ကိုရွတ်ဖတ်လိုက်​လေသည်။ သူ၏​​ရှေ့တွင် လုံး၀န်း​သော ​ရေမှန်တစ်ချပ်​ပေါ်လာခဲ့သည်။ သူကစိုးရိမ်တကြီးဆိုလိုက်​လေသည်။

"ဒီဘုန်းကြီးကမင်းတို့ကို အကြမ်းစားအတင်းအဖျင်းကြီး​ပေးပြီးပြီ..ဒီဘုန်းကြီးကိုကျ ခုထိဘာလို့ point​တွေပို့မ​ပေး​သေးတာလဲ...ဇစ်ရှီလည်း​ကျော်​နေပြီ..ဒီဘုန်းကြီးက နှစ်၃၀၀​ကျော် မ​ကောင်းဆိုး၀ါးကိုလိုက်​နေရတာ ၁လ​လောက်ရှိပြီကွ..သူကအဲဒီပထမအင်ပါယာရဲ့ သင်္ချိုင်းဂူထဲ၀င်သွားပြီး ပြဿနာရှာလို့က​တော့ဂူပွင့်လာရင် ရွှမ်းရွှယ်​လောကကြီးတစ်ခုလုံး က​မောက်ကမဖြစ်သွားမှာ​နော်... ဒီဘုန်းကြီးက​တော့ဖြစ်လာသမျှကိုတာ၀န်ယူမှာမဟုတ်ဘူး​နော်.."

ထို​ရေမှန်၏တဖက်ခြမ်းတွင်​​တော့ မျက်မှန်တပ်ထား​သော လူရွယ်​လေးတစ်ဦးရှိ​နေခဲ့သည်။ သူ၏​နောက်တွင်မူ အလုပ်များ​နေပုံ​ပေါ်​သော ​ကောင်​လေးတချို့နှင့်မိန်းက​လေးတစ်ချို့က ​ခြေလှမ်းကျယ်များနှင့် သွက်သွက်​လျှောက်​နေကြ​လေသည်။

ဘုန်းကြီးအိုကြီး၏စကားကိုကြား​သော် လူရွယ်ကလူ၏ မျက်မှန်ကို နှာရိုး​ပေါ်ပင့်တင်လိုက်​လေသည်။

"ဆရာ​တော်ပုရှင်း..ခင်များရဲ့ အတင်းအဖျင်းကိုခု​လေးတင်မှတင်လိုက်တာပါ..ကျွန်​တော်တို့ကို viewနဲ့ likeအ​ရေအတွက်ကို တွက်ဖို့ အချိန်​တော့​ပေးရဦးမှာ​ပေါ့..​သြော် ဟုတ်သား...ခင်များကိုဆု​တွေအများကြီးပို့​ပေး​နေတဲ့ တာအို​ရောင်းရင်း​တွေရှိ​သေးတာပဲ.. အဲဒါ​တွေအားလုံးကို pointအဖြစ်​ပြောင်းပြီး ခင်များအ​ကောင့်ထဲကိုပို့​ပေးလိုက်မယ်..ဒါ​ပေမယ့် ခင်များအခုချက်ချင်းလိုချင်တာဆိုရင်​​တော့ ရထားသ​လောက်ကို​ပေးလိုက်လို့ရတယ် ဒါ​ပေမယ့်​နောက်ပိုင်းထပ်ရလာတဲ့ point​တွေကို​တော့ထည့်လည်းမတွက်သလို ခင်များအ​ကောင့်ထဲလွှဲ​တော့မှာမဟုတ်ဘူး​နော်"

၄င်းကိုကြား​သော် ဆရာ​တော်ပုရှင်း၏နှုတ်ခမ်းတို့မဲ့ကျသွားခဲ့သည်။

"ဟုတ်ပြီ ဟုတ်ပြီ..ဒီဘုန်းကြီးထပ်မ​တောင်း​တော့ဘူး ရပြီလား..ခုရထားသ​လောက်ကိုသာလွှဲ​ပေး​တော့..ဒီဘုန်းကြီးက ထျန်းကုန်းပွဲကြည့်စင်က​နေ နှစ်တစ်ရာဖုတ်အ​​လောင်း၀ယ်ဖို့ pointမ​လောက်ဘူးလို့ မဟုတ်ရင် ဟိုမိစ္ဆာသရဲလွတ်သွား​တော့မှာ​နော်"

​ကျေနပ်သွား​သော 'Ghosts know'၏အယ်ဒီတာမှာပြုံးလိုက်​လေသည်။

"ချက်ချင်းပဲလွှဲ​ပေးလိုက်မယ်"

တစ်မိနစ်မျှကြာပြီး​​နောက် ဆရာ​တော်ပုရှင်းသည် သူ၏ မော့သို့ကိုဖွင့်လိုက်ကာ သူ၏အ​ကောင့်ထဲတွင် အပို​point​ပေါင်း၁​သောင်း​ကျော်​ရောက်ရှိ​နေသည်ကို​တွေ့လိုက်ရ​လေသည်။ ထို​ကြောက်မက်ဖွယ်pointအ​ရေအတွက်ကိုမြင်​သော် သူသည်​အေးခဲသွားလျက် အလိုအ​လျောက်​ရေရွတ်လိုက်မိ​လေသည်။

"ရီလင်းကျစ်နဲ့ ယဲ့ကျင်းကျီတို့ အတင်းအဖျင်းကဒီ​လောက်​တောင်တန်တာလား.."

ထို့​နောက်သူက​ခေါင်းခါလျက်အကြိမ်အနည်းငယ် ​ရေရွတ်လိုက်​လေသည်။

"သြမိ​သော​ဖော"

"တာအို​ရောင်းရင်းရီလင်းကျစ်..အဲဒီတုန်းက မင်းအတွက်​မောက်ထိုင်​ကျောက်ကိုရဖို့ ဒီဘုန်းကြီးအတူလိုက်ရှာ​ပေးခဲ့တယ်​နော်...ပြီး​တော့မင်းလည်းရွှမ်းရွှယ်​လောကအတွက် အသက်​ပေးသွားခဲ့တာပဲ..အခုဒီဘုန်းကြီးလည်းရွှမ်းရွှယ်​လောကကြီး​အေးချမ်းဖို့ ဒီနှစ်၃၀၀မိစ္ဆာကိုဖမ်းမှရမယ်..ဒါ​ပေမယ့် သူ့ကိုဖမ်းဖို့လိုအပ်တဲ့ပစ္စည်း​တွေ၀ယ်ဖို့ကျ​တော့လည်း point မလုံ​လောက်လို့ပါကွာ...အဲဒါ​ကြောင့်ဒီဘုန်းကြီးက မင်းတို့ဆရာတပည့်၂​ယောက်ရဲ့အတင်းအဖျင်းကိုမတတ်သာပဲထုတ်​ရောင်းလိုက်ရတာပါ.. ​ကောင်းကင်ဘုံက​နေ ဒီဘုန်းကြီးကို အပြစ်တင်မ​နေဘူးမလား..အိုင်းရိုး.."

လက်သီးဆုပ်အရွယ် အခွံမာသီးတစ်လုံးက ဆရာ​တော်ပုရှင်း၏ ကတုံး​ပြောင်ပေါ်ရုတ်ချည်း​ဒေါင်ခနဲ ​ကြွေကျလာခဲ့​ကာ ဘုသီးကြီးတစ်လုံးကိုချန်ရစ်​လေသည်။

ဆရာ​တော်ပုရှင်း သူ၏​ခေါင်းက​လေးကိုပွတ်လျက် ဆက်၍​ရေရွတ်လိုက်​လေသည်။

"မင်းဒီဘုန်းကြီးကိုအပြစ်မတင်ပါဘူး..အပြစ်မတင်ပါဘူး..ဒီဘုန်းကြီးကလည်း လူ​တွေ​ကောင်းကျိုးအတွက် မ​ကောင်းဆိုး၀ါးကိုပယ်ဖို့ကြိုးစား​နေတာ..အိုင်းရိုး အိုင်းရိုး အိုင်ရိုး.."

​လေတစ်ချက်နှင့်အတူ အခွံမာသီးများမှာ မိုးရွာချသည့်အလား ဆရာ​တော်ပုရှင်း၏​ကတုံး​ပြောင်​ပေါ်သို့ တ​တောင်​တောင်နှင့် ​ကြွေကျကုန်ကြ​လေသည်။ ဆရာ​တော်ပုရှင်း၏​ခေါင်း​ပေါ်တွင် ဘုသီးများပလုံစီနေခဲ့​လေသည်။ သူသည်လည်းထိုအပင်​​ပေါ်မှလျင်မြန်စွာ​ပြေးဆင်းလာခဲ့ကာ ဧကရာဇ်ချင်၏ သင်္ချိုင်းဂူသို့ထွက်​ပြေးလာခဲ့​လေသည်။ ​ပြေးလွှား​နေရင်း သူကကျယ်​လောင်စွာ​အော်လိုက်​သေးသည်။

"ဒီဘုန်းကြီး အခုမိစ္ဆာသွားဖမ်း​တော့မယ်​နော်"

ယ​နေ့ 'ghosts know'၏ သတင်း၄ပုဒ်ထဲမှ ၃ပုဒ်မှာ အ​မေ့​လျော့ခံ​နေရရှာသည်။ ' ငရဲဘုရင်ယဲ့တွင် ဇနီး​လောင်းရှိသည်'ဟူ​သော အတင်းအဖျင်းတစ်ခုကသာ ရွှမ်းရွှယ်​လောကတစ်ခုလုံး၏ အုန်းအုန်းကျွက်ကျွက်ဆွေး​နွေးခြင်းကိုခံ​နေရ​လေသည်။

ထိုညမှာပင် ယဲ့ကျင်းကျီသည် တံမြက်စည်းတစ်​ချောင်းကိုကိုင်လျက် တစ်အိမ်လုံးကိုလှည်းကျင်း​နေခဲ့​လေသည်။ သူ၏ဖုန်းမှာ ရုတ်ချည်းတုန်ခါလာခဲ့လျှင် သူကထုတ်ယူကာကြည့်လိုက်​လေသည်။

စီနီယာဆရာကြီးများနှင့် မျိုး​ဆက်​ဟောင်းမှ တာအို​ရောင်းရင်းများမှာ သူ့အား နှုတ်ခွန်းဆက်စကားနှင့်အတူ မင်္ဂလာ​နေ့ရက်ကိုလာ​ရောက်​မေးမြန်း​နေခဲ့ကြ​လေသည်။ ရီလင်းကျစ်မှာဆုံးပါးသွားပြီးဖြစ်​လေရာ သူတို့သည် ယဲ့ကျင်းကျီ၏ဆရာဖြစ်သူ​နေရာတွင် အစား၀င်လျက် မိဘ​နေရာမှမင်္ဂလာကိုကျင်းပ​ပေးနိုင်​လေသည်။

၄င်းမှလွဲလျှင် မျိုးဆက်သစ်​လေးများထဲမှ ၃​ယောက်ကသာ စပ်စုလာရဲကြ​လေသည်။

ယဲ့ကျင်းကျီမျက်ခုံးကိုအသာတွန့်ချိုးလိုက်မိ​လေသည်။ သူ'ghosts know'ကိုဖွင့်ကြည့်လိုက်ပြီး သတင်းကိုမြင်လိုက်ရချိန်တွင်သူနားလည်သွားခဲ့​လေသည်။

သူသည်တံမြက်စည်းကိုအသာချကာ တစ်​ယောက်ပြီးတစ်​ယောက် အ​လေးအနက်စာပြန်လိုက်​လေသည်။

【 လွန်ခဲ့တဲ့၁၉နှစ်တုန်းက ဆရာနဲ့​နောက်ဆုံးအကြိမ်​တွေ့ခဲ့ရတုန်းက ဆရာကကျွန်​တော့်ကို မင်္ဂလာကိစ္စအ​ကြောင်းတကယ်ပဲ​ပြောပြခဲ့ဖူးပါတယ်..​ပြီး​တော့ ​ကတိအ​နေနဲ့​မောက်ထိုင်​​ကျောက်တစ်ဖက်ကိုလည်း ​​ပေးခဲ့တယ်..ဒါ​ပေမယ့်အဲဒီအချိန်မှာပဲ နှစ်တစ်​ထောင် မိစ္ဆာ ​ပေါ်လာတဲ့အတွက်ဆရာကအ​​သေအချာရှင်းပြချိန်မရလိုက်ပဲ အဲဒီမိစ္ဆာနဲ့အတူ ​ပျောက်ကွယ်သွားခဲ့တယ်..

တဖက်လူကဘယ်သူလဲဆိုတာ ကျွန်​တော်လည်းမသိပါဘူး..ပြီးခဲ့တဲ့နှစ်​တွေကလည်း တဖက်လူက ကျွန်​တော့်ကိုလာမရှာခဲ့ဘူး..ဆရာ​ပြောခဲ့တာက​တော့ ကျွန်​တော့်ထက်၂နှစ်ငယ်ပြီး ယင်စွမ်းအင်အရမ်းသန််မာပြီး ကျွန်​တော်နဲ့လိုက်ဖက်တဲ့ မိန်းက​လေးတဲ့ ဒီနှစ်ဆိုရင် ၂၃နှစ်ရှိ​လောက်ပြီ​ပေါ့】

​မျိုး​ဆက်​ဟောင်းဆရာသခင်ကြီးများမှာ ရှင်းပြချက်ကိုနား​ထောင်ရန် ​ရောက်လာကြခြင်းမဟုတ်​ချေ။ သူတို့ကအတင်းအဖျင်းကိုသာရှာလိုကြခြင်းဖြစ်သည်။

ထျန်းကျီ​ကျောင်းမှ ဆရာသခင်မှာ လျင်မြန်စွာစာပြန်လာခဲ့သည်။

【တာအို​ရောင်းရင်း​လေးယဲ့..ဒီလူအိုကြီးကမင်းအတွက် တွက်ချက်​ပြီး​တော့ မင်းဇနီး​လောင်းကဘယ်မှာလဲဆိုတာရှာ​ပေးမယ် ! 】

ယဲ့ကျင်းကျီ၏နှုတ်ခမ်းတို့​ဖြောင့်တန်းသွားလျက် ငြင်းဆန်ချင်ခဲ့​လေသည်။ သူ၏အမြင်အရတွင် ထို၁၉နှစ်အတွင်းတဖက်လူထံမှ မည်သည့်သတင်းမှမကြားခဲ့ရ​ချေ။ သူမမှာရွှမ်းရွှယ်​လောကမှမဟုတ်သည်လည်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူမသည် သူ့သတင်းကိုကြားမိကာ တမင်​ရှောင်​နေသည်လည်းဖြစ်နိုင်ကာ သူ့ဇနီးမဖြစ်လိုသည်လည်းဖြစ်နိုင်​လေသည်။ ထိုသို့သာဆိုလျှင် သူသည်လည်းတဖက်လူကို တွန်းအား​ပေးရန်စိတ်ကူးမရှိပဲ ဘာမှမရှိခဲ့သလိုသာ သ​ဘောထားမည်ဖြစ်သည်။

သို့​သော် ထျန်းကျိ​ကျောင်းမှဆရာကြီးက ၅မိနစ်အတွင်းမှာပင်စာပြန်လာခဲ့​လေသည်။

【 ​လင်း​ရှောင်ဖွဲ့စည်းပုံအရ ၃ဘ၀ဆက်နွယ်မှု..ယင်ဟာ ရှနဲ့တွဲတယ်..အာ..တာအို​ရောင်းရင်း​လေးယဲ့..အ​ဖြေထွက်တာက​တော့..မင်းကမင်းရဲ့ဇနီး​လောင်းနဲ့ ဆုံပြီးပြီတဲ့ 】

ယဲ့ကျင်းကျီ၏မျက်၀န်းတို့ကျုံ့သွားမိ​လေသည်။

【 ​ကျေးဇူးတင်ပါတယ် စီနီယာ... 】


👻