👻Chapter 18
Viewers 3k

👻Chapter 18



​ဖေးယွီဆိုခဲ့သလိုပင် ရွှမ်းရွှယ်​လောကထဲတွင် လူအနည်းစုမှလွဲလျှင် ငရဲဘုရင်ယဲ့ကို ဂရုစိုက်သူသိပ်မရှိ​ချေ။ သာမာန်အတင်းအဖျင်းမျှသာဖြစ်​သော်လည်း ယဲ့ကျင်းကျီ ညတစ်နာရီအထိ စာပြန်​နေခဲ့ပြီး​နောက် ​နောက်ထပ်သတင်းလာနှိုက်မည့်သူများမကျန်ရှိ​တော့​ချေ။ မျိုးဆက်​ဟောင်းစီနီယာကြီးများမှာ အတင်းအဖျင်းကိုနှစ်သက်ပါ​သော်လည်း သူတို့မျက်နှာကိုနှိမ့်လျက် သူများတကာကို ဆက်တိုက်လိုက်စပ်စု​နေရခြင်းကို အနည်းငယ်မျက်နှာပူသလိုခံစားရ​လေသည်။ မျိုးဆက်သစ်များက အ​ရေပိုထူ​သော်လည်း သိပ်မစပ်စုကြ​ချေ။

ပိန်းပိတ်​အောင်​​မှောင်လျက် ငြိမ်သက်​သောညတွင် အရပ်ရှည်ရှည်နှင့် ​ချော​မော​သောအမျိုးသားမှာ သူ၏ဖုန်းကိုပိတ်လိုက်ပြီး​နောက် တဖက်လူကို အ​ကြွေးမတင်လိုစိတ်နှင့် ဆက်တိုက်အိမ်သန့်ရှင်း​လေးလုပ်​နေခဲ့​လေသည်။ သူက၄င်းကို တည်းခိုခအ​နေနှင့် မှတ်ယူထားခဲ့သည်။

​နောက်တစ်​နေ့တွင် ရှီကျားနိုးလာပြီး သူ၏အခန်းထဲမှထွက်ခါနီးတွင် ​ဖေးယွီ စိတ်လှုပ်ရှားစွာ​ပြေးလာသည်ကို​တွေ့လိုက်ရ​လေသည်။ ​

ဖေးယွီက သူ့အားအခန်းထဲသို့ပြန်ဆွဲ​ခေါ်လိုက်ပြီး တံခါးကိုပင်​လော့ချလိုက်​သေးသည်။ ၄င်းမှာမလုံ​လောက်​သေးဟုယူဆကာ ​မှော်အရံအတားကိုပင်ဖန်ဆင်းလိုက်​သေး၏။

ရှီကျားမ​မေးပဲမ​နေနိုင်ခဲ့​ချေ။

"မင်းငါ့ကိုတစ်ခုခု​ပြောစရာရှိ​ပေမယ့် ဆရာယဲ့က​တော့ကြားလို့မရဘူး​လား"

​ဖေးယွီ​ခေါင်းညိတ်လာခဲ့သည်။

ရှီကျား" မင်းရဲ့ဒီဟာ​တွေက ဆရာယဲ့မကြားရ​အောင် တကယ်တား​ပေးနိုင်လို့လား"

​ဖေးယွီ၏မျက်နှာမှာ​တောင့်တင်းသွားခဲ့​လေသည်။

"အဲ..ဘယ်လိုပဲဖြစ်ဖြစ်..ဒီလိုဆို​တော့ ငါလည်းစိတ်​အေးရတာ​ပေါ့...​ပြောပြမယ်...မင်းဒီမနက်နိုးလာ​တော့ မ​နေ့ညက 'ghosts knowတင်ထားတဲ့ ကမ္ဘာကြီးကိုတုန်လှုပ်စရာသတင်းကြီးကို​တွေ့ပြီးပြီလား"

ရှီကျားမှာထိုသို့​သောအရာများတွင် စိတ်၀င်စားမှုမရှိလှ​ချေ။

"မင်းတို့ရွှမ်းရွှယ်​လောကက အတင်းအဖျင်း​တွေက ငါနဲ့ဘာဆိုင်လို့လဲ"

​ပြော​ပြောဆိုဆိုနှင့် အခန်းထဲမှထွက်သွားရန်ပြင်လိုက်​လေသည်။

​ဖေးယွီကသူ့အားလက်ဆွဲကာ တားလာခဲ့သည်။

"ဒီတစ်​ခေါက်က ငရဲဘုရင်ယဲ့နဲ့ဆိုင်တာ..ငရဲဘုရင်ယဲ့မှာ ဇနီး​လောင်းရှိတယ်တဲ့..သူ့မှာတကယ်ကြီးဇနီး​လောင်းရှိတယ်တဲ့​လေ...ပြီး​တော့အငယ်ထဲက ​စေ့​စပ်​ကြောင်းလမ်းထားတာတဲ့..ဒီ​လောက်ဆိုးရွားတဲ့ ကြိုတင်စီစဥ်ထားတဲ့လက်ထပ်ပွဲမျိုး​လေဟမ်... ငါ့ဆရာကျဘာလို့ ငါ့အတွက်အဲလိုမစီစဥ်​ပေးထားရတာလဲ..ငါ့မှာခုထိရည်းစား​တောင်မရှိ​သေးဘူး"

ရှီကျားမှာ ခတ္တမျှနှုတ်ဆိတ်သွားမိ​လေသည်။

"ဆရာယဲ့မှာ ဇနီး​​လောင်းရှိတယ်လား"

​ဖေးယွီက တက်ကြွစွာဖြင့်wechat officialအ​ကောင့်ကိုဖွင့်ကာ ရှီကျားကိုပြလိုက်လသည်။

ထိုသတင်းကိုဖတ်ကြည့်ပြီး​နောက် ​ရှီကျား မျက်​မှောင်မကျုံ့မိဘဲမ​နေနိုင်ခဲ့​​ချေ။ ထို့​နောက်သူကတံခါးကိုဖွင့်ရင်းဆိုလိုက်သည်။

"အဲဒါဆရာယဲ့ကိစ္စ​လေ..မင်းတို့နဲ့ဘာဆိုင်လို့လဲ..ဘာလို့လဲမှန်း​တော့မသိ​ပေမယ့်..ဒါကသူတို့ကိုယ်​ရေးကိုယ်တာကိစ္စပဲကို ငါတို့.."

သူ၏​စကားသံမှာ တ၀က်တပျက်နှင့် ရပ်တန့်သွားခဲ့​လေသည်။ သူ၏မျက်လုံးအစုံမှာ တလက်လက်ရှင်းသန့်​တောက်​ပြောင်​နေ​သော ဧည့်ခန်းကိုကြည့်​နေခဲ့မိ​လေသည်။

အဖြူ​ရောင်​ကြွေပြားများမှာ ​​ပြောင်လက်​နေ​အောင်တိုက်ခံထားရ​လေသည်။ ​အောာက်ကိုငုံ့ကြည့်ပါက မှန်တစ်ချပ်အ​နေနှင့်ပင် ကြည့်၍ရနိုင်​လေသည်။ တစ်နှစ်​ကျော်ကြာ​စွဲကပ်​နေ​သော နံရံ​ပေါ်မှ ညစ်​ပေ​နေ​သော အစွန်းကွက်များမှာလည်း အနည်းငယ်မျှရှိမ​နေ​တော့​ချေ။ မျက်နှာကျက်​ထောင့်မှ ပင့်ကူအိမ်များနှင့်ဖုန်များလည်းရှိမ​နေ​တော့​ချေ။ ​ရေခဲ​သေတ္တာ​ပေါ်မှ သံ​ချေးကွက်များလည်း တာ့တာပြသွားခဲ့သည်။ တစ်​နှစ်​ကျော်မျှ​ခြောက်​သွေ့​နေခဲ့​သော လာဘ်၀ါးပင်များမှာလည်း ​ရေအသစ်များလဲလှယ်ထားကာ ရှင်သန်လိုစိတ်အပြည့်နှင့်မားမားမတ်မတ်ဖြစ်​နေခဲ့​လေသည်။

ရှီကျား မယုံနိုင်စွာပင် ​ဖေးယွီကိုလှည့်ကြည့်လိုက်မိလေသည်။


မင်းလုပ်ထားတာလား?

​ဖေးယွီမှာ သူ့မျက်လုံးများ၏အဓိပ္ပါယ်ကိုချက်ချင်းနားလည်လျက် မျက်လုံးနှင့်ပင် ပြန်​ဖြေလာခဲ့​လေသည်။

ငါမဟုတ်ဘူး..ဘာ​တွေဖြစ်ကုန်တာလဲ...ငါအ​စောကသတိ​​တောင်မထားမိလိုက်ဘူး​ရော်...

ထိုစဥ်မီးဖို​ချောင်ထံမှ ​​မွှေးကြိုင်​သောရနံ့တစ်ခုပျံ့လွင့်လာခဲ့​လေသည်။ ထိုအနံ့ကိုရှုရှိုက်မိ​လျှင် ရှီကျား တံ​တွေးမမြိုချမိပဲမ​နေနိုင်ခဲ့​ချေ။ ​ဖေးယွီမှာ စိတ်လှုပ်ရှားစွာဖြင့် မီးဖို​​ချောင်သို့​ပြေး၀င်သွားနှင့်ပြီးဖြစ်သည်။

"ဘာ​တွေဖြစ်​နေတာတုန်း..မင်းချက်​နေတာလား..အစ်ကိုကျား​ရေ..မင်းခုမှနိုးတာမဟုတ်ဘူးလား"

​မီးဖိုခန်းသို့​​ခြေချချမိခြင်းမှာပင် ​ဖေးယွီ ​အေးခဲရပ်တန့်သွားခဲ့​လေသည်။

​အရပ်မြင့်မြင့်နှင့် ​ချော​မော​သောအမျိုးသားမှာ မီးဖို​ချောင်ထဲမှထွက်လာပြီး ဟင်းပန်းကန်များကို စားပွဲ​ပေါ်တင်ငြိမ်စွာတင်လိုက်​လေသည်။​ ​​ဖေးယွီကိုမြင်သော် ​ခေါင်းညိတ်ပြလျက် မထူးမခြားနားစွာဆိုလာခဲ့သည်။

"တာအို​ရောင်းရင်း​ဖေး"

ထို့​နောက်သူသည်မလှမ်းမကမ်းမှရှီကျားကိုလှည့်ကြည့်လိုက်​လေသည်။

"မ​နေ့ညကမင်းကိုအ​နှောင့်အယှက်​ပေးမိပြီ"

​ဖေးယွီ၏​ခြေ​ထောက်တို့တုန်ရီလျက် ​နောက်သို့ အလိုအ​လျောက်လှည့်ကြည့်လိုက်မိ​လေသည်။ သူကရှီကျား​ဘေးသို့အလျင်အမြန်​ပြေးသွားပြီး တီးတိုးဆိုလိုက်​လေသည်။

"မ​ကောင်း​တော့ဘူး..ငါငရဲဘုရင်ယဲ့ရဲ့ မျက်နှာကိုကြည့်ပြီး တစ်စားပွဲထဲမစားမနိုင်ဘူး..ငါအပြင်သွားပြီး ​ဖြေရှင်းလိုက်ဦးမယ်..ငရဲဘုရင်ယဲ့နဲ့တစ်စားပွဲထဲစားဖို့က ​တွေးရုံနဲ့​တောင်​ကြောက်ဖို့​ကောင်းလွန်းတယ်..အစ်ကိုကျား​ရေ..ငါတကယ်မတတ်နိုင်​လို့..မင်းပဲစားလိုက်​တော့​နော်.."

ထို့​နောက်​ဖေးယွီမှာ သူ၏တုန်ယင်​နေ​သော ​ခြေ​ထောက်များကိုခိုင်မာစွာရပ်လျက် ​ဖြောင့်မတ်စွာ ​ဆိုလာခဲ့သည်။

"အခု​လေးတင် ကျွန်​တော့်သံလိုက်အိမ်​မြှောင်က အနီးအနားမှာ မ​ကောင်းဆိုး၀ါး၀ိညာဥ်ကိုအာရုံခံမိသလိုပဲ..သွား​ဖြေရှင်းလိုက်ပါဦးမယ်..အဲ တာအို​ရောင်းရင်းယဲ့.. အစ်ကိုကျား..မင်းတို့စားနှင့်ကြ​နော်..ဖြည်းဖြည်းချင်းစားကြပါ"

​ပြောပြီးသည်နှင့် ​ဖေးယွီမှာ အလင်းအလျင်နှင့်​ပြေးထွက်သွား​တော့သည်။

ရှီကျား"..."

ယဲ့ကျင်းကျီ"..."

ရှီကျားက​မေးလိုက်သည်။

" ဆရာယဲ့က ယင်စွမ်းအင်​တွေကို သာမာန်မျက်စိနဲ့မြင်နိုင်တယ်လို့ကြားမိတယ်..ဒီအနီးအနားမှာ သရဲ​တွေများ​တွေ့မိ​သေးလား.."

ယဲ့ကျင်းကျီ ခတ္တမျှတိတ်ဆိတ်​နေခဲ့သည်။

"အဲဒီအမြင်အာရုံကဒီ​နေ့အလုပ်မလုပ်ဘူးထင်တယ်.."

ရှီကျားရယ်ချင်စိတ်ကို ​အောင့်ထားလိုက်မိ​လေသည်။

ဆရာသခင်အတု​လေး​​ဖေးမှာ အလျင်စလိုထွက်​ပြေးရန် ​တွေ့ကရာဆင်​ခြေကို​ပေးသွားခဲ့သည်။

ဆရာယဲ့​တောင်သရဲကိုမ​တွေ့တာကို သူကဘယ်နားမှာသွားရှာမှာပါလိမ့်..

​ဖေးယွီ ဆက်မ​နေရဲ​တော့ဘဲထွက်​ပြေးသွားခဲ့​လေရာ ရှီကျားနှင့် ယဲ့ကျင်းကျီသာလျှင် ထမင်းစားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်လျက်ကျန်ခဲ့​လေသည်။ အစပိုင်းတွင် ရှီကျား သူ၏တူကို​ကောက်မကိုင်ရဲခဲ့​ချေ။ သူ၏​ရှေ့မှဟင်းပွဲများမှာ အလွန်​မွှေးကြိုင်ပြီး စားချင်စဖွယ်​ကောင်းလှ​သော်လည်း..

ဆရာယဲ့ကတကယ်ချက်တတ်တယ်​ပေါ့...

တစ်လုတ်မျှစားပြီး​နောက်ရှီကျား၏မျက်လုံးတို့ပြူးကျယ်သွားလျက် သူ၏​တူကို​နောက်တစ်ကြိမ်မလှုပ်ရှားမိပဲမ​နေနိုင်ခဲ့​ချေ။

မ​မျှော်လင့်ထားစွာပင် စားပွဲ​ပေါ်မှ ဟင်းအားလုံးမှာအ​ပြောင်ရှင်းခံလိုက်ရကာ ၄င်းမှာ မည်မျှအရသာရှိလှ​ကြောင်း ပြသ​နေခဲ့​လေသည်။

ဆံပင်နက်နှင့်လူရွယ်​လေးမှာ စားပွဲတွင်ထိုင်လျက် ဗိုက်တင်းသည်အထိစား​သောက်​နေခဲ့​လေသည်။ သူယခု​လေးတင်ဖတ်လိုက်ရ​သော သတင်း​ကိုပြန်သတိရမိ​သော် သူမ​တွေးမိပဲမ​နေနိုင်ခဲ့​ချေ။

ဆရာယဲ့ရဲ့မိန်းမဖြစ်လာမယ့်သူက​တော့ ဒီလက်ရာတစ်ခုတည်းနဲ့ကို ဘ၀မှာ​အောင်မြင်မှုကြီးကိုဆွတ်ခူးနိုင်ပြီးသားပဲ...

သို့​သော်သူ​နောက်တစ်ခုကိုသတိရသွားမိ​လေသည်။

"ဆရာယဲ့..ခင်များအိမ်ကိုကူရှင်း​ပေးထားတာလားဟင်"

ယဲ့ကျင်းကျီမှာ​လေသံနိမ့်နိမ့်ဖြင့်ပြန်​ဖြေလာခဲ့​လေသည်။

"မင်းကို​ကျေးဇူးတင်လို့ပါ"

ရှီကျားမှာ ဘာမှမဆိုနိုင်ပဲတိတ်ဆိတ်​နေပြီး​နောက် သူ၏​ရှေ့မှ လူကိုကြည့်ကာ ရင်ထဲက​တွေးလိုက်မိသည်မှာ ရွှမ်းရွှယ်​လောက၏နံပါတ်၁ဆရာသခင်ကိုကြည့်လျက် ထိုအမျိုးသားမှအလွန်အထီးကျန်ပုံ​ပေါ်လှသည်ဟု မ​တွေးမိဘဲမ​နေနိုင်ခဲ့​ချေ။ ထို့အပြင် အနည်းငယ် သနားကြင်နာဖွယ်လည်း​ကောင်း​နေခဲ့​လေသည်။

သတင်းထဲတွင်​ဖော်ပြထားချက်အရ ဆရာယဲ့ဆရာဖြစ်သူမှာ လွန်ခဲ့​သော ၁၉နှစ်ကပင်ရွှမ်းရွှယ်​လောက၏ငြိမ်းချမ်းမှုအတွက် နှစ်တစ်​ထောင်မိစ္ဆာကိုရှင်းလင်းရင်း အသက်​ပေးသွားခဲ့သည်ဟုပင်။ ထိုစဥ်ကဆရာယဲ့မှာ ၆နှစ်မျှသာရှိ​သေးသည်။ သူ၏ဆရာဖြစ်သူရုတ်ချည်းဆုံးပါးသွားပြီး​နောက် ဆရာယဲ့မှာ တခြားမည်သည့်ဂိုဏ်များကိုမှ မ၀င်ခဲ့ဘဲသူ၏ဆရာဖြစ်သူ၏ဂိုဏ်းကိုသာဆက်လက်​စောင့်​ရှောက်​ခဲ့​လေသည်။

သူတို့၏ဂိုဏ်းမှာ တပည့်အသစ်များလက်ခံခြင်းတွင် အလွန်တင်းကြပ်လှကာ ထုံးစံအရလည်းတိုက်ရိုက်တပည့်မျိုးဆက်တစ်ခုတည်းသာရှိခဲ့​လေသည်။

ထို့​ကြောင့် ဆရာယဲ့မှာအသက်၆နှစ်အရွယ်ကတည်းကပင် တစ်​ယောက်တည်း​နေပြီး တစ်​ယောက်တည်း​လေ့ကျင့်ခဲ့ရ​လေသည်။ သူသန်မာလာပြီး​နောက်တွင်မူ ရွှမ်းရွှယ်​လောက၏ထိပ်ဆုံးကိုတန်း၍​ရောက်ရှိလာခဲ့ပြီး မည်သူမျှသူ့အနားကိုပင် မကပ်ရဲခဲ့ကြ​ချေ။

ဤသို့​သောလူတစ်​ယောက်မှာ မိစ္ဆာစိတ်​ပေါက်သွားရမည့်အစား စံပြ​ပုဂ္ဂိုလ်တစ်​ယောက်ဖြစ်လာခြင်းမှာ အမှန်တကယ်ချီးကျူးစရာ​ကောင်းလှ​လေသည်။

ရှီကျား၏နှုတ်ခမ်းမှာ ပိတ်လိုက်ဖွင့်လိုက်ဖြစ်​နေခဲ့​သော်လည်း ဘာ​ပြောသင့်မှန်း စဥ်းစားမရခဲ့​​ချေ။ သို့​သော် ယဲ့ကျင်းကျီက သူ၏တူကိုအသာချလိုက်ပြီး ​လေသံနိမ့်နိမ့်နှင့် ဆိုလာသည်ကိုကြားလိုက်ရ​လေသည်။

"မင်းရဲ့ကွဲသွားတဲ့​မောက်ထိုင်​ကျောက်ကို ထျန်းကုန်းပွဲကြည့်စင်က သူငယ်ချင်းကို​ပေးပြီးပြင်ခိုင်းထားတယ်..၂ရက်အတွင်းပြင်လို့ပြီးမှာပါ..မင်းလည်း 'Ghosts know'ကို followထားတယ်လို့ကြားတယ်..မော့သို့ရပြီးပြီလား"

ရှီကျား​ခေါင်းခါလိုက်​လေသည်။

"ကျွန်​တော်လိပ်စာကိုမ​ဖြည့်ထားဘူး"

ယဲ့ကျင်းကျီ​ခေါင်းအသာညိတ်လိုက်​လေသည်။

"မင်း မော့သို့တစ်ခု၀ယ်ချင်ရင် pointနှစ်ဆယ်လိူတယ်..မင်းလိပ်စာကိုဖြည့်လိုက်လို့ရတယ်..အချိန်ကျရင် ထျန်းကုန်းပွဲကြည့်စင်ကလူ​တွေကို မင်းရဲ့​မောက်ထိုင်​ကျောက်နဲ့ မော့သို့ကိုအတူပို့ခိုင်းလိုက်လို့ရတယ်"

ရှီကျားမှာ ရွှမ်းရွှယ်​လောကမှအ​ရေးများထဲမပါ၀င်လို​ချေ။ 'ghosts know'အ​ကောင့်ကိုfollowပြီး​နောက်တွင်လည်း သူသည်တစ်ခါမှအတင်းအဖျင်းများ​အောက်​ကောမန့်၀င်မ​ပေးတတ်ပဲ တခါတရံ ပျင်းရိ​နေ​သောအခါမှ ​လျှောက်ကြည့်ရုံမျှသာဖြစ်သည်။ သို့​သော်မည်သည့် pointများကိုလည်းဖြုန်းတီး​နေခြင်းမရှိ​ချေ။ မော့သို့တစ်ခုမှာ point ၂၀​ဆီကုန်ကျ​လေသည်။ ​ဖေးယွီမှာ ထိပ်ဆုံး၁၀​ယောက်ထဲမှဖြစ်ကာ တစ်လတွင် အလွန်ဆုံး point 100နီးပါးသာရရှိနိုင်​လေသည်။ ထိုသို့ဆိုလျှင် မော့သို့မှာအမှန်တကယ်​စျေးကြီးသည်ဟုဆိုနိုင်​လေသည်။

ရှီကျားမှာ သူ၏လိပ်စာကိုလျင်မြန်စွာဖြည့်လိုက်ပြီး တဖက်မှသူ့ထံပစ္စည်းပို့လာမည်ကို​စောင့်ဆိုင်း​နေလိုက်​တော့သည်။

(TN-အလကားရမယ့် မော့သို့ကpoint နှစ်ဆယ်တန်တယ်မှန်းသိလိုက်ရ​တော့လိုချင်သွားတာပါ)

အ​ကြောက်လွန်သွား၍လားမဆိုနိုင် ​ဖေးယွီမှာပြန်မလာခဲ့​ချေ။ ည​နေခင်း​လောက်မှသာ သူသည်wechatမှစာပို့လာခဲ့​လေသည်။

:【 မ​ကောင်းဆိုး၀ါး၀ိညာဥ်တစ်​ကောင်နဲ့တိုး​နေတာ သူ့အဆင့်ကအ​တော်မြင့်တယ်..သူ့ကိုခဏလိုက်ဖမ်းလိုက်ဦးမယ်..ညစာစားဖို့မ​စောင့်နဲ့​တော့​နော်】

ရှီကျားမှာ မျက်နှာ​သေနှင့်ပင် တဖက်လူ၏ရည်ရွယ်ချက်ကို​ဖော်ထုတ်လိုက်​လေသည်။

【 အင်း ဆရာယဲ့အခန်းထဲအနားယူဖို့၀င်သွား​တော့မှ မင်းကို​ခေါ်လိုက်မယ် 】

​ဖေးယွီမှာလွန်စွာ​ကျေးဇူးတင်မိ​လေ​​တော့သည်။

【 အစ်ကိုကျားက ညီအစ်ကို​ကောင်းပီသချက်ပဲ!!! 】

စား​သောက်ပြီးသည်နှင့် ရှီကျားက ပန်းကန်​ဆေးရန်ပြင်လိုက်​သော်လည်း ​ဖေးယွီကိုစာပို့ရန်ရပ်သွားခဲ့​လေသည်။ သူမီးဖို​ချောင်ထဲ၀င်သွားလိုက်ချင်တွင် ယဲ့ကျင်းကျီမှာ ​ဘေစင်ကိုမျက်နှာမူကာ ​ခေါင်းငုံ့​နေသည်ကို​တွေ့လိုက်ရ​လေသည်။ သူသည်အနက်​ရောင်ကုတ်အင်္ကျီရှည်ကို၀တ်ဆင်ထားကာ သူ၏ဖီးနစ်မျက်၀န်းတို့က ​​​အောက်သို့နိမ့်​နေခဲ့သည်။ သရဲများကိုဖမ်းဆီး​နေကြ ရှည်သွယ်၍ကြည့်​ကောင်း​သော လက်​ချောင်းများမှာ ယခုမူပန်းကန်များနှင့် တူများကို သန့်ရှင်း​အောင် အားထုတ်ပွတ်တိုက်​နေကြ​လေသည်။

သူတစ်ခါမှမထိခဲ့​သော ​စောင်​ခေါက်လိုပင် ရှီကျားမှာအလွန်ရင်ထဲမ​ကောင်းဖြစ်သွားမိ​လေသည်။ သူသည်ဆရာယဲ့အား သူ၏အိမ်တွင်သက်​တောင့်သက်သာ​နေရ​စေရန်ဖိတ်​ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့​သော်တဖက်အမျိုးသားမှာတစ်ညလုံးမအိပ်ပဲ တစ်အိမ်လုံးကိုသန့်ရှင်းကာ အစားအ​သောက်များပါချက်ပြုတ်​ပေးပြီး ယခုမူပန်းကန်များကိုပါ ​ဆေး​ကြော​နေ​သေးသည်။

ရှီကျားနှင့်​ဖေးယွီမှာ တစ်​ယောက်ကိုတစ်​ယောက် ရက်အနည်းမျှသိလာပြီးဖြစ်သည်။ အစတည်းက ဆရာသခင်အတု​လေး​ဖေးမှာ အလိုလိုက်ခံထားရ​သော အကြီးဆုံးသခင်​လေးဘ၀နှင့်​နေထိုင်လာသူဖြစ်​လေသည်။ ပန်းကန်​ဆေးရန်မဆိုထားနှင့် ဆားနှင့်သကြားကိုပင်ခွဲခြားမသိ​ချေ။ သူသည်စားပွဲတွင်ထိုင်လျက် တူကိုကိုင်ကာ အစားအ​သောက်ပြင်သည်ကို ​စောင့်​နေကျသူဖြစ်သည်။ သို့​သော်ဤငရဲဘုရင်ယဲ့ဟု​ခေါ်သူမှာ သူ၏ ညင်သာမူနှင့် ဂရုတစိုက်ရှိမှုတို့ကအမည်နှင့်မလိုက်ဖက်​ချေ။ သူကအလွန်​အေးစက်စိမ်းကားပုံ​ပေါ်​​သော်လည်း သူများတကာမလုပ်ချင်သည်တို့ကို တိတ်တဆိတ်လုပ်ကိုင်​ပေး​နေတတ်ပြန်သည်။

ယင်စွမ်းအင်ပြင်းထန်​သောလူစိမ်းတစ်ဦးနှင့်ဆုံခဲ့လျှင် သူ၏ကိုယ်ပိုင်​​မှော်လက်နက်ကို ငှား​ပေးလိမ့်မည်။ ထို့​နောက်တပါးသူပြဿနာကို​ဖြေရှင်း​ပေးရန် အစွမ်းကုန်သုံးကာ ကြိုးစား​ပေးလိမ့်မည်။

မျှမျှတတဆိုရလျှင် ယဲ့ကျင်းကျီ​နေရာတွင် ရှီကျားကိုယ်တိုင်သာဖြစ်ခဲ့ပါက သူသည်ထိုမျှအတိုင်းအတာအထိကူညီ​ပေးလိမ့်မည်မဟုတ်​ချေ။ သို့​သော်ယဲ့ကျင်းကျီမှာမူ သူ့ကိုဤမျှဒုက္ခရှာ၍ကူညီ​ပေး​နေခဲ့သည်။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ စံပြ​​မော်ဒယ်ဟူ​သော ပညတ်ချက်ထက်ပင်ထိုက်တန်လှ​လေသည်။

ရှီကျားမှာ ​ဘေစင်​ရှေ့သို့​လျှောက်သွားကာ ​ဘေးတွင်ရပ်လိုက်ပြီးပန်းကန်များကို​ဆေးရန်​ကောက်ယူလိုက်​လေသည်။

ယဲ့ကျင်းကျီ ခေါင်းကို​မော့လျက် သူအဘယ်​ကြောင့် ပန်းကန်များကိုလာ​​ဆေး​နေသည်ကို နားမလည်သည့်အလားကြည့်လာခဲ့​လေသည်။

ရှီကျား၏နှုတ်ခမ်း​​ထောင့်စွန်းတို့မှာမြင့်တက်သွားလျက် သူ့ကိုပြုံးပြလိုက်​လေသည်။

ယဲ့ကျင်းကျီ သူတင်းစွာ​စေ့ပိတ်ထား​သောနှုတ်ခမ်းကိုဟလိုက်မိ​ပြီးမှပြန်ပိတ်လိုက်မိ​လေသည်။ သူကဘာမျှမဆို​တော့ပဲ ​ခေါင်းကိုငုံ့ကာပန်းကန်များကိုဆက်လက်​ဆေး​ကြော​လိုက်​လေသည်။

ည​နေခင်း ယင်နှင့်ယန်ညီမျှ​သောအချိန်တွင် ယဲ့ကျင်းကျီမှာ ဗုဒ္ဓအ​ဆောင်​လေးအ​ပေါ် မန္တာန်များရွတ်ဖတ်​သန့်စင်​​ပေးလာခဲ့​လေသည်။

"ဒီဗုဒ္စအ​​ဆောင်​လေးက ၀မ်ရှို့ဘုရား​ကျောင်း​တော်ရဲ့ပျံလွန်​တော်မူသွားတဲ့ဆရာ​တော်ကြီး ပူခူးဖန်တီးခဲ့တဲ့ အ​​ဆောင်၄ခုထဲကတစ်ခုပဲ..ပျံလွန်​တော်မမူခင်ကျတာ့ ဆရာ​တော်ပူခူးက ဗုဒ္ဓသင်ကြားခြင်းကိုကျင့်ကြံခဲ့တာ​ပေါ့..သူ့ရဲ့အ​ဆောင်​တွေက​တော့ တူနဲ့ထုရင်​တောင် မကွဲနိုင်ဘူး..ပြီး​တော့ဗုဒ္ဓ​ရောင်၀ါက ကမ္ဘာ​ပေါ်ကမ​ကောင်းတဲ့အရာမှန်သမျှကိုဖိနှိပ်နိုင်တယ်..ဒါ​ကြောင့် ၄၉ရက်တိတိသန့်စင်​ပေးပြီးတဲ့အခါကျရင် ဒီအ​ဆောင်​လေးက မင်းရဲ့ယင်စွမ်းအင်ကို ဖိနှိပ်​ပေးနိုင်လိမ့်မယ်..ဒါ​ပေမယ့်သက်​ရောက်မှုက​တော့ မင်းရဲ့အရင်က ​မောက်ထိုင်​ကျောက်နဲ့​ပြောင်းပြန်ပဲ"

ရှီကျား​မေးလိုက်သည်။

"ဆန့်ကျင်ဘက်လား"

ယဲ့ကျင်းကျီ​ခေါင်းညိတ်လိုက်သည်။

"အင်း..မင်းရဲ့​မောက်ထိုင်​ကျောက်က ယင်စွမ်းအင်ကို ဖုံးထားပြီး ကာကွယ်ထား​ပေးတယ်..ဒါ​ပေမယ့်ဒီဗုဒ္ဓအ​ဆောင်​လေးက မင်းရဲ့ယင်စွမ်းအင်​တွေကိုတား​ပေးမှာမဟုတ်ပဲ မင်းနားကိုကပ်လာတဲ့မ​ကောင်းဆိုး၀ါး၀ိဥာဥ်​တွေကိုပဲတား​ဆီး​ပေးမှာ..အတိအကျဆိုရင် ဒီအ​​ဆောင်​လေးက မင်းကိုယ်ကိုအရံအတားတစ်ခုလုပ်ထား​ပေးပြီး မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေကမင်းကို အာရုံမခံနိုင်​​အောင်လုပ်​ပေးတာ..ဒါ​ပေမယ့်မင်းဆန္ဒရှိရင် အဲဒီအတားအဆီးကိုဖယ်လို့လည်းရတယ်"

ရှီကျားနားလည်သွားခဲ့​လေသည်။ ​မောက်ထိုင်​ကျောက်ကိုအသုံးပြု​နေစဥ်တွင် သူသည်သာမာန်လူတစ်ဦးဖြစ်လာပြီး ယင်စွမ်းအင်များမှာလည်း သူ၏ကိုယ်ထဲတွင်ဖိနှိပ်ခံထားရလိမ့်မည်။ ဤဗုဒ္ဓအ​ဆောင်ကမူ သူ၏ကိုယ်ပိုင်ယင်စွမ်းအင်ကိုဖိနှိပ်​ပေးမည်မဟုတ်ပဲ အပြင်မှမ​ကောင်း​သောအရာများက ထိုယင်စွမ်းအင်ကို မထိ​တွေ့နိုင်​အောင် တားမြစ်​ပေးခြင်းမျိုးဖြစ်​လေသည်။


👻