👻Chapter 19
Viewers 3k

👻Chapter 19



လုပ်စရာရှိသည့်ကိစ္စကိုအချိန်ဆွဲ​နေ၍မရ​ချေ။ ယဲ့ကျင်းကျီက လက်ဖ၀ါးကိုလှန်လျက် ခရစ်စတယ်နှယ်ကြည်လင်​​သော အ​​ဆောင်​လေးကို သူ၏လက်ဖ၀ါး​ပေါ်သို့တင်လိုက်​လေသည်။ သူကရှီကျားကိုကြည့်လိုက်သည်။ ရှီကျားမှာ အနည်းငယ်တုန်လှုပ်သွားမိလျက် သူ့ကိုပြန်ကြည့်လာခဲ့သည်။ ခတ္တမျှအကြာတွင် ယဲ့ကျင်းကျီက ရှီကျား၏လက်ကိုတိုက်ရိုက်ဆွဲယူကာ သူ၏လက်ဖ၀ါး​ပေါ်သို့တင်လိုက်​လေသည်။

ရှီကျား၏မျက်လုံးတို့ပြူးကျယ်သွားခဲ့​လေသည်။

"ဆရာယဲ့"

ယဲ့ကျင်းကျီကဆိုသည်။

"အခု ဒီအ​ဆောင်​လေးအတွက် ရွတ်ဖတ်သန့်စင်​ပေး​တော့မယ်"

ရှီကျား "...လက်​တွေကိုကိုင်ထားရင်း ရွတ်ရမှာလား"

ယဲ့ကျင်းကျီက​ခေါင်းညိတ်လိုက်ပြီးသူ၏အမူအယာမှာ ခိုင်မာ​နေခဲ့​လေသည်။

ရှီကျား"..."

ဘယ်လို​မှော်ဆန်တဲ့နည်းလမ်းမျိုးပါလိမ့်...

သို့​သော်ရှီကျား ​စောဒကမတက်နိုင်ခင်မှာပင် ၀မ်ဟူ​သော တုန်ခါသံတစ်ခုနှင့် ညင်သာ​သောအရှိန်အ၀ါတစ်ခုက သူ၏လက်ဖ၀ါးမှတစ်ဆင့်ဦး​ခေါင်းသို့တိုင် ပျံ့နှံ့လာခဲ့​လေသည်။ ရုတ်ချည်းသူ၏​ခေါင်းထဲတွင် ဓမ္မ​တေးတစ်ပုဒ်ကိုကြားလိုက်ရ​လေသည်။ မ​ရေတွက်နိုင်​သော စီနီယာဘုန်း​တော်ကြီးများမှာ တူညီ​သော ဘုရားစာတစ်ခုကိုပြိုင်တူရွတ်ဖတ်​​နေကြ​လေသည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ ငြိမ်သက်သွားလျက် ဘုရားစာရွတ်ဖတ်သံများကိုသာကြား​နေရ​လေသည်။

ရှီကျားမှာထိုသာယာ​အေးချမ်းသော စိတ်၀ိညာဥ်ဘုံတွင် နစ်​မြော​နေခဲ့မိ​လေသည်။ တဖြည်းဖြည်းချင်း ခပ်နိမ့်နိမ့်အမျိုးသား၏​လေသံကိုသူကြားလိုက်ရ​လေသည်။ သူ၏မျက်လုံးကိုဖွင့်လိုက်သည်။ ​​ချော​မော၍ အထီးကျန်​လှ​သောအမျိုးသားမှာ သူ၏မျက်ခုံးရှည်ရှည်တို့ကို တွန့်ချိုးလျက် အာရုံစိုက်ကာ အသံတိုးတိုးနှင့် ရွတ်ဖတ်​နေခဲ့​လေသည်။

ယဲ့ကျင်းကျီ၏ လက်ညှိုးမှာ သူ၏နှုတ်ခမ်း​ပေါ်သို့ဖိထားခဲ့သည်။ သူ၏နှုတ်ခမ်းကိုလှုပ်ရှားလိုက်တိုင်းမှာပင် ​ရွှေ​ရောင်အက္ခရာစာလုံးများက သူ့နှုတ်ခမ်းကြားမှထွက်လာပြီး သူတို့၂ဦး၏ထပ်​နေ​သော လက်ဖ၀ါးများ​ပေါ် ​ရောက်ရှိလာခဲ့​လေသည်။ ​နွေး​ထွေး​သော​ရွှေ​ရောင်အက္ခရာစာလုံးများမှာ ရှီကျား၏လက်ဖ၀ါးထဲသို့တိုး၀င်​ပျောက်ကွယ်သွားကြသည်။ တဖြည်းဖြည်းချင်း အ​ဆောက်လက်ဖွဲ့ထံမှ ​အေးစက်စက်အထိအ​တွေ့မှာ ​မေ့​လျော့ခံလိုက်ရပြီး ရှီကျားမှာ သူထိထား​သောလက်ဖ၀ါးမှတဆင့် တဖက်လူ၏အပူချိန်ကိုခံစား​နေရ​လေသည်။

ယဲ့ကျင်းကျီ၏လက်ဖ၀ါးမှာ အလွန်ပူ​ကာ ၄င်းမှာသူ၏​အေးတိ​အေးစက်ခံစားချက်မဲ့​သော အသွင်အပြင်နှင့်ဆန့်ကျင်ဖက်ဖြစ်​လေသည်။ ရှီကျားမှာ အနည်းငယ်ကြာကြာစိုက်မကြည့်ပဲမ​နေနိုင်ခဲ့​ချေ။ ရုတ်ချည်းသူအံ့အားသင့်စွာ အာ​မေဋိတ်သံပြုလိုက်မိ​လေသည်။ ယဲ့ကျင်းကျီ သူ၏လက်ဖ၀ါးအားဆုပ်ကိုင်ထားမှုကိုတင်းကြပ်လိုက်၍ပင်။

"ရွတ်ဖတ်​နေတုန်း အ​ဆောင်ကပူလာတတ်တယ်..ရှီ..ရှီကျားခဏ​လောက်သည်းခံ​နော်"

လက်၂ဖက်မှာ တင်းကြပ်စွာချိတ်ဆက်​နေခဲ့ကြပြီး နာရီ၀က်ခန့်အကြာတွင် ရွတ်ဖတ်မှုမှာ ပြီးဆုံးသွား​လေ​တော့သည်။

ထို့​နောက်ရှီကျား ထိုဗုဒ္ဓအ​ဆောင်ကို လည်တိုင်တွင် ပြန်ဆွဲလိုက်​လေသည်။ ထင်ထားသလိုပင် ခံစားချက်မှာကွဲပြား​လေသည်။ ဤတစ်ကြိမ်တွင်​လေထုထဲတွင် ခပ်​ဖျော့​ဖျော့ရစ်၀ဲ​​နေ​သော ယင်စွမ်းအင်ကိုသူခံစားမိနိုင်ဆဲဖြစ်သည်။ မ​နေ့ကအထိယင်စွမ်းအင်များမှာ သူ့ထံတုန့်ဆိုင်းခြင်းမရှိ​ပြေး၀င်လာဆဲဖြစ်​သော်လည်း ယခုတွင်မူ ယင်စွမ်းအင်များမှာ ခတ္တမျှတွန့်ဆုတ်​နေပုံဖြင့်သူ၏အနားတွင်ရစ်ပါတ်​နေပြီးမှ ​ပျော်ရွှင်စွာ​ပြေး၀င်လာခဲ့​လေသည်။

ရွှမ်းရွှယ်​လောကတွင် ယင်စွမ်းအင်ကို ဗလာမျက်စိဖြင့်မြင်နိုင်သည့်တစ်ဦးတည်း​သောသူ ဆရာယဲ့ကဆိုလာခဲ့သည်။

"၄၉ရက်ပြည့်ပြီးရင် သူတို့ပြန်လာ​တော့မှာမဟုတ်ဘူး"

ရှီကျားပြုံးလျက်​ခေါင်းညိတ်လိုက်​လေသည်။

"​ကျေးဇူးပါ ဆရာယဲ့"

ဤသည်မှာ မန္တာန်ရွတ်ဖတ်ရုံမျှသာဖြစ်သည်။ ညအချိန်ယဲ့ကျင်းကျီအခန်းထဲပြန်သွားသည်နှင့် သူ ​ဖေးယွီကိုစာပို့လိုက်​လေသည်။ခတ္တမျှအကြာ ​ဖေးယွီပြန်လာပြီး စိတ်လှုပ်ရှားစွာဆိုလိုက်​လေသည်။

"အစ်ကိုကျား​တွေ့ပြီးပြီလား..'ghosts know'က သတင်း​တွေအတွဲလိုက်တင်​နေတာ​လေ...ဒီ​နေ့လည်း ငရဲဘုရင်ယဲ့ရဲ့ မင်္ဂလာကိစ္စပဲထပ်တင်ထားတာ"

ရှီကျား ၄င်းကိုစိတ်၀င်စားခြင်းမရှိစွာ သူ့ကိုယ်သူလက်ဖက်ရည်ကြမ်းတစ်ခွက်သာငှဲ့​နေခဲ့​လေသည်။

​ဖေးယွီက အ​လျော့မ​ပေးခဲ့​ချေ။

"ဒီတစ်ခါက​တော့ ထိုက်ကျိ​ကျောင်းကစီနီ​ယောက်တစ်​ယောက်က..အဲ မင်းထိုက်ကျိ​ကျောင်းကိုသိတယ်မလား..သူတို့က ​ဗေဒင်​​ဟောတာကိုအဓိကကျင့်ကြံတဲ့​ကျောင်း​လေ...အရင်​ခေတ်​တွေတုန်းကဆို သူတို့က ဘုရင်​တွေ အင်ပါယာ​တွေအတွက် နက္ခတ်တာစာပညာရှင်​တွေဖြစ်ခဲ့ဖူးတာ..ဒီတစ််ခါထိုက်ကျိ​ကျောင်းက စီနီယာတစ်​ယောက်က 'ghosts know'ကိုသတင်း​ပေးလာတာ...​သရဲဘုရင်ယဲ့ကသူ့အနာဂါတ်ဇနီး​လောင်းနဲ့ လူချင်း​တွေ့ပြီးကြပြီတဲ့...အခု ထိုက်ကျိ​ကျောင်းကတပည့်​တွေအကုန် ကံကြမ္မာကိုတွက်ချက်​နေကြပြီ..ငရဲဘုရင်ယဲ့ရဲ့ ဇနီး​လောင်းဖြစ်လာတဲ့အထိ ကံမ​ကောင်းရှာတဲ့ မိန်းက​လေးကိုဘယ်သူမှန်း သိချင်လို့​လေ"

ရှီကျား" မင်းတို့ရွှမ်းရွှယ်​လောကကလူ​တွေက အ​တော်အား​နေကြတာလား..အ​တော်လုပ်စရာမရှိလို့ သူများတကာအတင်းအဖျင်းကို​တောင်တွက်ချက်​ပေး​နေကြတယ်​ပေါ့...မနက်ဖြန်ထွက်မယ့်ထီနံပါတ်ကို​ဟော​ပေးနိုင်ရင်​တောင် လူတစ်​ယောက်ရဲ့အိပ်မက်ဆန္ဒ​လေးပြည့်၀သွားဦးမယ်..ဒါ​ပေမယ့်သူများတကာအတင်းအဖျင်းကိုတွက်ပြီးဘာလုပ်ဖို့လဲ"

​ဖေးယွီက ချက်ကျလက်ကျဆိုလာခဲ့​လေသည်။

"ထိုက်ကျိ​ကျောင်းကတပည့်​တွေက သရဲဖမ်းတဲ့​နေရာမှာမ​တော်ဘူး​လေ..​တ​နေကုန် သဲ​လေးဖြူး လိပ်ခွံ​လေးလှည့်ပြီး ကံပဲတွက်​နေရတာ..သူတို့သာ ငရဲဘုရင်ယဲ့ရဲ့ဇနီး​လောင်းကို​ဖော်နိုင်ပြီး​တော့ 'ghosts know'ကိုသတင်း​ပေးနိုင်ခဲ့ရင် point​တွေအများကြီးရမှာ​လေ..ဟင်း..ငါလည်းကံကြမ္မာ​လေးဘာ​လေးတွက်တတ်ရင် ဘယ်​​လောက်​တောင်မှ​ကောင်းလိမ့်မလဲ အာ.."

ရှီကျား"...."

မင်းက ကံကြမ္မာပါတွက်ချင်​သေးတယ်​ပေါ့...

"​သြော် ဟုတ်သား အစ်ကိုကျား ..ငါမနက်ဖြန် မြို့​တော်ကိုပြန်ဖို့ ​လေယာဥ်စီစဥ်ထားပြီ..အခုငရဲဘုရင်ယဲ့က ဒီမှာအကြာကြီး​နေဖို့စီစဥ်ထားတာဆို​တော့ ငါတကယ်ရှင်သန်​နေထိုင်ဖို့မဖြစ်နိုင်ဘူးကွာ...ပြီး​တော့ ဆရာကလည်း ပြန်လာဖို့​ခေါ်​နေတာနဲ့​လေ..အစ်ကိုကျား ကံမကုန်ရင်ပြန်ဆုံကြမှာပါ"

ရှီကျား သာမာန်ကာလျှံကာပင်တုန့်ပြန်လိုက်​လေသည်။

"​သြော်.."

​​​ဖေးယွီ"..."

တစ်မိနစ်မျှကြာပြီး​နောက် ဆရာသခင်အတု​လေး​ဖေးကဆိုလာခဲ့သည်။

"မင်းကငါ့ကို​နေပါလို့​တောင်ဆွဲမထား​တော့ဘူး​​​​ပေါ့"

ရှီကျားကပြန်လည်​မေးခွန်းထုတ်လိုက်​လေသည်။

"ငါကလား မင်းကိုဘာလို့များဆွဲထားရမှာလဲ...မင်းကပျင်းကလည်းပျင်း​​ကြောက်ကလည်း​ကြောက်တတ်​သေး..သရဲဖမ်းတဲ့​နေရာမှာ ဆရာယဲ့နဲ့လည်းယှဥ်လို့​တောင်မရဘူး..ချက်တာပြုတ်တာလည်းမရဘူး..အိမ်လည်းသန့်ရှင်း​ရေးမလုပ်နိုင်ဘူး..တ​နေကုန်ငါ့အိမ်မှာ အလကား​နေထိုင်စား​သောက်​နေတာ​လေ..အင်း ..မင်းကိုဆွဲထားစရာအ​ကြောင်းပြချက်​လေးများရှိလို့လား"

​​ဖေးယွီ"..."

သူသည်စားပွဲကိုလှန်ပစ်လိုက်ချင်ပါ​သော်လည်းရှီကျား၏ စကားတို့ကအဓိပ္ပါယ်ရှိ​နေပြန်သည်။

​ဖေးယွီမှာ အရှက်ရမှုနှင့်အတူ စိတ်ဓါတ်ကျစွာနှင့်​နောက်တစ်​နေ့မနက်တွင် နှုတ်မဆက်ပဲထွက်သွားခဲ့​လေသည်။ ထွက်မသွားခင်သူကလူကြီးလူ​ကောင်း​ယောင်ပြုမူလျက် စာတစ်​စောင်ချန်ထား​ပေးသွား​​သေးသည်။ ရှီကျားက ၄င်းကိုမ​တွေ့ခဲ့​သော်လည်း ယဲ့ကျင်းကျီမှာ ​စော​စောထ​လေရာ ထိုစာကိုဦးစွာ​တွေ့သွားခဲ့​လေသည်။ သူကတစ်ချက်ကြည့်ပြီး​နောက် ထိုစာကိုရှီကျားထံ​ပေးခဲ့​လေသည်။

【 သရဲဖမ်းတဲ့​ကောင်းကင်ဘုံဆရာတ​စ်​ယောက်အ​နေနဲ့​ရော မျိုးဆက်သစ်တွေထဲက ထိပ်တန်းဆရာသခင်တစ်​ယောက်အ​နေနဲ့​ရော..ငါ့ရဲ့ငယ်ရွယ်မှုကိုဘာ​ကြောင့်ဖြုန်းတီး​နေမှာပဲ..ငါမြို့​တော်ကိုပြန်ပြီး ကမ္ဘာကြီးငြိမ်းချမ်း​ရေးအတွက် သရဲ​တွေသွားဖမ်း​တော့မယ်..ငါ့ကိုမလွမ်းပါနဲ့..ပုံ/​​ဖေးယွီ 】

ရှီကျား"..."

မင်းကိုယ်မင်း ဆရာယဲ့​ကိုရှေ့မှာထားပြီး မျိုးဆက်သစ်​တွေထဲက ထိပ်တန်းဆရာသခင်လို့​ပြောရဲတယ်​ပေါ့..

ကျယ်၀န်း​သောတိုက်ခန်းထဲတွင် ရှီကျားနှင့် ယဲ့ကျင်းကျီ၂ဦးသာကျန်ရစ်​လေသည်။ ယဲ့ကျင်းကျီသည် နေ့အချိန်တွင်အိမ်မှာမရှိတတ်ပဲ သရဲဖမ်းရန်ထွက်သွားတတ်​လေသည်။

​ဖေးယွီတစ်ချိန်က​ပြောဖူးသလိုပင် ငရဲဘုရင်ယဲ့ရှိ​နေ​သော​နေရာတိုင်းတွင် အငြိုးကြီး၀ိညာဥ်များရှိ​နေတတ်သည်ဆိုသလိုပင်။ အတိအကျဆိုရလျှင် ယဲ့ကျင်းကျီ၏တည်ရှိမှုက ထိုသရဲ၀ိညာဥ်များကိုဆွဲ​ဆောင်​နေခြင်းမဟုတ်ပဲ ထိုသရဲ၀ိညာဥ်များရှိ​သော​နေရာဆီ ယဲ့ကျင်းကျီကအလိုလို​ရောက်ရှိလာခြင်းသာဖြစ်​လေသည်။ ယခုတ​လောSမြို့တွင် အငြိုးကြီး၀ိညာဥ်များက အလွန်ထူထပ်​နေခဲ့​လေသည်။ ယဲ့ကျင်းကျီမှာSမြို့ကိုလွှမ်းခြုံ​နေ​သော ယင်စွမ်းအင်က ကျန်မြို့များထက်သန်မာ​နေသည်ကို ​တွေ့ခဲ့ကာ ​ရောက်လာခြင်းလည်းဖြစ်​လေသည်။

ည​နေခင်းတွင် အိမ်တံခါး​သံတစ်ချက်ကိုကြားလိုက်ရ​လေသည်။ ရှီကျား တံခါးကိုဖွင့်ကြည့်လိုက်​လေသည်။ ၄င်းမှာယဲ့ကျင်းကျီမဟုတ်ပဲ ထျန်းထျန်းအမြန်​ချောပို့ ၀န်ထမ်းအင်္ကျီကို၀တ်ဆင်ထား​သော လူငယ်တစ်ဦးဖြစ်သည်။

လူငယ်​လေးမှာ ပါးစပ်တွင်အနက်​ရောင်အ​ချောင်းတစ်ခုကိုကိုက်ထားပြီး သူ၏လက်ထဲတွင်မူ လက်သီးဆုပ်အရွယ်ပါဆယ်ဘူး​လေးတစ်ဘူးရှိ​နေခဲ့သည်။ ရှီကျားကို​တွေ့​သော် အ​ပေါ်​အောက်အကြိမ်အနည်းငယ်အကဲခတ်လာခဲ့​လေသည်။

"ဒီကတာအို​ရောင်းရင်းကို အရင်ကမ​တွေ့ဖူးဘူး​နော်..ဒီမှာလက်မှတ်ထိုး​ပေးပါဦး"

ရှီကျား​သေချာကြည့်လိုက်သည်။ ထိုအမြန်​ချောပို့သည့်လူငယ်၏​ခေါင်း​ပေါ်မှ ဦးထုပ်​ပေါ်မှရိုက်နှိပ်ထား​သော စာလုံးမှာ "ထျန်းထျန်းအမြန်​ချောပို့"မဟုတ်ပဲ
"ထျန်းကုန်းအမြန်​ချောပို့"ဖြစ်​နေခဲ့​လေသည်။

ရှီကျား"..."

မင်းတို့သူများတကာကုမ္ပဏီ brandကိုအတုလုပ်ထားတယ်ဆိုရင်လည်းထားပါ..ဒါ​ပေမယ့် စာလုံးအ​ရောင်​တောင် တပုံစံတည်းကြီးလားဟ...

(TN- addidas ကို adidasဆိုပြီးအတုထွက်သလိုမျိုးပါ xD )

ဒီ​လောက်ချွတ်စွပ်တူတဲ့logoအတုကြီးကို၀တ်ထားပြီး မင်းအသိစိတ်ကနည်းနည်း​လေးမှ မနာကျင်မိဘူးလားကွာ...

သို့​သော် ထိုအမြန်​ချော၀န်ထမ်း​လေး၏အသိစိတ်ကနာကျင်​နေပုံမရသည့်အပြင် သူကအနည်းငယ်ပင် အူမြူး​နေပုံ​ပေါ်​လေသည်။ ရှီကျားမှာ လက်ခံရရှိမှုအတွက် လက်မှတ်ထိုးပြီး​နောက် လူငယ်​လေးမှာ သူ၏ပါးစပ်မှအနက်​ရောင်အ​ချောငိးကြီးကိုကိုင်ကာ လှည့်ထွက်သွားခဲ့​လေသည်။ သူထွက်မသွားခင်တွင် ရှီကျား၏အိမ်အတွင်းကို သာမာန်ကာလျှံကာတစ်ချက်ကြည့်လိုက်​သေးသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စုန့်စုန့်မှာ ဧည့်ခန်းတွင် ၀ူရှန်းချင်းလီဖြင့်​ပြေးတမ်းလိုက်တမ်းကစား​နေခဲ့​လေသည်။ အမြန်​ချောပို့လူရွယ်​လေးမှာလွှတ်ခနဲ​ရေရွတ်လာခဲ့သည်။

"အဲဒီအမဲ​​ရောင်အတုံး​လေးကိုရင်းနှီး​နေသလိုပဲ"

ထို့​နောက် ​လျှောက်လမ်းတစ်​လျှောက် လျှောက်ထွက်သွားလေ​တော့သည်။

ရှီကျား ပါဆယ်ထုပ်နှင့်အတူ အိမ်ထဲသို့ပြန်၀င်လာခဲ့​လေသည်။

ဧည််ခန်းထဲတွင် ​သေးငယ်၍အနုစိတ်​သော အံစာတုံး​လေးမှာ ​လေထဲ၌အဆက်မပြတ်တုန်ခါ​နေခဲ့​လေသည်။ စုန့်စုန့်မှာ ၄င်း၏​နောက်သို့​ပြေးလိုက်​နေခဲ့​လေသည်။ ရှီကျားပြန်လာသည်ကို​တွေ့သည်နှင့် စုန့်စုန့်က လူ့လက်​မောင်းကြားထဲ ချက်ချင်းခုန်၀င်လာခဲ့ပြီး လှဲအိပ်ရန်​နေရာရှာကာ​ခေါင်းက​​လေးနှင့်ပွတ်သပ်​နေခဲ့​လေသည်။

ဝူရှန်းချင်းလီမှာလည်း သူ၏​နောက်မှ​​​ပျော်ရွှင်လာလိုက်လာပြီး ရှီကျား၏လည်ပင်းကိုပွတ်သပ်လာခဲ့​လေသည်။ ထို့​နောက် ရှီကျား၏လည်ပင်းမှ ကြည်လင်​သောအ​ဆောင်​လေးကိုမြင်​​သော် ၀ူရှန်းချင်းလီ မ​ကျေမနပ်နှင့် တစ်ချက်၀င်တိုက်လိုက်​လေသည်။ အကြည်​ရောင်အ​ဆောင်​လေးမှာ​တော့ မခုခံ၀ံ့သည့်အလား ထိုအတိုင်း​အေးချမ်းစွာပင် မလှုပ်မယှက်ငြိမ်သက်​နေခဲ့​လေသည်။

ရှီကျားမှာ အကူအညီမဲ့စွာပင် ​ကြေးအံစာတုံး​လေးကိုဖမ်းထားလိုက်ရသည်။

"မင်းကအသန်မာဆုံးပါကွာ..သူများကိုအနိုင်မကျင့်ပါနဲ့ ဟုတ်ပြီလား"

ထိုအခါမှသာ ​ကျေနပ်သွားသည့်အလား ၀ူရှန်းချင်းလီမှာ ​လေထဲတဖြတ်ဖြတ်ခါ​နေ​တော့သည်။

ပါဆယ်ကိုဖွင့်ကြည့်လိုက်ပြီး​နောက် အတွင်းမှအနက်​ရောင် မော့သို့မှာ ​ဖေးယွီတွင်ရှိ​သောတစ်ခုနှင့် ကွာခြားမှုမရှိ​ချေ။ ရှီကျား ၄င်းကိုအ​တော်ကြာကလိ​နေပြီး သူ၏အညွှန်းအတိုင်းသုံးကြည့်ရန်ကြိုးစားလိုက်​လေသည်။ ထင်ထားသလိုပင် မော့သို့အဆင့်ဇယားကိုတဖန်မြင်​တွေ့လိုက်ရပြန်သည်။

ဤတစ်ကြိမ်တွင် ​ဖေးယွီမှာအဆင့်၇တွင်ပြန်လည်​ရောက်ရှိ​နေခဲ့​လေသည်။ သူ၏​​အောက်တွင်​တော့ ကျင်းအမွှာ​မောင်နှမ၏pointများက ကပ်လျက်ရှိ​နေခဲ့​လေသည်။ သူ၏​ရှေ့သို့ကြည့်လိုက်​သော် နန်ရိဟူ​သောအမည်ကိုတန်း၍မြင်နိုင်ပြီး ခါတိုင်းလိုပင် ရှီကျားမှာ ​ခေါင်းကိုမျက်နှာကျက်​ပေါ်သို့​မော်ကြည့်လိုက်​လေသည်။ သို့​​သော်အ​ဆောက်အဦး၏အမိုးကခြား​နေ​လေပြန်ရာသူသည်ယဲ့ကျင်းကျီ၏ အမည်ကိုမမြင်နိုင်ခဲ့​ချေ။

ရှီကျား မော့သို့အား ပြတင်း​ပေါက်နားသို့ယူသွားကာ​သေချာကြည့်လိုက်​လေသည်။ ထို့​နောက်ပြတင်း​ပေါက်အပြင်သို့ကြည့်လိုက်​သော် ​ကောင်း​ကင်​ပေါ်တွင် ကြယ်တစ်လုံးကို​တွေ့လိုက်ရ​လေသည်။ ​ရွှေ​ရောင်ကြယ်က​လေးမှာ ​ကောင်းကင်ပြင်ကြီး၏အလယ်တွင် အထီးကျန်စွာ​တောက်ပ​နေခဲ့​လေသည်။

"မင်းပစ္စည်း​တွေ​ရောက်လာပြီလား"

ကြည်လင်၍ ​အေးစက်​သော အသံတစ်ခုကို​နောက်မှကြားလိုက်ရ​လေသည်။ ရှီကျားမှာလှည့်ကြည့်လိုက်​လေသည်။ ယဲ့ကျင်းကျီမှာ မည်သည့်အချိန်ကပြန်​ရောက်လာမှန်း မသိ​ချေ။

ရှီကျား ဧည့်ခန်းထဲသို့ပြန်​လျှောက်သွားလိုက်ကာ မော့သို့ကိုစားပွဲ​ပေါ်သို့တင်လိုက်ပြီး ပါဆယ်ဘူး​လေးကိုထပ်မံဖွင့်လိုက်​လေသည်။

"အင်း ​ရောက်ပြီ..​ကျွန်​တော့်​ကျောက်​လေး​ရောပဲ"

​မောက်ထိုင်​ကျောက်မှာ ပြင်းထန်​သောယင်စွမ်းအားများစွဲကပ်ခြင်းကိုနှစ်​ပေါင်းများစွာခံရပြီး​နောက် ​သွေးနီ​ရောင်အဖြစ်​ပြောင်းလဲသွားခဲ့​လေသည်။ ရှီကျားသူ၁၉နှစ်တာ၀တ်ဆင်လာ​သော ​ကျောက်က​လေးကိုကြည့်လိုက်သည်။ ထိုအစိတ်စိတ်အမွှာမွှာကွဲထား​သော​ကျောက်က​လေးမှာ ယခုမူအက်ရာဆက်ရာတစ်ခုမျှပင်မကျန်ရှိပဲ ​ချော​မွေ့​နေသည်ကို အံ့အားသင့်ဖွယ်​တွေ့လိုက်ရ​လေသည်။ ထို့အပြင် ​ကျောက်အပိုင်းအစများကိုပြန်ဆပ်ထား​သော ​ကော်အနည်းငယ်မျှကိုလည်းရှာမ​တွေ့​ချေ။ ထျန်းကုန်းပွဲကြည့်စင်၏တပည့်များ၏ လက်မှုပညာမှာအမှန်တကယ် အံ့ချီးဖွယ်​ကောင်း​လေသည်။

သို့​သော်သူသတိမထားမိသည်က သူ​ကျောက်တုံးကိုထုတ်ယူလာချိန်တွင် ​နောက်မှကြည့်​နေ​သော ယဲ့ကျင်းကျီ၏မျက်လုံးများမှာလည်း ပြူးကျယ်သွားခဲ့ခြင်းပင်။ သူသည် အသက်ရှုရမည်ကိုပင်​မေ့​လျော့​နေလျက် မျက်ဆံတို့မှာတုန်ယင်​နေကာ မျက်​တောင်လည်းမခတ်နိုင်ခဲ့​ချေ။ ၅မိနစ်မျှကြာပြီး​နောက် အနည်းငယ်တုန်ယင်​နေ​​သော အသံတစ်ခုကဆိုလာခဲ့သည်။

"အဲဒီ..​ကျောက်..ခဏ​​လောက်ကြည့်လို့ရမလား"

ရှီကျား​ကြောင်သွားမိ​​လေသည်။ သူ သိပ်မ​တွေးလိုက်ဘဲ ကျောက်တုံးကို ယဲ့ကျင်းကျီထံ ကမ်း​ပေးလိုက်​လေသည်။

ထို့​နောက် ယဲ့ကျင်းကျီက ​ကျောက်ကိုယူလျက် အခန်းထဲ လှစ်ခနဲ၀င်သွားခဲ့​လေသည်။

ရှီကျားအံ့အားသင့်သွားခဲ့သည်။

အခန်းထဲ ယူသွားကြည့်ဖို့ထိလိုတာလား..​ကျောက်ကတစ်ခုခုများမှား​နေလို့လား...

အခန်းထဲတွင်ယဲ့ကျင်းကျီမှာ သူ၏ရှန်းခွန်အိတ်ထဲမှ အဖြူ​ရောင်​ကျောက်တစ်ခုကိုထုတ်ယူလိုက်​လေသည်။ ထို​ကျောက်မှာ တစ်ခုလုံးဖြူဆွတ်​နေကာ ​လ​​ရောင်က၄င်းအ​ပေါ်ဖြာကျ​နေချိန်တွင် သက်​တောင့်သက်သာဖြစ်​သော ခံစားချက်ကို​ပေး​လေသည်။

ယဲ့ကျင်းကျီသည် လက်တစ်ဖက်က ​သွေးနီ​​ရောင်​ကျောက် ကျန်တစ်ဖက်မှ အဖြူ​ရောင်​ကျောက်ကိုကိုင်ထားလျက် အတူတကွပူးဆက်လိုက်​လေသည်။

"ကလစ်..."

အ​ရောင်မတူညီ​သော ​ကျောက်၂တုံးမှာ ပြီးပြည့်စုံစွာ အံ၀င်ခွင်ကျချိတ်ဆက်သွားလျက် ထိုက်ကျိသင်္ကေတကိုပုံ​ဖော်​နေခဲ့သည်။ ​သွေးနီ​ရောင်​ကျောက်မှာ ယင်ငါးကိုကိုယ်စားပြုလျက် အဖြူ​ရောင်​ကျောက်က ယန်ငါးကိုကိုယ်စားပြု​လေသည်။ ထိုယင်နှင့်ယန်ငါး၂​ကောင်ဆုံမိပြီး ပြီးပြည့်စုံ​သော ယင်နှင့်ယန် ထိုက်ကျိသင်္ကေတကိုပုံ​ဖော်​နေခဲ့​လေသည်။

အကယ်၍ မစ္စတာပုရှင်းသာဤ​နေရာတွင်ရှိ​နေပါက 'ဘာလို့ ​မောက်ထိုင်​ ယင်-ယန်စုံတွဲ​ကျောက်အ​ကောင်းကြီးက​နေ အနီ​ရောင်​ပြောင်းသွားတာလဲ'ဟု ​အော်ဟစ်လာမည်ဖြစ်သည်။

ယဲ့ကျင်းကျီမှာလည်းထို​ကျောက်၂ခုကိုအ​ကြောင်သားစိုက်ကြည့်​နေခဲ့​လေသည်။

ထို၂ခုကိုဆွဲခွာလိုက်..ပြန်ပူးလိုက်..လုပ်ကြည့်လိုက်လျှင်...

အမ်း...ထိုက်ကျိသင်္ကေတဖြစ်​​နေတုန်းပဲ...

ဆွဲခွာလိုက်..ပြန်ပူးလိုက်...

ထိုက်ကျိသင်္ကေတပဲ​လေ...

ဆွဲခွာ ..ပြန်ပူး...ဆွဲခွာ..ပြန်ပူး...

၁၀ကြိမ်မျှထိုသို့လုပ်​နေပြီး​နောက် ငရဲဘုရင်ယဲ့မှာ မလှုပ်ရှားနိုင်​​တော့​ချေ။ သူသည်အဖြူ​ရောင်​မောက်ထိုင်​ကျောက်နှင့် ​သွေးနီ​ရောင်​မောက်ထိုင်​ကျောက်ကို ​အေးခဲစွာစိုက်ကြည့်​နေခဲ့​လေသည်။

(T/N -ဆရာယဲ့တစ်​ယောက် ဇနီး​​လောင်းလေးကိုရှာ​တွေ့သွားပါပြီရှင်)

စာ​ရေးသူမှာ​ပြောစရာရှိတယ်:

မှန်[မျက်နှာတစ်ခုလုံးနှင့်နားရွက်များနီရဲလျက်]:
ဆရာက​ပြောခဲ့တာမိန်းက​လေးဆိုပြီး​တော့ ဆရာလိမ်တယ်...

C+:ရွှမ်းရွှယ်ကမ္ဘာကလူ​တွေကတကယ်ထူးဆန်းတာပဲ


👻