အပိုင်း ၁၈
Viewers 10k


Chapter 18



မှောင်မိုက်ပြီး ရှုပ်ပွနေသော အခန်းကျဉ်းလေးထဲတွင်။

ဆိုးဆိုးရွားရွား ရောင်ရမ်းနေသော မျက်နှာတစ်ခုသည် တဖြည်းဖြည်း အပုပ်နံ့ နံစော်လာသည့် အဘိုးအို၏ အလောင်းနှင့် ကပ်လျက် ရှိနေသည်။

၄င်းသည် အလောင်းထဲမှ ကျန်ရှိသော အာဟာရများကို စုပ်ယူနေသည်။ မူလလက်သည်းအရွယ်အစားသာရှိသော မျက်နှာမှာ ယခုအခါ လူကြီးတစ်ယောက်၏လက်ဝါးအရွယ်အစားသို့ ကြီးထွားလာခဲ့သည်။

ထိုအရာက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။

ရုတ်တရက်ပင် သတိပေးခြင်းမရှိလဲ လေထဲ၌ အပူချိန်များ ကျဆင်းလာသည်။

တိမ်များလေနှင့်လွင့်လာကာ နေကိုဖုံးကွယ်သွားသကဲ့သို့ အခန်းအတွင်း၌ ရုတ်တရက်မှောင်သွားသည်။

နက်နဲသောအမှောင်ထုက စင်္ကြံတစ်လျှောက်တွင် ဖြည်းညှင်းစွာပျံ့နှံ့သွားပြီး လမ်းတစ်လျှောက်ရှိ အလင်းရှိရာ အရင်းအမြစ်အားလုံးကို ဝါးမျိုလိုက်သည်။ ကြီးမားသော အရိပ်တစ်ခုကဲ့သို့ပင် လူနေအဆောက်အအုံတစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။

ထိုမျက်နှာမှာ အာဟာရဓာတ်များ စုပ်ယူခြင်းကို ရပ်တန့်လိုက်ပြီး ၎င်း၏ အနက်ရောင်မျက်လုံးအိမ်များက စင်္ကြံဘက်သို့ လှမ်းကြည့်လိုက်သည်။

၄င်းက တုန်လှုပ်ခြောက်ခြားသွားသည်။

ထူးခြားပြီး အစွမ်းထက်သော တည်ရှိမှုတစ်ခုခု ရောက်ရှိလာပြီကို သူပြောနိုင်သည်။

ထိုကြီးမားလှသော စွမ်းအားပမာဏမှာ ၎င်း၏ ပတ်ပတ်လည်ရှိ နေရာများအား ပျက်စီးလုနီးပါးဖြစ်စေပြီး ၎င်းနှင့်အတူ သယ်ဆောင်လာခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်သည့် ခံစားချက်က အနီးနားရှိ အဆင့်နိမ့် ကြမ်းကြုတ်သော သရဲတစ္ဆေများကြား၌ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရစေသည်။

ထိတ်လန့်သောအကြည့်က သူ့မျက်နှာအနှံ့ လျင်မြန်စွာ ထွက်ပေါ်လာသည်။

ကင်းကိုယ်တိုင် လာလိမ့်မည်ဟု ၄င်းက မမျှော်လင့်ထားခဲ့ပေ။

“ရှပ်.”

“ရှပ်.”

“ရှပ်.”

စည်းချက်ညီညီ လျှောက်လာသော ခြေသံများက အဝေးနှင့် အနီး နှစ်နေရာလုံးမှ ထွက်ပေါ်လာသကဲ့သို့ ထင်ရသည်။ထိုအသံက လူသူကင်းမဲ့နေသော စင်္ကြံတစ်လျှောက်တွင် ပဲ့တင်သံထပ်နေပြီး ထိုမျက်နှာပိုင်ရှင်အား ပို၍ပင် ရှုံ့တွလာစေသည်။၄င်း၏ မျက်နှာအမူအယာမှ။ လောဘနှင့် ကြောက်ရွံ့မှုကြား အကြိမ်ကြိမ်ပြောင်းလဲနေသည်။ သူမျက်လုံးများက အသံဦးတည်ရာသို့ မျက်ခြေမပျက်ကြည့်နေသည်။

ခြေသံများ နီးကပ်လာလေလေ ပတ်ဝန်းကျင်က ပိုမှောင်လာလေလေဖြစ်သည်။

ခြေသံများက တံခါးဝတွင် ရပ်တန့်သွားသောအခါ အခန်းတစ်ခုလုံးနီးပါး အမှောင်ထုများ ဖုံးလွှမ်းသွားသည်။

တံခါးက တွန်းခံရပြီး ပွင့်လာခဲ့သည်။

ထိုမျက်နှာပေါ်ရှိ အမူအရာသည် ကွဲလွဲနေသော ခံစားချက်များနှင့်အတူ အနည်းငယ် တွန့်လိမ်သွားသည်။ နက်မှောင်သော မျက်လုံးများက ပြူးထွက်လာကာ ထူးဆန်းစွာပြုံးနေသည့် ပါးစပ်မှနေ၍

“ကင်း ကင်း အရှင်ကဒီမှာပဲ အဲ့ဒါအမှန်ပဲ….အဲ့ဒါအမှန်ပဲ ကျွန်တော် အေ့စ်ကိုတွေ့လိုက်တယ် အရှင့် ကို အချက်အလက်တွေ ပို့ပေးချင်နေတာ...."

ရှပ်...

အမျိုးသားက အခန်းထဲကို တိတ်တဆိတ် ဝင်လာသည်။ သူ၏ ဖိနပ်အောက်ခြေက ကြမ်းပြင်ကို ပုံမှန် အရှိန်နှင့် ရှပ်တိုက်သွားသည်။

နောက်ဆုံး ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါတွင် ၄င်း၏အမူအရာက ရုတ်တရက် အေးခဲသွားသည်။ အေးခဲနေသောအမူအရာက အနည်းငယ်ရယ်စရာကောင်းပြီး ထူးဆန်းသည့်ပုံ ပေါက်နေစေသည်။

ဒါ…….ဒါက….

သူ၏ရှေ့မှောက်ရှိ အမျိုးသားက အရပ်ရှည်သည်။ သူက... သူ၏မျက်လုံးအား အနည်းငယ် နှိမ့်ကာ ၄င်းကို အထက်စီးမှကြည့်လိုက်သည်။

သူ၏သွင်ပြင်မှာ နက်နဲပြီး အဓိပ္ပါယ်ဖွင့်ဆိုရရန် ခက်ခဲပေသည်။ မြင့်မားသော မျက်ခုံးအရိုးများအောက်တွင် နက်မှောင်သော ကြက်သွေးရောင် မျက်လုံးတစ်စုံက ညဘက်တွင် ပို၍ပင် ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေသည်။ခံစားချက်ကင်းမဲ့သည့်ပုံ ပေါက်နေသည့်တိုင် ယင်းက အေးစက်ပြီး အညှာတာကင်းမဲ့ပုံရသည့် အချက်သုံးချက်ကို သယ်ဆောင်ထားဆဲဖြစ်သည်။

သို့သော်လည်း ဤအရာက သူ၏တုံ့ပြန်မှုဖြစ်ပေါ်လာရသည့် အကြောင်းရင်း မဟုတ်သေးပေ။

သူ့အား ထိတ်လန့်စေသည့်အရာမှာ ယခင်က သူဟန်ဆောင်ခဲ့သော ကောင်လေး၏ မျက်နှာနှင့် ယခုအမျိုးသား၏ မျက်နှာသွင်ပြင်က အစိတ်အပိုင်းငါးခု သို့မဟုတ် ခြောက်ခုမျှ ဆင်တူနေသောကြောင့် ဖြစ်သည်။

ဘ... ဘာတွေဖြစ်နေတာလဲ။

အမျိုးသား၏ အကြည့်က လူသေအလောင်းမှတစ်ဆင့် အလောင်းပေါ်တွယ်ကပ်သော မျက်နှာပေါ်သို့ ကျဆင်းသွားကာ လေထုထဲတွင် ဖိနှိပ်ခံရသည့် ခံစားချက်က ပိုပြင်းထန်လာသည်။

လေထုက အေးစက်နေသော ဓါးဖြင့် ဖြတ်တောက်လိုက်သလို ခံစားရစေပြီး ထိုအရာအား နေရာတွင်ပင် အေးခဲသွားစေသည်။၄င်းမှာ ဖြည်းဖြည်းချင်း ခွဲစိတ်စစ်ဆေးခံရသကဲ့သို့ ခံစားလိုက်ရပြီး သူ့နှလုံးသားထဲရှိ သိုဝှက်ထားသည့် မှောင်မိုက်သော အတွေးများ ထွက်ပေါ်လာသည်။

သတိပြန်ဝင်လာသောအခါ သံသယကင်းစွာပင် သူသိထားသမျှများ အပိုင်းပိုင်းပြိုကွဲသွားသည်ကို သိလိုက်ရသည်။

အနှီမျက်နှာက သတိထားပြီး မေးလိုက်သည်။

''ကင်း ကျွန်တော် ဆုလာဘ်ထုတ်လို့ ရမလား''

ကျီရွမ်က သူ့လက်ကို မြှောက်လိုက်သည်။ သူ့လက်ချောင်းဖြူဖျော့ဖျော့များက လေထဲတွင် လွှဲယမ်းသွားသည်။

နောက်တစ်စက္ကန့်တွင် မျက်နှာမှာ သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော စွမ်းအားများ ရုတ်တရက် ဝင်လာသည်ကို ခံစားလိုက်ရသည်။ သူက ဝမ်းသာအားရဖြင့် ထိုစွမ်းအားကို လောဘကြီးစွာ ဝါးမျိုလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ကိုယ်ပိုင်စွမ်းအားမှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ နောက်တစ်ဆင့်သို့ တက်လှမ်းတော့မည်ဟုပင် ဖျတ်ခနဲခံစားမိသည်။

စိတ်လှုပ်ရှားမှုကြောင့် မျက်နှာမှာ ပို၍ပင် ရွံရှာဖွယ်ကောင်းသွားသည်။

“ကျေးဇူးတင်ပါတယ်…”

ကျီရွှမ်က'' ဒါက မင်းထိုက်တန်တဲ့ ဆုလာဘ်ပဲ"

သို့သော်လည်း အခြားမည်သည့်အရာမှ မပြောရသေးမီ အောက်ထပ်ကြမ်းပြင်က ရုတ်တရက် ဖောင်းကားလာပြီး အရိုးများနှင့် ပြုလုပ်ထားသည့် မကောင်းဆိုးဝါးကြီးမှာ မြေကြီးအောက်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ဆိတ်နှင့်တူသော ဦးခေါင်းခွံတွင် အောက်မေးရိုးသည် ပါးစပ်ထဲတွင် တစ်ခုခုကို ကိုက်ချီထားသကဲ့သို့ ဖြစ်နေသည်။

ကျီရွှမ်က သူ့လက်ကို ဆန့်လိုက်သည်။

မကောင်းဆိုးဝါးကြီးက ပစ္စည်းကို သူ့လက်ဖဝါးပေါ်တွင် ညင်သာစွာ ချပေးလိုက်သည်။

ယခုတွင်မူ မျက်နှာ(သရဲ)အနေဖြင့် ယင်းကမည့်သည့်အရာဖြစ်သည်ကို မြင်နေရသည်။ ထိုအရာက လေထဲတွင် လွင့်မျောနေသော သွေးတစ်စက်ပင်။

၎င်းက တစ်ဝက်တစ်ပျက် အေးခဲနေပုံပေါ်သော်လည်း အနီရောင်တောက်ပနေသေးသည်။ အမျိုးသား၏ ဖြူဖျော့သော လက်ဖဝါးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်က ၎င်းကို ပို၍ပင် ထင်ရှားစေသည်။

စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု တိုးလာသည်။

ကျီရွှမ်က မျက်လုံးများ ပင့်ကြည့်လိုက်သည်။ စိတ်ခံစားမှု အတက်အကျမရှိသော သူ့အကြည့်များက စွမ်းအားကြီးတစ္ဆေပေါ်သို့ ကျဆင်းသွားသည် ။ သူက အေးအေးဆေးဆေးပင် စကား ပြောလိုက်သည်။

"ဒါပေမယ့် သူ ထိခိုက်သွားရတယ်''

ဘ...ဘာကြီး?

"ဆုအတွက် ငါ့ရဲ့ သတ်မှတ်ချက်တွေက အမြဲတမ်း ရှင်းပါတယ်''

ကျီရွှမ်က မလှုပ်မရှားဖြင့်ပင် သူ၏အမူအရာမှာ များစွာပြောင်းလဲခြင်းမရှိသော်လည်း အခန်းတွင်းရှိ ပြင်းထန်သောဖိအားများမှာ အဆပေါင်းများစွာ တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ထိုအရာက ထိတ်လန့်တုန်လှုပ်သွားကာ ကြောက်လန့်တကြား မြေပြင်နှင့် ဖိကပ်လိုက်သည်။

''- သူ့ကို မထိခိုက်စေနဲ့"

မျက်နှာက ငြင်းခုံရန်ကြိုးစားလိုက်သော်လည်း ၎င်း၏ပါးစပ်ကို လုံးဝမဖွင့်နိုင်ဘဲ အသံတစ်သံမျှပင် မထုတ်နိုင်သဖြင့် ထိတ်လန့်သွားသည်။

ကျီရွှမ်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သူ့ဘေးတွင် ငြိမ်သက်စွာစောင့်နေသော သားရဲ၏ဦးခေါင်းခွံကို ပွတ်ပြီး ပြောလိုက်သည်။

“သွား”

သားရဲက ခေါင်းကို လှည့်လိုက်သည်။ ဦးခေါင်းခွံရှိ အနက်ရောင်အပေါက်နှစ်ပေါက်သည် အေးခဲနေသောမကောင်းဆိုးဝါးဝိဥာဥ်ကို ကြည့်ကာ အနားသို့ ဖြည်းညင်းစွာ ကူးခတ်သွားသည်။

မဟုတ်ဘူး.....

မျက်နှာက စိတ်ထဲတွင် ဝမ်းနည်းစွာ အော်ဟစ်နေသော်လည်း လက်တွေ့တွင်မူ အသံတစ်ချက်မျှ မထွက်နိုင်ပေ။ ၎င်း၏မျက်လုံးများတွင် သားရဲက လမ်းတစ်လျှောက် ဖြည်းညှင်းစွာချဉ်းကပ်လာပုံမှာ ရောင်ပြန်ဟပ်နေသည်။ အနက်ရောင်မျက်လုံးများက ၎င်း၏မျက်လုံးခေါင်းပေါက်များမှ ပြုတ်ကျလုနီးပါးဖြစ်နေပြီး တုန်ရီနေသောနှုတ်ခမ်းထောင့်များက နားရွက်များဆီသို့ ရောက်ရှိလာလုနီးပါးဖြစ်သည်။ အလွန်အမင်း ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ကြောင့် မျက်နှာပေါ်ရှိ အမူအရာသည် ပို၍ပင် မြင်မကောင်းရှုမကောင်း ဖြစ်လာသည်။

နောက်တစက္ကန့်တွင် မကောင်းဆိုးဝါးကြီးက သူ၏ ကြီးမားသော ပါးစပ်ကိုဖွင့်လိုက်ရာ ချွန်ထက်သည့်သွားများ ပေါ်လာသည်။

မဟုတ်ဘူး——–

သူ့ရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယိုမြင်ကွင်းက ကျီရွှမ်၏အာရုံအား မဆွဲဆောင်နိုင်ပုံပင်။ သူက လွင့်မျောနေသော သွေးစက်ကို စူးစိုက်စိုက်စိုက် ကြည့်ရင်း မျက်လုံးများ မှိတ်ထားလိုက်သည်။

ထိုအရာသည် နွေးထွေးမှုနှင့် အတုမရှိသော မွှေးရနံ့အား လူသားများထံသို့ သီးသန့်သယ်ဆောင်ပေးသည်။

သူ့လက်ချောင်းများကို စုစည်းပြီး သူ့လက်ဖဝါးပေါ်မှ သွေးစက်အား အသေအချာ ပိတ်လှောင်လိုက်သည်။

ကျီရွှမ်က သူ့နှုတ်ခမ်းထောင့်များကို ကွေးလိုက်သည်။ သူ၏ နီမြန်းသော မျက်လုံးတို့တွင် လွန်ကဲသော ပိုင်စိုးပိုင်နင်းနိုင်မှုဖြင့် တောက်ပနေသည်။

—– ငါ့အပိုင်
.
.

အားလပ်ရက်ပြီးနောက် ပထမဆုံးအလုပ်စရသည့်နေ့မှာ အမြဲပင် အဆိုးဆုံးဖြစ်သည်။

ယဲ့ကျားက သူ၏ ကုတင်ထက်တွင် ထိုင်ကာ သူ့စားပွဲပေါ်ရှိ ကြီးမားသော အစုအဝေးကြီးတစ်ခုအဖြစ် စုပုံထားသော အစီရင်ခံစာများအား စိုက်ကြည့်လိုက်သည်။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက ထွက်သွားတော့မည်ဟု ခံစားနေရသည်။

ဘာလို့လဲ

ဒီကမ္ဘာမှာ အလုပ်လုပ်ရတာ ဘာလို့ ဒီလောက် လူမဆန်ရတာလဲ...

ငါ ဘယ်အချိန် သွားပြီး အနားယူရတော့မှာလဲ....

သူက ခေါင်းကိုမော့ပြီး နံရံတွင် ချိတ်ထားသော နာရီကိုကြည့်လိုက်သည်။ သူ့အကြည့်က ဒုတိယလက်တံ၏ ရွေ့လျားမှုနောက်တွင် ကပ်ပါနေကာ အလုပ်ပြီးချိန်အထိ ပြင်းစွာသော ဝေဒနာဖြင့် အချိန်ကို ရေတွက်နေလိုက်သည်။

ရောက်လုနီးပြီ။ နောက်ထပ်သုံးနာရီကြာလျှင် သူအလုပ်ဆင်းရတော့မည်ဖြစ်သည်။

ရုတ်တရက်ပင် သူ့အနောက်မှ ဒေါသတကြီးအော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာသည်။

''ယဲ့ကျား!''

ယဲ့ကျား လန့်သွားသည်။ သူက ချက်ချင်းထထိုင်ပြီး သူ့အမူအရာကို လျှင်မြန်စွာ ပြင်ဆင်လိုက်သည်မှာ မသိလျှင် သူ့စားပွဲပေါ်မှ ပြန့်ကျဲနေသည့် စာရွက်စာတမ်းများအား လေးလေးနက်နက် ကြည့်နေသကဲ့သို့ပင်။

လျှိုကျောက်ချန် ''......''

ငါ့ကို မျက်စိကန်းနေတယ်လို့ ထင်နေတာလား

သူက အားမလျှော့စတမ်း ဆက်လက်၍ လုံ့လစိုက်ထုတ်နေသော ယဲ့ကျားကို စိုက်ကြည့်ရင်း သူ့မျက်ခွံများ လှုပ်သွားသည်ကိုပင် ခံစားလိုက်ရလေသည်။

လျှိုကျောက်ချန်က ဒေါသတကြီးဖြင့် သူ့နှာခေါင်းရိုးကို ဖျစ်ညှစ်လိုက်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် နှလုံးဖောက်ရသည့် ကံကြမ္မာမှ လွတ်မြောက်ရန် ဆုံးဖြတ်လိုက်ကာ

“မင်းရော ချန်စဲကျစ်ရော အထုပ်အပိုးပြင်ပြီး ဆေးရုံသွားဖို့ အဆင်သင့်ပြင်ကြ”

ယဲ့ကျား''?''

သူ့နာမည်ခေါ်သံကြားသည့်အခါ ချန်စဲကျစ်က များစွာသော စာရွက်စာတမ်းပုံကြားမှ ခေါင်းထောင်ကာ သူတို့ရှိရာသို့ အူကြောင်ကြောင်ဖြင့် ကြည့်လိုက်သည်။

လျှိုကျောက်ချန်က အမူအယာကင်းမဲ့စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူ့ဘေးရှိ စားပွဲပေါ်တင်ထားသော သစ်သီးဝလံခြင်းတောင်းနှင့် လက်ဆောင်များကို လက်ညှိုးထိုးပြကာ

"ဒါက ဌာနကနေ ငါတို့အားလုံး ဝယ်လာခဲ့တာ ကျောက်သုန်ဆီ ပို့ဖို့ မင်းတို့နှစ်ယောက်မှာ တာဝန်ရှိတယ်"

ဒါကိုရော အလုပ်စောစောဆင်းရတယ်လို့ ခံစားရမှာလား

ယဲ့ကျားက စိတ်ဓာတ်ကျစွာဖြင့်

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်!"

“ငါ့ဖင်ကိုပဲ ကျေးဇူးတင်လိုက် ”

လျှိုကျောက်ချန်က သူ့မျက်လုံးများကို မှိတ်လိုက်ပြီး

"မင်းကို ဒီမှာ ထားရမယ့်အစား အလုပ်ကိစ္စနဲ့ အပြင်ပို့လိုက်တာပဲ ပိုကောင်းတယ် အနည်းဆုံးတော့ မင်းကို မြင်ရင် ငါ ဒေါသထွက်ပြီး သေသွားတာမျိုး မဖြစ်တော့ဘူးပေါ့''

ယဲ့ကျား ''.......''

သူ ဒီလောက်ထိ မှန်ကန်နေဖို့ မလိုပါဘူး..

......

ဆေးရုံ၌ဖြစ်သည်။

လက်ထဲတွင် ထောက်ပံပို့ဆောင်ရေးဌာနမှ လက်ဆောင်များနှင့် ပြည့်နှက်နေသော လူနှစ်ယောက်က ဓာတ်လှေကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် တွန်းတိုက်ရင်း ဝင်သွားကြသည်။

"ဘယ်အထပ်လဲ"

နံပါတ်ဘောင်ကွက်နှင့် ပိုနီးစပ်သော ယဲ့ကျားက မေးလိုက်သည်။

ချန်စဲကျစ်၏အသံက သစ်သီးခြင်းတောင်း၏ နောက်မှ ထွက်လာသည်။

"အမြင့်ဆုံးထပ်"

ယဲ့ကျား အနည်းငယ် တုန့်ဆိုင်းသွားသည်။

ဤဆေးရုံသည် ဗျူရိုနှင့် အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့သော ဆေးရုံဖြစ်သည်။ မည်သူမဆို အလုပ်တွင် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ယင်စွမ်းအင်ကြောင့် ထိခိုက်ခြင်းများ ဖြစ်ပါက အောက်ထပ်ရှိ အထူးကြပ်မတ်ကုသဆောင်တွင် နေထိုင်ရန် စီစဉ်ပေးလေ့ရှိသည်။တည်နေရာက အထွေထွေလူနာဆောင်များနှင့် သီးခြားဖြစ်သော်လည်း ကွာခြားချက်မှာ များစွာမကြီးမားပေ။

ရှစ်ထပ်မြောက်နှင့်အထက်ပိုင်းကမူ ထူးဆန်းသောဖြစ်ရပ်တစ်ခုနှင့်ထိတွေ့ပြီးနောက် အလွန်ပြင်းထန်သော အခြေအနေသို့ ရောက်ရှိသွားသည့် လူနာများအတွက်သာ ရည်ရွယ်ထားသည်။

ယင်းက အခြားသူများနှင့် သီးခြားခွဲထားပြီး ဂရုစိုက်ရန်လိုအပ်သော အန္တရာယ်ရှိ ကူးစက်ရောဂါဖြင့် လူနာများအား ကုသရခြင်းနှင့် ဆင်တူသည်။

သူက ဆယ်ထပ်မြောက်သို့သွားသော ခလုတ်ကို နှိပ်လိုက်သည်။

ငါးမိနစ်ကြာပြီးနောက်

ခက်ခဲသော စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ကာ အတည်ပြုပြီးနောက် နောက်ဆုံးတွင် ယဲ့ကျားနှင့် ချန်စဲကျစ်တို့အား ဝင်ခွင့်ပေးခဲ့သည်။

ဤအလွှာတွင် လူသူကင်းမဲ့နေသည်။

လူနာဆောင် အများစုက ဗလာဖြစ်နေပြီး စင်္ကြံတွင် လမ်းလျှောက်နေသော သူနာပြုများကိုလည်း မတွေ့ရပေ။ လေထဲတွင် ပြင်းထန်သော ပိုးသတ်ဆေးအနံ့များနှင့် ပြည့်နေသည်။

လေအေးပေးစက်က ပြင်းလွန်း၍လားမသိချေ။ဤ အထပ်၏ အပူချိန်ကအခြားအထပ်များထက် သိသာစွာ နိမ့်ကျလျက်ရှိသည်။

စင်္ကြံအဆုံးမှ တံခါးနားတွင် လူနှစ်ယောက် ရပ်နေသည်။သူတို့ နှစ်ယောက်လုံးက အရပ်ဝတ်များ ဝတ်ထားသော်လည်း ခါးတွင် ရှိနေသော အိတ်များကိုမူ မေ့ထား၍ မရပေ။

သူတို့က တိုက်ခိုက်ရေးဌာနမှ ဝန်ထမ်းများဖြစ်သည်။

တိုက်ခိုက်ရေးဌာန၌ ဝန်ထမ်းအင်အား နည်းပါးနေသော်လည်း လူနာတစ်ဦးကို စောင့်ရှောက်ရန် သူတို့၏ ဝန်ထမ်းနှစ်ဦးအား အမှန်တကယ်ပင် စေလွှတ်ခဲ့သည်လား။

ယဲ့ကျားက သူ့မျက်လုံးထဲမှ ခပ်ရေးရေး ဖြတ်သွားသော အပြောင်းအလဲအား ဖုံးကွယ်ရန် မျက်လွှာချထားလိုက်သည်။

သူတို့ထဲမှ တစ်ယောက်က မတ်တပ်ရပ်ပြီး တံခါးဖွင့်ပေးသည်။

လူနာခန်းက အလွန်လင်းနေသည်။ ပြတင်းပေါက်နားရှိ ဆေးရုံကုတင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေသော ကျောက်သုန်အား မှန်အလွှာတစ်ခုမှတစ်ဆင့် တွေ့လိုက်ရသည်။ နှင်းကဲ့သို့ဖြူသော စောင်များကို ခါးအထိ ဆွဲတင်ထားသည်။ အနည်းငယ်ပိုပိန်သွားပုံပေါ်ပြီး ပါးလွှာသောစာအုပ်တစ်အုပ်ကိုလှန်ကြည့်ရင်း စိတ်အခြေအနေ ကောင်းနေပုံရသည်။

သူက အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး

"ယဲ့ကျား ချန်စဲကျစ် မင်းတို့ ဘာလို့ဒီကိုရောက်နေတာလဲ''

သူတို့က သူတို့ သယ်လာသည့် လက်ဆောင်များကို ချလိုက်သည်။

"သေချာပေါက်ကို ငါတို့မင်းကိုတွေ့ဖို့လာခဲ့တာလေ!"

ချန်စဲကျစ်က စိုးရိမ်နေသော အမူအရာဖြင့် သူ့ရှေ့မှ သီးသန့်ဖန်ခွက်ကို လှမ်းကြည့်ကာ

"မင်းအဆင်ပြေရဲ့လား''

ယဲ့ကျားက သူ၏ထုံးစံအတိုင်း ပျင်းရိပျင်းရွဲအမူအရာ ရှိနေဆဲပင်။ လက်ညှိုးကို မြှောက်ကာ တောင်ငယ်လေးတစ်တောင်အသွင် လက်ဆောင်များနှင့် သစ်သီးများကို ညွှန်ပြလိုက်သည်။

"ဒီမှာ ဌာနကနေ ပို့လိုက်တာ''

"ကျစ်၊ ငါမင်းကို ပိုက်ဆံသုံးရအောင် လုပ်လိုက်မိပြီပဲ"

ကျောက်သုန်က သူ၏ ခေါင်းအနောက်ကို ပွတ်ပြီး စိတ်ရှုပ်စွာ ပြောလိုက်သည်။

“ဒီလို လုပ်ဖို့ မလိုဘူးလို့ ခေါင်းဆောင်ကို ငါပြောထားပြီးသားပဲ… မင်းနောက်ကျ ပြန်ယူသင့်တယ်…..”

“ မယူနိုင်ဘူး”

ချန်စဲကျစ်က ခေါင်းခါယမ်းလိုက်ပြီး

"ဒါက မင်းအတွက် လူတိုင်းကပေးချင်နေတာ ငါနောက်ကျမှ သိလိုက်ရတာ ဝမ်းနည်းစရာပဲ မဟုတ်ရင် ငါလည်း သေချာပေါက် ပါခဲ့ပါတယ်”

ကျောက်သုန်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူက အကြောင်းအရာကို ပြောင်းလိုက်သည်။

''ဗျူရိုမှာရော ဘယ်လိုလဲ''

"အရမ်းအလုပ်ရှုပ်နေသေးတယ်"

ချန်စဲကျစ်၏အမူအရာက ရှံ့မဲ့သွားပြီး “အထူးသဖြင့်…..”

ယဲ့ကျားက မျက်မှောင်ကြုံ့ပြီး ရုတ်တရက် ကြားဖြတ်လိုက်သည်။ သူက သူတို့၏ အပြန်အလှန် စကားစမြည်ပြောဆိုနေခြင်းအား ဖြတ်တောက်၍

''ဒါဆို မင်းဘာဖြစ်သွားတာလဲ''

လူနာခန်းထဲ၌ တခဏမျှ တိတ်ဆိတ်သွားသည်။

ကျောက်သုန်က ယဲ့ကျားကိုကြည့်ကာ ပြုံးပြီး ခေါင်းခါလိုက်သည်။

"ဒါကမှ မင်းရဲ့ တကယ့်ပုံစံပဲ"

သူ့တွင် ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။ သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ကိုယ်အောက်ပိုင်းကို ဖုံးထားသော စောင်ကို ဖယ်ရန် သူ့လက်ကို မြှောက်လိုက်သည်။

အနီးကပ်ဆုံးတွင် ရပ်နေသော ချန်စဲကျစ်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။

''ဒါက.....ဒါက....''

ယဲ့ကျားက ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသည်။

အမျိုးသား၏ခါးအောက်တွင် မုန်လာဥနီကဲ့သို့ ရောင်ရမ်းနေသော ခြေနှစ်ချောင်းရှိသည်။ အရေပြားမှာ လုံးဝမည်းမှောင်နေပြီး ခြေဖဝါးနှစ်ဖက်ရှိ ခြေချောင်းများမှာ ရောင်ရမ်းကာ နီရဲနေသည်။ အရေပြားအောက်၌ မညီမညာနှင့် ငေါထွက်နေကာ တီကောင်တစ်ကောင် တွန့်လိမ်သွားနေသည်နှင့်တူသည့်အရာတစ်ခုရှိနေပြီး သူ့အရေပြားထဲမှ အပြင်သို့ဖောက်ထွက်ရန် ကြိုးစားနေသည့်ပုံပင်။

မြင်ကွင်းက အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။

''ငါပထမဆုံးရောက်တုန်းက ခြေကျင်းဝတ်တွေပဲ ဒီလိုဖြစ်တာ"

ကျောက်သုန်က ခါးသက်စွာ ပြုံးလိုက်သည်။

“ရက်အနည်းငယ်ကြာရင်တော့ သူတို့ ငါ့ခန္ဓာကိုယ်ထဲက ပေါက်ထွက်လာလိမ့်မယ်လို့ ခန့်မှန်းထားတာပဲ”



Xxxxxx