နူးညံ့သိမ်မွေ့သော
အမျိုးသား အိုမီဂါလေး
အပိုင်း
၃
ကျိုးလော့ဟွမ်မှာ
ယခင် စာသင်နှစ်က အမှတ်များစွာ ရခဲ့သဖြင့် တစ်ရက်လောက် အတန်းပြေးခြင်းက သူမအပေါ် မည်သည့်
ရိုက်ခတ်မှုမှ မရှိပေ။ ထို့ကြောင့် သူမဟာ နံရံကို ကျော်၍ ကျီယွဲ့ကျစ် ရှေ့မှောက်၌ပင်
တုံ့ဆိုင်းခြင်းမရှိ ထွက်သွားခဲ့သည်။
ကျောင်းမှ
ထွက်လာပြီးနောက် သူမ အိမ်သို့ ပြန်လိုက်သည်။
သူမ၏
မိဘများက အိမ်၌ မရှိသဖြင့် ရှင်းပြဖို့ မလိုပေ။ ကျိုးလော့ဟွမ်မှာ ဒုတိယထပ်ရှိ အိပ်ခန်းထက်
လျှောက်သွားလိုက်၏။ ထိုသို့သွားရာ လမ်းတစ်ဝက်တွင် တံခါးမှ ဝင်လာသည့် အိမ်တော်ထိန်းကို
မြင်လိုက်ရသည်။ ထိုအခါ ရပ်တန့်သွားပြီး တစ်ခုကို သတိရသွားသည်။
“ဦးလေး
ကျောက်၊ ကျွန်မရဲ့ အသက်ပြည့်ခြင်း လက်ဆောင်တွေရော?”
လွန်ခဲ့သည့်
လအနည်းငယ် အကြာက ကျိုးလော့ဟွမ်မှာ သူမ၏ အသက်ပြည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရ၏။ သူမဟာ
တစ်ကြိမ်သာ လူလုံးထွက်ပြပြီးနောက် ထွက်သွားပြီး ပြန်မလာတော့ပေ။
“သခင်မလေး၊
လက်ဆောင်တွေ ဖွင့်ကြည့်ချင်လို့လား?” ကျောက်ပေါ်မှာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သခင်မကြီးက အားလုံးကို သိုလှောင်ခန်းထဲ ထည့်ထားဖို့ တောင်းဆိုခဲ့ပါတယ်”
ကျိုးလော့ဟွမ်က
လှည့်ဆင်းသွားသည်။ “ကျွန်မ သွားကြည့်လိုက်မယ်”
“ဘာလို့
ရုတ်တရတ်ကြီး ပြန်လာတာလဲ?” အိမ်တော်ထိန်းကျောက်ပေါ်မှာ သူမနောက်လိုက်၍ တတွတ်တွတ်ပြောတော့သည်။
“ကျောင်းကလူတွေ ပြီးခဲ့တဲ့ စာသင်နှစ်က အကြိမ်ရေတချို့ လာပြီး သခင်မလေးက ကျောင်းပျက်တဲ့
အကြောင်းနဲ့ ဆိုးသွမ်းနေတဲ့အကြောင်းတွေ ပြောခဲ့သေးတယ်။ သခင်ကြီးက သူတို့ကို ငြင်းခဲ့ပေမယ့်
သခင်မကြီးကတော့ နည်းနည်း စိတ်တိုနေပြီး သခင်မလေးကို ကျောင်းမှာ နေစေချင်နေတာလေ။”
“အမေက
ကျွန်မ ဖုန်း မကိုင်လို့ ဒေါသဖြစ်တာပါ” ကျိုးလော့ဟွမ်းက သိုလှောင်ရုံတံခါးဆီ သွားကာ
ခဏရပ်တန့်လိုက်ပြီးနောက် အိမ်တော်ထိန်းအား သော့ဖွင့်ခိုင်းလိုက်သည်။ “ဒီစာသင်နှစ်တော့
မပျက်ပါဘူး”
အိမ်တော်ထိန်းမှာ
ကဒ်တစ်ကဒ်ထုတ်၍ တံခါးလော့ခ်ပေါ်၌ ပွတ်ဆွဲလိုက်ပြီး မျက်စိသူငယ်အိမ်ကို စစ်ဆေးလိုက်သော်
သိုလှောင်ရုံတံခါး ပွင့်သွားသည်။ “သခင်မလေး မပျက်ကွက်ရင်တော့ ကောင်းပါတယ်။ သခင်မကြီးနဲ့
သခင်ကြီးတို့ သေချာပေါက် ဝမ်းသာကြမှာပါ။ ဒါပေမယ့် သခင်မလေး၊ ဒီနေ့က သောကြာနေ့လေ အတန်းရှိတယ်
မဟုတ်ဘူးလား?”
ကျိုးလော့ဟွမ်း
- “... အိမ်မှာ ညစာမစားရတာ ကြာပြီမို့လို့ ခွင့်တောင်းပြီး ပြန်လာတာပါ”
“ဒါဆို
ကျွန်တော် အခု သွားပြင်ထားလိုက်မယ်” အိမ်တော််ထိန်းက သိုလှောင်ရုံထဲ လိုက်မဝင်ဘဲ မြန်မြန်လှည့်ထွက်သွား၏။
ထို့နောက် သခင်ကြီးနှင့် သခင်မကြီးတို့အား သခင်မလေး ညစာစားဖို့ အိမ်ပြန်လာကြောင်း ပြောရန်
ဆက်သွယ်လိုက်သည်။
အားလုံးထွက်သွားပြီးနောက်
ကျိုးလော့ဟွမ်မှာ သိုလှောင်ရုံထဲ ဝင်လိုက်သည်။ ပထမဆုံးအခန်းမှာ သူမ၏ အသက်ပြည့်ခြင်းအခမ်းအနား
လက်ဆောင်များဖြင့် ပြည့်နေ၏။ ထုပ်ပိုးထားပုံအရ အတွင်းရှိ ပစ္စည်းအများစုမှာ အင်မတန်
တန်ဖိုးရှိကြောင်း သူမသိသည်။ သူမဟာ အခန်းထဲရှိ လက်ဆောင်အားလုံးကို ကြည့်လိုက်၏။ အိမ်တော်ထိန်းက
၎င်းတို့အား လက်ဆောင်ပေးသူ၏ မျိုးရိုးအမည်အလိုက် အမျိုးအစားခွဲထားသဖြင့် ရှာဖို့ မခက်ပေ။
ကျိုးလော့ဟွမ်မှာ
နေရာတစ်နေရာဆီသွား၍ လက်ကိုမြှောက်ကာ ဖယ်လိုက်သည်။ ထင်ထားသလိုပင် ‘ကျီယွဲ့ကျစ် ’ဟု အမည်ထိုးထားသည့်
လက်ဆောင်ကို တွေ့လိုက်၏။ ဘူးအပေါ်မှ စာကို အိမ်တော်ထိန်းက ရေးပေးထားခြင်းပင်။ ၎င်းအား
သူမ လက်ဆောင်ရချိန်၌ ရောသွားခြင်းမှ ကာကွယ်ရန် တူညီစွာ ရေးသားထားခြင်းဖြစ်သည်။
လက်ဆောင်ကို
ယူ၍ အမည်ကဒ်ကို ဖြုတ်ကာ လက်ဆောင်ဘူးကို ဖွင့်လိုက်သည်။ အတွင်း၌ အဖြူရောင်ပိုးသားအလွှာ
တစ်ထပ်အုပ်ထားကာ ၎င်းအပေါ်တွင် စာတစ်ကြောင်းသာ ရေးသားထားသည့် ရွှေရောင်စာကဒ်တစ်ကဒ်ရှိသည်။
အသက်ပြည့်ခြင်း လက်ဆောင် ဟူ၍။ ၎င်း၏ အောက်ဘက်၌ လက်မှတ်မှာ ကျီယွဲ့ကျစ် ပါပင်။
ကျိုးလော့ဟွမ်၏
မျက်လုံးများက ရွှေရောင်စာကဒ်ထက်ရှိ လက်ရေးလှလှအပေါ် ကျရောက်သွားသည်။ တစ်ဘက်လူမှာ
သူမအား ပျော်ရွှင်ဖွယ် အသက်ပြည့်ခြင်း အခမ်းအနားဟု ဆုတောင်း မပေးထားသလို အရွယ်ရောက်လာပြီးနောက်
သူမအပေါ် သူမ၏ အမြင်ကိုလည်း မရေးထားပေ။ ၎င်းမှာ သိသိသာသာကိုပင် ဝတ်ကျေတန်းကျေဆန်သော်လည်း
... သူမ လက်ချောင်းလေးများဖြင့် လက်မှတ်ကို လိုက်ဆွဲကြည့်ရင်း ရုတ်တရတ် နှုတ်ခမ်းများက
တွန့်ကွေးသွားသည်။ အတန်ငယ် အက်ရှပြီး ကျေနပ်နေသည့် အသံက သိုလှောင်ရုံထဲ လွင့်ပျံလာကာ
တမင်တကာပင် လက်မှတ်ကို ကျီစယ်လိုဟန်ဖြင့် ဖတ်ရှုနေ၏၊ “အသက်ပြည့်ခြင်း လက်ဆောင် ကျီယွဲ့ကျစ်?”
*(T/N
- ကျီယွဲ့ကျစ်က သူ့ကိုယ်ကို လက်ဆောင်အနေနဲ့ ပေးတဲ့ သဘောမျိုး ယူဆနေတာပါ)
ဘေး၌
စာရွက်ကို ချထားပြီးနောက်တွင် ကျိုးလော့ဟွမ်မှာ ပိုးသားအအုပ်ကို ဖြဲလိုက်သည်။ သူမ၏
မျက်ဝန်းများက နှီးအခင်းထက် လှဲလျောင်းနေသော လက်ဆောင်ထံ ကျရောက်သွား၏။ နောက်တစက္ကန့်တွင်
သူမဟာ မနေနိုင်တော့ဘဲ မျက်ခုံးပင့်မိသွားပြီး စိတ်ထဲ၌ ကျီယွဲ့ကျစ် ၏ အမည်ကို တစ်ဖန်
ရေရွတ်လိုက်မိသည်။ သို့သော် ဤတစ်ကြိမ်၌ ဒေါသသံစွက်နေ၏။
သူမဟာ
ထိုလက်ဆောင်ဟူသည့် အရာကို ကောက်ယူလိုက်သည်၊ ၎င်းအား အနက်ရောင် ဒေါင်လိုက်သတ္တုချောင်းများဖြင့်
ပြုလုပ်ထားပြီး မျက်နှာဖုံးတစ်ခု သဏ္ဍာန် ပေါင်းစပ်ထားကာ အောက်ခြေကမူ လေးထောင့်ပါးစပ်အပိုင်းကဲ့သို့
ငေါထွက်နေပြီး သူမသာ ဝတ်လိုက်လျှင် ပါးစပ်ကိုသာ ဖုံးနိုင်ရုံရှိသည်။
ဒါက
မျက်နှာကာပဲ။
အတိတ်က
အဟန့်အတားတိုးတက်မှု မတိုင်ခင်တွင် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် အယ်လ်ဖာများမှာ
အပြင်ထွက်ချိန်၌ မျက်နှာအကာများကို တပ်ဆင်ရသည်။ တပ်လိုက်သည်နှင့် ၎င်းအား လူသားအင်အားဖြင့်
မဖျက်စီးနိုင်ဘဲ အခြားလူများကသာ သော့ဖြင့်ဖွင့်ပေးလို့ရသည်။ အိုမီဂါများမှာ လည်ကာသာ
ဝတ်ဆင်ရပြီး တူညီသည့် လုပ်ဆောင်ချက်များ ရှိနေသော်လည်း အသွင်သဏ္ဍာန် ကွာခြားသလို ဝတ်ဆင်ရေးနေရာ၌လည်း
ကွာသည်။
ယနေ့ခေတ်တွင်
မျက်နှာကာများအား သမိုင်းထဲမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ယခုတွင် ဖယ်ရိုမုန်းများကို
လုံးဝ မထိန်းချုပ်နိုင်သော အယ်လ်ဖာများသာ ၎င်းတို့ကို သုံး၍ ရလိမ့်မည်။ ဤသို့သော အယ်လ်ဖာများမှာ
အသုံးမကျသူများနှင့် ညီမျှလုနီးပါးဖြစ်နေလိမ့်မည်သာ။
သူမအား
မျက်နှာကာပေးသည်မှာ သူမ၏ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု အားနည်းပုံကို လှောင်ပြောင်လိုခြင်းဖြစ်လောက်သည်။
သို့မဟုတ်.... သူမအနေဖြင့် ရှေ့လျှောက် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိလာရန်
မျှော်လင့်နေခြင်းပင်။ သူမ၏ အသက်ပြည့်ခြင်းအခမ်းအနားက ရလာသော အံ့ဩစရာ လက်ဆောင်ပါပဲ။
ကျီမိသားစု မျှော်လင့်ထားသလိုပင် ၎င်းတို့မှာ ကျိုးမိသားစုနှင့် ဆက်ဆံရန် အခွင့်အလမ်းကိုဘယ်တော့မှ
မလွဲစေခဲ့ပေ။
သို့သော်....
ကျိုးလော့ဟွမ်က
မျက်လွှာချ၍ သူမလက်ထဲရှိ မျက်နှာကာကို ကြည့်ကာ လက်ချောင်းများက အဆစ်များအပေါ် ပြေးလွှားနေသည်။
မျက်နှာကာ အစစ်မှာ တစ်ခုတည်းပင်၊ ယခုလို ခပ်မာမာဖိလိုက်လျှင် ပျက်စီးသွားနိုင်သည်။
သူမဟာ
လက်ကိုမြှောက်၍ မျက်နှာထက်တွင် မျက်နှာကာကို ဝတ်ဆင်လိုက်ပြီး မျက်ဝန်းများက မှုန်မှိုင်းနေ၏။
“ကျီယွဲ့ကျစ် ...” နင်က မျက်နှာကာနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကာကြားက ခွဲခြားမှုကိုတောင်
ပြောပြနိုင်မယ့် ပုံမရဘူး။”
ကျိုးလော့ဟွမ်မှာ
မျက်နှာကာကို လက်ဆောင်ဘူးထဲသို့ ပြန်ထည့်ကာ ထွက်လာချိန်တွင် အိမ်တော်ထိန်းက အပြင်ဘက်၌
စောင့်ဆိုင်းနေခဲ့သည်။ သူဟာ သူမလက်ထဲရှိ ဘူးကို တစ်ချက်သာကြည့်ပြီး ထိုလက်ဆောင်က မည်သူ့ထံမှ
ဖြစ်ကြောင်း သတိရသွား၏။
“ဒါက
ကျီမိသားစုက လက်ဆောင်ပဲ။” အိမ်တော်ထိန်းမှာ သိုလှောင်ရုံတံခါးကို သော့ခတ်ကာ ကျိုးလော့ဟွမ်နောက်
လိုက်လာ၏။ ထို့နောက် ရုတ်တရတ် သဘောပေါက်သွားကာ၊ “သခင်မလေး၊ သခင်မလေးက ကျီမိသားစုရဲ့
သခင်လေးအတွက် အသက်ပြည့်ခြင်း လက်ဆောင်ကို ကိုယ်တိုင်ပြင်ဆင်နေတာလား?”
ကျိုးလော့ဟွမ်မှာ
လက်ထဲမှ လက်ဆောင်ဘူးကို ချိန်ဆ၍ အတွင်းရှိ အရာများကို စဉ်းစားကာ မရေရာသောအသံဖြင့် ပြောလိုက်၏။
“ဦးလေးကျောက်၊ ကျီမိသားစုရဲ့ သခင်လေးက ကျွန်မအတွက် အသက်ပြည့်ခြင်း လက်ဆောင်ကို ကိုယ်တိုင်
ပြင်ဆင်ပေးခဲ့တာလေ။ အခု သူက အသက်ပြည့်တော့မှာဆိုတော့ ကျွန်မလည်း သူ့အတွက် ကိုယ်တိုင်
လက်ဆောင်ရွေးပေးသင့်တာပေါ့။”
အိမ်တော်ထိန်းမှာ
သူမ စကားလုံးများ၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားမလည်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“သခင်မကြီးက ၂၈ရက်နေ့ကျရင် သခင်မလေး မြို့တော်မှာ မရှိဘူးအထင်နဲ့ ကျီမိသားစုရဲ့ သခင်လေးအတွက်
လက်ဆောင်ကို ကြိုပြင်ထားပေးပါတယ်။ သခင်မလေး လိုချင်....”
“မလိုဘူး။
အမေက ကျိုးမိသားစုကိုယ်စား ပို့ပေးမှာ။ ကျွန်မက အတန်းဖော်အနေနဲ့ နောက်ထပ် လက်ဆောင်
ပို့ပေးလိုက်မယ်။”
အိမ်တော်ထိန်းမှာ
ကျိုးလော့ဟွမ် အပေါ်ထပ်တက်သွားသည်ကို ကြည့်ရင်း စိတ်ထဲ ရေရွတ်လိုက်မိသည်။ “သခင်မလေးက
အရမ်းကြင်နာတတ်တာလား? သူမအနေနဲ့ ကျီမိသားစုရဲ့ သခင်လေးကို ရှက်စရာကောင်းအောင် နည်းလမ်းတချို့
စဉ်းစားနေမှာ ကြောက်မိတယ်။”
အိပ်ခန်းထံသို့
ပြန်သွားပြီးနောက် ကျိုးလော့ဟွမ်မှာ လက်ဆောင်ဘူးကို စားပွဲပေါ် သာမန်ကာလျှံကာ ပစ်ချ၍
ကုတင်ရှိရာထံ လျှောက်သွားပြီး ငုံ့ကိုင်းလျက် ကုတင်ဘေးရှိ စားပွဲကို တွန်းလိုက်သည်။
ထို့နောက် လက်ဆန့်ထုတ်ကာ နံရံကို ဖိလိုက်သည်။ အလင်းတစ်ချက်လက်သွားပြီးနောက်တွင် ရုတ်တရတ်
နံရံက ချိုင့်ဝင်သွားသည်။ ထို့နောက် နံရံတစ်ခုလုံးက အလယ်၌ အက်ကွဲသွားကာ နှစ်ဘက်လုံးသို့
ရွေ့လျားသွားပြီး အမှောင်ခန်းတစ်ခန်းပေါ်လာသည်။
ထိုအမှောင်ခန်းအလယ်၌
လက်နက်များ ချိတ်ထားသော နံရံကြီးနှစ်ခု ရှိနေကာ ဘေးပတ်လည်၌ လက်နက်ကြီးများကို ထား၊
ထားသည်။ လူတစ်ယောက် အသုံးပြုနိုင်သည့် အမြောက်လက်နက် အမျိုးအစားအားလုံးလည်း ဤနေရာ၌
ရှိသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် အတွင်းရှိ စားပွဲရှည်ကြီးထက်တွင် စင်ပေါင်းများစွာ
ရှိကာ ၎င်းတို့ထက်၌ ဓားတို၊ ဓားရှည်များ စုံလင်အောင် ရှိနေသည်။
ကျိုးလော့ဟွမ်က
အထဲသို့ လျှောက်ဝင်သွားပြီး မျက်လုံးများက နံရံထက်ရှိ သေနတ်များကို ကြည့်လိုက်ပြီးနောက်
စားပွဲရှည်ရှိရာဘက် ပြန်လှည့်လိုက်ကာ ထိပ်ဆုံးမှ ဓားရှည်တစ်ချောင်းကို ထိကြည့်ပြီး
ယူလိုက်သည်။ ထို့နောက် ဓားရိုးကို ကိုင်၍ အတန်ငယ် ဆွဲထုတ်လိုက်ရာ အေးစက်တောက်ပသော ဓားသွားက
ပေါ်ထွက်လာ၏။
ဒါက
ဓားကောင်းတစ်လက်ဖြစ်ပေမယ့် ဒါကို သူမနဲ့အတူ ယူသွားလို့မရတာတော့ နှမျောစရာပင်။
နောက်ဆုံးတွင်
သူမဟာ ပိုနိမ့်သည့် စင်ထက်မှ ဓားမြှောင်တစ်လက် ယူလိုက်သည်။ ဓားသွားက ပါးလျ နူးညံ့ပြီး
သတ္တုပျော့ပေါင်းစပ်ဖိုက်ဘာဖြင့် ပြုလုပ်ထားသည်။ ထိုဓားသွား၏ အဖျားကို သူမ၏ လက်တစ်ချောင်းဖြင့်
နူးညံ့စွာ ဖိလိုက်ရုံနှင့် ဓားသွားကို ကွေးအောင် လုပ်နိုင်သည်။ သို့သော်လည်း ဓားသွားတစ်ခုလုံးကွေးသွားပါလျှင်တောင်
သူမ လက်လွှတ်လိုက်သရွေ့ ဓားသွားမှာ ၎င်း၏ ပင်ကိုပုံစံကို ပြန်ရောက်သွားမည်ဖြစ်၏။
ကျိုးလော့ဟွမ်မှာ
သူမ၏ ဘယ်ဘက်လက်ကောက်ဝတ် အရေပြားနှင့် နီးနီးကပ်ကပ်တွင် ဓားမြှောင်ကိုထားလိုက်ပြီး
မည်သူကမှ မူမမှန်သည်ကို သတိမထားမိအောင် အင်္ကျီလက်ကို ဆွဲချလိုက်သည်။ ဓားမြှောင်ကို
ထားပြီးနောက် အပြင်သို့ထွက်ကာ ထိုအမှောင်ခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး ကုတင်ဘေးရှိ
စားပွဲကို ၎င်း၏ မူလနေရာ၌ ပြန်ထားလိုက်သည်။
အခန်းထဲ၌
၂နာရီနီးပါး ရှိနေချိန်တွင် တံခါးခေါက်သံကြားလိုက်ရသည်။ ၎င်းမှာ တံခါးခေါက်သံတစ်ချက်မျှသာဖြစ်ပြီး
အပြင်ဘက်ရှိ လူမှာ သေချာပေါက် အိမ်တော်ထိန်း မဟုတ်ပေ။
ကျိုးလော့ဟွမ်က
ထရပ်ပြီး တံခါးဖွင့်လိုက်သည်။ အပြင်ဘက်၌ ရပ်နေသူမှာ ကျက်သရေရှိလှသည့် အမျိုးသမီးတစ်ဦးပင်။
ကျိုးလော့ဟွမ်အား မြင်ချိန်၌ သူမ၏ မျက်ဝန်းများ ခဏတာ တောက်ပသွားသော်လည်း မျက်နှာပြန်ပျက်သွားပြီး
လှပသော မျက်လုံးများက ဒေါသတို့ ပြည့်လာသည်။ “အိမ်ပြန်ဖို့ သတိရသေးတယ်ပေါ့? ကျောင်းကနေ
သတိပေးတိုင်တောဖို့လာတဲ့ လူတွေကတောင် နင့်ထက်ပိုပြီး လုံ့လရှိသေးတယ်!”
“မှားသွားပါတယ်”
ကျိုးလော့ဟွမ်မှာ အဆင်သင့် တောင်းပန်လိုက်သည်၊ “သမီး ဒီစာသင်နှစ်တော့ မပျက်ကွက်ပါဘူး”
ယိထုံမှာ
သူမ၏ သမီးကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် မျက်ခုံးများကို ဖြေလျှော့လိုက်၏။ “အောက်ထပ်မှာ
ထမင်းလာစား။ ကျောက်ပေါ်က မီးဖိုချောင်ကို သမီး အကြိုက်ဆုံးစားစရာ ပြင်ခိုင်းထားတယ်။”
“အဖေရော?”
“ဧည့်ခန်းထဲမှာ၊
အမေ ထမင်းအတူစားဖို့ စောင့်နေမယ်နော်” ယိထုံက
သူမ၏ သမီးအား လက်ကိုင်ခွင့်ပြုကာ အောက်ထပ်သို့ ဆင်းလိုက်သည်။ “ဦးလေးကျောက်က သမီးအနေနဲ့
ယွဲ့ကျစ်အတွက် တခြားလက်ဆောင် ပြင်ပေးချင်နေတယ်လို့ ပြောပြတယ်။ ဘာ မကောင်းတဲ့ အကြံတွေမှ
မတွေးနဲ့နော်။ ကျီမိသားစုနဲ့ အမေတို့ မိသားစုက အရင်းအမြစ်တွေအတွက် ပြိုင်ဆိုင်နေကြတာ
မှန်ပေမယ့် သမီးတို့လို လူငယ်တွေ ဝင်ပါဖို့ မလိုဘူး။”
“သမီးက
အတန်းဖော်တွေကို အနိုင်ယူချင်ရုံပါပဲ” ကျိုးလော့ဟွမ်မှာ ဆင်ခြေပေးလိုက်သည်။
“ဒီလိုဆိုရင်
ပိုကောင်းမှာပါ” ယိထုံမှာ ကျိုးလော့ဟွမ်ကို စိတ်မချဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“နင်သာ ယွဲ့ကျစ်လို အမြင်ရှိနိုင်ရင် အရမ်းကောင်းမယ်။ သူက ကျောင်း တစ်နှစ်ပဲတက်ရသေးပြီး
စည်းကမ်းထိန်းသိမ်းရေးဌာနရဲ့ ဒါရိုက်တာ ဖြစ်လာတာ တစ်နှစ်နီးပါး ဖြစ်နေပြီ၊ မင်းကတော့
ကျောင်း တစ်နှစ်နေခဲ့ပြီး တစ်နှစ်လောက် ကျောင်းပြေးနေခဲ့တာလေ။”
ကျိုးလော့ဟွမ်
- “.........”
စည်းကမ်းထိန်းသိမ်းရေးဌာနမှာ
တကယ်ကို နေရာကောင်းပင်။ အခြေခံအားဖြင့် ပထမစစ်ဘက်ကျောင်းတော်ရှိ အကောင်းဆုံး ကျောင်းသားများအားလုံး
ထိုနေရာ၌ ရှိကြသည်။ ‘သင်သာ ဒါရိုက်တာ ဖြစ်လာနိုင်လျှင် အနာဂတ်၌ သင်၏ ဆက်သွယ်မှုကွန်ရက်က
ဘယ်လောက်တောင် အားကောင်းနေမလဲဆိုတာ ပြောစရာတောင် မလိုလောက်ပါဘူး’။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍
ကျီယွဲ့ကျစ်မှာ အလုပ်ကြီးတစ်ခု လုပ်ခဲ့ပြီး ယခုတွင် စည်းကမ်းထိန်းသိမ်းရေးဌာနမှာ သူ၏
နယ်မြေဖြစ်နေပြီပင်။
သူမ၏
သမီးကို ဆူငေါက်ပြီးနောက် ယိထုံမှာ ထမင်းစားဖို့ လွှတ်ပေးလိုက်သည်။ ကျိုးမိသားစုခေါင်းဆောင်မှာ
အဓိက ခုံ၌ ထိုင်စောင့်နေ၏။
ကျိုးသိဟုန်မှာ
ကျိုးလော့ဟွမ်ကို တွေ့ချိန်တွင် များများစားစား မတုံ့ပြန်လာပေ။ သူဟာ ခေါင်းငြိမ့်ရုံသာ
ငြိမ့်ပြပြီး သူမအား ထိုင်စားဖို့ အချက်ပြလိုက်သည်။ “လတ်လတ်ဆတ်ဆတ် ချက်ထားတဲ့ ကြက်သားအကြွပ်ကို
စမ်းစားကြည့်”
°°°°°°°°°°
တစ်ရက်လုံး
အတန်းပြေးပြီးသည့်နောက် ကျိုးလော့ဟွမ်မှာ နောက်နေ့မနက်စောစောတွေ အိမ်မှ ကန်ထုတ်ခံလိုက်ရတော့သည်။
ယိထုံက သူမ၏ နှာခေါင်းကို လက်ညှိုးဖြင့် ထိုးမိလုနီးပါး ကျောင်းသို့ သွားရန် ပြောခဲ့၏။
ကျိုးလော့ဟွမ်လည်း
ရွေးစရာမရှိတော့ဘဲ ကျောင်းသွားလိုက်ရတော့၏! ဤတစ်ကြိမ်တွင် သူမဟာ စည်းကမ်းထိန်းသိမ်းရေးဌာနမှ
တစ်ယောက်ယောက်နှင့် မတိုးမိဘဲ အတန်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားသည်။
ကျန်းဟုန်က
သူမ၏ ဗလာဖြစ်နေသည့် လက်နှင့် စားပွဲကို ကြည့်ကာ တစ်အောင့်အကြာတွင် ပြောလာသည်။ “...
အတန်းထဲကို စာအုပ်ယူမလာဘူးလား?”
“ငါ
အိပ်ဆောင်ကို မသွားခဲ့ရဘူး” ကျိုးလော့ဟွမ်က ထူးမခြားနား ပြောခဲ့သည်။ “စာအုပ်ပါ အကြောင်းအရာတွေကို
ငါ မှတ်မိပါတယ်ဟ”
ဤအတန်းမှာ
ဗဟိုအစိုးရသမိုင်းကြောင်းဖြစ်ပြီး သူမဟာ လွန်ခဲ့သည့် အပတ်၌ ရခဲ့စဉ်က စာတစ်အုပ်လုံးကို
ဖတ်ထားပြီးဖြစ်သည်။
“မင်းက
အံ့ဩစရာပဲ”
ဆရာကလည်း
အတန်းထဲသို့ မလာသေးပေ။ ကျန်းဟုန်က တံခါးမှ ဝင်လာသည့်လူကို ကြည့်ကာ မျက်လုံးမှိတ်လျက်
အနားယူနေသည့် ကျိုးလော့ဟွမ်အား တံတောင်ဖြင့် တွန်းလိုက်သည်။ “မင်းတို့ နှစ်ယောက်အနေနဲ့
နောက်လကြရင် စိတ်ကြိုက်ဘာသာရပ်အတန်းမှာ ရင်ဆိုင်ရလိမ့်မယ်။ သေနတ်ပစ်တာ ဒါမှမဟုတ် တိုက်ခိုက်တာပဲ။
ကျောင်းကွန်ရက်ရဲ့ အမည်မသိ ဖိုရမ်က မင်းတို့ နှစ်ယောက်အကြားမှာ ဘယ်သူ ပိုသန်မာတယ်ဆိုတာကို
လောင်းကြေးထပ်ထားတယ်။ ဒါပေါ့... သူကတော့ အရင်ဆုံး အသွင်ကူးပြောင်းရဦးမှာ။”
ကျိုးလော့ဟွမ်မှာ
မျက်လုံးများဖွင့်၍ ရှေ့တန်း၌ ထိုင်နေသည့် လူကို ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရတ်
မနေ့က အနက်ရောင် မျက်နှာကာကို သတိရသွား၏။ သူမဟာ မိမိလျှာထိပ်အား မနေနိုင်အောင် သွားဖုံးကို
ထိုးလိုက်မိပြီး မျက်လုံးများက မာနတို့ဖြင့် ပြည့်လာ၏၊ “အသွင်ကူးပြောင်းခြင်း အောင်မြင်တော့ရော
ဘာလုပ်ရမှာလဲ?”
ကျန်းဟုန်မှာ
ကျိုးလော့ဟွမ်၏ ဖယ်ရိုမုန်းများထံမှ ကြောက်မက်ဖွယ် ဖိနှိပ်ခြင်းကို တွေးမိကာ အနည်းကယ်
စိတ်ပျက်သွားမိသော်လည်း မကြာခင်တွင် အားပေးလာသည်။ “အရင်က မင်းပဲ သူက အသွင်မကူးပြောင်းရသေးဘဲနဲ့
ရှန့်ချိန်ပင်းကို ကန်ထုတ်နိုင်တယ်လို့ ပြောခဲ့တယ်လေ။ သူ အသွင်ကူးပြောင်းတာ အောင်မြင်တဲ့အခါကျရင်
သူက မင်းထက် ဆိုးနေမှာမဟုတ်ဘူး”
“ကြည့်ရတာပေါ့”
ရှေ့တန်းရှိ
လူမှာ တစ်ယောက်ယောက်က သူ၏ နောက်ကွယ်၌ သူ့အကြောင်း ပြောနေသည်ကို သတိထားမိဟန်တူသည်။ ထိုင်ချလိုက်ပြီးနောက်
သူဟာ အနောက်သို့ ခေါင်းအသာငဲ့ကြည့်လာပြီး မည်သူမှ သတိမထားမိခင်တွင် အမြန် ပြန်လှည့်သွား၏။
°°°°°°°°°°°°
“မကြာခင်က
ကလပ်အားလုံး အဖွဲ့ဝင်သစ်တွေ စုဆောင်းနေကြတယ်။” ကျန်းဟုန်က ကျိုးလော့ဟွမ်အား ကျောင်းလမ်းသို့
ခေါ်လာသည်။ သူဟာ အရှည်ဆုံးအတန်းကို ညွှန်ပြကာ ပြောလေ၏။ “ဒါက စည်းကမ်းထိန်းသိမ်းရေးဌာနကနေ
အဖွဲ့ဝင်အသစ်တွေ စုဆောင်းနေတာ။ မင်း ဒါကို အရင်နှစ်က မတွေ့ခဲ့ရဘူးလေ။ အရင်တစ်ခေါက်ကဆို
လူတွေက အဆပေါင်းများစွာ ပိုများတယ်။ ငါတော့ သူတို့အားလုံး ကျီယွဲ့ကျစ်ကြောင့် ရောက်လာကြတယ်လို့
ခန့်မှန်းတယ်။”
ကျိုးလော့ဟွမ်၏
အာရုံမှာ လမ်းအကူးမှ အဖွဲ့ဝင်အသစ်များစုဆောင်းနေသည့် ကလပ် သို့မဟုတ် ပိုအတိအကျဆိုရလျှင်
လူသစ်စုဆောင်းရေး ရုံးခန်းရှေ့ရှိ လူထံမှ ဆွဲဆောင်ခံလိုက်ရသည်။ သူမလည်း လျှောက်သွားပြီး
ထိုလူ၏ ခြေသလုံးကို ကန်လိုက်ကာ၊ “လူသစ်လေး နင့်ကို အရင်တစ်ခေါက်က မေးဖို့ မေ့သွားတာ၊
နင့်နာမည်က ဘာလဲ?”
ယန်ယန်မှာ
အကန်ခံလိုက်ရချိန်တွင် အစားအသောက်ကလပ်မှ ပြုလုပ်ထားသည့် ကိတ်မုန့်အမြည်းများကို အငမ်းမရ
မြိုချလိုက်မိသည်။ နောက်ဆုံးတစ်ကိုက်စားပြီးနောက် သူဟာ အလိုအလျောက် ပြန်လည်တိုက်ခိုက်လိုက်မည်
ပြုလိုက်ပါသော်ငြား ကျိုးလော့ဟွမ် ဖြစ်နေသည်ကို မြင်သော် မသိလိုက်ပါဘဲ အေးခဲသွားသည်။
“ယန်၊ ယန်ယန် ပါ”
“တစ်ယောက်ယောက်က
ကျောင်းဝန်းမှာ နင့်ရဲ့ ဖယ်ရိုမုန်းတွေကို ထိန်းချုပ်ထားဖို့ ပြောခဲ့လား?” ကျိုးလော့ဟွမ်က
မေးရင်း လက်ပိုက်လိုက်သည်။ “နင် တကယ်ပဲ မလုပ်နိုင်ရင်လည်း ရနံ့ဖုံးပလာစတာလေးဘာလေး ကပ်လေ။”
ယန်ယန်မှာ
ကျိုးလော့ဟွမ်ကို ထူးမခြားနားဟန်ဖြင့် ကြောက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုတို့ ရောထွေးလျက်
ကြည့်လာသည်။ “ခင်ဗျားကလည်း စည်းကမ်းထိန်းသိမ်းရေးဌာနကပဲလား?”
“စိတ်လိုက်မာန်ပါလုပ်တတ်ပြီး
ကျိုးကြောင်း မဆင်ခြင်ဘူး” ကျိုးလော့ဟွမ်က သူ၏ လက်မောင်းနှင့် ခြေထောက်များကို ကြည့်ကာ
နှာမှုတ်ခဲ့သည်။ “သူ့ရဲ့ ခန္ဓာကိုယ်ကျစ်လျစ်မှုက မဆိုးဘူးပဲ”
ယန်ယန်၏
မျက်နှာမှာ နီလိုက်ပြာလိုက်ဖြစ်နေသည်။ သူငြင်းဆန်ချင်သော်လည်း သူ၏ အသိစိတ်က ပါးစပ်ပိတ်ထားရန်
သူ့အား သတိပေးနေသည်။ သို့သော် ကျိုးလော့ဟွမ်က ထူးခြားသည်။ ထိုနေ့က သူ၏ အရိုးများအား
မြှုပ်နှံရမည်ကို ကြောက်ရွံ့ခဲ့ရသည့် အခိုက်အတံ့ ရှိနေခဲ့ရာ ယခုအထိပင် ခံစားနိုင်သေးသည်။
“ဖယ်ရိုမုန်း
ပါဝင်မှုပမာဏကို ထိန်းချုပ်နိုင်တာ ပိုကောင်းတယ်။ ဒါကို အဝေးကနေတောင် အနံ့ရနိုင်တယ်လေ။”
ကျိုးလော့ဟွမ်က ဆိုပြောလိုက်သည်။ “ကျောင်းတော်မှာ အယ်လ်ဖာတွေပဲ ရှိတာ မဟုတ်ဘူး။”
အိုမီဂါများထံ၌
ယခုတွင် အယ်လ်ဖာဖယ်ရိုမုန်းများကို ထိထိရောက်ရောက် သီးသန့်ပိုင်းခြားနိုင်သော သီးခြားအေးဂျင့်များ
ရှိပါလျှင်သော်မှ အများပြည်သူရှေ့တွင် ဖယ်ရိုမုန်းများကို မထိန်းချုပ်ထားခြင်းက လိင်ပိုင်းဆိုင်ရာ
နှောင့်ယှက်နေသလိုပင်။ ဟုတ်ပါ၏၊ ဝေးလံသည့် နေရာများမှ လူအချို့ကမူ ထိုစည်းမျဉ်းများကို
ဂရုမစိုက်ကြပေ။
“နင်တို့
မိဘတွေက ဘယ်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာလဲ?” ကျိုးလော့ဟွမ်က ရုတ်တရတ် မေးလိုက်၏။
သူ့အား
ကျောင်းတော်သို့ ဝင်မလာခင်တည်းက ခွဲခြားထားပြီးသားဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် အမူအကျင့်တို့တွင်
သန့်ရှင်းမှု မရှိပေ။ သူဟာ အပျော်တမ်း ကလပ်မှ လုပ်ထားသည့် ကိတ်မုန့်များကိုပင် စားသေးသည်။
ထို့ကြောင့် သေချာပေါက် မြို့တော်ကြီးတစ်ခုမှ မဟုတ်ပေ။ သူ့ထံ၌ သူမ မြင်ဖူး ကြားဖူးသည့်
စစ်တပ်ဆိုင်ရာကြမ်းတမ်းသော လေထုရှိနေသည်။ ၎င်းတို့အနက် အများစုက စစ်တပ်နောက်ကို လိုက်ရသော
၎င်းတို့မိသားစုရှိရာ ဝေးလံသည့် စစ်ဘက်အသိုင်းအဝိုင်းမှ လာကြသည်။
“ရှီကျန်း
၃၃၇ နယ်ခြား ကြယ်ပွင့်တပ်ကပါ!” ယန်ယန်မှာ သူ၏ ရင်ဘတ်ကို ထု၍ ပလုံးပထွေးအသံဖြင့် ပြောလိုက်သည်။
ကျန်းဟုန်
ခဏမျှ စဉ်းစားပြီး ကျိုးလော့ဟွမ်ကို ကြည့်လိုက်၏၊ “ဒါကို ဆောင်းရာသီ စစ်တပ်အပိုင်လို့
ယူဆနိုင်တယ်”
ကျိုးလော့ဟွမ်က
ယန်ယန်ထံ ကဒ်တစ်ကဒ်ပစ်ပေးလိုက်ကာ “မနက်ဖြန် ငါ နင့်ကို တစ်နပ်စာ ဝယ်ကျွေးမယ်။ လိပ်စာက
ဒီပေါ်မှာ ပါတယ်။”
ယန်ယန်က
ခေါင်းငုံ့၍ ဟိုတယ်အမည်ရေးထားသည့် ကဒ်ကို ကြည့်လိုက်ကာ နောက်ဆုံးတွင် ဆောင်းရာသီစစ်တပ်၏
ခေါင်းဆောင်က ကျိုးဖြစ်သည်ကို သဘောပေါက်သွားသည်။
မထွက်ခွာခင်တွင်
ကျန်းဟုန်က ကြင်နာစွာ သတိပေးလိုက်သည်။ “ပထမစစ်ဘက်ကျောင်းတော်မှာ အိုမီဂါတွေအပြင် အသုံးမကျတဲ့
အယ်လ်ဖာတွေကပဲ ဖယ်ရိုမုန်း အနံ့ဖုံးပလာစတာကို သုံးကြတာ”
ယန်ယန်
- “...”
တင်းဝူမင်မှာ
စည်းကမ်းထိန်းသိမ်းရေးရုံးခန်း၌ စာရင်းသွင်းပြီးသွားသော်လည်း ပြန်ရောက်လာချိန်တွင်
ယန်ယန်က ထိုနေရာ၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူလည်း လျှောက်သွားကာ မေးလိုက်၏၊ “ယန်ယန်၊
ငါ စာရင်းသွင်းပြီးပြီ။ မင်းလက်ထဲမှာ ဘာ VIPကဒ်ကို ကိုင်ထားတာလဲ?”
“စားသောက်ဆိုင်ကပါ”
ယန်ယန်မှာ ကဒ်ကို ယူ၍ လှည့်လိုက်ပြီး အရှက်ကင်းမဲ့စွာ အဆာသွပ်မုန့် အမြည်းတစ်ပန်းကန်ကို
ယူလိုက်ပြီးနောက် တင်းဝူမင်နှင့်အတူ ထွက်ခွာသွားတော့သည်။
ကျိုးလော့ဟွမ်နှင့်
ကျန်းဟုန်တို့ကမူ ဝေးဝေးသို့ လျှောက်မသွားရသေးခင် ကျီယွဲ့ကျစ်နှင့် ပက်ပင်းတိုးမိ၏။
သူဟာ သေသပ်စွာ ဝတ်စားထားဆဲဖြစ်ပြီး သူ၏ စစ်ယူနီဖောင်းမှာ အမြဲ ထိပ်ဆုံးကြယ်သီးအထိ အသေးစိတ်ကျစွာ
ကြယ်သီးတပ်ထားသည်။
“မင်းက
ဘွဲ့မရသေးခင်မှာတင် တိတ်တိတ်လေး အာဏာကို အရယူဖို့ ကြိုးစားနေတာလား?” ကျီယွဲ့ကျစ်က ကျိုးလော့ဟွမ်ကို
မော့ကြည့်လိုက်ပြီး အကြည့်များက တောင်ထိပ်ရှိ ဘယ်တုန်းကမှ အရည်မပျော်သော နှင်းများကဲ့သို့
အေးစက်နေသည်။ “ဒါက မင်း စီစဉ်ထားတဲ့ အရာလား?”
ကျိုးလော့ဟွမ်မှာ
ကပျက်ကချော်ဖြင့် ရယ်မောလိုက်သည်။ “ကျွန်မက စစ်ဘက်ကျောင်းတော် တစ်ခုလုံးက အကောင်းဆုံး
ကျောင်းသားတွေကို အနိုင်ရနိုင်တဲ့ ကျွန်မတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေးဌာန ဒါရိုက်တာလို
မကောင်းပါဘူး။ ကျွန်မရဲ့ နည်းလမ်းတွေကလည်း နည်းနည်း ဟာကွက်ရှိနေပါသေးတယ်။”
ကျီယွဲ့ကျစ်မှာ
အသာ မျက်မှောင်ကုပ်လိုက်ပြီး နောက်ဆုံးတွင် သူမကို ဆက်မပြောတော့ဘဲ ရှေ့တိုးသွားလိုက်သည်။
တစ်ဘက်ရှိ
ကျိုးလော့ဟွမ်က လှည့်လာပြီး နှိုးဆွလိုဟန်ဖြင့် မေးလိုက်၏၊ “ကျောင်းသားကျီ၊ မနေ့က အမှတ်တွေ
နှုတ်ဖို့ မေ့နေတာလား?”
ကျီယွဲ့ကျစ်မှာ
မရပ်တန့်ခဲ့ဘဲ လက်မြှောက်ပြီး အတန်ငယ် လှုပ်ရှားလိုက်သည်။ နောက်တစ်စက္ကန့်တွင် ကျိုးလော့ဟွမ်
ခေါင်းထဲ၌ စနစ်အမှတ်လျှော့ခြင်း အသိပေးချက်ကို ရလိုက်၏။
ကျိုးလော့ဟွမ်
- “.... ကျစ်...”