နူးညံ့သိမ်မွေ့သော
အမျိုးသား အိုမီဂါလေး
အပိုင်း
၅
“ဒီတော့
ဧည့်သည်က သူ့ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားအတွက် လက်ဆောင်ပေးချင်နေတာပေါ့” ကျိုးလော့ဟွမ်
ဖုန်းချလိုက်ပြီးနောက် မန်နေဂျာက ချက်ချင်း စိတ်အားထက်သန်စွာ ပြောလေသည်။
“အသက်ပြည့်ခြင်း အခမ်းအနားက အရေးကြီးတယ်လေ၊ အထူးသဖြင့်....
ကျွန်တော်တို့တွေ ဂရုမထားလို့မရဘူး။ ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် ပစ္စည်းတချို့
ရှိပါတယ်။ နည်းနည်းလောက် ဈေးကြီးပေမယ့်လည်း ဒါတွေက အသက်ပြည့်ခြင်း လက်ဆောင်အတွက် အကောင်းဆုံး
လည်ဆွဲတွေပါ”
အယ်လ်ဖာတစ်ယောက်အတွက်
အိုမီဂါတစ်ဦး၏ အသက်ပြည့်ခြင်း အခမ်းအနားမှာ ၎င်းတို့၏ မင်္ဂလာပွဲထက် မလျော့အောင် အရေးကြီးသည်။
ရှေးယခင် ရက်များတွင် စုံတွဲတစ်တွဲ စေ့စပ်လိုက်သည်နှင့် အိုမီဂါ၏ အသက်ပြည့်ခြင်းအခမ်းအနားမှာ
အယ်လ်ဖာက တစ်ဖက်လူကို အပြည့်အဝပိုင်ဆိုင်နိုင်သည့် အဓိပ္ပာယ်ရှိသည်။
မန်နေဂျာမှာ
မိမိဘာသာ ဤဖောက်သည်က အဆင့်မြင့် အယ်လ်ဖာနှင့် တူသည်ဟု စဉ်းစားမိသည်။ သူမ၏ လည်ကုတ်ပေါ်၌
ရနံ့ဖုံး ပလာစတာ တစ်ခုမှပင် မရှိသော်လည်း မည်သည့် ဖယ်ရိုမုန်းရနံ့ကိုမှ မရခြင်းက သူ့ထံ၌
ထိန်းချုပ်နိုင်စွမ်းကောင်းကြောင်းကို ပြသနေသည်။ ယေဘုယျအားဖြင့် ဤသို့သော လူမျိုးမှာ
အပြင်ပန်း၌ မပြတတ်ကြသော်လည်း သူ၏ ပိုင်ဆိုင်လိုစိတ်က သာမန်လူများထက် များစွာပိုမိုအားကောင်း၏။
ထိုသို့ဖြစ်လျှင် အိုမီဂါများနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ရန် ပို၍ လွယ်ကူလေဖြစ်သည်။
သေချာသလောက်ပင်
ထိုဧည်သည့်က နောက်တစ်စက္ကန့်၌ သဘောတူလိုက်၏။
“ဒါက
လည်ပတ်အစစ်မဟုတ်တော့ အိုမီဂါအတွက် ဝတ်ရတာ သက်တောင့်သက်သာဖြစ်ပြီး အရမ်း ချုပ်ချယ်ရာမကျဘဲ
ကြည့်ကောင်းဖို့ လုပ်လို့ရပါသေးတယ်။”
မန်နေဂျာက အရည်အသွေးမြင့် ထုတ်လုပ်ရေးပစ္စည်းများနှင့်
အယ်လ်ဘမ်ကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ “ဒါက ဒီဇိုင်း နမူနာပါ၊ ဖောက်သည်တွေအနေနဲ့ ကိုးကားလို့ရပါတယ်။”
ကျိုးလော့ဟွမ်က
သာမန်ကာလျှံကာ လှန်ကြည့်လိုက်ပြီးနောက် စိတ်ဝင်စားမှု ကုန်ဆုံးသွားသည်။ “ဟင့်အင်း ကျွန်မဘာသာ
လုပ်နိုင်ပါတယ်။”
ကျီယွဲ့ကျစ်မှာ
သူမအား လှောင်ပြောင်ရန် မျက်နှာကာကို သုံးထားကတည်းက သူမလည်း သဘာဝကျစွာ တုံ့ပြန်ရပေမည်။
အကောင်းဆုံး ပေးသင့်တဲ့ လက်ဆောင်က လည်ပတ်ပဲ မဟုတ်ဘူးလား? အထူးသဖြင့် အယ်လ်ဖာအနေနဲ့
အသွင်ကူးပြောင်းတော့မယ့် လူတစ်ယောက်ကို အိုမီဂါ လည်ပတ်ပေးလိုက်ရင် ဒါက မျက်နှာကာတစ်ခုထက်
ပိုပြီး ဆိုးလောက်တယ်။
ရှေ့ရှိ
ပစ္စည်းအပုံကြီးကိုကြည့်ရင်း ကျိုးလော့ဟွမ်မှာ ရုတ်တရတ် ကျီယွဲ့ကျစ်၏ စစ်ယူနီဖောင်းဝတ်ထားသော
ပုံစံကို သတိရသွားသည်။ အနက်ရောင်က သူနှင့် အင်မတန် လိုက်ဖက်မည့်ပုံပင်။ အနောက်တန်း၌
ထိုင်နေစဉ်၌ သူမမြင်ခဲ့ရသည့် သွယ်လျအေးစက်၍ ဖြူဖွေးသော လည်တိုင်ကိုလည်း တွေးမိသွားကာ
မနေနိုင်အောင် ရေဆာသွားသည်။
ကျိုးလော့ဟွမ်လည်း
ပစ္စည်းပုံကို သာမန်ကာလျှံကာ ဘေးသို့ တွန်း၍ နူးညံ့သည့် ပိုးသားဖြင့် ပြုလုပ်ထားသော
အနက်ရောင် ခါးပတ်ကြိုးတစ်ခုကို ယူလိုက်သည်။ အစွန်းဘက်၌ ဖုံးအုပ်ထားသယောင်နှင့် မဖုံးအုပ်ထားသည့်
အနက်ရောင်ဇာအလွှာပါးတစ်ခုရှိ၏။ ၎င်းကို လက်ထဲ၌ ကိုင်ထားချိန်တွင် တခြားဘက်ကို ခပ်ရေးရေးမြင်နိုင်သည်။
“ဧည့်သည်
ဒါက မှော်နားရွက်ဂြိုဟ်ကနေ စုဆောင်းထားတဲ့ ထိပ်တန်းအဆင့် ပစ္စည်းပါ၊ ပြောကြတာတော့.....”
ကျိုးလော့ဟွမ်မှာ
မန်နေဂျာကို တစ်ချက်ကြည့်ကာ ဖြတ်ပြောလိုက်သည်။ “ကျွန်မ သုံးတဲ့ ပစ္စည်းတွေ အားလုံးအတွက်
ပိုက်ဆံပေးမှာပါ၊ အခု ထွက်သွားပေးပါဦး”
မန်နေဂျာက
၎င်းကြောင့် ထိတ်လန့်မသွားဘဲ အနည်းငယ် ပျော်ရွှင်ဟန်ပင် ပေါ်နေသေး၏။ ဤသို့ အခြားအရာများထံ
အာရုံမပေးသော အယ်လ်ဖာများမှာ အကြီးစားဖောက်သည်များဖြစ်ကြသည်။
°°°°°°°°°°
တနင်္လာနေ့တွင်
ကျိုးလော့ဟွမ်မှာ အတန်းထဲသို့ အချိန်မှီရောက်လာခဲ့ကာ စင်မြင့်ထက်ရှိ ဆရာဖြစ်သူကို အနည်းငယ်
နေရခက်သွားစေသည်။ သူမဟာ နောက်ဆုံးအတန်း၌ ထိုင်ပါလျှင်တောင် တည်ရှိမှုက အင်မတန် အားကောင်းလှသည်။
ဘီတာ ဆရာမှာ အရိပ်အယောင်မပြဘဲ ချွေးများကို သုတ်လိုက်၏။ သို့သော် ထိုကျောင်းသားများအနေဖြင့်
စိတ်ကြိုက်အတန်းများကို ယူရန် သိပ်ကြာတော့မည်မဟုတ်သဖြင့် ကျောင်းသားသစ်အတန်းကို ပြန်သင်နိုင်ဆော့မည်ဖြစ်သည်။
“အယ်လ်ဖာနဲ့
အိုမီဂါတို့ရဲ့ ပုံပန်းသွင်ပြင်အကြားမှာ ကြီးမားတဲ့ ခြားနားချက်ရှိတာကို ဘေးဖယ်လိုက်ရင်
ဒီနေ့ခေတ် နည်းပညာတွေက တိုးတက်နေပြီမို့လို့ အားလုံးပဲ ကိုယ်ဆန္ဒရှိတဲ့ အတန်းတွေကို
ရွေးချယ်လို့ရပါတယ်။ အိုမီဂါတွေကလည်း အပစ်အခတ်အတန်း၊ ကိုယ်ခံပညာအတန်းလို အတန်းမျိုးတွေ
တက်လို့ရတယ်။ ဥပမာ တပ်စု ၁၇ လက်အောက်က တပ်ခွဲ ၆၇၃ရဲ့ မေဂျာဗိုလ်ချုပ်ကြီး ဟယ်ယွဲ့ဆိုရင်
ပုံမှန် အိုမီဂါတစ်ဦးဆိုပေမယ့် သူမတက်ခဲ့တဲ့ စာသင်နှစ်တွေရဲ့ အပစ်အခတ်အပိုင်းမှာ အမြဲ
သူမကပဲ နံပါတ် ၁ ဖြစ်ခဲ့ပြီး အတိုက်အခိုက်ရမှတ်ကလည်း ထိပ်ဆုံးအဆင့် ၃ကနေ ဘယ်တော့မှ
မကျခဲ့ဘူး။ အရင်က တခြားအိုမီဂါနဲ့ ဘီတာတွေလည်း အများကြီးရှိခဲ့တာမို့လို့ မင်းတို့အနေနဲ့
အမည်စာရင်းသွင်းတုန်းက ကျောင်းရဲ့ သမိုင်းကြောင်းပြခန်းမှာ မြင်ခဲ့ပြီးပြီလို့ ယုံကြည်တာမို့လို့
ဆရာ့အနေနဲ့ အသေးစိတ်ထပ်မပြောတော့ပါဘူး။”
ဘီတာဆရာက
အလေးအနက်ပြောခဲ့သည်။ “သဘာဝ ခန္ဓာကိုယ် အားသာချက်ရှိတဲ့ အယ်လ်ဖာတွေအနေနဲ့ကတော့ ပထမစစ်ဘက်ကျောင်းတော်ရဲ့
အယ်လ်ဖာတွေအဖြစ် မင်းတို့ဟာ အနာဂတ် ဗဟိုအစိုးရဌာနချုပ်မှာ ပါရမီအထူးဆုံး အဖွဲ့ဖြစ်လာဖို့များတာမို့လို့
မင်းတို့အနေနဲ့ ဌာနချုပ်ရဲ့ ဂုဏ်ရောင်ဖြစ်လာဖို့အတွက် ကျန်တဲ့ ကျောင်းသားတွေနဲ့အတူ
လက်တွဲနိုင်ကြစေဖို့ မျှော်လင့်ပါတယ်။”
ဆရာက
ထိုစကားများ ပြောပြီးနောက်တွင် နောက်လအစပိုင်း၌ ဖွင့်လှစ်မည့် စိတ်ကြိုက်အတန်းများ၏
လုပ်ရိုးလုပ်စဉ်များနှင့် အမျိုးအစားများအကြောင်း သေချာရှင်းပြလိုက်သည်။ လူတိုင်းက
ဂရုတစိုက် နားထောင်ကြ၏။
“ပြီးရင်
ကြိုတင်ရွေးချယ်ခြင်းဖောင်တွေကို လွှဲပေးမှာမို့လို့ အားလုံးပဲ ကိုယ်ရည်ရွယ်တဲ့ အတန်းကို
အရင် ရွေးပြီး လုပ်ငန်းစဉ်ကို ကျင့်သားရသွားရင် လအစပိုင်းမှာ ဖောင်တွေကို တရားဝင် ဖြည့်လို့ရပါပြီ။”
ဆရာက တစ်ယောက်အား ဖောင်စာရွက်တစ်ထပ်ကို လွှဲပေးခိုင်းလိုက်သည်။
ကျိုးလော့ဟွမ်က
ခုံထက်၌ မှီထိုင်နေကာ သူမရှေ့ရှိ ကမ်းပေးလာသော ဖောင်ကို ယူ၍ အဖုံးကို လှန်ပြီး သူမ၏
ဖောင်တိန်ကို ကိုင်ကာ စရေးတော့သည်။ သူမအနေဖြင့် စာရင်းမသွင်းခင်ကပင် မည်သည့်အတန်းတက်ရမည်အား
ဆုံးဖြတ်ပြီးသားဖြစ်ပြီး ဒုတိယရွေးချယ်မှုလည်း မရှိပေ။
“ကျီယွဲ့ကျစ်က
အသွင်မကူးပြောင်းရသေးဘူး။ သူက ကြိုတင်ရွေးချယ်ခြင်းဖောင်အတွက် ဘယ်အတန်းကို ဖြည့်မယ်လို့
ထင်လဲ?” ကျန်းဟုန်က ရှေ့တန်းကို ကြည့်လိုက်ပြီး ခေါင်းက ကျိုးလော့ဟွမ်ရှိရာဘက် ငုံ့လာပြီး
အတင်းတုပ်လေသည်။ “သူသာ အိုမီဂါအဖြစ် အသွင်ကူးပြောင်းသွားရင် စိတ်ဝင်စားစရာကောင်းမှာပဲ”
၎င်းကို
ကြားသော် ကျိုးလော့ဟွမ်၏ ဖောင်တိန်ကိုင်ထားသော လက်ကချော်သွားရာ နောက်ဆုံး စာလုံးမှနေ၍
မျဉ်းကြောင်း ရှည်ကြီးတစ်ခုကို ခြစ်မိသွားသည်။ ကျီယွဲ့ကျစ်ထံ လည်ပတ်ပေးဖို့ ပြင်ဆင်နေစဉ်က....
သူမအနေဖြင့် အိုမီဂါအသွင် ကူးပြောင်းသွားနိုင်သော ဖြစ်နိုင်ခြေကို မစဉ်းစားခဲ့မိချေ။
“ကျီမိသားစုရဲ့
ခေါင်းဆောင်က S အဆင့် အယ်လ်ဖာဖြစ်ပြီး သူ့ရဲ့ဇနီးက A အဆင့် အိုမီဂါပဲလေ။ ဗဟိုအစိုးရဌာနချုပ်ရဲ့
မျိုးရိုးဗီဇသုတေသနအရ သူတို့ကလေးရဲ့ ၉၀ရာခိုင်နှုန်းဟာ အယ်လ်ဖာအနေနဲ့ အသွင်ကူးပြောင်းရလိမ့်မယ်၊
ပြီးတော့လည်း...” ကျိုးလော့ဟွမ်က အရှေ့တန်းရှိ ကျီယွဲ့ကျစ်၏ နောက်ကျောကို ကြည့်လိုက်ကာ၊
“သူက အိုမီဂါပုံစံနဲ့ တူမနေတာကို မပြောနဲ့ဦး”
“အိုမီဂါနဲ့
မတူတဲ့ အိုမီဂါတွေ အများကြီးပါ” ကျန်းဟုန်က ရေရွတ်သည်။
“သူသာ
တကယ်ပဲ အိုမီဂါတစ်ဦး အသွင်ကူးပြောင်းသွားမယ်ဆိုရင်...” ကျိုးလော့ဟွမ်က ရုတ်တရတ် ဟာသလုပ်ကာ
ဖောင်တိန်ကို လက်ဖြင့်ဆော့ကစားနေပြီး၊ “ငါတို့ မိသားစုနှစ်ခုစလုံး လက်ထပ်ပြီး ပူးပေါင်းလိုက်လို့ရမယ်၊
အဲ့လိုဆိုရင် အနာဂတ်မှာ အရင်းအမြစ်တွေအတွက် ပြိုင်စရာမလိုတော့ဘူးလေ ဘာပဲဖြစ်ဖြစ် တစ်မိသားစုတည်း
ဖြစ်ပြီဆိုတော့”
“အိပ်မက်ဆက်မက်နေလိုက်”
ကျန်းဟုန်က နှာခေါင်းရှုံ့လိုက်ကာ၊ “ကျီယွဲ့ကျစ်က မျိုးရိုးဗီဇစစ်ဆေးမှု ပေါင်းများစွာလုပ်ပြီးပြီ၊
အယ်လ်ဖာအဖြစ် အသွင်ကူးပြောင်းဖို့က ၁၀၀%လောက်ရှိတယ်။ ကျိုးနဲ့ ကျီမိသားစုက သေသည်အထိ
တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ ကံကြမ္မာသတ်မှတ်ပြီးသားပဲ။”
၎င်းတို့ကဲ့သို့
မိသားစုကြီးတစ်ခုအတွက် ၎င်းတို့လုပ်ဆောင်သော လှုပ်ရှားမှုတိုင်း စောင့်ကြည့်ခံနေရသည်။
ကျီရှီးရှို့က ကျီယွဲ့ကျစ်အား အကြိမ်များစွာ မျိုးရိုးဗီဇစစ်ဆေးဖို့ ခေါ်သွားတတ်ခြင်းကိုပင်
လုံးဝ မဖုံးကွယ်နိုင်ခဲ့ပေ။
“ပြီးလို့ရှိရင်
ဒါတွေကို လွှဲပေးလိုက်၊ ဆရာက မင်းတို့အတွက် ဒါကို အရင် သိမ်းထားပေးမယ်။ အနာဂတ်ကျ ဘွဲ့ရပြီးတဲ့အခါ
မင်းတို့ရဲ့ အစမ်းရွေးချယ်မှုနဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို လူထုရှေ့ ချပြသွားမှာ။”
စင်မြင့်ထက်ရှိ ဆရာက ပြောသည်။ ၎င်းမှာ ပထမစစ်ဘက်ကျောင်းတော်ရှိ အစဉ်အလာဖြစ်ပြီး ဘွဲ့ရသွားပြီး
ခရီးစဉ်အသစ်သို့ ဝင်ရောက်ခါနီးသည့် ဗိုလ်လောင်းများအား လွန်ခဲ့သော နှစ်အနည်းငယ်အကြာက
၎င်းတို့၏ အတွေးများထံ အလည်ပြန်လာပြီး နှိုင်းယှဉ်ကြည့်ရန် ဤဖောင်နှစ်မျိုးကို ပေးအပ်မည်ဖြစ်သည်။
ကျန်းဟုန်မှာ
ဖောင်ဖြည့်ပြီးနောက် ကျိုးလော့ဟွမ်ထံလာကြည့်လေသည်။ သူမအနေဖြင့် အတိုက်အခိုက် သို့မဟုတ်
ခန္ဓာကိုယ်လေ့ကျင့်ရေးသင်တန်းများကို အများဆုံးရွေးထားကာ ခေါင်းဆောင်သင်တန်းလည်းပါသည်။
၎င်းက
ပုံမှန်ပါပင်၊ ကျိုးလော့ဟွမ်မှာ ကျိုးမိသားစု၏ နောက်ဆက်ခံသူဖြစ်ပြီး ထိုနေရာ၌ သူမအတွက်
အင်အားရှိနေကာ အနာဂတ်တွင် စစ်တပ်တစ်တပ်ကို မလွဲဧကန် ဦးဆောင်ရမည်ဖြစ်သည်။
“ငါက
အနာဂတ်ကျရင် အနောက်ပိုင်းစစ်တပ်မှာ နေရာချထားခြင်း ခံရဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးသင်တန်းကို
ရွေးထားတယ်။” ကျန်းဟုန်က သူဖြည့်ထားသည့် ဖောင်ကို သူမရှေ့၌ ချပြလာသည်။ “အင်အားကြီးမားတဲ့လူတွေ
အားလုံးက ရှေ့တန်းကို အမြဲ သွားကြတယ်လေ။ ဒီတော့ ငါတို့ထဲက တချို့အနေနဲ့ နောက်မှာ နေဖို့
လိုမယ်လို့ထင်မိတယ်။”
ကျိုးလော့ဟွမ်က
တစ်ချက် ရယ်မောလိုက်သည်။ “နင်က နင်လည်း အင်အားကြီးတယ်လို့ ပြောနေတာလား?”
“အင်အားကြီးတာတော့
မဟုတ်ပေမယ့် ညံ့ဖျင်းနေတာလည်း မဟုတ်ဘူးလေ။” ကျန်းဟုန်က ဖောင်ကိုယူကာ အဖုံးစာမျက်နှာကို
ပိတ်ပြီး လွှဲပေးလိုက်သည်။ “နင်နဲ့ ယှဉ်ရင်ပေါ့နော်”
အစမ်းဇယားကို
ဖြည့်ပြီးနောက် အတန်းတစ်တန်းစာအချိန်ကုန်သွားသည်။ ခေါင်းလောင်းသံမြည်လာသည်နှင့် ကျိုးလော့ဟွမ်က
ပထမဆုံးထရပ်ကာ ရှေ့သို့ လျှောက်သွားပြီး ကျီယွဲ့ကျစ်ရှေ့၌ ရပ်လိုက်သည်။
အတန်းအပြင်သို့
ထွက်သွားကြပြီဖြစ်သော ကျောင်းသားများမှာ ထွက်ခွာဖို့ တွန့်ဆုတ်နေပြီး ပွဲကို စောင့်ကြည်ချင်နေကြသည်။
ဒီနှစ်ယောက်က
နောက်ဆုံးတော့ တစ်ယောက်ကို တစ်ယောက် ရင်ဆိုင်တော့မှာလား?
“ကျောင်းသားအတော်များများက
ငါတို့ တိုက်ခိုက်တာကို မြင်ချင်နေတယ်လို့ ကြားထားတယ်၊ သူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့
မကောင်းဘူးလား?” ကျိုးလော့ဟွမ်က စားပွဲနှင့်ဆန့်ကျင်ဘက်ကို မှီချလိုက်ရာ ၎င်းက ကျီယွဲ့ကျစ်၏
အထွက်လမ်းကို တိတိပပပိတ်သွားပြီး ထိုင်နေသူကို ကြည့်လိုက်သည်။
သူမ၏
မျက်လုံးများက သူ၏ ချောမွေ့၊ ဖြောင့်စင်းသော နှာတံနှင့် အေးစက်နူးညံ့ကာ သွယ်လျသည့်
လည်တိုင်အပေါ် အလည်သွားလိုက်ပြီး ခဏနေတိုက်ပွဲတွင် ၎င်း အတိုင်းအတာကို သူမလက်အားသုံး၍
မည်သို့ တိုင်းတာရမည်အား ချိန်ဆနေလေသည်။
ကျီယွဲ့ကျစ်က
မျက်လုံးများကို ပင့်ကြည့်လာသည်။ သူ၏ နက်မှောင်သော မျက်စိသူငယ်အိမ်များက အေးစက်စက်
လှောင်ရိပ်အချို့ကို သယ်ဆောင်ထား၏၊ “အတန်းဖော် ကျိုးက ကျောင်းသားသစ်လေးကို သဘောကျနေတာလို့
ကြားထားပါတယ်၊ ဒါဆို ဘာလို့ အခု လူတိုင်းရဲ့ သိလိုစိတ်ကို ကျေနပ်အောင် မလုပ်ပေးရမှာလဲ?”
ကျောင်းသားသစ်ကို
သဘောကျတယ်?
ကျိုးလော့ဟွမ်မှာ
တနည်းနည်းနှင့် စိတ်ရှုပ်ထွေးနေပြီးသားဖြစ်သည်။ ထိုစကားလုံးများကို ကြားချိန်၌ သူမဟာ
အချိန်အနည်းငယ်ကြာအောင် မတုံ့ပြန်နိုင်တော့ပေ။ ကျန်းဟုန်က သူမနောက်သို့ ရောက်လာကာ အခြေနေကို
အကြိုက်တွေ့လျက် ရှင်းပြလာ၏၊ “ယန်ယန်လေ၊ ဖိုရမ်မှာ မင်းက ကျောင်းက တစ်ယောက်ယောက်နဲ့အတူ
ပထမဆုံးအကြိမ် ညစာအတူစားတယ်ဆိုပြီး အတင်းအဖျင်းနည်းနည်း ပျံ့နေတာ။”
“သူက
အယ်လ်ဖာလေ” ကျိုးလော့ဟွမ်က မျက်လုံးများကို အတန်ငယ် လှန်လိုက်ပြီး အဘယ့်ကြောင့် ကျောင်းကလူများအနေဖြင့်
ဤသို့ စဉ်းစားသည်ကို မသေချာတော့ပေ။
ကျန်းဟုန်က
စုတ်သပ်လိုက်ကာ၊ “နင် မသိဘူးလား? AA အချစ်ဇာတ်လမ်းက လတ်တလောမှာ နာမည်ကျော်ကြားနေတာလေ”
ကျိုးလော့ဟွမ်မှာ
ယန်ယန်၏ ပုံပန်းသွင်ပြင်ကို ပြန်စဉ်းစား၍ အခိုင်အမာပြောလိုက်၏။ “ငါက အိုမီဂါတွေကိုပဲ
ကြိုက်တာ”
“နင်က
မထင်ထားလောက်အောင် တော်တော် ရှေးရိုးဆန်တာပဲ” ကျန်းဟုန်က ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။
“ရှေးရိုးဆန်တာနဲ့
ပတ်သက်ပြီး ဘာမှ မှားမနေဘူးလေ” ကျိုးလော့ဟွမ်က ပြောရင်း ကျန်းဟုန်ကို ကြည့်လိုက်ပြီး
ခုံ၌ ထိုင်နေသည့် ကောင်လေးက မျက်လွှာအသာချလျက် တစ်စုံတရာကို တွေးတောနေကြောင်း သတိမပြုမိချေ။
ဘေးဘက်သို့
သူမ ထပ်ကြည့်လိုက်သော် ကျီယွဲ့ကျစ်က သူ၏ ပစ္စည်းများကို သိမ်းပြီး ထရပ်လိုက်ကာ ကျိုးလော့ဟွမ်ကို
သိသိသာသာပင် အာရုံမစိုက်လိုဟန် ပြနေပါ၏။
“မတိုက်ခိုက်ဘူးလား?”
ကျိုးလော့ဟွမ်က မလှုပ်ရှားဘဲ တစ်ဖက်လူက သူမအလိုကို သဘောတူမှသာ လမ်းဖယ်ပေးမည့် ပုံပေါ်နေသည်။
ကျီယွဲ့ကျစ်၏
မျက်ဝန်းချွန်ချွန်လေးများက သူမမျက်နှာထက် ခဏကြာရောက်လာပြီးနောက် ထွက်ပေါက်သို့ တည့်တည့်
သွားဖို့ပြင်တော့သည်။ ကျိုးလော့ဟွမ်သာ မဖယ်လျှင် သူဟာ သူမ၏ ပခုံးများကို ဝင်တိုက်သွားလောက်သည်။
ကျိုးလော့ဟွမ်လည်း
ဘေးသို့ ခြေလှမ်းတစ်လှမ်းစာမျှ လှမ်းလိုက်၏။ ကျီယွဲ့ကျစ်က ထွက်သွားဖို့ ပြင်နေသည်ကို
မြင်သော် ရုတ်တရတ် သူ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ရာ တစ်ဖက်လူက ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လာပြီး
ကျိုးလော့ဟွမ်၏ လက်ကောက်ဝတ်ကို ညှာတာမှုမရှိဘဲ သူ၏ အခြားလက်တစ်ဘက်ဖြင့် ရိုက်ချလိုက်တော့သည်။
၎င်းမှာ
တခြားလူဆိုလျှင် နာကျင်မှုကြောင့် လွှတ်ချလိုက်မည်ဖြစ်သော်လည်း သူနှင့် ဆန့်ကျင်နေသူ
ကျိုးလော့ဟွမ်မှာ အလွယ်လေးပင် ကျီယွဲ့ကျစ်၏ အခြားလက်ကောက်ဝတ်တစ်ဖက်ကိုပါ ဖမ်းကိုင်လိုက်တော့သည်။
ဖြစ်ပျက်မှုက
အင်မတန် မြန်ဆန်ပါ၏။ အခန်းထဲမှ မထွက်သွားရသေးသူများမှာ ကျီယွဲ့ကျစ် ထရပ်လာသည်ကိုသာ
မြင်လိုက်ရပြီးနောက် ရုတ်တရတ် သူဟာ ကျိုးလော့ဟွမ်၏ ဆုပ်ကိုင်ထားသော လက်များကြောင့်
အတန်း၏ နံရံသို့ ဖိကပ်ခံလိုက်ရ၏။
ပင့်သက်ရှိုက်သံများက
ချက်ချင်းပင် စာသင်ခန်းထဲမှ ပဲ့တင်ထပ်သွားပြီး ကျန်းဟုန်သည်ပင် မနေနိုင်အောင် အကြိမ်ရေများစွာ
ချောင်းဟန့်၍ သူမအား ဖြားယောင်းလိုက်သည်။ “အတန်းက ပြီးနေပြီ၊ ငါတို့သွားသင့်ပြီလေ”
ပထမလူတစ်ယောက်
ပြောလာခြင်းကြောင့် စာသင်ခန်းထဲ၌ အခြားကျောင်းသားများ၏ အသံများလည်း ထပ်ထွက်လာကြသည်။
“အတန်းဖော်ကျိုး
ဒါက ပထမစစ်ဘက်ကျောင်းတော်ပါ၊ ကျိုးအိမ်တော် မဟုတ်ဘူး။ ဆောင်းရာသီစစ်တပ်က တခြားလူတွေကို
အဲ့လိုပဲ အနိုင်ကျင့်တတ်ကြတာလား?”
“ဟုတ်တယ်
မင်းသာ တိုက်ခိုက်ချင်ရင် စိန်ခေါ်ခန်းမကို သွားလို့ရတယ်၊ စာသင်ခန်းထဲမှာ ပြဿနာရှာနေတာက
ဘာအကျိုးရှိမှာလဲ?”
“အစောကြီး
အသွင်ကူးပြောင်းထားတဲ့ အယ်လ်ဖာတစ်ယောက်က အခုထိ အသွင်မကူးပြောင်းရသေးတဲ့ ကျောင်းသားတစ်ယောက်ကို
တကယ်ပဲ အနိုင်ကျင့်ချင်စိတ် ရှိနေတာပေါ့။ အစောတုန်းက ဗဟိုအစိုးရဌာနချုပ်ရဲ့ ဂုဏ်ကျက်သရေဖြစ်လာဖို့
ဆရာ ပြောသွားတယ်လေ၊ အဲဒါက မင်းလို လူတစ်ယောက်လို့ ငါအရမ်းကို သံသယဖြစ်မိတယ်။”
……
ဘေးပတ်လည်ရှိ
ထိုလူများ၏ အသံကို နားထောင်ရင်း ကျိုးလော့ဟွမ်က ကျီယွဲ့ကျစ်၏ နား,နားသို့ တိုးကပ်၍
တီးတိုးပြောလိုက်သည်။ “ငါတို့ရဲ့ ယွဲ့ကျစ်လေးက ကျောင်းမှာ ဂုဏ်သတင်းကျော်စောတာပဲ”
ကျီယွဲ့ကျစ်က
မျက်လွှာချကာ အေးစက်စက်ပြောလေသည်၊ “လွှတ်ပေး”
ကျိုးလော့ဟွမ်က
မျက်ခုံးများကို အသာပင့်ပြီး ဖမ်းဆုပ်ထားသည်ကို လျှော့လိုက်ပြီးနောက် သူမ၏ လက်ကို မြှောက်၍
သူ၏ လည်တိုင်းကို ညင်သာစွာ ထိတွေ့ကာ မရေမရာ ပြောလာ၏။ “ငါ နင် အသွင်ကူးပြောင်းတာကို
စောင့်နေမယ်”
သေစမ်း!
စာသင်ခန်းထဲရှိ
လူများစွာက အင်မတန် ဒေါသထွက်လာကြသည်။ ကျိုးလော့ဟွမ် ပြန်လာသည်မှာ အချိန်တိုလေးမျှသာရှိသေးပြီး
အင်မတန် ရန်စတတ်သည်။ သူမက နှစ်နည်းနည်းလောက် ပိုစောပြီး အသွင်ကူးပြောင်းခဲ့တော့ရော
ဘာအရေးလဲ!
“အား...
အတန်းဖော် ကျီ၊ လော့ဟွမ်က ဒီနေ့ ဖယ်ရိုမုန်း ကစဉ့်ကလျားဖြစ်တာကို ခံစားနေရလို့ စိတ်က
သိပ်မရှင်းသေးလို့ ဖြစ်လောက်မယ်။” ကျန်းဟုန်က ကျိုးလော့ဟွမ်ကို ဘေးသို့ ဆွဲ၍ ကျီယွဲ့ကျစ်ကို
တောင်းပန်လိုက်သည်။ “စိတ်မကောင်းပါဘူး တကယ် တောင်းပန်ပါတယ်”
'ငလူး၊
ဒါက ကိစ္စကြီး ဖြစ်တော့မှာပဲ။ ကျီမိသားစုနဲ့ ကျိုးမိသားစု နှစ်ခုစလုံးက သေချာပေါက်
ပါးကိုက်နားကိုက်တွေ ဖြစ်တော့မှာပဲ။ မြို့ဂိတ်က မီးက ငါးကန်ဆီ ကူးဖို့ စုဝေးနေတာ။ ငါတို့
မိသားစုလည်း နည်းနည်းလောက်တော့ အေးအေးချမ်းချမ်း နေချင်သေးတယ်လေ။ '
လူအား
ခေါ်သွားပြီးသည်နှင့် ကျန်းဟုန်က လွှတ်ပေးပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ “ဘာတွေ လုပ်နေတာလဲ?
ပုံမှန် ပေါက်ကရ လျှောက်ပြောတာက အဆင်ပြေသေးတယ်၊ ဒါပေမယ့် တကယ်ကြီး လုပ်တာကကျတော့..?
ဒါက ပထမစစ်ဘက်ကျောင်းတော်လေ၊ ကျီရှီးရှို့သာ ဒီအကြောင်း သိသွားရင် နင် အနားတောင်ယူနိုင်မှာမဟုတ်ဘူး”
ကျိုးလော့ဟွမ်မှာ
ကျီယွဲ့ကျစ်၏ အတိုင်းအတာကို အောင်အောင်မြင်မြင် ရလိုက်သဖြင့် ခံစားချက်က ကောင်းနေဆဲဖြစ်ပြီး
သူ့ကို ပြန်မဖြေလိုက်ပေ၊ သို့ရာတွင်....
သူမ၏
လက်ကို ငုံ့ကြည့်လိုက်ချိန်၌ ထိုစဉ်က သူမ၏ လက်ချောင်းများပေါ် ဖြတ်သန်းသွားသည့် နူးညံ့သိမ်မွေ့မှုကို
သတိရသွားကာ လက်ချောင်းထိပ်များကို နေရခက်စွာဖြင့်
ထိကိုင်ကြည့်လိုက်မိ၏။
......
စာရေးသူမှာ
ပြောစရာရှိပါတယ်
ယွဲ့ကျစ်
- သူမက ကျောင်းသားသစ်ကို မကြိုက်ဘူးလို့ မင်းတို့ကို ပြောခဲ့သားပဲ..
ကျိုးလော့ဟွမ်
- ပိုပြီး ဖြောင့်မတ်တဲ့ပုံနဲ့နေလေ ပိုပြီး ကလူကျီစယ်ရာကျနေလေပဲ (^ー゜)