နူးညံ့သိမ်မွေ့သော
အမျိုးသား အိုမီဂါလေး
အပိုင်း
၆
သူမဟာ
စာသင်ခန်းထဲမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ယခုနက သူမဖြစ်ပွားစေခဲ့သည့် ရိုက်ခတ်မှုက
အတော်ကြီးမားသည်။
စာသင်ခန်းထဲ၌
ရှိနေခဲ့ကြသော ကျောင်းသားများက ကျီယွဲ့ကျစ်ကို ခြုံငုံကြည့်နေကြ၏။ အသွင်ကူးပြောင်းခါနီး
အယ်လ်ဖာတစ်ယောက် တခြား အယ်လ်ဖာတစ်ယောက်ဆီကနေ နံရံကို အဖိကပ်ခံလိုက်ရတယ်... ၎င်းတို့အနေဖြင့်
သူ၏ စိတ်က ၎င်းကို မကိုင်တွယ်နိုင်ဘဲ ရှိမည်ကို စိုးရိမ်နေကြ၏၊ အထူးသဖြင့် အတွန်းခံလိုက်ရသည့်လူမှာ
စည်းကမ်းထိန်းသိမ်းရေးဌာန ခေါင်းဆောင်ဖြစ်နေသည်မှာ စည်းကမ်းထိန်းသိမ်းရေးဌာနကို မြေပေါ်
ချနင်းလိုက်သည်နှင့် တူသည်။
သို့သော်လည်း
လူအုပ်ကြီး၏ မျက်စိအောက်တွင် ကျီယွဲ့ကျစ်မှာ သည်းခံမှု မကုန်ဆုံးဘဲ မိမိ၏ ယူနီဖောင်းအား
ဆွဲဆန့်ရန်သာ ခေါင်းငုံ့လိုက်ပြီး အမူအရာမဲ့စွာဖြင့် စာသင်ခန်းထဲမှ ထွက်ခွာသွားသည်။
သူ
ထွက်သွားသည်နှင့် စာသင်ခန်းက တမုဟုတ်ချင်း ဆူညံပွက်လောရိုက်သွား၏။ လူအချို့မှာ ကျီယွဲ့ကျစ်ပင်
မခုခံနိုင်လောက်အောင် ကျိုးလော့ဟွမ်က တကယ်ကို ဖြုံလောက်စရာဖြစ်သည်ဟု ခံစားရသော်လည်း
ပိုများသည့် လူများက ကျီယွဲ့ကျစ်ကို ကာကွယ်ပေးကြပြီး ကျိုးလော့ဟွမ်က အင်မတန် မာန်တက်နေသည်ဟု
ခံစားမိကြ၏။
ဤအတန်းချိန်ပြီးသည့်နောက်
နေ့တစ်ဝက်ပင် မပြည့်သေးခင်တွင် ဖိုရမ်၌ ထိုအကြောင်းနှင့် ပတ်သက်သော ပို့စ်များဖြင့်
ပြည့်သွားကာ အများစုက ကျိုးလော့ဟွမ်၏ အပြုအမူကြောင့် အချိန်ပိုကြာအောင် အယ်လ်ဖာအဖြစ်
အသွင်ကူးပြောင်းထားသူ တစ်ဦးအနေဖြင့် သူ၏ အပြုအမူက လွန်လွန်းသည်ဟူ၍ ရန်ပွဲများဖြစ်နေကြသည်။
[
အဲ့တုန်းက ငါ အတန်းထဲမှာ ရှိခဲ့တယ်လေ။ ကျီယွဲ့ကျစ်က သူမကို မတိုက်ခိုက်ခဲ့ဘဲနဲ့ ကျိုးလော့ဟွမ်က
သူ့ကို တွန်းပင် နံရံနဲ့ ဖိကပ်ထားခဲ့တာ ]
[
အဲ့လောက်တောင် ဆိုးတယ်လား? ]
[
ဒါတင်မကသေးဘူး သူမ မထွက်သွားခင်တုန်းက ကျီယွဲ့ကျစ်ကို ရန်စပြီး လည်ပင်းကိုပါ ထိသွားသေးတယ်။
သူမအနေနဲ့ သူ့လည်ပင်းနောက်က ဂလင်းတွေကို ထိသွားတာလို့ ထင်တယ်။ ]
အိုမီဂါတစ်ဦး၏
အထင်ရှားဆုံး လက္ခဏာရပ်မှာ ၎င်းတို့၏ ဂလင်းများ ဖြစ်သည်။ ၎င်းတို့၏ လည်ပင်း နောက်ဘက်၌
နူးညံ့သော အဖုလေးတစ်ခုအဖြစ် အနည်းငယ် မြင့်တက်နေပြီး ထိုနေရာ၌ အယ်လ်ဖာများက အမှတ်ပေးကြသည်။
အယ်လ်ဖာတစ်ဦး၏ လည်ပင်း အနောက်ဘက်ရှိ ထိုနေရာတွင်ပင် အဖုမရှိဘဲ ၎င်းက ဘာမှ မရှိသည်နှင့်
အတူတူပါပင်။
သို့သော်လည်း အရေးကြီးသည့် ဂလင်းမှာ လည်ပင်းအနောက်ဘက်၌
ရှိသည်ကို လူတိုင်းသိကြသည်။ လူတစ်ဦးက နောက်တစ်ဦးနှင့် နီးနီးကပ်ကပ်မရှိပါလျှင် ဂလင်းရှိရာကို
ပုံမှန်အားဖြင့် အထိမခံရတတ်ပေ။ လိင်တူသည့် လူတစ်ဦးက တစ်ဘက်လူ၏ လည်ပင်းကို ထိတွေ့ခြင်းမှာ
သေချာပေါက် နေ့ခင်းကြောင်တောင် ရန်စနေခြင်းဖြစ်ပြီး ထိုသို့ ထိတွေ့ခြင်းကို လုပ်ကြသူများမှာ
အများအားဖြင့် အထိခံရသူကို လှောင်ပြောင်လို၍ လုပ်ကြခြင်းဖြစ်သည်။
[
Sheesh — ကျီယွဲ့ကျစ်က ဘယ်လို တုံ့ပြန်ခဲ့လဲ? ]
[
မတုံ့ပြန်ခဲ့ဘူး ဒီတိုင်း ထွက်သွားတာပဲ။ ကြည့်ရတာ သူ အသွင်ကူးပြောင်းပြီးရင်တော့ တစ်ခုခုဖြစ်လောက်တယ်။
]
[
စီနီယာ အယ်လ်ဖာဖြစ်လာတဲ့အခါကျရင် သူမကို သင်ခန်းစာပေးဖို့ မျှော်လင့်တယ်! သူမလို ကျောင်းစည်းမျဉ်းတွေကို
မလိုက်နာတဲ့ ကျောင်းသားတစ်ယောက်က အဆုံးကျရင် ရမ်ဖျင်ပေါလို လူမျိုးပဲ ဖြစ်လာကြမှာ
]
[
သူမအနေနဲ့ ရမ်ဖျင်ပေါလို လူတစ်ယောက် ဖြစ်လာပါ့မလားလို့ သံသယဖြစ်မိတယ်၊ ဆိုလိုတာက သူမက
ဘာပဲဖြစ်ဖြစ် ကျိုးမိသားစုကလေ။ ဒါပေမယ့် ကျီယွဲ့ကျစ်ကို ကျိုးလော့ဟွမ်ထက် ပိုသန်မာတဲ့
အယ်လ်ဖာတစ်ယောက်အဖြစ် ပြောင်းဖို့က နည်းနည်းလောက်တော့ခက်မယ် ]
[
အနည်းဆုံးတော့ သူတို့ကြားမှာ ကွာခြားမှုကြီးတစ်ခု ရှိမှာ မဟုတ်ဘူးလေ ]
……
အမည်မသိဖိုရမ်တွင်
စိတ်အားထက်သန်လှသည့် ဆွေးနွေးမှု မျိုးစုံ ပါဝင်နေသော်လည်း မေးခွန်းအထုတ်ခံရသူမှာ မျှော်လင့်ထားသလို
ဒေါသမဖြစ်ဘဲ သူ၏ တစ်ယောက်နေ အဆောင်ခန်းထံ ပြန်လာကာ မျက်လွှာချလျက် လက်မြှောက်၍ တိတ်တဆိတ်
ထိုင်နေသည်။
သူ၏
လက်ကောက်ဝတ် ပေါ်တွင် အနီရောင်အမှတ်တစ်ခုက သူ့၏ အေးစက်ဖျော့တော့သည့် အသားအရည်နှင့်
ဆန့်ကျင်ပြီး ကျန်ခဲ့သည်။ ၎င်းက သိသာလှသည်။
သူဟာ
မိမိ၏ အခြားလက်တစ်ဖက်ကို သုံး၍ လက်ချောင်းထိပ်များကို ထိုအနီရောင် လက်ချောင်းရာများကို
နူးညံ့စွာ ထိတွေ့လိုက်သည်။ သူမ ရောက်လာပြီး သူ့လက်ကို ဖမ်းကိုင်ခဲ့စဉ်က ထိန်းချုပ်ထားခြင်း
မရှိခဲ့။ သိသိသာသာပင် သူမဟာ သူ့အား မကြာခင် အယ်လ်ဖာတစ်ဦး အသွင်ပြောင်းတော့မည့် သူဟာ
အချိန်ကြာ အသိအမှတ်ပြုထားပုံပင်။ ၎င်းကြောင့်သာ မဟုတ်ပါက သူမအနေနှင့်... ယနေ့ သူ၏ ထိုနေရာကို
ထိမည်မဟုတ်။
ကျီယွဲ့ကျစ်၏
လက်ချောင်းထိပ်လေးများက သူ၏ လက်ကောက်ဝတ်မှ ခွာ၍ လည်ပင်းကို ထိရန် မြှောက်လိုက်ပြီး
နှုတ်ခမ်းများက မျဉ်းဖြောင့်အတိုင်း စေ့သွားသည် - ကျိုးလော့ဟွမ်အနေနဲ့ အိုမီဂါ တစ်ယောက်ကို
ဘယ်တော့မှ အဲ့လို ထိတွေ့လောက်မှာ မဟုတ်ဘူး။
ကျီယွဲ့ကျစ်မှာ
ကျန်သည့် သင်ခန်းစာများအတွက် အတန်းမတက်တော့ပေ။ သူ့အနေနှင့် ထိုနေ့က သူ၏ ခံစားချက်အပြောင်းအလဲမှာ
အင်မတန် ပြင်းထန်နေခဲ့သည်လား သို့မဟုတ် အသွင်ကူးပြောင်းခြင်း လက္ခဏာများအား စတင်ပြသချိန်
ရောက်လာနေပြီလားဟူသည်ကို မသေချာချေ၊ သူ့အနေဖြင့် ခေါင်းကိုက်ကာ လက်နှင့် ခြေများက
အားနည်းမှုကို ခံစားနေရ၏။
ပျမ်းမျှ
အသွင်ကူးပြောင်းခြင်းကာလမှာ သဘာဝအားဖြင့် ၂လမှ ၃လအထိ ကြာမြင့်ပြီး ခန္ဓာကိုယ်က ထိုကာလအတွင်း
မည်သည့်အပြောင်းအလဲကိုမဆို လိုက်လျောညီထွေဖြစ်ဖို့ အချိန်အလုံအလောက်လိုအပ်သည်။ လွန်ခဲ့သည့်
ရက်အနည်းငယ်မှာ အသွင်ကူးပြောင်းရေးကာလအတွင်း လက္ခဏာအများဆုံးနှင့် အရေးအကြီးဆုံးအဆင့်
ဖြစ်ပြီး ကျန်ရှိသော ကာလအတောအတွင်း အသေးစား သက်တောင့်သက်သာ မဖြစ်မှုသာ ရှိတော့မည်ဖြစ်ရာ
ပုံမှန်အတိုင်း နေထိုင်ပြီး လေ့လာဖို့ ဖြစ်နိုင်သည်။
ဤသည်က
ကျီယွဲ့ကျစ်အနေဖြင့် ဖြစ်စဉ် စတင်ခြင်း ဒုတိယမြောက်အကြိမ်ဖြစ်သောကြောင့် သူ၏ သက်တောင့်သက်သာမဖြစ်မှုမှာ
အနည်းငယ် ပိုမိုသိသာပြီး မတော်တဆများကို ကာကွယ်ရန် ကျီရှီးရှို့က သူ့အား ကျောင်းသို့
ကိုယ်တိုင်လာကြိုပေးသည်။
……
“ပျက်ကွက်ခွင့်?”
ထိုသတင်းကို ကြားသော် ရှားရှားပါးပါး ကျိုးလော့ဟွမ်က မှင်သက်သွားသည်။ “မနေ့က ဖြစ်ခဲ့တာကြောင့်များလား?”
ကျန်းဟုန်က
ခေါင်းခါ၍ တိတ်တဆိတ် ပြောလာ၏။ “ငါ့အမေပြောတာတော့ ဆရာဝန်တစ်ယောက် ညတုန်းက ကျီမိသားစုဆီ
သွားခဲ့တယ်တဲ့။ သူ အသွင်စပြီး ကူးပြောင်းနေတာ ဖြစ်မယ်။”
အသွင်ကူးပြောင်းတာလား?
ယမန်နေ့က
သူမဟာ တစ်ဖက်လူကို ထိတွေ့ခဲ့ပြီး သူက ယနေ့တွင် စတင် အသွင်ကူးပြောင်းလေပြီ။ ကျိုးလော့ဟွမ်အနေဖြင့်
ရှင်းမပြနိုင်လောက်အောင် အနည်းငယ် မလုံမလဲ ဖြစ်နေသော်လည်း အပြင်ဘက်၌မူ ဂရုမစိုက်စွာဖြင့်
ပြောလိုက်၏။ “သူ့အနေနဲ့ သူ့ရဲ့ အသက်ပြည့်ခြင်း အခမ်းအနားအတွက် အချိန်မီ အောင်အောင်မြင်မြင်
အသွင်ကူးပြောင်းနိုင်ပါ့မလားမသိသေးဘူး”
“အသွင်ကူးပြောင်းကာလက
အရမ်းရှည်တယ် သူ့အတူ အခမ်းအနားပြီးတော့မှပဲ ပြီးမယ်ထင်တယ်။” ကျန်းဟုန်က တိတ်တဆိတ် ကျိုးလော့ဟွမ်ကို
ကြည့်လိုက်သည်။ သူမဟာ တကယ်တော့ တစ်ဘက်လူ အသွင်ကူးပြောင်းပြီးနောက် ဖြစ်လာမည့် အဆင့်ကို
ထိုမျှ စိတ်မပူဘဲ အသွင်ကူးပြောင်းချိန်အပေါ် အာရုံရောက်နေ၏။
“ငါလည်း
နောက်အတန်းကို မတက်တော့ဘူး၊ နင့်ဘာသာ သွားတော့။” ကျိုးလော့ဟွမ်က သာမန်ကာလျှံကာ ပြောလိုက်သည်။
“နင်
အတန်းထပ်ပြေးမလို့လား?”
“မရလို့လား?”
“ရပါတယ်”
ကျောင်းမှ
ထွက်လာပြီးနောက် ကျိုးလော့ဟွမ်မှာ မထိန်းနိုင်ခင်အထိ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းလိုက်ပေ။
သူမဟာ အဆောက်အဦနောက်သို့ တစ်ချက်လှည့်၍ နံရံကို မှီကာ သူမ၏ အရိပ်ကို ပိတ်ဆို့ထားဖို့
အပင်များအား သုံးလိုက်သည်။ ထို့နောက် မသန့်ရှင်းသည့် နံရံပေါ် ခေါင်းမှီလိုက်ပြီး မျက်နှာက
စက္ကူတစ်စလို ဖြူဖျော့လာသည်။ လျှပ်စီးကြောင်းလေးတစ်ခု တိုက်ခိုက်လာသည့် ခံစားချက်က
သူမခေါင်းထဲ အမြစ်တွယ်နေသည်။
အချိန်ကြာပြီးနောက်တွင်
အကျိုးဆက်က အင်မတန် သန်မာနေဆဲဖြစ်၏။
ကျိုးလော့ဟွမ်၏
လက်မှာ အနည်းငယ် တုန်ယင်နေပြီး သူမ၏ အိတ်ကပ်ထဲမှ စီးကရက်တစ်ဘူးကို ထုတ်၍ မီးညှိရန်
အကြိမ်များစွာ ကြိုးစားလိုက်ရသည်။
သို့သော်လည်း
နီကိုတင်းကပင် နာကျင်မှုကို ထုံထိုင်းစေဖို့ မစွမ်းသာပေ။ မိနစ်အနည်းငယ်မျှ ကြာပြီးနောက်
ကျိုးလော့ဟွမ်၏ အောက်ခံရှပ်အင်္ကျီက စိုစွတ်လုနီးပါးဖြစ်လာပြီး သူမ၏ ခန္ဓာကိုယ်ထံ စေးထန်းထန်းဖြင့်
ကပ်နေသည်။ ခဏအကြာတွင် သူမ၏ ဝမ်းဗိုက်ထက်ရှိ ဒဏ်ရာက နာကျင်မှု လျော့နည်းလာ၏။ သူမ၏ လက်ချောင်းထိပ်ဖျားများက
စီးကရက်ကို ညှပ်ထားသည်။ အဖြူရောင်မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ရာမှ သူမဟာ သူမကိုယ်ကို
အာရုံလွှဲပြောင်းရန် တစ်ခုခုကို စဉ်းစားဖို့ ကြိုးစားနေပုံရပါ၏။
သူမအနေဖြင့်
ကျီယွဲ့ကျစ် အသွင်ကူးပြောင်းခြင်းအတွက် မည်သည့် လက္ခဏာရပ်များ ရှိသည်ကို စဉ်းစားမိသည်။
သူမ အသွင်ကူးကြောင်းစဉ်က အချိန်ကြာ ဖျားနာနေခဲ့ပြီး မိမိကိုယ်ကို အေးနေစေရန် တူရိယာများအပေါ်
မှီခိုနေခဲ့ရပြီး ထိုကာလကို လုံလုံခြုံခြုံ ဖြတ်သန်းခဲ့ရသည်။
ကျိုးသိဟုန်နှင့်
ယိထုံတို့ နှစ်ဦးစလုံးမှာ ကျိုးလော့ဟွမ်အား မွေးစဉ်က S အဆင့်များဖြစ်ကြပြီး နှစ်ဦးစလုံးမှာ
၎င်းတို့၏ သမီးဖြစ်သူအား ပြိုင်ဘက်များအကြားတွင် အသွင်ကူးပြောင်းရာ၌ အစောဆုံးထဲမှ တစ်ဦးဖြစ်လာဖို့ရန်
ပြင်ဆင်ထားခဲ့ကြသော်လည်း သူမက အသက် ၁၅နှစ်အရွယ်၌ စတင် အသွင်ကူးပြောင်းမည်ဟု ထင်မထားခဲ့ကြပါချေ။
အသက်
၁၅နှစ်အရွယ် ကျိုးလော့ဟွမ်မှာ အပြင်ဘက်၌ တစ်နေကုန် အရိုင်းဆန်နေပြီး ဒဏ်ရာ အနာတရများ
မကြာခဏရတတ်သဖြင့် အသွင်ကူးပြောင်းခြင်း၏ အကြိုလက္ခဏာများကို ဂရုမစိုက်မိခဲ့ပေ။ အသွင်ကူးပြောင်းခြင်း၏
နောက်ပိုင်းအဆင့်များသို့ ရောက်သောအခါ၌ သူမဟာ အိပ်ရာထဲ လဲသွားပြီ ထပင် မထနိုင်တော့။
၎င်းကိုသာ နောက်ပိုင်း မတွေ့ခဲ့ကြလျှင် သူမအနေဖြင့် လောင်ကျွမ်းပြီး သေဖို့ ဖြစ်နိုင်ခြေရှိ၏။
ကျိုးလော့ဟွမ်မှာ
ခေါင်းစောင်း၍ မျက်လုံးများကို မှေးစင်းလိုက်သည်၊ နာကျင်မှုကြောင့် သူမ၏ အမြင်က အတန်ငယ်
ဝေဝါးလာပါ၏။ ၎င်းကို စဉ်းစားရလျှင်..... လက္ခဏာများကို ထိုစဉ်က သတိပြုမိခဲ့သူမှာ တကယ်တမ်း
ကျီယွဲ့ကျစ် ဖြစ်နေခဲ့သည်။
ထိုစဉ်က
ညစာစားပွဲကို သူမ ဖခင်၏ စစ်ဘက်ရာထူးအဆင့်တိုးသည့်အတွက် ကျင်းပဖို့ လုပ်ထားသော်လည်း
ကျီမိသားစုကိုသာ လာဖို့ ဖိတ်ကြားခဲ့သည်။ သိသိသာသာပင် ၎င်းက ကျီရှီးရှို့ကို ဒေါသဖြစ်စေရန်ပင်။
ပြောရလျှင် သူဟာ အခြေအနေကို ထိုသို့ဖြစ်မည်ဟု ထင်ခဲ့ပြီးသားဖြစ်သည်။ ကျိုးလော့ဟွမ်မှာ
ထိုစဉ်က ကိစ္စအနည်းငယ်ကိုသာ ကြားခဲ့ပြီး စိတ်ထဲ မထည့်ခဲ့ပေ။ သို့မဟုတ် သူမအနေဖြင့်
ပါဝင်ဖို့ရည်ရွယ်ခဲ့ပြီး အပြင်သို့ပင် ထွက်ကာ ညစာစားမည့်နေ့၌ ဆော့ကစားဖို့ စီစဉ်ထားသည်။
ကျိုးလော့ဟွမ်မှာ
ထိုနေ့မနက်၌ မထနိုင်ဖြစ်ပြီး မည်သူကမှ သူမ အိမ်တွင် မရှိဟု ထင်ကာ သတိမထားဖြစ်ကြမည်ဟု
မည်သူက မျှော်လင့်ထားပါမည်နည်း။
ကျိုးလော့ဟွမ်မှာ
ထိုနေ့က ဘာဖြစ်ခဲ့မှန်း တကယ် မမှတ်မိသော်လည်း တစ်ယောက်ယောက်က သူမ၏ အမည်ကို ခေါ်နေသည်အား
ခပ်ရေးရေးမျှသာ ကြားလိုက်ပြီး ရက်များစွာကြာအောင် အသိဝင်လိုက် ပျောက်လိုက်ဖြစ်နေခဲ့ကာ
နောက်ဆုံး၌ အသွင်ကူးပြောင်းခြင်း ပြီးဆုံးမှသွာ နိုးထလာပြီး သူမ၏ မိဘများက သူမရှေ့၌
စိုးရိမ်နေသည့် မျက်နှာဖြင့် ရပ်နေကြကာ ကျီယွဲ့ကျစ်က သူမ အိမ်၌ လဲနေသည်ကို တွေ့ခဲ့ခြင်းဟု
ပြောလာခဲ့ကြသည်။ ထိုသည်မှာ သူ့အနေနှင့် ကျိုးမိသားစု၏ အိမ်သို့လာသော ပထမနှင့် နောက်ဆုံးအကြိမ်ပါပင်။
ပြောရလျှင် နှစ်ဦးနှစ်ဘက်မှာ အချင်းချင်း မရင်းနှီးကြသဖြင့် ထိုစဉ်မှ စပြီး နှစ်ဦးအကြား
မည်သည့် အဆက်အသွယ်မှ မရှိပေ။
သူမဟာ
တကယ်တမ်း ကျောင်း၌သာ ကျီယွဲ့ကျစ်ကို ကျေးဇူးတင်ခဲ့ပြီး တစ်ဘက်လူက ၎င်းကို တန်ဖိုးထားပုံမရဘဲ
လက်ခံကြောင်းပြရန်သာ ခေါင်းအသာငြိမ့်ပြခဲ့သည်။ ထို့နောက် သူဟာ သူ၏ ပခုံးကို သုတ်၍ ထွက်သွား၏။
ကျိုးလော့ဟွမ်မှာ
တစ်ဖက်လူ၏ အေးစက်စက်မျက်နှာကိုမြင်ပြီးနောက် ဆက်ခေါ်ဖို့ ရည်ရွယ်ချက်မရှိတော့ရာ ထိုအချိန်ကလည်း
နှစ်ဦးသားက ကျောင်းသာတူပြီး အတန်းမတူသဖြင့် လမ်း၌လည်း မဆုံကြပေ။
သို့သော်ငြား
အသွင်ကူးပြောင်းခြင်းက စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ ခန္ဓာကိုယ်ပေါ်၌ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်စေသည်။
သူမအနေဖြင့် သူဟာ များများစားစား ခံစားရခြင်းမရှိဟု မျှော်လင့်မိသည်၊ ကျိုးလော့ဟွမ်က
နူးနူးညံ့ညံ့ တွေးမိလိုက်ပြီး ၎င်းနှင့်စပ်လျဉ်း၍ သူမဟာ အတော်လေး ခံစားလွယ်ကာ စစ်မှန်နေသည်။
……
ကျီယွဲ့ကျစ်က
အိမ်၌ သက်သက်သာသာ အနားယူနေပြီး ပြန်ရောက်စဉ်က လက်နှင့်ခြေများသာ အားနည်း၍ ခေါင်းမူးနေရုံသာ
ရှိပြီး အခြားလက္ခဏာများ မရှိပါသော်လည်း မိသားစု ဆရာဝန်က သူ့အား နေ့စဉ် ၁၂နာရီလောက်
စစ်ဆေးပြီး ကျီရှီးရှို့သည်ပင် ဤရက်များ၌ နေ့စဉ် အိမ်စောစောပြန်လာတတ်ကာ တစ်ခုခု အမှားယွင်းဖြစ်သွားမည်ကို
ကြောက်ရွံ့နေသည်။
ကျီယွဲ့ကျစ်မှာ
အိပ်ရာကို ထောက်၍ ထလာပြီး ကျီရှီးရှို့ကို ကြည့်လိုက်၏။ “အဖေ ကျွန်တော် ကျောင်း ပြန်သွားချင်တယ်။”
“အသွင်ကူးပြောင်းရေးကာလက
အသေးအဖွဲကိစ္စမဟုတ်ဘူး။” ကျီရှီးရှို့မှာ ရှားရှားပါးပါး မျက်မှောင်ကုပ်လိုက်သည်။
“မင်းအနေနဲ့ အရင်က ကျိုးလော့ဟွမ် ဆေးရုံမှာ သေလုနီးပါးအထိ ဖြစ်ခဲ့တာကို ကောင်းကောင်းသိပါတယ်။”
ကျီယွဲ့ကျစ်က
ဆရာဝန်ထံ အကြည့်ပို့လိုက်ကာ၊ “ကျွန်တော့်ရဲ့ ပြင်ပအခြေနေက ဘာမှ မဖြစ်ဘူးလေ အခုမှ အကြို
အသွင်ကူးပြောင်းရေးအဆင့်မှာပဲ ရှိသေးတာ။”
ဆရာဝန်က
ရက်များစွာကြာအောင် ဂရုတစိုက် စစ်ဆေး၍ သူ၏ ကျန်းမာရေးအချက်အလက်များကို စိစစ်နေခဲ့သည်။
သူဟာ အဖေနှင့်သား နှစ်ဦးစလုံးကို ကြည့်ကာ ခေါင်းငြိမ့်၏။ “သူ့ရဲ့ အပြင်ပန်း အချက်အလက်တွေ
အားလုံးက ငြိမ်ငြိမ်သက်သက်နဲ့ တိုးတက်နေပြီး အသွင်ကူးပြောင်းဖို့က အချိန်ယူရဦးမယ်။
ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။”
ကျီရှီးရှို့က
နေ့တစ်ဝက်လောက်ကြာအောင် သူ၏ သားဖြစ်သူအား စိုက်ကြည့်နေပြီးမှ အင်တင်တင်ဖြင့် လက်ခံလိုက်သည်။
“လတ်တလောတော့ မထင်မှတ်ထားတဲ့ မတော်တဆဖြစ်လာမှာတွေကို သတိထားဖို့ ကောင်းကောင်းလုပ်ရမယ်။
ဒါပေမယ့် ညကျ မင်းကို ကြိုဖို့ လူတစ်ယောက် လွှတ်လိုက်ဦးမှာပါ။”
အသွင်ကူးပြောင်းရေးကာလမှာ
ထူးကဲပြီး ဤကျောင်းတော်က ၎င်း၏ ကျောင်းသားများကို ကူညီရန် အကောင်းဆုံးကြိုးစားမည်ပင်။
၎င်းတို့
ထွက်လာပြီးနောက် ကျီရှီးရှို့က တစ်ခုခုပြောချင်နေသည့် ဆရာဝန်ကို ပြန်ကြည့်လိုက်သည်။
“ကျွန်တော်တို့ ဘာကို အာရုံစိုက်ဖို့ လိုအပ်လို့လဲ?”
ဆရာဝန်က
ကျီရှီးရှို့ကိုကြည့်ကာ အပြင်ဘက်၌ ပျံ့နှံ့နေသည့် ကျိုးနှင့် ကျီမိသားစုတို့အကြား ကောလဟာလများကို
ပြန်တွေးမိပြီး မနေနိုင်အောင် စိတ်ထဲ သက်ပြင်းချကာ နောက်ဆုံး၌ ပြောလိုက်ပါ၏။ “သခင်လေး
ကျီ အသွင်ကူးပြောင်းမယ့် လမ်းကြောင်းက.... သခင်ကြီး မျှော်မှန်းထားတာနဲ့ ကွဲပြားနိုင်ပါတယ်။”
ကျီရှီးရှို့က
တည်ငြိမ်နေဟန်ရှိကာ သူ့ဆိုလိုရင်းကို မမေးဘဲ တစ်ခုသာ မေးလိုက်သည်။ “သူ့ ခန္ဓာကိုယ်ကို
ထိခိုက်လိမ့်မလား?”
ဆရာဝန်မှာ
ဖြစ်နိုင်ခြေရှိသည့် အဖြေများစွာကို စဉ်းစားထားပြီးသားဖြစ်သော်လည်း မည်သည်ကိုမှ မဖြေနိုင်ပေ။
သူဟာ ခဏတာ အေးခဲသွားပြီးနောက်မှ ပြောလာ၏။ “သခင်လေးကျီရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး
ဘာမှ ပြဿနာမရှိပါဘူး၊ သူ့ရဲ့ အသွင်ကူးပြောင်းမှုဖြစ်စဉ်က ပုံမှန်ပါပဲ။”
သူ
ကျီမိသားစု အိမ်မှ ထွက်လာပြီး အပြင်လေနှင့် ထိတွေ့မိချိန်မှ ဆရာဝန်က အသိပြန်ဝင်လာ၏။
ဘာလို့ ကျီမိသားစုခေါင်းဆောင်က မအံ့ဩသွားတာလဲ၊ ဒီလိုဖြစ်လာမှာကို သိထားလို့များလား?”
……
ရက်အနည်းငယ်
အနားယူပြီးနောက် ကျီယွဲ့ကျစ်က ပုံမှန်အတိုင်း အတန်းပြန်တက်နေသော်လည်း သူ၏ လည်ကုပ်ထက်ရှိ
အကာအကွယ် ပလာစတာကပ်ခွာကြောင့် လူတိုင်းအား သူ့အနေနှင့် အသွင်ကူးပြောင်းရေးကာလထဲသို့
ဝင်ကြောင်း ပြောနေပုံပေါ်သည်။
ကျောင်းရှိ
စိတ်အလှုပ်ရှားနေကြဆုံးသူတို့်မှာ ကျီယွဲ့ကျစ်၏ အမာခံထောက်ခံသူ ပရိသတ်များဖြစ်သည်။
၎င်းတို့အနေဖြင့် နောက်ဆုံး၌ မျှော်လင့်ချက်ကိုမြင်လိုက်ရသလိုပင်၊ သူ့အနေဖြင့် ကျိုးလော့ဟွမ်ကို
သူ၏ ခြေထောက်အောက်၌ နင်းထားသည်အား တွေ့မြင်လိုခြင်း၏ မျှော်လင့်ချက်ဖြစ်သည်။
“ရွှတ်
ရွှတ်၊ ငါတို့ စည်းကမ်းထိန်းသိမ်းရေးဌာနခေါင်းဆောင်က နောက်ဆုံးတော့ အသွင်ကူးပြောင်းတော့မှာပဲ!!!
……
[
ငိုနေတဲ့ အီမိုဂျီ၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ။ သူ အသွင်ကူးပြောင်းပြီးတဲ့အခါကျရင်
ငါတို့စီနီယာကို အနိုင်ကျင့်ရဲတဲ့သူရှိသေးလား ကြည့်ရမယ်! ကျိုးလော့ဟွမ်က ဘာမှ ဟုတ်မနေဘူး”
]
[
စီနီယာ့ဆီက အကာကွယ် ပလာစတာက အရမ်း အယ်လ်ဖာဆန်တယ်။ အဲဒါ ဘာတံဆိပ်လဲ သိတဲ့သူရှိလား? ငါလည်း
ငါ့ရဲ့ အသွင်ကူးပြောင်းရေးကာလမှာ ကပ်ချင်လို့ ]
တစ်နေ့တည်းနှင့်
ပထမစစ်ဘက်ကျောင်းတော်က ပျော်ရွှင်ဖွယ်လေထု ဆွတ်ပျံ့နေပုံရပြီး ကျိုးလော့ဟွမ်မှာ လမ်းလျှောက်ချိန်တိုင်း
အယ်လ်ဖာများ၊ ဘီတာများနှင့် အိုမီဂါများတို့ထံမှ အကြိမ်များစွာ စိုက်ကြည့်ခံနေရသည်။
ကျိုးလော့ဟွမ်မှာ
ဘာဖြစ်မှန်းမသိပေ၊ ကျန်းဟုန်ကလည်း ယနေ့တွင် သူမထံ လာမလည်ခဲ့ပေ။ မည်သူကမှ သူမထံ အတင်းမပြောပြခြင်းကြောင့်
ပဟေဠိဖြစ်စွာနှင့် အနောက်တံခါးမှ အတန်းထဲ ဝင်လာရာ ခုံ၌ ထိုင်နေသည့် ကျန်းဟုန်က သူမအား
ရှေ့သို့ ကြည့်ခိုင်းလိုက်သည်။
ကျိုးလော့ဟွမ်က
မျက်လုံးများပင့်ကြည့်လိုက်ရာ ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူမ၏ မျက်ဝန်းများက သူ၏
လည်ကုပ်ထက်ရှိ အကာအကွယ်ကပ်ခွာလေးပေါ် ကျရောက်သွားသည်။ သူမအနေဖြင့် မသိလိုက်ပါဘဲ မျက်ခုံးပင့်မိသွား၏။
သူဟာ တကယ်ကြီးအသွင်ကူးပြောင်းနေလေပြီ။ သူမ၏ အကြည့်များက ထိုနေရာသို့ အချိန်ကြာကြည့်လိုက်ပြီးနောက်
လွှဲဖယ်၍ အကြည့်အား အောက်ဆင်းကာ အသိမဲ့စွာဖြင့် ဖတ်စာအုပ်အားလှန်လိုက်၏။
စာသင်ခန်းက
ယနေ့၌ အင်မတန်ဆူညံနေသည်။ ၎င်းမှာ လူများက ကျီယွဲ့ကျစ်၏ အသွင်ကူးပြောင်းမှုအကြောင်း
တီးတိုးပြောနေခြင်းကြောင့်ဖြစ်၏။ ဆရာရောက်လာပြီးနောက်၌ ၎င်းတို့၏ ထက်မြတ်သော ဦးနှောက်များဖြင့်
မက်ဆေ့ သီးသန့် ပို့ပေးနေကြသူများ ရှိနေဆဲပင်။
သူမအနေဖြင့်
အတန်းထဲမှ လူတိုင်း၏ လှုံ့ဆော်မှုကြောင့် လွှမ်းမိုးခံလိုက်ရခြင်းဖြစ်မလားတော့မသိသော်လည်း
ကျိုးလော့ဟွမ်သလည်း အနည်းငယ် မငြိမ်မသက်ဖြစ်လာသည်။ သူမက လက်ထောင်၍ သူမ၏ လည်ပင်းကို
ဖိလိုက်ပြီးနောက် ရုတ်တရတ် မော့ကြည့်လိုက်၏။ ယခုတွင် သူမကြည့်သည်မှာ တစ်စုံတစ်ဦး၏ ဖယ်ရိုမုန်း
ရနံ့ဖျော့ဖျော့ကို ရလိုက်ဟန် ပေါ်နေသည်။ မော့ကြည့်လိုက်ပြီးနောက်တွင် ထိုဖယ်ရိုမုန်းက
ပျောက်ကွယ်သွားပြီး သူမလည်း ထပ်မစူးစမ်းနိုင်တော့ဘဲ အတန်းထဲ၌ အရာရာတိုင်းက ပုံမှန်အတိုင်းဖြစ်နေသည်။
“တစ်ယောက်ယောက်က
အခုနလေးက ဖယ်ရိုမုန်း ထုတ်လိုက်သလားလို့?” ကျိုးလော့ဟွမ်က သူမဘေးရှိ ကျန်းဟုန်ကို မေးလိုက်လေ၏။
“ဘာလဲ?”
ကျန်းဟုန်မှာ သူမကို လှည့်ကာကြည့်လာသည်။ “အယ်လ်ဖာလား အိုမီဂါလား?”
ထိပ်တန်းအယ်လ်ဖာတစ်ဦးအဖြစ်
အသွင်ကူးပြောင်းထားသည့် ကျိုးလော့ဟွမ်အနေဖြင့် အတန်းထဲရှိ အသွင်ကူးပြောင်းထားသော ကျောင်းသား
တစ်ဦးစီတိုင်းထံရှိ ရနံ့တိုင်းကို အမှတ်တမဲ့ရဖူးသည်။ တစ်ခါတရံ ၎င်းတို့ ထိန်းချုပ်မှုအားနည်းချိန်၌
၎င်းတို့၏ ဖယ်ရိုမုန်း ရနံ့များကို ရမိသလို ၎င်းတို့၏ အဝတ်များ ပေရေနေပြီး သန့်ရှင်းဖို့
အချိန်မရကြချိန်တိုင်းလည်း ရတတ်သည်။
“ထားလိုက်တော့”
ကျိုးလော့ဟွမ်က ယခုနက ဖယ်ရိုမုန်းရနံ့ကို ပြန်တွေးမိ၏။ ၎င်းကို မရင်းနှီးသလို အတန်းထဲ၌
အသွင်မကူးပြောင်းရသေးသူကလည်း တစ်ဦးသာရှိသည်။
သူမ၏
မျက်လုံးများ ပင့်သွားကာ ကျီယွဲ့ကျစ်၏ အဖြူရောင် အကာအကွယ်ကပ်ခွာဖြင့် သေသေသပ်သပ်ဖုံးအုပ်ထားသည့်
လည်ကုပ်ထက်ကို ကြည့်မိလိုက်သည်။ ၎င်းက အသွင်ကူးပြောင်းနေစဉ်အတောအတွင်း ဖယ်ရိုမုန်းအားလုံး
ထွက်လာခြင်းမှ ၁၀၀% ကာကွယ်ပေးနိုင်သည်ဟု ပြောထား၏။
ကျိုးလော့ဟွမ်က
စုတ်သပ်လိုက်ကာ - ဒီကောင်လေး ထပ်အလိမ်ခံလိုက်ရပြီး ထုတ်ကုန်အတုတွေ ဝယ်လာမိတာလို့ မပြောနဲ့နော်..
........
စာရေးသူမှာ
ပြောစရာလေး ရှိပါတယ်။
ကျိူးလော့ဟွမ်
ဂုဏ်ယူနေသည် - ငါ မှန်းတာ ဘယ်လောက်တော်လိုက်သလဲ..