အပိုင်း ၃၁
Viewers 10k


Chapter 31


ညနက်ပိုင်းတွင်

ယဲ့ကျားက သူ့ဘေးတွင် နီးနီးကပ်ကပ်လာအိပ်နေသော သူ့ဇနီးသည်နှင့်အတူ အိပ်ရာပေါ်တွင် အဆင်မပြေစွာ လှဲနေသည်။

သူမ၏ အေးစက်ပျော့ပျောင်းသော လက်မောင်းများက မြွေတစ်ကောင်ကဲ့သို့ သူ့လက်မောင်းကို ရစ်ပတ်ထားကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက သူ့အပေါ်သို့ လုံးလုံးနီးပါး ဖိထားသည်။

အမျိုးသမီး၏ရှည်လျားပြီး နက်မှောင်သောဆံပင်များက သူ့ကိုပိုက်ကွန်တစ်ခုကဲ့သို့ ဖုံးအုပ်ထားသည်။ ဆံပင်အချို့က သူ၏လည်ပင်းနားတွင် ကျနေပြီး သက်ရှိအရာတစ်ခုကဲ့သို့ သူ၏ညဝတ်အင်္ကျီများထဲသို့ပင် ရောက်ရှိလာကာ ပျော့ပျောင်းပြီး ယားယံသည့် ခံစားချက်ကို ဖန်တီးနေသည်။

သူ့ဇနီးက မျက်လုံးပင့်ကြည့်ပြီး ချိုသာစွာ ပြုံးပြလာသည်။

သူမက တစ်ဖက်လူ၏ ငြင်းဆိုနေပုံကို မမြင်သကဲ့သို့ တိုးကပ်လာပြီး လူငယ်လေး၏ နှုတ်ခမ်းကို နမ်းလိုက်သည်။

ယဲ့ကျားက လျင်မြန်စွာ ရှောင်ထွက်လိုက်သောကြောင့် အနမ်းမှာ သူ့ပါးပြင်ပေါ်သို့သာ ကျရောက်သွားသည်။

သို့သော် ထိုအမျိုးသမီးက ထူးထူးခြားခြား သတိပြုမိပုံမပေါ်ပေ။ သူ့မျက်နှာပေါ်ရှိ အပြုံးမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ မပြဘဲ နူးညံ့စွာ ပြောသည်။

"ကောင်းသောညပါ ယောက်ျား''

ယဲ့ကျား၏ နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားသည်။ သူက သူ့ကိုယ်သူ တွန်းအားပေးက။ ပြန်ဖြေလိုက်သည်။

“….ကောင်းသောညပါ''

တစ်ဖက်လူ၏မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍နက်ရှိုင်းလာသည်။သူမ၏ ခေါင်းကို သူ့ပခုံးပေါ်တင်ကာ မျက်လုံးမှိတ်လိုက်၏။

ယဲ့ကျား၏ ခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းသွားရသည်။ သူက အမှောင်ထဲတွင် မျက်နှာကျက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။

သူ၏နားထဲတွင် အသက်ရှူသံ ညင်းညင်းလေး ဝင်ရောက်လာသည်။ ၄င်းက တဖြည်းဖြည်းနှင့် ပို၍ညီညာလာသည်။ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသည်။

ယဲ့ကျားက မျက်လုံးကို အောက်ငုံ့ပြီး သူ့ပုခုံးပေါ်မှ အမျိုးသမီးကို ကြည့်လိုက်သည်။ အမှောင်ထဲတွင် ကြွေရုပ်ကဲ့သို့ ခပ်ဖျော့ဖျော့မျက်နှာလေး တစ်ခုမြင်ရသည်။သူမ၏ ရှည်လျားသော မျက်တောင်များက ဖြာကျနေပြီး မျက်နှာပေါ်တွင် နက်နဲသော အရိပ်များ ချန်ထားခဲ့ကာ သူမ၏ ပါးလွှာသော နှုတ်ခမ်းများက အပြုံးမပျက် ရှိနေသည်။

အကြောင်းအချို့ကြောင့် ယဲ့ကျားက သူမက ရုပ်ဖျက်ထားသော မှန်ဝိဥာဥ်မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။

နောက်ဆုံးတွင် ဤဇာတ်ကောင်၏ စရိုက်က ပြင်းထန်လွန်းသည်။ ယင်း ယဲ့ကျားနှင့် ဆက်ဆံရခက်သည်အထိပင် ဖြစ်သည်။

သို့သော် ဘေးကင်းသည်က ပိုကောင်းသည်။

ဓားမြှောင်၏ချွန်ထက်သော ထိပ်ဖျားက အမှောင်ထုကို တိတ်တဆိတ်ဖြတ်သွား၏။ တုန်ခါမှုတစ်ချက်မရှိဘဲ ၎င်းက အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

အမျိုးသမီးက အိပ်ပျော်နေဆဲသာ။

သေချာပေါက်ပင် သူမက ထိုအရာမဟုတ်ပေ။

ယဲ့ကျားက ယခုအချိန်အထိ သူထိန်းထားခဲ့သော သက်ပြင်းကို ချလိုက်သည်။ ယင်းက စိတ်သက်သာရာရခြင်းကြောင့်လား သို့မဟုတ် နောင်တရခြင်းကြောင့်လား မသိပေ။

တစ်ဖက်လူက သူရှာနေသည့်လူမဟုတ်မှန်း သူသိသွားသော်လည်း သူစိမ်းတစ်ယောက်နှင့် ကုတင်တစ်ခုတည်းတွင် အတူအိပ်ရန် မဖြစ်နိုင်သေးပေ။

အဆုံးတွင် ယဲ့ကျားက ဂိမ်းထဲတွင် ကြာမြင့်စွာ နေခဲ့ရသည်။ ထိုနေရာမှ သူ၏ပြိုင်ဘက်များက အမှောင်ထဲတွင် ပုန်းအောင်းနေသည့် စွမ်းအားကြီးတစ္ဆေများနှင့် မကောင်းဆိုးဝါးများသာမက တိုက်ခိုက်ရန် အခွင့်အလမ်းကို စောင့်မျှော်နေသော လျှို့ဝှက်ထားသော ရည်ရွယ်ချက်များရှိသည့် ကစားသမားများလည်း ဖြစ်သည်။ သေခြင်းတရား၏ အစွန်းတစ်ဖက်၌ လှည့်လည်နေစဥ် အကာအကွယ်အား လျော့ချ၍ အိပ်မိပါက ထာဝရ အိပ်စက်ခြင်းသို့ ရောက်ပေလိမ့်မည်။

သူ့ဘေးနားတွင် တခြားလူကိုထားပြီး မည့်သည့်အခါမှ အိပ်မရခဲ့ပေ။ သူ အိပ်ပျော်သွားလျှင်ပင် ခဏချင်း နိုးထလာပြီး အတတ်နိုင်ဆုံး အချိန်တိုအတွင်း တိုက်ပွဲဝင်ရခြင်း ဖြစ်နိုင်သည်။

သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ပတ်ဝန်းကျင်ကို အမှောင်ထုက တဖြည်းဖြည်း လွှမ်းမိုးလာသောအခါတွင် သည်းမခံနိုင်သော အိပ်ငိုက်ခြင်းခံစားချက်က သူ့ခန္ဓာကိုယ်၏ နက်နဲသည့်နေရာမှ ထွက်လာခဲ့သည်။

သူ့ဘေးနားက ခန္ဓာကိုယ်မှာ အေးစက်ပြီး ပျော့ပျောင်းနေသော်လည်း သူ့ကို တစ်နည်းနည်းဖြင့် ရင်းနှီးနေသည့် ခံစားချက်အား ပေးစွမ်းနေသည်။

သူ၏အသိစိတ်က ပို၍ ပို၍ ဝေဝါးလာပြီး မကြာမီပင် အမှောင်ထုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

ယဲ့ကျားတစ်ယောက် နက်ရှိုင်းစွာ အိပ်ပျော်သွားခဲ့သည်။

အမှောင်ထုက အခန်းငယ်လေးကို ဖုံးလွှမ်းသွားသည်။ သူတို့နှစ်ဦးထံမှ တည်ငြိမ်သော အသက်ရှုသံများနှင့်အတူ တိတ်ဆိတ်မှုက ငြိမ်းချမ်းစွာ ဖြစ်ပေါ်နေသည်။

ရုတ်တရက် အသက်ရှုသံများထဲမှ တစ်ခုက ပျောက်သွားသည်။

ချောမောလှပသော အမျိုးသမီးက တိတ်တဆိတ် မျက်လုံးဖွင့်လိုက်သည်။သူမ၏ ရှည်လျားသော မျက်တောင်များအောက်မှ သူမ၏မျက်လုံးများသည် အမှောင်ထုထဲတွင် အထူးကြောက်စရာကောင်းသည့်ပုံပေါ်နေပြီး သွေးအရောင်နီးပါးရှိသော နီမြန်းသည့်အရောင်သို့ ပြောင်းလဲသွားသည်။

သူမ၏ လက်များမှာ ပျော့ပျောင်းပြီး ရေခဲများကဲ့သို့ အေးစက်နေသည်။ ယင်းက အောက်ဘက်သို့ လိုက်လျောညီထွေ ရွေ့လျားကာ တစ်ဖက်လူ၏ သွယ်လျသောခါးတစ်ဝိုက်တွင် မြွေကဲ့သို့ ရစ်ပတ်လိုက်သည်။

သူတို့ကြားရှိ အကွာအဝေးမှာ ပိုမိုကျဉ်းမြောင်းလာပြီး ခန္ဓာကိုယ်နှစ်ခုက အချင်းချင်း နွေးထွေးမှုကို မျှဝေခံစားနိုင်ရန် လုံးလုံးလျားလျား ဖိကပ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ကျီရွှမ်က မျက်လုံးပင့်ကြည့်လိုက်သည်။သူ၏ အမြင်အာရုံ အနားသတ်မျဥ်းမှာ အမျိုးသားငယ်၏ ခန္ဓာကိုယ်ထံသို့ ရဲဝံ့စွာ ရွေ့လျားသွား၏။ သူ၏ လောင်မြိုက်နေသော အကြည့်များက အိပ်ပျော်နေသော တစ်ဖက်လူ၏ ဘေးဘက်ကောက်ကြောင်းမှနေ၍ အနည်းငယ်ပွင့်ဟနေသော ညအိပ်ဝတ်စုံအောက်မှ သွယ်လျဖြူဖွေးနေသည့် လည်ပင်းထံသို့ တဖြည်းဖြည်း ဆင်းသက်လာသည်။ကြည့်နေရင်းဖြင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ရှိ နေရာတိုင်းကို တစ်လက်မ,မကျန် လောဘကြီးစွာ နမ်းလိုက်သည်။

သူက နှုတ်ခမ်းချင်း ဆက်သွယ်လိုက်သည်။သူ၏ ချွန်ထက်ပြီး ဖြူဖွေးသော သွားများအား ပါးလွှာပြီး နီမြန်းသော နှုတ်ခမ်းများကြားတွင် ဖျတ်ခနဲ မြင်နေရသည်။ သူကိုကြည့်ရသည်မှာ သွေးနံ့ရသွားသော ရေထဲမှ ငါးမန်းတစ်ကောင်ကဲ့သို့ပင်။

လူငယ်လေးက သူ့ဘေးတွင် မထင်မှတ်ဘဲ အိပ်ပျော်သွားခဲ့သည်။သူအိပ်ယာမဝင်ခင် သောက်ခဲ့သည့် နွားနို့က တစ်စုံတစ်ခုထည့်ခံထားရမှန်း သူ လုံးဝမသိလိုက်ပေ။

ကျီရွှမ်က သူ့ကိုယ်သူ တစ်ဖက်လူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

သူက ခေါင်းကိုမော့ကာ သူ အေးစက်သောနှုတ်ခမ်းတို့အား တစ်ဖက်လူ၏နှုတ်ခမ်းထက်ရှိ အစောပိုင်းက သူမရောက်ရှိခဲ့သော နေရာများထိပါ ဖိကပ်ထားလိုက်သည်။

ခဏအကြာတွင် သူက ပြန်ခွာလိုက်ပြီး နှုတ်ခမ်းကို လျက်လိုက်သည်။ တိုးညင်းအသံမှ သူ၏ နက်နဲပြီးပူလောင်နေသော မူလအသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

''ယောက်ျား ရှင် ကျွန်မတို့ရဲ့ အိပ်ရာဝင်နှုတ်ဆက်အနမ်းကို မေ့နေတယ်''

နောက်တစ်နေ့တွင် ယဲ့ကျားက အိပ်ရာမှ နိုးလာသည်။

ကောင်းကင်၌ နေမြင့်နေပြီ ဖြစ်သည်။ တောက်ပသော နေရောင်ခြည်က စီးဆင်းနေသော ရေကဲ့သို့ အခန်းကို လွှမ်းခြုံထားသည်။

ယဲ့ကျားက ကြောင်တောင်တောင်ဖြင့် အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်သည်။ သူဘယ်ရောက်နေကြောင်း မှတ်မိရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။

ဘယ်အချိန်ရှိနေပြီလဲ.. သူဒီလောက်ထိ အိပ်ပျော်သွားတာလား?

သူ့တစ်ကိုယ်လုံးက နှစ်ရှည်လများ အိပ်ပျော်နေရာမှ ထလာသကဲ့သို့ ပျော့ပျောင်းနေသည်။ယဲ့ကျားက ကုတင်ပေါ်မှ ဖြည်းညင်းစွာထလိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို ပွတ်သပ်လိုက်သည်။

''အားကျား နိုးပြီလား''

ယဲ့ကျားက အသံလာရာသို့ ခေါင်းမော့ကြည့်လိုက်သည်။

တံခါးဝတွင် ရပ်နေသော သူ့ 'ဇနီး'က သူ့ကို ပြုံးပြနေသည်အား တွေ့လိုက်ရသည်။သူမက သူမ၏ ခမ်းနားသည့် ကောက်ကြောင်းများပေါ်လွင်စေသည့် အနက်ရောင်ရုံး၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင် မိတ်ကပ်များ လိမ်းချယ်ထားသည်။ သူမက အပြင်ထွက်ခါနီးတွင်

“ရှင် အရမ်းအိပ်ပျော်နေတာ ကျွန်မရှင့်ကို နှိုးဖို့ကြိုးစားတာတောင် မနိုးဘူး"

ယဲ့ကျား အံ့သြသွားသည်။

သူ၏ 'ဇနီး' က သူ၏ထိတ်လန့်တုန်လှုပ်နေသည့် အခြေအနေကို သတိမထားမိသကဲ့သို့ တစ်ဒေါက်ဒေါက်ဖြင့် လျှောက်လာပြီး သူ၏ညအိပ်ဝတ်စုံကော်လာကို ဆွဲလိုက်ကာ နှုတ်ခမ်းပေါ်မှ နူးညံ့သော အနမ်းတစ်ပွင့်အား ငုံ၍ယူသွားသည်။

ယဲ့ကျား၏ ခန္ဓာကိုယ်မှာ အလိုလို တောင့်တင်းလာပြီး သူမည်သည့်အရာမှမလုပ်နိုင်မီတွင် တစ်ဖက်လူက ပြန်ခွာသွားပြီဖြစ်သည်။

နူးညံ့သိမ်မွေ့သည့် အသွင်အပြင်ရှိသော အမျိုးသမီးက သူမ၏ မျက်လုံးများအား တစ်ဝက်မှေးထားကာ သူမမျက်လုံးထဲတွင် အပြုံးတစ်ခုဖြင့် သူ့ကိုကြည့်နေသည်။

သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး နှုတ်ခမ်းနီကို သုတ်ရန် ယဲ့ကျား၏ အောက်နှုတ်ခမ်းအား အေးစက်ပြီး ဖျော့တော့သော လက်ချောင်းများနှင့် ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။

''ထတော့ ရှင့်အတွက် မနက်စာကို စာပွဲပေါ်မှာတင်ထားခဲ့တယ်''

သူ့နှုတ်ခမ်းပေါ်ရှိ အပူချိန်နှင့် အတွေ့အထိအား ခံစား၍ ရနေသေးသည်။Ti Amo:
Chapter28(2)

ယဲ့ကျားက ဖျတ်ခနဲ မျက်တောင်ခတ်လိုက်သည်။ မသိစိတ်ဖြင့် သူ့နှုတ်ခမ်းများကို ပွတ်လိုက်မိသော်လည်း သူ့လုပ်ရပ်ကြောင့် တစ်ဖက်လူရဲ့ အကြည့်များ မည်းမှောင်သွားသည်ကို သတိမထားမိလိုက်ပေ။

“ကောင်းပြီ”

သူ၏ ဇနီးက အကြည့်ကိုလွှဲကာ ညင်သာစွာ ပြုံးလိုက်သည်။သူမမျက်နှာပေါ်ရှိ အပြုံးက အပြစ်ကင်းစင်နေသည်။

“ အလုပ်သွားတော့မယ်နော် ညမှတွေ့မယ်"

ထိုသို့ပြောပြီးနောက် အိမ်ရှေ့တံခါးမှ ထွက်သွားသည်။

ယဲ့ကျားလည်း ကုတင်ပေါ်မှထကာ ဖိနပ်တစ်ရံစီး၍ ရေချိုးခန်းထဲဝင်လိုက်သည် ။

မှန်ထဲတွင် ထင်ဟပ်နေသည့်အရာမှာ သူ့မျက်နှာဖြစ်သော်လည်း လုံးလုံးလျားလျား  သူ့မျက်နှာတော့ မဟုတ်ပေ။

လူငယ်လေး၏ မျက်နှာမှာ နူးညံ့ပြီး နွေးထွေးကာ ပြုံးမနေသည့်တိုင် နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွနေသည်။သူ့အသားအရည်က ဖြူဖွေးနေသော်လည်း သာမာန်အဆင့်သာရှိသည်။ သူ့ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးသာဖြစ်ပြီး လေ့ကျင့်ခန်းမလုပ်နိုင် သောကြောင့် အားနည်းနေသော်လည်း အရပ်ရှည်ကာ ဖြောင့်တန်းနေသေးသည်။

ယဲ့ကျားက  မှန်ထဲမှ မရင်းနှီးသော ကိုယ့်ကိုယ်ကိုယ်အား ကြည့်လိုက်သည်။

ဂိမ်းထဲသို့ ဆွဲထည့်မခံခဲ့ရလျှင် ဤသည်မှာ သူဖြစ်မည့်ပုံစံ ဖြစ်သည်။

သို့သော်လည်း ရှေ့မှ ရောင်ပြန်ဟပ်နေသော လူ၏ ။တောက်ပသော မျက်လုံးများထဲမှ အနက်ရှိုင်းဆုံးနေရာထိ တည့်တည့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်နှင့် မလိုက်ဖက်သည့် အေးစက်ပြီး ရင်းနှီးနေသော အအေးဓာတ်ကို သူတွေ့မြင်လိုက်ရသည်။ယင်းမှာ မည်သူမျှစိတ်ကူးမယဥ်ဝံ့လောက်အောင် နှိပ်စက်ခံရသော ငရဲတွင်းမှ ခက်ခက်ခဲခဲ ဖောက်ထွက်လာနိုင်ကြသည့် လူများ၌သာ မြင်ရသည့် အရှိန်အဝါဖြစ်သည်။

တစ်ခါတရံ၌ သူ့ကို လူသားဟူ၍ပင် မမှတ်ယူနိုင်ဟု ခံစားရသည်။

ယဲ့ကျားက ရှုပ်ထွေးသော စိတ်ခံစားမှုများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။

ရုတ်တရက်ပင် သူ့အကြည့်များက နေရာ၌ပင် ရပ်တန့်သွားသည် ။

သူသည် မှန်ကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ပြီး မှန်နှင့် အနည်းငယ် တိုးကပ်သွားကာ သံသယဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

ခေါင်းကို အနည်းငယ် စောင်းကာ လည်ပင်းနှင့် ညှပ်ရိုးတို့ကို အနီးကပ် ကြည့်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် သူ၏လည်ပင်းတွင် အနီကွက်အနည်းငယ် ထင်ကျန်နေသည်။၄င်းက အထူးသဖြင့် သူ့အသားအရည်ဖျော့ဖျော့၌ စွဲထင်လျက်ရှိနေသည်။

ယဲ့ကျား ၎င်းကို လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

ဖျောက်ဖျက်၍မရပေ။

ခြင်ကိုက်ခံရတာလား။

ယဲ့ကျား၏ မျက်ခုံးများ ပို၍ တွန့်ချိုးလာပြီး အတွေးထဲ နစ်မြောသွားသည် ။

ထူးဆန်းလိုက်တာ… ဒီတစ်ခါ မှန်ဝိဥာဥ်က အရမ်းထူးဆန်းတယ် သူက ခြင်တွေရဲ့ တည်ရှိမှုကိုတောင် ပုံရိပ်ယောင်ထဲထည့်ပြီး ဖန်တီးခဲ့တာလား။

ဒါကြီးက လက်တွေ့ဆန်လွန်းသွားပြီ မလား!

အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦးက ရုံး၀တ်စုံနှင့် ဒေါက်မြင့်ဖိနပ်များ ဝတ်ဆင်ထားပြီး ထိုရပ်ကွက်မှ ထွက်ခွာသွားသည်။

သူမ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်က တခဏချင်း ပြောင်းလဲသွား၏။တိုတောင်းသော ခြေလှမ်းအနည်းငယ်အတွင်း သူမက အရပ်ရှည်ပြီး သွယ်လျသော အမျိုးသမီးတစ်ဦးမှ အရပ်ရှည်၍ အရွယ်ရောက်ပြီးသော အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ အဝတ်အစားများသည်လည်း ရေကဲ့သို့ လှိုင်းထနေသည့် ရိုးရှင်းသော လက်ရှည်အင်္ကျီနှင့် ဘောင်းဘီရှည်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျီရွှမ်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဖြူဖျော့ပြီးသွယ်လျသော လက်ချောင်းများက လေထုထဲသို့ ဖမ်းဆုပ်လိုက်သည်။

နောက်တစက္ကန့်တွင် သူ့လက်ချောင်းများကြားတွင် ထူးဆန်းသောအရာတစ်ခု ပေါ်လာသည်။

ထိုအရာက အပြင်းအထန်ရုန်းကန်နေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ကျောက်ကျောကဲ့သို့စေးပျစ်သောအရည်တစ်မျိုးဖြစ်ပြီး ၄င်းက လူသားမျက်နှာနှင့် တိရစ္ဆာန်မျက်နှာများကြားတွင် အဆက်မပြတ်ပြောင်းလဲနေသည်။ နောက်ဆုံးတွင် ၎င်းသည် ခန္ဓာကိုယ်ပေါ်၌ လှပသောအရောင်အသွေးရှိသော မြွေတစ်ကောင်၏အသွင်အပြင်နှင့် အဆုံးသတ်သွားခဲ့သည်။ သူလှည့်ပတ်လိုက်သည်နှင့်အမျှ ဤအရောင်များက ဆက်လက်ပြောင်းလဲသွားသည်။

"အား ခွင့်လွှတ်ပါ! ခွင့်လွတ်ပေးပါ!"

မှန်ဝိဥာဥ်က ပြင်းပြင်းထန်ထန် အော်ဟစ်ပြီး "မလုပ်ရဲပါဘူး မလုပ်ရဲတော့ပါဘူး!"

ကျီရွှမ်က ငုံ့ကြည့်လိုက်၏။

"မလုပ်ရဲဘူးလား? ဘာမလုပ်ရဲတာလဲ"

" သူ့ကို ဆွဲသွင်းလိုက်တုန်းက မင်းရဲ့လူထဲက တစ်ယောက်ဆိုတာ မသိခဲ့ဘူး!"

မှန်ဝိဥာဥ်က ရှင်းပြဖို့ကြိုးစားရင်း စကားထစ်လာပြီး

"ပြီး..ပြီးတော့  အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူး လူတစ်ယောက်က ငါ့ကို အတင်း ပစ်ချခဲ့လို့လေ အဲ့ဒါကြောင့် ငါက...''

"မင်းဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ"

ကျီရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မင်းလုပ်တာ မကောင်းဘူးလို့ ငါပြောတာမဟုတ်ပါဘူး"

''....ဟမ်''

မှန်ဝိဥာဥ်က အံ့သြသွားသည်။

သူက မိန်းမောတွေဝေနေပြီး စိတ်ထဲတွင် ထိုစကားလုံးအား ထပ်ခါတလဲလဲ ပြောနေမိသည်။ ဒီလိုလူမျိုးဆီက ဒီလိုမျိုး တစ်ခုခုပြောထွက်လာတာကို ကြားလိုက်ရတာ မယုံနိုင်ဘူး။

ကျီရွမ်က မျက်လုံးပင့်ကြည့်ကာ ပတ်ဝန်းကျင်အနှံ ကြည့်လိုက်သည်။

ဤမှန်ဝိဥာဥ်၏ စွမ်းအားနှင့် စွမ်းရည်မှာ မမြင့်မားကြောင်း သိနိုင်သည်။လက်တွေ့လောကအား အတုယူရန် အတတ်နိုင်ဆုံး လုပ်ခဲ့ပြီး အပေါ်ယံတွင် လက်တွေ့နှင့် ဆင်တူသော ကမ္ဘာကြီးအား ပြသနိုင်သော်လည်း အသေးစိတ်မဟုတ်ဘဲ အကြမ်းထည်ဖြစ်သည်။ လက်တွေ့နှင့် ကွဲလွဲနေသော အစိတ်အပိုင်းငယ်တစ်ခု ထင်ဟပ်နေလျက် လွင့်မျောနေသည့် ပူဖောင်းတစ်လုံးနှင့် ပိုတူသည်။

သူက အကြည့်ကို ပြန်ရုတ်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

''ဒါက သူလိုချင်နေခဲ့တဲ့ကမ္ဘာပဲ ဟုတ်တယ်မလား''

မှန်ဝိဥာဥ်မှာ တစ်ဖက်သား၏ ရည်ရွယ်ချက်ကို မဖမ်းဆုပ်နိုင်ပေ။ သူက ကြောက်လန့်စွာဖြင့် ပြန်ဖြေလိုက်သည်။

“အဲ....အဲလို တွေးလို့လည်း ရပါတယ်…..”

ကျီရွှမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူ့မျက်လုံးများတွင် မူးယစ်စေပြီး သိမ်မွေ့သော အရိပ်အယောင်တစ်ချို့ ထွက်ပေါ်လာသော်လည်း တစ်စုံတစ်ယောက်ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။

'"ဒါဆို ကောကောက ဒါကို သဘောကျသရွေ့တော့ လက်တွေ့ဖြစ်အောင်လုပ်ပေးဖို့ အပန်းမကြီးပါဘူး''

ဤမှန်ဝိဥာဥ်၏ စွမ်းအားက အလွန်အားနည်းသည်။


Xxx