👻 Chapter 35
Viewers 3k

👻Chapter 35




ဖေးယွီမှာ ပြောလေပြောလေ ကြေကွဲလေဖြစ်နေ၏။ 


ရှီကျား အတော်ကြာနားထောင်နေပြီးမှ မေးလိုက်လေသည်။


"ဆရာယဲ့ကဘယ်လိုလဲ"


ဖေးယွီရုတ်ချည်းတန့်သွားမိလေသည်။


"ငရဲဘုရင်ယဲ့လား"


"အင်း..သူ့ဆရာကငါသိတဲ့သူပဲ..မင်းပြောသလိုဆို ဆရာသခင်တွေရဲ့ မိသားစုတွေထဲကမျိုးဆက်အငယ်တွေလည်း ဂိုဏ်းတစ်ဂိုဏ်းကို၀င်ကြတယ်ပေါ့..ဆရာယဲ့ရောအတူတူပဲလား"


ဖေးယွီမှာ ယဲ့ကျင်းကျီနှင့် အမှန်တကယ် မရင်းနှီးခြင်းဖြစ်သည်။ ယဲ့ကျင်းကျီကိုမြင်သည်နှင့် ပြေးပုန်းသည်ချည်းသာ။ ထို့ကြောင့် အနည်းငယ်မျှတွေးကာဆိုလိုက်လေသည်။


"မသေချာဘူး..ဒါပေမယ့်ငရဲဘုရင်ယဲ့က မိဘမဲ့ဂေဟာကနေ စီနီယာရီလင်းကျစ်ကမွေးစားခဲ့တာ စီနီယာရီလင်းကျစ်ကလည်း စောစောစီးစီးဆုံးသွားတယ်လေ..သူဆုံးသွားတဲ့အချိန် ငရဲဘုရင်ယဲ့က ၆နှစ်ပဲရှိသေးတာ..အစကတော့ငါ့ဆရာကလည်း ငရဲဘုရင်ယဲ့ကို တပည့်အဖြစ်လက်ခံချင်ခဲ့တာ ဒါပေမယ့် ငရဲဘုရင်ယဲ့ကငြင်းတယ်လေ..အဲတုန်းက သူ့ကိုခေါ်ချင်တဲ့ စီနီယာတွေအများကြီးပဲ..ငရဲဘုရင်ယဲ့ကအားလုံးကို ငြင်းလိုက်တာ..သူ့မှာ အတုမရှိမိစ္ဆာ၃မျိုးခန္ဓာကိုယ်ရှိနေတာလေ..ဘယ်လောက်တောင်မှ မိုက်လိုက်လဲ"


ရှီကျားမျက်ခုံးတို့တွန့်ချိုးသွားခဲ့လေသည်။


"မိစ္ဆာ၃မျိုးခန္ဓာကိုယ်ဟုတ်လား"


ဖေးယွီကဆိုသည်။ 


"အင်း...မိစ္ဆာ၃မျိုးဆိုတာက အဓမ္မလုယက်ခြင်းမိစ္ဆာ ကပ်ဘေးဒုက္ခမိစ္ဆာနဲ့ နှစ်ကာလမိစ္ဆာတွေလေ...ဒီလိုခန္ဓာကိုယ်မျိုးရှိတဲ့သာမာန်လူတွေကကွာ အပေါ့ဆုံးပြောရမယ်ဆို သူ့မိသားစုတစ်ခုလုံးသေရတတ်တယ် အဆိုးဆုံးဆိုရင်တော့ မျိုးဆက်၉ဆက်စာ ကပ်ဘေးကိုခံစားရတတ်တယ်...ဒီလိုကံကြမ္မာမျိုးနဲ့လူကပုံမှန်ဆိုမွေးမလာတတ်ဘူး ဘာလို့ဆို သန္ဓေသားကြောင့်မိခင်ကဆုံးရတာပဲ..ဒါပေမယ့် အကြောင်းကြောင်းကြောင့် ငရဲဘုရင်ယဲ့ကတော့မွေးလာတယ်လေ..ဒီတော့သူကရွှမ်းရွှယ်လောကရဲ့ပထမဆုံး မိစ္ဆာသုံးပါးခန္ဓာကိုယ်ပိုင်ရှင်ဖြစ်လာတာပေါ့"


ဤသို့အတင်းအဖျင်းမျိုးဆိုပါက ဖေးယွီ တနေကုန်မရပ်မနားပြောနိုင်လေသည်။ 


"တကယ်တော့ ငရဲဘုရင်ယဲ့က မိဘမဲ့ဂေဟာကိုအပစ်ခံလိုက်ရတယ်ဆိုတာ နားလည်ပေးလို့မရတာတော့မဟုတ်ဘူး..မိစ္ဆာ၃ပါးခန္ဓာကိုယ်က အရမ်းကြောက်စရာကောင်းတာလေ..သာမာန်မိသားစုကလုံး၀တာ၀န်မယူနိုင်ဘူး..တို့တွေရွှမ်းရွှယ်လောကကလူတွေတောင် မိစ္ဆာ၃ပါးခန္ဓာကိုယ်ကို တကယ်မထမ်းပိုးနိုင်ဘူး..သူကကျင့်ကြံခြင်းအတွက် တကယ့်မျိုးစေ့ကောင်းလေးဆိုပေမယ့် သူ့ဆရာဖြစ်လာတာနဲ့ သေပြီပဲ..သူ့ကိုဘယ်သူကများတပည့်အဖြစ်လက်ခံရဲမှာလဲ"


ရှီကျား" ငါ'ghosts know'ကတင်ထားတဲ့ သတင်းတစ်ပုဒ်မှာတွေ့တာတော့ သူ့ဆရာက ရွှမ်းရွှယ်လောကအတွက် နှစ်တစ်ထောင်မိစ္ဆာကိုရှင်းဖို့အသက်ပေးသွားတာဆို"


ဖေးယွီက လက်ကိုအလျင်အမြန်ဝေ့ယမ်းလာလေသည်။


"ငရဲဘုရင်ယဲ့က သူ့ဆရာကိုသေအောင်လုပ်တာကို ပြောတာမဟုတ်ဘူးလေကွာ..စီနီယာရီလင်းကျစ်က ဘယ်သူမို့လဲ..သာမာန်လူတွေနဲ့ဘယ်ယှဥ်နိုင်ပါ့မလဲ..လောလောဆယ်ရွှမ်းရွှယ်လောကမှာ အသန်မာဆုံးက စစ်ဝေ့ရှင်းခန်းမသခင် စန်းရှို့..အဟွတ်အဟွတ် အဲ့အဘိုးကြီးရဲနာမည်ကိုခေါ်လို့မဖြစ်ဘူး..ကြားသွားမှာ..အဲ..သူကအသန်မာဆုံးပဲ..ဒါပေမယ့် အဲတုန်းကဆို စီနီယာရီလင်းကျစ်က အဲဒီခန်းမသခင်ကို လမ်းကျော်ပြီးလွင့်သွားတဲ့အထိချခဲ့တာကွ..တချို့ကလည်း ခန်းမသခင်တစ်ယောက် ပြန်မထူနိုင်အောင် အချခံလိုက်ရတယ်တဲ့..စီနီယာရီလင်းကျစ်က ငရဲဘုရင်ယဲ့ကို သူ့တပည့်အဖြစ်လက်ခံပြီးတော့ မန္တာန်တစ်ခုနဲ့ သူ့ရဲ့မိစ္ဆာ၃ပါးခန္ဓာကို ချိတ်ပိတ်လိုက်တယ်လေ..အဲဒီအချိန်ကစပြီး သာမာန်လူတွေကတော့ဒဏ်မခံနိုင်လောက်ပေမယ့် တို့ရွှမ်းရွှယ်လောကက လူတွေကတော့ခံနိုင်ရည်ရှိသွားတာပေါ့"


 á€‘ိုအန္ဏက် ဖေးယွီမှာ စိတ်လှုပ်ရှားစွာနှင့် ရှီကျားနားသို့ကပ်လာပြီး တီးတိုးဆိုလာခဲ့သည်။


"ပြောကြတာကတော့ အဲဒီလိုမျိုးကွာ..မိစ္ဆာ၃ပါးခန္ဓာကို ငရဲဘုရင်ယဲ့ရဲ့ ညာဘက်မျက်လုံးထဲချိတ်ပိတ်ဖို့အတွက် စီနီယာရီလင်းကျစ်ရဲ့ ၁၀နှစ်စာကျင့်ကြံဆင့်ကိုစတေးခဲ့ရတာတဲ့..ငါဆို ငရဲဘုရင်ယဲ့နဲ့ မျက်လုံးချင်းဆုံမကြည့်ရဲဘူး..အစ်ကိုကျား မြင်ဖူးပြီးပြီလား...မိစ္ဆာ၃ပါးခန္ဓာကိုယ်အဲထဲတကယ်ရှိလား.."


ရှီကျား၏မျက်လုံးတို့ရုတ်ချည်းပြူးကျယ်လာခဲ့ပြီး ယဲ့ကျင်းကျီ၏ မျက်လုံးထဲတွင်ပုန်းကွယ်နေခဲ့သော မှည့်နက်လေးတစ်လုံးကို မမှတ်မိသွားခဲ့လေသည်။


အဲဒါကမှည့်မဟုတ်ပဲ..ချိတ်ပိတ်ထားတဲ့အစီအရင်တစ်ခုပေါ့...


ရှီကျား၏တုန်လှုပ်အံ့အားသင့်နေသောအမူအယာကိုကြည့်လျက် ဖေးယွီ လွန်စွာကျေနပ်နေခဲ့လေသည်။


"အင်း အစ်ကိုကျား..ဒါကပုံမှန်ပါပဲ..ချိတ်ပိတ်အစီအရင်လေးတစ်ခုပါပဲ..သူမျက်လုံးလေးထဲပဲ ပိတ်ထားရုံပါ..ဒါပေမယ့် ငရဲဘုရင်ယဲ့က အခု မိစ္ဆာတစ်မျိုးကိုပဲ ချိတ်ပိတ်ထားတာ..မိစ္ဆာ၂မျိုးကျန်နေတုန်းပဲ..အဲဒါကိုတောင် ဒီလောက်စွမ်းနေတာ..အဲဒီချိတ်ပိတ်ထားတာကိုပါဖယ်လိုက်လို့ကတော့ သူကကောင်းကင်ဘုံကိုတောင် ထိုးဖောက်သွားတော့မှာပဲ"


ချန်းအန်မြို့လည်ခေါင်သို့ပြန်ရောက်သည်နှင့် ရှီကျားကဟိုတယ်သို့သွားကာ ဖေးယွီမှာတော့ သရဲဖမ်းသွားရန်ဆုံးဖြတ်ခဲ့လေသည်။


ရှီကျား ရယ်စရာကောင်းသည်ဟုခံစားရကာ မေးလိုက်သည်။


"မင်းပြောတော့ ဆရာသခင်တွေအပုံကြီးရောက်နေလို့ ဒီမှာရှိတဲ့ သရဲတွေအကုန် ခြစ်ထုတ်ခံလိုက်ရပြီဆို..မင်းသွားဖမ်းလည်း သရဲကရှိပါဦးမလား" 


ဖေးယွီ အလွန်အမင်းစိတ်ဓါတ်ကျနေခဲ့လေသည်။


"ငါဟိုမျိုးမစစ်လေး၂ကောင်းကြောင့် အဆင့်၉ကိုထိုးချခံလိုက်ရပြီလေ..သရဲလေး၁ကောင်၂ကောင်သွားဖမ်းပြီး pointထပ်မရှာရင် ချင်အင်ပါယာကိုထောင်ဖမ်းမယ့် အစီအရင်ထဲ ငါ့နေရာမရှိပျောက်သွားတော့မှာပေါ့"


သူတို့၂ယောက်သားမှာချန်းအန်၏ အန်းတင်းဂိတ်တံခါးတွင် လူချင်းခွဲလိုက်ကြလေသည်။ 


***

ထိုစဥ် ပထမအင်ပါယာသင်္ချိုင်းဂူ လီတောင်ခြေတွင်..


ပိန်းပိတ်အောင်မှောင်နေသောညတွင် မော်တော်ကားများအသွားအလာဟူ၍မရှိပဲ ပကတိတိတ်ဆိတ်နေခဲ့လေသည်။ ထိုအစားထိုသင်္ချိုင်းဂူ၏ စစ်သည်တော်ပြတိုက်အနီးတွင် အစောင့်အကြပ်များချထားလေသည်။ အစောင့်ရဲ၂ဦးမှာ ဓါတ်မီးကိုယ်စီကိုင်လျက်အိမ်အကြောင်း မိသားစုအကြောင်း ထွေရာလေးပါးပြောရင်း ရယ်ရယ်မောမောဖြင့် ကင်းလှည့်နေခဲ့ကြလေသည်။


သူတို့မသိသည်မှာ သူတို့နှင့်၁ကီလိုမီတာမျှ အကွာအဝေးတွင် ရွှမ်းရွှယ်လောက၏big shotကြီးတစ်ဦးသည် တိမ်တိုက်များထဲ၌ ကောင်းကင်ဘုံ၏နိယာမကိုဖီဆန်လျက် တဟုန်ထိုးပျံသန်းနေခြင်းပင်။


နေ့အချိန်တုန်းက ထိုက်ကျိကျောင်းမှ ကျူးဖုန်းကျန်းရန်က ကံကြမ္မာတွက်ချက်မှုတစ်ခုကိုပြုလုပ်ခဲ့၏။ ၄င်းမှာ ပထမချင်အင်ပါယာ သင်္ချိုင်းဂူမှ လွတ်မြောက်သွားသောထိုအရာမှာ ကောင်းကင်ဘုံ၏သားတော်နှင့် တစ်နည်းနည်းပတ်သက်နေခြင်းပင်။ နဂါးဧကရာဇ်ကိုယ်တော်တိုင်ပင်ဖြစ်နိုင်ချေရှိလေသည်။


သို့သော်ရှီကျားပြောခဲ့သလိုပင် ပထမအင်ပါယာသင်္ချိုင်းဂူ၏ဧကရာဇ်မှာ ပထမအင်ပါယာကိုယ်တိုင်သာဖြစ်သင့်သည်။ ချင်မင်းဆက်တွင် စုစုပေါင်းမင်းဆက်၃ဆက်ရှိလေသည်။ ချင်စန်းရှီနှင့် ယင်စစ်ရင်တို့မှလွဲလျှင် လူသိမများသော ချင်ရှီဟွမ် ယင်ကျန်း ချင်အားရှီနှင့် ယင်ဟုဟိုင်တို့သာကျန်လေသည်။


ပထမဧကရာဇ်သည် သူ၏သက်တမ်းတစ်လျှောက်လုံး လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့ကာ စာအုပ်များကိုမီးရှို့ဖျက်ဆီးလျက် စာပေပညာရပ်များကိုတားမြစ်ခဲ့သည်။ ကွပ်ဖြူးရှပ်ကျောင်းတော်သားများကိုလည်း အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကာ နယ်မြေ၆ခုကိုတစ်စုတည်းအဖြစ်သိမ်းသွင်းခဲ့လေသည်။ ဤမျှခက်ထန်၍ ရည်မှန်းချက်ကြီးသူတစ်ယောက်အမှန်တကယ်လွတ်လာခဲ့လျှင် ဤ၂ရက်အတွင်း အဘယ်ကြောင့် ဘာတစ်ခုမှမထူးခြားသေးပါသနည်း။


ဟုဟိုင်ကိုမဆိုထားနှင့် သမိုင်းမှတ်တမ်းများအရ ချင်အားရှီမှာ ချင်မင်းဆက်၏အပြစ်ဒဏ်များကိုတိုးမြှင့်ခဲ့ကာ အခွန်များကိုလည်းမတန်တဆတိုးကောက်ခဲ့သည်ဟုဆိုလေသည်။ ချင်မင်းဆက်မှာ ချင်စန်းရှီ၏လက်ထဲတွင်အဆုံးသတ်သွားသည်ဟုပြောရမည်ထက် ချင်မင်းဆက်၏ကံတရားမှာ ချင်အားရှီ၏လက်ထဲတွင်ပျက်စီးသွားနှင့်ပြီးဟုပင်ဆိုနိုင်လေသည်။ ထို့အပြင် ဟုဟိုင်တွင်ကိုယ်ပိုင်သင်္ချိုင်းဂူရှိကာ သူကပထမချင်ပါယာ၏သင်္ချိုင်းဂူတွင်အတူမြှပ်နှံခံခဲ့ရခြင်းမဟုတ်ချေ။


ထိုအခြေအနေအတိုင်း၂ရက်မျှကျော်လွန်သွားပြီးနောက် ရွှမ်းရွှယ်လောကမှစီနီယာများအားလုံးမှာ သင်္ချိုင်းဂူအထက်ကောင်းကင်ပေါ်တွင်စုဝေးနေခဲ့ကြလေသည်။


ကျူးဖုန်းကျန်းရန်က ပြိုလဲသွားပြီးဖြစ်ကာ ထျန်းကျိကျောင်းမှ ကျန်ဆရာသခင်များမှာတော့ရပ်နေကြဆဲဖြစ်သည်။


ကျူးဖုန်းကျန်းရန်၏ ဂိုဏ်းတူညီငယ်ဖြစ်သူ ကျူးကျောက်ကျန်းရန်မှာ ဂိုဏ်းချုပ်နှင့် စီနီယာအကျဆုံးထျန်းကျိကျောင်းအကြီးအကဲတို့ထက် ကျင့်ကြံဆင့်တစ်ဆင့်မျှပိုနိမ့်၏။


ထို့ကြောင့် ပထမချင်အင်ပါယာ၏ သင်္ချိုင်းဂူပေါ်တွင် ကျူးကျောက်ကျန်းရန်မှာ သူ၏မုတ်ဆိတ်ရှည်ကြီးများကိုပွတ်သပ်လျက် တိမ်တိုက်မြင့်များပေါ်တွင်ရပ်လျက် အဆက်မပြက်ကံကြမ္မာတွက်ချက်ခြင်းကိုပြုလုပ်နေနေခဲ့လေသည်။ ထို့နောက်မြေကြီးပေါ်တွင်လည်း ထျန်းကျိကျောင်းမှ ကျန်ဆရာသခင်များမှာလည်း ခေါင်းကိုငုံ့လျက် မျက်ခုံးများကိုယ်စီကျုံ့လျက် ရှိကြသည်။ တချို့မှာတော့ လိပ်ခွံများကိုအသုံးပြုနေပြီး တချို့မှာတော့တုတ်ချောင်းများကို အသုံးပြုနေခဲ့ကြသည်။ သူတို့သည် နည်းလမ်းပေါင်းစုံကိုသုံးလျက် ကံကြမ္မာတွက်ချက်ခြင်းကို non-stopကြိုးစားနေခဲ့ကြလေသည်။


ချီရှန်းတောက်ရန်သည် သူ၏သားဖြစ်သူကိုခေါ်ယူလာပြီး ဟိုင်ချန်း၏အဝေးပိုင်းမှ လျင်မြန်စွာထွက်လာနေခဲ့လေသည်။ 


ချီရှန်းတောက်ရန်မှာ ကံကြမ္မာတွက်ချက်ခြင်းတွင် လုံး၀မတော်ချေ။ ထို့အပြင် သူကထိုဆရာသခင်များနှင့်အတူ ၀ိုင်းဖွဲ့လျက် ကံကြမ္မာတွက်ချက်ချင်လိုစိတ်လည်းမရှိချေ။ ထိုလူအိုကြီးသည် ပထမချင်အင်ပါယာသင်္ချိုင်းဂူကိုရောက်ရှိသည်နှင့် လူအုပ်အပြင်ဘက်တွင် တစ်ကိုယ်တည်း တိတ်တဆိတ်ရပ်နေသော ယဲ့ကျင်းကျီကိုကြည့်လျက် မျက်လုံးများတောက်ပသွားခဲ့၏။


သူ၏မုတ်ဆိတ်ကိုပွတ်သပ်လျက် ချီရှန်းတောက်ရန်မှာ ယခုထိ မြေပေါ်သို့မည်သို့ပြန်ဆင်းရမှန်းမသိသည့် သူ့မိသားစုမှအသုံးမကျသော ၆၄နှစ်အရွယ်သားဖြစ်သူ၏ "အဖေ..ကျွန်တော်ကိုမျက်နှာလေးနည်းနည်းချန်ထားပေးလို့မရဘူးလား.."ဟူသည် ဆွဲဆွဲငင်ငင်အော်သံကြီးကို ဂရုမစိုက်ဘဲ သည်အတိုင်းပစ်ထုတ်လိုက်လျက် ယဲ့ကျင်းကျီထံ တိုက်ရိုက်ပျံသန်းသွားလိုက်လေသည်။


"တာအိုရောင်းရင်းလေးယဲ့ "


ယဲ့ကျင်းကျီမှာ ခေါင်းကိုမော့ကြည့်လျက် အမူအယာမဲ့စွာပင် ခေါင်းညိတ်လာခဲ့လေသည်။ 


"စီနီယာချီရှန်း"


ချီရှန်းတောက်ရန်က ယဲ့ကျင်းကျီကို ၂ပတ်ခန့်ပတ်၍ကြည့်လိုက်သည်။ သူကြည့်လေကြည့်လေ မယုံနိုင်စရာကောင်းလေပင်။ သူသည်"မင်းရဲ့ဇနီးလောင်းကဘယ်သူလဲဟ"ဟု တိုက်ရိုက်သာမေးလိုက်ချင်တော့သည်။ သို့သော် သူ မည်မျှပင် အတင်းအဖျင်းကြိုက်ပါသော်လည်း မျက်နှာအနည်းငယ်ဆယ်ရဦးမည်ပင်။ အဆုံးတွင်တော့ သူသည် အကြံအစည်များနှင့်ပြည့်နှက်နေသော စကားတစ်ခွန်းကိုသာဆိုနိုင်ခဲ့လေသည်။ 


"မင်း..မင်းဘယ်တော့လက်ထပ်မှာလဲ..ဒီလူအိုကြီးနဲ့ မင်းဆရာက အရင်ကသူငယ်ချင်းတွေဆိုတော့..မင်းအတွက် မင်္ဂလာပွဲစီစဥ်ပေးရမှာပေါ့ အာ.."


ယဲ့ကျင်းကျီကတည်ငြိမ်စွာဆိုလိုက်သည်။ 


"ပထမအင်ပါယာ သင်္ချိုင်းဂူရဲ့ကိစ္စကအတော်အရေးကြီးနေပါတယ်..ဒီပြဿနာကိုမဖြေရှင်းနိုင်သေးသ၍တော့ ဒီဂျူနီယာက ကိုယ်ရေးကိုယ်တာကိစ္စကိုမတွေးနိုင်သေးပါဘူး"


ချီရှန်းတောက်ရန်"..." 


"ဟင်း..တကယ့်စံပြပဲဟေ့..လိုအင်ဆန္ဒတွေတောင်မရှိတော့ဘူး"ဟု တိတ်တဆိတ်ရေရွတ်ပြီးနောက် သူသည်ဘေးတွင်ရပ်လျက် ကံကြမ္မာတွက်ချက်ခြင်းရလဒ်ထွက်လာမည်ကို စိတ်ရှည်လက်ရှည်စောင့်နေလိုက်၏။


ချီရှန်းတောက်ရန်၏စကားများက မလှမ်းမကမ်းတွင်ရပ်နေသော ကျူးကျောက်ကျန်းရန်၏နားထဲသို့ အလိုလိုရောက်ရှိသွားခဲ့လေသည်။ ဤကမ္ဘာပေါ်တွင်

"ghosts know' ၏ တရား၀င်၀န်ထမ်းများနှင့် ရှီကျားကိုယ်တိုင်မှလွဲ၍ ရှေ့အပတ်ကထိုအတင်းအဖျင်းကို 'ghosts know'ထံပေးပို့ခဲ့သူမှာ သူမှန်းသိကာ ၄င်းမှာ သတင်းတုဟုပင်ဆက်ဆံခံလိုက်ရသေးသည်။


ဤတစ်ကြိမ်တွင် သူသည်ပထမအင်ပါယာသင်္ချိုင်းဂူသို့ရောက်လာခဲ့သည်။ ယဲ့ကျင်းကျီကိုမြင်သည်နှင့် သူ၏အကြွေး point၆သောင်းကျော်ကိုသတိရသွားလျက် သူ၏မျက်လုံးတို့မှာ မှောင်မည်းလာခဲ့လေသည်။


ဒီအဘိုးကြီးက ကံကြမ္မာတွက်ချက်တာတော့လာထားပဲ..သရဲဖမ်းတာလား..သွား.. မှော်ပစ္စည်းတွေသန့်စင်တာလား ပိုတောင်ညံ့သေး..တစ်နှစ်ကျော်အတွင်းမှာ point၃သောင်းကျော်ကိုဘယ်လောက်တောင် စုခဲ့ရလဲ..မျက်တောင်လေးတစ်ခတ်အတွင်းမှ အနှုတ်ပြသွားပြီ..အဲဒါတောင်မှ ၂ဆတောင်လို့..


ယဲ့ကျင်းကျီအားမြင်သည်နှင့် ကျူးကျောက်ကျန်းရန်မှာ သူ၏ခေါင်းနှင့်ပြေးတိုက်ကာ ၂ယောက်အတူ သေပွဲ၀င်လိုက်ချင်မိသည်။ သူ ယဲ့ကျင်းကျီကို စိုက်ကြည့်ရင်း ကံကြမ္မာကိုတွက်ချက်နေခဲ့လေသည်။ ကြည့်လေကြည့်လေ ဒေါသထွက်လေပင်။ မူလတွင်တော့ ကျူးကျောက်ကျန်းရန်မှာ အလွန်ယုံကြည်ကိုးစားမရသူပင်။ သူ၏စီနီယာအစ်ကိုဖြစ်သူ ကျူးဖုန်းကျန်းရန်နှင့် ယှဥ်၍ပင်မရချေ။ ယခုတွင် သူသည်အဖြေမထွက်သည့် ကံကြမ္မာကို တနေကုန်ရပ်ကာတွက်ချက်နေရလေသည်။


ညအချိန်ရောက်ရှိလာသည်နှင့် လမင်းမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့လေသည်။ 


နူးညံ့သောလရောင်မှာ လီတောင်ကိုဖြတ်ကျော်လျက် ဖြာကျလာသည်နှင့် ယဲ့ကျင်းကျီ မျက်မှောင်ကျုံ့လျက် ကိုယ်ကိုလှည့်ကာထွက်သွားတော့သည်။


ချီရှန်းတောက်ရန်က သူ့ကိုလှမ်း၍တားလာခဲ့သည်။


"ဟေး ဟေး ဟေး..တာအိုရောင်းရင်းလေးယဲ့ ဘယ်လိုလုပ်ဒီအတိုင်းလှည့်ထွက်သွားနိုင်ရတာလဲ.. ရလဒ်တောင်မထွက်သေးဘူးလေ.."


ယဲ့ကျင်းကျီမှာ ယဥ်ကျေးစွာ အရိုအသေးပြုလျက် တည်ငြိမ်သောအမူအယာနှင့် အေးစက်စွာဆိုလိုက်လေသည်။


"ဒီဂျူနီယာက ကံကြမ္မာတွက်ချက်ခြင်းနဲ့ပတ်သက်ပြီးမသိပါဘူး..သရဲဘယ်လိုဖမ်းရမလဲပဲသိပါတယ်..စီနီယာကျူးကျောက်က အဲဒီလွတ်သွားတဲ့ဟာ ဘယ်နေရာမှာလဲဆိုတာ ရှာတွေ့ပြီးရင် ဒီဂျူနီယာက မနှောင့်နှေးပဲ ပြန်လာခဲ့ပါ့မယ်"


သူဆိုလိုသည်မှာ : ဘယ်လိုချရမလဲပဲသိတယ်..ခုတော့ချစရာမရှိဘူး အဲတော့ ဒီမှာဘာလုပ်နေရမှာတုန်း..


စကားဆုံးသည်နှင့် ယဲ့ကျင်းကျီသည် ချန်းအန်ဘက်သို့ဦးတည်လျက် လှည့်ကာထွက်သွားတော့သည်။ သူ၏ထွက်ခွာသွားသော ကျောပြင်ကိုကြည့်လျက် ချီရှန်းတောက်ရန်မှာ သူ၏မုတ်ဆိတ်ကိုပွတ်သပ်ကာ ခိုစကားမှာ သေလောက်အောင်အဓိပ္ပါယ်ရှိသည်ဟုခံစားရလေသည်။ လူအိုကြီးမှာ အနည်းငယ်မျှတွေးပြီးနောက် အသာလေးလစ်ထွက်သွားရန်ပြင်လိုက်စဥ် လေးနက်သောအသံတစ်ခုကိုကြားလိုက်ရလေသည်။


"ချီရှန်း အမြန်လာပြီး ပထမအင်ပါယာရဲ့ အတားအဆီးကို အားဖြည့်ပေးချေ"


ချီရှန်းတောက်ရန်"....."


ယဲ့ကျင်းကျီကလွတ်သွားပြီ ငါအဘိုးကြီးကျဘာလို့မရတာလဲ..မတရားဘူး..


ညသန်းခေါင်းတွင် အေးစက်သောလေများက လီတောင်၏ ပထမအင်ပါယာသင်္ချိုင်းထံ အချက်ပေးသည့်အလား တိုးဝေ့တိုက်ခတ်သွားခဲ့လေသည်။ ထိုနေရာတွင်စောင့်ကြပ်နေကြသော ဆရာသခင်များမှာလည်း ဆဲလ်ဖုန်းကိုယ်စီကို ပြိုင်တူထုတ်ယူလိုက်ကြလေသည်။ အလွန်ပျင်းရိခြောက်ကပ်စွာဖြင့် ယနေ့အတွက် အထူးအတင်းအဖျင်းကို ဖတ်ရှုရန်ဖွင့်လိုက်ကြသည်။ ချီရှန်းတောက်ရန်မှာ လွန်စွာလက်ယားနေခဲ့လေသည်။ အတားအဆီးကိုအားဖြည့်ရန်အတွက် သူဘာမှထွေထွေထူးထူးလုပ်ပေးစရာမလိုချေ။ အစီအရင်၏အလယ်တွင်ရပ်လျက် မှော်စွမ်းအင်ပေးနေသ၍ရလေသည်။


သို့သော်နောက်တစ်စက္ကန့်မျှတွင် ကောင်းကင်ဘုံကိုပင်တုန်လှုပ်သွားစေနိုင်သော အော်သံကြီးကိုကြားလိုက်ရလေသည်။


"ဘယ်သူက ပထမအင်ပါယာ သင်္ချိုင်းဂူအထူးစပါယ်ရှယ်အကြောင်းဖတ်ချင်နေလို့လဲကွ"


"ဒီလူအိုကြီးက ဒီပထမအင်ပါယာသင်္ချိုင်းဂူမှာရှိနေတာဟ..ဒီမှာဖြစ်သမျှအကုန် ငါသိတာပေါ့..ဒီလိုအရေးမပါတဲ့သတင်းကို ဘယ်သူကဖတ်ချင်နေလို့လဲ"


"ကျူးဖုန်းကျန်းရန်သွေးအန်ပြီးလဲသွားတာ သင်္ချိုင်းဂူထဲက ခရမ်းရောင်နဂါးအရှိန်အ၀ါထွက်လာတာလား..ဘယ်လိုသောက်ကျိုးနဲသတင်းမျိုးလဲ..ငွေပြန်အမ်းပေး..ငွေပြန်အမ်းပေး"


ရှီရှန်းတောက်ရန်၏ မျက်လုံးများမှာ အနက်ရောင်ဖုံးလွှမ်းသွားလျက် မိစ္ဆာစိတ်၀င်လုနီးနီးပင်။


"အထူးသတင်း ဟုတ်လား အထူသတင်းပေါ့လေ..ဒီချင်အင်ပါယာသင်္ချိုင်းဂူကိစ္စကိုမဖြေရှင်းနိုင်သ၍ သတင်းအသစ်တွေထပ်မရတော့ဘူးလို့တော့ ငါ့ကိုမပြောနဲ့နော်...သောက်ကျိုးနဲ..ဒီလူအိုကြီးနဲ့တွေ့ပြီမှတ် ဘယ်သောက်ကျိုးနဲသရဲက သင်္ချိုင်းဂူထဲကနေထွက်ပြေးရဲရတာလဲ..ဒီအဘိုးကြီးက မင်းရဲ့ ၀ိညာဥ်ပြိုကွဲသွားတဲ့အထိ ချပစ်မယ်ကွ"


ဒေါသတကြီးဟိန်းဟောက်သံများက ပထမအင်ပါယာ သင်္ချိုင်းဂူ၏အပေါ်တွင် ပဲ့တင်ထပ်နေခဲ့လေသည်။ ယဲ့ကျင်းကျီမှာ မြို့ပြင်သို့ပျံသန်းသွားခဲ့ပြီးဖြစ်သည်။ သူသည်ချန်းအန် ရုပ်ရှင်မြို့တော်၏မြို့ပြင်သို့ လျင်မြန်စွာရောက်ရှိလာခဲ့သည်။ ရုပ်ရှင်မြို့တော်အပေါ်မှအဖြတ် သူ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။


ညအလွန်နက်နေချိန်မှာတောင် ရုပ်ရှင်မြို့တော်ထဲ ရိုက်ကူးနေသော အဖွဲ့ရှိနေဆဲပင်။ ယဲ့ကျင်းကျီ၏အကြည့်တို့မှာ ထိုလူများအပေါ်လျင်မြန်စွာဖြတ်သန်းသွားခဲ့သည်။ အဆုံးတွင်တော့ သူသည်ရှီကျား၏ အငွေ့အသက်လေးတစ်မျှင်ခန့်ကို ကျူးရွှယ်လမ်းထဲတွင်တွေ့လိုက်ရ၏။ သူ စိတ်ချသွားလျက် လျင်မြန်စွာထပ်မံထွက်ခွာသွားတော့သည်။



👻