👻 Chapter 36
Viewers 3k

👻Chapter 36




ရုပ်ရှင်မြို့တော်အပေါ်မှ သူဖြတ်ပျံသွားစဥ်တွင် ရိုက်ကူးရေးနှင့်အလုပ်များနေကြဆဲဖြစ်သော ရှုတင်ထဲသို့ ဖြတ်လျှောက်ခေါင်းဆောင်တစ်ဦးမှာ ဒါရိုက်တာထံသို့ လူ၃ဦးကိုခေါ်ယူလာပြီး ရယ်လျက်ဆိုလိုက်လေသည်။


"ဒါရိုက်တာလျိုကြည့်ပါဦး ဒီ၃ယောက်ဆိုဘယ်လိုလဲ..နေ့လည်ကကျွန်တော်တို့ခေါ်ထားတဲ့၃ယောက်ကို ညကျတခြားအဖွဲ့ကဆွဲသွားတယ်လေ..ညလည်းနက်နေပြီဆိုတော့ ကျွန်တော်ဒီ၃ယောက်ပဲရှာလို့ရခဲ့တယ်..တစ်ချက်လောက်ကြည့်ကြည့်ချင်လား"


ထိုဒါရိုက်တာလျိုဆိုသူမှာ မကြာသေးခင်ကမှ ဟွာရှားတွင်နာမည်တစ်ခုရလာသူဖြစ်သည်။ သူ့မိသားစုတွင်ပိုက်ဆံပေါလေသည်။ ဤနှစ်စတွင်သူသည် သာ့ချင်းအမည်ရှိ နာမည်ကြီး၀တ္တုတစ်ပုဒ်၏copy rightကို၀ယ်ယူခဲ့ပြီး ယခုရိုက်ကူးဆဲတန်းလန်းကာလဖြစ်၏။ 


ဖြတ်လျှောက်ခေါင်းဆောင်၏စကားကိုကြားသော် ဒါရိုက်တာလျို၏အကြည့်တို့မှာ ရှေ့မှလူ၃ယောက်ထံ ဖြတ်ပြေးသွားလျက် စိတ်မရှည်စွာ လက်ကိုဝေ့ယမ်းလိုက်လေသည်။


"အိုကေ အိုကေ.. သူတို့ပဲခေါ်လိုက်တော့..ကုန်းကုန်း၃ယောက် စင်ပေါ်ရပ်နေရုံပဲဆိုရပြီ..ဒီအနက်ရောင်၀တ်ထားတဲ့တစ်ယောက်မဆ်ိုးဘူး..ဆံပင်တုကလည်း အစစ်အတိုင်းပဲ..ဦးထုပ်ဆောင်းလိုက်ရုံပဲ..ကုန်းကုန်း၀တ်စုံတွေကမလောက်တော့ဘူး..ညဘက်ဆိုတော့ဘယ်သူမှသေချာမမြင်ရလောက်ပါဘူး"


ဖြတ်လျှောက်ခေါင်းဆောင်မှာ တပြုံးပြုံးနှင့်ထောက်ခဲံနေပြီးနောက်ထို၃ယောက်နှင့်အတူထွက်သွားရန်ပြင်လိုက်လေသည်။ သို့သော် သူခြေတစ်လှမ်းမျှသာလှမ်းရသေးချိန်တွင် တည်ငြိမ်၍ ခပ်နိမ့်နိမ့်အသံတစ်ခုကိုကြားလိုက်ရလေသည်။ 


"အနက်ရောင်ဆိုတာ အထွဋ်အမြတ်အထားရဆုံးအရောင်ပဲ..သာ့ချင်းမှာ အင်ပါယာကပဲ အနက်ရောင်၀တ်ခွင့်ရှိတာ.."


ဒါရိုက်တာလျို တန့်သွားပြီး အဆုံးတွင်သူ၏မျက်လုံးကိုဖွင့်လာလျက် ထိုဖြတ်လျှောက်သရုပ်ဆောင်လေးကိုကြည့်လိုက်လေသည်။ သူမကြည့်လိုက်လျှင် မေ့ဖျောက်လိုက်နိုင်သည်။ သို့သော် သူကြည့်လိုက်မိချိန်တွင် နေရာတွင်အေးခဲနေဆဲဖြစ်၏။ ဒါရိုက်တာလျိုမှာ ထိုဖြတ်လျှောက်ကလေး၏ အရှိန်အ၀ါကပင်သိပ်၍မဆိုးလှဟုတွေးလိုက်မိလေသည်။ ဂရုတစိုက်ကြည့်မိပါက သူ၏မျက်နှာမှာပင် အလွန်ကောင်းမွန်လေသည်။


သို့သော် သာမာန်ဖြတ်လျှောက်လေးတစ်ယောက်ကပင် သူ့ကိုပြန်ပြောရဲနေပါက သူ့အလုပ်ကိုမည်သို့ဆက်လုပ်ပါမည်နည်း။


ဒါရိုက်တာလျိုမှာ နှာခေါင်းရှုံ့လိုက်သည်။


"ငါဒီတစ်ယောက်ကို မလိုချင်ဘူး..ဒီ၂ယောက်ဆိုရပြီ" 


ဖြတ်လျှောက်ခေါင်းဆောင်၏မျက်နှာမှာတောင့်တင်းသွားခဲ့လေသည်။ 


"အင်..အင်း"


လူတစ်ယောက်လျှော့သွားသည်နှင့်သူရသည့်ပိုက်ဆံလည်းလျော့သွားပြီဖြစ်လေရာ မည်သို့ပျော်နိုင်ပါမည်နည်း။


ကျန်ဖြတ်လျှောက်၂ဦးကိုရိုက်ကူးရေးအဖွဲ့ထဲထည့်ပြီးနောက် ဖြတ်လျှောက်ခေါင်းဆောင်က ကျန်တစ်ဦးကို စိတ်မရှည်စွာမောင်းထုတ်လိုက်လေသည်။ အနက်ရောင်၀တ်ရုံနှင့်လူမှာ မူလတွင်ပေါက်ကွဲချင်ခဲ့သော်လည်း ဖြတ်လျှောက်ခေါင်းဆောင်၏ မကျေမနပ်မျက်နှာနှင့် ခပ်တိုတိုထူးထူးဆန်းဆန်းအ၀တ်အစားများကိုကြည့်ပြီးနောက် တဖြည်းဖြည်းချင်းတိတ်ဆိတ်သွားခဲ့ကာ ဘာမျှမဆိုတော့ချေ။


"ဖြတ်လျှောက်ခန်းလေးတောင်သေချာမလုပ်နိုင်ဘူး..ငါသာညလယ်ခေါင်မှာ လူရှာလို့မတွေ့သာမဟုတ်ရင် ဒီလောင်ကျစ်ကမင်းကို တစ်ချက်လေးတောင်ကြည့်မနေဘူးကွ"


အနက်ရောင်၀တ်ရုံနှင့်လူမှာ ရိုက်ကူးရေးအပြင်ဘက်တွင်ရပ်လျက် ဖြတ်လျှောက်လေး၂ယောက်မှာ အနက်ရောင်၀တ်ရုံနှင့် ဦးထုပ်များကို၀တ်ဆင်နေကြသည်အား မမှိတ်မသုန်ကြည့်နေခဲ့လေသည်။ ထို့နောက် ယာယီဆင်ထားသော ခန်းမကြီးထဲလျှောက်လာခဲ့ကြပြီး သူတို့၏ခေါင်းကိုငုံ့လျက်ရပ်နေကြပြီး ကုန်းကုန်းများသဖွယ်သရုပ်ဆောင်လိုက်ကြလေသည်။


အနက်ရောင်၀တ်ရုံနှင့် ကုန်းကုန်းများက သူ၏မျက်လုံးထဲသို့ စူးရှသောနေရောင်နှယ် ထိုးဖောက်နေပြီး နာကျင် ယောင်ယမ်းလာစေသည်။


မိနစ်ပိုင်းမျှကြာပြီးနောက်..


ဘန်း..


"ဘာဖြစ်တာလဲ..မျက်နှာကျက်ကရုတ်တရက်ကြီးဘာလို့ပြိုကျသွားတာလဲ..ဒီsettingကိုဘယ်သူဆင်ထားတာလဲကွ"


"သေစမ်း စက်တစ်လုံးကွဲသွားပြီ" 


"ဘယ်သူမှမထိလိုက်ဘူးမလား..အဲဆိုရပြီ..အမြန်ပြန်ပြင်ကြ ..settingအဖွဲ့တွေလာကြစမ်း"


လူသူကင်းမဲ့သော ကျူးရွှယ်လမ်းပေါ်တွင် အရပ်မြင့်မြင့်နှင့်ကိုယ်ဟန်တစ်ခုမှာ ဖြည်းညှင်းစွာလမ်းလျှောက်နေခဲ့သည်။ တောက်ပသောလရောင်မှာ သူ့ကိုယ်ပေါ်သို့ဖြာကျနေခဲ့လေသည်။ သို့သော်လရောင်နှင့်ထိတွေ့မိသည်နှင့် အနက်ရောင်ပိုး၀တ်ရုံမှာ ရွှေရောင်မျဥ်းတချို့အလင်းပြန်လာခဲ့သည်။ ရွှေချည်မျှင်များမှာ အနက်ရောင်၀တ်ရုံထဲပုန်းကွယ်နေခဲ့ပြီး လရောင်နှင့်မထိတွေ့မိသ၍ ပေါ်ထွက်မလာခဲ့ချေ။ 


ဘယ်လောက်တောင်ကောင်းလိုက်တဲ့ ပန်းထိုးလက်ရာလဲ..


ညင်သာသောအမူအရာနှင့် အမျိုးသားမှာ ရုပ်ရှင်မြို့တော်၏၀င်ပေါက်ထံသို့ တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားခဲ့သည်။ ခြေတစ်လှမ်းမျှအပြင်သို့လှမ်းပြီးနောက် သူရုတ်တရက်ပြန်ရုတ်လိုက်လေသည်။


ရုပ်ရှင်မြို့တော်၏အပြင်ဘက်တွင် အဝေးမှ အိပ်စက်ခြင်းကင်းမဲ့သော မြို့တော်ကိုလှမ်းမြင်နေရလေသည်။ သူ၏နောက်မှ ရုပ်ရှင်မြို့တော်မှာ နေရာစိမ်းဖြစ်သော်လည်း ရင်းနှီးနေသော အငွေ့အသက်များရှိနေဆဲပင်။ သို့သော်အဝေးမှ ချန်းအန်မြို့တော်၏တောက်ပသောအလင်းရောင်များက သူ့အားကြောက်ရွံ့စေသည်။ ၄င်းမှာ မသေမျိုးတို့၏မြို့တော်အလားသူ၏ ရင်ဘတ်ကိုထိုးစိုက်နေခဲ့လေသည်။


ဤကမ္ဘာမြေတွင် အတိတ်၏ အရိပ်အယောင်များကျန်ရှိနေပါသေးသလား..


"ငါတို့ သာ့ချင်းကိုမစောင့်ရှောက်နိုင်ခဲ့ဘူး..."


"ငါတို့ပဲ ငါတို့က သာ့ချင်းကိုမစောင့်ရှောက်နိုင်ခဲ့တာ.."


***


ပထမအင်ပါယာသင်္ချိုင်းဂူ၏ ကောင်းကင်ပေါ်တွင်..


ယဲ့ကျင်းကျီထွက်ခွာသွားပြီးသည့်နောက် ကျူးကျောက်ကျန်းရန်၏အကြည့်တို့မှာလည်း ကံကြမ္မာတွက်ချက်ခြင်းအပေါ်အပြည့်အ၀အာရုံစိုက်လိုက်လေသည်။ သူသည် ကျိရှင်းတောက်ရန်၏သွေးစက်ကို လိပ်ခွံပေါ်တွင်တင်လျက် မန္တာန်တချို့ကို တိတ်တဆိတ်ရွတ်ဆိုနေခဲ့လေသည်။ လိပ်ခွံမှာ ကောင်းကင်ပေါ်သို့တဖြည်းဖြည်းပျံတက်လာပြီး စတင်လည်ပတ်လာခဲ့လေသည်။


ကျူးကျောက်ကျန်းရန်၏နဖူးပေါ်တွင် ချွေးစက်များသီးလာပြီး မျက်နှာမှာလည်း ပိုပို၍ နီရဲလာခဲ့လေသည်။ မန္တာန်ကိုအဆက်မပြတ်ရွတ်ဆိုရင်းသူသည် တဖျစ်ဖျစ်တောက်လောက်နေသော မီးထဲ အကင်ခံနေရသည့်အလား သူ၏ပါးပြင်များကကြောက်မက်ဖွယ်ကောင်းလောက်အောင် နီမြန်းလာပြီး ချွေးစက်များကလည်း မြေကြီးပေါ်တတောက်တောက်စီးကျနေခဲ့လေသည်။


ကျူးဖုန်းကျန်းရန်မှာ အော်ဟစ်လာခဲ့သည်။


"ဂိုဏ်းတူညီငယ်လေး.." 


စန်းရှို့ကျန်းကျွင်း " တာအိုရောင်းရင်းလေး ကျူးကျောက်က ချက်ကောင်းကိုမိနေပြီ..နောက်ထပ်တစ်နာရီလောက်ထပ်စောင့်ကြတာပေါ့..အဲဒါမှ တာအိုရောင်းရင်းလေးကျူးကျောက်က အဲဒီအရာရဲ့တည်နေရာကိုရှာမတွေ့သေးဘူးဆိုရင် ငါတို့တွေ သူ့ကိုဒီစျာန်၀င်စားနေတဲ့အနေအထားကနေချိုးဖျက်ပေးမှရမယ်..မဟုတ်ရင် သူမီးနဲ့သေတဲ့အထိအကင်ခံရသလိုဖြစ်သွားလိမ့်မယ်"


သူစကားဆုံးသည်နှင့် "ခွပ်"ခနဲအသံတစ်ခုကိုကြားလိုက်ရလေသည်။


ထိုအသံမှာ အလွန်တိုးသော်လည်း ကောင်းကင်ပေါ်မှ စီနီယာများနှင့် မြေကြီးပေါ်မှ ဆရာသခင်များမှာ အတူတကွပင် ကျူးကျောက်ကျန်းရန်ရှေ့မှ လိပ်ခွံကို စိုးရိမ်တကြီးကြည့်လိုက်မိကြလေသည်။


အဖြူရောင်ကျောက်စိမ်းနှင့်ထုလုပ်ထားသော လိပ်ခွံမှာ သွေးရောင်ကနုတ်ပုံများဖော်ထားခဲ့သည်။ ၄င်းမှာနေ့အချိန်က ကျူးဖုန်းကျန်းရန်၏တွက်ချက်ခြင်းကဲ့သို့ပင် ကျူးကျောက်ကျန်းရန်မှာလည်း ကျိရှင်းတောက်ရန်၏သွေးကိုသုံးလျက် လိပ်ခွံပေါ်သုတ်ခဲ့သည်။ ကျိရှင်းတောက်ရန်နှင့် အင်ပါယာသင်္ချိုင်းဂူကြားမှဆက်နွယ်မှုမှာနက်ရှိုင်းသဖြင့် ထိုသင်္ချိုင်းဂူတွင်ဖြစ်ပျက်သွားသည်တို့ကို တွက်ချက်ရန်လွယ်ကူစေသည်။


ကျူးဖုန်းကျန်းရန်တွက်ချက်စဥ်က သူသည်တည်နေရာကိုထုတ်နိုင်လုနီးနီးဖြစ်သော်လည်း နဂါးအရှိန်အ၀ါ၏ဖြိုခွဲခြင်းကိုခံလိုက်ရလေသည်။


ဤတစ်ကြိမ် ကျူးကျောက်ကျန်းရန်၏တွက်ချက်မှုတွင် လိပ်ခွံမှာ အနီရောင်အမှတ်နှင့် အနီရောင်အလင်းတန်းများထုတ်လွှတ်မလာခဲ့ချေ။ ထို့အပြင် မည်သည့်နေရာကိုမျှလည်း မညွှန်ပြခဲ့။ ထိုအစားလိပ်ခွံမှာ သွေးပုံစံကွက်များနှင့်အတူ ကွဲကြေသွားခဲ့ခြင်းဖြစ်လေသည်။


အပိုင်းအစများမှာ မြေပြင်ပေါ်ပြန့်ကျဲသွားခဲ့သည်။ 

ကျူးဖုန်းကျန်းရန် အံ့အားသင့်စွာပြေးလာခဲ့လေသည်။ ကျန်စီနီယာများမှာ ကျူးကျောက်ကျန်းရန်လဲကျမသွားခင်အလျင်အမြန်ထူတွဲလိုက်ကြလေ၏။


 á€€á€ťá€°á€¸á€–ုန်းကဝန်းရန်မသဏ မြေကြီးပေါ်မှ လိပ်ခွံအကွဲစများကို ဂရုတစိုက်စူးစမ်းလိုက်သည်။ 


"ပြုလုပ်သူပြ ပုံစံကွက်ကကျန်း...ခံရသူပြပုံစံကွက်ကခန်..ကျန်းနဲ့ခန်က ကျွင်းကိုမြင့်တက်စေတယ်..ကျွင်းက ၆ထောင့်ကြယ် ၈၄ခုထဲမှာ ၃ခုမြောက်...ကျန်းကမိုးကြိုးကိုကိုယ်စားပြုတယ်..ရွေ့လျားနေတာ..ခန်ကမိုးကိုကိုယ်စားပြုပြီး အန္တရာယ်များတယ်.. ထူးဆန်းတယ်..ထူးဆန်းတယ်..ဒီပုံစံကွက်၂ခု ကျန်းနဲ့ခန်ကအတူပေါ်လာရတာလဲ..အကြောင်းပြချက်တစ်ခုခုများရှိနေမလား"


ထိုက်ကျိကျောင်းမှ တာအိုဆရာသခင်များမှာ ထိုမြေကြီးပေါ်မှ ကံကြမ္မာပုံစံကွက်ကိုမမြင်နိုင်သော်လည်း ဂိုဏ်းချုပ်၏စကားကိုကြားနိုင်သေးသည်။ သို့နှင့် သူတို့လည်းအလျင်အမြန်စတင်ဆွေးနွေးလာခဲ့ကြလေသည်။


"မိုးကြိုးနဲ့ မိုးတို့ဟာတစ်ယောက်ကိုတစ်ယောက်အဖော်ပြုတယ်..ဒီတစ်ခေါက်ပထမအင်ပါယာသင်္ချိုင်းဂူအပြောင်းအလဲက အန္တာရာယ်များတာများဖြစ်နေမလား"


“ကျန်း,ခန်တွေအတူတူပေါ်လာတာ..သဘာ၀ဓါတ်ပုံစံကွက်၂ကွက်ရဲ့ပေါင်းစပ်မှုပဲ..အပြင်လူတစ်ယောက်ရှိနေတယ်လို့တော့မပြောနဲ့နော်"


“သဘာဓါတ်ပုံစံကွက်၈ခုထဲက ကျွင်းက အရှေ့မြောက်ကိုညွှန်ပြနေတယ်..အဲဒါကမြောက်ဘက်ကိုပြေးသွားတာများလား"


ကိုးစားမရသောကျူးကျောက်ကျန်းရန်မှာ ထိုအခိုက်အတန့်တွင် နိုးလာခဲ့လေပြီဖြစ်သည်။ သူ၏နဖူးပေါ်မှချွေးများကိုပွတ်သုတ်လျက် အသက်ကိုအမောတကောရှူလျက်ဆိုလာခဲ့သည်။


"ဂိုဏ်းတူအစ်ကိုကြီး..ကျွန်တော်က ကံကြမ္မာတွက်ချက်တဲ့နေရာမှာ အစ်ကိုကြီးလောက်ဘယ်တုန်းကမျှမတော်ခဲ့ပါဘူးဗျာ..ကျွန်တော်ထပ်မမှန်းတော့ဘူး..အစ်ကိုကြီးကိုပဲလွှဲလိုက်တော့မယ်"


ကျူးဖုန်းကျန်းရန်ခေါင်းညိတ်လျက် မြေကြီးပေါ်မှ လိပ်ခွံအပိုင်းအစများကို ဆက်၍စူးစမ်းလိုက်လေသည်။ ကျူးကျောက်ကျန်းရန်က ဆရာကြီးအလား ဘေးတွင် ဇိမ်ကျကျထိုင်လျက် လက်ဖက်ရည်တစ်ခွက်ကိုဇိမ်ခံ၍သောက်နေခဲ့သည်။ သို့သော် ကျူးဖုန်းကျန်းရန်မှာ ထိုလိပ်ခွံအပိုင်းအစများကို အချိန်အကြာကြီးကြည့်ရှုလျက် အဖြေများစွာကိုခန့်မှန်းခဲ့သည့်တိုင်တစ်ခုမျှမှန်ကန်သည့်နှယ်မခံစားရချေ။


ကျူးကျောက်ကျန်းရန် သူ၏ဖုန်းကိုဖွင့်လျက် ဖုန်းမျက်နှာပြင်ပေါ်မှ အကြွေး point၆သောင်းကျော်ကိုကြည့်ကာ ကြေကွဲစွာဖြင့်ခေါင်းကိုမော့လာခဲ့သည်။ သူခေါင်းကိုမော့လိုက်ချိန်တွင် ထိုလိပ်ခွံအကွဲစများကိုကြည့်ကာတွက်ချက်နေဆဲဖြစ်သော စီနီယာအစ်ကိုကြီးကိုကြည့်လျက် သာမာန်ကာလျှံကာဆိုလိုက်လေသည်။


"ကျန်းသဘာ၀ဓါတ်ပုံစံကွက်နဲ့ ခန်သဘာ၀ဓါတ်ပုံစံကွက်တွေက ကျွင်း၆ထောင့်ကြယ်ထဲကပဲလေ...ကျွင်း၆ထောင့်ကြယ်ကလည်း ၆၄ထောင့်ကြယ်ထဲက တတိယမြောက်ကြယ်ပဲ..အဲ..ဒီလိုဆို နံပါတ်၃နဲ့ပတ်သက်နေတဲ့တစ်ခုခုများလား.."


ပြောပြီးသည်နှင့် သူ(ကျူးကျောက်ကျန်းရန်)ကိုယ်တိုင်ပင် သူ့ကိုယ်သူတဟားဟားရယ်ချလိုက်လေသည်။ 


လူတိုင်းသာ သူ့လိူမျိုး ကံကြမ္မာတွက်ချက်မှုကိုရှင်းပြနိုင်နေခဲ့လျှင် ရွှမ်းရွှယ်လောကမှာ အနှေးနှင့် အမြန်ပြီးဆုံးသွားပေလိမ့်မည်။


သူ၏ရယ်သံကျယ်ကြီးက ပထမအင်ပါယာသင်္ချိုင်းဂူ၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်နေခဲ့လေသည်။ ရယ်ရင်းရယ်ရင်းနှင့် ကျူးကျောက်ကျန်းရန်မှာ ဆက်၍မရယ်နိုင်တော့ပဲ မောလာသဖြင့် သူ၏ဂိုဏ်းတူအစ်ကိုကြီးကိုကြည့်လိုက်မိလျှင် ကျူးဖုန်းကျန်းရန်က မျက်လုံးများပြူးကျယ်လျက် ရှော့ခ်ရနေသည်ကိုတွေ့လိုက်ရလေသည်။


"နဂါးအစစ်ရဲ့ခရမ်းရောင်အရှိန်အ၀ါ..ကျန်းခန်ဟာ ကျွင်းမှာမြင့်တက်လာတယ်..၃ပဲဟ..၃ပဲ..ချင်ကမျိုးဆက်၂ဆက်အပြီးမှ ပြိုလဲကျသွားခဲ့တာ..တာအိုရောင်းရင်းတို့ တို့တွေဟာချင်မင်းဆက်မှာ အင်ပါယာ၃ပါးရှိခဲ့တာကို လုံး၀မေ့နေကြတာပဲ..တတိယအင်ပါယာသင်္ချိုင်းဂူကိုဘယ်တုန်းကမှရှာမတွေ့ခဲ့ဘူး..သူပဲ..ချင်ဧကရာဇ် ကျိရင်..လွတ်သွားတာသူပဲ..သူကအမြဲတမ်းပထမချင်အင်ပါယာသင်္ချိုင်းဂူထဲမှာရှိနေခဲ့တာပဲ"


ကျူးကျောက်ကျန်းရန် ခွေးကလေးတစ်ကောင်နှယ် ကြောင်တောင်တောင်နှင့် မျက်လုံးလေးများပြူးကျယ်၀ိုင်းစက်နေခဲ့လေသည်။


သူအာချောင်လိုက်တာက တကယ်ကြီးမှန်နေတာလားဟ..


ရွှမ်းရွှယ်လောကက တကယ်ကြီးသွားတော့မှာလား..


****


ပထမချင်အင်ပါယာသင်္ချိုင်းဂူပေါ်တွင်ဖြစ်ပျက်နေသမျှကို ယဲ့ကျင်းကျီမသိသေးချေ။ သူသည်ချန်းအန်မြို့လယ်ခေါင်သို့ လျင်မြန်စွာပျံသန်းလာပြီး ဟိုတယ်ကိုရှာတွေ့ခဲ့လေသည်။ တံခါးခေါက်ပြီးနောက် ဆရာယဲ့မှာ လိမ်လိမ်မာမာရပ်စောင့်နေခဲ့သည်။ တစ်မိနစ်မျှစောင့်ပြီးသော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ ဘာသံမှမကြားရချေ။


ဆရာယဲ့မှာ နာခံစွာပင် နောက်တစ်ကြိမ်ထပ်ခေါက်လိုက်လေသည်။ ထို့နောက် နောက်တစ်ကြိမ်လိမ်လိမ်မာမာနှင့် ရပ်စောင့်နေပြန်သည်။


သို့သော် မိနစ်အနည်းငယ်မျှစောင့်ပြီးသည့်တိုင် မည်သည့်တုန့်ပြန်မှုမှရမလာသေးပြန်ချေ။


ယဲ့ကျင်းကျီ တဖြည်းဖြည်းရတက်မအေးဖြစ်လျက် မျက်ခုံးတို့တွန့်ချိုးလာခဲ့ပြီး အပြင်ဘက်တွင် ဘာလုပ်ရမှန်းမသိပဲရပ်နေမိ၏။


တံခါးကိုဒီတိုင်းဖျက်၀င်သွားပြီး ကြည့်လိုက်ရမလား.. ဒီလောက်နောက်ကျနေပြီကို ရှီကျားကပြန်မလာသေးဘူးလား..ဒါမှမဟုတ် အပြင်မှာပဲစောင့်နေရမလား..


တွေးရင်းတွေးရင်းနှင့် ဆရာယဲ့မှာ တံခါးကိုနောက်တစ်ကြိမ်ထပ်ခေါက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်သူသည်မိနစ်၀က်ခန့်တံခါးကိုဆက်တိုက်ခေါက်ခဲ့ပြီးနောက် ခေါင်းကလေးကိုငုံ့လျက် နာခံစွာနှင့် ရပ်စောင့်နေခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင် သူသည်၅မိနစ်တိတိရပ်စောင့်နေပြီးသော်လည်း အခန်းထဲမှ မည်သည့်လှုပ်ရှားမှုတစုံတရာကိုမျှမကြားရသေးပြန်ချေ။


ယဲ့ကျင်းကျီ၏ မျက်လုံးတို့တုန်လှုပ်လာခဲ့သည်။ သူ၏ညာလက်ကိုတံခါးလက်ကိုင်ပေါ်တွင်တင်လျက် အသာအယာလှည့်လိုက်လေသည်။ လော့ခ်မှာ ရိုးရှင်းစွာပွင့်သွားခဲ့သည်။


ယဲ့ကျင်းကျီမှာ ရှီကျားအတွက် ဤဟိုတယ်ကိုရှာပေးခဲ့ခြင်းဖြစ်သည်။ သူအထဲသို့၀င်လိုက်သည်နှင့် ဧည့်ခန်းနှင့် အိပ်ခန်းများအထိ လူတစ်ဦး၏အရိပ်အယောင်ကိုမျှမတွေ့ရချေ။ ရှီကျား၏စရိုက်အရ အပြင်သို့သွားတိုင်း သူသည်ပိုက်ဆံများများစားစားမရှိလေရာ သာမာန်ဟိုတယ်များတွင်သာတည်းလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့ ကြယ်၅ပွင့်ဟိုတယ်မျိုးတွင် လုံး၀နေလိမ့်မည်မဟုတ်ချေ။ သို့သော်ဆရာယဲ့တွင် ပိုက်ဆံများစွာရှိကာ သူကမျက်တောင်မခတ်ပဲ သုံးစွဲနိုင်လေသည်။ သူ့အတွက်ဤမျှကောင်းမွန်သောဇိမ်ခံအခန်းမျိုးကိုပင်ငှားပေးလိုက်သေးသည်။


ယဲ့ကျင်းကျီမှာ ဧည့်ခန်းထဲတွင် အတော်ကြာရှာနေသော်လည်းမည်သူ့ကိုမျှမတွေ့ချေ။ သူအတွင်းသို့ ၀င်သွားလိုက်ချိန်တွင်နူ ရေသံတိုးတိုးကိုကြားလိုက်ရလေသည်။ သူဂရုတစိုက်နားထောင်လိုက်သော် အံ့အားသင့်စယာကောင်းစွာပင် ၄င်းအပြင်မည်သည့်အသံမျှထပ်မကြားရတော့ချေ။


သူ၏ခေါင်းထဲသို့ထူးဆန်းသောအတွေးတစ်ခုရောက်ရှိလာခဲ့လေသည်။ သို့သော်သူသေချာမတွေးရသေးခင်မှာပင် ၄င်းမှာ အစအနမကျန်အောင်ပျောက်ကွယ်သွားခဲ့လေသည်။


ယဲ့ကျင်းကျီ အိပ်ခန်းထဲသို့လျှောက်သွားလိုက်သည်။ သူသည်တံခါးအနီးသို့ရောက်ချိန်မှာပင် အိပ်ခန်းဘေးမှ အခန်းတံခါးမှာရုတ်ချည်းတွန်းဖွင့်ခံလိုက်ရလေသည်။


ရှီကျားမှာ တံဘတ်တစ်ထည်ဖြစ်သူ၏ခေါင်းကိုပွတ်သုတ်နေရင်းဖြင့် သူ၏ရှေ့တွင်ရပ်နေသော အနက်ရောင်၀တ်အမျိုးသားကို ထိတ်လန့်စွာကြည့်လိုက်လေသည်။ ယဲ့ကျင်းကျီ၏မျက်လုံးများတဖြည်းဖြည်းပြူးကျယ်လာခဲ့လေသည်။ သူသည်ရှေ့မှ လူရွယ်လေးအား အပေါ်မှအောက် အောက်မှအပေါ်သို့၂ကြိမ်ခန့်အစုံအဆန်ကြည့်ပြီးနောက်တွင် ရုတ်ချည်းတဖက်သို့လှည့်သွားခဲ့ပြီး ရှီကျားကိုကျောခိုင်းလိုက်လေသည်။


ရှီကျား".....?"


ကျော့ရှင်းလှပသော ဆံပင်နက်တို့နှင့်လူရွယ်လေးမှာ တံဘက်ဖြင့် ဆံပင်စိုစိုတို့ကို၀တ်ဆင်ထားလျက် ရေချိုးခန်း၀တ်ရုံခါးတွင်ကြိုးဖြင့်လျော့ရဲရဲချည်လျက်၀တ်ဆင်ထားခဲ့သည်။ ထို၀တ်ရုံ၏ လည်ပင်းအကွဲကြောင်းမှ ခပ်ကျယ်ကျယ်ဟနေပြီး ဖြူဖွေးသော အသားအရည်အား လှစ်ဟပြထား၏။


အပြင်သို့ထွက်ခဲ၍လားမဆိုနိုင် ထိုအသားအရည်မှာ အလွန်ကြည်လင်ကာ ကျောက်စိမ်းနှယ်ချောမွေ့နေခဲ့၏။ ရေငွေ့လေးများသီးနေသောမှုန်၀ါး၀ါးအလင်းရောင်အောက်ထိုရေချိုး၀တ်ရုံအောက်မှ ပန်းရောင်အစက်ကလေး၂စက်ကိုပင် မထင်မရှားမြင်နိုင်လေသည်။


ရှီကျားမှာ ဆံပင်ကိုပွတ်သုတ်နေရင်း ယဲ့ကျင်းကျီ၏ကျောပြင်ကိုကြည့်လိုက်သည်။ သူ၏ပထမဆုံးတုန့်ပြန်မှုမှာဤသို့ဖြစ်သည်။


"ဆရာယဲ့ဘယ်လို၀င်လာတာလဲ" 


သူတံခါးကိုလော့ချခဲ့သည်ကိုကျိန်းသေမှတ်မိကာ ၄င်းမှာ လော့ခ်၃ထပ်ပင်ဖြစ်သေးသည်။




👻