👻 Chapter 38
Viewers 3k

👻 Chapter 38



ရှီကျားခေါင်းကိုညိတ်လျက်တိတ်တဆိတ်တွေးလိုက်မိလေသည်။


ဆရာယဲ့ခင်များက သိပ်ကောင်းတဲ့သူပဲ..ရွှမ်းရွှယ်လောကကသာခွင့်ပြုရင် ကျွန်တော်ကတော့ ခင်များကို 'ရွှမ်းရွှယ်လောကရဲ့အကြင်နာတတ်ဆုံး ထိပ်ဆုံး၁၀ယောက်'ဆိုပြီး ဆုတောင်ချပေးလိုက်ချင်ရဲ့ဗျာ..


မန္တာန်ရွတ်ခြင်းပြီးစီးပြီးနောက် ရှီကျားအိပ်စက်ရန်ပြင်လိုက်လေသည်။ ယဲ့ကျင်းကျီမှာ သူ၏ဇနီးလောင်းအခန်းထဲတွင်အကြာကြီးမနေသင့်ဟူသောအသိနှင့်အတူ လျင်မြန်စွာထွက်ခွာသွားလိုက်၏။ အရာအားလုံးမှာ ရိုမီယို ရီလင်းကျစ်၏ စိတ်နှစ်၍ သင်ကြားပေးမှုမှရရှိလာခြင်းဖြစ်သည်။


"မင်းတို့သဘောထားမတိုက်ဆိုင်ကြတဲ့အခါ မင်းဟာဇနီးရဲ့စကားကိုတသွေမတိမ်းနားထောင်ရမယ်..ဇနီးကမင်းကိုနေစေချင်ရင် နေရမယ်..ဇနီးကမင်းကိုသွားစေချင်ရင်လည်း မျက်နှာပြောင်ပြောင်နဲ့ဆက်မနေရဘူး..ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျမင်းတို့အဲနေရာရောက်မှာပဲ ဟီး ဟီး ဟီး"


မထွက်ခွာမီတွင် ယဲ့ကျင်းကျီ စကားလုံးတချို့မဆိုခဲ့ပဲ မနေနိုင်ခဲ့ချေ။ 


"လွတ်သွားတဲ့အရာက အန္တရာယ်များမများမသိရသေးပေမယ့် ချန်းအန်ကအခုတလောမလုံခြုံဘူး..အဆောင်လေးကမင်းရဲ့ယင်စွမ်းအင်ကို ဖုံးကွယ်ပေးထားတာမို့ သာမာန်လူတွေကို မင်းရဲ့ယင်စွမ်းအင်ကမသက်ရောက်တော့ဘူး..ဒါပေမယ့်ရွှမ်းရွှယ်လောကက လူဆိုရင်တော့ မင်းကိုယ်ပေါ်မှ ယင်စွမ်းအင်နည်းနည်းလောက်ကို အာရုံခံနိုင်နေဦးမှာပဲ"


ရှီကျားညင်သာစွာပြုံးလိုက်လေသည်။


"ကျေးဇူးပဲ ဆရာယဲ့"


သူတို့၂ဦးသားခွဲခွာခဲ့ကြပြီးနောက် ရှီကျားမှာ အိပ်ယာပေါ်သို့ ကျောချလိုက်စဥ်မှာပင် wechat notiတစ်ခုတက်လာခဲ့လေသည်။


အတိတ်တွင် 'ghosts know' မှာ ညသန်းခေါင်တွင်သာ သတင်းသစ်တင်ပေးနေကြဖြစ်သည်။ ယနေ့တွင်မူ သူတို့သည်ကြေညာမှုတစ်ခုကိုတင်ပေးလာခဲ့လေသည်။ ရှီကျားဖွင့်လျက်တစ်ချက်ကြည့်လိုက်လေသည်။


"ယင်ကျိရင်.."


အတော်ကြာအောင်ပြန်လည်တွေးတောပြီးမှ ရှီကျားသည် သူ၏ဂျူနီယာအထက်တန်းတုန်းက သမိုင်းဆရာပြောဖူးသည်ကိုမှတ်မိလာခဲ့သည်။


『 ချင်မင်းဆက်မှာ မျိုးဆက်၃ဆက်ရှိတယ်..ဒါပေမယ့်တတိယအင်ပါယာ ပုလ္လင်ပေါ်ထိုင်ခဲ့ရတဲ့အချိန်ကအရမ်းတိုခဲ့တယ်..နောက်ပိုင်းအုပ်ချုပ်သူရဲ့အမည်နာမက ဘုရင်တွေပြန်ဖြစ်လာခဲ့တယ်..ဒါကစာမေးပွဲမှာမပါတော့..မင်းတို့ချင်အားရှီအကြောင်း သင်ဖို့တော့မလိုဘူး 』


ကြည့်ရသည်မှာ ရွှမ်းရွှယ်လောကတွင် ယုံကြည်ရသောလူတချို့တော့ရှိသေးပုံပင်။ ချက်ကျလက်ကျဆိုရသော ပါ၀င်သူမှာမည်သူဖြစ်သည်ကိုပင်သူတို့ရှာမတွေ့ခဲ့ကြသော်လည်း ချင်အားရှီကိုဖမ်းရန်အတွက်မူ မခက်ခဲနိုင်လောက်ချေ။


ရှီကျား စိတ်အေးလက်အေးပင် အိပ်ပျော်သွားခဲ့လေသည်။ သူမသိသည်မှာ ယဲ့ကျင်းကျီမှာသူ၏အခန်းသို့ပြန်သွားပြီးစဥ်မှာပင် သူသည်လည်းသတင်းကိုလက်ခံရရှိ၍ အင်ပါယာသင်္ချိုင်းဂူထံသို့ ချက်ချင်းပြန်သွားခဲ့ခြင်းဖြစ်လေသည်။


သူသည်ပထမအင်ပါယာသင်္ချိုင်းဂူသို့ပြန်လည်ရောက်ရှိလာချိန်တွင် မြေကြီးပေါ်တွင်ရပ်နေသော ဆရာသခင်များမှာ သူတို့၏လက်ချောင်းများနှင့် တွက်ချက်နေကြဆဲဖြစ်သည်။ တိမ်ပေါ်တွင်ပျံနေကြသော ဆရာသခင်များမှာလည်း လွန်ခဲ့သောအခိုက်အတန့်ကအတိုင်း ထွေထွေထူးထူးပြောင်းလဲသွားခြင်းမရှိချေ။



ယဲ့ကျင်းကျီမျက်မှောင်ကျုံ့လိုက်မိသည်။ 


ဘာလို့ဘာမှပြောင်းလဲမသွားသေးတာလဲ..


အနည်းငယ်တွေးတောပြီးနောက် ယဲ့ကျင်းကျီမေးလိုက်သည်။ 


"သူ့ကိုမဖမ်းရသေးဘူးလား"


ထိုအခိုက်အတန့်တွင် ရှီရှန်းတောက်ရန်မှာ စိတ်လွတ်လက်လွတ်ဖြင့် ပျင်းရိနေပြီး အစီအရင်၏အလယ်တွင်ရပ်ကာ သူ၏လက်ချောင်းများနှင့်ကစားနေခဲ့လေသည်။ ထိုစကားကိုကြားသော် သူကအသက်မဲ့စွာတုန့်ပြန်လာခဲ့သည်။


"သူဘယ်မှာမှန်းတောင်မသိသေးတာကို..ဘယ်လိုဖမ်းကြမှာလဲ . တာအိုရောင်းရင်းလေးယဲ့ မင်းမှာဖုန်းပါလား..အသင်းဖွဲ့ရအောင်ကွာ..ဒီအဘိုးကြီးက ကံကြမ္မာတွက်ချက်တာမတော်ဘူး..ဒီမှာရပ်နေရတာ အရမ်းပျင်းဖို့ကောင်းတယ်"


ယဲ့ကျင်းကျီမှာ 'အသင်းဖွဲ့ရအောင်'ဆိုသည်က ဘာကိုဆိုလိုမှန်းမသိလေရာ ခေါင်းကိုခါလျက်ငြင်းပယ်လိုက်လေသည်။


ချီရှန်းတောက်ရန်ကဆိုလာဆဲပင်။


"ဒီအဘိုးကြီးရဲ့ဖုန်းကအားကုန်တော့မှာ..တာအိုရောင်းရင်းလေးယဲ့ ငါ့ကိုဖုန်းလေးငှားလို့ရမလား..ဒီအဘိုးကြီးပျင်းလို့သေတော့မှာလို့"


ယဲ့ကျင်းကျီခေါင်းညိတ်လျက် သူ၏အိတ်ကပ်ထဲမှ ဖုန်းကိုဆွဲထုတ်လိုက်သည်။ ချီရှန်းတောက်ရန်၏မျက်လုံးများချက်ချင်းတောက်ပသွားခဲ့လေသည်။ သူမတုန့်ပြန်နိုင်ခင်မှာပင် ယဲ့ကျင်းကျီမှာရုတ်ချည်းဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်လေသည်။


ချီရှန်းတောက်ရန်".......တာအိုရောင်းရင်းလေးယဲ့?"


ယဲ့ကျင်းကျီကတည်တံ့စွာဆိုလာခဲ့သည်။ 


"စီနီယာချီရှန်းကို ကျွန်တော့်ဖုန်းပေးလိုက်ရင် ကျွန်တော်က တခြားသူကိုဆက်သွယ်ဖို့ခက်ခဲသွားတော့မှာပေါ့"


ချီရှန်းတောက်ရန်မှာ တွေးပင်တွေးမနေခဲ့ချေ။ 


"မော့သို့အသံမက်ဆေ့သုံးလေ..တာအိုရောင်းရင်းလေးယဲ့ကလည်း..တစ်ယောက်ယောက်ကမင်းကိုရှာချင်ရင် သူက မော့သို့အသံမက်ဆေ့ကိုသုံးလို့မရဘူးလား"


ယဲ့ကျင်းကျီကဆိုသည်။ 


"သူက မော့သို့အသံမက်ဆေ့ဘယ်လိုပို့ရမလဲမသိဘူး"


ချီရှန်းတောက်ရန်"....?"


မြောင် မြောင် မြောင်? 


ဒီခေတ်ဒီကာလမှာ မော့သို့အသံမက်ဆေ့ဘယ်လိုပို့ရမှန်း မသိတဲ့သူလည်းရှိသေးတာလား..


ချီရှန်းတောက်ရန်မှာ အတင်းတိုက်တွန်းနေခြင်းမျိုးမဟုတ်ပေ။ သူနှင့်ယဲ့ကျင်းကျီမှာ အကြိမ်အနည်းငယ်ဆုံဖူး၏။ ထိုအချိန်များတွင် တဖက်လူမှာ တခါမျှဖုန်းကိုသုံးသည်ကိုမတွေ့ခဲ့ရဖူးချေ။ ၄င်းမှာယဲ့ကျင်းကျီအတွက်အလှဆင်ပစ္စည်းသက်သက်နှယ်။ ထို့အပြင် ဤသည်မှာ ယဲ့ကျင်းကျီထံမှ ပထမဆုံးအငြင်းခံရခြင်းလည်းဖြစ်သည်။


ရွှမ်းရွှယ်လောက၏စံပြမော်ဒယ်အနေနှင့် ယဲ့ကျင်းကျီမှာ သဘောအလွန်ကောင်းလေရာ သူ့ကိုသိသောသူတိုင်း အလွန် အံ့အားသင့်လေးစားရသည်ချည်းဖြစ်သည်။


ငရဲဘုရင်ယဲ့ကိုထိတ်လန့်ကြောက်ရွံ့ကြခြင်းကြောင့် ဖေးယွီနှင့် ဆရာသခင်ငယ်လေးများမှာ သူ့နှင့်မနီးကပ်ရဲကြချေ။ ထို့ကြောင့်သူတို့မှာ ယဲ့ကျင်းကျီကလူကောင်းမှန်းသာသိပြီး မည်မျှအတိုင်းအတာအထိကောင်းသည်ကိုတော့မသိကြချေ။ ချီရှန်းတောက်ရန်ကမူကွဲပြားလေသည်။


ရွှမ်းရွှယ်လောက၏အသန်မာဆုံးစီနီယာများထဲမှ တစ်ယောက်အနေနှင့် ချီရှန်းတောက်ရန်မှာ ရွှမ်းရွှမ်လောက၏ကိုယ်စားပြုအဖြစ် နိုင်ငံတော်နှစ်ကုန်အစည်းအဝေးကိုယဲ့ကျင်းကျီနှင့်အတူတက်ဖူးလေသည်။


သာမာန်လူများ၏ နိုင်ငံတော်ကိုယ်စားပြုအစည်းအဝေးကြီးစတင်သည်နှင့် ရက်တချို့ပင်ကြာတတ်ကာ သီးခြားခန်းမများပင်စီစဥ်ရလေသည်။ ရွှမ်းရွှယ်လ္ကေကိုယ်စားပြုအစည်းအဝေးကြီးမှာမူ နယ်မြေကိုယ်စားပြုဘာညာများခွဲမထားပဲ ဆရာသခင်အိုကြီးတစ်သိုက်နှင့် ယဲ့ကျင်းကျီတစ်ယောက်သာလျှင် အတူထိုင်၍ ဆွေးနွေးကြရခြင်းဖြစ်သည်။


ဆရာသခင်များ၏ကိုယ်စားပြု အစည်းအဝေးပွဲမှာ သာမာန်လူများ၏ အစည်းအဝေးလောက်မကြီးမားသော်လည်း ကြာချိန်အရဆိုလျှင် သာမာန်လူများထက် လွန်စွာရှည်လျားလေသည်။


မည်သည့်မျိုးဆက်မှ ဆရာသခင်ကစည်းမျဥ်းချမှတ်ခဲ့သည်လဲ မဆိုနိုင်။ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲမှာ ၁၀ရက်၁၀ညတိတိကြာမြင့်ရန်လိုအပ်လေသည်။ ကြားကာလတွင်မည်သူမျှထွက်ခွာခွင့်မရှိချေ။ လူတိုင်းမှာပေါ့ပေါ့ပါးပါးသာ သယ်ဆောင်လာရမည်ဖြစ်ကာ ရှန်းခွန်အိတ်ထဲတွင်၁၀kgထက်ပို၍လည်း ဘာမျှသယ်ဆောင်လာခွင့်မရှိချေ။


 á€Ąá€…ဏးရသ္ဏင်န္သ္ဏ ဘုန်းကြီးများမရှိတော့ပဲ သူတို့၏ချန်ခွန်းအိတ်ထဲတွင် ရိက္ခာများနှင့်ဖြည့်ထားခဲ့လေသည်။ အစားရှောင်နိုင်သော သရဲဖမ်းသည့်ဆရာသခင်များနှင့် ဖုန်းရွှေဆရာသခင်များကမူ အချိန်ဖြုန်းရန်အတွက် အပျင်းပြေစေမည့် ပစ္စည်းလေးများကိုယ်စီဆောင်လာခဲ့ကြလေသည်။


လွန်ခဲ့သောနှစ်များက လူတိုင်းလိုလိုပင် ၀တ္တုစာအုပ်များသယ်လာခဲ့ကြသည်။ နောက်ပိုင်းတွင်မူ MP3sနှင့်MP4sများစတင်သယ်ဆောင်လာကြပြန်သည်။ ယခုနှစ်များတွင်တော့ စမတ်ဖုန်းများနှင့် chargerများကိုသယ်ယူလာကြသည်။


၄င်းမှာ ၁၀ရက်ကြာသည့်အစည်းအဝေးဖြစ်သည်။ power bankများမည်မျှသယ်လာပါစေ မလုံလောက်ချေ။ ထို့ကြောင့် ချီရှန်းတောက်ရန်မှာ ယဲ့ကျင်းကျီထံမှဖုန်းကိုငှားချင်ခဲ့သည်။


ဆရာယဲ့မှာ အမှန်တကယ်ပေါ့ပါးစွာခရီးထွက်လာခြင်းဖြစ်ကာ ဘာကိုမှသယ်မလာခဲ့ချေ။ ထို၁၀ရက်တာ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲတွင် ဆရာယဲ့သည်လည်းအလွန်ပျင်းရိမိမည်သာ။ သို့သော် သူသည်စိတ်၀င်စားစရာကောင်းသော ရွှမ်းရွှယ်လောက၀တ္တုများကိုလည်းခိုး၍မဖတ်သလို ၈နာရီ ခွေးသွေးဒရာမာများကိုလည်းမဖတ်ပဲ အိပ်ချင်ယောင်ဆောင်ကာ စားပွဲအောက်တွင်လည်း ဖုန်းနှင့်ဆော့မနေချေ။ သူသည်ထိုအတိုင်းထိုင်လျှက် စကားလုံးတိုင်းကိုနားထောင်နေပြီး ထိုစကားလုံးများက ဘယ်ဘက်နားမှ၀င်၍ ညာဘက်နားမှထွက်သွားလေသည်။ အပြင်ဘက်မှကြည့်လျှင်တော့ သူ၏အမူအယာမှာ အလွန်လေးနက်လေသည်။


ထို့ကြောင့် 'ghosts know'မှာ ထိုဆရာသခင်အစည်းအဝေးပွဲကြီးအကြောင်း သတင်းတင်လိုသောအခါတိုင်း သူတို့မှာ သတင်းဓါတ်ပုံအဖြစ် ယဲ့ကျင်းကျီ၏ပုံကိုသာသုံးလေ့ရှိကြလေသည်။ ပထမတစ်ချက်မှာ သူကအလွန်ချောမောကာ သတင်း၀င်ကြည့်သူအရေအတွက်ကိုတိုးစေသည်။ ဒုတိယအချက်မှာ ဆရာယဲ့သည် လုံး၀စံပြမော်ဒယ်တစ်ဦးကဲ့သို့ သူ၏လေးနက်၍ တည်တံ့သောအရှိန်အ၀ါကြောင့် ဆရာသခင်ကိုယ်စားပြုအစည်းအဝေးပွဲကြံး၏လေထုကို ပို၍ခမ်းနားလာစေပြီး ကလေးငယ်များကိုခြောက်လှန့်၍ရလေသည်။


ထိုဆရာသခင်ကိုယ်စားပြုအစည်းအဝေးပွဲတွင် လူတစ်ယောက်မှာပျင်းလွန်း၍ ရင်ပြင်အကပင်ထွက်ကချင်နေမိချိန်မှာပင် ယဲ့ကျင်းကျီက သူ၏ဖုန်းကိုအမြဲလိုလိုလားလားငှားပေးတတ်သည်။ 


ဒါကြောင့် အခုကျမှဘာလို့မငှားတော့တာလဲ..


ချီရှန်းတောက်ရန် မယုံနိုင်လောက်အောင်ခံစားနေရလေသည်။


ယဲ့ကျင်းကျီက စန်းရှို့ကျန်းကျွင်းဘေးသို့သွားလျက် အခြေအနေကိုလေ့လာလိုက်လေသည်။ 


ကျူးကျောက်ကျန်းရန်မှာ လွတ်သွားသည်က ချင်အားရှီဖြစ်သည်ကိုသာရှာတွေ့ပြီး သူဘယ်နေရာတွင်ရှိနေမှန်း မဖော်ထုတ်နိုင်သေးသည်ကိုသိလိုက်ရသော် ယဲ့ကျင်းကျီမှာ အလိုလိုပင်နောက်တစ်ကြိမ်အိမ်ပြန်သွားချင်မိသော်လည်း ဂရုတစိုက်စဥ်းစားလိုက်လေသည်။


ဇနီးကအိပ်နေတယ်..ငါပြန်သွားရင်လည်း ဘာမှလုပ်စရာမရှိဘူး..ဒီမှာနေတာပဲပိုကောင်းပါတယ်..


ရွှမ်းရွယ်လောက၏လက်ရွေးစင်များမှာ ပထမအင်ပါယာသင်္ချိုင်းဂူပေါ်မှကောင်းကင်ပေါ်တွင် ဆက်လက်တွက်ချက်နေခဲ့ကြလေသည်။


မနက်ခင်းတွင် စန့်ရှို့ကျန်းကျွင်းကဆိုလာသည်။


"တာအိုရောင်းရင်းတို့ ဒီလိုဆက်သွားနေလို့မဖြစ်တော့ဘူး..ခရမ်းရောင်နဂါးအရှိန်အ၀ါက ချင်စန်းရှီကိုလုံး၀ကာကွယ်ပေးထားတယ်..ငါတို့လုံး၀တွက်လို့မရဘူး..ဒီလိုဆိုရင်ရော..ထိုက်ကျိကျောင်းက တာအိုရောင်းရင်းတို့က တာအိုရောင်းရင်းကျိရှင်းနဲ့ ကျန်ရစ်ပြီး ချင်အားရှီရဲ့တည်နေရာကိုဆက်တွက်နေကြပေါ့..ကျန်တဲ့တို့တွေကတော့ ရှန်းယန်ကနေချန်းအန်တလျှောက်သွားရှာလိုက်မယ်..ချင်အားရှီက ရှန်းယန်မှာသေခဲ့တာ..ချင်မင်းဆက်ရဲ့မြို့တော်ကလည်း ရှန်းယန်ပဲ..တို့တွေလူခွဲပြီးရှာကြမယ်..ဒီတိုင်းထိုင်အချိန်ဖြုန်းပြီးကပ်ဘေးကြီးရောက်လာအောင် စောင့်နေလို့တော့မဖြစ်တော့ဘူး"


၄င်းမှာလည်းသင့်လျော်သောနည်းလမ်းတစ်ခုဖြစ်လေရာ လူစုမှာလျင်မြန်စွာပြိုကွဲသွားလျက် စတင်ရှာဖွေလိုက်ကြတော့သည်။


နောက်ဆုံးတွင်ဤပျင်းရိစရာနေရာကြီးမှ ထွက်ခွာခွင့်ရပြီဖြစ်လေရာ ချီရှန်းတောက်ရန်မှာ အလွန်စိတ်လှုပ်ရှားလာတော့သည်။ သူခြေတစ်လှမ်းမှမလှမ်းရသေးခင်တွင် စန်းရှို့ကျန်းကျွင်းမှ ထပ်၍ဆိုလာခဲ့လေသည်။ 


"ချီရှန်း မင်းကဒီမှာ ယာကျီးနဲ့အတူနေခဲ့ပြီး အတားအဆီးကိုအားဖြည့်ပေးနေ..တို့တွေပြန်လာတာစောင့်ပေါ့"


ချီရှန်းတောက်ရန်"...."


ငလူး..ဒီအဘိုးကြီးမှာသောက်ကျိုးနဲ့ပြောစရာစကားလုံးတွေရှိနေပေမယ့် ပြောသင့်သလားမပြောသင့်လားမသိတော့ဘူး..


ရွှမ်းရွှယ်လောကတွင်ဖြစ်ပျက်နေသောအရာများကို ရှီကျားတစ်ယောက်မသိခဲ့ပါချေ။ မိုးလင်းသည်နှင့် သူကရုပ်ရှင်မြို့တော်သို့ အမြန်ပြေးသွားခဲ့ပြီး မိတ်ကပ်ပြင်ပြီး အ၀တ်အစားလဲပြံးချိန်တွင် စတင်ရိုက်ကူးတော့သည်။ ယနေ့သူရိုက်ရမည့်အခန်းတို့မှာ နည်းနည်းပိုများသည်။ စုစုပေါင်း၆ခန်းဖြစ်ကာ မနက်ပိုင်း၂ခန်း ညပိုင်း၃ခန်းဖြစ်သည်။


မနက်ပိုင်းအခန်းများရိုက်ကူးပြီးသည်နှင့် ရှီကျားမှာ သူ၏ဇာတ်၀င်ခန်း၀တ်ရုံနှင့်အတူ ဆံပင်တုရှည်ကြီးကို စည်းနှောင်လျက်ခုံပုလေးပေါ်တွင် နေ့လည်စာထိုင်စားနေခဲ့လေသည်။ စားပြီးသောက်ပြီးနောက် ညနေပိုင်းတွင်ရိုက်ရမည့်၃ခန်းမတိုင်မီ ၆နာရီမျှကျန်နေဆဲဖြစ်သည်။ ရှီကျားမှာ အရံဇာတ်ကောင်ငယ်လေးမျှသာဖြစ်လေရာ အ၀တ်အစားများချွတ်လဲကာ အလုပ်များနေ၍မရချေ။ သူ့အားမိတ်ကပ်ဖျက်ကာ ပြန်လိမ်းပေးမည့် မိတ်ကပ်artistမရှိချေ။ သူကဘေးတွင်သာရိုးရိုးသားသားရပ်စောင့်နေနိုင်လေသည်။


သူ ခေါင်းဆောင်မင်းသားနှင့်မင်းသမီး၂ယောက်ကို ခတ္တမျှကြည့်ရှုနေပြီးနောက် ရိုက်ကူးရေးအဖွဲ့ထဲမှ တိတ်တဆိတ်ထွက်ခွာလာပြီး ရုပ်ရှင်မြို့တော်ထဲ တစ်ယောက်တည်းလျှောက်သွားနေလိုက်လေသည်။


ဤရုပ်ရှင်မြို့တော်မှာ လွန်ခဲ့သောနှစ်အနည်းငယ်ကမှဆောက်လုပ်ထားခြင်းဖြစ်သည်။ ချန်းအန်၏ မြို့တော်ခန်းမမှ ချန်းအန်၏ရိုးရာယဥ်ကျေးမှုနှင့် ရှေးဟောင်းမြို့တော်၏အရင်းအမြစ်တို့ကိုအသုံးချလျက် torism ကိုတိုးမြှင့်ရန်အတွက် ချင်နှင့် ထန်ရုပ်ရှင်မြို့တော်ကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထန်မင်းဆက် ဇာတ်လမ်းများမှာ ဤရုပ်ရှင်မြို့တော်၌သာလာရောက်ရိုက်ကူးကြခြင်းဖြစ်သည်။


သူကျူးရွှယ်လမ်းသို့လျှောက်လာစဥ်တွင် ရှီကျားမှာ အလုပ်မရှိသော အဖွဲ့သားတချို့မှာ သူ့တို့ကိုသူတို့ယပ်ခပ်လျက် ထိုင်နေကြသည်ကိုတွေ့လိုက်ရလေသည်။ သူသည်ထိုရိုက်ကူးရေးအဖွဲ့ထံသို့သွားကာ တချက်မျှကြည့်လိုက်လေသည်။ သို့သော် ကြမ်းပြင်ပေည်တွင် အရှုပ်အထွေးပုံကြီးကိုသာတွေ့လိုက်ရလေသည်။ ကြွေပြားများ ရေမြှုပ်တုံးများက ဖြိုချခံထားရသည့်အလား စုပုံနေခဲ့သည်။


ရှီကျား သိချင်စိတ်ဖြင့် အကြိမ်အနည်းငယ်စူးစမ်းနေခဲ့လေသည်။ ဘေးတွင််ထိုင်နေသော ၀န်ထမ်းတစ်ဦးမှာ လက်ကိုဝေ့ယမ်းလျက်ဆိုလာခဲ့သည်။ 


"မင်းကရွှမ်း၀ူအတွက်ရိုက်ကူးနေတဲ့အဖွဲ့ကလား"


ရှီကျားတန့်သွားမိလျက် ခေါင်းညိတ်လိုက်လေသည်။


ခပ်၀၀၀န်ထမ်းကဆိုလာခဲ့သည်။


"မင်းတို့ကားကမဆိုးဘူးရင်းနှီးမှုလည်းကြီးတယ်..ရှယ်ရိုက်တာဆိုတော့ ရုံတင်ငွေလည်းကောင်းမှာပဲ..မင်းရဲ့၀တ်စုံကိုကြည့်ရတာ.."


ဖက်တီးမှာ ရှီကျား၏မျက်နှာကိုအတော်ကြာအကဲခတ်ပြီးနောက် အကျဥ်းချုပ်ဆိုလာခဲ့သည်။


"အရံနေရာသရုပ်ဆောင်ရတာလား"


ထိုစကားမှာလုံး၀မမှားပါချေ။ ရှီကျားမှာယခင်ကဖြတ်လျှောက်သာဖြစ်သည်။ ဤသည်မှာ သူပထမဆုံးအကြိမ်အဖြစ် အမည်ရှိသောဇာတ်ကောင်ကိုသရုပ်ဆောင်ရခြင်းဖြစ်သည်။ တဖက်လူကမိမိကိုမမှတ်မိသည်က ပုံမှန်ပါပင်။ သူကမငြင်းလိုက်ပဲ ပြုံးလျက်မေးလိုက်သည်။ 


"မင်းတို့အဖွဲ့မှာဘာဖြစ်ခဲ့တာလဲ..မနေ့ကပဲစရိုက်နေကြပြီမဟုတ်ဘူးလား..ဒီနေ့တစ်ခုခုဖြစ်ခဲ့တာလား"


ဖက်တီးမှာသက်ပြင်းချလိုက်လေသည်။ 


"ဟင်း..ပြောမနေပါနဲ့တော့ကွာ..မနေ့ညကတို့တွေအချိန်ပိုတောင်ဆင်းပြီး ရိုက်ကူးနေတာလေ..ဒါပေမယ့်မျက်နှာကျက်ပြိုကျလာလို့..မင်းမတွေ့လိုက်လို့..ဒါပေမယ့်အဲဒီမျက်နှာကျက်ကသူ့အလိုလိုပြိုကျလာပြီး တို့တွေရဲ့ သိန်းကျော်တန်စက်တစ်လုံးကွဲသွားတယ်လေ..


ကံကောင်းတာကအဲတုန်းက ခန်းမထဲမှာဘယ်သူမှရှိမနေလို့ပေါ့..လူတစ်ယောက်အပေါ်သာပိသွားရင် သွားပြီပဲ..တို့တွေမျက်နှာကျက်အပြင်အဆင်က ရေမြှပ်တွေပလက်စတစ်တွေနဲ့လုပ်ထားတာဆိုပေမယ့် ဘိလပ်မြေလည်းနည်းနည်းရောထားသေးတယ်လေ..လူတစ်ယောက်အပေါ်သာပိသွားလို့ကတော့ သတင်းမှာပါလာပြီပဲ"


ရှီကျားမျက်ခုံးတို့တွန့်ချိုးသွားခဲ့သည်။


"ကြိုပြီးမစစ်ခဲ့ကြဘူးလား" 


ဖက်တီးမှာခေါင်းခါလိုက်သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း..settingအဖွဲ့ကစစ်ကြည့်ပြီးပြီ..မျက်နှာကျက်ကို တစ်ယောက်ယောက်က တမင်ဖိချလိုက်သလိုပဲ..အက်ကြောင်းတွေနဲ့ ပြိုကျလာတာ..ရယ်စရာမကောင်းဘူးလား..ဒီလောက်ကြီးတဲ့ မျက်နှာကျက်ကြီးကို ဘယ်သူကချိုးနိုင်မှာလဲ..တို့ရိုက်နေတဲ့ကားက ချင်မင်းဆက်အကြောင်းလေ..ချူသခင်ကြီး ရှန်းယွီကအားအပြည့်နဲ့ပြန်မွေးဖွားလာရင်တောင် ဒီလောက်မျက်နှာကျက်ကြီးကို ချိုးပစ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား"


ဤသို့အတင်းအဖျင်းမျိုးကိုပြောရချိန်တွင်ဆိုလျှင် ၀န်ထမ်းကိုယ်စီမှာ စိတ်ကူးစိတ်သန်းမျိုးစုံရှိကြကာ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်လေသည်။


ရှီကျားမှာ တပါးသူ၏ရိုက်ကူးရေးအဖွဲ့ထဲ ၀င်ရန်မဖြစ်နိုင်လေရာ အဝေးမှသာကြည့်နေခဲ့လေသည်။ သိပ်မကြာခင်မှာပင် ကျူးရွှယ်လမ်းတစ်ဖက်မှ ထရပ်တစ်စီးမောင်းလာသည်ကိုတွေ့လိုက်ရလေသည်။ တောင့်တင်းသောကိုယ်ဖြင့်လူရွယ်၁၀ယောက်ခန့်မှာ ရေမြှုပ်ဘိလပ်မြေပြားကြီးကိုသယ်မလျက် ထိုထရပ်ကားပေါ်တွင်တင်လိုက်ကြလေသည်။



👻