👻 Chapter 39
Viewers 3k

👻Chapter 39




ထိုကျောက်ပြားကြီး၏အလယ်တွင် ဆောက်ဖြင့်ထွင်းထားသော အရာများစွာရှိလေသည်။ ၄င်းမှာ ၀န်ထမ်းအဖွဲ့များက ထိုကျောက်ပြားကြီးကို ဖြိုခွဲလျက် တပိုင်းချင်းစီသယ်ယူချင်ခဲ့သော်လည်း မဖြစ်နိုင်ခဲ့မှန်းသိသာလှသည်။ ထိုဆောက်ဖြင့်ထွင်းရာများနှင့်အတူ ပုံမှန်မဟုတ်သော အက်ကြောင်းတချို့လည်းရှိလေသည်။ ထိုကျောက်ပြားကြီးမှာ အသစ်စက်စက်ဖြစ်ကာ ၄င်းပေါ်မှအက်ကြောင်းများကလည်း အသစ်ဖြစ်လေသည်။ ၄င်းမှာ တစ်ချက်တည်းထုခွဲခံလိုက်ရပုံပေါ်ကာ ကျောက်ပြားကိုသွန်းထားခြင်းတွင် ပြဿနာမရှိကြောင်းရည်ညွှန်းပြနေခဲ့သည်။


ရှီကျား မျက်လုံးများကိုမှေးကျဥ်းလျက် ထိုကျောက်ပြားကို ဂရုတစိုက်စူးစမ်းလိုက်လေသည်။


၄င်းမှာကောင်းကင်ပေါ်မှလက်ကြီးတစ်ဖက်မှ ထိုကျောက်ပြားကိုရိုက်ချလိုက်၍ ထိုကျောက်ပြားမှာချက်ချင်းပြိုကျသွားသည်နှင့်အမှန်တကယ်တူလှလေသည်။


ရှီကျားအတော်ကြာကြည့်နေပြီးမှ သူ၏အကြည့်ကို ရိုက်ကူးရေးအဖွဲ့ထံရွေ့လိုက်လေသည်။


ရှုတင်ထဲတွင် လူအများသွားလာလှုပ်ရှားနေခဲ့ကြသည်။ အများစုမှာ မြေကြီးပေါ်မှ ကျောက်ပြားအပိုင်းအစများနှင့် အမှုန်အမွှားများကို သန့်ရှင်းနေကြဆဲပင်။


မျက်နှာကျက်ပြိုကျထား၍လားမဆိုနိုင် ရိုက်ကူးရေးအဖွဲ့သားများ၏ စိတ်အခြေအနေမှာ အလွန်ကောင်းမနေခဲ့ချေ။ ရိုက်ကူးရေးအဖွဲ့ထဲ ထိုင်းမှိုင်းလေးလံသော ခံစားချက်မှာ လူအများကို မသက်မသာဖြစ်စေခဲ့သည်။ သို့သော်ရှီကျား၏မျက်လုံးထဲတွင်မူ ၄င်းမှာ လူအများ၏စိတ်အခြေအနေကြောင့်သာ လေထုမှာ ထိုင်းမှိုင်းလေးလံနေခြင်းဖြစ်ကာ မည်သည့်ယင်စွမ်းအင်ကိုမျှမတွေ့ရပါချေ။ 


သရဲတွေ မကောင်းဆိုး၀ါးတွေနဲ့မဆိုင်ဘူးဆိုတော့..ဒီတိုင်းမတော်တဆမှုပဲလား..


ဒါမှမဟုတ်အရင်တစ်ခေါက်က ကိုယ်တုမိစ္ဆာလိုပုန်းနေလို့ယင်စွမ်းအင်ကိုအာရုံခံမရတာလား..


အဆုံးတွင်တော့မည်သည့်ဖြေရှင်းချက်မျှမရှိချေ။


သူ အတော်ကြာအောင်ထိုရိုက်ကူးရေး၏အခြေအနေကိုကြည့်နေခဲ့မိသော်လည်း အဆုံးတွင်တော့ တခြားနေရာသို့လျှောက်သွားရန်ပြင်လိုက်လေသည်။ သူပြန်လာချိန်တွင် ထိုရိုက်ကူးရေးမှာ ရှင်းလင်းပြီးဖြစ်လေသည်။ ဒါရိုက်တာမှာ ဒေါသတကြီးအော်ဟစ်နေပြီး မင်းသားမင်းသမီးများမှာ နေရာကိုယ်စီအမြန်ယူလိုက်ကြလေသည်။ အနက်ရောင်၀တ်ဆင်ထားသော အရံကုန်းကုန်းများမှာ ခေါင်းကိုငုံ့လျက် ဟောခန်းမကြီးတွင် တန်းစီ၍ရပ်နေခဲ့ကြလေသည်။


ဒါရိုက်တာ၏ဒေါသသံကြီးကို အ၀င်၀ကပင်ကြားနိုင်လေသည်။


"ဒီတစ်ခေါက် မျက်နှာကျက်မှာ ဘာသောက်ပြဿနာမှမရှိဘူးမလား..သေချာလား..ငလူး..နောက်တစ်ခါလည်းသောက်ပြဿနာဖြစ်လို့ကတော့ setအဖွဲ့ကကောင်တွေအကုန်လစ်တော့"


သို့နှင့်ရှုပ်ထွေးမှုများအပြီး ရိုက်ကူးရေးမှာအဆုံးတွင်ပြန်လည်စတင်ခဲ့လေသည်။


သို့သော်ဒါရိုက်တာမှ "Start"ဟုအော်လိုက်သည်နှင့် ရှီကျားမှာ သူ့အလိုလိုတုန်ဆင်း၍ပြိုကျလာခဲ့သော မျက်နှာကျက်ကြီးကို မျက်လုံးပြူးလျက် ကြည့်နေခဲ့မိလေသည်။


အခြားစတူဒီယိုများတွင်ဆိုလျှငိ မျက်နှာကျက်ပြိုကျသော မတော်တဆမှုတွင် အစပျိုးအသိပေးချက်လေးများရှိကောင်းရှိနိုင်လေသည်။ သို့သော် ဤမျက်နှာကျက်မှာမူ တစ်စုံတစ်ယောက်မှ ရိုက်ချခြင်းကိုခံလိုက်ရသည့်အလား ဘန်းခနဲပင်စက်၂လုံးအပေါ်ပိကျသွားလေသည်။ 


ယခင်တစ်ခေါက်ကအတိုင်းပင် မည်သူမျှမထိခိုက်ပဲ စက်၂လုံးကသာတစစီကွဲကြေသွားခဲ့လေသည်။


ရိုက်ကူးရေးတဖွဲ့လုံးမှာ အပ်ကျသံပင်ကြားရအောင်တိတ်ဆိတ်နေခဲ့လေသည်။ ဒါရိုက်တာကိုယ်တိုင်ပင်လျှင် မျက်လုံးကြီးပြူးကျယ်လျက် ဘာမျှမဆိုနိုင်ခဲ့ချေ။


မိနစ်ပိုင်းမျှကြာပြီးနောက် မည်သူကစအော်လိုက်သည်မသိ "သရဲရှိတယ် သရဲရှိတယ်" ဟုအော်သံများထွက်လာတော့သည်။ 


ထို့နောက် ထိုရိုက်ကူးရေးတစ်ဖွဲ့လုံးမှာ ၀ုန်းခနဲဆို ထပြေးသူပြေးနှင့် ရှုပ်ထွေးကုန်ကြလေသည်။ ပေါက်ကွဲနေသော ဒါရိုက်တာမှာ ဒေါသတကြီးကျိန်ဆဲလာခဲ့သည်။ 


"ပြန်လာကြစမ်း..ဘာသရဲလဲ..သောက်ကျိုးနဲ settingအဖွဲ့ကဟာတွေ အလုပ်သေချာမလုပ်တာလေ..setအဖွဲ့ကဟာတွေ ဒီကိုလာကြစမ်း..ဒါမင်းတို့သောက်လုပ်လုပ်ပုံလား..မျက်နှာကျက်ကနောက်တစ်ကြိမ်ဘယ်လိုပြိုကျရတာလဲ"


ရှီကျားမှာ ခပ်လှမ်းလှမ်းတွင်ရပ်နေခြင်းဖြစ်လေရာ အခြေအနေအတိအကျကို မမြင်နိုင်ပါချေ။ တစ်ခုခုကမှားယွင်းနေသည်ကိုသာခံစားရလေသည်။ သို့တိုင်အောင်သူ့မျက်လုံးထဲတွင်တော့ ရိုက်ကူးရေးအဖွဲ့ထဲတွင် မည်သည့်ယင်စွမ်းအင်မှရှိမနေပါချေ။ အရာအားလုံးမှာ ပုံမှန်သာဖြစ်သည်။ 


ကျူးရွှယ်လမ်းပေါ်တွင် ထိုဆူဆူညံညံအသံများကြောင့် အခြားရိုက်ကူးရေးအဖွဲ့မှလူများလည်းလာရောက်စပ်စုကြလေသည်။ တိုးကြိတ်နေသောလူအုပ်များက ရှီကျားကို ရှေ့ဆုံးမှနောက်ရောက်အောင်တွန်းပို့နေခဲ့လေသည်။ သူကရိုက်ကူးရေးအဖွဲ့၏အခြေအနေကိုစူးစမ်းကြည့်ချင်သေးပါသော်လည်း လူအများကသူ၏မြင်ကွင်းရှေ့ကွယ်ရပ်နေခဲ့ကြလေသည်။ သူလက်လျှော့လိုက်ရုံသာတတ်နိုင်လေသည်။


ရှီကျားမှာ သူ၏ရိုက်ကူးရေးအဖွဲ့ကို ပြန်ရန်သာပြင်လိုက်လေသည်။ သူလှည့်လိုက်စဥ်မှာပင် အနက်ရောင်၀တ်ရုံနှင့် လူရွယ်တစ်ဦးမှာ မနေ့ကစွန်တွန်းလှည်းဘေးတွင်ရပ်နေခဲ့လေသည်။


ထိုလူရွယ်မှာ မနေ့ကကဲ့သို့ အနက်ရောင်၀တ်ရုံနှင့် ဆံပင်ရှည်ကိုသာ၀တ်ဆင်ထားပြီး ကျူးရွှယ်လမ်းပေါ်တွင် ရေပြင်နှယ်တည်ငြိမ်သောအမူအယာဖြင့် ရိုက်ကူးရေးအဖွဲ့ထဲသို့လှမ်းကြည့်နေခဲ့လေသည်။ ၄င်းမှာ ဆူညံသံများနှင့် အပြင်လောကမှ အရေးကိစ္စများမှာ သူ့အပေါ်သက်ရောက်မှုမရှိသည့်အလား။ သူသည်ထိုအတိုင်းရပ်နေပြီးသူ၏အမူအယာမှာ ညင်သာလျက် မျက်၀န်းများမှာ တည်ငြိမ်နေခဲ့လေသည်။


ရှီကျား၏အကြည့်ကိုခံစားမိပုံဖြင့် လူရွယ်က သူ့အားပြန်ကြည့်လာခဲ့လေသည်။


 á€œá€°á‚ြဎး တစ်ယောက်ကိုတစ်ယောက် ခတ္တမျှစိုက်ကြည့်နေမိကြသည်။ ရှီကျားကိုမှတ်မိသည့်အလားပင် လူရွယ်မှာခေါင်းကိုညိတ်ပြလျက် ထွက်သွားရန်ပြင်လိုက်လေသည်။ ထိုလူကျောခိုင်းလိုက်သည်နှင့် ရှီကျား၏အမြင်အာရုံထဲတွင် အနီရောင်အလင်းတစ်ပွင့်ဖြတ်ပြေးသွားခဲ့လေသည်။ သူအသေအချာကြည့်လိုက်သော် ၄င်းမှာ လူရွယ်၏ခါးတွင်ချိတ်ဆွဲထားသော အနီရောင် ကျောက်စိမ်းပြားတစ်ခုဖြစ်မှန်းတွေ့လိုက်ရလေသည်။


သေးငယ်၍အနုစိတ်သော ကျောက်စိမ်းပြားလေးမှာ လက်ဖ၀ါးတစ်၀က်မျှအရွယ်သာရှိလေသည်။ မျက်နှာပြင်ပေါ်တွင် လက်သည်း၅ချောင်းနှင့်နဂါးတစ်ကောင်ကိုအနုစိတ်ရေးထွင်းထားခဲ့လေသည်။ မည်သည့်လက်မှုဆိုင်၏လက်ရာမှန်းမသိသော်လည်း ထိုမျှသေးငယ်သော မျက်နှာပြင်လေးပေါ်တွင် နဂါး၏ကိုယ်ပေါ်မှ အမွှေးလေးများကိုပင် တစ်ချောင်းချင်းအသေးစိတ်ထွင်းထုထားသည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းလှလေသည်။ ရှည်လျားသောနဂါး၏ အစွယ်များနှင့်ချွန်ထက်သောလက်သည်းများမှာ အလွန်ပြင်းထန်သောအရှိန်အ၀ါကိုထုတ်လွှတ်နေခဲ့သည်။ ထို့နောက်အဆုံးတွင််ထိုနဂါး၏မျက်လုံးများမှာလွန်စွာ ကြည်လင်ကာ အသက်၀င်လွန်းလှလေသည်။


ထိုကျောက်စိမ်းပြားမှာ ပုံမှန်မဟုတ်သောခံစားချက်တစ်ခုကိုပေးစွမ်းနေခဲ့သည်။ ရှီကျားမျက်လုံးများကို မှေးကျဥ်းလိုက်မိလေသည်။ ထို့နောက်သူသည်ရုတ်ချည်းလက်ကိုမြှောက်လျက် လည်တိုင်မှ အဆောင်လေးကိုဆွဲချွတ်လိုက်လေသည်။


ဘန်း...


ပြင်းထန်သောယင်စွမ်းအင်မှာ ကောင်းကင်သို့တိုင်ထိုးတက်သွားခဲ့သည်။ သို့သော်သူအဆောင်ကိုဖယ်ရှားလိုက်ပြီးလျှင်တောင် ထို၀တ်ရုံနက်နှင့်လူရွယ်၏ကိုယ်ပေါ်တွင် မည်သည့်ယင်စွမ်းအင်တစ်စွန်းတစကိုမျှမတွေ့ရပြန်ချေ။ သို့သော်သူအဆောင်ကိုဖယ်ရှားလိုက်သည်နှင့် ထိုလူရွယ်၏ခြေလှမ်းတို့မှာရပ်တန့်သွားခဲ့လေသည်။ အနက်ရောင်၀တ်ရုံနှင့်အမျိုးသားမှာ အလျင်မလိုစွာပင် ရှီကျားကိုလှည့်ကြည့်လာခဲ့လေသည်။


သူတို့၏အကြည့်များတဖန်ဆုံတွေ့ခဲ့ကြသည်။ မည်သူမျှစကားမဆိုပဲ အချိန်တချို့ကုန်လွန်သွားခဲ့လေသည်။


လမ်းဘေးတွင် ရိုက်ကွင်းမတော်တဆထပ်ကြုံရသော ရိုက်ကူးရေးအဖွဲ့မှ အပျက်အစီးများကိုသယ်ထုတ်နေခဲ့ကြသည်။ ကျန်တဖက်တွင်တော့ ရှေးဟောင်း၀တ်ရုံကို၀တ်ဆင်ထားသော ဆံနက်တို့နှင့် လူရွယ်လေးနှင့် အနက်ရောင်၀တ်ရုံကို၀တ်ဆင်ထားသော အမျိုးသားတို့မှာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေခဲ့ကြလေသည်။


 á€Ąá€™á€ťá€­á€Żá€¸á€žá€Źá€¸áá€”သုတ်ခမ်းထ္ဏင်အတိုအမသဏ ဖြည်းညှင်းစွာမြင့်တက်လာပြီး ရှီကျားအား ညင်သာသော အပြုံးတစ်ပွင့်ပေးလာခဲ့သည်။


ချောမွေ့၍သာမာန်ဆန်သောမျက်နှာမှာ ထိုညင်သာသော အပြုံးကြောင့် နွေးထွေးကာ နူးညံ့ပုံပေါ်လျက် ကြင်နာမှုနှင့် ဂရုဏာတို့ပြည့်၀နေခဲ့လေသည်။


ထိုအမျိုးသားမှာ အထူးတလည်ကြည့်ကောင်းသူမဟုတ်သော်လည်း ကြည့်လေကြည့်လေ မျက်စိပသာဒဖြစ်လေဟုခံစားလာရစေသည်။


ထို့အပြင်ထိုလူ၏ကိုယ်ပေါ်တွင် မည်သည့်ယင်စွမ်းအင်မျှရှိမနေပါချေ။ 


ထိုအပြုံးလေးမျှသာ။ အမျိုးသားမှာ သူ၏ကိုယ်ကိုလှည့်ကာ ထပ်မံထွက်ခွာသွားလေတော့သည်။ သူ့ဘေးတွင် အလုပ်များနေသော လူအများကတဖွဲဖွဲရောက်လာပြီး ဖရဲစေ့လာစားကြကုန်သည်။ ထိုအမျိုးသားတစ်ဦးတည်းကသာ လူအုပ်၏ဆန့်ကျင်ဘက်သို့လျှောက်သွားနေခဲ့ခြင်းဖြစ်သည်။ သူ၏ခါးတွင်ချိတ်ဆွဲထားသော သွေးရောင်ကျောက်စိမ်းမှာ သူ၏ပိုင်ရှင်နှင့်အတူ လှုပ်ယမ်းနေခဲ့ကြသည်။


ထိုထူးဆန်းသောလူမှာ သူ၏မြင်ကွင်းမှ လုံး၀ထွက်ခွာသွားပြီးနောက် ရှီကျား သက်ပြင်းကိုရှူထုတ်လျက် သူ၏ဖုန်းကိုဖွင့်လိုက်လေသည်။ အစကသူသည် ဖေးယွီကို သွားရှာချင်ခဲ့လေသည်။ သို့သော် အတော်ကြာတွေးကြည့်ပြီးနောက် ဆရာသခင်အတုလေးဖေးမှာ အလွန်အားကိုးမရဟုခံစားရကာ သူကိုရှာမည့်အစား ကိုယ့်ဘာကိုယ်အားကိုးလိုက်သည်ကမှ ပိုကောင်းလိမ့်မည်။ အသေအချာတွေးကြည့်ပြီးနောက် သူသည် သူ၏contactများထဲမှာ 'ယဲ့ကျင်းကျီ'ကို လက်ညှိုးဖြင့်ထောက်လိုက်လေသည်။


တဖက်လူကဖုန်းမကိုင်ခင်အထိ တတူတူအသံမှာ ဆက်တိုက်မြည်နေခဲ့လေသည်။


"ရှီကျား.."


နက်ရှင်း၍တည်ငြိမ်သောအမျိုးသား၏အသံမှာ ဖုန်း၏တဖက်မှထွက်ပေါ်လာပြီး ထိုလေသံထဲတွင် အသိပြုမိရန်ခက်ခဲသော တုန်လှုပ်မှုတချို့ပုန်းကွယ်နေခဲ့လေသည်။


ဤကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်နှင့် ရှီကျားမှာ ဝေ၀ါးမနေပဲ ကြုံခဲ့ရသည်ကို တိုက်ရိုက်သာ ပြောပြလိုက်လေသည်။ သူသည်းခုလေးတင်ကြုံခဲ့ရသော ရိုက်ကူးရေးအဖွဲ့၏မတော်တဆကို အကျဥ်းချုံး၍ရှင်းပြလိုက်လေသည်။ ထို့နောက် သူသည်ယဲ့ကျင်းကျီအား မကောင်းဆိုး၀ါး၀ိညာဥ်နှင့်အလွန်တူသော ယောကျာ်းတစ်ဦးကိုတွေ့ခဲ့ကြောင်း သို့သော် သူ့ကိုယ်ပေါ်တွင် မည်သည့်ယင်စွမ်းအင်မျှမရှိကြောင်းကိုလည်းပြောပြခဲ့လေသည်။


"အဲဒါကမိစ္တာတစ်မျိုးပဲလား..မျက်နှာကျက်ပေါ်က အက်ကြောင်းတွေက မတော်တဆနဲ့မတူဘူး..ဆရာယဲ့ ခင်များအရင်ကပြောဖူးသလိုဆို မိစ္ဆာတွေက သူတို့ကိုယ်သူတို့ဖုံးကွယ်တဲ့နေရာမှာတော်တယ်မလား..ဒီတစ်ကြိမ်လည်း မိစ္ဆာနဲ့ပါတ်သတ်နေတာများလား"


ယဲ့ကျင်းကျီမှာ ချက်ချင်းပင်ဆိုလာခဲ့သည်။


"ကိုယ့်ကိုစောင့် ခုချက်ချင်းလာခဲ့မယ်"


ရှီကျားမှာတန့်သွားခဲ့လေသည်။ 


"ဆရာယဲ့..ခင်များက သင်္ချိုင်းဂူကလွတ်သွားတဲ့ ချင်စန်းရှီကိုဖမ်းနေတုန်းမလား"


ယဲ့ကျင်းကျီမှာ သူ့မေးခွန်းကိုပြန်ဖြေမလာချေ။


"မကြောက်နဲ့နော်..ကိုယ်ခဏနေရင်ရောက်မှာ"


ရှီကျား"...."


နည်းနည်းလေးမှ ကြောက်မနေပါဘူးနော်..


သူသည် နားလည်မှုလွဲပြီး လူကောင်းတစ်ယောက်ကိုမရိုက်နှက်မိခင် အသေးစိတ်မေးမြန်းလိုခြင်းသာဖြစ်သည်။ 


သွားရိုက်ပြီးမှ သရဲဟုတ်မနေရင် ဘယ်လိုလုပ်မလဲ..


အားနာစရာကြီး..


ရှီကျားလျင်မြန်စွာဆိုလိုက်သည်။ 


"ဆရာယဲ့..ခင်များကအလုပ်များနေတာကို..ကျွန်တော့်ကို ဂရုစိုက်ဖို့မလိုပါဘူး..ကျွန်တော်ကဘယ်လို မိစ္ဆာမျိုးလဲဆိုတာ သိချင်ရုံ..."


"ကိုယ့်အမှားပါ.."


တုန်လှုပ်နေသော အမျိုးသား၏အသံမှာ ရှီကျား၏ စကားများကိုဖြတ်ပြောလာခဲ့သည်။ ယဲ့ကျင်းကျီမှာ အလေးအနက်ဆိုလာခဲ့သည်။


"ရှီကျားကိုယ့်ကိုစောင့်ပါ..ကိုယ်ခဏလေးနေရင် ရောက်မှာပါ..အဆင်ပြေတယ်မလားဟင်"


အဆင်ပြေတယ်မလားဟင်..?


ထိုအခိုက်အတန့်တွင် သူပြောလိုသည့်စကားတို့က လျှာဖျားတွင်ပင် ရုတ်တချည်းမေ့လျော့ခံလိုက်ရတော့သည်။


ထိုအစား သတိလက်လွတ်ဆိုလိုက်မိသည်မှာ..


"အိုကေ.."


သူအသိပြန်၀င်လာချိန်တွင် ဖုန်းမှာကျသွားနှင့်ပြီဖြစ်သည်။ သူသည်ရှုပ်ထွေးစွာပင် ဖုန်း၏အမည်းရောင်မျက်နှာပြင်ကို ကြည့်နေခဲ့မိသည်။


တနည်းအားဖြင့် သူအဘယ်ကြောင့် 'အိုကေ'ဟုပြောထွက်သွားမိမှန်းတောင်နားမလည်ပါချေ။


ဒီလောက်နှစ်တွေအကြာကြီး တစ်ယောက်တည်းနေလာပြီးမှ ဘယ်အချိန်ကစပြီး တဖက်လူရဲ့ တကူးတကအညီကို သတိလက်လွတ်လက်ခံမိတတ်လာပါသနည်း။


ရှန်းယန်နိုင်ငံတကာလေဆိပ်ဘေးတွင် ယဲ့ကျင်းကျီမှာ ရုတ်ချည်းသူ၏ဦးတည်ရာကိုပြောင်းလဲလျက် ချန်းအန်သို့ တိုက်ရိုက်ပျံသန်းသွားရန်ပြင်လိုက်လေသည်။


ဆရာတော်ပုရှင်း ထိတ်လန့်သွားလျက် လျှင်မြန်စွာတားလာခဲ့သည်။ 


"တာအိုရောင်းရင်းလေးယဲ့..မင်းဘာလုပ်နေတာလဲ..ငါတို့အဲဘက်ကပဲလာတာမဟုတ်ဘူးလား..အဲမှာရှာကြည့်ခဲ့ပေမယ့် ချင်စန်းရှီရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရဘူးလေ..ဘာလို့ချန်းအန်ကို ပြန်ပြေးဖို့လုပ်နေတာတုန်း"


ယဲ့ကျင်းကျီ၏အကြည့်မှာလေးလံနေခဲ့လေသည်။


"ဒီဂျူနီယာမှာ ကိစ္စရှိလို့ပါ"


ဆရာတော်ပုရှင်းမှာ တွေးပင်မတွေးပဲ မေးလိုက်မိသည်။


"အင်ပါယာသင်္ချိုင်းဂူကနေ ချင်စန်းရှီလွတ်သွားတာထက် ပိုအရေးကြီးတဲ့ကိစ္စရှိသေးလို့လား"


ယဲ့ကျင်းကျီမှာခေါင်းကိုလေးလံစွာညိတ်လာခဲ့သည်။ 


"အင်း"


ဆရာတော်ပုရှင်း" အာ..ဘာများဖြစ်လို့လဲ"


ယဲ့ကျင်းကျီမှာ တစ်လုံးချင်းစီအလေးအနက်ဆိုလာခဲ့လေသည်။


"သူ့အရေးကကျွန်တော့်အတွက် ကျွန်တော့်အသက်ထက် အရေးကြီးတယ်"


ဆရာတော်ပုရှင်း အလွန်ရှော့ခ်ရသွားလျက် ယဲ့ကျင်းကျီအား ဆွဲထားသော လက်ကို လွှတ်လိုက်မိလေသည်။


လွန်ခဲ့သော နှစ်၂၀ခန့်က ရီလင်းကျစ်မှာ သူ၏တပည့်ဖြစ်သူအား မစဥ်းစားပဲပြောလိုက်မိသော စကားများမှာ တပည့်ဖြစ်သူ၏ ရင်ထဲတွင် ရေးထွင်းထားလျက် အိမ်ထောင်ဦးစီးယောကျာ်းတို့၏ ဥပမာတစ်ခုဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့လိမ့်မည်မဟုတ်ချေ။ 


"ဇနီးအရေးက မင်းအရေးပဲ မင်းအရေးကလည်း မင်းအရေးပဲ..ဆရာ့ယဲ့အကြီးဆုံးနောင်တက အဲဒီတုန်းက တာအိုဆရာမလေး ကျစ်ယွမ်ကို မကယ်လိုက်နိုင်ပဲ သူ့ကိုနှစ်၅၀၀မကောင်းဆိုး၀ါး၀ိညာဥ်က၀ါးမြိုသွားတာကို ဒီတိုင်းကြည့်နေခဲ့ရတာပဲ.. ကျင်းကျီ..မင်းသေရမယ်ဆိုရင်တောင် ဇနီးရှေ့မှာသေရမယ်..မင်းရဲ့ဇနီးကို အနိုင်ကျင့်ရဲတဲ့ဘယ်သူမဆို..ထိပါးရဲတဲ့ဘယ်သူမဆို.. မင်းသူတို့ကိုတားရမယ်..မင်းရဲ့အလောင်းကိုကျော်ပြီးမှပဲရမယ်ဆိုတာကို ပြရမယ်"


ပြောပြီးနောက် ရီလင်းကျစ်မှာ သူမကယ်နိုင်လိုက်သော တာအိုဆရာမလေးအကြောင်းကိုတွေးမိလျက် နှစ်၅၀ ၀ိုင်အပြင်းစားကို မော့ချလျက် အိပ်ပျော်သွားတော့သည်။ သူ၏တစ်ဦးတည်းသောတပည့်ကလေးမှာ သူ၏စကားကို သူ၏မှတ်စာအုပ်လေးထဲတွင် သေသေချာချာချရေးလျက် တစ်နေ့တွင်၃ကြိမ်စီရွတ်လာပြီးနောက် သူ၏နှလုံးသားထဲတွင် တဖြည်းဖြည်းစွဲထင်သွားတော့သည်။


မင်းငါ့ဇနီးကိုထိချင်ရင် ငါသေမှပဲရမယ်..


ဆရာယဲ့မှာ ဒုံးပျံတစ်စင်းနှယ် ချင်နှင့်ထန် ရုပ်ရှင်မြို့တော်ထံသို့ ၀ှစ်ခနဲပျံသန်းသွားတော့သည်။




👻