👻 Chapter 42
Viewers 3k

👻Chapter 42




ယဲ့ကျင်းကျီမှာ ရှီကျား၏ထူးဆန်းသော အကြည့်ကို သတိမမူမိပဲ ဆက်၍ပြောလာခဲ့လေသည်။ 


"အဲဒီဟယ့်ရှီပေ့က ထိုက်ဟော်ဓါးထက်တောင်ပို အန္တာရာယ်များသေးတယ်"


အဆုံးတွင် ရှီကျားမမေးပဲမနေနိုင်ခဲ့ချေ။ 


"အဲဒီ ဟယ့်ရှီပေ့က အရမ်းကြီးတဲ့ကျောက်စိမ်းပြားအကြီးကြီးမဟုတ်ဘူးလား"


ယဲ့ကျင်းကျီ သူ့အားတုန်လှုပ်စွာကြည့်လာခဲ့သည်။


"ဘာလို့ အရမ်းကြီးတဲ့ကျောက်စိမ်းပြားကြီးလို့ထင်ရတာလဲ.."


ရှီကျားမှာ ချက်ကျလက်ကျပင်ဆိုလာခဲ့သည်။


"တီဗွီမှာတော့ အဲလိုအမြဲပြတာပဲလေ"


ယဲ့ကျင်းကျီမှာ ရှီကျားကို တွေဝေငေးမောလျက်ကြည့်နေခဲ့လေသည်။ ရှီကျား၏ 'ကျွန်တော်ကိုလာနောက်နေတာလား' ဟူသော အမူအယာကိုကြည့်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်တို့မှာ အသာမြင့်တက်လာခဲ့လေသည်။ သူကစိတ်ရှည်လက်ရှည်ပင်ဆိုလာခဲ့သည်။ 


"ပထမအင်ပါယာက ဟယ့်ရှီပေ့ကိုရပြီးတော့ ချင်ပြည်ထောင်ရဲ့ကျောက်စိမ်းတံဆိပ်တုံးအဖြစ်ပြောင်းလိုက်တယ်..နောက်ဆုံးကျတော့ ကျိရင်က အဲဒီကျောက်စိမ်းတံဆိပ်ကို ဟန်ကောင်းကျူ (ဟန်အင်ပါယာ) လျိုဖန်းဆီပေးခဲ့တယ်လေ။ ဘယ်သူကမှဟယ့်ရှီပေ့ကို ၀ိုင်း၀ိုင်းပဲလို့မပြောခဲ့ကြဘူး..ဒါပေမယ့် ဟယ့်ရှီပေ့တစ်ခုလုံးကို တော်၀င်တံဆပ်တုံးအဖြစ်ပြောင်းလိုက်တာမဟုတ်ဘူး..ကျန်တဲ့အပိုင်းတွေရှိနေတုန်းပဲ"



ရှီကျား"...." 


ငါ့ရဲ့သုံးဖက်မြင်ကတော့ ဖျက်ဆီးခံလိုက်ရပြန်ပြီ..တီဗွီပေါ်ကဟာတွေက တစ်စက်မှယုံကြည်လို့မရဘူးပဲ..


သူတို့၂ယောက်သား အတော်ကြာလျှောက်လာခဲ့ကြလေသည်။ သူတို့သည် နာရီကျော်ကြာမျှ ရုပ်ရှင်မြို့တော်တွင်လျှောက်ရှာနေခဲ့သော်လည်း ကျိရင်၏အရိပ်အယောင်ကိုသော်မျှ မတွေ့ရပါချေ။ ရှီကျားမှာ ရုတ်ချည်း ပြဿနာတစ်ခုကိုသတိရသွားခဲ့လေသည်။


"ဆရာယဲ့.. ကျိရင်ကိုရှာတွေ့တဲ့အကြောင်းကို ရွှမ်းရွှယ်လောကရဲ့တခြားသူတွေကိုပြောပြီးပြီလား"


ယဲ့ကျင်းကျီ"...."


ရှီကျား၏နှုတ်ခမ်းထောင့်တို့ တဆတ်ဆတ်တုန်သွားခဲ့လေသည်။


"....မပြောရသေးဘူးပေါ့"


ယဲ့ကျင်းကျီမှာ သူ၏ဖုန်းကိုထုတ်ယူလျက် 'ghosts know'အား စာတစ်စောင်ပို့လိုက်လေသည်။


တစ်မိနစ်မျှကြာပြီးနောက် ရှီကျားမှာ သူ၏ဖုန်းထံမှ အသိပေးချက်တစ်ခုကိုရရှိခဲ့လေသည်။


【Ghosts Know What I Experienced: တာအိုရောင်းရင်းလေးယဲ့ဆီက အထူးသတင်း...ချင်စန်းရှီကို ချန်းအန်ရဲ့ ထန်နဲ့ချင် ရုပ်ရှင်မြို့တော်မှာ တွေ့လိုက်တယ်တဲ့! 】


ရှန်းယန်သို့ ယခုလေးတင် လေယာဥ်ဆိုက်လာသောဆရာသခင်များ "....." 


သင်္ချိုင်းဂု၏ကောင်းကင်ပေါ်တွင် ၂ရက်လုံးလုံး ကံကြမ္မာတွက်ချက်နေကြသော ထိုက်ကျိကျောင်းမှ တာအိုဆရာများ "....."


ချင်နဲ့ထန် ရုပ်ရှင်မြို့တော်ဟုတ်လား..


မင်းက သရဲတောင်မှ အင်ပါယာသရဲလေကွာ..ရုပ်ရှင်မြို့တော်မှာဘာလုပ်နေတာလဲလို့...


မင်းတို့ပြည်ထောင်ရဲ့ မြို့တော် ရှန်းရန်ကိုသွားနေသင့်တာမဟုတ်ဘူးလား..မဟုတ်ရင် မင်းလည်းသရုပ်ဆောင်ဖြစ်ချင်လို့လား..


'Ghosts know'၏ တရား၀င်ပို့စ်အောက်တွင် လူတိုင်းမှာ ချင်စန်းရှီ၏၀တ္တရားပျက်ကွက်မှုကို အပြစ်တင်နေခဲ့ကြလေသည်။ 


ကိုယ့်ပြည်ထောင်တဲ့မြို့တော်ဟောင်းကိုသွားပြီး အတိတ်ကိုလည်းပြန်မတမ်းတ..မကောင်းဆိုး၀ါး၀ိညာဥ်တစ်ကောင်လိုလည်းမပြုမူတဲ့အပြင် ရုပ်ရှင်မြို့တော်မှာ သရုပ်ဆောင်သွားလုပ်နေသေးတယ်..


 á€á€á€šá€á€›á€Źá€¸ ပျက်ကွက်မှုပဲ...


၁၀မိနစ်မျှကြာပြီးနောက် အဝေးတစ်နေရာကောင်းကင်ပေါ်မှ လူအုပ်ကြီးတစ်အုပ်ပျံသန်းလာခဲ့လေသည်။


ရှီကျားမှာ ထိုကောင်းကင်ပေါ်မှ လူအုပ်ကြီးကိုလှမ်းမြင်လိုက်ရသည်နှင့် ယဲ့ကျင်းကျီအားအထိတ်တလန့်ဖြင့်ကြည့်လိုက်မိလေသည်။


"သူတို့ဒီလိုကြီးပျံလာကြတော့မှာလား..အောက်ကသာမာန်လူတွေမြင်သွားမှာမကြောက်ဘူးလား"


သူ့စကားမဆုံးခင်မှာပင် တစ်စုံတစ်ယောက်မှ အမှန်တကယ် အံ့သြတကြီး ရေရွတ်လာခဲ့လေသည်။


"ငလူး..တိမ်မည်းလိပ်ကြီးတွေလာနေတယ်ဟ"


ယဲ့ကျင်းကျီမှာ သူ၏လက်ချောင်းများကို ဖြတ်ခနဲလှုပ်ရှားလျက် ရွှေရောင်အလင်းတစ်လွှာလွှမ်းခြုံစေလိုက်လေသည်။ ကောင်းကင်ပေါ်မှ လူအုပ်ကြီးမှာ အရိပ်အယောင်ပင် မကျန်ရစ်ပဲ ပျောက်ကွယ်သွားခဲ့လေသည်။


"သူတို့ အမြန်ထွက်လာခဲ့တော့ ကိုယ်ယောင်ဖျောက်ထားဖို့ မေ့သွားကြတယ်ထင်တယ်"


ရှီကျားနှင့်ယဲ့ကျင်းကျီမှာလည်း ရုပ်ရှင်မြို့တော်မှထွက်ခွာလာပြီး ရတက်မအေးနိုင်သော ဆရာသခင်တသိုက်ကို မျက်နှာချင်းဆိုင်လိုက်ကြရလေသည်။


ဤမျှများပြားသော ရွှမ်းရွှယ်လောကကလူများကို တွေ့ရခြင်းမှာ ရှီကျားအတွက် ပထမဆုံးအကြိမ်ဖြစ်လေသည်။ ဤဆရာသခင်အုပ်ကြီးမှာ ကောင်းကင်ကိုဖြတ်လျက်ပျံသန်းလာခဲ့ကြသည်။ လူတိုင်းမှာ အသက်၆၀ကျော်လောက်ရှိကြပြီး ဆံပင်ဖြူမုတ်ဆိတ်ဖြူများကိုယ်စီနှင့်ဖြစ်ကြလေသည်။ တချို့မှာ တာအို၀တ်ရုံ ဘုန်းတော်ကြီး၀တ်ရုံများ၀တ်ဆင်ထားသော်လည်း တချို့မှာတော့ အားကစား၀တ်စုံနှင့် gymအင်္ကျီများကို၀တ်ဆင်ထားကြလေသည်။ ထိုအထဲတွင် ကျောပြင်၌ "သာ့လျန်မြို့တော် ရှင်းဟိုင် ပထမဆုရရင်ပြင်အကအဖွဲ့"ဟု နှင်းဆီနီရောင်စာလုံးကြီးများရိုက်နှိပ်ထားသော ရင်ပြင်အက၀တ်စုံကို၀တ်ဆင်ထားသည့် အန်တီကြီးတစ်ဦးပင်ပါ၀င်နေသေးသည်။


အန်တီရင်ပြင်အကကတာ လူတွေမသိမှာစိုးလို့လား..


ယဲ့ကျင်းကျီကိုတွေ့သည်နှင့် မုတ်ဆိတ်ဖြူများနှင့် တာအိုဆရာကြီးတစ်ဦးမှာ လေးနက်သောအမူအယာဖြင့် ရှေ့သို့တက်လာခဲ့လေသည်။


" 'ghosts know'ကသတင်းကိုတွေ့ပြီးကြပါပြီ..တာအိုရောင်းရင်းလေးယဲ့ မင်းဒီရုပ်ရှင်မြို့တော်ကို ဘာလို့ရောက်လာတာလဲ..ချင်စန်းရှီက ဒီမြို့ထဲမှ ပုန်းနေတာလား..သူနဲ့မင်းနဲ့ချပြီးကြပြီလား"


ယဲ့ကျင်းကျီမှာ သူတို့အား ချင်စန်းချင်နဲ့သူ၏တိုက်ပွဲနှင့်အတူ ဖြစ်ပျက်ခဲ့သည်တို့ကိုပြောပြလိုက်လေသည်။


စန်းရှို့ကျန်းကျွင်းမှာ မျက်ခုံးတို့တင်းကြပ်စွာစုကျုံ့သွားလေသည်။


"ထိုက်ဟော်ဓါးလား..အဲဒီဓါးကထိုက်ဟော်ဓါးဆိုတာသေချာရဲ့လား..ပြီးတော့ အဲဒီကျောက်စိမ်းပြားက တကယ်ပဲ ၀ူရှန်းချင်းလီရဲ့အစီအရင်ကိုတောင် ထိုးဖောက်နိုင်တယ်ပေါ့..ဒါဆို အဲဒါကကျိန်းသေပေါက်ရတနာတစ်ခုခုပဲ..ဟယ့်ရှီပေ့ဟုတ်မဟုတ်ပဲ မသေချာတာ.."


ယဲ့ကျင်းကျီကဆိုသည်။ 


"ယင်ကျိရင်ကရုပ်ရှင်မြို့တော်မှာမဟုတ်တော့ဘူး..ကျွန်တော် ရုပ်ရှင်မြို့တော်တစ်ခုလုံးကို အခုလေးတင်ရှာပြီးပြီ"


ဤတစ်ကြိမ်တွင် ရှီကျားမှာ စကားပြောလာသူကို ကျိန်းသေပေါက်သိလေသည်။ ၄င်းမှာ 'အသိဥာဏ်ထက်ပိုက်ဆံကပိုပေါတယ်ကွာ' ဟူသောဆောင်ပုဒ်ကိုလက်စွဲကိုင်ထားသော ကျူးကျောက်ကျန်းရန်ဖြစ်ကာ သူများတကာ၏အိမ်တံခါးကို မပြောမဆိုနှင့် အပေါက်ဖောက်လျက် လျော်ကြေးတစ်သန်းကျော်ကိုပုံပေးခဲ့သူလည်းဖြစ်သည်။


"ဒီရုပ်ရှင်မြို့တော်ကဒီလောက်တောင်မှကြီးတာ..မင်းနေရာစုံဘယ်လိုလုပ်လိုက်စစ်ကြည့်နိုင်မှာလဲ..ငါတို့သေချာရှာကြည့်လိုက်ဦးမယ်..ချင်စန်းရှီ ဒီမှာရှိရင်ရှိနေဦးမှာပေါ့"


ယဲ့ကျင်းကျီ၏လေသံမှာ ပကတိတည်ငြိမ်နေခဲ့လေသည်။


"ကျွန်တော်တို့တစ်နာရီလောက်ကို တစ်မြို့လုံးကိုပတ်ကြည့်ပြီးပါပြီ"


ကျူးကျောက်ကျန်းရန်မှာ သူ၏မျက်လုံးတို့ကိုပြူးလျက်ဆိုလာခဲ့သည်။ 


"တစ်နာရီဟုတ်လား..မင်းတို့ယင်ကျိရင်ကို လွန်ခဲ့တဲ့ ၁နာရီကတည်းက တွေ့ခဲ့တာပေါ့.."


ယဲ့ကျင်းကျီ"....."


ရှီကျား"...."


ပေါ်သွားပြီကွ.. အတိအကျပြောရရင်လေ..လွန်ခဲ့တဲ့၁နာရီကမဟုတ်ပဲ ၂နာရီကပါဗျ..


ယဲ့ကျင်းကျီ၏ ခွန်အားမှာအလိုလိုစကားပြောသွားခဲ့သည်။ သူကိုယ်တိုင်က ဂရုတစိုက်ရှာဖွေကြည့်ပြီးဖြစ်လေရာ ချင်စန်းရှီမှာ ရုပ်ရှင်မြို့တော်မှ အမှန်တကယ်လွတ်မြောက်သွားခဲ့ပြီးဖြစ်နိုင်လေသည်။ အခြေအနေမှာ နောက်တစ်ကြိမ်ပင် မတိုးသာမဆုတ်သာ ဖြစ်လာခဲ့ပြန်သည်။ ချင်စန်းရှီ၏ တည်နေရာကိုရှာရန်တွေးမိရုံဖြင့် ဆရာသခင်များ၏ခေါင်းကို ကိုက်ခဲလာစေလေသည်။


လူတိုင်းခေါင်းကိုက်နေကြစဥ် ဆရာတော်ပုရှင်းမှာ ရှန်းယန်အပြေးရောက်ရှိလာခဲ့လေသည်။ ရောက်သည်နှင့် သူကတိုက်ရိုက်မေးမြန်လာခဲ့သည်မှာ..


"ချင်စန်းရှီ..ဘယ်မှာလဲ ချင်စန်းရှီ"


နောက်ကျမှထပ်ရောက်လာသော ချီရှန်းတောက်ရန်..


"ငလူး..ဒီလူအိုကြီး တနေ့လုံးတစ်ညလုံး အစီအရင်ထဲ ခြေသလုံးတောင့်အောင်ရပ်နေခဲ့ရတာ..အဲဒီချင်စန်းရှီကိုအခုခေါ်လိုက်စမ်း.. ဒီအဘိုးကြီးက ကောင်းကင်ဘုံမိုးကြိုး ၅စင်းပစ်ပြီး သူ့အဖေကြီး ချင်ရှီဟွမ်တောင် မမှတ်မိအောင်လုပ်ပေးလိုက်မယ်"


စန်းရှို့ကျန်းကျွင်းကဆိုလာခဲ့သည်။ 


"တာအိုရောင်းရင်းတို့ အခြေအနေကအဲလောက်မရိုးရှင်းပါဘူး..တာအိုရောင်းရင်းလေးယဲ့ ပြောပုံအရဆို အခုလွတ်လာတာက ချင်ရှီဟွမ်မဟုတ်ပဲ ချင်စန်းရှီဆိုပေမယ့် ချင်စန်းရှီမှာ ထိုက်ဟော်ဓါးရော ဟယ့်ရှီပေ့ရော တကယ်ကြီးရှိနေတယ်လေ..ပြီးတော့ဟယ့်ရှီပေ့ကစွမ်းလွန်းလို့ ၀ူရှန်းချင်းလီရဲ့ အစီအရင်ကိုတောင် တစ်ချက်တည်းနဲ့ဖောက်ထွက်နိုင်တယ်တဲ့"


ချီရှန်းတောက်ရန်မှာ ရုတ်ချည်းတန့်သွားခဲ့လေသည်။


"အာ..အဲလောက်တောင်စွမ်းတာလား"


စန်းရှို့ကျန်းကျွင်း" တာအိုရောင်းရင်းချီရှန်း..?"


ချီရှန်းတောက်ရန် ခြောက်ကပ်စွာရယ်လိုက်လေသည်။ 


"အဲ..ဒီအဘိုးကြီး ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ကြနော် ဘာမှမပြောလိုက်မိဘူးရယ်"


လူတိုင်း"...."


ရှီကျား"....."


ချီရှန်းတောက်ရန်မှာ ကို့ရို့ကားယားပင်ရယ်မောလိုက်လေသည်။ သူကရှက်ကိုးရှက်ကန်းဖြင့် ဟိုဟိုသည်သည်လျှောက်ကြည့်နေမိစဥ် ယဲ့ကျင်းကျီဘေးတွင် ရပ်နေသော ရှီကျားကိုတွေ့သွားခဲ့လေသည်။ ချီရှန်းတောက်ရန်လည်း စကားလမ်းကြောင်းကိုလွှဲရန်ကြိုးစားလိုက်လေသည်။ 


"ဒီကတာအိုရောင်းရင်းလေးကို ဘာလို့တစ်ခါမှမတွေ့ဖူးတာပါလိမ့်..ဘယ်ဂိုဏ်းမှာလေ့လာနေတာလဲဟင်..ရောင်းရင်းလေးကို ရင်းနှီးနေသလိုလိုပဲ..အရင်ကတွေ့ဖူးကြသေးတာလား.."


ချီရှန်းတောက်ရန်ကအစဖော်လိုက်သည်နှင့် ကျန်ဆရာသခင်များ၏ အကြည့်များမှာလည်း ရှီကျားထံရောက်ရှိလာကြတော့သည်။ သူဘာဘာမှမပြောခဲ့လျှင် မေ့လျော့ကောင်းမေ့လျော့နေနိုင်သော်လည်း ယခူသူကထုတ်ပြောလိုက်လေရာ သူတို့အားလုံးလိုလိုပင် ရှီကျားကို အတော်ရင်းနှီးနေသလိုခံစားလိုက်ရလေသည်။ 


စန်းရှို့ကျန်းကျွင်းမှာ ရှီကျားကိုအတော်ကြာကြည့်နေသော်လည်း မည်သည့်နေရာတွင် မြင်ဖူးခဲ့မှန်းတွေးမရဖြစ်နေခဲ့လေသည်။ ထိုက်ကျိကျောင်းမှ ကျူးဖုန်းကျန်းရန်မှာမူ သူ၏လက်ချောင်းများကို အသုံးပြုလျက်ပင် ရှီကျားအားမည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကိုတိုက်ရိုက်တွက်ချက်လိုက်တော့သည်။


ကျူးကျောက်ကျန်းရန်တစ်ယောက်တည်း၏မျက်နှာကသာ တမဟုတ်ချင်းမည်းမှောင်လာလျက် ရှီကျားနှင့် ယဲ့ကျင်းကျီအား မျက်စောင်းကြီးဖြင့်စိုက်ကြည့်နေခဲ့လေသည်။


ဒီသနားစရာတာအိုဆရာကြီးရဲ့ ငွေတစ်သန်း ...


ဒီတာအိုဆရာကြီးရဲ့ pointတစ်သိန်းကျော်...


အား...ဒီတာအိုဆရာကြီးက မင်းတို့၂ယောက်နဲ့တစ်မိုးအောက်ထဲမှာ အတူမရှိနိုင်တော့ဘူးကွ ...



ရှီကျား၏မျက်နှာပေါ်တွင်လည်း အနက်ရောင်မျဥ်းကြောင်းများနှင့်ပြည့်နှက်လာပြီး ချက်ချင်းပျောက်ကွယ်သွားရစေရန်ဆုတောင်းနေမိသည်။ သို့သော် သူမလှုပ်ရှားနိုင်ခင်မှာပင် ကျူးဖုန်းကျန်းရန်က အမှန်တရားကိုတွက်ထုတ်နိုင်ခဲ့လေသည်။ 


"အာ..'ghosts know'ကဟိုတစ်ခါတင်ဖူးတဲ့ သတင်းထဲကာ တာအိုရောင်းရင်းလေးယဲ့ရဲ့ ဇနီးလောင်းပဲ"


တစ်ယောက်ကအစဖော်လိုက်သည်နှင့် ကျန်လူများ၏မှတ်ဥာဏ်များလည်း အသီးသီးဖောက်ခနဲပွင့်ကျလာခဲ့လေသည်။ 


"ဟုတ်သား..ဒီမျက်နှာ..ဒီအဘိုးကြီးမှတ်မိပြီ..'ghosts know'က တာအိုရောင်းရင်းလေးယဲ့ရဲ့ ဇနီးလောင်းဆိုပြီးတင်ပေးဖူးတာပဲ"


"ဒီဘုန်းဘုန်းလည်းမှတ်မိပြီ..မမှားနိုင်ဘူး"


"သူ့ကိုအရမ်းရင်းနှီးနေသလိုခံစားနေရတာမထူးဆန်းတော့ပါဘူး..'ghosts know'မှာ ဒီတာအိုရောင်းရင်းလေးရဲ့ပုံကိုမြင်ဖူးထားတာကိုး"


ရှီကျား"....!!!"


ယဲ့ကျင်းကျီမှာ ထိုပြန်ဖျက်ခံလိုက်ရသောသတင်းမှားအကြောင်းကို မသိရှိသေးချေ။ 


"ကျွန်တော့်ဇနီးလောင်းလား.."


ချီရှန်းတောက်ရန်ကရယ်လိုက်သည်။


"အတိတ်ကဟာတွေပါ..တာအိုရောင်းရင်းလေးယဲ့ အာရုံစိုက်နေဖို့မလိုတော့ပါဘူး.."


ယဲ့ကျင်းကျီမှာ အဘယ်မှာ အာရုံမစိုက်ပဲနေနိုင်လိမ့်မည်နည်း။


" 'ghosts know'ကကျွန်တော့်ရဲ့ ဇနီးလောင်းကိုဘယ်လိုသိ..."


"ဟုတ်ပါ့ ဟုတ်ပါ့ ဟုတ်ပါ့..အတိတ်ကကိစ္စတွေပဲလေနော်..." 


ရှီကျားမှာ ရှက်ရွံ့လွန်း၍ သူ၏ခေါင်းအားတွင်းတစ်တွင်းတူးကာသာ ထိုးစိုက်ထားချင်လိုက်မိလေသည်။


"ဆရာကြီးတို့ လောလောဆယ် ချင်စန်းရှီကိုဖမ်းဖို့အရေးကိုပဲ အာရုံစိုက်သင့်တာမလား..ဆရာယဲ့ရဲ့ဇနီးလောင်းကအဲလောက်အရေးမကြီးပါဘူး..အရေးကြီးတာက ချင်စန်းရှီဘယ်မှာလဲ ရှာဖို့ပဲ"


ဆရာသခင်များမှာ လျင်မြန်စွာပင် ထောက်ခံလျက်ခေါင်းညိတ်လာခဲ့ကြလေသည်။ သူတို့သည်အရေးကြီးသည့်ကိစ္စကိုနားလည်ကာ လုံး၀အတင်းအဖျင်းကိုစိတ်၀င်စားသူများမဟုတ်ရပါချေ။


ရှီကျားမှာ အလွန်ဖြောင့်မတ်မှန်ကန်ပုံရသော ခေါင်းဆောင်ဖြစ်သူ စန်းရှို့ကျန်းကျွင်းအပါအ၀င် ဆရာသခင်တစ်အုပ်လုံးအား နှုတ်ဆိတ်လျက်သာကြည့်နေမိလေတော့သည်။


ဖေးယွီပြောခဲ့ပုံအရဆိုလျှင် ထို'ghosts know'တင်ခဲ့သော သတင်းမှာ ၁၀မိနစ်မျှသာခံခဲ့ပြီး သတင်းတုမှန်းဖော်ထုတ်ခံရပြီးနောက်ချက်ချင်းဖျက်ချခံလိုက်ရလေသည်။ သို့ဆိုလျှင် ဤဆရာသခင်များမှာ သူ့ပုံကိုမည်သည့်နေရာမှတွေ့ခဲ့ကြပါသနည်း။ 


'Ghosts know'ကသာအဲဒီသတင်းကိုမတင်ခဲ့ရင် ခင်များတို့ကသိချင်စိတ်ကြောင့် ခေါင်းတောင်ယားမနေတော့ဘူးပေါ့လေ..


ချီရှန်းတောက်ရန် သူ၏၀တ်ရုံလက်ကိုခါလိုက်ကာ ဖြောင့်မတ်မှန်ကန်စွာဆိုလာခဲ့လေသည်။


"၀တ္တရားတွေနဲ့အလုပ်တာ၀န်တွေကအရေးကြီးတာပေါ့ကွာ..ဒီအဘိုးကြီးဆို အဲဒီလိုအခြေအမြစ်မရှိတဲ့ အတင်းအဖျင်းတွေကိုဘယ်တော့မှမဖတ်ဘူးကွ" 


ခင်များရဲ့အသိစိတ်ကမနာကျင်ဘူးလားဗျ..


ရွှမ်းရွှယ်လောကတွင်အမှန်တကယ် ယုံကြည်ကိုးစားရသောသူရှိမရှိကိစ္စကိုဘေးဖယ်ထားလိုက်လျှင် သူတို့ချင်စန်းရှီကို ရှာတွေ့လိုပါက ယခင်ကကဲ့သို့ ကျီးကန်းတောင်မှောက်လိုက်ရှာ၍မရချေ။ ချင်စန်းရှီမှာ ရှန်းယန်သို့မသွားခဲ့သလို ချန်းအန်သို့လည်းမသွားခဲ့ချေ။ ထိုအစား ချင်နှင့်ထန်ရုပ်ရှင်မြို့တော်ကိုသာ ရောက်လာခဲ့လေသည်။ ထိုထဲတွင် သဲလွန်စအကြီးကြီးပါရှိလောက်သည်။


ချန်းအန်တွင်နေထိုင်နေသော ကျိရှင်းကျန်းရန်ကဆိုလာခဲ့သည်။


"ငါ့တင်းဟိုင်ဂိုဏ်းကသင်္ချိုင်းဂူနဲ့ နှစ်ပေါင်း ၃၀၀ကျော်ရေစက်ရှိတယ်..ဒီနေ့ငါ့ရဲ့ဂိုဏ်းတူညီလေးက နှစ်၃၀၀မကောင်းဆိုး၀ါး၀ိဥာဥ်ကဘာလို့ သင်္ချိုင်းဂူထဲကို ၀င်သွားလဲဆိုတာ တွက်ချက်လို့ရခဲ့ပြီ..အဲ..သင်္ချိုင်းဂူရုတ်တရက်ဘယ်လိုပေါ်လာလဲဆိုတာ မှတ်မိကြသေးလား မေ့ကုန်ကြပြီလားတော့ မသေချာဘူးရယ်"


ကျူးဖုန်းကျန်းရန်ကဆိုလာခဲ့သည်။ 


"လွန်ခဲ့တဲ့ နှစ်ပေါငိး ၃၂၁နှစ်တုန်းက ပင်းဇီနွေဦးရာသီမှာ ငါတို့ဂိုဏ်းရဲ့အကြီးအကဲက ချန်းအန်မှာလှုပ်ခတ်မှုကြီးတစ်ခုဖြစ်လိမ့်မယ်လို့ တွက်မိခဲ့တယ်လေ.. ပြီးတော့ရွှမ်းရွှယ်လောကကလူတွေလည်း ချန်းအန်ကိုတစ်ချက်ကြည့်ဖို့ဆိုပြီး ရောက်လာကြတာပေါ့..သူတို့သိခဲ့တာကတော့ ဂူဖောက်တဲ့သူခိုး၂ယောက်က အင်ပါယာသင်္ချိုင်းဂူကိုတူးတဲ့အချိန် နည်းမှားတူးမိပြီး သင်္ချိုင်းဂူရဲ့ဂိတ်မှာ အမှတ်အသားချန်ထားမိခဲ့တယ်ဆိုတာပဲ"




👻