Chapter 18
Viewers 4k

🏡 Chapter 18

မိဘများနှင့် တွေ့ဆုံခြင်း



သူမ၏ ယခင်ဘဝတွင် ၁၉၈၀ခုနှစ်အကုန်၌ စွင်းကျင်ရှန်းက စက်ရုံမှအလုပ်ထွက်ပြီး စီးပွားရေးအသေးစားမျိုးစုံကိုလုပ်ကိုင်ခဲ့သည်။ သို့သော် သူ မအောင်မြင်ခဲ့ပေ။ ထိုအချိန်တွင် သူတို့နိုင်ငံက တရှိန်ထိုးတိုးတက်နေသောအချိန်ဖြစ်ကာ မြို့ကြီးများ၌ ကုန်ပစ္စည်းဝယ်လိုအားများ အလွန်မြင့်တက်လာခဲ့သည်။


ထိုကာလအတွင်းတွင် ‌လှေဖြင့်ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းမှာ အတော်လေးအမြတ်ရသောလုပ်ငန်း ဖြစ်ခဲ့သည်။


ထိုအချိန်က တစ်စုံတစ်ယောက်သည် လှေတစ်စီးဝယ်ပြီး မြစ်ကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ခဲ့ရာ တစ်နှစ်အတွင်း ယွမ်နှစ်သောင်းကျော် ရရှိခဲ့၏။


အုတ်နှင့်ကြွေပြားစက်ရုံမှ လှေဖြင့်သယ်ပို့ရာတွင် အတွေ့အကြုံရှိခဲ့သည့် စွင်းကျင်ရှန်းက သူ့စုဆောင်းငွေအားလုံးကိုထုတ်သည့်အပြင် ဆွေမျိုးများဆီကပါ ပိုက်ဆံချေးခဲ့ပြီး လှေတစ်စီးဝယ်ရန် လူတစ်ယောက်နှင့်ပါတနာလုပ်ခဲ့ကြသည်။ သူက လူများအတွက် ပစ္စည်းသယ်ပို့ရာတွင်ကူညီပေးခဲ့ကာ သူတို့၏အုတ်နှင့်ကြွေပြားစက်ရုံမှ မြို့ထဲရှိဘိလပ်မြေစက်ရုံစသဖြင့် အပြန်အလှန်ပို့ဆောင်ခဲ့သည်။


ထိုလုပ်ငန်းက အမှန်တကယ်ပိုက်ဆံရသော်လည်း လက်ရှိကာလတွင် လူများက ဆင်းရဲမွဲတေနေသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ပိုက်ဆံရှာနိုင်သည့်နည်းလမ်းတစ်ခုရှိလာသည်နှင့် လူတိုင်းက လုပ်ချင်လာကြသည်။


စွင်းကျင်ရှန်းကဲ့သို့ လှေလုပ်ငန်းလုပ်သူများ များပြားလာပြီး သူရနိုင်မည့်ငွေများ လျော့ကျလာ၏။ သူအပြင်ဘက်တွင် လှေလုပ်ငန်းလုပ်သည့် အချိန်များကလည်း ပိုပိုများလာခဲ့သည်။


တစ်ခေါက်တွင် သူလှေထွက်သွားပြီး ဘယ်တော့မှပြန်မရောက်လာတော့ပေ။


သူက တစ်ယောက်ယောက်နှင့် အငြင်းပွားကာ လှေပေါ်၌ ဓားထိုးခံရပြီး မြစ်ထဲပစ်ချခံလိုက်ရသည်ဟု နောက်ပိုင်းတွင်ကြားရ၏။


ထိုအချိန်တွင် ကျန်းလီယွင်က ရှဲ့ဇူကန်းနှင့်ကွာရှင်းခါစဖြစ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေခဲ့၏။ လူအများက သူမနှင့်ရှဲ့ဇူကန်းအကြောင်း ဝေဖန်ပြော‌ဆိုခဲ့ကြသည်။ စွင်းကျင်ရှန်းသေသွားသောအခါ သူမနှင်ရှဲ့ဇူကန်းတို့အကြောင်း မပြောကြတော့ဘဲ စွင်းကျင်ရှန်းအကြောင်းသာ ပြောလာကြသည်။


စွင်းကျင်ရှန်း ဆုံးသွားသောအချိန်တွင် လက်မထပ်ရသေးရသဖြင့် အတော်လေးသနားစရာကောင်းလှသည်။


ဤကာလများတွင် စတီးထုတ်လုပ်ရေးက မများသေးသဖြင့် ဒယ်ပြားနှစ်ခု၏တန်ဖိုးက အနာဂတ်ကာလနှင့်ယှဉ်ပါက တကယ်ကို များပြားလှသည်။


ထိုသို့ဆိုလျှင်ပင် ဈေးက မကြီးသေးပေ။ သူမက ဒယ်ပြားနှစ်ခုလုံးယူရန် ဆုံးဖြတ်လိုက်သည်။


ဖုန်းရီက ယခုချိန်တွင် စိတ်နည်းနည်းပြန်ငြိမ်သွားပြီဖြစ်ကာ စွင်းကျင်ရှန်းကို မေးလိုက်သည်။

“အစိကိုစွင်း ဒီဒယ်အိုးနှစ်လုံးက ဘယ်လောက်လဲ…”


စွင်းကျင်ရှန်း :“တစ်အိုးကို22ယွမ်…”


“ကျွန်တော် ပိုက်ဆံသွားယူလိုက်ဦးမယ်…”

ဖုန်းရီက ချက်ချင်းပင် ပိုက်ဆံယူရန်ပြေးထွက်သွားသည်။


ထိုအချိန်မှသာ စွင်းကျင်ရှန်းက ကျန်းလီယွင်ကိုသေချာမြင်သွားသည်။ သူက ကိုင်ထားသည့်ဘောင်းဘီစကိုလွှတ်ကာ စတိုင်ထုတ်ထားသည့်ဆံပင်ကိုသပ်ပြီး သူ့စိတ်ထဲတွင် ဆွဲဆောင်မှုရှိသည်ဟု ထင်နေသည့်ပုံစံ လုပ်ပြလိုက်သည်။

“ဒါနဲ့ ဒီကဘယ်သူများလဲ…”


“ကျွန်မက ကျန်းလီယွင်ပါ ဒယ်အိုးဝယ်ဖို့ကူညီပေးလို့ကျေးဇူးတင်ပါတယ်…”

ကျန်းလီယွင်က ပြုံးပြလိုက်သည်။


“မင်းက ကျန်းလီယွင်လား…”

စွင်းကျင်ရှန်းက အံ့ဩတကြီးကြည့်လိုက်မိသည်။


ဒါက ရှဲ့ဇူကန်းကိုငြင်းခဲ့တဲ့ ‌ကျန်းလီယွင်ဆိုတဲ့ကောင်မလေးပဲ…


အမြင်ကောင်းရှိတယ်…


“ဖုန်းရီ ပြောသလောက်ဆိုရင် မင်းဒယ်အိုးဝယ်တာက ဆိုင်တစ်ဆိုင်ဖွင့်မလို့ဆို ဟုတ်လား…”

စွင်းကျင်ရှန်းက မေးလိုက်သည်။


“ဟုတ်ပါတယ် ကျွန်မက ဖက်ထုပ်ကြော်ဆိုင်လေးတစ်ဆိုင်ဖွင့်ချင်နေတာ…”

ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။


“ဘယ်သူမှမဝယ်ရင် ဘယ်လိုလုပ်မလဲ…”

စွင်းကျင်ရှန်းက မေးကြည့်လိုက်သည်။


“အဲ့ဒါဆို ကျွန်မ အခြားဟာတစ်ခုခု ပြောင်းရောင်းမှာပေါ့…”

ကျန်းလီယွင်က ပြန်ဖြေလိုက်သည်။


စွင်းကျင်ရှန်းက စက်ရုံအလုပ်မှထွက်ကာ စီးပွားရေးတစ်ခုစချင်သည်ဟု အမြဲတွေးနေခဲ့၏။ သို့သော် လူတိုင်းက သူ့ကိုစက်ရုံမှာသာ အလုပ်ဆက်ဝင်ရန် အကြံပြုခဲ့ကြသည်။


သူ့လိုမျိုး ကိုယ်ပိုင်စီးပွားရေးလုပ်ချင်နေသည့် သူတစ်ယောက်နှင့်ကြုံလိုက်ရသဖြင့် သူတို့နှစ်ယောက်က အချင်းချင်းစကားပြောရင်း ပို၍ စိတ်အားတက်ကြွလာကြသည်။


စွင်းကျင်ရှန်း :“ငါ သတင်းနည်းနည်းစုံစမ်းထားတယ်… မြို့ထဲမှာဆိုင်ဖွင့်ကာ အမြတ်များတယ်ဆိုပဲ… တချို့ဆိုရင်မြို့ထဲမှာ ဆိုင်တစ်ဆိုင်ဖွင့်ရုံနဲ့တင် တစ်နေ့ကိုယွမ်40-50နီးပါးရကြတယ်…”


“မြို့ထဲမှာ လူ‌အများကြီးနေကြတော့ ဝယ်သူလည်းများတာပေါ့…”


“ဟုတ်တယ် ဒီမှာက လူနည်းနည်းပဲရှိတာ…”

သူတို့စကားပြောသည်က ကြာလေလေ စွင်းကျင်ရှန်း၏ ကျန်းလီယွင်အပေါ် သဘောကျမှုများက ပိုပိုတိုးလာလေပင်ဖြစ်သည်။


သူက အမြဲပင်မိန်းမလှလေးနှင့် ချိန်းတွေ့ချင်နေခဲ့၏။ ကျန်းလီယွင်က အလွန်လှပေသည်။


စွင်းကျင်ရှန်းက ထိန်းမထားနိုင်တော့ဘဲ ထုတ်မေးလိုက်သည်။

“ကျန်းလီယွင် မင်းမှာကောင်လေးရှိလား…”


ဖုန်းရီက ပြန်ရောက်ရောက်ချင်းပင် ထိုမေးခွန်းကိုကြားသွားပြီး ကမန်းကတန်းအော်ပြောလာ၏။

“ရှိတယ် ကျွန်တော်ကသူ့ကောင်လေးနော်… ”


ထိုသို့ပြောကာ သူက စွင်းကျင်ရှန်းကို မကျေနပ်သောအမူအရာဖြင့် ကြည့်လိုက်သည်။


စွင်းကျင်ရှန်း "...."


ကျန်းလီယွင်က ဖုန်းရီခေါင်းကိုပုတ်ကာ ရယ်လိုက်မိသည်။


ဖုန်များ မရှိတော့သောအခါ ခုဏလေးတင် ရန်လိုနေခဲ့သည့်ဖုန်းရီက ချက်ချင်းလိမ်မာသွားပြီး ကျန်းလီယွင်ကို သနားစရာကောင်းစွာကြည့်လာသည်။

“အစ်မလီယွင်...”


ကျန်းလီယွင်က စွင်းကျင်ရှန်းကိုကြည့်ကာ ပြန်ပြောလိုက်သည်။

“ဖုန်းရီနဲ့ကျွန်မက တွဲနေကြတာပါ…”


စွင်းကျင်ရှန်းက ပြန်ပြောလိုက်သည်။

“အင်း သိပြီ...သူ ရုတ်တရက်ကြီး ဆံပင်ညှပ်ဖို့ ပိုက်ဆံသုံးချင်သွားတာ မအံ့ဩတော့ပါဘူး…”


ဖုန်းရီက စွင်းကျင်ရှန်းကို ပိုက်ဆံပေးလိုက်သည်။ ကျန်းလီယွင်က ဒယ်ပြားနှစ်ခုကိုကြည့်ပြီးနောက် ဖုန်းရီကိုပြောလိုက်သည်။

“ဖုန်းရီ ဒီနေ့ နေ့တစ်ဝက်ကိုခွင့်ယူပြီး ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးနော်…”


ဤဒယ်ပြားနှစ်ခုကို သူမတစ်ယောက်တည်း သယ်မသွားနိုင်ပေ။


“ဟုတ်ပါပြီ…”

ဖုန်းရီက နှစ်ခါမစဉ်းစားဘဲ သဘောတူလိုက်ပြီး ချက်ချင်းပင်နေ့တစ်ဝက်ခွင့်ယူရန် ထွက်သွားသည်။


ထိုအချိန်တွင် ကျန်းလီယွင်က ကျန်းလီဟိုင်ကို သွားရှာလိုက်သည်။

“အစ်ကိုကြီး ဒီရက်တွေမှာရှဲ့ဇူကန်းက ပြဿနာရှာသေးလား…”


ကျန်းလီယွင်နှင့် ဖုန်းရီတို့တွဲနေကြသည်ကို သိပြီးကတည်းက ကျန်းလီဟိုင်တစ်ယောက် အဆင်မပြေဖြစ်နေခဲ့သည်။


သူက ဖုန်းရီသည် ကျန်းလီယွင်အတွက် မသင့်တော်ဟုခံစားနေမိသည်။


ကျန်းလီဟိုင်မှာ သူ့ညီမက ချမ်းသာသောမိသားစုတစ်ခုကိုရှာသင့်သည်ဟုမြင်၏။ ဥပမာ-ရှဲ့ဇူကန်းလိုသူမျိုးပင်။


ဖုန်းရီကသူမနှင့် မလိုက်‌ဖက်ပေ။ သူက ကလေးလိုဖြစ်နေသည်။


သို့သော် သူက ကျန်းလီယွင်ကို မည်သို့ပြောရမည် မသိပေ။ သူမက သူပြောသည်များကို တစ်ခါမှနားမထောင်ခဲ့ဖူးပေ။ သူပြောလိုက်ပါက ကံမကောင်းသောသူအပေါ် အထင်မြင်သေးသည်ဟု စည်းကျော်ရာရောက်သွားလိမ့်မည်။


သူ့စိတ်ထဲ အတွေးများနေချိန်တွင် ကျန်းလီယွင်၏မေးခွန်းကို ကြားလိုက်ရသောအခါ ချက်ချင်း‌တိုင်တန်းလာ၏။

“သူက ငါတို့ကိုပြဿနာရှာတာပေါ့ တစ်ချိန်လုံးငါတို့ကိုစောင့်ကြည့်နေတာ…”


ကျန်းလီဟိုင်က သူ့ဒေါသများကို ပေါက်ကွဲပြလာ၏။


ကျန်းလီယွင်က သူမ ရှဲ့ဇူကန်းအား ငြင်းလိုက်ခြင်းမှာ ရှဲ့ဇူကန်းအား ဝမ်းနည်းသွားစေနိုင်ကြောင်းသိသော်လည်း ခိုးပြီး ပြဿနာရှာလာမည်ဟု မထင်ထားခဲ့ပေ။ သူမ၏ယခင်ဘဝတွင် ရှဲ့ဇူကန်းက သူ့ကိုငြင်းခဲ့သည့်ကြင်ဖက်တွေ့သူများအား အိမ်ထဲတွင်သာ ဝေဖန်ပြောဆိုရဲခြင်းဖြစ်သည်။


သို့သော် ရှဲ့ဇူကန်းနှင့် ကြင်ဖက်တွေ့သူအများစုက မိသားစုကောင်းကောင်းမှလာပြီး ကျန်းလီဟိုင်နှင့် ဖုန်းရီကမူ မိသား‌စုနောက်ခံရှိမနေပေ။


ကျန်းလီယွင်က ရှဲ့ဇူကန်း အလွန်အကျွံအထိ လုပ်လာမည်မဟုတ်ကြောင်းသိထားပေသည်။


သူယခင်ဘဝတွင် သူမအား ဆိုင်ကယ်ဖြင့်ဝင်တိုက်ရဲခဲ့သည်မှာ အရက်မူးနေသောကြောင့်ဖြစ်ပြီး ထိုအချိန်တွင်သူကအကြွေးနွံထဲနစ်နေပြီးအခြားဘာမှလည်းမတတ်နိုင်တော့သောကြောင့်ဖြစ်သည်။


ယခုရှဲ့ဇူကန်းကမူ ထိုကဲ့သို့အလွန်အကျွံထိလုပ်ရဲမည်မဟုတ်ပေ။ သူ့တွင် လုပ်နိုင်မည့်စွမ်းရည်လည်း မရှိပေ။


အဖေရှဲ့အတွက်ကမူ....


အဖေရှဲ့က အုတ်နှင့်ကြွေပြားစက်ရုံ၏အခြားခေါင်းဆောင်ပိုင်းမှသူများနှင့် ဆက်ဆံရေးအချို့တည်ဆောက်ထားပြီး တချို့ခေါင်းဆောင်များက ပိုက်ဆံယူထား၍ လူတိုင်းကအချင်းချင်း ကာကွယ်ပေးထားကြ၏။ သို့သော် ရှဲ့ဇူကန်းက ကျန်းလီဟိုင်နှင့်ဖုန်းရီအပေါ် မနာလိုပြီး တစ်ခုခုလုပ်ခဲ့လျှင်မူ အဖေရှဲ့နှင့်စက်ရုံဦးစီးများက ရှဲ့ဇူကန်းကိုကာကွယ်ပေးနိုင်မည်မဟုတ်ပေ။


ကွန်မြူနတီတစ်ခုထဲတွင် နေနေကြသဖြင့် လူတိုင်းကစောင့်ကြည့်နေကြပေသည်။


လက်ရှိကာလမှလူများမှာ တစ်ခုခုလုပ်သည်ကရှားပါးပြီး နာမည်သတင်းကိုအလွန်ဂရုစိုက်ကြသည်။


ယနေ့ သူမက ရှဲ့ဇူကန်းကို အရှက်ရစေခဲ့၏။ ရှဲ့ဇူကန်းက အလွှတ်ပေးမည် မဟုတ်ပေ။ သို့သော် သူ၏လုပ်နိုင်စွမ်းသေးသေးလေးနှင့်ဆိုပါက ရှဲ့ဇူကန်းက ယခင်ကလိုပင်ရန်ဖြစ်ရုံသာလုပ်နိုင်လိမ့်မည်။


သို့သော် ဖုန်းရီက ငယ်သေးကာ အလွန်ပိန်ပါးနေ၏။ ရှဲ့ဇူကန်း၏ပစ်မှတ်ထားခြင်းခံရပါက သူအတော်လေးခံစားရလိမ့်မည်။.


ကျန်းလီယွင်က ကျန်းလီဟိုင်ကိုပြောလိုက်သည်။

“အစ်ကိုကြီး သူ့ကိုဖုန်းရီကို အနိုင်ကျင့်ခွင့်ပေးထားတာက ရွေးချယ်မှုကောင်းမဟုတ်ဘူး... ကျွန်မ ဒီနေ့ပဲ ဖုန်းရီကိုအိမ်ပြန်ခေါ်သွားလိုက်မယ် ‌သူ့ကို စက်ရုံမှာအလုပ်မလုပ်ခိုင်းတော့ဘူး…”


ဖုန်းရီကို အုတ်နှင့်ကြွေပြားစက်ရုံမှာ ဆက်မလုပ်ခိုင်းတာကအကောင်းဆုံးပဲ…


“အာ…”

ကျန်းလီဟိုင်က ကျန်းလီယွင်အားမယုံနိုင်စွာကြည့်လိုက်မိသည်။


ဒီလိုကိစ္စလေးအတွက်နဲ့ ကျန်းလီယွင်က ဖုန်းရီကိုအလုပ်မလုပ်ခိုင်းတော့ဘူးလား…


အဲ့လိုဆိုဖုန်းရီက ဘယ်လိုနေဘယ်လိုစားရမှာလဲ…


ပြီးတော့ အဓိကအချက်က ဖုန်းရီတစ်ယောက်ပဲ အနိုင်ကျင့်ခံရတာမဟုတ်ဘူးလေ… အစ်ကိုကြီးဖြစ်တဲ့ငါလည်းအနိုင်ကျင့်ခံရတယ်ဟ…


ငါက ကျန်းလီယွင်ရဲ့အစ်ကိုပါ… အစ်ကိုအရင်းခေါက်ခေါက် ဒါပေမယ့် ကျန်းလီယွင်က ငါ့ကိုနည်းနည်းလေးတောင်ဂရုစိုက်မနေဘူး…


ကျန်းလီဟိုင်က ကျန်းလီယွင်ကို ဂရုမစိုက်သကဲ့သို့ပင် သူမလည်း ကျန်းလီဟိုင်နှင့် ပတ်သက်၍ စိတ်ပူခြင်း မရှိပေ။ ယခင်ဘဝတွင် သူမ ရှဲ့ဇူကန်းနှင့် အငြင်းပွားခဲ့သောကြောင့် မိဘအိမ်သို့ ရက်အနည်းငယ် ပြန်နေခဲ့သည်။ သူမ၏ ယောက်မက မနှစ်သက်ကြောင်း ဖော်ပြလာပြီး သူမကို ထွက်သွားရန် တိုက်ရိုက်ပင် ထုတ်ပြောလာခဲ့သည်။ ထိုအခါ ကျန်းလီဟိုင်က သူမအတွက် ဝင်ပြောပေးခြင်း မပြုခဲ့ပေ။


ထိုသို့ ဆက်ဆံခံရခြင်းကို သည်းမခံနိုင်သောကြောင့် သူမ ထွက်ခွာလာခဲ့သည်။


သို့ရာတွင် သူမညီမလေး ကျန်းလီယွီကမူ ထို့သို့ ဆက်ဆံခံရခြင်းများကို သည်းခံ၍ အိမ်၌ဆက်နေနေရသည်။ ထို့ကြောင့်သာ မဟုတ်ပါက ကျန်းလီယွီက အိမ်မှ ထွက်ခွာသွားမည် မဟုတ်ပေ။


ဂျူနီယာ အလယ်တန်းကျောင်းမှ ဘွဲ့ရပြီးသောအခါ သူမ၏ ကျန်းမာရေးနှင့် အမေကျန်း၏ ကျန်းမာရေး ညံ့ဖျင်းလာမှုတို့ကြောင့် ကျန်းလီယွီက အလုပ်ချက်ချင်း မရှာနိုင်ခဲ့ပေ။ သူမ မိသားစုအား စောင့်ရှောက်ပေးရန် လူလိုအပ်နေပြီး သူမက အိမ်အလုပ်များကို ကူညီခြင်း၊ အမေကျန်းအား ပြုစုခြင်းနှင့် ကျန်းလီဟိုင်၏ ကလေးများကို ကူညီထိန်းကျောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။


အစပိုင်းတွင် ယောက်မဖြစ်သူက ကလေးထိန်းကျောင်းရန် ကျန်းလီယွီ၏ အကူအညီ လိုအပ်ခဲ့သော်လည်း သူမ၏ ကလေးများ မူကြိုတက်ရသောအခါ သူမက ကျန်းလီယွီ၏ အကူအညီ မလိုတော့ပေ။ ထိုအချိန်မှ စ၍ ဆိုးရွားစွာ ဆက်ဆံလာပြီး သူမအား ပုတ်ခတ်ပြောဆိုခြင်းများ စတင်လာခဲ့သည်။


ကျန်းလီဟိုင်က ထိုအရာများကို သတိမပြုမိသည်ဟု ကျန်းလီယွင် မယုံကြည်ပေ။


ထိုအချိန်က ကျန်းလီဟိုင်က သူ့ညီမနှင့် အမေမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် အမှန်ပင် ခံစားရသည်။


ကျန်းလီဟိုင်က နှလုံးသားမဲ့သူ မဟုတ်ရာ နောက်ပိုင်းတွင် နောင်တရလာခဲ့သည်။


အံ့ဩတုန်လှုပ်သွားပြီးနောက် ကျန်းလီဟိုင်က ချက်ချင်း အော်ဟစ်လာသည်။

“ကျန်းလီယွင်... နင် ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ... ဖုန်းရီက စက်ရုံမှာ အလုပ်မလုပ်ရင် သူဘယ်မှာ နေပြီး ဘာသွားစားမလဲ...”


“သူ နေဖို့နေရာ ရှိပါတယ်...”

ကျန်းလီယွင်က ပြောသည်။


ကျန်းလီယွင်က မူလတွင် လက်တလော ဖုန်းရီ နေစရာ မရှိမည်ကို စိုးရိမ်သောကြောင့် အုတ်စက်ရုံမှ အလုပ်မထွက်စေချင်ပေ။ ထို့အပြင် သူမ ငွေရှာနိုင် မရှာနိုင်လည်း မသေချာသေးပေ။


ဖုန်းရီ၏ အပြုအမူအရ သူမ ချက်ချင်း လစာ မပေးလည်း ကိစ္စမရှိပေ။ သူမနောက်သို့ လိုက်ရန် ဖုန်းရီက ဆန္ဒရှိသည်။


ထိုကြောင့် ဖုန်းရီ စက်ရုံ၌ ဆက်နေစရာ မလိုပေ။


ဖုန်းရီ ဘယ်မှာ နေနိုင်မလဲ...


အဖေကျန်းက ချောင်းထိုရွာတွင် အရေးပါအရာရောက်သောသူ မဟုတ်သော်လည်း မျိုးဆက်များစွာဖြင့် ဤရွာ၌ နေထိုင်ခဲ့ခြင်းဖြစ်သည်။ သူမတို့က ထိုရွာ၌ ထင်ရှားသည်ဟု ပြော၍ရသည်။


ဖုန်းရီက ဖုန်းမိသားစုနှင့် အတူ မနေနိုင်သော်လည်း သူ့အတွက် ရွာ၌ နေရာစီစဉ်ပေးရခြင်းက ကိစ္စကြီး မဟုတ်ပေ။


အိမ်ထောင်စုတိုင်းက အိမ်များ ပြတ်လပ်နေခြင်း မဟုတ်ပေ။ မကြာသေးမီ နှစ်များက အချို့ မိသားစုများက အိမ်အသစ်များ ဆောက်လုပ်ခဲ့ကြသည်။


ကျန်းလီယွင်၏ စကားများကို ကြားသောအခါ သူမတွင် အစီအစဉ်ရှိကြောင်း ကျန်းလီဟိုင် သိလိုက်သည်။


မူလတွင် ကျန်းလီယွင်က စားစရာများ ရောင်းချပြီး ငွေရှာမည် ပြောသည်ကို သံသယဖြစ်ခဲ့သော်လည်း သူမ လက်ရာ ဖက်ထုပ်များကို ယနေ့ မြည်းစမ်းပြီးသောအခါ သူမ အမှန်တကယ် ငွေရှာနိုင်မည်ဟု ယုံကြည်သည်။


ငါ့ ညီမက အမြဲ လုပ်နိုင်ခဲ့တာပဲ ...


ကျန်းလီဟိုင်က မမေးဘဲ မနေနိုင်ပေ။

“ဖုန်းရီ ဒီမှာ အလုပ်မလုပ်ရင် ငါကရော... ရှဲ့ဇူကန်းက ငါ့ကို ပြဿနာရှာလောက်တယ်...”


ကျန်းလီယွင်က ဖြေသည်။

“အစ်ကို... သူက အစ်ကို့ကို ပြဿနာ နည်းနည်းပဲ ဖြစ်စေမှာပါ... အရမ်းကြီး စိတ်ထဲမထားပါနဲ့... ဒါမှ မဟုတ်... ညီမတို့နဲ့အတူ ဆိုင်မှာ ဈေးရောင်းချင်လား...”


ကျန်းလီဟိုင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖြေသည်။

“ငါ မလိုက်ဘူး...”


အုတ်နှင့် ကြွေပြားစက်ရုံ၌ အလုပ်လုပ်ရခြင်းကပင် သူ့ကို ကသိကအောက်ဖြစ်စေပြီ ဖြစ်သည်။ စားစရာရောင်းချခြင်းက သူ့ကို အရှက်ခွဲနေခြင်းပင် ဖြစ်ရာ သူ ငြင်းဆန်လိုက်သည်။


“ကောင်းပြီလေ... အစ်ကို့ကို မတိုက်တွန်းတော့ပါဘူး...”

ကျန်းလီယွင်က ပြန်ဖြေသည်။


စက်ရုံ၌ ကျန်းလီဟိုင် အခက်အခဲများ ကြုံရနိုင်ကြောင်း သူမ သိပေသည်။ ပြဿနာ အကြီးစားအဖြစ် အရှိန်မြှင့်တင်လိုက်ရန် မသင့်တော်ပေ။ စက်ရုံ၌ ကျန်းမျိုးရိုး လူများစွာရှိသောကြောင့် ခေါင်းဆောင်ရာထူးများတွင်လည်း ကျန်းမျိုးရိုးများ ရှိပေသည်။ ကျန်းလီဟိုင်သာ ခေါင်းမမာဘဲ စက်ရုံခေါင်းဆောင်များကို တွေ့ကာ ငွေအချို့ ပေးလိုက်ပါက သယ်ယူပို့ဆောင်ရေးဌာနသို့ ပြောင်းရွှေ့ပေးလိမ့်မည် ဖြစ်သည်။


ရှဲ့ဇူကန်းက ပြဿနာ အသေးစားသာ ဖြစ်စေနိုင်မည်။


သူမတို့ စကားပြောနေစဉ် ဖုန်းရီက ခွင့်သွားတိုင်နေခဲ့သည်။


ဖုန်းရီက ခွင့်တိုင်ခဲ့ရုံသာမက ရေပါ ချိုးခဲ့သည်။ သူ့ဆံပင်များက စိုစွတ်နေပြီး အဝတ်အစားများ ပြောင်းလဲဝတ်ဆင်ထားသည်။ သူ အလောတကြီး ရေချိုးခဲ့ခြင်း ဖြစ်နိုင်သည်။


“ ပြန်ရအောင်...”

ကျန်းလီယွင်က ဖုန်းရီကို ပြုံးပြလိုက်သည်။


“ဟုတ်...”

ဖုန်းရီက ခေါင်းညိတ်လိုက်သည်။


အပြန်လမ်းတွင် ကျန်းလီယွင်က သံဒယ်ပြားများကို ကူသယ်ပေးမည်ပြုသော်လည်း ဖုန်းရီက ငြင်းဆန်ခဲ့သည်။ သူမက မရမက တောင်းဆိုမနေဘဲ ဖုန်းရီကိုသာ သယ်ခွင့်ပေးလိုက်ပြီး အိမ်သို့ အတူ ပြန်လာခဲ့သည်။


“ဖုန်းရီ... ငါ မနက်ဖြန် မြို့မှာ ဆိုင်နေရာသွားပြင်ဆင်မလို့ ... ငါ အလုပ်များနေမှာ... နင် စက်ရုံက အလုပ်ထွက်ပြီး ငါ့ကို ကူညီရင်ရော ဘယ်လိုလဲ...”

ကျန်းလီယွင်က အကြံပေးလာသည်။


ဖုန်းရီက တုံ့ဆိုင်းခြင်းမရှိဘဲ “ဟုတ်ကဲ့” ဟု ဖြေလာသည်။


ကျန်းလီယွင်က အသံလွင်လွင်ဖြင့်ရယ်မော၍ ပြောလိုက်သည်။

“ငါ နင့်ကို လစာမပေးဘဲ အလုပ်လုပ်ခိုင်းမှာ မကြောက်ဘူးလား...”


“ကျွန်တော် အရင်က ပြောဖူးပါတယ်... လစာ မယူဘဲ အလုပ်လုပ်ရလည်း ရတယ်လို့...”

ဖုန်းရီက ဖြေသည်။


ယနေ့ ကျန်းလီယွင်က သူမတို့ ဆက်ဆံရေးကို လူအများအား သတင်းပေးခဲ့သည်။ ဖုန်းရီအတွက်မူ အခကြေးငွေ မယူဘဲ အလုပ်လုပ်ရသည်နှင့်ပင် မယှဉ်နိုင်ပေ။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျန်းလီယွင်က သူ့အား ဖုန်းလောင်တ၊ ဖုန်းလောင်အာ့တို့ထံမှ ကယ်တင်ပေးခဲ့သည်။ ထိုစဉ်က အစား မစားရသည်မှာ ကြာမြင့်ပြီး သူ တကယ် အသက်ရှင်စိတ်မရှိတော့ပေ။ 


နောက်ပိုင်းတွင်တော့...


ဖုန်းရီက အဖျားအလွန်ကြီးခဲ့သော အချိန်ကိုလည်း မှတ်မိနေသေးသည်။ သူ့အမေက ကလေးများ ဖျားနာသည်မှာ ပုံမှန်ပင်ဖြစ်ပြီး ရက်အနည်းငယ်ကြာလျှင် ပျောက်သွားလိမ့်မည်ဟု တွေးကာ စိတ်ထဲ မထားခဲ့ပေ။ ကျန်းလီယွင်က ဖျားနေသော သူ့အား တွေ့ကာ ဆရာဝန်ထံ သယ်သွားပေး၍ ဆေးကုသပေးရန် တောင်းပန်ခဲ့သည်။ ဆရာဝန်က ဖုန်းရီအား ဆေးထိုးပေးပြီး ကျန်းလီယွင်ကို ဆေးတိုက်ရန် သောက်ဆေးများ ပေးခဲ့သည်။ ကျန်းလီယွင်က ဖုန်းရီကို အိမ်သို့ ပြန်သယ်သွားပြီး ကောက်ရိုးပုံ၌ အိပ်စေသည်။


ညလယ်တွင် ဖုန်းရီ နိုးလာပြီး သူ့ဘေး ကောက်ရိုးများပေါ်တွင် အိပ်ပျော်နေသော ကျန်းလီယွင်ကို တွေ့လိုက်ရသည်။ ထိုအခိုက်တွင် သူမထံ၌ သူ့အရွယ် သားတစ်ယောက် မရှိနိုင်မည်ကို သိသော်လည်း ကျန်းလီယွင်ကို သူ့အမေ ဖြစ်စေချင်မိသည်။ 


ထိုမှတ်ဉာဏ်များ သူ့အတွေးထဲ ပေါ်လာသောအခါ ဖုန်းရီက မပြုံးဘဲ မနေနိုင်ပေ။


ဖုန်းရီ၏ ရူးကြောင်ကြောင်အပြုံးများကို မြင်သောအခါ ကျန်းလီယွင်က ဖုန်းရီအား လစာမပေးဘဲ နေစရာနေရာပေးမည်ဟု ဆုံးဖြတ်လိုက်သည်။


ထို့သို့ ဆုံးဖြတ်ပြီး ကျန်းလီယွင်က ပြောလိုက်သည်။

“ကောင်းပြီ...ဒါဆို နင် ငါ့ဆီမှာ အခကြေးငွေ မယူဘဲ အလုပ်လုပ်ပေးရမယ်...”


သူမ၏ အစီအစဉ်မှာ အိမ်ဝယ်ရန် ပိုက်ဆံစုမည်။ သို့မှသာ ဖုန်းရီကို အိမ်ခြေယာမဲ့ မဖြစ်စေမည် ဖြစ်သည်။


သူတို့ အိမ်ရောက်သောအခါ ကျန်းလီယွင်က သံဒယ်ပြားများကို ရေထည့်ပြီး တည်ထားသည်။ ထို့နောက် ဖုန်းရီနှင့်အတူ မြို့သို့ သွား၍ ဂျုံမှုန့်အချို့နှင့် သားသတ်သမားထံမှ ဝက်သားများကို ဝယ်ယူသည်။ မနက်ဖြန် မနက်ခင်းတွင် သူမတို့ ဖက်ထုပ်အိုးကပ်ကြော် စတင်ပြုလုပ်မည် ဖြစ်သည်။



🏡🏡🏡