အပိုင်း (၃၉)
Viewers 31k

part-39


နောက်တနေ့မနက်တွင် ယွမ်ရှတယောက်အလုပ်ရှာရန်စတင်တွေးတောလိုက်သည်။


ဒါပေါ့ သူမလဲ အလုပ်မလုပ်ချင်ပါဘူး...ဘဏ်စာရင်းလက်ကျန်နဲ့ပိုင်ဆိုင်တဲ့အိမ်ခြံမြေတွေကိုကြည့်ပြီးတော့ ဝတ္ထုထဲကယွမ်ရှလိုပဲလွတ်လပ်ပေါ့ပါးစွာနေချင်တာပေါ့...အရင်ကမ္ဘာကသူမအလုပ်မှာလဲအဆိုးဆုံးအခက်ခဲဆုံးကြုံရတဲ့အချိန်တွေတုန်းကသူမမှာသာ 

ယွမ်သိန်းတရာရှိနေရင်အလုပ်ကနေချက်ချင်းထွက်ပြီးတော့ခြောက်လလောက်အနားယူပစ်မယ်လို့လဲတွေးခဲ့ဖူးတယ်...


ယခုလက်ရှိသူမ၏ပိုင်ဆိုင်မှုသည် ယွမ်သိန်းထောင်ပေါင်းများစွာကျော်နေပေသည်။လက်တွေ့ကျကျပြောရမည်ဆိုလျှင်သူမဘာမှ မလုပ်လို့လဲရပေသည်။ဝတ္ထုထဲကယွမ်ရှက ဒီနေရာကိုပြန်လာချင်စိတ်မရှိကြောင်းကိုလဲသူမသိထားပေသည်။သို့သော်လဲ သူပြန်လာချင်သည်မလာချင်သည်ကကိစ္စမဟုတ်ပေ...


၎င်းကကံကြမ္မာ၏ အလိုတိုင်းသာဖြစ်သည်။ထို့ကြောင့်သူမသည်လဲ သူမ၏မူလကမ္ဘာသို့ပြန်ရောက်သွားနိုင်သောအကြောင်းအမျိုးမျိုးအတွက်ကြိုတင်ပြင်ဆင်ထားရပေမည်။သူမ၏လက်ရှိနေထိုင်မှုဘဝပုံစံကသူမ၏အရည်အချင်းများကိုဖျက်ဆီးရန်လုံလောက်နေပေသည်။


အကယ်၍သူမသာ 

သာယာပေါ့ပါးသက်တောင့်သက်သာရှိလှသောဘဝနှင့်အသားကျသွားပြီးမှ သူမ၏ကမ္ဘာသို့သာပြန်လည်ရောက်ရှိသွားပါက မည်ကဲ့သို့ရှင်သန်နေထိုင်ရမည်နည်း။တကယ်တမ်းပြောရမည်ဆိုလျှင်ထိုကိစ္စရပ်ကစဉ်းစားဖို့မလိုတော့သည်လဲဖြစ်နိုင်ပေသည်။


သို့သော်လဲစကားပုံများအရဆိုရမည်ဆိုလျှင် 

သက်တောင့်သက်သာနေထိုင်ခြင်းကဘေးဒုက္ခများကိုဖြစ်ပွားစေသည်ဟူသည့် စကားအတိုင်းပင်။ဘဏ်အကောင့်ထဲမှငွေပမာဏသည် သူမအပိုင်မဟုတ်သလို ဒီဘဝသည်လဲသူမ၏ဘဝမဟုတ်ပေ။


ထို့ကြောင့်ယွမ်ရှကစိုးရီမ်ပူပန်မှုမရှိပဲဘဝကိုသက်တောင့်သက်သာဖြင့်မဖြတ်သန်းနိုင်ပေ။


ထို့ကြောင့်သူမက ဝတ္ထုထဲမှယွမ်ရှ၏ဘွဲ့လက်မှတ်နှင့်အလုပ်ရှာဖို့လိုအပ်သည့်တခြားစာရွက်စာတမ်းများအားလုံးကိုစုဆောင်းလိုက်သည်။ဒီကာလအတွင်း၌အလုပ်ရှာရန်လဲ ခက်ခဲမည်ဟုသူမမထင်ပေ။


သူမ၏မျှော်လင့်ချက်ကလဲရိုးရှင်းလှပေသည်။အလုပ်တခုတွင်လစာမြင့်မားခြင်း၊အလုပ်လုပ်ရလွယ်ကူခြင်း၊

အိမ်နဲ့နီးခြင်းဆိုသည့်အချက်သုံးချက်လုံးပြည့်စုံနေမည်မဟုတ်ကြောင်းလဲသူမနားလည်ထားပေသည်။


လစာမြင့်မြင့်ပေးထားသောအလုပ်များက ခွေးတကောင်ကဲ့သို့သေမတတ်ကုန်းရုန်းလုပ်ရသည့်အဓိပ္ပာယ်ပေ။ပြောရမည်ဆိုလျှင်ကုမ္ပဏီများသည် လူမှုကူညီမှုအသင်းအဖွဲ့များမဟုတ်ပေ။သူမ၏အရင်ဘဝမှအတန်းဖော်တယောက်ဆိုလျှင်

သူငယ်ချင်းများအားလုံးမနာလိုအားကျရလောက်အောင် လစာမြင့်မားပေသည်။သို့သော်လဲထိုအလုပ်တွင် သူ့အတွက်  ၇ရက် ရက်သတ္တပတ်လုံးအချိန်ပိုဆင်းရသည်ကပုံမှန်လိုပင်ဖြစ်နေသည်။


ထိုကဲ့သို့အလုပ်လိုအပ်ချက်ပြင်းထန်သည့်အလုပ်မျိုးကလက်ရှိသူမအတွက်မသင့်တော်ပေ။


ယွမ်ရှကအိမ်နှင့်နီးသည့်အလုပ်တခုကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်သည်။

၎င်းကလစာမြင့်မားမည်မဟုတ်သော်လဲ သူမအတွက်အဆင်ပြေပေသည်။ယခုလက်ရှိသူမ၌ငွေကြေးရှားပါးမနေလေရာ လစာကအရေးမကြီးပေ။သူမ၏ရည်မှန်းချက်ကအလုပ်တခုရရန်သာဖြစ်သည်။ထိုမှသာသူမအလွန်ပျင်းရိမလာမည်ဖြစ်သည်။ထိုအကြောင်းအရာကိုစဉ်းစာပြီးနောက်သူမအမည်ခံခင်ပွန်းကိုပြောရန်ဆုံးဖြတ်လိုက်သည်။


"စုန့်ထင်ရှန်း ကျွန်မအလုပ်ရှာမလို့..."


ထိုစကားကြောင့်စုန့်ထင်ရှန်းတယောက် သိသိသာသာအံ့ဩထိတ်လန့်သွားလေသည်။အချိန်အတော်ကြာမှသာသူပြန်လည်သတိဝင်လာပြီး မေးလိုက်သည်။


"မင်းကအလုပ်လုပ်မလို့လား..."


ထိုကဲ့သို့သောစကားလုံးများက ဝတ္ထုထဲယွမ်ရှဆီမှဘယ်တုန်းကမှထွက်မလာဘူးသည်မှာထင်ရှားလှပေသည်။ယွမ်ရှခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။


"အခုဆိုရင်ဝမ်လေးကလဲ မူကြိုတက်နေပြီ ပြီးတော့ သူ့ကိုကြိုဖို့ပို့ဖို့လဲ ကျွန်မကိုမလိုအပ်ဘူးလေ...အိမ်အလုပ်တွေဆိုရင်လဲ အိမ်အကူအန်တီကအားလုံးလုပ်ပေးပြီးသား...ဒီတော့ကျွန်မတခုခုလုပ်စရာရှာကြည့်ဦးမှပဲ ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်မအရမ်းကိုပျင်းနေလိမ့်မယ်..."


တကယ်တမ်းတွင်ဝတ္ထုထဲမှယွမ်ရှတွင် သူငယ်ချင်းပေါင်းများစွာရှိလေသည်။


ဒါပေါ့...သူတို့က သူငယ်ချင်းအစစ်အမှန်များတော့မဟုတ်ကြပေ။


သူမကဝတ္ထုထဲမှယွမ်ရှ၏ဘဝကို ကြိုက်နှစ်သက်မှုမရှိဘူးလို့ မင်းတို့ပြောလာမယ်ဆိုရင်တော့ အဲ့တာမဟုတ်ဘူးလို့ပဲငြင်းပါရစေ...ဘယ်အမျိုးသမီးကများနေ့တိုင်းစျေးဝယ်ထွက်ပျော်ပျော်ရွှင်ရွှင်နေရတဲ့ဘဝမျိုးကိုမကြိုက်နှစ်သက်ပဲနေလို့လဲ...


၎င်းကသူမအိပ်မက်မက်ခဲ့ရသောဘဝမျိုးဖြစ်သည်။သို့သော်လဲတကယ်တမ်းရှေ့တွင်လက်တွေ့ကြုံလာသည့်အချိန်၌ ထိုအရာကိုခံစားကြည့်ရန်အတွက်မဝံ့မရဲတွန့်ဆုတ်နေလေသည်။အဘယ့်ကြောင့်ဆိုသော် ဆင်းရဲသောဘဝမှချမ်းသာသောဘဝသို့သွားရန်ကလွယ်ကူပြီးပြန်ဆင်းရန်ကမူအလွန်ပင်ခက်ခဲကြောင်း သူမကောင်းစွာသိပေသည်။


သူမ၏မူလကမ္ဘာတွင် သူမ၏မိဘနောက်ခံအသိုင်းအဝိုင်းကြောင့်ဖြစ်စေ၊သူမ၏မူလအရည်အချင်းကြောင့်ဖြစ်စေ သက်တောင့်သက်သာနေရသောဘဝကိုပံ့ပိုးပေးနိုင်မည့်တစုံတရာမရှိပေ။


သူမသည်ဝတ္ထုထဲမှယွမ်ရှမဟုတ်ပေ။ ဝတ္ထုထဲမှယွမ်ရှကဲ့သို့နံပါတ်တစ်အလှတရားမျိုးကိုပိုင်ဆိုင်မထားပေ။သာမာန်လူများသည်သာမာန်ဘဝတွင်သာနေထိုင်နိုင်ပေသည်။


စုန့်ထင်ရှန်းသည်လဲ ယွမ်ရှက ပိုပိုပြီးထူးဆန်းလာသည်ဟုခံစားမိလေသည်။


သူမက ထိတ်လန့်စရာတခုခု ဒါမှမဟုတ်တခြားတခုခုများကြုံခဲ့လို့လား...


သို့သော်လဲသူထိုအကြောင်းကိုများစွာပူပန်နေခြင်းမရှိပေ။သူမအလုပ်ရှာချင်သည်ဆိုလျှင်လဲသူတားမှာမဟုတ်ပေ နောက်ဆုံးပြောရမည်ဆိုလျှင်ထိုကိစ္စကသူနှင့်ဘာမှမဆိုင်ပေ။


"အိုး..."


စုန့်ထင်ရှန်း၏သဘောထားကိုလဲ ယွမ်ရှကအံ့အားသင့်သွားခြင်းမရှိပေ။သို့သော်လဲ သူနောက်ဆက်တွဲဆက်ပြောလာသောစကားများက သူမအတွက်အကျိုးရှိပေသည်။


"မင်း ငါ့အကူအညီလိုလား..."