အပိုင်း ၄၀
Viewers 10k

Chapter 40



“အားးးးးးး”

ယောကျာ်းလေး အော်ဟစ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ ထိုအခါ သူ့နောက်ကျောက စားပွဲ
ထောင့်နှင့် တိုက်မိပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ
သွားလေသည်။

အခြားလူများ အလောတကြီး မေးလိုက်ကြသည်။

“ဘာဖြစ်တာလဲ...”

‌ယောကျာ်းလေး စကျင်ကျောက်ကို ကြောက်ရွံ့စွာ လက်ညှိုးထိုးပြလိုက်သည်။

"ဒါ...ဒါ..."

ဆံပင်တိုနှင့် မိန်းကလေး လက်ညှိုးထိုးပြရာသို့
ကြည့်လိုက်ပြီး စကျင်ကျောက်ကို ခြေထောက်ဖြင့် ထိုးကြည့်လိုက်သည်။

ထိုအခါ စကျင်ကျောက် လှိမ့်သွားပြီး ဖုန်မှုန့်များကြာမှ အဖြူနှင့် အနက် လိမ်ယှက်နေ‌သော လိုင်းကို ပေါ်လာလေသည်။

ယင်းက လှေကားလက်ရန်းမှ အလှဆင်ပစ္စည်း
ဖြစ်ပုံရသည်။

အားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။

‌ဆံပင်တိုနှင့် မိန်းကလေး လှောင်‌လိုက်သည်။
"နင်က စောစောက ငါတို့ကို ခြောက်နေပေမဲ့
အခုကြည့်ဦး...ငါတို့ထက်တောင် ကြောက်နေသေးတယ်..."

ယောကျာ်းလေး ကြမ်းပြင်ပေါ်တွင် ထိုင်နေဆဲ
ဖြစ်ကာ သူ့မျက်နှာက ဖြူဖျော့နေပြီး စကျင်
ကျောက်လုံးကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
သူမြင်ခဲ့ရသည့် ပုံရိပ်ကို ထပ်မမြင်ရတော့ပေ။

ဒါဆို သူ ခုနက မြင်လိုက်တာက တကယ်လား...
ထင်ယောင်ထင်မှား ပုံရိပ်လား...

ဟဲလျန်း တုန်ရီနေကာ ပြောလိုက်သည်။
“ဒီနေရာကို ငါ့ကို စိတ်မသက်မသာ ခံစားရစေတယ်...ငါတို့ ထွက်သွားကြရအောင်လေ..."

အပြင်ဘက်ရှိ ကောင်းကင်ကြီးက တဖြည်းဖြည်း
မှောင်လာကာ ‌ဗီလာအတွင်းသို့ ကျရောက်နေသော နေရောင်ခြည်များကလည်း မှိတ်ဖျဖျဖြစ်နေပြီဖြစ်သည်။ တိတ်ဆိတ်ပြီး မှောင်မည်းသောအခန်းက သတ္တိရှိသူများကိုပင် စိတ်မသက်မသာ
ခံစားရစေပေသည်။

ကွမ်ထျန်းရီ တံထွေးမျိုချလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
"မင်းမနေချင်တော့ရင်လည်း ပြန်ကြတာပေါ့..."

သူ စကားမဆုံးမီမှာပင် သူ့ကိုင်ထားသော ကိရိယာက ရုတ်တရက် ကျယ်လောင်စွာ မြည်လာလေသည်။

“ပီ...ပီ...ပီ...ပီ...“
အသံက စူးရှပြီး ဗီလာတစ်လျှောက် ပဲ့တင်ထပ်ကာ နားစည်ကိုပင် နာကျင်စေလေသည်။

ကွမ်ထျန်းရီ ကိရိယာကို ဟိုစမ်းဒီစမ်းလုပ်လိုက်ပြီး ရေရွတ်လိုက်သည်။
"ဒါကို ဘယ်လို ပိတ်ရမှာလဲဟ..."

ထိုအချိန်တွင် သူ့ပတ်၀န်းကျင်မှ လေထု ရုတ်တ
ရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

ကွမ်ထျန်းရီ ခေါင်းမော့ကြည့်လိုက်သည်။

ထိုအခါ သူ့ရှေ့မှ လေးယောက်က မျက်နှာများ
အလွန်ဖြူဖျော့နေပြီး တစ်ယောက်က လက်
မြှောက်ကာ သူ့နောက်ဘက်ကို လက်ညှိုးထိုးပြလာလေသည်။

ထိုအချိန်တွင် သူ့ကျောရိုးတစ်လျှောက် အေးစိမ့်
သွားသည်။

ကွမ်ထျန်းရီ မျက်နှာ တောင့်တင်းသွားကာ နောက်
သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ထိုအခါ သူ့နောက်မှ နံရံပေါ်ရှိ ပန်းချီများက တဖြည်းဖြည်း ရှင်းလင်းထင်ရှားလာပြီး အမျိုး
သမီးတစ်ယောက်၏ ဖြူဖျော့ဖျော့ မျက်နှာပုံ ပေါ်လာလေသည်။ သူ့၏ အသွင်အပြင်က မှုန်ဝါး
နေဆဲဖြစ်သော်လည်း သူ့၏ အသက်မဲ့နေသော
မျက်လုံးများက အခန်းထဲရှိ လူငါးယောက်ကို
စိုက်ကြည့်နေပေသည်။


“အားးးးးးးးးးး”

ယဲ့ကျားနှင့် ချန်စဲကျစ် အောက်ထပ်မှ ပွက်လောရိုက်သံကိုကြားလိုက်ရသောအခါ ပစ္စည်းကိရိယာ
များ အမြန်သိမ်းဆည်းပြီး အောက်ထပ်သို့ ပြေးဆင်းလာကြလေသည်။ ထိုအခါ သူတို့ ယင်းမြင်
ကွင်းကို မြင်လိုက်ကြသည်။

ငါးယောက်လုံး တံခါးတွင် စုပြုံနေကာ တံခါးကို
ပြင်းပြင်းထန်ထန် တွန်းကာ တံခါးလက်ကိုင်ကိုလှည့်နေကြသော်လည်း တံခါးက ဂဟေဆော်ထားသကဲ့သို့ မပွင့်ပေ။ သူတို့အားလုံး ဖြူဖျော့
ကြောက်ရွံ့‌နေကြလေသည်။ သူတို့ တံခါးတွင်
ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ပစ်ကျလိုက်သော
ကိရိယာမှာလည်း မနီးမဝေးရှိ ကြမ်းပြင်ပေါ်တွင်
မြည်နေလေသည်။

ဒီဆူညံ‌သံတွေအားလုံးက ယဲ့ကျားကို ခေါင်းကိုက်
စေလေသည်။

သူ မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် သူ့အပေါ်မှ အသံတိုးတိုးလေးတစ်သံကို ကြားလိုက်ရလေသည်။

"ဟေ့...လူချောလေး...အောက်ကိုဆင်းလေ..."

“ငါတို့ သူ့ကို ခြောက်သင့်လား...”

အသံတိုးတိုးလေးက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။

“ဒါပေမဲ့ သူက အရမ်းကြည့်ကောင်းတယ်…ငါ
သူ့ကို မခြောက်ချင်ဘူး...”

“ကျစ်...မင်း နားမလည်ဘူးပဲ....ရုပ်ချောတဲ့
ကောင်လေးတွေ ကြောက်လန့်နေရင် ဘယ်
လောက်ကြည့်ကောင်းလိုက်လဲ..."

အသံက တဖြည်းဖြည်း နီးကပ်လာပြီး အပေါ်ထပ်မှ ဆင်းလာပုံရလေသည်။

"သူ့အနံ့က အရမ်းကောင်းတာပဲ..."

“ဟုတ်တယ်...ဟုတ်တယ်...သူ့ရုပ်ကလည်း ချောတယ်...‌ခြေတံလက်တံလည်း ရှည်တယ်...အသား
ကလည်း ဖြူတယ်...သူ့မှာ ဗိုက်ကြွက်သားတွေရှိလားမသိဘူး...ဟေး...သူ ကြောက်လန့်နေရင်
အ၀တ်ချွတ်ပစ်မယ် ထင်လား..."

“အိမ်မက်မက်‌နေလိုက်..."

အခြား အသံတိုးတိုးလေးက ဖြတ်ပြောလိုက်သည်။

"ကြောက်ရင် အ၀တ်ချွတ်ပစ်တဲ့လူ ဘယ်လိုလုပ်
ရှိမှာလဲ..."

“အင်း...ဟုတ်သားပဲ...”

သူ့အပေါ်မှ အသံကို တစ်ဖက်လူ အ၀တ်အစား
ချွတ်သည်ကို မမြင်ရတော့သည့်အတွက် စိတ်
ပျက်စွာ သက်ပြင်းချလိုက်သည်။

“ဒါ...ဒါဆိုလည်း ဒီကိစ္စကို မေ့လိုက်ကြတာပေါ့...”

စကားဝိုင်းတစ်ခုလုံးကို ကြားလိုက်ရသည့်
ယဲ့ကျား : “……..”

??????

ခ...ခဏနေပါဦး...ဒီတစ္ဆေတွေရဲ့ ပုံစံက ဘာလို့
အရမ်းထူးဆန်းနေတာလဲ...

ယဲ့ကျား တည်ငြိမ်စွာနောက်ပြန်ဆုတ်လိုက်သည်။

သူ့မျက်လုံးက ရုတ်တရက် ပြူးလာပြီး မျက်လုံးကို ပင့်ကာ အသံကြားရာထံသို့ ကြည့်လိုက်သည်။

ထိုအခါ သူ ဖုန်တက်နေသောမီးဆိုင်းပေါ်တွင် နိမ့်ရာမြင့်ရာ ထိုင်နေသော ထိုးဖောက်မြင်ရသည့် တစ္ဆေနှစ်ကောင်ကို တွေ့လိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်က ပုံသဏ္ဍာန် အတိအကျမရှိသည့်အပြင် မျက်နှာသွင်ပြင်ကလည်း ပုံကြမ်းဆွဲထားသကဲ့သို့ အလွန်ရိုးရှင်းလေသည်။ ခန္ဓာကိုယ်က ကွေးကောက်နေပြီး အတိုအရှည် မညီသည့် လက်မောင်းဖြူလေးနှစ်ဖက်က မီးဆိုင်း၏ ဘေးဘက်ရှိ အဆင်တန်ဆာများကို တွယ်ဖက်ထားလေသည်။

“လူ‌ချောလေးက ငါ့ကို ကြည့်နေသလိုပဲ..."

ပိုသေးသည့် တစ်ကောင်က လေသံတိုးလေးဖြင့် ပြောလိုက်သည်။

“ဘယ်လိုတွေးနေတာလဲ...လူသားတွေက ဘယ်လိုလုပ် တစ္ဆေသရဲတွေကို မြင်နိုင်မှာလဲ..."

အခြားတစ်ကောင်က သူ့၏ စိတ်ကူးကို ရက်စက်စွာ ဖြိုခွဲလိုက်သည်။

ခြောက်လှန့်ခြင်းဝိညာဉ်လေး ခဏလောက် တိတ်ဆိတ်သွားလေသည်။

“ဒါ‌‌ပေမဲ့...”

ခြောက်လှန့်ခြင်းဝိညာဉ်ကြီး အကြုံပြုလိုက်၏။

"အဲ့လူသားကို ငါတို့နဲ့ ခဏလောက် အတူနေခိုင်းမလား..."

“ကောင်းပြီလေ...သူ ငါတို့ကို မမြင်နိုင်ဘူးဆိုမှတော့ သူနဲ့ နီးနီးကပ်ကပ်နေလို့ရတယ်...ဒါပေမဲ့ ငါတို့ သူတို့ကို နေမ၀င်ခင် မောင်းထုတ်ဖို့ လိုတယ်နော်..."

ခြောက်လှန့်ခြင်းဝိညာဉ်လေး ပြောလိုက်သည်။

“‌အင်း...မင်း သူ့ကို ကပ်ထားလို့ရတယ်..."

ခြောက်လှန့်ခြင်းဝိညာဉ်ကြီး စိတ်လှုပ်ရှားလာသည်။ သူ့မျက်နှာပေါ်တွင် စိတ်ကူးယဉ်နေသောအမူအရာ ပေါ်လာသည်။

"သူ့ခါးက သေးတယ်...ကောက်ကြောင်းကလည်းအရမ်းကောင်းတယ်...သူ့မှာ ဗိုက်ကြွက်သားတွေ ရှိလောက်တယ်...ငါ အဲ့ဒါကို ထိကြည့်ရမယ်..."

“ဒါ...ဒါဆို ငါက သူ့ပခုံးပေါ် သွားမယ်...သူ့မျက်နှာ နဲ့ နီးလေလေ ပိုကောင်းလေလေပဲ..."

ခြောက်လှန့်ခြင်းဝိညာဉ်လေး နောက်မဆုတ်တမ်း ပြောလိုက်သည်။

“ဒါဆို ငါ သူ့ကို နမ်းနိုင်လောက်တယ်...ဒါမှမဟုတ် သူ ငါ့ကို နမ်းလာလောက်လား..."

ယဲ့ကျား : “……..”

သူ့‌အ‌ပေါ် အခွင့်ကောင်းယူရန် ဆွေးနွေးနေကြသော တစ္ဆေနှစ်ကောင်၏ စကားများကို နားထောင်ပြီး သူ့အမူအရာ ရှုပ်ထွေးလာလေသည်။

ဒီ...ဒီနှစ်ကောင်က ထူးခြားတဲ့ ခြောက်လှန့်ခြင်းဝိညာဉ်တွေပဲ....

သူတို့ ညှိနှိုင်းပြီးသောအခါ ဂျယ်လီကဲ့သို့ တစ်စက်စက်တုန်ကာ ယဲ့ကျားထံသို့ တဖြည်းဖြည်း ဆင်းလာကြသည်။

“ဟပ်ချိုး...”

ချန်စဲကျစ် တစ်ခုခုကို ခံစားလိုက်ရပြီး နှာချေလိုက်သည်။ သူ သူ့ပခုံးနှစ်ဖက်ကို ပွေ့လိုက်ပြီး ပြောလိုက်သည်။

“ဘာလို့ ရုတ်တရက်ကြီး အေးလာတာလဲ...”

ယဲ့ကျား ချန်စဲကျစ်ကို လှည့်ကြည့်လိုက်သည်။

ချန်စဲကျစ်တွင် အဆင့်နိမ့်ဝိညာဉ်အမြင်ရှိသော်လည်း ယင်စွမ်းအင် သက်ရောက်နေသော တ‌စ္ဆေများကို မမြင်နိုင်ပေ။ သန်မာသော စွမ်းအားကြီးတစ္ဆေများကိုသာ မြင်နိုင်ပေသည်။ နေ့စဉ်ဘ၀တွင် မကြာခဏတွေ့ရတတ်သော လှည့်စားတတ်သည့် ဝိညာဉ်များက ဂိမ်းထဲတွင် ကြီးမားသော ဇာတ်ရုပ်မဟုတ်ပေ။ ၎င်းတို့က သာမာန်လူနှင့်အနည်းငယ်မျှသာ ကွာခြားသည်။ ထို့ကြောင့် သူ ၎င်းတို့ကိုမမြင်နိုင်ပေ။

ခြောက်လှန့်ခြင်းဝိညာဉ်ကြီး သူ့၏ လက်ဖြူဖြူများကို ဆန့်ထုတ်ကာ ယဲ့ကျား ခါးကို ဖက်လိုက်ပြီး ဂျယ်လီနှင့်တူသော မျက်နှာကို ၀မ်းဗိုက်တွင် ကပ်လိုက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။

"အရမ်းသေးတယ်..."

ယဲ့ကျား : “…….”

သူ မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။

သည်းခံ...

သည်းခံ...

ဒီနေရာမှာ သေခြင်းတရားကို ရှာဖွေနေတဲ့ လူငါးယောက် ရှိသေးတယ်...

အခြားခြောက်လှန့်ခြင်းဝိညာဉ်လေး ယဲ့ကျား ပခုံးပေါ်တက်သွားပြီး သူ့လက်ကို ဆန့်ကာ ယဲ့ကျား လည်ပင်းကို ပွေ့ဖက်ခါနီးတွင် မိုးခြိမ်းသံကဲ့သို့ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

“ဟေ့...မင်းဘာလုပ်တာလဲ...”

ယဲ့ကျား ကော်လံအောက်မှ လက်မဲလေး ထွက်လာပြီး သူ့နေရာကို ခိုးမည့် ‌တစ္ဆေအား ရက်စက်စွာ ကြည့်လိုက်သည်။

"အရင်လာတဲ့သူ အရင်ယူဆိုတာ မသိဘူးလား..."

ခြောက်လှန့်ခြင်းဝိညာဉ်လေး ထိတ်လန့်သွားပြီး မျက်ရည်များ ကျလာလေသည်။

"အားးးးးးး"

သူက အခြားလူများကို ခြောက်လှန့်သော ဝိညာဉ်ဖြစ်သော်လည်း အံ့ဩစရာကောင်းစွာ သတ္တိမရှိပေ။

ချန်စဲကျစ် လက်မဲလေး၏ အော်သံကြားလိုက်ရလေသည်။

သူ ခဏလောက် ထိတ်လန့်သွားပြီး အသံကြားရာဆီသို့ ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ..."

အခြေအနေက ရှုပ်ထွေးလာသည်ကို မြင်သောအခါ ယဲ့ကျား ဆုံးဖြတ်ချက် ချလိုက်သည်။

သူ သူ့ခါးတွင် တွယ်ကပ်နေသော ခြောက်လှန့်ခြင်းဝိညာဉ်ကြီးကို လက်တစ်ဖက်ဖြင့် ‌ဆွဲခွာလိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် လေထဲမှ ခြောက်လှန့်ခြင်းဝိညာဉ်လေးကို ဆုပ်ကိုင်လိုက်ပြီး အသံတိတ်အတားအဆီးတစ်ခု လျင်မြန်စွာ ဖန်တီးလိုက်သည်။

ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင်လုံး ယဲ့ကျား၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားကြလေသည်။

သူတို့ ယဲ့ကျား၏ လက်ထဲတွင် အော်ဟစ်နေကြသည်။

“အားးးးးးးးးးး”

ယဲ့ကျား၏ ပခုံးပေါ်မှ လက်မဲလေးက စိတ်သောကရောက်နေသော ဝိညာဉ်နှစ်ကောင်ကို စိုက်ကြည့်နေပြီး လက်ရှိတိုးတက်မှုကိုကျေနပ်နေလေသည်၊

“မင်း...မင်း...မင်း.ငါတို့ကို မြင်ရတယ်..."

ယဲ့ကျား၏ လက်ထဲတွင် နစ်မြှုပ်‌နေသော ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ကြောက်ရွံ့စွာ ပြောလိုက်သည်။

ယဲ့ကျား : “………”

သူ သူတို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အင်း...”

“ဒ...ဒါ...ဒါဆို မင်း...”

ခြောက်လှန့်ခြင်းဝိညာဉ်၏ ရိုးရှင်းသော မျက်နှာမှာ အနည်းငယ် နီရဲလာလေသည်။

"မင်း ငါတို့ပြောတာကိုလည်း ကြားရမှာပေါ့..."

ယဲ့ကျား : “……..”

သူ့မှာ ရွေးချယ်စရာ ရှိခဲ့ရင် အဲ့စကားတွေကို တကယ် မကြားချင်ဘူး...

ယဲ့ကျား အဖြေမပေးလျှင်ပင် ရှုပ်ထွေးနေသောအမူအရာကို မြင်သောအခါ ခြောက်လှန့်ခြင်းဝိညာဉ်များ အဖြေကို သိလိုက်သည်။

"ဝူးးးးးဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ..."

ခြောက်လှန့်ခြင်းဝိညာဉ်လေး ရှိုက်ငိုလိုက်သည်။

"ဒါ...ဒါပေမဲ့လည်း အရမ်းချောတဲ့ ကောင်လေးက ငါ့ကို မြင်ရတော့ ငါပျော်ပါတယ်..."

ယဲ့ကျား : “……….”

အခြား မျက်နှာနီရဲနေသော ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ပိုမို နီရဲလာပြီး သူ့၏ အေးစက်စက်ပါးပြင်ကို ယဲ့ကျား လက်ညှိုးပေါ် ပွတ်ကာ ပြောလိုက်သည်။

"မင်း...မင်းရဲ့ လက်က အရမ်းသက်တောင့်သက်သာရှိတာပဲ...‌လူချောလေးတွေကတော့ မျှော်လင့်ထားသလိုပဲ..."

ယဲ့ကျား : “……..”

ဒီတစ္ဆေနှစ်ကောင်ကို မကယ်တင်နိုင်တော့ဘူး...

ပြင်းထန်စွာ တဆတ်ဆတ်တုန်နေသည့် တစ္ဆေနှစ်ကောင်ကို လျစ်လျူရှုလိုက်ပြီး ပြောလိုက်သည်။

"တံခါးဖွင့်လိုက်..."

“အင်း...”

ခြောက်လှန့်ခြင်းဝိညာဉ်ကြီး ဤအခွင့်အရေးကို သုံးကာ ယဲ့ကျား လက်ဆစ်များကို ပွတ်သပ်လိုက်ပြီး ကလေးကလားဆန်သော အပြုံး ပြုံးလိုက်သည်။

"ကိစ္စမရှိပါဘူး..."

ယဲ့ကျား သူတို့နှစ်ကောင်လုံးကို လွှတ်ပေးလိုက်သည်။

ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် ထိုအခိုက်အတန့်တွင် လွတ်မြောက်သွားပြီး လေထဲတွင် လွင့်မျော နေကြလေသည်။

နံရံပေါ်မှ ပန်းချီကားက ပုံမှန်အခြေအနေကို တဖြည်းဖြည်း ပြန်ရောက်သွားကာ ဖြူဖျော့နေသော အမျိုးသမီးပုံရိပ် တဖြည်းဖြည်း လွင့်ပြယ်သွားပြီး မူလ ရှုခင်းပုံသာ ကျန်တော့သည်။ ကြမ်းပြင်ပေါ်ရှိ စကျင်ကျောက်လုံးကလည်း ပုံမှန်လှေကားအလှဆင်ပစ္စည်းပြန်ဖြစ်သွားလေသည်။ ခြောက်လှန့်ခြင်းဝိညာဉ်နှစ်ကောင် တံခါးရှေ့သို့ လွင့်မျောသွားပြီး ‌နောက်တစ်ခဏတွင် ဂဟေဆော်ထားသကဲ့သို့ ပိတ်နေသောတံခါး ရုတ်တရက် ပြန်ပွင့်သွားလေသည်။

တံခါး၀တွင် တိုးဝှေ့နေသော လူငါးယောက် ရုတ်တရက် ဟန်ချက်ပျက်သွားကာ ၀ရုန်းသုန်းကား ဖြစ်သွားလေသည်။

တံခါးအပြင်ဘက်တွင် နေက တဖြည်းဖြည်း၀င်နေပြီဖြစ်သည်။ မိုးကုတ်စက်ဝိုင်းတွင် ရွှေရောင်တောက်တောက်သာ ကျန်ရှိနေပြီး နေကို မမြင်ရတော့ချေ။

စွန့်ပစ်ခြံ၀န်းကြီးက ယခင်အတိုင်း ရှိနေဆဲ ဖြစ်သည်။ လေပြေတစ်ချက် သွေးလိုက်တိုင်း ခြံ၀န်းထဲရှိ ပေါင်းပင်နှင့် သစ်ပင်များ တရှဲရှဲ ပွတ်တိုက်နေကြလေသည်။

သို့သော် သူတို့ငါးယောက် ရှုခင်းကို ခံစားနိုင်သည့် စိတ်အခြေအနေမရှိချေ။ သူတို့အားလုံး ဗီလာအပြင်သို့ တဟုန်ထိုး ပြေးသွားကြလေသည်။

ဘုရားရေ...

လောကကြီးမှာ သရဲတစ္ဆေတွေ တကယ်ရှိတယ်ဟ...

သူတို့အားလုံး ကြောက်စရာကောင်းသော ဖြစ်ရပ်များ ရှာဖွေနေကြသော်လည်း အဆုံးတွင် သူတို့ကဘာသာမဲ့များသာ ဖြစ်သည်။ မဟုတ်လျှင် ကြောက်စရာကောင်းသော နေရာများကို စူးစမ်းလေ့လာရန် စိတ်အားထက်သန်မည် မဟုတ်ပေ။

ဤနေရာ၌ ကြုံခဲ့ရသော အ‌တွေ့အကြုံက သူတို့၏ လောကအမြင်သုံးဖက်ကို လုံး၀ ပြောင်းပြန်လှန်သွားစေသည်။

ရုတ်တရက် ဟဲလျန်း တစ်ခုခုကို သတိရသွားပြီး နောက်သို့ လှည့်ကြည့်ကာ အမောတကော ပြောလိုက်သည်။

"ကျန်တဲ့နှစ်ယောက်ရော...အဆင်ပြေပါ့မလား..."

အခြားယောကျာ်းလေးတစ်ယောက် ငြီးတွားပြောလိုက်သည်။

"မင်းမှာ အဲ့ကိစ္စကို ဂရုစိုက်ဖို့ အချိန်ရှိသေးလား...မြန်မြန်သာ ပြေးစမ်းပါ..."

သို့‌သော် ထိုစကားများကို ကြားသောအခါ ကွမ်ထျန်းရီ တစ်ခုခုကို သတိရသွားပြီး ရုတ်တရက် ရပ်လိုက်သည်။

သူ သူ့နောက်မှ တိတ်ဆိတ်နေသော ဗီလာသို့ လှည့်ကြည့်လိုက်သည်။ သူတို့ ၀ရုန်းသုန်းကား ပြေးလာပြီးနောက် ထို‌ကြောက်စရာကောင်းသောဗီလာနှင့် ဝေးကွာနေပြီဖြစ်ကာ သူတို့ လှည့်ကြည့်လိုက်သောအခါ အလွန်ရှည်လျားသော ပေါင်းပင်မြက်ပင်များကြားမှ တံခါးဖွင့်ထားသော ဗီလာကိုသာ လှမ်းမြင်ကြရသည်။

ကွမ်ထျန်းရီ၏ စိတ်ထဲတွင် သဘောထားနှစ်ခု အားပြိုင်နေလေသည်။

“ဟိတ်...”

ဆံပင်တိုနှင့် မိန်းကလေး ကွမ်ထျန်းရီလက်မောင်းကို လှမ်းဆွဲလိုက်ကာ သူ့၏ သေးသွယ်သော လက်ချောင်းများ ဖြူဖျော့နေပြီး အသံကလည်း တုန်ရီနေလေသည်။

"သ...သွားရအောင်လေ...နင် ဘာလို့ရပ်နေတာလဲ..."

ကွမ်ထျန်းရီ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။

သူ့အသက်ရှုသံက အနည်းငယ် မငြိမ်မသက်ဖြစ်နေပေသည်။

“ခ...ခဏ‌လောက် စောင့်ကြည့်ရအောင်...ငါကြားဖူးတာ ဒီလို သရဲခြောက်တဲ့အိမ်တွေကို လေ့လာရင် အိမ်ထဲကထွက်လာရင် ဘေးကင်းသွားပြီတဲ့..."

သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ခြေလက်များလည်း အေးစက်တုန်ရီနေသော်လည်း သူ့မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် တောက်ပနေလေသည်။

အခြားယောကျာ်းလေးနှစ်ယောက် ငြိမ်သက်သွားကြပြီး အကြည့်ချင်းဖလှယ်ကာ တစ်ခုခုကို တွေးနေကြပုံ ပေါ်လေသည်။

သူတို့ အံကြိတ်လိုက်ပြီး ရဲရင့်စွာ ခေါင်းငြိမ့်လိုက်သည်။

"အို...အိုကေ ခဏလောက်စောင့်ကြည့်ကြတာပေါ့..."

သူတို့ ငါးယောက်လုံး ရင်တဒိတ်ဒိတ်ခုန်ကာ စောင့်နေကြသော်လည်း အချိန်အတော်ကြာသည့်အထိ ဗီလာအတွင်းမှ မည်သူမှ ထွက်မလာပေ။

သူတို့နှစ်ယောက် လုံခြုံနေ‌သင့်တယ်...

ကွမ်ထျန်းရီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။

သူ့လက်ချောင်းများ တုန်ရီနေသေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်သည့် ဆော့ဖ်ဝဲလ်ကို အဟန့်အတားမရှိ ဖွင့်နိုင်ခဲ့သည်။ သူ ဖုန်းကင်မရာကို သူ့ဘက်လှည့်လိုက်သည်။

အမှန်တွင် သူနှင့် သူ့သူငယ်ချင်းများက ဆိုရှယ်မီဒီယာပေါ်တွင် ရေပန်းစားကြသည့် အွန်လိုင်းကြယ်ပွင့်များ ဖြစ်သည်။ အဖွဲ့ဖွဲ့ကာ ကျော်ကြားသော သရဲခြောက်သည့် နေရာများကို စူးစမ်းလေ့လာသူအနေနှင့် သူနှင့် နည်းတူ သဘာ၀လွန်ဖြစ်ရပ်များနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီများကို စိတ်၀င်စားတတ်သူများအား ဆွဲဆောင်နိုင်ပေသည်။

ကွမ်ထျန်းရီ၏ခြေလက်များတုန်ရီနေသော်လည်း သူ့ပါးပြင်က စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပေသည်။

ဒါ...ဒါက အရမ်းကောင်းတဲ့ အခွင့်အရေးပဲ...

သူ ဆိုရှယ်မီဒီယာကြယ်ပွင့် ဖြစ်လာကတည်းက ဒီလို စစ်မှန်ပြီး ပြီးပြည့်စုံတဲ့ သရဲကြောက်တဲ့ အတွေ့အကြုံကို ပထမဆုံး ကြုံဖူးတာပဲ...

ဒီရှာဖွေတွေ့ရှိမှုက အရမ်းအရေးကြီးတယ်...သူသာ ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားနိုင်ရင် ရိုက်ချက်ကြီးကြီး ဖန်တီးနိုင်မှာပဲ...

ကွမ်ထျန်းရီ သူ့ကိုယ်သူ ကင်မရာ ပြန်ရိုက်ကာ သူ့အသက်ရှုသံက မတည်မငြိမ် ဖြစ်နေသေးသော်လည်း အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အောင် ကြိုးစားသော်လည်း စိတ်လှုပ်ရှားနေသောအသံ ဖြစ်နေဆဲဖြစ်သည်။

"သူငယ်ချင်းတို့...ငါမင်းတို့ကို ကတိပေးတယ်...နောက်ပြောမဲ့စကားတွေအားလုံးက အမှန်တရားတွေပဲ..."


Xxxxx