Chapter3
Viewers 500

လန်စီ ခဏလောက် အိပ်ပျော်သွားသည်။

"သူ ဘာကြောင့်မွေးဖွားလာတာလဲ" ဆိုတာကို မတွေးတတ်တော့ပေ ။ ဗိုက်ဆာတဲ့အပြင်  အရမ်းလည်း အိပ်ငိုက်နေ၏။

ဒါကို တွေးကြည့်တော့ လန်စီ သူ့ကိုယ်သူ နည်းနည်းသနားစရာကောင်းတယ်လို့ ခံစားရသည်။

အစာကျွေးမယ့် လူလဲမရှိ၊ ပြုစုစောင့်ရှောက်မည့်လူလဲမရှိ၊ သူ့ခေါင်းပေါ်မှာလဲ သောက် "ရေဘဝဲ" က စောင့်ကြည့်နေသေးတယ်။

ငါလေးရှင်ချင်တယ်နော်

ပြီးတော့ "ရေဘဝဲ" က သူ့ကို အရန်အစားအစာအဖြစ် အသုံးပြုဖို့ ကြံနေသေးတာလေ။

 

လန်စီ သည် အနည်းငယ်စိုးရိမ်သောကြောင့် အိမ်မက်ထဲတွင် ထောင်ဖောက်ပြေးသည့် အကြောင်း မက်နေပြီး အမေရိကန်ဇာတ်လမ်း "Prison Break" ကို သေချာမကြည့်ခဲ့မိသည့်အတွက် နောင်တရနေခဲ့သည်။

 

နိုးလာပြီးနောက် လန်စီ သည် အနီမိုနီထဲမှ ပတ်ပတ်လည်ကို တိတ်တဆိတ် ချောင်း ကြည့်လိုက်သည်။

အရေခွံခွာထားသည့်လက်နှင့် ခြေထောက်တို့သည် နေရာတွင်ပင်ရှိနေသေးပြီး ပတ်ပတ်လည်တွင် ရေဘဝဲ၏ခြေလက်များကိုမတွေ့ရပေ။ သန္တာကျောက်ရိုးထဲတွင် လန်စီ တယောက်ပဲရှိနေပုံရသည်။

 

လန်စီ က စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး အနီမိုနီထဲမှ ခုန်ထွက်လိုက်၏။ သူသည် လတ်ဆတ်သည့်ခြေလက်အသားများဆီသို့ ကူးခတ်သွားပြီး ၄င်းကို ဝိုင်းကြီးပတ်ကာ တွားသွားနေသည်။

လန်စီ ကို ဘာကြောင့် တွားသွားနေတာလဲလို့ လာပြီး အပြစ်မတင်ကြနဲ့နော်၊ အကြောင်းပြချက်က ရိုးရိုးလေးပဲ၊ သူအခုထိရေမကူးတတ်သေးလို့လေ။

 

လတ်ဆတ်တဲ့အသားစုသည် အရှည်တစ်မီတာခန့်ရှိပြီး အမြင့်မှာ တစ်မီတာနီးပါးရှိသည်။ လန်စီက နည်းလမ်းတစ်ခုကို တွေးမိ၏။

"Shawshank's Redemption" တွင် ဇာတ်လိုက်သည် ပိုစတာကိုအသုံးပြုကာ နံရံတွင်တူးထားသည့် အပေါက် ကိုဖုံးကွယ် ထားခဲ့သည်။

 

ဟုတ်ပြီ ငါလည်းအဲ့လိုလိုက်လုပ်မယ်ကွ!

ထိုသို့တွေးရင်း လန်စီ က လတ်ဆတ်သည့်အသားစိုင်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်ကာ သန္တာကျောက်ရိုးအစွန်းအထိ လှိမ့်ယူလိုက်၏။ "ရေဘဝဲ" က သူ့ရဲ့ လှုပ်ရှားမှုလေးကို တွေ့သွားမှာကိုလဲသူသတိထားနေရ၏။

"ရေဘဝဲ" သည် လန်စီ ကို အမြဲစောင့်ကြည့်မနေကြောင်း သေချာ သိချာ သိလိုက်ရ၏။ ကြီးကြီးမားမားမလုပ်သရွေ့ "ရေဘဝဲ"က သူ့ကိုအရေးယူမှာမဟုတ်ပေ။

 

သတိမမူဘဲ သူသည် သန္တာကျောက်ရိုးများပတ်လည်လှည့်ပတ်ကူးခတ်ပြီး အနီးနားတွင် "ရေဘဝဲ" ကို မမြင်ရကြောင်း သေချာအောင်စီစစ်ပြီးနောက် ပြန်လှည့်ကာ အသားစုနောက်တွင် ပုန်းပြီး သန္တာကျောက်ရိုးများကို ကုတ်ခြစ်နေသည်။

 

ပြီးခဲ့တဲ့အခေါက်က လန်စီအရမ်းစိတ်နစ်နေတာကြောင့် "ရေဘဝဲ" ရောက်လာတာကို သူ သတိမထားမိတဲ့အတွက် ဒီတစ်ကြိမ်မှာ သင်ခန်းစာယူလိုက်၏။ အချိန် အတိုင်းအတာ တစ်ခုအထိ တူးပြီးနောက်၊ လန်စီ သည် "ရေဘဝဲကြီး" အနီးတွင်ရှိမရှိကို စစ်ဆေးရန် ထွက်ကြည့်ပြန်၏။ မရှိဘူးဆိုတာသေချာမှ တဖန်ပြန်သွားကာ ထောင်ဖောက်ခြင်းလုပ်ငန်းကို ဆက်၏။

 

တစ်ချိန်တည်းမှာပင် လန်စီ သည် "Shawshank's Redemption" ဇာတ်ကားထဲက ဇာတ်လိုက်၏ လုပ်ဆောင်ချက်အချို့ကို အမှတ်ရနေသည်။ အရိုးအချို့ကို တူးပြီး သန္တာကျောက်ရိုးများကို ချိုးပြီးတိုင်း လန်စီ သည် သဲလွန်စမကျန်စေရန် ၎င်းတို့ကို အညီအမျှ အနီးအနားတွင် ဖြန့်ချထားလိုက်၏။

"ဂုရု"

ဗိုက်က မြည်လာပြန်ပြီ။

 

အကြိမ်အနည်းငယ် အပြန်ပြန်အလှန်လှန် သွားလာပြီးနောက် လန်စီသည် ခြေကုန်လက်ပန်းကျလုနီးပါးဖြစ်လာပြီး သူတူးထားသော တွင်းမှ ထွက်ကာ  အသားစိုင်နှင့်ပိတ်ဆို့ထားလိုက်သည်။

 

ထိုအရာအားလုံးလုပ်ပြီးနောက် လန်စီသည် အလွန်ပင်ပန်းနေသည့်အတွက် ထိုအသားစိုင်ပေါ်မှာတိုက်ရိုက်လဲလျောင်းနေ၏။

အရမ်းပင်ပန်းပြီး ဗိုက်ဆာလိုက်တာ။

"မွေးဖွားလာပြီးကတည်းက" ခုထိ လန်စီ ဘာမှမစားရသေးဘူး။

 

စွမ်းအင်မရှိသဖြင့် လန်စီ သည် အားနည်းချည့်နဲ့ကာလဲကျသွားသည်။

လန်စီ သည် အရေခွံခွာထားသောအသားစိုင်ပေါ်တွင် အချိန်အတော်ကြာအောင် လဲလျောင်းနေကာ နောက်ဆုံးတွင် အနံ့ကို ရှူမိလိုက်သည်။၊ ဤလတ်ဆတ်တဲ့ ခြေလက်အသားတွေက သူ ထင်သလို သွေးနံ့နံမနေဘဲ  ပျော့ပျောင်းနေသည်ကို တွေ့လိုက်ရသည်။

 

အချိန်အတော်ကြာအောင် တင်းခံနေပြီးနောက်တွင် လန်စီ သည် မနေနိုင်တော့ဘဲ ၎င်းကို ကိုက်ကြည့်လိုက်၏။

ထို့နောက် လန်စီ၏ မျက်လုံးများအရောင်တဖျတ်ဖျတ်လက်သွား၏။

 

ဒီလက်ချောင်းတွေရဲ့ အသားအရသာက ရေဘဝဲလုံးလေးတွေလိုပဲ။ တစ်ကိုက် ကိုက်လိုက်တာနဲ့ လုံးဝ စေးကပ်မှု မရှိဘဲ ထုတ်ထုတ်လေး။ အိုက်ယား စားရတာ အရမ်း ကျေနပ်စရာပဲ။

မဆိုင်းမတွပင် လန်စီ သည် ဒုတိယတစ်ကိုက်ကိုဝါးနေစဉ် ပျော်ရွှင်စွာ ဖြင့် သူ၏အမြီးလေးကိုပင် လှုပ်ယမ်းလိုက်မိသည်။

 

ဒါပေမယ့် တတိယတစ်ကိုက် ကိုက်တော့မည်အပြုတွင် လန်စီ ရပ်သွား၏။

သူသည် ဤလတ်ဆတ်သည့်လက်တံများကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ရွေးချယ်စရာမရှိ အခြားတစ်ဖက်မှ အစွန်းကို ရွေးကာ အလုပ်သေးသေးလေးကိုက်လိုက်၏။

 

အများကြီးစားလိုက်လို့ လက်တံတွေ အရမ်းသေးသွားရင် ဘာလိုလုပ်မလဲ။

စိုးရိမ်နေရင်း လန်စီ ဟာ အသားစိုင် အရွယ်အစားကို မပြောင်းလဲဘဲ ဗိုက်ပြည့်အောင် ဘယ်လိုစားရမလဲဆိုတာကို စဉ်းစားနေ၏။

စားသောက်ပြီးနောက် လန်စီ သည် ပင်လယ်သဲပြင်ပေါ်တွင် ပက်လက်လှဲလျောင်းရင်း အပေါ်က ပြာလဲ့လဲ့ပင်လယ်ပြင်ကို ကြည့်ကာ သူ့အတွေးများ တဖြည်းဖြည်း လွင့်မျောနေ၏။

သမုဒ္ဒရာကို နေရောင်ခြည် ထိတွေ့မှု အတိုင်းအတာအရ အလင်းရောင်ရသော အလွှာ၊ အလင်းနည်းသော အလွှာ၊ ပင်လယ်ရေအောက် အလွှာနှင့် ချောက်အလွှာတို့ အလွှာလေးခု ခွဲခြားထားသည်။

 

မှိန်ပျပျအလင်းရောင်သည် နေရောင်ခြည်နှင့် အမှောင်တို့၏ ဆုံစည်းရာဖြစ်ပြီး အောက်ဘက်ရောက်လေ အေးစက်ကာမှောင်မဲလေဖြစ်သည်။

လန်စီ သည် သူ၏သမုဒ္ဒရာဆိုင်ရာအခြေခံဗဟုသုတကိုအခြေခံ၍ ယခု သူရောက်ရှိ နေသည့်နေရာသည် ပင်လယ်နက်လွှာနှင့် ချောက်များ ဆုံရာနေရာဖြစ်မည်ဟု မှန်းဆသည်။

သို့သော်လည်း ရေသူထီးများသည် ရုပ်ပိုင်းဆိုင်ရာ အမှန်တကယ် သန်မာကြောင်း ပြသနေပြီး လန်စီ သည် ယခုအချိန်အထိ အအေးဒဏ်ကိုမခံစားရပေ။

လန်စီ ထိုအကြောင်းကို တွေးနေရင်းနဲ့ အနီးနားက အမှောင်ထုကို ရုတ်တရက် ခံစားလိုက်ရပြီး မျှော်လင့်ထားသလိုပဲ သန္တာကျောက်ရိုးရဲ့ အဝင်ပေါက်ကနေ ရေဘဝဲရောက်လာ၏။

လန်စီ : "..."

 

သူနှင့်တဖြည်းဖြည်းနီးကပ်လာသည့် ရေဘဝဲ စိုက်ကြည့်နေ၏။ ထို့နောက် ရေဘဝဲ သူ့နှင့် တစ်မီတာအကွာသို့ရောက်ရှိလာသည့်အခါတွင် သူထအော်လိုက်၍ အနီမိုနီထဲသို့ ခုန်ဆင်းသွားသည်။

ရေဘဝဲမှာ တောင့်တင်းသွား၏။

ရေဘဝဲက ကြောင်သွားပြီး လန်စီနှင့်ဆက်သွယ်ရန် အတင်းအကျပ်မလုပ်ဘဲ သူ့လမ်းကြောင်းကိုလှည့်လိုက်ကာ ခုနက ကျွေးထားခဲ့သော အသားစိုင်များဘက်သို့ လှည့်သွားသည်။

 

အနီမိုနီ၏ အတွင်းမှ ချောင်းကြည့်နေသော လန်စီ သည် လန့်ဖြန့် သွားသည်—

ဒီ "ရေဘဝဲ" မှာဒီလို အစွဲအလမ်းရှိတာလား?။

ငါ အသားတွေကို မစားရသေးဘူးလေ၊ မင်းဘာလို့ အစောကြီး သန့်ရှင်းရေးလုပ်တာလဲ?။

"အိုက်-ကာ-"

 

လန်စီသည် စိုးရိမ်နေ၏။ အသားစိုင်များကို သန့်ရှင်းရေးလုပ်လိုက်လျှင် "ရေဘဝဲ" သည် သူ ထွက်ပေါက် ထပ်တူးနေတာကို သေချာပေါက်ရှာဖွေ တွေ့ရှိသွားမည် ဖြစ်သည်။

လန်စီ သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် အနီမိုနီထဲမှ ထွက်လာပြီး ရေဘဝဲကို အော်ဟစ်လိုက်သည်။

 

သန့်ရှင်းရေးလုပ်တော့မည့် ရေဘဝဲက ခေတ္တရပ်ပြီး လန်စီရှိရာဘက်ကို စက္ကန့်အနည်းငယ်ခန့်လှည့်ကြည့်လိုက်၏။

လန်စီ ၄င်းနှင့် အကြည့်ချင်းဆုံသွား၏

လန်စီ ၏ တွန်းလှန်သည့် လုပ်ဆောင်ချက်သည် ၎င်းအပေါ် အထင်ကြီးစရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ နောက်ဆုံးတွင် ၎င်းသည် ခုနက ကျွေးထားခဲ့သည့် " အသားစိုင်အတုံးကြီး" ကို သန့်ရှင်းရေးလုပ်ရန် ရွေးချယ်လိုက်၏။

 

အား.. ဒီ သောက်"ရေဘဝဲ" က ဘာလို့ ဒီလောက် ခေါင်းမာရတာလဲ?။

လန်စီ သည် စိုးရိမ်တကြီးဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် အနီမိုနီထဲတွင် ဝှက်ထားသော ပုလဲကို တွေ့လိုက်သည်-

ဒါက ပြီးခဲ့တဲ့အခေါက် ရေဘဝဲက သူ့ကို နှစ်သိမ့်ပေးဖို့ ပေးသွားခဲ့တာမဟုတ်လား?။

မဆိုင်းမတွဘဲ လန်စီ သည် လက်သီးဆုပ်အရွယ်ပုလဲကိုဆွဲယူကာ ရေဘဝဲဆီသို့ ပစ်ပေါက်လိုက်သည်။

"ဂွတ်"

 

လန်စီ ၏လက်သည် အလွန်တိကျပြီး တစ်ချက်ထဲနှင့်ထိမှန်သွားသည်။

ရေဘဝဲကို ပုလဲ ထိမှန်သွားပြီး နောက်ဆုံးတွင် ၎င်း၏အာရုံကို ဖမ်းစားနိုင်သွားသည်။

ပုလဲသည် ရေဘဝဲကိုထိမှန်ပြီးနောက် တောက်ပသော အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်လျက် ပင်လယ်သဲပြင်ပေါ်သို့ ကျသွားသည်။

ငါးတစ်ကောင်နှင့် ရေဘဝဲတစ်ကောင်သည် ပုလဲကို တပြိုင်နက်ထဲ ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေကြ၏။

 

လန်စီအကြံကုန်ထုတ်သုံးလိုက်၏။  "ရေဘဝဲ" မှ "အသားစိုင်များ" ကို မရှင်းလင်းမိစေရန် သူသည် အနီမိုနီ မှ ထွက်လာပြီး ရေဘဝဲကို အသံသေးသေးလေးဖြင့် အော်ဟစ်လိုက်လေသည်။

 

အသံသည် သနားချင်စဖွယ်၊ ချစ်စဖွယ်ကောင်းပြီ စိတ်ကိုထိခိုက်စေ၏။

သိသာထင်ရှားစွာပင် ဤအသံသည် ရေဘဝဲ၏ စိတ်ကိုထိခိုက်စေသည်။ သန့်ရှင်းရေးမလုပ်တော့ဘဲ "ရေဘဝဲ" မှာ နှလုံးသားရှိသည့်အလား လန်စီ ကို လှည့်ကြည့်လိုက်၏။

သို့သော် ရေဘဝဲက လန်စီ၏ အဓိပ္ပါယ်ကို မှားယွင်းစွာ နားလည်သွားခဲ့၏။

 

ရေဘဝဲသည် ပုလဲကို ရစ်ပတ်ကာ ကောက်ကိုင်လိုက်ပြီး လန်စီရဲ့ စပ်စုတဲ့ အကြည့်အောက် မှာ ပုလဲကို လန်စီဘက် ပစ်ချလိုက်၏။

လန်စီ : "..."

ပုလဲဖြူသည် လန်စီ နှင့် မနီးမဝေးတွင် ဆင်းသက်လာခဲ့ပြီး သူသည် ခပ်လှမ်းလှမ်းမှ ရေဘဝဲကို ကြည့်လိုက်ပြီးနောက် ၎င်း၏ ငါးအမြီးဘေးတွင် ကျနေသည့် ပုလဲကို ကြည့်လိုက်သည်။

 

လန်စီသည် ပုလဲကို အင်တင်တင်ဖြင့် ကောက်ယူလိုက်သည်။ ပုလဲကိုကိုင်ပြီး ရေဘဝဲကို ပြုံးပြပြီးနောက် ပုလဲကို အသားစိုင်နှင့်ဆန့်ကျင်ဘက်သို့ ပစ်လိုက်သည်။

လန်စီ က သူ့အား လိုလိုလားလား တုံ့ပြန်လာတာကြောင့် ရေဘဝဲသည် အလွန်ပျော်ရွှင် နေ၏။ ၎င်းသည် ချက်ချင်းပြေးသွားကာ ပုလဲကို ကောက်ယူပြီးနောက် လန်စီထံသို့ ပြန်ပစ်လိုက်သည်။

 

လန်စီ သည် သူ့ဆီသို့ ပြေးလာနေသော ပုလဲဖြူကို ကြည့်ကာ အသည်းကွဲသွားသည် ။

ဒီမြင်ကွင်းက ဘာကြီးလဲ။ သူက ရေဘဝဲနဲ့ "ဘောလုံးပစ်တမ်း" ကစားနေတာလား။

ဤတစ်ကြိမ်တွင် လန်စီ သည် ပုလဲကို အမူအရာမဲ့ ဖမ်းလိုက်ပြီးနောက်  ကျပန်းပစ်လိုက်ကာ ရေဘဝဲကို သူ့ဘာသာသူ ကောက်ယူခွင့်ပြုလိုက်သည်။

 

ဟုတ်ပါတယ် ရေဘဝဲက ချက်ချင်းကောက်ယူလိုက်ပြီး  ဒီတစ်ခါတော့ ရေဘဝဲ အနည်းငယ် သတိထားမိသွားသည်-

ရေဘဝဲက ပုလဲကို ကောက်ယူပြီးနောက်ရစ်ပတ်ကာ လန်စီထံသို့ ချက်ချင်းမပစ်ဘဲ ပုလဲကို ထွေးပိုက်ရင်း မဝံ့မရဲဖြင့် လန်စီထံသို့ ရွှေ့လာ၏။

 

လန်စီ သည် ရေဘဝဲ ချဉ်းကပ်လာသည်ကို ကြည့်ပြီး အော်ဟစ်လိုက်ချင်သော်လည်း သူ့နောက်ကွယ်မှ မပြီးဆုံးသေးသော လွတ်မြောက်ရေးလမ်းကြောင်းကို တွေးလိုက်မိသော အခါတွင် သူသည် ထွက်ပြေးချင်စိတ်ကို သည်းခံနေရ၏။

ရေဘဝဲ သူ့အနားသို့ နီးသထက် နီးလာသည်ကိုသာ ကြည့်နေရ၏ ။

 

နောက်ဆုံးတွင် ရေဘဝဲက လန်စီနှင့် မီတာဝက်အကွာတွင် ရပ်လိုက်ပြီး ပုလဲကို လန်စီ သို့ ဂရုတစိုက် ပေးလိုက်သည်။

လန်စီ က ပေးလာတဲ့ ပုလဲကို စိုက်ကြည့်ပြီး ထိုအခိုက်အတန့်တွင် ရေဘဝဲသည် သူအနား အရမ်းနီးကပ်နေ၏။

 

အသက်ပြင်းပြင်းရှူရင်း လန်စီ သည် ပုလဲကို ရေဘဝဲထံမှလှမ်းယူလိုက်သည်။

ဤသည်မှာ ရေဘဝဲနှင့် သူ ပထမဆုံးအကြိမ် ဆက်သွယ်ခြင်းဖြစ်ပြီး အရိုင်းဆန်သော အထိအတွေ့သည် လန်စီ ကို အမှန်တကယ်အထင်ကြီးစေသည်။

လူသားဒဏ္ဍာရီများတွင် ရေဘဝဲများသည့် အမြဲတမ်းမကောင်းသည့် ဇာတ်ကောင်များ ဖြစ်ပြီး၊ မကောင်းဆိုးဝါး မှော်ဆရာများ သို့မဟုတ် Cthulhu ဇာတ်ကောင်တို့၏ ရှေ့ပြေးပုံစံ ရေဘဝဲများဖြစ်ကာ လူသားများအတွက် အလွန်ကြောက်စရာကောင်းကြောင်း သက်သေထူနေပေ၏။

 

သို့သော်... ထိုသို့သော ထိတွေ့ဆက်ဆံမှုမှတဆင့် လန်စီ သည် ဤ "ရေဘဝဲ" သည် အနည်းငယ် နူးညံ့ပုံမှာ မတွေးတတ်အောင် ဖြစ်မိသည်။

လန်စီသည် ဤအတွေးကြောင့် ထိတ်လန့်သွား၍ ခေါင်းကိုခါယမ်းကာ ထိုအတွေးတွေကို ထုတ်ပစ်ဖို့ ကြံရင်း ပုလဲကို ပစ်ထုတ်လိုက်၏။

ရေဘဝဲက ချက်ချင်း ပုလဲကိုသွားကောက်သည်။

 

အကယ်၍ အဆိုပါပုလဲကို လူသားများက ကမ်းခြေသို့ သယ်ပို့နိုင်ခဲ့လျှင် ၎င်း၏ကြီးမားသော အရွယ်အစားကြောင့် လူ့အသိုင်းအဝိုင်းတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။

အခုတော့ ပင်လယ်နက်ထဲမှာဆိုတော့ သနားစရာပဲ။ လန်စီ နှင့် ရေဘဝဲ၏ အမြင်တွင် ဤအနှိုင်းမဲ့ပုလဲသည် ဘောလုံးတစ်လုံးလောက် မကောင်းပေ။

 

အချိန်အတော်ကြာ ကစားပြီးနောက် ရေဘဝဲက ပုလဲကို လန်စီ သို့ ပြန်ပေးလိုက်သည်။

ရေဘဝဲသည် မည်သည့်အမူအရာမှ ဖော်ပြခြင်းမရှိသော်လည်း အလွန်ပျော်ရွှင်နေပြီး ၎င်း၏အရောင်များပင် ပျော်ရွှင်မှုကြောင့် ပိုမိုတောက်ပနေကြောင်း လန်စီသေချာသိပေ၏။

နောက်ဆုံး သူထွက်သွားခါနီး ရေဘဝဲသည် လန်စီ၏ ဦးခေါင်းကို မရွံ့မရဲဖြင့် ထိလိုက်သော်လည်း လန်စီ က မငြင်းဆန်ခဲ့ပေ။

 

သို့သော်လည်းရေဘဝဲသည် ထွက်ခွာခါနီးတွင် မပြီးဆုံးသေးသည့် အသားစိုင်များကို ရှင်းလင်းရေးလုပ်ရန်ကိစ္စအားဆက်လုပ်ရန် အဆင်သင့်ဖြစ်နေ၏။

ဒီတစ်ခါတော့ လန်စီ တကယ် ဒေါသထွက်သွား၏။

သူ ဒီလိုမျိုး ခပ်တုံးတုံးဂိမ်းကို အတူတူကစားပေးထားရတာလေ။

 

 ဒီသောက်ရူးရေဘဝဲက ဘာလို့ သန့်ရှင်းရေးဆက်လုပ်ဦးမှာလဲဟ?။

လန်စီ သည် ရေဘဝဲအသားစိုင်များကိုမထိမီ ချက်ခြင်းကူးခတ်လာပြီး ၄င်းပေါ်တွင်ထိုင်ကာ ရေဘဝဲရှေ့တွင်လန်စီ သည် ပုလဲလုံးကို အသားစိုင်များပေါ်တွင် တင်ထားလိုက်သည်။

မင်းအခု နားလည်သင့်နေပြီကွ။

ရေဘဝဲ၏ လှုပ်ရှားမှုများ ရပ်တန့်သွား၏။

 

လန်စီ အတွက် ဤအသားစိုင်သည် ပုလဲကဲ့သို့ အဖိုးတန်ပြီး သူ့ခွင့်ပြုချက်မရပဲ ဘယ်သူကမှ ထိခွင့်မရှိဟု နားလည်သဘောပေါက်သွားပုံရသည်။

အဆုံးမှာ ရေဘဝဲကွေးညွှတ်သွားပြီး အနည်းငယ် ရှုပ်ထွေးသွားပုံရ၏။

နောက်ဆုံးတွင် ရေဘဝဲသည် လန်စီကိုလေးစားရန် ရွေးချယ်ခဲ့ပြီး သန္တာကျောက်ရိုးများအတွင်းမှ ထွက်ခွာသွားသည်။

လန်စီ သည် ရေဘဝဲထွက်သွားသည်ကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ကံကောင်းထောက်မစွာပဲ တူးထားတဲ့ အပေါက်ကို ရှာတွေ့မသွားပေ။