MM Storyteller
Webnovel Translations
Chapter4
Viewers
512
Chapters
108
ပြည်မကြီးတွင်။
ကံဆိုးမိုးမှောင်ကျနေသာ ဓာတ်ခွဲခန်း မှ သုတေသီ အဖွဲ့တစ်ဖွဲ့သည် ကွန်ဖရင့်ခန်းတွင် အစည်း အဝေး လုပ်နေကြရသည်။
ဦးဆောင်သုတေသနပြုသူမှာ အနက်ရောင် မျက်မှန်တပ်ထားသော ဆံပင် အညိုရောင် လူငယ်လေးဖြစ်သည်။ သူသည် ကျန်သူများကို ဒေတာခွဲခြမ်း စိတ်ဖြာမှုရလဒ်များကို ပြသနေသည်။
"ငလျင်ကြီးတွေ၊ အသေးလေးတွေက သမုဒ္ဒရာထဲမှာ နေ့စဉ် လှုပ်နေတယ်။”
ဆံပင်အညိုရောင်သုတေသီ၏ ခွဲခြမ်းစိတ်ဖြာချက်ကို ဖတ်ပြီးနောက်၊
အချို့သောသုတေသီများသည် ထိုသူကလုံးလုံးလျားလျား ရေးကြီးခွင်ကျယ် လုပ်နေသည်ဟု ခံစားမိကြသည်။
"မိုရန်, ဒါက ပင်လယ်သတ္တဝါကြီးက ဒီမှာရှိနေတယ်လို့ မဆိုလိုပါဘူး။"
မိုရန် ဟုခေါ်သော လူငယ်လေးက
"အနီးအနားက ပင်လယ်ရေထဲမှာ သတ္တဝါတစ်ကောင်ရဲ့ ဥခွံအပိုင်းအစတွေကို ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။"
ရုပ်ပုံများသည် အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီး သုတေသီများ၏ အကြည့်အောက်တွင် ၎င်းသည် အဖြူရောင်ဥခွံပုံအဖြစ် ပြောင်းလဲသွားသည်။
တကယ်လို့ လန်စီသာ ဒီမှာရှိနေရင် တစ်ချက်ကြည့်လိုက်ရုံနဲ့ သူသေချာပေါက် မှတ်မိပေလိမ့်မည်။
ဒါက သူ့ဥခွံမဟုတ်လား??
"သိထားတဲ့ အချက်အလက်တွေအရ၊ ဒါက သက်ရှိမျိုးစိတ်အသစ်တစ်မျိုးရဲ့ ဥခွံပဲ။ သတင်းကောင်းကတော့ ကျွန်တော်တို့တစ်ကောင် ရှာတွေ့ခဲ့ ပါတယ်။"
မိုရန် က "ဒါပေမယ့် သတင်းဆိုးကတော့ အဲ့ဒီသတ္တဝါကြီးက “နတ်” မြောင်း ထဲက က နိုးလာပြီး ပင်လယ်ရေတိမ်ပိုင်းအနီးမှာ ရှိနေပါတယ်"
သုတေသီအားလုံး ပင့်သက်ရှိုက်သွားလေသည်။
အေဒီ 487 ကမ္ဘာပျက်သောအချိန်က လူသား တို့ကို အလိုရှိတဲ့တိုင်းလုပ်ဆောင်
ရန် အမြဲခွင့်ပြုထားသည့် သမုဒ္ဒရာသည် လူသားတို့ကို တိုက်ခိုက် လာခဲ့လေသည်။
ပင်လယ်နက်ထဲရှိ သတ္တဝါကြီးသည် ချောက်နက်ကြီးမှ နိုးထလာပြီး လူသားများအပေါ် တရားစီရင်ခြင်းကိုပြုခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် အသက်ရှင်ကျန်ရစ်သော လူသားများသည် သမုဒ္ဒရာနှင့် ဟန်ချက်ညီအောင်နေခဲ့ကြပြီး ယခုအခါ လူသားများသည် ဤပျက်စီးလွယ်သော ချိန်ခွင်လျှာကို ဂရုတစိုက်ထိန်းညှိနေကြရသည်။
သို့သော်“နတ်”မြောင်း ထဲက နိုးထလာခဲ့သူသည် ဤချိန်ခွင်လျှာကို အလွယ်တကူပင် ချိုးဖျက်နိုင်ပေသည်။
"ဒါဆို သူနိုးလာပြီဆိုတော့ ဒီပင်လယ်သတ္တဝါကြီးအကြောင်း မင်းသိလား"
သုတေသီအသစ်တစ်ယောက်က မေး၏။
မိုရန် သက်ပြင်းချပြီး ပြောလိုက်သည် ။
"လူသိများတဲ့ ပင်လယ်သတ္တဝါကြီးအများစုဟာ ပင်လယ်ထဲမှာ ရှိပြီးသားသတ္တဝါ တွေကနေ ဆင့်ကဲပြောင်းလဲလာပေမယ့် ဒီတစ်ကောင် ကတော့ မတူဘူး။"
ထိုထူးခြားသော ပင်လယ်သတ္တဝါကြီး၏ မျက်နှာအမှန်ကို မည်သူမျှမသိကြပေ။
တစ်ချိန်က သုတေသနဌာနသည် စမ်းသပ်ရန်စက်တစ်ခုကို စေလွှတ်ခဲ့ပြီး တစ်ခုတည်းသောကောက်ချက်ချမှာ အရာဝတ္တု၏ပုံသဏ္ဍာန်သည် အတိအကျမရှိပဲ ၎င်းသည် ဖော်မပြနိုင်လောက်အောင်ကြီးမားသည့် အရာကြီး တခုဖြစ်ခြင်းပင် ။
တစ်ခုတည်းသော သတင်းကောင်းမှာ ထိုအရာသည် အချိန်အများစုတွင် အိပ်ပျော်နေပြီး ကမ္ဘာကြီးကို ကျူးကျော်ရန် စိတ်မဝင်စားခြင်းပင်။
"ဖြစ်ရပ်အများစုမှာ သူက ရေဘဝဲအသွင်နဲ့ ပေါ်ပေါ်လာတတ်တယ်။"
မိုရင်သည် ပင်လယ်ရေတိမ်ပိုင်းရှိ တွင်းနက်ကြီးကို ပြသခဲ့ပြီး၊
"ဒါက သူနိုးထလာတယ်ဆိုတဲ့ သဲလွန်စပဲ"
သို့သော် ထိုအရာသည် ပင်လယ်နက်ထဲမှ ရုတ်တရက်နိုးလာပြီး ပင်လယ်ရေတိမ်ပိုင်း ဒေသသို့ အဘယ်ကြောင့် ရောက်လာသနည်း။။
လူတိုင်းကပဟေဠိ ဖြစ်နေကြပြီး တစ်ခုတည်းသော အကြံပြုချက်မှာ သဲလွန်စကို ရှာဖွေရန် ထိုနေရာသို့ လူတစ်ယောက်စေလွှတ်ရန်ပင် ဖြစ်သည်။
"ဒီတစ်ခါတော့ ကိုယ်စားလှယ်လောင်းကို စဉ်းစားပြီးပါပြီ။"
မိုရန်က "ဗိုလ်မှူးကြီး ဝမ်ယုကို သူ့အဖွဲ့နဲ့ လိုက်ခွင့်ပြုပါ။"
ဒီနာမည်ကို ကြားတော့ အားလုံးက အံ့သြသွားကြတယ်။
" ဗိုလ်မှူးကြီး ဝမ်ယု။ သူ... ဒီတာဝန်ကို ထမ်းဆောင်ပါ့မလား ။"
"လုပ်နိုင်ပါတယ်။"
မိုရန် ရဲ့ အဖြေက အလွန်အေးစက်နေကာ "ဘယ်သူသိနိုင်မှာလဲ။"
ဒီအဖြေကို ကြားတော့ သုတေသီအချို့က သက်ပြင်းချလိုက်၏။
လူတစ်ချို့က ဗိုလ်မှူးကြီး ဝမ်ယုကို သတ်ချင်နေပုံရ၏။
***
လန်စီ က သူမွေးဖွားလာသည့် နေရာကို လူတစ်စုအား ပြသခံနေရမှန်း မသိပေ။
သူအခု စိတ်ဒုက္ခရောက်နေကာ ဒီအသားစိုင်တွေ ဖုံးထားတဲ့အောက်က ထွက်ပြေး လွတ်မြောက်ဖို့ လမ်းကြောင်းကို ဘယ်လို အမြန်တူးရမလဲဆိုတာပဲ။
သူ တူးနေတာကြာပြီ။
အသားစိုင်များ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သော်လည်း ထွက်ပေါက်ကို တူးလို့ မပြီးသေးပေ။
ဟုတ်တယ်၊ အသန့်ကြိုက်တဲ့ ကိုရွှေ"ရေဘဝဲ"က လန်စီက အသားပါတဲ့ ခြေလက်တွေကို စားရတာ ကြိုက်တယ်လို့ ထင်နေ၏။ လန်စီကို ပိုမိုကောင်းမွန်စွာ ကျွေးနိုင်ရန်၊၎င်းသည်လတ်ဆတ်စွာ ပြုပြင်ထားသော အသားနှင့် ခြေထောက်များကို သန္တာအရိုးများထဲသို့ နေ့စဉ် ပစ်ထည့် ပေးနေမည်ဖြစ်သည်။
လန်စီ လုပ်ရမည့်အရာမှာ ရေဘဝဲ မရှိချိန်တွင် ရှေ့သို့အမြန်သွားပြီး အသားစိုင် အဟောင်းများကို လတ်ဆတ်သော အသားစိုင်များဖြင့် အစားထိုးကာ၊ ထို့နောက် ၄င်းအဟောင်းသားများကို ဖယ်ရှားရန်လာသည့် ရေဘဝဲကို စောင့်နေရုံပင်။
ခြုံပြောရရင်တော့ ရေဘဝဲက ဘာကိုမှ ဖော်ထုတ်မိသွားခြင်းမရှိပေ။
တစ်ခါတစ်ရံတွင် လန်စီသည် အသားစိုင်များကို နေ့တိုင်းကျွေးခံနေရကာ အကယ်၍ သူအစာစားချင်စိတ် ပိုကြီးလာလျှင် တစ်လကြာပြီးနောက် အပြင်ဘက်ရှိ "ရေဘဝဲ" သည် သူ့ကို အစာကျွေးဖို့အတွက် သူ့တကိုယ်လုံးကို အပိုင်းပိုင်း လှီးဖြတ်ပစ်နေရ မလားလို့ ပေါက်ကရ တွေးမိသည်။
ရုတ်တရတ် သနားစရာကောင်းတဲ့ ရေဘဝဲလေး, ငါ ဘာလုပ်ပေးရမလဲ။။
ထိုအတောအတွင်း လန်စီသည် နာခံဟန်ဆောင်နေသည်။
ရေဘဝဲနှင့် အချိန်အတော်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ဤရေဘဝဲသည် သူ့ကိုအတော်လေး အလိုလိုက်ကြောင်း လန်စီ သတိထားမိ၏။
လန်စီ၏ ယခင်လုပ်ရပ်များကြောင့် ရေဘဝဲအား နားလည်မှု လွဲမှားစေခဲ့သည်။
ရေဘဝဲ၏မျက်လုံးထဲတွင် လန်စီသည် သူနှင့် ပုလဲများကိုပစ်ပေါက် ဆော့ကစားခြင်းကို "ကြိုက်" သည်ဟုထင်နေသည်။
နောက်တစ်နေ့တွင် ရေဘဝဲသည် ကြီးမားသည့်ပုလဲတစ်ဒါဇင်ကို လန်စီအတွက် ယူဆောင်လာသည်။ အသေးဆုံး ပုလဲလုံးသည်ပင် လက်သီးလောက်ရှိပြီး အကြီးဆုံး ခရမ်းရောင်ပုလဲသည် ဘတ်စကတ်ဘော အရွယ်အစားခန့်ရှိ၏။
ဤကိစ္စနှင့် ပတ်သက်၍ လန်စီသည် အလွန် ပျော်ရွှင်ဟန်ဆောင်ကာ ရေဘဝဲရှေ့တွင် ပုလဲများကို ယူလိုက်ပြီး ရေဘဝဲနှင့် ကစားရန် ပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။
အကယ်တမ်း ရေဘဝဲထွက်သွားသည်နှင့် တပြိုင်နက် လန်စီသည် ပုပ်သိုးနေသော မျက်နှာဖြင့် ပုလဲပုံပေါ်တွင် ထိုင်ကာအဘယ်ကြောင့် ကုန်းမြေပေါ်တွင် မဟုတ်သည်ကို ထပ်၍ မုန်းတီးနေပြန်သည်။
အကယ်၍ သူသာ လူသားတစ်ဦးဖြစ်နေသေးပါက ပုလဲတစ်လုံးကို ကမ်းပေါ်တင်လိုက်ရုံဖြင့် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာနိုင်သည်။
ဟုတ်ပါတယ်၊ ဒါက အတွေးသပ်သပ်သာ
ရေဘဝဲ နှင့် အကြိမ်ကြိမ် တူတူပုန်းတမ်းကစားပြီးနောက် လန်စီ သည် ရေဘဝဲ၏ လှုပ်ရှားမှုပုံစံကို သတိထားမိသွားခဲ့သည်။
ရေဘဝဲမပေါ်လာမှီအချိန်တိုင်း အချက်ပြမှုတစ်ခုရှိကြောင်းရှာဖွေတွေ့ရှိခဲ့
သည်။
သူ့ဦးခေါင်းထက်ရှိ ပင်လယ်သည် အနည်းငယ်မှောင်သွားပြီး ငါးမိနစ်ခန့် ကြာလျှင် ရေဘဝဲသည် သန္တာအရိုးတွေထဲကို ရောက်လာလိမ့်မည်ဖြစ်၏။
လန်စီ၏ ကိုယ်ပိုင်ခန့်မှန်းချက်အရ လန်စီထံ လာရောက်လည်ပတ်ရန် ရေဘဝဲအတွက် ကြားကာလအချိန်သည် တစ်ရက်ခြားဖြစ်သည်။
ဒီနေ့တော့ လန်စီက ခါတိုင်းလို အသားစိုင်တွေကို တွန်းထုတ်လိုက်ပြီး သန္တာအရိုးတွေကို တူးနေသည်။
အခုသူကြုံတွေ့ရတဲ့ ပြဿနာက အရင်ပြဿနာနဲ့ အတူတူပင်၊ အပြင်အလွှာကို တူးဖို့က ပိုခက်သည်။
လန်စီသည်သူ့လက်ဖြင့်တူးရန်အလွန်ခက်ခဲနေပြီဖြစ်သည်။မနေ့ကတည်းကသူ့လက် တစ်ဖက်က နာကျင်နေပေမယ့် ဒီနေ့အနားယူဖို့ အစီအစဉ်မရှိပေ။
ဂူငယ်လေးထဲမှာ မှောင်မိုက်လု နီးနီးပင်။ လန်စီက အရာင်တောက်ပတဲ့ပုလဲကို ယူလာရင်တောင် ရှင်းရှင်းလင်းလင်း မမြင်ရတာကြောင့် မှန်းဆပြီးသာ သန္တာအရိုးတွေကို တူးဖော်နေရ၏။
"ဂဒန်"
ကြွပ်ဆတ်သောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် လက်ချောင်းထိပ်များတွင် နာကျင်လာသည်။
လန်စီသည် တစ်ခဏမျှ အေးခဲသွားပြီးနောက် သူသည်သွေးအနံ့ကို ရလိုက်သည်။
မဖြစ်သင့်ဘူး...
လန်စီသည် တူးထားသော လှိုဏ်ဂူမှ အမြန်ထွက်လာပြီး အပြင်ဘက်ရှိ အနည်းငယ်တောက်ပသော အလင်းရောင်အောက်တွင်လက်ကို ကြည့်လိုက်သောအခါ မျက်ရည်ကျလောက်အောင် နာကျင်သွားတော့သည်။
သူ့လက်သည်းများ ကွဲသွားကာ သူ့လက်ချောင်းထိပ် များက သွေးထွက် နေသည်။
လန်စီသည် ယောက်ျားတစ်ယောက်ဖြစ်လျှင်တောင် လက်ဆယ်ချောင်းသည် နှလုံးနှင့် ချိတ်ဆက်ထားသောကြောင့် လက်သည်း ငါးချောင်းကို ဖြတ်ထုတ်ပစ်ရန် မခံနိုင်ပေ။
သူ့မျက်ရည်များကို မထိန်းနိုင်လောက်အောင်ပင် နာကျင်နေပြီး လန်စီရဲ့မျက်လုံး အိမ်များမှ စီးဆင်းလာတဲ့ မျက်ရည်များက အံ့သြစရာ ကောင်းလောက်အောင် ပုလဲလုံးတွေ တကယ်ဖြစ်လာကာ တလိမ့်လိမ့် ကျဆင်းလာသည်။
သို့သော်လည်း လန်စီ သည် ယခုအချိန်တွင် ထို့အတွက် အာရုံမရောက်နိုင်ပဲ မျက်ရည်များသာ ဆက်တိုက်ကျဆင်းနေသည်။
သို့သော် လန်စီသည် ရေသူထီး၏ပြန်လည်ကုသနိုင်စွမ်းသည် သူ့စိတ်ကူး ထက်ကျော်လွန်နေသောကြောင့် ပို၍ပင်အံ့သြသွားမိသည်။ သူ့လက်ချောင်း ထိပ်မှဒဏ်ရာများက မျက်စိတစ်မှိတ်အတွင်း အရှိန်နဲ့ ပျောက်နေသည်။
ဒါက ကောင်းတဲ့အရာလား။။
အခု လန်စီ အတွက်တော့ ဒါဟာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေ။
သူ့လက်သည်းတွေရဲ့ အနေအထားက ပြောင်းသွားပြီး သူ့ကိုယ်သူ ကုသတဲ့ အရှိန်က အရမ်းမြန်တာကြောင့်လန်စီက ကွေးနေတဲ့လက်သည်းတွေကိုမဆွဲ ထုတ်နိုင်ခင် လက်သည်းတွေက အသားထဲမှာ တွယ်ကပ်နေပြီး ကြီးထွားလာကြသည်။
ဒါက လန်စီကို အရမ်းနာကျင်စေသည်။
လန်စီ သည် ကွေးနေသော လက်သည်းများကို ဖယ်ရှားရန် ကြိုးစားသော်လည်း သူကိုယ်တိုင် ၎င်းကို မဖယ်ရှားနိုင်ပေ။
ထို့ကြောင့် လန်စီသည် လဲကျသွားသည့် နေရာတွင်ပင် ထိုင်ကာ ငါးအမြီးပေါ် လက်နှစ်ဖက်တင်ကာ ကလေးတစ်ယောက်လို ငိုနေလေသည်။
ခဏအကြာတွင်လန်စီ၏ဘေးရှိ ပင်လယ်သဲပြင်သည် အဖြူရောင်ပုလဲလုံးလေး များဖြင့် ဖုံးလွှမ်းသွား၏။
ရေဘဝဲရောက်လာချိန်အထိ သူငိုနေခဲ့သည်။
ရေဘဝဲသည် သန္တာအရိုးများအတွင်း ဝင်လာချိန်တွင် လန်စီ ပင်လယ်ကြမ်းပြင် တွင် ထိုင်ကာ ငိုနေပြီး သူ့ဘေးတွင် ပုလဲလုံးလေးဖြင့် ပြည့်နေသည်ကို မြင်သည့်အခါ အံ့အားသင့်ကာ ထိတ်လန့်သွားသည်။
လန်စီသည် မျက်ရည်အပြည့်နှင့် မှုန်ရီဝေသော မျက်လုံးတစ်စုံကို ဖွင့်ကြည့် လိုက်ကာ ရေဘဝဲသည် သူ့အား စိုးရိမ်တကြီး လှည့်ပတ်နေရင်း သူ့ကိုယ်သူ ထုံးချည်မိ လုနီးပါးဖြစ်နေသည်ကို ကြည့်နေမိသည်။
သူသည် မျက်တောင်ခတ်လိုက်ပြီး မနေနိုင်ဘဲ "အဟိ" ဟု ရယ်လိုက်မိ၏။
ဤအပြုံးသည် နောက်ဆုံးတွင် ငိုကြွေးခြင်းကို ရပ်တန့်သွားစေခဲ့သည်။
လန်စီ ငိုမနေတော့တာကို ရေဘဝဲမြင်တော့ စိတ်သက်သာရာရသွားပုံရပြီး လန်စီ ရဲ့အကြည့်အောက်မှာ သူ့ဆီကို ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
လန်စီသည် ရေဘဝဲကို တစ်ချက်ကြည့်လိုက်ပြီး တွေးကြည့်ကာ ရေဘဝဲ၏ လက်တံတစ်ခုကို ထိပြီး သူ၏ဒဏ်ရာ ရနေသောလက်ကို ပြလိုက်သည်။
ရေဘဝဲ ကဲ့သို့ အချို့သော ရေနေသတ္တဝါများ၏ လက်တံများတွင် မျက်စိရှိသည်ဟု ကြားသိရသောကြောင့် သူ့ရှေ့ရှိ “ရေဘဝဲ”သည် သူ၏ ဒဏ်ရာများကို “မြင်နိုင်သည်” ဟု မှန်းဆလိုက်သည်။
ရေဘဝဲသည် လန်စီကသူ့ကို စပြီးလာထိလိမ့်မည်ဟု မမျှော်လင့်ထားဘဲ၊ ၎င်း၏ တကိုယ်လုံး အနည်းငယ် တောင့်တင်းသွားကာ လန်စီ ၏ လက်ကို ၎င်း၏ လက်တံသေးသေးလေးဖြင့် ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။
ရေဘဝဲက လန်စီ၏လက်သည်းများကို ထိလိုက်သောအခါ လန်စီသည် နာကျင်စွာ အော်လိုက်သည်။ ထိုအခါမှ လန်စီ ဘယ်နားက နာကျင်နေသည်ကို ရေဘဝဲ နားလည် သွားသည်။
လန်စီ: ”....”
ရုတ်တရက်ဆိုသလို သူ အနည်းငယ် စိတ်မလုံသလို ခံစားရလိုက်၏။
ဖြစ်နိုင်မလား၊ ရေဘဝဲက တစ်ခုခုကို တွေးမိ သွားနိုင်လား။
[T/N: သူထွက်ပြေးဖို့ တွင်းတူးနေတာ]
ကံကောင်း ထောက်မစွာပဲ ရေဘဝဲသည် ၎င်းကို ဂရုမစိုက်ချေ။ ၎င်းသည် လက်တံကို လှည့်ကာ လန်စီ၏လက်ကို ထိလိုက်သည်နှင့် တပြိုင်နက် လန်စီသည် ရုန်းကန်ပြီး ရှုးခနဲအသံထွက်လာ၏။
နူးညံ့စွာ ကိုင်တွယ်တာကိုတောင် မခံနိုင်သည့်အတွက် ရေဘဝဲကို ကုသရန် အခက်တွေ့နေစေသည် ။
လန်စီ၏လက်ချောင်းများကို ကုသလိုပါက ကျိုးနေသောလက်သည်းများကို ဦးစွာဆွဲထုတ်ရမည်။
ရေဘဝဲလည်း ထိုသို့တွေးမိသော်လည်း လန်စီ ရဲ့ လက်သည်းတွေကို ဆွဲထုတ်ဖို့ ကြိုးစားသည့်အခါ လန်စီက အင်မတန် ပူးပေါင်း ဆောင်ရွက်ခြင်းမရှိချေ။
လန်စီ လွတ်မြောက်ရန် ကြိုးစားနေခြင်းမှာ နာကျင်မှုကို ကြောက်သော ကြောင့်လား ဒါမှမဟုတ် ရေဘဝဲ၏ထိတွေ့မှုကို မခံနိုင်ခြင်းကြောင့်လား မသိပေ ။
ငါးနှင့် ရေဘဝဲကြားတွင် လွန်ဆွဲပွဲတစ်ခု ဖြစ်ပွားပြီး နောက်ဆုံးတွင် လန်စီ သည် ကယောင်ချောက်ချားဖြစ်ကာ ရေဘဝဲ၏လက်တံကို ကိုက်ချလိုက်သည်။
ရေဘဝဲ: "…"
လန်စီသည် အမြီးလေးကို ကုတ်ကာအံကြိတ်ပြီး အနီမိုနီထဲသို့ ကူးခတ် ထွက်ပြေးသွားသည်။
လက်က နာကျင်မှုက သည်းမခံလောက်အောင်ပင်၊ မေ့ထားလိုက်တော့၊ လက်သည်းငါးချောင်းလုံးကို ဖြတ်ပစ်လိုက်သည်။
အကြောင်းပြချက်မရှိဘဲ အကိုက်ခံလိုက်ရသည့် ရေဘဝဲသည် နေရာတွင် ခဏတာ ကြောင်အမ်းနေကာ နောက်ဆုံးတွင် လက်တံတွေကို တွန့်လိမ်လိုက်ပြီး လန်စီ၏ လှုပ်ရှားမှုကြောင့် အလွန် ကူကယ်ရာမဲ့ ဖြစ်နေပုံရသည်။
လန်စီ၏ အပြုအမူသည် သာမန် အားဖြင့်ရေဘဝဲကို ကလိထိုးသကဲ့သို့ သာဖြစ်သောကြောင့် ၎င်းကဂရုမစိုက်ပေ။
ဒီအတိုင်း...
ကောင်းပြီ၊ လန်စီ ဘာလို့ လက်သည်းတွေကို ဖြတ်လိုက်တာလဲ?
ရေဘဝဲသည် တခဏမျှ တွေးတောပြီးနောက် သေးသွယ်သော လက်တံများကို တိတ်တဆိတ် ဆန့်ထုတ်ကာ အသားစိုင်များ ဆီသို့ ဖြည်းညှင်းစွာ တွားသွားလိုက်သည်။
သူ၏ ငါးငယ်လေးသည် အစာ စုဆောင်းသည့် အလေ့အထ ရှိသည်ဟု တွေးထင် ခဲ့သော်လည်း ယခုအခါတွင် သူ၏ငါးလေးသည် သူမသိသော အရာတစ်ခုခုကို လုပ်ဆောင်နေပုံရသည်။
.......................................
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN