"မင်းကိုရော ရေဘဝဲ ဖမ်းထားတာလား"
ဝင်ဆာသည်လည်း
ရေဘဝဲဖမ်းတာခံထားရသည့်အတွက် ချက်ချင်းဆိုသလို လန်စီသည် ဝင်ဆာနှင့် ရဲဘော်ရဲဘက်စိတ်များတိုးပွားလာကာ
မေးလိုက်၏။
မင်း
"ရေဘဝဲ" ရဲ့ မျက်နှာအစစ်ကို မြင်ပြီးပြီလား။ ဘယ်လောက်ကြီးလဲ"
ဝင်ဆာ
၏ အမူအရာမှာ ရုတ်တရက် အလွန်ထူးဆန်းလာသည်။ သူက လန်စီ ကို
"အဲ့ဒါ ရေဘဝဲ မဟုတ်ဘူး။"
"ရေဘဝဲ မဟုတ်ဘူးလား"
လန်စီ
ခဏစဉ်းစားလိုက်၏။ သူ၏ သမုဒ္ဒရာ အသိဉာဏ်တိမ်တိမ်ဖြင့် ဝေလငါးများကို
တိုက်ထုတ်နိုင်သည့် နက်ရှိုင်းသော ပင်လယ်တွင်းရှိ ပြည်ကြီးငါးကြီးများအကြောင်းကို
တွေးတောကာ ထပ်မေးပြန်သည်။
"ဒါဆို ပြည်ကြီးငါးကြီးလား"
ဝင်ဆာ၏
အသံမှာ အနည်းငယ် စိတ်ထိခိုက်သွားသလိုပင် ။
"မဟုတ်ဘူး"
ဒါက
လန်စီရဲ့ နားလည်နိုင်မှုထက် ကျော်လွန်နေလေပြီ။ သူ့လက်ကို ဝှေ့ယမ်းပြီး ပြောသည် ။
"အဲ့ဒါကြီးက ဘာပဲဖြစ်ဖြစ်ကိစ္စ မရှိပါဘူး။"
လန်စီ
က သူ့လက်ချောင်းထိပ်မှာ ချည်ထားတဲ့ ပင်လယ်ရေမှော်ကို တစ်ချက်ကြည့်လိုက်ပြီး
ကပျာကယာထလိုက်ကာ မေးလိုက်၏။
"မင်းငါ့ကို ကုသပေးခဲ့တယ်ဆိုတော့ ပင်လယ်ရေမှော်တွေ အနီးမှာ ရှိတာလား"
ဝင်ဆာ
ခဏတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်၏။
"ညီအကို မင်းလုပ်နိုင်တယ်...!"
လန်စီ
သည် ဝင်ဆာကို ရတနာတစ်ပါးကဲ့သို့ ကြည့်ကာ
"မင်းက ငါ့နို့ထိန်းမေမေပဲ၊ ဒါကြောင့် ထွက်ပြေးပြီးရင် ငါ မင်းနဲ့ပဲ နေမယ်!"
ဝင်ဆာ:
"..."
လန်စီ
၏ အရှက်မရှိသော မှတ်ချက်ကြောင့် ဝင်ဆာအံ့ဩသွားသည်။ ခဏအကြာတွင် ဝင်ဆာကမေးလိုက်၏။
"မင်း ကိုယ့်ကိုသဘောကျလား?"
ယခုတော့
လန်စီခေတ္တ အေးခဲသွားသည့်အလှည့်ပင်။
မျှမျှတတပြောရရင်
သူ့ရှေ့က အနက်ရောင် ရေသူထီးလေးရဲ့ အသွင်အပြင်ဟာ လန်စီ ရဲ့ အလှတရားစံနှုန်းနဲ့ စင်းလုံးချောလိုက်လျောညီထွေ
ဖြစ်နေပေမယ့် သူ့ကိုကြိုက်လား မကြိုက်ဘူးလားလို့ တိုက်ရိုက်မေးလာတာက တုတ်ထိုးအိုးပေါက်
လွန်းဘူးလား။
ပြောဖို့တောင်မလိုဘူး…
တစ်ယောက်ကို
တစ်ယောက် တိတ်တဆိတ် ကြည့်နေကြ၏။
တစ်ဖက်လူက
လှပသော်လည်း "လူသားမဆန်သော" ခံစားချက်က လန်စီအား ဝင်ဆာအပေါ် သူ့နှလုံးသားကို
တံခါးဖွင့်ရန် တားဆီးနေသည်။
ယခု
သူ့တွင် ဝင်ဆာ အပေါ် အလွန်ရိုးရှင်းသော ခံစားချက်တစ်ခုသာ ရှိသည်၊ဒါကတော့
"ထောင်ဖောက်ပြေးဖို့ အဖော်"ရှာရန် သာ။
ရေသူထီးလေး၏
"ကြိုက်လား" သည် လူသားဘာသာစကား၏ "like" နှင့် အတူတူလားဆိုတာ လန်စီ မသေချာပေ။
တကယ်တော့
လူသားဘာသာစကားမှာ "like" မှာ
အဓိပ္ပါယ်နှစ်မျိုးရှိ၏။
လန်စီ
သည် ခဏမျှ တုံ့ဆိုင်းသွားပြီး စကားလုံးအလှလေးသုံးကာပြောလိုက်၏-
"ငါ မင်းကို မမုန်းပါဘူး။"
ဝင်ဆာ
က အဲဒါကို စဉ်းစားရင်း။
"မင်းရဲ့အကြည့်ကို ငါမြင်နေရတယ် မင်းငါ့ကို နည်းနည်းကြောက်နေတာမလား"
လန်စီ
က ဝင်ဆာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ ပြန်ဖြေသည်။
အမှန်ပင်
သူ အနည်းငယ် ကြောက်လန့်နေ၏။ အရင်က သက်သောင့်သက်သာပုံစံ အားလုံးက ဟန်ဆောင်နေတာပင်။
အမှားတစ်ခုခုလုပ်မိတဲ့
ကလေးတစ်ယောက်လို လန်စီ က သူဟာ နည်းနည်းတော့ မသင့်တော်သလို ခံစားရ၏။ ဝင်ဆာ သည်
သူ့အသက်ကိုကယ်ထားသူဖြစ်သောကြောင့် လန်စီ သည် ခဏလောက် ရုန်းကန်ပြီး
မော့ကြည့်လိုက်သည်။
"တောင်းပန်ပါတယ် ငါအကျင့်ဖြစ်နေ..."
လန်စီ
သည် ပြောနေရင်း ဝင်ဆာ၏မျက်နှာကိုကြည့်လိုက်သည့်အခါ ကျန် စကားလုံးများကို
တိတ်တဆိတ်ပြန်မျိုချလိုက်သည်။
ဤတစ်ကြိမ်တွင်
အနက်ရောင်အမြီးနှင့်ရေသူထီး၏အသွင်အပြင်သည် လန်စီအား အံ့အားသင့်သွားစေပြန်သည်။
ယခုတစ်ကြိမ်မှာ
တစ်ဖက်သား၏ ရင်သပ်ရှုမောဖွယ် အလှကြောင့် မဟုတ်ဘဲ အခြားသူ၏ မျက်နှာအသွင်အပြင်
အနည်းငယ် ပြောင်းလဲသွားပုံပေါ်ကြောင်း လန်စီ တွေ့ရှိခဲ့သောကြောင့်ပင်။ မျက်နှာအချိုးအစားမှာ
ပိုမိုပြေပြစ်သွားပြီး တစ်ကိုယ်လုံးရှိ အေးစက်သောပင်ကိုစရိုက်များ
အရည်ပျော်သွားသည်။ .
သူ၏မျက်နှာအသွင်အပြင်သည်
အချိန်အနည်းငယ်အတွင်း လန်စီ နှစ်သက်သည့် အသွင်အပြင်မျိုး ချိန်ညှိလိုက်ပုံရ၏။
သူ
ဝင်ဆာကို နောက်ထပ် မကြောက်တော့ကြောင်းတွေ့ ရှိလိုက်သည်။
အရင်က
ခံစားချက်တွေ အားလုံးက ထင်ယောင်ထင်မှား ဖြစ်နေတာလား။
လန်စီသံသယဝင်စွာ
တွေးလိုက်သည်။
ခဏတာ
ပူထူသွားပြီး မင်သက်သွားတာလည်း ဖြစ်နိုင်၏။
ဤလောကရှိ
ဘယ်လိုလူမျိုးက သူတို့၏အသွင်အပြင်ကို အချိန်တိုအတွင်း ပြောင်းလဲနိုင်မည်နည်း။
လန်စီ
ခေါင်းယမ်းလိုက်ကာ ဤအရေးမပါသည့် အသေးအဖွဲအရာများကို ဖယ်ရှား ပစ်လိုက်သည်။
သူက
ဝင်ဆာအနီး ပတ်ပတ်လည်ကို လျှောက်သွားပြီး သန္တာအရိုးတွေကို လှမ်းကြည့်လိုက်၏-
၎င်းတို့၏ခန္ဓာကိုယ်အတွင်း၌
အပြာရောင်မီးလျှံများရှိသော ငါးလေးများသည် တဖျပ်ဖျပ်ဖျပ်ခတ်နေပြီး မှုန်မှိုင်းသောအလင်းရောင်သည်
အတွင်းနှင့်အပြင်လောက၏ နယ်နိမိတ်အားလုံးကို မှုန်ဝါးစေကာ အပေါ်စီးမှ မြင်ကွင်းကို
ပိတ်ဆို့ရန် လုံလောက်ပေသည်။
အချိန်အနည်းငယ်ခန့်အကြာအထိ
ပြင်ပမှ ရေဘဝဲသည် မဝင်လာနိုင်ကြောင်း အတည်ပြုလိုက်ပြီး လန်စီ သည် ဝင်ဆာ၏လက်ကို
ကိုင်ကာ လေးနက်စွာပြောလိုက်၏။
" ဝင်ဆာ ၊ ငါတို့အတူတူ ထောင်ဖောက် ပြေးရအောင် !"
"ထောင်ဖောက်မယ်?"
ဝင်ဆာမျက်ခုံးပင့်ပြောလိုက်သည်။
"မှန်တယ်။"
လန်စီ
အသံတိုးတိုးဖြင့် ဝင်ဆာ ကို ပြော၏။
"ငါ အပေါက်ကို တိတ်တဆိတ် တူးပြီးပြီ၊ မကြာခင် တူးလို့ပြီးတော့မယ်။"
ဝင်ဆာသည်
လန်စီ ၏လက်ကို ငုံ့ကြည့်ကာ မေးသည် ။
"ဒါကြောင့် မင်း ဒဏ်ရာရသွားတာလား"
"မှန်တယ်။"
လန်စီ
က ဝင်ဆာရဲ့အကြည့်နောက်ကို လိုက်ပြီး လက်ကိုမြှောက်ကာ ဝင်ဆာကို ရှင်းပြသည်။
"နောက်ဘက်မှာရှိတဲ့ သန္တာအရိုးတွေကို ကြိုးကြိုးစားစားနဲ့ တူးရမယ်။
တူးပြီးရင် အတူတူထွက်သွားကြမယ်"
ဝင်ဆာသည်
လန်စီ ကို တစ်ချက်ကြည့်လိုက်သည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လန်စီ၏ ဒဏ်ရာရနေသော
လက်များကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ သူမေးလိုက်၏။
" မင်း ဒီသန္တာအရိုးကို တူးနိုင်တယ်ဆိုတာ သေချာလား"
လန်စီ၏
အပြုံးသည် အေးခဲသွားသည်။
နောက်တော့
အကြာကြီး တိတ်ဆိတ်သွား၏။
အမှန်ပင်
နောက်ဆုံးသန္တာအရိုးလွှာသည် အလွန်မာကျောပြီး လန်စီ သည် သန္တာအရိုးများကို ဖြတ်၍
တူးချင်သည်။
သူ့လက်သည်းတွေကို
ချိုးလိုက်ရပေမယ့် မအောင်မြင်သေးပေ။
ဝင်ဆာသည်
အဖြူရောင် ရေသူထီးလေး၏ ဆူးတောင်များ ငိုက်စိုက်ကျနေသည်ကို တွေ့လိုက်ရသည်။
ဒါကိုမြင်တော့
ဝင်ဆာရဲ့ မျက်ဝန်းထဲတွင် တစ်စုံတစ်ခု လှုပ်ရှားသွား၏။ နောက်ဆုံးတွင် ဝင်ဆာ၏လေသံသည်
ပျော့ပျောင်းလာပြီး နူးညံ့စွာမေးလိုက်သည်။
"ဒီမှာနေရတာ အဆင်မပြေဘူးလား?"
လန်စီ
က ခေါင်းညိတ်ပြပြီးနောက် မေးသည် ။
"ဒီမှာနေရတာ ဘာများကောင်းတာရှိလို့လဲ"
လန်စီသည်
၎င်း၏အမြီးကို လွှဲယမ်းလိုက်ကာ သန္တာအရိုးများ ပတ်ပတ်လည်တွင် ဒယိမ်းဒယိုင်သွားနေပြီး
"ရေသူထီးတစ်ကောင်ဖြစ်နေရတာတင်မကဘူး ရေဘဝဲကလွဲပြီး ဘာမှမရှိတဲ့ ပင်လယ်ကလည်း
ငါ့ကို ထိတ်လန့်စေတယ်..... ဒါပေမယ့် ငါကလွတ်လပ်တဲ့သူ တစ်ယောက်လေ၊ ငါအဖမ်းမခံရသင့်ဘူး။"
"ဒါပေမယ့် မင်း ရေတောင်မကူးတတ်ဘူးလေ"
ဝင်ဆာက
ဒါကို ပြတ်ပြတ်သားသား ထောက်ပြပြီး သူက၊
"မင်း အခု ဒီပုံစံနဲ့ဆို ချောက်ထဲကတောင် ကူးမထွက်နိုင်ဘူး"
"အဆင်ပြေပါတယ်၊ ငါသင်မှာပေါ့။"
လန်စီသည်
အလွန်အကောင်းမြင်တတ်၏။ သူက ဝင်ဆာဆီကို ရေကူးသွားပြီး သတိထားကာမေးလိုက်သည်။
"ငါ့ကို သင်ပေးနိုင်မလား?"
ဝင်ဆာ
သဘောကျပြီးပြုံးရယ်လိုက်၏။
"ဒါဆို ငါဘာပဲပြောပြော မင်းငါ့ကို အားကိုးယုံကြည် မှာလား?"
"ငါအဲ့လိုလုပ်လို့ရလား"
လန်စီသည်
သူ၏ပါးကို ရေယက်လက်သည်းများဖြင့် ဆုပ်ကိုင်ပြီး ဤအေးစက်မှု အနည်းငယ်ဖြင့်
သူ့မျက်နှာကို အေးမြစေရန် ကြိုးစားနေသည်။
အမှန်တော့
သူနည်းနည်းရှက်နေ၏။
ဝင်ဆာသည်
သူ၏ ဤအဆိုပြုချက်ကို စဉ်းစားနေသကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"မင်း ငါ့ဆရာဖြစ်ရင် မင်းပြောသမျှ ငါလုပ်မယ်။"
ဝင်ဆာ
ငြင်းမှာကြောက်လို့ လန်စီ က သူ့ကိုယ်သူ မြန်မြန်လေးထပ်ပေါင်းပြောလိုက်၏။
"ဘယ်တော့မှ မဆန့်ကျင်ဘူး"
"တကယ်လား"
"တကယ်"
ဝင်ဆာတစ်ယောက်
အကူအညီမဲ့ အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။
နောက်ဆုံးတွင်
ဝင်ဆာအနည်းငယ် ခေါင်းညိတ်လိုက်သည်။
"မင်းသဘောတူလား"
လန်စီ၏
မျက်လုံးများ ပျော်ရွှင်မှုကြောင့်မှေးကျဉ်းသွား၏။
သူက
ဝင်ဆာရဲ့လက်ကို အမြန်ကိုင်လိုက်ပြီး ၊
"ဒါဆို ရေကူးသင်ပေးတော့"
"အလျင်မလိုပါနဲ့။"
ဝင်ဆာသည်
လန်စီနောက်ကို မလိုက်ဘဲ သူ၏လက်ကို ပွတ်သပ်ကာပြောလိုက်၏။
"မင်း ကျန်းမာရေး မကောင်းသေးဘူး၊ သွားအနားယူချေ"
"ဒါပေမယ့်…"
"အိုကေ"
သူ
ခုနက ပေးထားခဲ့တဲ့ ကတိကို တွေးကြည့်ပြီးနောက် လန်စီသည် နုံးချည့်စွာ ဖြင့်အနီမိုနီဆီသို့
သွားလိုက်၏။
ပျော့ပျောင်းသော
အနီမိုနီပေါ်တွင် လှဲချလိုက်သည်နှင့် တစ်ပြိုင်နက် ဘဝင်ကျကာ အိပ်ပျော်သွားတော့သည်။
ယခင်အသက်ဝင်မှုအားလုံးမှာ
ဖုံးကွယ်ခံလိုက်ရ၏။
လန်စီ
သည် အခြားသော ရေသူထီးလေးကို မြင်တွေ့ရသောကြောင့်စိတ်လှုပ်ရှားပြီး
သူ့ခန္ဓာကိုယ်ကို အတင်းအကြပ် ခိုင်းစေခဲ့သည်။
အခုတော့
စိတ်သက်သာရာရလာတာနဲ့အမျှ လန်စီဟာ ဖျားနာနေတဲ့လူဖြစ်လာပြန်၏။
လန်စီ
သည် မျက်လုံးများကို မှိတ်ထားပြီး စက္ကန့်အနည်းငယ်အတွင်း မျက်လုံး ပြန်ဖွင့်လိုက်ကာ
ဝင်ဆာကို အနီမိုနီ အပြင်ဘက်တွင် တွေ့လိုက်ရသည်။
တုံ့ဆိုင်းသွားပြီးနောက်
လန်စီ သည် အံကြိတ်ကာ ထထိုင်ပြီး အနီမိုနီထဲတွင် ဝှက်ထားသော ပုလဲအားလုံးကို
တွန်းထုတ်လိုက်သည်။
မူလက
ထွက်ခွာရန် ပြင်ဆင်နေသော ဝင်ဆာသည် သူ့နောက်တွင် ပုံမှန်မဟုတ်သော အသံတစ်ခုကြားရပြီး
နောက်သို့ လှမ်းကြည့် လိုက်သောအခါတွင် အရွယ်အစား အမျိုးမျိုးရှိသည့်ပုလဲများ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်ကို
တွေ့လိုက်ရသည်။
ဝင်ဆာ
ဘာလုပ်ရမှန်းမသိဖြစ်နေစဉ် လန်စီ သည် အနီမိုနီပေါ်မှထကာ ဝင်ဆာ ကိုပြောသည်-
"ဝင်ဆာ, ဝင်လာပြီး ဒီမှာအနားယူပါလား။"
"မင်း ငါ့ကို ခေါ်နေတာလား"
ဝင်ဆာအံ့အားသင့်သွားသည်။
"အင်း မင်း အနားယူဖို့ မလိုဘူးလား"
လန်စီ
ပဟေဠိဖြစ်သွား၏၊ ပြီးတော့ ဝင်ဆာက သူဝင်လာလိုက်ရင်
နေရာကျပ်နေမှာကို စိုးရိမ်နေမှန်း ရုတ်တရက် သိလိုက်ရတော့ သူက ပြုံးပြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ အနီမိုနီက အကြီးကြီးပဲ၊ မင်းနဲ့ငါနဲ့ အတူတူနေလို့ရမှာ
သေချာတယ်။"
ဝင်ဆာ
ခဏတုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် သူ၏ကြင်နာမှုကို လိုက်နာကာ အနီမိုနီထဲသို့ဝင်လာသည်။
"ဝင်ဆာ, ရေသူထီးအကြောင်း ပြောပြလို့ရမလား"
လန်စီ
သည် အနီမိုနီပေါ်တွင် ကျောခင်းပြီးလဲလျောင်းနေ၏။ အနီမိုနီထဲမှတစ်ဆင့် နက်ပြာရောင်ပင်လယ်ကြီးကို
သူမြင်ရ၏။
"ဘာမှ ပြောစရာမရှိဘူး။"
ဝင်ဆာက
ပျင်းရိစွာ ပြန်ပြောသည် "ရေသူထီးတွေက အမျိုးအစားမတူဘူး ၊မင်းက ထူးခြားတယ်"
ဝင်ဆာပြောတာကို
လန်စီ က စိတ်မဆိုးပေ။
အဘယ်ကြောင့်ဆိုသော်
ယခုအချိန်တွင် ဝင်ဆာ၏စကားများသည် ရှေ့နောက် မညီသောကြောင့်ဖြစ်သည်။
ဆွေမျိုးမတော်စပ်ရင်
လန်စီ ရဲ့ဘေးမှာ ဝင်ဆာ ဘာလို့ရှိနေတာလဲ။
မင်းပြောတဲ့“ရေဘဝဲ” က ငါတို့ကို ဘာလို့ဖမ်းချင်တာလဲ”ဟုလန်စီက မေးသည်။
"ကောင်းဖို့ ရည်ရွယ်ချက်နဲ့ဖမ်းတာလဲ ဖြစ်နိုင်တယ်။"
ဝင်ဆာသည်
လန်စီ ၏ လက်ကို အုပ်ကာ အနားသို့မှီကာ ပြောသည် ။
"အပြင်မှာ အန္တရာယ်များတယ်။"
"ငါမယုံဘူး။"
လန်စီ
သည် ဝင်ဆာ၏ အတွေးကို သဘောမတူပေ။ အိမ်မွေးတိရိစ္ဆာန်နှင့် အရန်အစားအစာသည်
၎င်းတို့ကြားတွင် ပါးလွှာသောစည်းတစ်ခုသာဖြစ်သည်ဟု သူယုံကြည်သည်။ တစ်နေ့မှာ သူတို့
"သခင်" ၏ စားတာခံရနိုင်၏။
သေဖို့စောင့်နေမည့်အစား
လက်ဦးမှုယူကာလုပ်ဆောင်တာက ပိုကောင်း၏။
ဝင်ဆာက
ချေပမပြောဆိုဘဲ တိတ်တိတ်လေး ငုံ့ကြည့်နေသည် ။
သူ
ခေါင်းငုံ့ပြီး လန်စီ၏အသွင်အပြင်ကို ကြည့်လိုက်သည်။ သူက လက်ဆန့်လိုက်ပြီး လန်စီ ရဲ့
ဗိုက်ကို ထိလိုက်၏။
လန်စီ
: "..."
ဝင်ဆာ
၏ ဖိအားအောက်တွင် လန်စီ သည် သူ၏ဗိုက်သည် အနည်းငယ် ပြားချပ်နေသည်ဟုခံစားရပြီး
၎င်းသည် အလွန်ဗလာဖြစ်နေဆဲဖြစ်သည်။ ကြွက်သားတွေနဲ့တောင် ပျော့ပျောင်းနေ၏။
ဝင်ဆာလည်း
ဒီခံစားချက်ကို အရမ်းကျေနပ်နေပုံရ၏။ သူက လန်စီ၏ဝမ်းဗိုက်ကို အပြစ်ကင်းစင်သည့်
ကလေးတစ်ယောက်က စူးစမ်းချင်စိတ်အပြည့်နှင့် ကစားစရာအရုပ်တစ်ခု ရှာတွေ့သလိုမျိုး
စိတ်ဝင်တစား ပွတ်သပ်နေ၏။
လန်စီ
သည် ဝင်ဆာ၏ လုပ်ရပ်ကြောင့် အနည်းငယ်ကူကယ်ရာမဲ့နေသော်လည်း သူ့ကို နာကျင်စေရန် မရည်ရွယ်သောကြောင့်
ဝင်ဆာ၏လုပ်ရပ်ကို စိတ်မခုပဲ ပြန်လည်းမခုခံလိုက်ပေ။ အမြီးသည် ဝင်ဆာ၏ထိတွေ့မှုအောက်တွင်
အနည်းငယ် ယိမ်းထိုးနေကာ အလွန်သက်တောင့်သက်သာရှိသည်။
"ဖြေးဖြေး။"
နူးညံ့သော
အထိအတွေ့ကြောင့် လန်စီသည် ငိုက်မျဉ်းသွားကာ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားရင်း
သူ၏ အတွေးများ တစ်ဖြည်းဖြည်း ရပ်တန့်သွားသည်။
လန်စီ
မျက်လုံးမှိတ်ထားသည်ကိုမြင်ပြီးနောက် ဝင်ဆာ၏အကြည့်များသည် လန်စီ ၏မျက်နှာကို
ဖြည်းဖြည်းလေး အာရုံစိုက်နေ၏။ သူ၏မျက်ဝန်းများသည် ပြောင်းလဲသွားကာ တစ်ခုခုကို မျှော်လင့်နေသလို၊
ရှုပ်ထွေးနေသော အယူခံဝင်မှုကို အရိပ်အမြွက်ပြနေသလို၊
ဝင်ဆာသည်
ရေသူထီးလေးကို အပေါ်အောက် ငုံ့ကြည့်ကာ သူ့လက်အောက်တွင် ရေသူထီးလေး၏ အရေပြားသည်
ပိုးသားကဲ့သို့ ချောမွေ့နူးညံ့နေကြောင်း ခံစားရပြီး အဖြူရောင် ရေသူထီးလေး၏ တကိုယ်လုံးကို
စစ်ဆေးကြည့်နေ၏။
အသက်ရူသံ
တိုးတိုးလေး ကြားပြီးနောက် ဝင်ဆာ၏ ငါးအမြီးသည် လန်စီ နှင့်အလားတူသည့် နောက်ထပ် ဆူးတောင်များ
ထွက်လာကာ သူ၏မျက်နှာ အသွင်အပြင်သည် တဖြည်းဖြည်း ပြောင်းလဲလာပြီး လန်စီ၏ ရေသူအသွင်အပြင်များနှင့်
တစ်ဖြည်းဖြည်း တူညီ လာသည်။
လန်စီ
သည် ဝင်ဆာ၏လုပ်ရပ်ကို မသိပေ။ ဝင်ဆာ၏ထိတွေ့မှုအောက်တွင် သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း
ဆန့်ထုတ်ကာ နူးညံ့သော ဝမ်းဗိုက်ကို လှစ်ဟထားကာ၊ အမြီးရှိ ချွန်ထက်သော ဆူးတောင်များကို
ပြန်ရုပ်ကာ ချပ်ချပ်ရပ်ရပ်ကပ်နေပြီး ဝင်ဆာကို တုနှိုင်း မယှဉ်နိုင်သော ယုံကြည်မှုကိုပြသနေ၏။
.
ဝင်ဆာ
၏ မျက်လုံးများ လက်သွားကာ လက်ဖဝါးများကို လန်စီ ၏ဝမ်းဗိုက်ပေါ် ဖြန့်ကာ ကြွက်သားများတစ်လျှောက်
ညင်သာစွာ ပွတ်ဆွဲကာ အောက်သို့ဆင်းသွားပြီး နောက်ဆုံးတွင် သူ့ခါး၏ အကြေးခွံများကို
ပွတ်သပ်ကာ ငါးအမြီးနားကို ရောက်သွားပြီး ဟိုဟိုသည်သည် ထိကြည့်နေ၏။
ထိုနေရာ
ပတ်ဝန်းကျင်ဧရိယာတွင် အကြေးခွံများ ထူထပ်စွာ ရှိသည်။
ထိုအချိန်တွင်
ငိုက်မျဉ်းဆဲဖြစ်သော လန်စီသည် ချက်ချင်းနိုးလာသည်။ သူထထိုင်ပြီး ဝင်ဆာရဲ့လက်ကို ဖယ်ရှားလိုက်၏။
ဝင်ဆာသည်
မျက်တောင်ခတ်ပြီး သူ၏ လက်များကို ပြန်ရုပ်လိုက်သည်-
"ဘာဖြစ်လို့လဲ"
"အမ်. ဘာ..ဘာမှမဟုတ်ဘူး"
လန်စီ
သည် စောစောက ဝင်ဆာ ထိတွေ့ခဲ့သော ငါးအကြေးခွံများကို မသိစိတ်ဖြင့် ထိလိုက်မိသည်။
သူဘာကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့လဲဆိုတာ မသိပေမယ့် အဲဒီနေရာကို
ထိတွေ့ရတာ လွယ်တယ်လို့ အလိုလိုသိနေ၏။ တစ်ချိန်တည်းမှာပင် ရှက်ရွံ့မှုတစ်ခုက
သူ့နှလုံးသားထဲသို့ ချက်ခြင်းဝင်လာသည်။
"အဲဒီနေရာကို မင်းမထိရဘူး။"
လန်စီ
က ခေါင်းလှည့်ပြီး ဝင်ဆာ ကို ပြောလိုက်၏။
"ဘာလို့လဲ"
ဝင်ဆာ
က ပဟေဠိဖြစ်နေသည့်အမူအရာပြ၏။ “ငါ မင်းရဲ့အကြေးခွံတွေကို ကြိုက်တယ်" ဟုဆိုသည်။
လန်စီသည်
အချိန်အတော်ကြာ စကားမပြောနိုင်ပေ။
ရေသူထီးတစ်ယောက်အတွက်
တစ်ယောက်နဲ့ တစ်ယောက် အကြေးခွံတွေကို ပွတ်သပ်တာဟာ ကြောင်တွေ တစ်ကောင်နဲ့ တစ်ယောက် လျှာဖြင့်ယက်တာနဲ့
အတူတူပင်၊ ဒါပေမယ့် လန်စီ ကတော့ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ လူသားတစ်ယောက်လို့
ထင်နေတုန်းပင်။
လူ့အယူအဆအပေါ်အခြေခံ၍
အတင်းအကြပ် မလုပ်နိုင်သည်ကို သဘောပေါက်သဖြင့် လန်စီ သည် ခေါင်းယမ်းကာ ထပ်ပြီး
ပြောလိုက်သည်။
"မထိရဘူး။"
ထို့နောက်
သူပြန်လှဲလျောင်းလိုက်သည်။
ဤတစ်ကြိမ်သာ
လန်စီ သည် ဝင်ဆာကို ကျောပေးကာ သူ၏ရှည်လျားသောငါးမြီးကို ကွေးလျက်
သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ချည်လုံးလေးလို အမြီးဆူးတောင်ဖြင့် လုံးထွေးလိုက်သည်။
ဒီမြင်ကွင်းကို
ကြည့်ပြီး ဝင်ဆာက စိတ်ရှုပ်ထွေးသွားသည့် အမူအရာကို ပြလိုက်၏။
.................