Chapter 54
ချက်ချင်းပင် သူက သူ့ကိုယ်ကို တစ္ဆေစွမ်းအင်များနှင့် ဖုံးလွှမ်းကာ တစ္ဆေပိုင်နက်ကိုအသက်သွင်းလိုက်သည်။
တစ္ဆေပိုင်နက်ရဲ့ အတွင်းပိုင်းဟာ ရဲရဲတောက်သွားခဲ့၏။
လက်မဲလေးက သူ့ရဲ့ ကော်လာစပေါ်မှာ မြဲမြဲဆုပ်ကိုင်လိုက်သည်။ သူ့ရဲ့ စိတ်လိုက်မာန်ပါ အပြုအမူတွေကို ဟန့်တားလို့ရလို ရငြား နားနားကပ်၍ အထစ်ထစ်အငေါ့ငေါ့ ပြောနေခဲ့သည်။
ယဲ့ကျားဟာ သူ့ကို ခနလှမ်းကြည့်လိုက်သည်။
'မင်း ပါဝင်ပတ်သတ်မိမှာကြောက်နေတာဆိုရင် ငါ ကျီးရွှမ် နဲ့မတွေ့ခင် မင်းကိုလွှတ်ပေးလိုက်မယ်'
လက်မဲလေး : '...................'
ယဲ့ကျားဟာ တည်တည်ငြိမ်ငြိမ်ပဲဆက်ပြောလိုက်သည်။
'မစိုးရိမ်ပါနဲ့ တကယ်လို့ငါရှုံးသွားခဲ့တယ်ဆိုရင်တောင် မင်းအတွက်သတင်းကောင်းပဲ အဲ့ဒါဆိုငါတို့ကြားက ပေါင်းစီးမှုက ပျက်ပြယ်သွားပြီး မင်းလွတ်လပ်သွားပြီ'
လက်မဲလေးဟာမျက်ရည်မကျဘဲ ငိုချင်လာမိသည်
'............…'
အဲ့လိုဆိုလိုတာမဟုတ်ဘူး!!!!
ခဏအကြာ၌ ယဲ့ကျားက သူကျီးရွှမ်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့နေရာကိုရောက်သွားခဲ့သည်။
အရမ်းကိုခမ်းနားတဲ့ ခန်းမကြီးဟာ မီးရောင်မှိန်မှိန်လေးသာရှိပြီး လုံးဝကိုအလွတ်ကြီးဖြစ်နေသည်။
ခန်းမထဲကသွေးကန်ကြီးထဲမှာတောင် ဘာမှမရှိပါ။
ယဲ့ကျားက ဘေးပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။
ကျီရွှမ် မရှိပေ။
သူဘာမှမလုပ်ရသေးခင်မှာပင် မဲနက်ပြီး စီးကပ်သော မိစ္ဆာတစ်ကောင်က ခန်းမထောင့်ကနေ ရုတ်တရက် ခုန်လွှားလာခဲ့သည်။
ယဲ့ကျားဟာ ဘေးကိုရှောင်တိမ်းလိုက်ပြီးနောက် လက်ထဲမှာ အေးစက်တဲ့အလင်းတစ်ခု လက်လာခဲ့သည်။
လေထဲ၌ ဓားကိုဝှေ့ယမ်းတဲ့အသံများနောက်မှ မိစ္ဆာရဲ့ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွား၏။ ထို့နောက် မြေကြီးပေါ်ကိုကျသွားပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေလေသည်။
သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မျက်လုံးခုနှစ်လုံး ရှစ်လုံးလောက်ဖြစ်ပေါ်လာ၏။ မျက်လုံးတစ်လုံးချင်းစီတိုင်းမှာ မဲနက်နေပြီး ထူးဆန်းစွာပင် အပေါ်တွင် အနီရောင်အမှုန်တွေနဲ့အလွှာတစ်ထပ်ရှိနေသည်ထင်ရသည်။ စွမ်းအားကြီး တစ္ဆေအတွက်ပင် ဤအခြေအနေမှာ မှားယွင်းနေပုံပေါ်ကြောင်း ရှင်းလင်းနေသည်။
ထို့ပြင် သူက 'ရာ' ကို လက်နက်အဖြစ်အသုံးချခဲ့သော်လည်း တစ်ဖက်လူ၏ အစွမ်းများကို မဝါးမျိုလိုက်နိုင်ခဲ့ပေ။
ယဲ့ကျားက အနည်းငယ် မျက်မှောက်ကြုတ်လိုက်သည်။ ခေါင်းကိုငုံ့ပြီး မိစ္ဆာကို သူ့ရဲ့ဖိနပ်ထိပ်နဲ့ တို့ကြည့်လိုက်သည်။
ခဏအကြာတွင် မိစ္ဆာမှာ အစိတ်စိတ်အမွှာမွှာပြတ်ထွက်သွားပြီး ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ယဲ့ကျားဟာ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
ဤအခိုက်မှာပင် တံခါးကိုတွန်းဖွင့်လိုက်သည့် အသံကြားလိုက်ရ၏။
'အိုး အားယဲ့! ရောက်လာပြီပေါ့!'
ဤသို့ရွှင်လန်းတက်ကြွတဲ့အသံမှာ အားမီကလွဲ၍ မည်သူဖြစ်နိုင်မှာပါမည်နည်း။
ယဲ့ကျားက မျက်လုံးကို အနည်းငယ်မှေးလိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်၏။
အားမီရဲ့ပုံရိပ်မှာ အရိပ်ကဲ့သို့ မှုန်ဝါးနေပြီး မျက်နှာအမူအရာမှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း သူ ပျော်ရွှင်နေသည့်ပုံစံဟု ပြောနိုင်ပေသည်။
“ငါ မင်း ကိုဆက်သွယ်နေတာတော်တော်ကြာပြီ ဒါပေမယ့် တစ်ခါမှဆက်သွယ်လို့မရခဲ့ဘူး…. ငါက မင်း အဲ့ဒီပုန်ကန်မှုမှာ အဖမ်းခံရလိုက်ရပြီး အသတ်ခံလိုက်ရတယ်ထင်နေတာ…”
ပုန်ကန်မှု…။
ယဲ့ကျားက တစ်ခဏမျှ စိတ်ရှုပ်သွားကာ ပြီးမှနားလည်သွားသည်။
အမှန်တကယ်တမ်းတွင် ညကအဖြစ်အပျက်မှာ ဖလိုင်းကင်းက စတင်ခဲ့သော်လည်း ကျီရွှမ်အတွက်မူ ပုန်ကုန်မှုဟု ပြောနိုင်ပေသည်။
သူက တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်၏။
“ကင်းဘယ်မှာလဲ သိလား…”
အားမီဟာ ပုံမှန်အတိုင်း ပြန်ဖြေ၏။
“သေချာပေါက် နောက်တိုက်ပွဲတစ်ခုမှာပေါ့…”
ယဲ့ကျားက မျက်မှောင်ကြုံ့ပြီး “ဒါပေမယ့်အဲ့ဒါကပြီးသွာပြီလေ…”
ဘယ်လိုလုပ် နောက်တိုက်ပွဲတစ်ခုဖြစ်နိုင်မှာလဲ…
'ဟုတ်တယ် ညကပုန်ကုန်မှုက ထိန်းချုပ်ခံခဲ့ရတယ် ဒါပေမယ့် ကင်းရဲ့လက်အောက်ငယ်သားတွေက အကုန်ပို့ဆောင်ခံရ.....”
အားမီက ဗလုံးဗထွေးပြောနေလေသည်။
ယဲ့ကျား : '.....ဘယ်ကိုပို့ခံရတာလဲ?'
'အနောက်ဖက်ဒေသကို' အားမီဖြေလိုက်သည်။
ယဲ့ကျားရဲ့မျက်လုံးများ၌ အံ့ဩမှုအရောင်များ လင်းလက်သွားခဲ့သည်။
သူ ညက အရှေ့ဖက်ဒေသမှာ ရှိနေခဲ့တာ…
သူ့ထံတွင် စီမံခန့်ခွဲရေးဗျူရို၏ ဆက်သွယ်ရေးကိရိယာရှိနေသဖြင့် အများဆုံး အကူအညီတောင်းခံသည့် နေရာတိုင်းကိုသွားခဲ့သဖြင့် ညက သူ အရှေ့ဖက်ဒေသမှာရှိနေခဲ့သည်။ အစပိုင်းတွင် ယဲ့ကျားက ဤသည်မှာ အရှေ့ဖက်ဒေသ၌ ပို၍ စွမ်းအားကြီးသော စွမ်းအားမြင့်မိစ္ဆာများ ရှိခြင်းကြောင့်ဟု ထင်ခဲ့၏ သို့ရာတွင်.... ကျီးရွှမ်ရဲ့လက်အောက်ငယ်သားတွေက အနောက်ဘက်ဒေသတွင် မိစ္ဆများ၊ တစ္ဆေများနှင့် ရင်ဆိုင်နေရမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
“လူတွေဘယ်လောက်သေလဲ…” ယဲ့ကျားကရုတ်တရက်မေးလိုက်သည်။
အားမီက ယဲ့ကျား ဤမေးခွန်းကို မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ခဏလောက်ကြက်သေသေနေပြီးမှ ဖြေလိုက်သည်။
“ငါသေချာမသိဘူး....”
ယဲ့ကျားဘာမှမပြောနိုင်ခင်မှာပဲ အားမီဟာဆက်ပြီး ပြောလိုက်သည်။
“ပြီးတော့ အဲ့ဒီပုန်ကန်တဲ့ မိစ္ဆာတွေ နဲ့ တစ္ဆေတွေက လူတွေဘယ်လောက်ကိုစားလိုက်လဲ ငါတို့မသိဘူး…”
ယဲ့ကျား : "....မင်းတို့လူတွေကမစားဘူးလား"
'ကင်းကခွင့်မပြုဘူး' အားမီက မစဉ်းစားပဲပြောလိုက်သည်။ 'ပြီးတော့ ငါတို့ပစ်မှတ်က ပုန်ကန်သူတွေပဲ ပြီးတော့ အဲ့တာတွေနဲ့တင် ငါတို့ဗိုက်ပြည့်တာထက်တောင်ပိုတယ်'
ဤကဲ့သို့ ပြောပြီးနောက် အားမီက ကျေနပ်အားရစွာ လေပျို့လိုက်သည်။
“အိုး ဟုတ်သားပဲ…” အားမီက လုပ်စရာတစ်ခုကို သတိရသွားသည့် ပုံစံပင်။
“ငါတို့လည်း တိုက်ပွဲနေရာကိုမြန်မြန်သွားရမယ်။ အဲ့ဒီမှာ လူသားစွမ်းအင် ပြတ်လပ်နေတာ ငါပထမက ပို့စရာဘယ်သူမှမရှိတော့ဘူးထင်နေတာ မင်းနဲ့ဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး မင်း ကသန်မာနေတာဆိုတော့ အကူအညီရမှာသေချာတယ်…”
ယဲ့ကျား ဆွဲခေါ်သွားခြင်းခံလိုက်ရလေသည်။
အားမီက တစ္ဆေပိုင်နက်ကို အသက်သွင်းလိုက်ပြီးနောက် လူတစ်ယောက်နှင့် တစ္ဆေတစ်ကောင် ဝင်လာသည်။
အားမီရဲ့ တစ္ဆေပိုင်နက်မှာ မဲမှောင်နေပြီး သူ့ရဲ့မျိုးနွယ်များ အရိပ်ထဲ၌ ပုန်းအောင်းနေသကဲ့သို့ပင်။
အားမီရှေ့မှလျှောက်သွားတာကိုကြည့်ရင်း ယဲ့ကျားက ပြောလိုက်သည်။
“ညက ပုန်ကန်မှုကပြီးသွားပြီဆိုတော့ အခုဘာဖြစ်မှာလဲ… ဘာလို့နောက်ထပ်တိုက်ပွဲဖြစ်ရတာလဲ…”
အားမီဟာ တစ္ဆေပိုင်နက်ကိုဖြတ်လျှောက်ရင်း ဖြေသည်။
“အမေပဲ…”
သူ့ အသံမှာ ပြတ်သားနေ၏။
ယဲ့ကျား ဤစကားကိုကြားရသည်မှာ ဒုတိယအကြိမ် ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်ကြားခဲ့ရချိန်မှာ သင်္ဘာဆိပ်တွင် ယင်ကောင်ဘုရင်က ပြောခဲ့ခြင်းပင်။
သူက နောက်ကလိုက်ပြီး ရေရွတ်လိုက်၏။
“......အမေ…”
အားမီ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်…”
“ဒီနောက်ဆုံး မငြိမ်သက်မှုတွေကို အမေက အမိန့်ပေးခဲ့တာ ဒါပေမယ့် ကင်းက သူ့အမိန့်တွေကို မနာခံခဲ့ဘူးလေ....” သူက သက်ပြင်းချပြီး ပြောလိုက်သည်။ “ဒါအမေ့ရဲ့အပြစ်ဒဏ်ပဲ…”
ဤအခိုက်တွင် ယဲ့ကျားက အားမီ၏ တစ္ဆေပိုင်နက်ကနေ လုံးဝထွက်ပြီးနေခဲ့ပြီ ဖြစ်၏။
သူရှေ့မှထိတ်လန့်စရာမြင်ကွင်းကြောင့် အသက်ရှုချက်ပင် မှားနေသည်။
သူ ဤအရာများကိုမပြောပြနိုင်ပေ။ ဤသည်မှာ ကလူသားကမ္ဘာလော၊ တစ္ဆေပိုင်နက်လော၊ အစစ်အမှန်ပေလော၊ ကစားပွဲပေလော…။
သူ့ရှေ့ရှိနေရာတိုင်းမှာ အစောပိုင်းက ခန်းမထဲမှာတွေ့ခဲ့သော မိစ္ဆာကောင်နှင့်တူသည့် အကောင်ပေါင်းများစွာ ပြည့်ကျပ်နေလေသည်။
မဲနက်ပြီး ဆိုးရွားသော အနံ့အသက်များနှင့် အကျိအချွဲများမှာ ၎င်းတို့၏ ကြီးမားပြီး အနီရောင်အမှုန်အလွှာနှင့် ကာရံထားသော ဟိုဘက်ဒီဘက်လိမ့်နေသည့် အနက်ရောင်မျက်လုံးတွေကမှ တစ်စက်စက် ကျနေ၏။ ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် မကြည့်ရက်နိုင်စရာ ဆိုးရွားသောမြင်ကွင်းပင်။
၎င်းတို့မှာ အရွယ်အစား စုံလင်လှပြီး လက်သည်းခွံလောက်သာ ရှိသော အရွယ်သေးသေးလေးမှအစ အဆောက်အဦးတစ်ခုစာလောက် ရှိသော အရွယ်အစားအထိ အစားစား ရှိပေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့ထံတွင် မည်သည့် “ယင်”စွမ်းအင်မှ မရှိနေချေ။ ယင်းအစား ထိုထက်ပို၍ ဆိုးရွားယုတ်ညံ့သော အရာတစ်ခု ရှိနေသည်။
၎င်းမှာ မည်သည့်အရာဖြစ်ကြောင်း ယဲ့ကျား မပြောတတ်ချေေ။ သို့ရာတွင် ရွံစရာကောင်းသည်ဟု ခံစားနေရသည်။
ဤမိစ္ဆာအုပ်ကြီး၏ အလယ်တွင် ကျီရွှမ်၏ လက်အောက်ငယ်သားများမှာ ထင်ရှားပေါ်လွင်နေခဲ့၏။ သူတို့အားလုံး အဆက်မပြတ် တိုက်ခိုက်ကြသော်လည်း မိစ္ဆာများမှာ လျော့သွားပုံမပေါ်ဘဲ တစ်အုပ်စုပြီး တစ်အုပ်စု သူတို့ဆီကို ရောက်လာနေသည်။
ဤမိစ္ဆာများမှာ ဘာအသိဉာဏ်မှလည်း မရှိသလို မည်သည့် နာကျင်မှုမှလည်း မခံစားရပေ။
သေဆုံးပြီးချိန်တွင်လည်း စွမ်းအင်အရင်းအမြစ်အဖြစ် ပြောင်းလဲရမဲ့အစား ဖုန်မှုန့်တွေအဖြစ်သာ ပြောင်းလဲသွားကြသည်။ သူတို့က A-level နှင့် B-level တစ္ဆေများလောက်ပင် မသန်မာဘူးဆိုလျှင်ပင် ရန်သူနဲ့ ယှဉ်ပြိုင်နိုင်ရန် လုံလောက်ပေသည်။
ယဲ့ကျားက သူရဲ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး မျက်လုံးကို နားမလည်နိုင်သော အကြည့်ဖြင့် ဖုံးကွယ်ထားလိုက်သည်။
ထို့နောက် သူ့အသံကိုမြှင့်ပြီး ပြောလိုက်၏။ “ကင်းဘယ်မှာလဲ…”
အားမီက တစ်ချက်လက်ညိုးထိုးပြလိုက်သည်။
သူတို့၏ ဦးခေါင်းများပေါ်တွင် မိစ္ဆာထုကြီး၏ ကြားမှ အနီရောင်မှိန်ဖျဖျလမ်းကြောင်းတစ်ခု မြင်ရသည်။
ထိုအနီရောင်ဆီသို့ သွားနေသည့် မိစ္ဆာများလည်း အများကြီးပင်။
ယဲ့ကျားက အားစိုက်ထုတ်ကာ အနီးဆုံးမှာရှိသည့် မိစ္ဆာပေါ်သို့ ညင်ညင်သာသာခုန်ကူးပြီးနောက် တစ်ကောင်ပြီး တစ်ကောင် ဆက်ပြီး ခုန်ကူးသွားခဲ့သည်။ သူက အနီရောင်ရှိနေသည့်ဆီသို့ ဦးတည်သွားနေခြင်းပင်။
ရပြီ… ကျီရွှမ် အဲ့ဒီမှာရှိနေသည်…။
သူက လေထဲတွင်တည်ငြိမ်စွာရပ်နေ၏။ အလွန်ရုပ်ဆိုးအကျဉ်းတန်သော မိစ္ဆာတွေကြားထဲတွင် သူ့ရဲ့ သွယ်လျ ရှည်လျားသောခန္ဓာကိုယ်ဟာ အထင်းသား ပေါ်လွင်ထင်နေသည်။
သူ့ရဲ့နောက်တွင်မူ သူ့နားကိုကပ်လာရဲသည့် မိစ္ဆာတိုင်းကို ရက်စက်စွာဝါးမြိုပစ်နေတဲ့ အနီရောင်သွေးလှိုင်းများသာ ရှိနေသည်။
သူ့ရဲ့မျက်နှာမှာ လုံးဝကိုဖြူဖျော့နေလေသည်။
သူ၏ နီရဲနေသော မျက်လုံးများမှာ နက်မှောင်နက်ရှိုင်းနေပြီး ရှေ့တွင်ရှိနေသည့် ကြီးမားလှသောမိစ္ဆာကြီးကို ဂရုမစိုက်သော အကြည့်နှင့့်ကြည့်နေသည်။
သူ့ရှေ့တွင်ရှိနေသော မိစ္ဆာမှာ ဘောလုံးကွင်းအရွယ်အစားလောက်ရှိပြီး ခန္ဓာကိုယ်ကလည်း ကောင်းကင်ကြီးကိုပင် ကာထားနိုင်သည်။ ခန္ဓာကိုယ်ပေါ်မှာလည်း မရေမတွက်နိုင်သော အနာတွေများစွာရှိနေပြီး အကျိအချွဲတွေကို အဆက်မပြတ်ထုတ်နေ၏။
ကျီရွှမ်ကို မုန်းတီးစွာစိုက်ကြည့်နေရင်း သူ့ရဲ့နက်ရှိုင်းတဲ့လည်ချောင်းထဲမှ အနည်းငယ်တိုးသော ဟိန်းဟောက်သံ ထွက်လာလေသည်။
ကျီရွှမ်ကား မိစ္ဆာကြီးနှင့် ယှဉ်လျှင် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာကွဲသွားလောက်သည်အထိသေးငယ်ပါသည်။
မမျှော်လင့်ထားတဲ့အချိန်မှာပင် အလွန်တရာကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာကြီးက သူ့၏ အသူတရာနက်သောချောက်ကြီးကဲ့သို့ ကြီးမားသော ပါးစပ်ကြီးကိုဖွင့်လိုက်သည်။
ကျီးရွှမ် အနားကိုကပ်သွားကာ စကားပြောလိုက်လေသည်။
သူ့ရဲ့ပါးစပ်ထဲကနေ အလွန်ထူးဆန်းပြီး တိုးသောအသံထွက်လာပြီး ထိုအသံမှာ အလွန့်အလွန်ကို နူးညံ့ ညင်သာနေလေသည်။ ဤသို့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ကြောက်စရာကောင်းပြီး စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှပေ၏။
“ငါ့ရဲ့ကလေး…”
“အဲ့တာ 'အမေ' လား…”
ယဲ့ကျားက သူ့စိတ်ထဲကိုဒီအတွေးဝင်လာသည်နှင့် ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
မဖြစ်နိုင်ဘူး။
၎င်းမှာ အမေ့အသံကို ထုတ်ပေးတဲ့ပစ္စည်းနှင့် ပိုတူပေ၏။
ယဲ့ကျားက မလှမ်းမကမ်းတွင် စကားပြောနေကြသည်ကို အာရုံစိုက်နေရင်းပင် သူ့အနားကိုရောက်လာတဲ့မိစ္ဆာ လေးငါးကောင်ကို ချောချောမွေ့မွေ့ သတ်ဖြတ်နိုင်ခဲ့သည်။
"........မင်းရဲ့ ကတိကိုတည်အောင်မလုပ်နိုင်သေးဘူးဆိုရင်တောင်… ဘယ်လိုပဲဖြစ်ဖြစ်မင်းကိုချစ်နေတုန်းပဲ ငါ့ကိုလက်မလွှတ်လိုက်ပါနဲ့…"
မိစ္ဆာကြီးဟာ သူ့ကိုယ်ပေါ်ကမျက်လုံးတွေအကုန်လုံးနဲ့ သူ့ကိုကြည့်နေရင်း အနားကိုကပ်လာပြီး ပြောသည်။
ဤကဲ့သို့ ပြောပြီးသည့်အချိန်မှာ ပါးစပ်ကြီးကပြန်ပိတ်သွားခဲ့သည်။ အစောပိုင်းက စကားပြောခဲ့သည်မှာ ဤနေရာတွင် တစ်ခါမှမဖြစ်ခဲ့ဖူးသလို ဖြစ်သွားလေ၏။
မိစ္ဆာကြီးမှာ ယခင်က အချွဲအကျိတွေနှင့် ပြည့်နေတဲ့ပုံစံအတိုင်း ပြန်ဖြစ်သွားလေသည်။
ထို့နောက်တွင်မူ အချုပ်အနှောင်မှ လွှတ်ပေးလိုက်သည့် ပုံစံအတိုင်း သွေးရူးသွေးတန်းဖြင့် ကျီရွှမ်ကို တိုက်ခိုက်တော့သည်။
၎င်း၏ ကြီးမားလှသောမျက်လုံးကြီးများမှာလည်း ရူးသွပ်မိုက်မဲမှုတို့နှင့် ပြည့်နေ၏။
ယဲ့ကျားက ရုတ်တရက်တိုက်ခိုက်လိုက်တာကြောင့် အံ့အားသင့်သွားလေသည်။
ကြည့်ရသလောက် “အမေ”က ထာဝရချစ်မြတ်နိုးသွားပြီး နောက်ထပ် အခွင့်အရေး ပေးမည်ဟု ပြောခဲ့သည့်တိုင်အောင် သူ့ကို အပြစ်ပေးရန် တွန့်ဆုတ်နေမည် မဟုတ်သလို ဆွဲထားမည့်ပုံစံလည်း မဟုတ်ပေ။
ကျီရွှမ်က ၎င်းကို အံ့ဩနေသည့်ပုံစံ မပေါ်ပေ။
သူက တိုက်ခိုက်လာသည်များကို ရှောင်တိမ်းနေရင်း ပတ်ပတ်လည်ရှိ သွေးများကလည်း အနားတွင်ရှိနေသည့် မိစ္ဆာများကို ဝါးမျိုပစ်နေသည်။
သို့ရာတွင် ယဲ့ကျားက စိတ်ထဲတွင် ထင်ယောင်ထင်မှား ဖြစ်နေခြင်းပေလော မသိရ၊ ကျီရွှမ်၏ အခြေအနေမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်။
စွမ်းအားမြင့်တစ္ဆေတစ်ကောင်အနေဖြင့် သူ၏ အသားအရောင်မှာ အမြဲဖျော့တော့နေသည်။ ယခုအချိန်တွင် ယဲ့ကျား သတိထားမိသည်မှာ အရင်ကတည်းက သူ့အနားမှာရှိတဲ့ တစ္ဆေစွမ်းအင်များမှာ ထိန်းချုပ်မှုအောက် မရှိတော့သည့်အလား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသည်နှင့် တူနေသည်။
အစပိုင်းတွင် ယဲ့ကျားက ဤကိစ္စကို မသေချာပေ။ တစ်ဖက်သား၏ တုံ့ပြန်မှုများ နှေးကွေးလာသည့် အချိန်မှ ပို၍ သေချာသွားလေသည်။
မိစ္ဆာများကလည်း ဤအချက်ကို သိသွားကြ၏။
တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာပြီး အငြိုးအတေးအမုန်းစိတ်များမှာ သူ၏ နက်မှောင်သော မျက်လုံးထဲ တောက်ပသွားလေသည်။ ကျီရွှမ်မှာ သူ့နောက်ရှိ မိစ္ဆာတွေကို တိုက်ပေးနေသည့် သွေးတွေကို လမ်းကြောင်းပြောင်းပြီး ထိုးစစ်စင်နေသော တစ်ဖက်သားကို တားဆီးစေရန်မှ လွဲပြီးရွေးချယ်စရာမရှိခဲ့ပါ။
ထို့ကြောင့် သူ့ရဲ့နောက်ကျောမှာ သေချာပေါက် အကာအကွယ် လျော့နည်းသွားပြီ ဖြစ်သည်။
ယဲ့ကျားက မျက်လုံးများကို မှေးလိုက်၏။ တံစဉ်းကို ကိုင်ထားသော သူ့လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ဓားသွားများမှာလည်း အေးစက်စွာ တလက်လက်တောက်ပနေလေသည်။
ကျီရွှမ်၏ ယခုအခြေအနေမှာ အားနည်းနေ၏။
ဤသည်မှာ သူ့အတွက် သတင်းကောင်းပင်။
အရမ်းကိုလွယ်ကူသွားမှာပဲ…
လှည့်စားမှုတွေ လိမ်ညာမှုတွေ ဘယ်လောက်များများ ကိစ္စမရှိဘူး...။
ဓားတစ်ချက်နဲ့တင် နာကြည်းချက်တွေ အကုန်ကုန်သွားမှာ…။
နောက်ဆုံးတော့ လူသားမျိုးနွယ်ကို ဒုက္ခပေးနေတဲ့ အရာကို ရင်ဆိုင်နိုင်ပြီး သစ္စာဖောက်မှုအတွက်လည်း အပြစ်ပေးလက်စားချေနိုင်ခဲ့လေပြီ…။
လွယ်ကူလိုက်တာ…။
အခြားမိစ္ဆာများမှာ ကျီရွှမ်၏ အကာအကွယ်ပေါက် ပွင့်သွားသည်ကို သတိထားမိသွားကြသည့်ပုံစံပင်။ ထို့ကြောင့် သူ့ဆီသို့ လှိုင်းလုံးကြီးများအလား တည့်တည့် လာနေကြသည်။ သို့ရာတွင် သူ့နောက်ကျော၌ မျက်လုံးရှိနေသည့်အလား အလွယ်တကူပင် ဖြေရှင်းလိုက်နိုင်၏။
မိစ္ဆာကြီးက ဤအခွင့်အရေးကို အမိအရယူကာ မြောက်များစွာသော ကြီးမားမဲနက်သည့် ရေဘဝဲကဲ့သို့ လက်ကြီးများဖြင့် လေထဲမှတစ်ဆင့် ကျီရွှမ်ဆီသို့ တည့်တည့် ပစ်ခတ်လိုက်သည်။
ဤထိုးနှက်ချက်မှာလည်း တားဆီးခံရပြန်၏။
ထိုလက်ချောင်းများအားလုံး ဖြတ်တောက်ခံလိုက်ရပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ တထွန့်ထွန့် လူးနေကြလေသည်။
သို့ရာတွင် ပွင့်သွားသော အကာအကွယ်ပေါက်ကြီးမှာ ပို၍ ကြီးထွားလာပြန်သည်။ တိုက်ခိုက်မှုကို ခုခံနေသည့် သွေးလှိုင်းများမှာလည်း ယခုထိတိုင် ပြန်ရုတ်သိမ်းမည့် အခွင့်အရေး မရသေးပေ။
နောက်ထပ် မိစ္ဆာများက သူ့ဆီသို့ တန်းတန်းမတ်မတ် ရောက်လာကြပြန်သည်။
သူသာ ဤလှိုင်းကို တားဆီးချင်ပါက အားနည်းနေသည့် နေရာကို မဖြစ်မနေ ဖောက်ခွဲရမည် ဖြစ်သည်။
ယခုအခါ အချိန်ကျပြီ ဖြစ်၏။
အခုချက်ချင်း လုပ်မှရမယ်…။
သူ့ကိုသတ်ရန် ယခုအချိန်ထက် ပို၍ကောင်းမွန်သည့် အခွင့်အရေး မရှိတော့ပေ။
ဤအခိုက်တွင် အေးစက်သော အလင်းတန်းတစ်ခု လက်ကနဲ တောက်ပသွား၏။ ထိုအရာမှာ လေထဲသို့တိတ်တဆိတ်ဖြတ်သွားပြီး ဥက္ကာပျံတစ်ခုကဲ့သို့ ပျံသန်းသွားလေသည်။
"ဝှစ်......."
ကျီရွှမ်က တစ်ခုခုကိုခံစားမိသလိုမျိုး သူ့ကိုနောက်လှည့်ကြည့်လိုက်သည်။
မိစ္ဆာများ၏ ခန္ဓာကိုယ်က ဖုန်မှုန့်ဖြစ်သွားပြီး လေထဲမှာပင် လွင့်စင်သွားကြ၏။
ထို့ထက်ပို၍ မည်သည့်အရာမှ မရှိတော့ပေ။
...........
အခန်းလွတ်တစ်ခုထဲတွင် ခွေနေသော သွေးအရိုးငါးက ခေါင်းထောင်လာ၍ တစ်နေရာကို စိုက်ကြည့်နေသည်။
ထို့နောက် သူ့အမြီးကိုနန့်ကာ ကူးခတ်လာ၏။
အခန်း၏ထောင့်နေရာမှ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ် လူငယ်တစ်ယောက် အမှောင်ထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။
သူက ဒူးထောက်ချလိုက်ပြီး သွေးအရိုးငါးရဲ့ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။
ထိုစဉ် လူငယ်လေး၏ အသံမှာ အလွန်ပင် တိုးညှင်းလှပြီး မလိုလားခြင်းနှင့် အေးစက်မှုတို့ကို ဖော်ပြလျက်ရှိသည်။
“.....မင်းကြောင့် ဒီတစ်ခါတော့သူ့ကိုလွှတ်ပေးလိုက်မယ်…”
Xxxxxx