အပိုင်း (၄၁)
Viewers 31k

part-41


တခြားလူများ၏အမြင်၌ယွမ်ရှက အသစ်ပြောင်းလဲသွားသော သစ်ရွက်ကလေးအလား မိခင်ကောင်းတယောက်ဖြစ်ဖို့ရည်ရွယ်နေသည်ဆိုရင်တောင်မှ စုန့်ထင်ရှန်းကတော့ကြီးကြီးမားမားမျှော်လင့်မထားပေ။အကျင့်စရိုက်ဆိုသည်မှာ ကြောက်စရာအကောင်းဆုံးအရာပင်ဖြစ်သည်။ ထို့ကြောင့်ပင်စုန့်ထင်ရှန်း၏ယွမ်ရှပေါ်အမြင်တွေမှာပြောင်းလဲဖို့ခက်ခဲလှပေသည်။


ဥပမာပြောရလျှင် ယွမ်ရှကသူနှင့်အပေါ်ယံဆက်ဆံရေးသာတည်ဆောက်ထားသကဲ့သို့ သူကိုယ်တိုင်ကလဲ ထိုသို့သာအလိုရှိနေပေသည်။ဖြတ်သန်းခဲ့သောလေးနှစ်တာကာလအတွင်း သူနှင့်သူမတို့ကြားထဲ၌တိကျသောမျဉ်းတကြောင်းဆွဲထားခဲ့ပြီးလေပြီ။ကလေးရခဲ့သည့်အပိုင်းမှလွဲ၍သူတို့နှစ်ယောက်၏လက်ထပ်ခြင်းဆိုသည်က ဥပဒေအရစာချုပ်ပေါ်မှာသာရှိသည့်အရာဖြစ်ပြီးသူတို့နှစ်ယောက်ကသူစိမ်းများဟုဆိုနိုင်ပေသည်။


....


မကြာခင်အချိန်တွင် စုန့်ထင်ရှန်း၏ကျောင်းနေဖက်သူငယ်ချင်းတယောက်ကမဂ်လာဆောင်တော့မည်ဖြစ်သည်။ထိုသူကသူ့၏မဂ်လာညစာစားပွဲတွင် သူငယ်ချင်းများအားလုံးကိုတက်ရောက်ရန်ဖိတ်ခေါ်ထားလေသည်။ထိုသူငယ်ချင်းက စုန့်ထင်ရှန်းကိုသူ့၏ဇနီးကိုပါခေါ်လာရန်ပြောထားသော်လဲ စုန့်ထင်ရှန်းကခေါ်သွားရန်မတွေးသလိုယွမ်ရှကိုလဲမမေးမြန်းပေ။


တနေ့တာ၏အလုပ်ချိန်ပြီးဆုံးသွားပြီးနောက် လီကျင်းတယောက်ရုံးခန်းကိုလျှောက်သွားပြီးအခန်းတံခါးကိုခေါက်လိုက်သည်။အခန်းတွင်းမှအသိအမှတ်ပြုသည့်အသံပြုသံကိုကြားလိုက်ရပြီးနောက် တံခါးတွန်းဖွင့်၍လျှောက်ဝင်သွားလိုက်၏။သူမအပြုံးလေးနှင့်မေးလိုက်သည်။


"စီအီးအိုစုန့် ကျွန်မ ဒီနေ့ရှင်နဲ့ကားလိုက်ကပ်စီးလို့ရမလား...ဒါကိုကျွန်မရဲ့အကိုကြီးကအကြံပြုလိုက်တာပါ..."


စုန့်ထင်ရှန်း၏ရင်းနှီးသည့်ကျောင်းနေဖက်သူငယ်ချင်းတယောက်က လီကျင်း၏အကိုကြီးပဲဖြစ်သည်။ထို့ကြောင့်သူမ ထိုညစာစားပွဲသို့တက်ရောက်သည်မှာပုံမှန်ပင်ဖြစ်သည်။


"ကောင်းပြီ..."


စုန့်ထင်ရှန်း ခေါင်းညိမ့်ပြလိုက်သည်။ဒီနေ့ည၌သူသေချာပေါက် သောက်စားမည်ဖြစ်လေရာကားမောင်းဖို့ ဒရိုင်ဘာ‌ခေါ်လိုက်သည်။သူတို့နှစ်ယောက်စလုံး ကုမ္ပဏီမှတချိန်ထဲထွက်သွားကြပြီးနောက် ကုမ္ပဏီ၏ဧည့်ခန်းနေရာကအတင်းပြောသည့်နေရာတခုဖြစ်လာလေသည်။


သူဌေးနှင့်ဝန်ထမ်းအသစ်တူတူထွက်သွားသည်ကိုမြင်လိုက်သည်နှင့်ဧည့်ကြိုနေရာမှရှိနေသောအမျိုးသမီးနှစ်ယောက်ကတယောက်နှင့်တယောက်ကြည့်လိုက်ကြသည်။


"သူကငွေကြေး စီမံဌာနကဝန်ထမ်းအသစ်မဟုတ်ဘူးလား...သူစီအီးအိုစုန့်ရဲ့ အခန်းတံခါးကိုခဏခဏသွားခေါက်တာ ကျွန်မမြင်ဖူးတယ်...သူမက စီအီးအိုစုန့်နဲ့ပတ်သတ်ပြီးတော့ မသင့်တော်တဲ့အကြံအစည်တွေရှိနေလို့မရဘူးလေဟုတ်တယ်မလား..."


"နင် အဲ့ဒီ့မေးခွန်းကို မေးလို့မရဘူးလေ...ဒါပေါ့ ဖြေရမယ်ဆိုရင်တော့ အဖြေကဟုတ်ပါတယ်ပေါ့...ဒါပေမဲ့လဲ ငါ့ရဲ့ထင်မြင်ချက်အရပြောရမယ်ဆိုရင်တော့ စီအီးအိုစုန့်ကအိမ်ထောင်ပြုပြီးသားဆိုပေမဲ့လဲ...လူအများကြီးကသူ့ကိုမျက်စိကျနေကြတုန်းပဲ...သူကအသက်ငယ်ငယ်လေးနဲ့ကိုယ်ပိုင်ကုမ္ပဏီတခုကိုစတင်တည်ထောင်ခဲ့ပြီးတော့ ဟောကြည့် အခုလက်ရှိသူ့ရဲ့ကုမ္ပဏီကအောင်မြင်ကျော်ကြားနေပြီ...

သူကချောမောခန့်ညားတယ် ထိပ်လဲမပြောင်သလိုဘီယာဗိုက်လဲမရှိဘူး..."


"ငါကတော့ အဲ့တာတွေဂရုမစိုက်ဘူး...ငါ့အထင်အရပြောရမယ်ဆိုရင်တော့လေ...အိမ်ထောင်သည်ယောကျာ်းတယောက်အတွက်ခံစားချက်တွေရှိနေတယ်ဆိုတာက တကယ့်ကိုမကောင်းဘူး...ပြီးတော့ကောလဟလတွေထဲက မစ္စစုန့်ကိုတခါမှမြင်ဖူးပေမဲ့လဲ စီနီယာအလုပ်သမားဟောင်းတွေပြောတာကြားဖူးတာကတော့ သူကလေ နတ်မိမယ်လေးအလားပဲတဲ့...ပြီးတော့သူတို့မှာအရမ်းချစ်ဖို့ကောင်းတဲ့သားလေးတယောက်လဲရှိသေးတယ်...

စီအီးအိုစုန့်က သူ့ဇနီးကိုဘယ်တော့မှလွယ်လွယ်ကူကူကွာရှင်းမှာမဟုတ်ဘူး...ပြောရမယ်ဆိုရင်တော့လူချမ်းသာတွေကလေသူတို့ဇနီးနဲ့ဘယ်တော့မှမကွာရှင်းကြဘူး...သူမအကောင်းဆုံးဖြစ်နိုင်တာကတော့လေ အိပ်ယာဖေါ်ပဲပေါ့...ကျွတ်... ကျွတ်...ကျွတ်..."


ကောင်တာမှတခြားဝန်ထမ်းအမျိုးသမီးတယောက်က သူမ၏မေးစေ့ကိုပွတ်သပ်ရင်းပြောလိုက်သည်။


"ငါကတော့ စီအီးအိုစုန့်ကအဲ့လိုလူမျိုးလို့မထင်ဘူးနော်...တကယ်လို့သူသာဇနီးသည်ကို အိမ်မှာထားပြီးတော့ အပြင်မှာအပျော်ရှာချင်တဲ့ယောက်ျားဆိုရင် အရောင်းဌာနက အေမီနဲ့တူတူရှိနေတာကြာပြီပေါ့...သူကမှငွေကြေးစီမံဌာနကအသစ်တယောက်ထက်ပိုပြီးတော့တောင်ချောသေးတယ်...တကယ်တော့လေသူတို့နှစ်ယောက်ထဲကဘယ်သူစီအီးအိုစုန့်ကိုအမိဖမ်းနိုင်မလဲဆိုတာထက် စီအီးအိုဇနီးကဘယ်လောက်လှလဲဆိုတာကို ငါပိုစိတ်ဝင်စားတယ်..."


ကုမ္ပဏီများတွင် ထိုကဲ့သို့ထင်ကြေးပေးခန့်မှန်းခြင်းနှင့် အတင်းအဖျင်းပြောဆိုမှုများကဘယ်တော့မှပပျောက်သွားမည်မဟုတ်ပေ။


....


လီကျင်းက စုန့်ထင်ရှန်း၏နောက်မှနေကားပါကင်သို့တည်ငြိမ်စွာလိုက်လာခဲ့သည်။သူမက သူမ၏အဝတ်အစားများကိုချစ်စဖွယ်ကောင်းအောင်ပြင်ဆင်ထားသည်။သူမ၏ခန္ဓာကိုယ်မှာလဲသင်းပျံ့လတ်ဆတ်သောမွှေးရနံ့လေးများပျံ့လွှင့်နေသည်။


လီကျင်း မူလကတွေးထားသည်မှာ စုန့်ထင်ရှန်းကသူမနှင့်အတူတူကားနောက်ခန်းတွင်ထိုင်လိမ့်မည်ဟူ၍ပင် သို့သော်လဲသူမကိုအံ့အားသင့်သွားစေသည်မှာ ကားနားသို့ရောက်သည်နှင့်စုန့်ထင်ရှန်းကအရှေ့ခန်းတံခါးကိုဆွဲဖွင့်ပြီးသူမကိုပြောလိုက်သည်။


"နောက်မှာထိုင်လိုက်..."


လီကျင်းခဏမျှတောင့်တင်းသွားပြီးနောက် သူမအပြုံးလေးဖြင့်ခေါင်းညိမ့်ပြလိုက်သည်။


စုန့်ထင်ရှန်း၏ဒရိုင်ဘာကရိုးသားပုံပေါ်သောသက်လတ်ပိုင်းအရွယ်လူတယောက်ဖြစ်သည်။သူက အလွန်လဲတိတ်ဆိတ်သည့်လူဖြစ်၏။စီအီးအိုစုန့်နှင့်အမျိုးသမီးတယောက်တို့ရောက်လာသည်ကို မြင်ပြီးနောက်စကားတခွန်းမှပင်မဆိုတော့ပဲသူ့၏ကားမောင်းခြင်း၌သာအာရုံစိုက်ထားလိုက်သည်။


လီကျင်းက သူမ၏ဒူးနှစ်ဖက်ပေါ်တွင်လက်ကိုယှက်တင်ကာကျော့ကျော့မော့မော့ထိုင်နေရင်းဖြင့် 

သတ္တိအပြည့်ဖြင့်ပြောလိုက်သည်။


"စီအီးအိုစုန့်... စီအီးအိုစုန့်ရဲ့ဇနီးက ကျွန်မတို့နဲ့အတူတူမလိုက်ဘူးလား..."


စုန့်ထင်ရှန်းက သူ၏ဇနီးကိုပွဲတက်ရန်ခေါ်ခဲလှသည်။စုန့်ထင်ရှန်း၏ သူငယ်ချင်းကောင်းတယောက်ဖြစ်သောသူမ၏အကိုပင်လျှင် မဂ်လာဧည့်ခံပွဲ၌တကြိမ်နှင့်ကလေးလေး၏မွေးနေ့ပွဲ၌တကြိမ် နှစ်ကြိမ်သာတွေ့ဖူးသည်။လီကျင်းသူမ၏အကိုပြောတာကြားဖူးသည်မှာ စုန့်ထင်ရှန်း၏ဇနီးကတခြားသူများနှင့်မယှဉ်နိုင်လောက်အောင်ချောမောလှပသည်ဟူ၍ပင်။


သို့သော်လဲ လီကျင်းကတော့သူမအကိုကအရမ်းချဲ့ကားလွန်းသည်ဟုသာထင်မြင်မိလေသည်။


တကယ်လို့သူ့ဇနီးသာအရမ်းကိုချောမောလှပနေတယ်ဆိုရင် ဘာလို့တူတူခေါ်မလာရတာလဲ...သူမကပဲမလိုက်လာချင်တာလား...ဒါမှမဟုတ်စီအီးအိုစုန့်ကပဲမခေါ်ချင်တာလား...

xxxxxxxxxx