အပိုင်း (၄၂)
Viewers 31k

part-42


ဒီမေးခွန်းအတွက်အဖြေက ဘာပဲဖြစ်ဖြစ်ကိစ္စမရှိပေ။၎င်းအဓိပ္ပာယ်က ထိုစုံတွဲသည်ဆက်ဆံရေးမကောင်းဟုဖော်ပြနေခြင်းပေ။


စုန့်ထင်ရှန်းခဏမျှတိတ်ဆိတ်သွားပြီးနောက် ပြန်‌ဖြေလာသည်။


"သူအလုပ်များနေတယ်..."


လီကျင်းက သူ့၏စကားကိုယုံကြည်ခြင်းမရှိပေ။


သူဌေးတယောက်ရဲ့ဇနီးက အလုပ်လုပ်စရာမှမလိုတာ ဘယ်လိုလုပ်ပြီးအလုပ်များမှာတဲ့လဲ....


အားလုံး၏အမြင်အရ မစ္စတာစုန့်သည် ငြီးငွေ့ဖွယ်အကောင်းဆုံးသောလူဖြစ်သည်ဟုပင်ဆိုကြသည်။သူမ နားမလည်နိုင်သည်က အကယ်၍စုန့်ထင်ရှန်းသည် သူ့ဇနီးနှင့်ကောင်းမွန်သည့်ဆက်ဆံရေးမရှိဘူးဆိုပါကဘာကြောင့်မကွာရှင်းရသနည်း။


ယခုကဲ့သို့အိမ်ထောင်ရေးမျိုးကပျော်ရွှင်မှုကိုသယ်ဆောင်လာဖို့လဲ မဖြစ်နိုင်ပေ...


 ဖြစ်နိုင်တာကသူတို့ရဲ့သားလေးကိုအတုအ‌ယောင်ပ်ျောရွှင်တဲ့မိသားစုမျိုးပေးချင်တာကြောင့်များလား...


လီကျင်းမသိသည်က စုန့်ထင်ရှန်းအမှန်တိုင်းပြောနေခြင်းဖြစ်လေသည်။ယွမ်ရှကတကယ်ကိုပင်အလုပ်များနေပေ၏။အရင်အချိန်တုန်းကသူမတွင် သူငယ်ချင်းများစွာရှိနေပြီးချမ်းသာ၍ဆိုရှယ်ကျသောဘဝတွင်ပျော်မွေ့နေလေသည်။သာမာန်သူငယ်ချင်းတယောက်ကသူမကို ရက်ဆက်မတွေ့ရသည်ကသာမာန်လိုပင်ဖြစ်နေသည်။


ယခုယွမ်ရှရောက်လာသည့်အချိန်တွင်လဲ သူမကသင်တန်းနှစ်ခုတက်ဖို့ စာရင်းပေးသွင်းထားသောကြောင့်မအားမလပ်ဖြစ်နေသည်။သူမ သင်တန်းချိန်များမှလွတ်သည့်အချိန်တွင်လဲ ဝမ်‌လေးနှင့်ကစားရသေးသောကြောင့်သူမ၏အချိန်ဇယားကအပြည့်ဖြစ်နေလေသည်။


လီကျင်းအံတင်းတင်းကြိတ်ပြီးပြောလိုက်သည်။


"ဒီလိုဆိုရင်တော့ ကျွန်မအကိုရဲ့ဇနီးလောင်းကစိတ်မကျေမနပ်ဖြစ်တော့မှာပါပဲ...ကျွန်မတို့ကဒီနေ့ ဘော့စ်ရဲ့ဇနီးကိုတွေ့နိုင်မယ်လို့ထင်ထားကြတာ..."


စုန့်ထင်ရှန်း၏ဒရိုင်ဘာက နောက်ကြည့်မှန်မှတဆင့်ထိုအမျိုးသမီးငယ်ကိုကြည့်လိုက်သည်။သူကစကားဝိုင်းထဲဝင်ရောက်ပြောဆိုခြင်းမရှိသော်လဲ အခြေအနေကိုကောင်းစွာနားလည်ပေသည်။


ုကြည့်ရတာ ဒီအမျိုးသမီးက စီအီးအိုစုန့်ကိုစိတ်ဝင်စားနေပုံပဲ သူတော့စိတ်ပျက်လက်ပျက်ဖြစ်ရတော့မယ်...


သူကစုန့်ထင်ရှန်း၏ဒရိုင်ဘာအဖြစ်အလုပ်ဝင်ခဲ့သည်မှာ နှစ်နှစ်ရှိပေပြီ။၎င်းအချိန်ကမတိုလွန်းမကြာလွန်းသော်လဲ သူ့ဘောစ့်အကြောင်းကိုတော့ကောင်းစွာနားလည်ထားလေသည်။


သူ့ သူဌေးနှင့်ဇနီးသည်တို့ကြားဆက်ဆံရေးအခြေအနေကောင်းကောင်းဆိုးဆိုးသူမသိသော်လဲ သူသေချာသိသည်မှာတခုတော့ရှိလေသည်။


သူ့သူဌေး၏ပိုက်ဆံများကို စိတ်ဝင်စားသော သို့မဟုတ် ချစ်ခင်မြတ်နိုးသောထိုအမျိုးသမီးငယ်ကတော့အောင်မြင်လိမ့်မည်မဟုတ်ကြောင်းကတော့သေချာနေပေသည်။


စုန်ထ့င်ရှန်းသည် လီကျင်းကသူ့သူငယ်ချင်းကောင်း၏ညီမငယ်ဖြစ်သော်လဲ သူ့ကိုလိုအပ်သည်ထက်ပို၍အာရုံထားလိမ့်မည်မဟုတ်ပေ။


......


ပုံမှန်အချိန်များ၌ဒီအချိန်လောက်ဆိုလျှင် စုန့်ထင်ရှန်းကအလုပ်မှပြန်လာလေပြီ။ယွမ်ရှကသူနှင့်အတူတူညစာစားပေလိမ့်မည်။


ယနေ့တွင်မူ အိမ်အကူအန်တီကနောက်ဆုံးဟင်းပွဲကိုထုတ်သယ်လာပြီး‌နောက်ပြောလိုက်သည်။


"မဒမ် ဒီနေ့ မစ္စတာစုန့်ကညစာစားဖို့ပြန်လာမှာမဟုတ်ပါဘူး ဒါကြောင့်မို့ ကျွန်မဒီနေ့ဟင်းပွဲလေးပွဲပဲချက်ထားပါတယ်..."


ယွမ်ရှခဏမျှအံ့ဩမှင်သက်သွားသည်။


စုန့်ထင်ရှန်း အိမ်ပြန်လာပြီး ညစာမစားဘူးတဲ့လား...ဒါနဲ့နေပါဦး အိမ်အကူအန်တီကတောင်သူပြန်ပီးညစာ မစားဘူးဆိုတာကိုညနေထဲကသိနေပြီးတော့ သူ့ရဲ့အမည်ခံဇနီး သူမကတော့ဘာလို့ဘာမှမသိရတာလဲ...ဒီပလပ်စတစ်လိုဆက်ဆံရေးရှိတဲ့ဇနီးမောင်နှံနှစ်ယောက်က တယောက်ကိုတယောက်သူစိမ်းတွေလိုမျိုးပဲဆက်ဆံကြတာပဲ...


အိမ်အကူအန်တီကပုံမှန်အတိုင်း သူတို့နှင့်အတူညစာစားလိုက်သည်။အသားဟင်းနှစ်ပွဲ၊အသီးအရွက်တပွဲနှင့် စွပ်ပြုတ်တခွက်တို့ကလူကြီးနှစ်ယောက်နှင့်ကလေးတယောက်တို့အတွက်လုံလောက်ပေသည်


။ကလေးလေးစုန့်တွင် ယွမ်ရှ အကြိုက်နှစ်သက်ဆုံးအကျင့်လေးတခုမှာ သူကအစားအစာဂျီးမများသလိုစားသောက်ရာတွင်လဲအပြုအမူကောင်းလေးများရှိပေသည်။


သူမ၏ဆွေမျိုးများထဲမှကလေးတဦးသည် အစားစားသည့်အချိန်တွင်အလွန်ပင်သောင်းကျန်းသည့်အကျင့်တခုရှိလေသည်။ထိုကလေးကအစားစားသည့်အချိန်တွင်လဲ အလွန်ပင်ချေးများသည် သူမ၏ဆွေမျိုးတော်စပ်သူကထိုကလေးလေးအစားပိုစားစေရန်အတွက် နောက်မှတကောက်ကောက်လိုက်ပြီးကျွေးမွေးသည့်အခြေအနေကိုကြည့်ရင်းသူမအလွန်ပင်စိတ်ပျက်မောပန်းမိလေသည်။


ကံကောင်းထောက်မစွာဖြင့် ဝမ်လေးကတော့အကျင့်ကောင်းလှပေသည်။သူကပေးသမျှအစားစာများအားလုံးကိုကောင်းကောင်းမွန်မွန်စားသောက်ပေသည်။သူကအကျင့်ကောင်းလေးများရှိသည့်အပြင်အစားစားရခြင်းကိုလဲနှစ်သက်သောကြောင့်လဲဖြစ်နိုင်ပေသည်။ထို့ကြောင့်သူ့၏ခန္ဓာကိုယ်လေးကကြီးထွားဖွင့်ဖြိုးလာသည်။


သို့သော်လဲ ကံကောင်းထောက်မစွာဖြင့်ကလေးလေးများကဖွံဖွံထွားထွားဖြစ်နေလျှင်တောင်မှချစ်စရာကောင်းလှပေသည်။သို့သော်လဲ သူ့၏ဆရာဝန်ကသူ့ကိုအစားလျှော့စားရန်သတိပေးထားပြီးသားဖြစ်သည်။


ယွမ်ရှ ထိုအကြောင်းကိုမတွေးကြည့်ပဲမနေနိုင်ပေ။လူတွေက ဘယ်အသက်အရွယ်မှာများသူတို့ကြိုက်တဲ့အစားစာကို ကြိုက်သလောက်စားနိုင်ကြလို့လဲ။


ငယ်ရွယ်ချိန်မှာလဲ မုန့်ပဲသရေစာတွေကိုစားဖို့ခွင့်မပြုဘူး ဝိတ်လျော့ရမယ်...ဟော အသက်ကြီးလာပြန်တော့လဲ ပိုပြီးတော့တောင်မှပဲ ဂရုစိုက်ထိန်းသိမ်းရသေးတယ်...


သူမအရင်ကထင်ခဲ့ဖူးသည်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများကတော့သူတို့စားချင်သမျှကိုစားနိုင်သည်ဟူ၍ပင်။


သို့သော်လဲ လက်တွေ့တွင်ထိုကိုယ်ဝန်ဆောင်အမျိုးသမီးများကလဲ အမျိုးမျိုးသောကျန်းမာရေးပြဿနာအန္တရာယ်များကိုရှောင်ရှားနိုင်ရန်အတွက် သူတို့၏ကိုယ်အလေးချိန်ကိုထိန်းသိမ်းထားရပေသည်။