Chapter 10
Viewers 343



Second-Hand Love Letter

Chapter 10



သွားပြီပဲ၊ လုရုံ ဝမ်းနည်းစွာဖြင့် တွေးလိုက်သည််၊ သူ့မှာ လုံးလုံးအိပ်မပျော်နိုင်တော့ပါပေ။



သူ ထိုသို့မပြောခဲ့သင့်။ လုရုံ စိတ်ဓါတ်ကျစွာဖြင့် နူးညံ့သောအိပ်မွေ့ရာပေါ်သို့ လှဲလျောင်းလျက် သူ၏စကားလုံးမှားယွင်းစွာ သုံးလိုက်မိမှုအပေါ် ပြန်စဥ်းစားရင်း စိတ်ညစ်လာရတော့သည်။

 


ထူးဆန်းလှပေ၏။ သူသည် အဘယ်ကြောင့်များ တူညီသော ပြဿနာမျိုးနှင့်ထပ်မံရင်ဆိုင်နေရပါသေးသနည်း။ ဆယ်နှစ်တာမျှ လူ့လောကထဲ ကျင်လည်လာပြီးနောက် သူ မည်မျှပင်တုံးအခဲ့သည်ဖြစ်ပါစေ၊ သူသည် လောကကြီး၏အခြေခံစည်းမျဥ်းများကိုတော့ အသားကျလာခဲ့ပြီဖြစ်သည်။


သူသည် ဆယ်ကျော်သက်မဟုတ်တော့။ သူအဘယ်ကြောင့်များ ရုတ်တရက်ကြီး စိတ်လွတ်သွားပါသနည်။ သူသည် ရှောင်ပါ့အာကို ခွန်အားများ ပေးသင့်သည်ပင်။ သို့သော် သူသည် စိတ်လွတ်သွားလျက် အမှန်တရားကို ပြောမိသွားခဲ့ရသည်။


 

သူဆိုသည်မှာ စကားပြောရာ၌ မကျွမ်းကျင်လှ၊ အထူးသဖြင့် ရှန်ဝမ့်ချိုးအရှေ့တွင်ပင်။


သူသည် ရှန်ဝမ့်ချိုး၏ မာနကိုပင် ထိခိုက်သွားစေမိလောက်၏။ ယောက်ျားတစ်ယောက်ကို အခြားယောက်ျားတစ်ယောက်ကသာ နားလည်သည်။ ယောက်ျားများမှာ သူတို့၏အခြေအနေပို၍ဆိုးဝါးနေလေလေ၊ မာနမှာလည်း ပို၍ကြီးမားကာ ဆတ်ဆတ်ထိမခံဖြစ်တတ်ကြသည်။

 


သိသိသာသာကိုပင် သူပြောချင်ခဲ့သည်မှာ မင်းက လူဆိုးတစ်ယောက်ဖြစ်သွားရင်တောင် ငါမင်းကိုကြိုက်နေတုန်း ပဲဟူ၍။ သို့သော် သူ ထိုစကား၏ဒုတိယတစ်ဝက်ကို ထုတ်မပြောနိုင်ခဲ့။ ရှန်ဝမ့်ချိုးက သူ၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်တို့ရှိသည်ကိုသိသည်နှင့် အကြင်သူမှာ ထပ်မံ၍ ထွက်ပြေးမသွားနိုင်ပေဘူးလား။ သို့သော်ငြား တဖန် ဤအကြောင်းအရာကို မည်သို့ရှင်းပြရပါ့နည်း။


လုရုံမှာ လွန်စွာ ပြာယာခတ်နေမိပါ၏။


ဤကမ္ဘာတွင် ရှာဖွေတွေ့ရှိသော အရာဝတ္ထုတိုင်း၌ ကိုယ်ပိုင်ဂုဏ်သတ္တိများရှိကာ ၎င်းတို့ကို လူသားတို့က သိပ္ပံပညာဟု အမည်မဲ့တွင်ထား၏။ 


သို့ပေတိ အချစ်ဟူသော အရာအတွက်တော့ တိကျသောပုံသေနည်းတည်ဆောက်ပုံဟူသည်မရှိပါတည့်။



အကယ်၍ သူသာ အချစ်ရေးတွင်ကျွမ်းကျင်သော လူတစ်ယောက်ဖြစ်ခဲ့ပါမူ၊ လုရုံ မနေနိုင်ဘဲ ထိုသို့တွေးမိပြန်သည်။ သူ ရှန်ဝမ့်ချိုးတစ်ယောက် သူ၏ကောင်းမွန်သောဘက်ခြမ်းကို ပြန်လည်ရရှိရန် အဘယ်သို့များ ပြန်လုပ်ပေးသင့်ပါသနည်း။


အထက်တန်းကျောင်းပြီးကတည်းက သူတို့ ခွဲခွာခဲ့ကြရတာပင်။ ဤအတောအတွင်း လုရုံအပေါ်ကြိုက်နှစ်သက်သောမိန်းကလေးတစ်ယောက်မှ မရှိခဲ့တာမျိုးမဟုတ်။


 

သူ့အကြောင်း ဤသို့မှတ်ချက်ပြုသော ကော်လိပ်က အတန်းဖော်အမျိုးသမီးအချို့လည်းရှိခဲ့ပါသည်။ 


"သူက *စတီးလိုဖြောင့်တဲ့ယောက်ျားတစ်ယေက်ဖြစ်ပေမဲ့ သူက သေချာပေါက်ကို ခင်ပွန်းကောင်းနဲ့ ဖခင်ကောင်းဖြစ်လာနိုင်လောက်တယ်။"


(*လူရိုး လူဖြောင့် ပုံစံပြောတာပါ။)


သူ့ကိုယ်သူတော့ ထိုသို့မထင်ပါချေ။


သူ ကော်လိပ်တက်နေစဥ်အချိန်တစ်လျှောက်လုံး သူ၏စိတ်အစဥ်မှာ ရှန်ဝမ့်ချိုးနှင့်သာ ပြည့်နှက်နေခဲ့သည်။ ရှန်ဝမ့်ချိုးမှာ သူ့အား အလိုမရှိသောကြောင့် သူ့မှာ ရှန်ဝမ့်ချိုးဆီလည်းသွားဖို့မဝံ့ရဲခဲ့၊ ထို့ကြောင့် မုဆိုးဖိုတစ်ဦးကဲ့သာနေထိုင်ခဲ့ပေသည်။


သူသည် ဤကိစ္စမျိုးတွင်တော့ အတော်လေးအတွေ့အကြုံရှိပေသည်။ အဆုံး၌ သူဆိုတာလည်း မုဆိုးဖိုတစ်ဦးတည်း ပျိုးထောင်ခြင်းခံခဲ့ရသော ကလေးတစ်ယောက်ပင်။ သူမိခင်ဆုံးပြီး နှစ်အနည်းငယ်အကြာတွင် သူ၏အဖေဆီသို့ ဘယ်သူကမှ လူများကို မိတ်ဆတ်မပေးခဲ့ခြင်းမဟုတ်။ သူ၏အဖေက သူတို့ကို သွား၍ပင်မတွေ့ခဲ့ရုံသာ။ ထိုကြောင့် သူသည်လည်း သားတစ်ယောက်အနေနှင့် ထိုသည်ကို အတော်လေးအားပေးထောက်ခံခဲ့သည်။


 

ဒါ့အပြင် သူတို့နှစ်ဦးစလုံးမှာ အလုပ်၊ ကျောင်း ကိုယ်စီကိုယ်ငှဖြင့် အလုပ်များခဲ့ကြခြင်းဖြစ်သည်။



ငါးနှစ်ဟူသော အချိန်မှာလည်း မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားခဲ့သည်။


ကုမ္ပဏီသို့ဝင်ရောက်ပြီးနောက်တွင်လည်း သူ့မှာ တစ်ခါထပ်မံ တစိုက်မတ်မတ်ကြိုးစားခဲ့ရပြန်သည်။

 


လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်၊ အသက်အားဖြင့် နှစ်ဆယ့်ငါးနှစ်လောက်ရှိလောက်မည့်အချိန်တွင် သူသည် သူ့နံဘေးရှိ လူအားလုံးမှာ အိမ်ထောင်ပြုလက်ထပ်သွားကြလျက် အချို့မှာ ကလေးစယူနေကြ၏။ ရိုးရိုးသားသားပြောရလျှင် သူ ရံဖန်ရံခါ အထီးကျန်နေမိပါသည်။


ထို့ကြောင့် သူ 'တစ်ခေါက်လောက် ကြိုးစားကြည့်တာပေါ့' ဟူသောစိတ်ထားကာ blind date တစ်ခုသွားတွေ့ခဲ့သည်။


သို့သော် ဤသည်မှာလည်း အလုပ်မဖြစ်ခဲ့။


သူသည် သူ၏ဘဝကိုအဖြစ်သဘောလောက်သာ ပြီးကရောမလုပ်ချင်ပေ။ ထို့အပြင် သူသည် သူကိုယ်သူအတွက်ရော တစ်ဖက်မိန်းကလေးအတွက်ပါ တာဝန်မယူပေါ့တန်တန်ဖြင့် ပြီးကပစ်လုပ်မပစ်ချင်။ သူသည် ယောက်ျားလေးတစ်ယောက် တစ်ကြိမ်တစ်ခါက ချစ်မြတ်နိုးဖူး၏။ ဤသည်မှာ သူက ဂေးဟူသည့်အဓိပ္ပါယ်ပေလော။ သို့သော် သူ အခြားသောအမျိုးသားများကိုလည်း မချစ်ကြိုက်ခဲ့ဖူးပေ။


ရှန်ဝမ့်ချိုး တစ်ဦးသာ လျှင်ဖြစ်၏။


ဤသည်မှာ သူ့ဘဝ၌ ကြီးမားသောအကွေ့အချိုးတစ်ခုဖြစ်ပြီး သူ့ကို ကြာရှည်စွာ စိတ်ဖိစီးစေခဲ့သော ကိစ္စဖြစ်၏။

 

ထိုနေ့တွင် သူ ရုတ်တရက် ညလယ်ခေါင်တစ်ခု၌ ဖုန်းတစ်ကောလ်လက်ခံရရှိခဲ့၏။ သူ ချက်ချင်းကိုပင် ရှန်ဝမ့်ချိုးကို ရှာဖို့ မိုင်ပေါင်းရာချီခရီးကို တစ်ဦးတည်း အပြေးသွားမိခဲ့သည်။ ရိုးသားစွာဝန်ခံရပါမူ ထိုအချိန်က ရှန်ဝမ့်ချိုး၏ပုံရိပ်မှာ သူ့စိတ်တွင်းရှိအကြင်သူ ဆယ်ကျော်သက်အရွယ်တုန်းက ရှိခဲ့သော ပုံရိပ်နှင့် များစွာကွာခြားနေခဲ့၏။ အကြင်သူမှာ သူ၏ဝံ့ကြွားကာ သိမ်မွေ့လှသော အသွင်အပြင်ဝတ်ရုံကို ချွတ်ထားခံရပြီး ရာဇဝတ်ကောင်တစ်အုပ်စုနှင့်အတူ နံရံကိုမှီကာ ဆောင့်ကြောင့်ထိုင်နေခဲ့ရသည်။


လူအများစုမှာ အသွင်သဏ္ဌာန်တူနေကြသည်၊ ထိုသူများမှာ ပိန်းပါးမှု၊ မှုတ်ဆိတ်မွှေး ၊ စိတ်ညစ်နေသောအမူအရာ၊ ပေရေနေသောမျက်နှာတို့ရှိကြ၏။


သို့သော်လည်း သူကတော့ အကြည့်တစ်ချက်နှင့် ရဲက သူ့ကို ထုတ်၍မပြောရသေးချိန်တည်းက ရှန်ဝမ့်ချိုးကို မှတ်မိခဲ့ပါ၏။


လုရုံနားလည်လိုက်သည်မှာ သူဟာ ရှန်ဝမ့်ချိုးကို "ကြိုက်နှစ်သက်နေဆဲ" ဖြစ်သည်ဟူသည့်အကြောင်း။


"ကြိိုက်နှစ်သက်ခဲ့ဖူးသည်" မျိုးမဟုတ်ခဲ့ပါချေ။


လုရုံမှာ နံနက်လေးနာရီတစ်ပတ်လည်ကျမှသာ အိပ်ပျော်ခဲ့ရသည်။ သို့သော် သူ၏အချိန်အကြာကြီးကျင့်သုံးခဲ့သော ဇီဝနာရီမှာ သူ့ကို နံနက်၇နာရီတွင် နိုးလာစေခဲ့သည်။


လုရုံ နံနက်စာပြင်လိုက်သည်။ သူ အစကတော့ ရှန်ဝမ့်ချိုးကိုနိုးဖို့ရည်ရွယ်ချက်မရှိခဲ့ပါချေ။ သို့သော် သူ ဖွင့်လျက်ရှိနေသော မီးဖိုနောက်တွင်ရပ်ကာ မိနစ်အတော်အတန်ကြာသည်အထိ ရှန်ဝမ့်ချိုးကို စိုက်ကြည့်မိ၏။ အကြင်သူမှာ သူ့ကိုယ်သူ စောင်ထဲတွင် လုံးထွေးထည့်ထားပြီး ကွေးကာအိပ်မောကျနေ၏။ သူ ကျိုးကြောင်းရှင်းပြ၍မရစွာ ကြောက်ရွံ့နေမိဆဲဖြစ်သည်။ သူ အလုပ်မှပြန်လာသည့်အချိန်တွင် ရှန်ဝမ့်ချိုးမှာ နေ့လယ်ခင်း၌ ထွက်သွားပြီးဖြစ်မှာကို ကြောက်ရွံ့မိပေ၏။


လုရုံ အောက်ထပ်သို့ဆင်းကာ ယွမ် 10,000 ထုတ်လိုက်သည်။


ထို့နောက် သူပြန်တက်လာပြီး ဆိုဖာအစွန်းတွင်ဝင်ထိုက်လိုက်၏။ သူ ရှန်ဝမ့်ချိုးကို နိုးလိုက်သည်။


"ရှောင်ပါ့အာ့။ ရှောင်ပါ့အာ။"


ရှန်ဝမ့်ချိုးတစ်ယောက် နှောင့်ယှက်ခံလိုက်ရသည့်အတွက် လူးလွန့်လာ၏။ ထို့နောက် အကြင်သူက နိုးလာ၍ ဆိုလာသည်။


"ဆူဆူညံညံတွေမလုပ်စမ်းပါနဲ့။ ငါအိပ်နေတာကို၊ ငါအရမ်းအိပ်ချင်နေတာလို့! "


လုရုံ တိုက်ရိုက်သာ တောင်းပန်ပြီး ဆိုလိုက်သည်။ 


"ငါ မနေ့က မင်းကို မကောင်းတဲ့ကောင်လို့မပြောခဲ့သင့်ပါဘူး။"



ရှန်ဝမ့်ချိုး၏ပုခုံးမှာ လှုပ်ရှားသွားသည်။ သို့သော် အကြင်သူမှာ ပြန်လှည့်မလာသေး။ အကြင်သူက ဆိုလာပါ၏။


"မင်း ဘာအမှားမှမလုပ်ခဲ့တာ။ ငါက အကြွေးနစ်နေတာကိုတောင် လောင်းကစားလုပ်နေသေးတာလေ။ နောက်ပြီး အလုပ်လည်းမရှိနဲ့။ ငါက လူမိုက်မဟုတ်လို့လား။ အခုဆိုရင် ငါက တော်တော်လေးစိတ်ကုန်စရာလူဖြစ်နေပြီလေ။ မင်း ငါ့အပေါ် မင်းရဲ့ကြင်နာမှုတွေကို ဖြုန်းတီးမနေပါနဲ့တော့။"


"ငါမင်းကို ပိုက်ဆံချေးတုန်းက တကယ်တော့ ငါပြန်ပေးဖို့ လုံးဝမစဥ်းစားခဲ့ဘူး။ မင်းကို IOU ရေးပေးတုန်းကလည်း ဒီအတိုင်းအပြောင်သဘောရေးပေးခဲ့ရုံပဲ။ ငါ အကုန်လုံးကို လိမ်ပြောခဲ့တာ။"


ငါလည်း မင်းကို ပြန်မပေးစေချင်ပါဘူး။ လုရုံတွေးလိုက်သည်။ ထို့နောက် ပြောလိုက်၏။


"ဘာပဲဖြစ်ဖြစ် အဲ့ဒါပိုက်ဆံနည်းနည်းလေးပဲလေ။ မင်း အရင်တုန်းကလည်း ငါ့ကိုကူညီပေးခဲ့ဖူးတာပဲ။ မင်းမရှိဘဲ အခုငါဆိုတာတောင်ဖြစ်မလာဘူး။"

 

ရှန်ဝမ့်ချိုးမှာ တဖက်သို့လှည့်လာသည်၊ သူ၏ရှုပ်ပွနေသောဆံပင်မှာ စောင်အောက်မှ ပြူထွက်လာလျက်၊ မျက်ခွံမှာလည်းမပွင့်သေး။ ထို့နောက် လုရုံကို မျက်လုံးသေကြီးဖြင့် စိုက်ကြည့်လာသည်။


လုရုံမှာ စိုက်ကြည့်ခံနေရရင်း မသက်မသာဖြစ်လာရတော့သည် ... 


ရှန်ဝမ့်ချိုးမှာ သူ့အား အရှုးတစ်ယောက်လိုကြည့်၍ ပြောသည်။


"မင်းလာနောက်နေတာလား။ ဒါက ပျော်ရွင်ဖွယ်မိသားစုတီဗီစီးရီးလား။ ငါလို့ ဘာမှကောင်းတဲ့ကောင်မဟုတ်တဲ့သူအတွက် ဘာမှပြန်ပေးနေစရာမလိုပါဘူး။"



လုရုံ: “…” ကြောင်အသွားရ၏။


 လုရုံတွင် အခြားနည်းမရှိတော့။ ထို့ကြောင့်သူ ရှန်ဝမ့်ချိုးကိုပဲ ပိုက်ဆံတိုက်ရိုက်ထုတ်ပေးလိုက်တော့သည်။ 


"ဒါမုန်းဖို့၊ မင်းသုံးလို့ရတယ် ... မင်းငါ့ကို IOU ရေးပေးစရာမလိုဘူး။ ငါမင်းကို အပိုင်ပေးတာ။"


"ငါတကယ် တောင်းပန်ပါတယ်။"



ရှန်ဝမ့်ချိုး ထထိုင်လိုက်သည်၊ သူ၏ခေါင်းကို ကုတ်လျက် ပိုက်ဆံကို ယူလိုက်၏။ သူ လျော့ရဲရဲပုံစံကို ပြန်ပြင်ထိုင်လိုက်ပြီး ခနဲ့တဲ့တဲ့မေးလိုက်သည်။ 


"မင်းငါ့ကိုစမ်းသပ်နေတာလား။ မင်းက ငါမယူလောက်ဘူးထင်လို့လား။ ငါက မကောင်းတဲ့ကောင်ဖြစ်နေပြီလို့ပြောခဲ့ပြီးသားပဲ။ တကယ်လို့ အလကားသုံးလို့ရမယ့်ပိုက်ဆံသာရှိရင် သေချာပေါက်ကို ငါက ဝမ်းမြောက်ဝမ်းစာစွာနဲ့ သုံးပေးရမှာပေါ့။ မင်းသာ ပေးရဲရင် ငါလည်း သုံးရဲတယ်နော်။"

 

"မင်း အလှူလုပ်နေတယ်လို့ပဲ ငါမှတ်ယူလိုက်ပါ့မယ်၊ ငါလည်း သုံးပေးပြီး မင်းကို ကူညီပေးရတာပေါ့။"


ဤသို့သော ပြောကြားချက်များမှာ လုံလုံလောက်လောက်ကို စိတ်ပျက်ဖွယ်ဖြစ်နေလောက်ပြီဟု သူတွေးလိုက်သည်။ သူ ပြောနေရင်းနှင့်လည်း လုရုံ၏အမူအရာကို စူးစမ်းနေမိ၏။ သို့သော် လုရုံကတော့ အလွန်တည်ငြိမ်နေပေသည်။ ထိုသူမှာ ဤကိစ္စတွင် မည်သည့် စိတ်ပျက်စရာမှမရှိသည့်အတိုင်း။


ရှန်ဝမ့်ချိုးက သူ၏လက်ထဲရှိ ငွေစက္ကူများကိုပွတ်သပ်ရင်း ငွေစက္ကူအနားများကိုလည်း လက်ထိပ်နှင့်ကစားနေသည်။ ထို့နောက် သူ ထပ်မံရယ်မောလိုက်သည်။ 


"မင်းဘာကိုရည်ရွယ်နေသလဲဆိုတာ ငါတကယ်မသိဘူး ဥက္ကဋ္ဌလု။ ငါအထင်တော့ မင်းအနာဂတ်မှာ ကလေးမယူတာကောင်းမယ်ထင်တယ်။ မင်းက အရမ်းအယုံလွယ်တယ်လေ၊ မင်းရဲ့ကလေးကို လိုတာထက်ပို အလိုလိုက်မိလိမ့်မယ်နော်။"


"မင်းသာ ကလေးကို ငါ့လိုမကောင်းတဲ့ကောင်အဖြစ် ပျိုးထောင်ခဲ့မိရင် တစ်မိသားစုလုံးအတွက် ကပ်ဆိုးဖြစ်သွားမှာပဲ။"


လုရုံသည် တည်ငြိမ်စွာသာရှိနေဆဲ။ ထို့နောက် မတူညီသည့်အကြောင်းအရာတစ်ခုကို မေးမြန်းလာသည်။


"မင်း ဒီနေ့ရောအပြင်ထွက်ကစားဦးမှာလား။ မင်းဘယ်ကိုသွားမှာလဲ။ ဘာကစားမှာလဲ။"

 

လုရုံသည် အဘယ်ကြောင့်များ သူ့ကို မဆူငေါက်ပါသနည်း။ ရှန်ဝမ့်ချိုးမှာ သူဟာ အားကုန်သုံး၍ထိုးနှက်နေပါသော်လည်း ဝါဂွမ်းကိုသာ ထိုးမိသကဲ့သို့ခံစားနေရသည်။ လုရုံသည် ဘယ်ကိစ္စဖြစ်ဖြစ် ဒေါသထွက်ခြင်းမရှိပါပေ။ ထို့ကြောင့် သူ့မှာ လွန်စွာ ကြံရာမရဖြစ်ရပြီး လုရုံကို မည်သို့ပင် လုပ်ရမှန်းပင်မသိတော့ပါချေ။


ရှန်ဝမ့်ချိုး ပြောလိုက်သည်။


"မင်းကိစ္စမဟုတ်ဘူး! ငါမင်းရဲ့ပိုက်ဆံကိုသုံးနေတယ်ဆိုတိုင်း ကိစ္စတိုင်းကို မင်းကို အစီရင်ပြန်ခံရဦးမှာလား။"


 

"အဲ့ဒါဆိုရင်တော့ ငါ ပိုက်ဆံကို မယူတော့ပါဘူး။"


ရှန်ဝမ့်ချိုးက ပိုက်ဆံကို ဘေးဘက်သို့ လွှင့်ပစ်လိုက်၏။

 

လုရုံမှာ အထိတ်တလန့်ဖြစ်သွားရ၏။ သူ့မှာ ပိုက်ဆံကို ပြန်ကောက်၍ သပ်သပ်ရပ်ရပ်ဖြင့် စီကာ ကော်ဖီစားပွဲပေါ်ပြန်တင်ပေးလိုက်သည်။


"ငါ အရင် အလုပ်သွားတော့မယ်နော်၊ သွားပျော်ခဲ့။"


"ငါ မနက်စာနဲ့ နေ့လယ်စာ ပြင်ပေးထားပြီးပြီ။ သြ၊ ဒါပေမယ့် မင်း ဒီပိုက်ဆံနဲ့ပဲ အပြင်ထွက်စားချင်လည်းရတယ်။"



တံခါးပိတ်သွားသံမှာကား ရှန်ဝမ့်ချိုးတစ်ယောက် ရင်းနှီးနေနှင့်သောအရာ ဖြစ်နေချေပြီ။


သူသည် တစ်ညလုံးအိပ်မရခဲ့၊ ထို့ကြောင့် ခေါင်းတစ်လုံးမှာ အစိတ်စိတ်အမြွှာမြွှာကွဲလုမတတ် ထိုးကိုက်နေသည်။ သူ ချက်ချင်း သေသွားတော့မည့်အတိုင်းပင်ခံစားနေရ၏။ သူ မျက်ဝန်းများကို ဖွင့်လိုက်သည်၊ အိပ်ချင်သလိုခံစားနေရ၏။ ထို့နောက် မျက်လုံးပြန်ပိတ်လိုက်သည်၊ သို့ပေတိ အိပ်၍တော့ မပျော်ပါပေ။


လုရုံသည် သူ့အား မကောင်းသည့်ကောင်ဟု ထင်မြင်နေပါလျှင် သူ ဘာကြောင့်များ လုရုံ၏အိမ်တွင် ဆက်နေရဦးပါမည်နည်း။


 

မင်း ထွက်သွားသင့်နေပြီ! ရှန်ဝမ့်ချိုးက သူ့ကိုယ်သူ ပြောလိုက်သည်။ သို့ပေတိ လုရုံ၏သဘောထားမှာ လက်ပေါက်ကပ်လှကာ အတော်လေး ထူးဆန်းလှ၏။ ထိုသူမှာ သူဟာ မကောင်းသည့်ကောင်ဟူသော စကားကိုပြောင်ပြောင်တင်းတင်းပြောခဲ့လင့်ကစား တစ်ချိန်တည်းမှာပင် ထိုသူမှာ သူအလိုရှိသမျှအရာတိုင်းကို ပေးချင်နေပြန်၏။ ထိုသူမှာ သူ့အား ဤတွင်သာ နေရန်ဆွဲထားချင်သည့်အလား။ 


ဤသည်မှာ သူသည် အလွန်သနားကောင်းနေသောကြောင့်ဖြစ်မည်လား။ ထို့ကြောင့် သူ့ကို နှစ်သိမ့်ရန်အတွက်ပင် ထပ်လိမ်ပေးခဲ့ခြင်းလား။



ရှန်ဝမ့်ချိုးမှာ မိန်းမောတွေဝေစွာဖြင့် တွေးနေမိသည်။ အရမ်းမတွေးနဲ့။ ဒါမှမဟုတ် ငါနိုးလာတာနဲ့ထွက်သွားလိုက်ရမလား... 


 

သူ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ အိပ်ရာမှ ပြန်နိုးလာလျှင် ပြန်၍အိပ်သည်။ သူသည် အလွန်ကို နုံးချိနေပြီး နေဝင်ချိန်ထိတိုင် အိပ်ပျော်သွားခဲ့သည်။ လုရုံသည်လည်း အလုပ်မှ ပြန်ရောက်လာသည့်အချိန်အထိ။



လုရုံအတွက်တော့ အကြင်သူ အိမ်၌ရှိနေဆဲဖြစ်ကြောင်း မြင်လိုက်ရလျှင် များစွာပို၍ လုံခြုံသွားသလိုခံစားလိုက်ရသည်။ သူ မေးလိုက်သည်။


"ငါ ခွေးလေးကို သွားကြည့်ဖို့ တိရိစ္ဆာန်ဆေးရုံကို သွားမလို့။ ငါတို့ အတူတူသွားကြမလား။ အရင်တစ်ခေါက်က အဲ့ဒီနားက ကျောက်ပုစွန်ဆိုင်ကိုမင်းသဘောကျခဲ့တာမဟုတ်ဘူးလား။ အတူတူ ထပ်သွားစားကြရအောင်။"


 သူတို့သည် သည်မနက်လေးတင် စကားများခဲ့ကြခြင်းဖြစ်သည်။ လုရုံမှာ အဘယ်ကြောင့်များ ဤမျှတည်ငြိမ်နေနိုင်ရပါသနည်း။ ရှန်ဝမ့်ချိုးမှာ ယခုလေးတင် နိုးလာရုံရှိသေးသည်။ သူ၏စိတ်မှာ မကြည်လင်သေးသလို အတွေးအားလုံးမှာလည်း ရှုပ်ထွေးဝေဝါးနေဆဲ။ သူ့မှာ ခွန်အားလည်းမရှိသလို စိတ်အခြေအနေလည်း ကောင်းမနေပါချေ။


ဘာလို့ ညပြန်ရောက်သွားပြန်တာလဲ။ ကြည့်ရတာ ငါဒီနေ့လည်း ထွက်မသွားနိုင်တော့ဘူးထင်တယ်။


တစ်ရက်ပဲ ထပ်နေမယ်။


တစ်ရက်လေးပဲ။


ရှန်ဝမ့်ချိုး တွေးလိုက်ပါ၏။


ရှန်ဝမ့်ချိုး ဤတွင်လည်း ဘာမှလုပ်စရာမရှိ၊ ထို့ကြောင့် သူ ထိုသူနှင့် ဆေးရုံသို့လိုက်၍ ခွေးကိုလိုက်ကြည့်မည်ဟုတွေးလိုက်သည်။


ကားလမ်းမှာ ပိတ်နေခဲ့၏။ ထို့ကြောင့် သူတို့ စောင့်ဆိုင်းနေရလေသည်။


လုရုံပြောလာသည်။


"ငါ နောက်မှမင်းအတွက် ဖုန်းအသစ်တစ်လုံးဝယ်ပေးမယ်။ ငါ့နာမည်နဲ့ပဲ ဆင်းကဒ်အသစ်လုပ်ပေးထားမယ်။ အဲ့ဒီလိုဆိုရင် မင်းကို ဆက်သွယ်ရတာ အခက်အခဲရှိတော့မှာမဟုတ်ဘူး။"


ရှန်ဝမ့်ချိုးမှာ သာမန်ကာလျှံကာတုန့်ပြန်ချက်တစ်ခုသာပြန်ပေးလာ၏။


 "အမ်း"


လုရုံသည် သူ့ကို တစ်ချက်ကြည့်လာသည်၊ စိတ်နှလုံးထဲတွင်လည်း သတ္တိများစုဆောင်းပြီး အပေါ်ယံတွင် သင့်လျော်သောအကြံပြုချက်တစ်ခုနှင့်တူအောင် ကြိုးစားလိုက်သည်။ 


"မနက်ဖြန်က တနင်္ဂနွေနေ့ပဲ။ ငါတို့ ပရိဘောဂဆိုင်မှာ ကုတင်တစ်လုံးလောက်သွားဝယ်ကြရအောင်။ ငါ့ရဲ့ ဘေးအခန်းကို မင်းအတွက် သန့်ရှင်းပေးမယ်လေ။ ဆိုဖာပေါ်မှာပဲ နေ့တိုင်းအိပ်ရတာ အဆင်မပြေဘူးမလား။"


ရှန်ဝမ့်ချိုး: "..."


ရှန်ဝမ့်ချိုးသည် ဘေးထိုင်ခုံတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိိုင်နေ၏။ လုရုံမှာ အကြင်သူ့၏စိတ်ကို ဖောက်ထွင်း၍ မမြင်နိုင်ပါပေ။

 

ရှန်ဝမ့်ချိုးက သူ့ကိုလှည့်ကြည့်မလာ၊ အရှေ့သို့သာ တည့်တည့်ကြည့်နေ၏။ အကြင်သူမှာ ဘာမှမဖြစ်သည့်ပုံစံဖြင့် ပြောလာသည်။ 


"မင်း ငါ့ကို မကောင်းတဲ့ကောင်လို့ ပြောလိုက်မိရုံနဲ့ အရမ်းအပြစ်ရှိစိတ်တွေဖြစ်ပြီး ဒီလိုလျောကြေးပုံစံနဲ့အရမ်းတွေလိုက်လျောပေးနေစရာမလိုပါဘူး။ မင်း ပိုပြီးတောင်းပန်လေလေ၊ ငါ ပိုစိတ်ပျက်လေလေပဲ။


"တောင်းပန်ဖို့မလိုဘူး၊ တကယ်ကို မလိုဘူးလို့။"


သူ၏ညာဘက်တံတောင်ဆစ်ကို ကားပြတင်းပေါက်ပေါ်တွင်တင််လျက် မေးထောက်ထားလိုက်သည်။ ထို့နောက် လူဖျင်းလူညံတစ်ဦးကဲ့သို့ အေးစက်စက်အကြည့်မျိုးဖြင့် လုရုံကို တစ်ချက်ကြည့်လိုက်၏။ 


"ငါက မင်းအိမ်မှာ ရက်နည်းနည်းလောက်နေရုံပဲလေ။ ကုတင်အသစ်တွေပါဝယ်ပြီးအရမ်း အလုပ်ရှုပ်ခံမနေနဲ့။ ငါ ဒီနှစ်ရက်အတွင်းမှာပဲ ထွက်သွားတော့မှာ။"



လုရုံ၏နှလုံးသားမှာ အေးခဲ့သွားရသည်။ သူ့တွင် နောက်ဆုံးတော့ ရှန်ဝမ့်ချိုးကို ကူညီရန် အခွင့်အရေးရှိလာခဲ့ပြီပင် ... သို့ပေတိ ရှန်ဝမ့်ချိုးက သူ့၏နံဘေးတွင်နေရသည်ထက် လမ်းဘေးတွင် လှည့်လည်နေရသည်ကို ပို၍အလိုရှိသည်လား။ သို့မဟုတ််ပါမူ မိမိမှာ မတော်တဆ မိမိ၏ရည်ရွယ်ချက်များကို ထုတ်ဖော်မိသွား၍ အကြင်သူမှာ သတိရှိသွားရသည်မျိုးလား။


 

ဟုတ်မှန်ပါသည်။ အကယ်၍ အ

သင်သာ လူတစ်ဦးကို သူငယ်ချင်းတစ်ဦးအဖြစ်သာ သတ်မှတ်ပါက ထိုလူ့အတွက် ဤမျှများစွာ လုပ်ပေးနေမည်မဟုတ် .. 


ရှန်ဝမ့်ချိုးသည် လေထုအခြေအနေမှာ အနည်းငယ် ထူးဆန်းသွားရကြောင်း ခံစားလိုက်ရသည်။ သူလည်း ဘာမှ များများစားစားတွေးမနေဘဲ သာမန်လျှံကာသာမေးလိုက်သည်။ 


"ဒါနဲ့ အဲ့ဒီခွေးကိုလေ၊ မင်း ကယ်ဖို့အတွက် ပိုက်ဆံတွေအများကြီးသုံးထားရတာမဟုတ်ဘူးလား။ ဒါပေမဲ့ မင်း ခေါ်မွေးထားဖို့တော့ အစီအစဥ်မရှိတာလား။"


 

လုရုံ၏စိတ်နှလုံးမှာတော့ လွန်စွာ မတည်မငြိမ်၊ ဝုန်းဒိုင်းဆန်ခတ်ဖြစ်နေဆဲဖြစ်ရာ သူ့မှာ အခြေအနေကိုလည်း လိုက်၍ မတွေးနိုင်သေး။ ထို့ကြောင့် သူ ဘာမှမတွေးဘဲနှင့် အဖြေစစ်စစ်ကိုသာ တည့်တည့်ဖြေလိုက်မိတော့သည်။


"ငါမတွေးရသေးဘူး။ ငါ့အမြင် မင်းက အဲ့ဒီခွေးနဲ့ အဆင်မပြေဘူးလေ။ ငါက ဘယ်လိုမွေးနိုင်မှာလဲ။"


*****


Thanks for reading💞 


ပိုပြီး up မြန်အောင်ကြိုးစားပါ့မယ်လို့။