အပိုင်း ၆၃
Viewers 10k

Chapter 63


ဘုရားကျောင်းထဲတွင် အပျိုစင် ၏ မျက်ဝန်းများက အံ့အားသင့်မှုဖြင့် လင်းလက်သွားခဲ့၏။

သူမက နာရီအား ငုံ့ကြည့်လိုက်သည်။ ယခုဆိုလျှင် သူမသည် အမှတ်အများဆုံး ကစားသူ ဖြစ်သွားခဲ့ပြီဖြစ်ပြီး သူမ၏ အသင်းသည်လည်း အနိုင်ရရှိသောစာရင်း၌ ပါဝင်သွားပြီဖြစ်သည်။

သူမ အမှတ်အများဆုံး ဖြစ်နေသ၍ ပြိုင်ပွဲမှ ထွက်ခွာနိုင်မည်ဖြစ်ရာ မကောင်းဆိုးဝါး နတ်ဘုရားသည်လည်း ဘာမှ လုပ်နိုင်မည်မဟုတ်ချေ။

မိန်းမပျိုက မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ဘုရားကျောင်း အပြင်ဘက်ကို ကြည့်လိုက်သည်။

“မင်း…မင်း..” ကစားသူ၏ မျက်နှာက အံ့အားသင့်မှု၊ ဒေါသ၊ ကြောက်ရွံ့မှုတို့ဖြင့် ရှုံ့တွနေခဲ့၏။

“မင်းတကယ်ကြီး တခြားအသင်းကို အနိုင်ပေးရဲတယ်…ငါတို့အခု ရှုံးထွက်ပြိုင်ပွဲကို…”

သူ့စကား မဆုံးသေးခင်မှာပင် လူငယ်က ကြားဖြတ်ဝင်ပြောလိုက်သည်။

“ရှုံးထွက်ပြိုင်ပွဲလား…မလိုပါဘူး…”

ကစားသူက ဘာပြောရမှန်းပင် မသိတော့ချေ။

လူငယ်က ခပ်ဖွဖွရယ်လိုက်သည်။

“ငါတို့က တစ်သင်းထဲသားတွေဆိုတော့ မင်းကို တိုက်ရိုက်သတ်လို့ သေချာပေါက်မရဘူးပေါ့…”

သူက မျက်ဝန်းများကို မှေးကျဉ်းကာ အေးစက်စက်ပြုံးလိုက်သည်။ သို့သော် သူ၏ အသံက တည်ငြိမ်နေဆဲဖြစ်၏။

“ဒါပေမယ့် ရှုံးထွက်ပြိုင်ပွဲဆိုရင်တော့ မတူတော့ဘူးလေ…”

ပြိုင်ပွဲ အချိန်ပြည့်ပါပြီ…၅…၄…၃…၂…၁…

သုညသို့ရောက်သည်နှင့် ပြိုင်ပွဲပြီးဆုံးသွားခဲ့သည်။ တံခါးက စွန့်ပစ်ရွာ၏ ဝင်ပေါက်နားတွင် ဖြည်းညှင်းစွာ ပေါ်လာခဲ့၏။

မိန်းမပျိုက မတ်တပ်ရပ်ကာ အမျိုးသားနှစ်ဦး ရှိနေခဲ့သည့်နေရာအား ကြည့်လိုက်သည်။ ထိုနေရာတွင် မည်သူမှ မရှိတော့ချေ။

ရှုံးသောအသင်းအနေဖြင့် သူတို့နှစ်ဦးက ရှုံးထွက်ပွဲစဉ်အား ယှဉ်ပြိုင်ရမှာဖြစ်သည်။

တစ်ဦးသာ ကျန်တော့သည်အထိ တိုက်ခိုက်ခြင်း။

အပျိုစင်က တစ္ဆေပူးကပ်ခံရသည့်နှယ် ထွက်သွားခြင်းမပြုပဲ ထိုနေရာ၌သာ ငါးရက်တိတိ ဒီအတိုင်းရှိနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူတို့နှစ်ဦး ပျောက်သွားသည့်နေရာ၌ သွေးစွန်းနေသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့၏။

ထိုလူငယ်က သနားစရာအခြေအနေတွင် ရှိနေခဲ့သည်။ ခေါင်းမှခြေဖျားအထိ သွေးများရွှဲနစ်နေခဲ့ပြီး သွေးနှင့်အသားစများက သူ့ကိုယ်ပေါ်ရှိ အဝတ်များပေါ်သို့ ကျဆင်းနေဆဲဖြစ်သည်။ သူ၏ မျက်နှာသည်လည်း သွေးဆုံးရှုံးမှုကြောင့် ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ သို့သော် သူ၏ ပယင်းရောင် မျက်ဝန်းများကမူ မည်သည့်အခါမှ ငြိမ်းသက်မသွားတော့မည့် အဆုံးမဲ့ မီးလျှံများသဖွယ် တောက်ပမြဲ တောက်ပလျှက် ရှိလေသည်။ ယခုတွင်ပင် သန်မာသော သတ်ဖြတ်လိုရိပ်က သူ့မျက်ဝန်းများ၌ လက်ဖြာလျှက်ရှိ၏။

သူ့အကြည့်က အပျိုစင်ထံ ကျရောက်သွားချိန်တွင် အနည်းငယ် အံ့ဩသွားပုံ ရလေသည်။

ရမှတ်များကို သုံး၍ ကုစားထားသည့် မိန်းမပျိုက သူ့ထံလှမ်းလာကာ ဖြည်းညှင်းစွာ စကားဆိုလာခဲ့သည်။

“ရှင် ဘယ်သူ့ကိုမှ မကယ်ဘူးလို့ ရွေးချယ်လို့ ရသားပဲ…”

တစ်ဖက်လူသာ ထိုသို့ရွေးချယ်လိုက်ပါက အပျိုစင်သည် ရှုံးထွက်ပြိုင်ပွဲအား ဆင်နွှဲရမည်ဖြစ်ပြီး ကစားသူကမူ သူ၏ လုပ်ရပ်အတွက် စတေးခံရမည်ဖြစ်သည်။

ထိုအချိန်တွင် သူမည်သည့်အရာအား ရွေးချယ်သည်ဖြစ်စေ အနိုင်ရနေဦးမှာ ဖြစ်သည်။

ရှုံးထွက်ပြိုင်ပွဲတွင် ပါဝင်ရန်မလိုအပ်ချေ။

သို့သော် အခက်ခဲဆုံးလမ်းကိုမှ ရွေးချယ်သွားခဲ့လေသည်။ သူက အခြားကစားသူနှင့်အတူ ရှုံးထွက်ပြိုင်ပွဲအား ပါဝင်ဆင်နွှဲခဲ့သည်။

လူငယ်က မျက်ခုံးပင့်လိုက်သည်။ သူက အက်ရှရှအသံဖြင့် စကားဆိုလာခဲ့၏။

“ဒီလိုဆို အရမ်းညှာတာရာ ကျသွားမှာပေါ့…”

အပျိုစင် အံ့ဩသွားခဲ့သည်။

တစ်ဖက်လူက အဘယ့်ကြောင့် ညစ်ပတ်စွာကစားသူအား ကယ်တင်ရန် ရွေးချယ်ခဲ့သနည်း။

အဘယ့်ကြောင့်ဆိုသော် သူ မကယ်တင်ပါက ထိုကစားသူသည် ဘုရားကျောင်းထဲတွင် နတ်ဆိုးနတ်ဘုရား၏ စတေးခံအဖြစ် သေဆုံးသွားပေလိမ့်မည်။

၎င်းက အလွန်သက်ညှာရာ ကျလွန်း၏။

သူသည် ထိုကဲ့သို့ သေခြင်းနှင့် မထိုက်တန်ပေ။

“ဒါပေမယ့် ရှင်ရှုံးထွက်ပြိုင်ပွဲကနေ အသက်ရှင်ရက် ပြန်မလာနိုင်မှာ မစိုးရိမ်ဘူးလား…” အပျိုစင်က သူမ တစ်လျှောက်လုံး မေးချင်နေခဲ့စည့် မေးခွန်းကို မေးလိုက်သည်။

ရှုံးထွက်ပြိုင်ပွဲက အလွန့်အလွန် ကြောက်စရာကောင်းလှသည်။ သတိတစ်ချက်လွတ်သည်နှင့် သေဆုံးသွားနိုင်ချေ ရှိ၏။

လူငယ်က ခပ်ဖွဖွရယ်လိုက်သည်။ သူ၏ မျက်ဝန်းများက တိမ်ဖုံးထားသည့် ကောင်းကင်သဖွယ် အေးစက်နက်ရှိုင်းနေသော်ငြား ကွေးညွှတ်နေသည့် နှုတ်ခမ်းကမူ သူ့အသွင်ကို နူးညံ့သွားစေ၏။ သူ၏ သိမ်မွေ့သောအသံက ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။

“မစိုးရိမ်ပါဘူး…”

ယောက်ျားပျို၏ သွေးစွန်းနေသော ပုံရိပ်က ရှည်သွယ်၍ ဖြောင့်တန်းနေကာ ညကောင်းကင်အား လှီးဖြတ်မည့် ဓားတစ်စင်းသဖွယ် အသွင်ဆောင်လျှက်ရှိသည်။ ထီးထီးတည်းဖြစ်သော်ငြား ဝင့်ကြွားစွာ ရပ်တည်နေ၏။

…သူက အရမ်းကြည့်ကောင်းတာပဲ

စွန့်ပစ်စက်ရုံ၏ ဝင်ပေါက်တွင်…

လှပသော မိန်းမပျိုက မှတ်ဉာဏ်များ အတွင်းမှ ရုန်းထွက်လိုက်သည်။

သူမက ကတုံးနှင့်လူအား ကြည့်ရင်း မနာလိုဟန်ဖြင့် ရေရွတ်လိုက်၏။

“ရှင်က ဘာလို့သူနဲ့ နီးစပ်တဲ့လူ ဖြစ်နေရတာလဲ…”

ဝူစူး : “ဘာပြဿနာများ ရှိလို့ပါလိမ့်…”

အပျိုစင်က နှုတ်ခမ်းတင်းတင်းစေ့ကာ ခါးသီးစွာဖြင့် ဆိုလိုက်သည်။

“ရှင်က ဒီလိုအရေးကြီးရာထူးနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ…”

ဝူစူး : “…”

သူ အရမ်းမသန်မာကြောင်း သူသိသော်လည်း ယခုကဲ့သို့ ပြောလာသည်က လွန်လွန်းလှသည်။

သူက တစ်ဖက်လူမှာ စွမ်းအားကြီးသော ကစားသူဖြစ်သည်ကို ဂရုမစိုက်တော့။ သူက လက်ပိုက်လျှက် သူမအား ရန်စတော့သည်။

“ကျွန်တော် ဒီ့အတွက် တကယ့်ကို စိတ်မကောင်းပါဘူး…ကျွန်တော်က သူနဲ့ဆွေးနွေးရတာဖြစ်တဲ့အလျှောက် သူ့ကို ခဏခဏတွေ့ရတယ်လေ…ခင်ဗျားရော…ခင်ဗျားတို့ ဂိမ်းထဲမှာ ဘယ်နှခါ တွေ့ဖူးကြလဲ…”

တကယ့်အချက်ကို ထောက်ပြလိုက်သဖြင့် အပျိုစင်က တိတ်ကျသွားခဲ့သည်။ “….”

ဝူစူးက မီးထဲသို့ ဆီလောင်းထည့်လိုက်ပြန်၏။ “ပြီးတော့ ကျွန်တော်တို့ ပထမဆုံးတွေ့တဲ့ အချိန်တုန်းက သူကျွန်တော့်ကို လာရှာခဲ့တာလေ…ခင်ဗျားရော…အတူတူပဲလား…”

အပျိုစင်က အံကြိတ်ရင်း သူမထက် ခေါင်းတစ်ဝက်ခန့် ပို၍အရပ်မြင့်သော အမျိုးသားကို ဒေါသတကြီး ကြည့်လိုက်သည်။ သူမက မနာလိုဖြစ်နေသဖြင့် မျက်ဝန်းများ နီရဲလာခဲ့၏။

“ရှင်…”

မည်သူမှ သတိမပြုမိနိုင်သော ထောင့်တစ်နေရာတွင်…။

လူငယ်လေး၏ ရှည်သွယ်သော ပုံရိပ်က အမှောင်ထုနှင့် ကွယ်ဖုံးနေသည်။ သို့သော် သူ၏ ကြက်သွေးရောင် မျက်ဝန်းများကမူ သတိပြုဖွယ် ရွှန်းစိုလျှက်ရှိ၏။ သူ့အသံကမူ မူပိုစွာ ချွဲနွဲ့နေသကဲ့သို့ အရင်ထက်ပို၍ အေးဆေးနူးညံ့နေလေသည်။

“ကောကောက တကယ့်ကို လူသိများတာပဲ…”

ယဲ့ကျား : “…”

သူက တစ်ဖက်လူ သူ့လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကိုသာ ခံစားမိနေ၏။ သူက သက်တောင့်သက်သာ မရှိသည့်အလျှောက် တွန်းဖယ်လိုက်သည်။

ထို့နောက် မူလတန်း ကျောင်းသားများကဲ့သို့ ငြင်းခုံနေသည့် လူနှစ်ဦးအားကြည့်ရင်း စိတ်ရှုပ်သည့်အကြည့်က သူ့မျက်ဝန်းတွင် ထင်ဟပ်လာခဲ့၏။

“မဟုတ်ပါဘူး…သူတို့ အကျယ်ချဲ့ပြောနေကြတာ…”

ကျီရွှမ်က သူ၏ ဆုပ်ကိုင်ထားမှုအား ရုန်းလိုက်သည်ကို စိတ်ထဲမထားချေ။

သူက ယဲ့ကျား၏ ရှပ်အင်္ကျီထောင့်စွန်းကို ကိုင်ကာ ခေါင်းမော့ရင်း ပြုံးပြလိုက်သည်။

“မဟုတ်ပါဘူး…ကောကောက တကယ်တော်တာ…ဒီတိုင်း…”

-ဒါကို သူတစ်ယောက်ပဲ ပေးသိရင် ပိုကောင်းမှာပဲ…

ယဲ့ကျား သေချာမကြားလိုက်ချေ။ “ဘာကြီး…”

ကျီရွှမ် ခေါင်းခါလိုက်သည်။ သူ့အပြုံးက အန္တာရာယ်မရှိပုံ ပေါ်၏။ “ဘာမှမဟုတ်ပါဘူး…”

“ဒီတော့ မင်းဘာလို့ ဒီကို ရောက်လာတာလဲ…” ယဲ့ကျားက မေးခွန်းကို ပြန်လည် အစဖော်လိုက်သည်။

“ကျွန်တော့်ရဲ့ လက်အောက်ငယ်သားဆီက သတင်းပို့တာရလို့လေ…ဒီနေရာမှာ မူမမှန်တဲ့ ပြောင်းလဲမှုတွေရှိနေတယ်…”

သူတို့က ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည့်အလျှောက် ယဲ့ကျား၏ လက်ရှိအကြံအစည်ကို ကျီရွှမ် သဘာဝကျစွာပင် သိရှိလေသည်။ ထို့ကြောင့် သူက သူ၏ လက်အောက်ငယ်သားအချို့အား အစိုးရဌာနသို့ စေလွှတ်ထားခဲ့၏။

ယဲ့ကျား မျက်ခုံးပင့်လိုက်သည်။ “ဒီတစ္ဆေက B အဆင့်ပဲရှိတာ…မင်းတကယ်ပဲ စိတ်ဝင်စားတာလား…”

“အဲဒါကြောင့်တော့ မဟုတ်ပါဘူး…” ကျီရွှမ်က ခေါင်းခါလိုက်သည်။ သူ့မျက်ဝန်းများက အနည်းငယ် မှောင်မိုက်သွားခဲ့၏။

“ဒီလို မူမမှန်တဲ့ ပြောင်းလဲမှုတွေက B အဆင့်တစ္ဆေတစ်ကောင် လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး…”

ယဲ့ကျား အံ့ဩသွားခဲ့သည်။

…အမှန်ပင်ဖြစ်၏။

သူနှင့် အဆိုပါ ရက်စက်သောတစ္ဆေက ကျောင်းတွင်းပြိုင်ပွဲတွင် တွေ့ခဲ့ခြင်းဖြစ်ကာ သူက လူသစ်ဘဝသာ ရှိသေးသည်။ သူက ပြိုင်ပွဲအား အဆုံးသတ်ခဲ့ပြီး ရက်စက်သောတစ္ဆေအား သုတ်သင်ခဲ့သည်။ သို့သော် သူ့အား အလွန်မုန်းတီးနေသည့် တစ္ဆေများနှင့် ယှဉ်ပါက ၎င်းမှာ ပြောပလောက်သည့် ပြိုင်ပွဲမဟုတ်ချေ။ သို့သော် သူ့သတင်းကြားသည်နှင့် M မြို့သို့ အလျှင်အမြန် ပြောင်းရွှေ့လာရသည်အထိ အဆိုပါ ရက်စက်သော တစ္ဆေက သူ့အား မုန်းတီးမနေသင့်ချေ။

ယဲ့ကျားက မျက်ဝန်းများကို မှေးကျဉ်းလိုက်ရင်း မေးလိုက်သည်။ “မင်းဘာကို သံသယဝင်နေတာလဲ…”

ကျီရွှမ်က ပြန်ဖြေလာခဲ့သည်။ “ကျွန်တော့် ဝန်ထမ်းတွေကို လွှတ်ထားပြီးပြီ…မကြာခင် အမှန်တရားက ပေါ်လာလိမ့်မယ်…”

ယဲ့ကျားက ခေါင်းညှိတ်လိုက်သည်။

ထို့နောက် မနီးမဝေးရှိ စွန့်ပစ်စက်ရုံကို ကြည့်လိုက်၏။

အားလုံးက အတည်တကျဖြစ်သွားပြီ ဖြစ်သည်။ အပျိုစင်နှင့် လူစုဆောင်းရေးအသင်းက ဆက်သွယ်မိသွားပြီဖြစ်ပြီး ချန်ခဲ့ကျီသည်လည်း အန္တရာယ်မရှိတော့ချေ။ သူ မဖြစ်မနေပါဝင်ရန် မလိုအပ်သည့် ကိစ္စရပ်များသာ ကျန်ရှိတော့၏။

သူက ပြန်ရန် လှည့်ထွက်လိုက်သည်။ ထိုစဉ် တစ်စုံတစ်ရာအား သတိရသွားကာ ကျီရွှမ်ဘက်သို့ ပြန်လှည့်လာခဲ့သည်။

“ငါ့တိုက်ခန်း ပြန်ပြင်ပြီးသွားပြီလား…”

ကျီရွှမ်က အမူအရာ ပြောင်းလဲခြင်းမရှိပဲ ခေါင်းခါလိုက်သည်။ “လုပ်စရာတွေ အများကြီးကျန်သေးတယ်…ကျွန်တော် ပြီးပြီးချင်း ပြောမယ်လေ…”

ယဲ့ကျားက သံသယဖြင့် တစ်ချက်ကြည့်လိုက်သည်။

“ကောင်းပြီလေ…”

“ကောကော ဟိုတယ်မှာ မနေချင်ရင်…”

ကျီရွှမ်က စကားပင် ဆုံးအောင် မပြောလိုက်ရချေ။ ယဲ့ကျားက ကြားဖြတ်ပြောလိုက်သည်။

“မလိုပါဘူး…ငါ ဟိုတယ်တွေကို သဘောကျပါတယ်…”

ကောင်လေးက ပြုံးကာ နောင်တရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “ကောင်းပြီလေ…”

အခြားလူ၏ နောက်ကျောပုံရိပ် ပျောက်ကွယ်သွားချိန်မှ သူက ရုတ်တရက် ဆိုလာခဲ့၏။

“သွေးအရိုးငါး က လွမ်းနေတော့မှာပဲ…”

ယဲ့ကျား၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ သို့သော် တစ္ဆေပိုင်နက် အား အသုံးပြုကာ ဆက်လက်ထွက်သွားလေသည်။

.....

နောက်တစ်နေ့တွင်…

ယဲ့ကျားက ရင်းနှီးနေသော စက်ရုံကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

သူ မနေ့ညက ဤနေရာသို့ လာရောက်ရန် မလိုတော့ဟု ပြောခဲ့သော်လည်း အဆုံးသတ်တွင် စေလွှတ်ခံနေရမြဲ ဖြစ်သည်။

လူသစ်များ၏ အလုပ်ရှုပ်နေသော နောက်ကျောကိုကြည့်ရင်း ယဲ့ကျား စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

ယခု သူအေးအေးဆေးဆေး ပျင်းရိနိုင်ပြီဖြစ်၏။

ထိုအချိန်မှာပင် အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။

“ဟေး…ရှင်လည်း ဗျူရိုက ဝန်ထမ်းပဲလား…”

ယဲ့ကျား ထိတ်လန့်သွားခဲ့သည်။ သူက နောက်သို့ အမြန်လှည့်ကြည့်လိုက်၏။

ပန်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် မိန်းမပျိုလေးက ခေါင်းလေးစောင်းကာ သူ့ကို ကြည့်နေခဲ့သည်။ သူမ၏ ကြီးမားဝိုင်းစက်သော မျက်ဝန်းများက တစ်စုံတစ်ရာအား တွေးတောနေပုံပေါ်၏။

…အပျိုစင်

ယဲ့ကျား၏ ကြွက်သားများက တောင့်ခဲသွားခဲ့သည်။ သူက ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်…”

သူမ တစ်ခုခု သတိပြုမိသွားတာလား…မဖြစ်နိုင်တာ…

မိန်းမပျိုလေးက ရယ်မောလိုက်သည်။ “ကောင်းလိုက်တာ…ကျွန်မထင်တာ ဒီက အလုပ်သမားအကုန်လုံးက ကတုံးတွေချည်းပဲလို့လေ…ကောင်ချောလေးတွေလည်း ရှိနေသားပဲ…”

ယဲ့ကျား “…”

သူက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။

မိန်းမပျိုလေးက လက်ကိုဆန့်တန်းကာ ပြုံးလိုက်၏။ “ဟဲလို…ကျွန်မက ဝေ့ရွှယ်ချူး ပါ…”

“ယဲ့ကျား ပါ…”

“ဒီတော့ ရှင်တို့ ဘာလုပ်နေကြတာလဲ…” ဝေ့ရွှယ်ချူးက စက်ရုံထဲတွင် အလုပ်များနေကြသည့် လူသစ်များကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

ယဲ့ကျားက ပြန်ဖြေလာ၏။
“ယင်စွမ်းအင် အစအနကို စုစည်းပြီး နောက်ကျရင် ဖျက်ဆီးပစ်ဖို့ လုပ်နေကြတာ…”

ဝေ့ရွှယ်ချူးက ခေါင်းညှိတ်လိုက်သည်။ ‘ကျွန်မသိပြီ…”

သူမက နှာခေါင်းကို အသာပွတ်လိုက်၏။ “ရှင့်အလုပ်က အရမ်းပျင်းစရာကောင်းတာပဲ…”

ယဲ့ကျား : “အိုး…”

ဝေ့ရွှယ်ချူးက စိတ်ပျက်နေပုံပေါ်သည်။ “ကျွန်မလည်း ပျင်းတယ်…”

သူမက သက်ပြင်းချကာ ပြောလိုက်၏။

“ကျွန်မ တစ်စုံတစ်ယောက်ကို ရှာဖို့ ဒီမြို့ကိုလာခဲ့တာ…ဒါပေမယ့် ခုထိ သူနဲ့ အဆက်အသွယ် မရသေးဘူး…ဒီတော့ ကျွန်မ စောင့်နေရုံပဲတတ်နိုင်တယ်…”

ယဲ့ကျား : “အိုး…”

ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မဘယ်သူ့ကို ရှာနေသလဲဆိုတာ မသိချင်ဘူးလား…”

ယဲ့ကျားက သူမ ပြောသည့်အတိုင်း သံယောင်လိုက်လိုက်သည်။

“ခင်ဗျား ဘယ်သူ့ကို ရှာနေတာလဲ…”

ဝေ့ရွှယ်ချူးက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ “ရှင်က အရမ်းပျင်းဖို့ ကောင်းတာပဲ…”

“ဒါပေမယ့် ရှင့်ဘက်က မေးလာမှတော့ ကျွန်မ ပြောပြပါ့မယ်…” သူမက တခစ်ခစ်ရယ်လိုက်သည်။

“ကျွန်မရဲ့ အနာဂတ်ချစ်သူကို လာရှာတာ…”

မိန်းမပျိုလေးက ခါးထောက်ကာ ယဲ့ကျားအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။

“ကျွန်မ နှလုံးသားသာ တစ်စုံတစ်ယောက်က အပိုင်သိမ်းပြီးသား ဖြစ်မနေခဲ့ရင် ရှင်က ကျွန်မကြိုက်တဲ့ပုံစံမျိုးပဲ…”

ယဲ့ကျား၏ နှုတ်ခမ်းထောင့်များ တောင့်တင်းသွားခဲ့၏။ “ချီးကျူးတဲ့အတွက် ကျေးဇူးပါ…”

“မလိုပါဘူး…ရပါတယ်…” ဝေ့ရွှယ်ချူးက လေးနက်သော အမူအရာဖြင့် ခေါင်းညှိတ်လိုက်သည်။

သို့သော် ရုတ်တရက် နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသည့် အသံတစ်သံက တံခါး၏အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့၏။

“အမ်…ယဲ့ကျားက ဒီမှာလား…”

ယဲ့ကျား သူ့နာမည်သူ ကြားလိုက်ရချိန်တွင် အထိတ်တလန့်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။

တံခါးနားတွင် ရေတံခွန်သဖွယ် ဖြာကျနေသော လှိုင်းထနေသည့် ဆံနွှယ်များနှင့် အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေခဲ့သည်။ သူမ၏ ဆံနွယ်များက နေရောင်ဖြင့် တလက်လက်တောက်ပနေလေသည်။ သူမက ကျက်သရေရှိသော ကောက်ကြောင်းများကို ပေါ်လွင်စေသည့် အနီရောင် ဝတ်စုံအား ဝတ်ဆင်ထားလေသည်။ သူမ၏ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီက ထင်ရှားလှပြီး ကြည့်မိသော မည်သူမဆို အသက်ရှူရန် မေ့လျော့သွားလောက်အောင် အေးစက်စက် အရိပ်အငွေ့များ ထုတ်လွှတ်လျှက်ရှိသည်။

သူမ ယဲ့ကျားအား မြင်လိုက်ချိန်တွင် သူမ မျက်ဝန်းများက တောက်ပလာခဲ့သည်။

“ဒါလင်…”

သူမက သူ့လက်မောင်းကြားထဲသို့ ခုန်ဝင်လာခဲ့သည်။ “ကျွန်မရှင့်ကို အရမ်းလွမ်းနေခဲ့တာ…”

ယဲ့ကျား ကျောပြင်တစ်လျှောက် ကြက်သီးများ ထသွားကာ လှည့်ပြေးချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။

What the Fuck….

ကျီရွှမ်…မင်းဘာတွေ လျှောက်လုပ်နေတာလဲ….

သတိလက်လွတ် ဖြစ်နေသည့် ယဲ့ကျားက တစ်ဖက်လူ၏ ပွေ့ဖက်ခြင်းခံလိုက်ရသည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်က ရေခဲတမျှ အေးစက်နေပြီး မြွေတစ်ကောင်သဖွယ် နူးညံ့နေကာ နွေးထွေးမှု တစ်စုံတစ်ရာပင် ရှိမနေခဲ့ချေ။ သူမ၏ လက်မောင်းများက သူ၏ ပုခုံးနှင့် လက်မောင်းများကို တစ္ဆေတစ်ကောင်နှယ် ကပ်တွယ်နေခဲ့သည်။

ယဲ့ကျားက တစ်ဖက်လူအား ရှောင်ရှားချင်သည့် အလျှောက် သူ့လက်မောင်းအား ရုန်းထွက်လိုက်သည့် အခါ နူးညံ့သော တစ်စုံတစ်ခုအား သွားထိမိခဲ့၏။

သူက တောင့်ခဲသွားခဲ့သည်။ “…”

တကယ်ကြီး အဲဒါပါ ရှိနေတာလားဟ…

ကျီရွှမ်က ပြဿနာတစ်စုံတစ်ရာ ရှိနေသည်ဟု မထင်ခဲ့ချေ။

သူခေါင်းလှည့်လိုက်သည့်အခါ သူ၏ အနက်ရောင် လှိုင်းတွန့်ဆံနွယ်များက ရေတံခွန်သဖွယ် ကျဆင်းသွားခဲ့သည်။ သူက မျက်ဝန်းနက်များအား မှေးကျဉ်းလျှက် ဝေ့ရွှယ်ချူးအား စိုက်ကြည့်လိုက်၏။ သူ၏ ပန်းသွေးရောင် နှုတ်ခမ်းပါးများက အနည်းငယ် မြင့်တက်သွားကာ အလွန်ချွဲနွဲ့၍ မူပိုနေသော အသံဖြင့် ဆိုလိုက်သည်။

“ဒီက ညီမလေးက ဘယ်သူများလဲ…”

ထိုအခိုက်အတန့်တွင် ယဲ့ကျား၏ ဦးနှောက်လေးက တစ်စစီကွဲကျေသွားခဲ့၏။

သူ့ အမူအရာက တောင့်ခဲနေကာ ရွေ့လျားခြင်း မရှိသော်လည်း ငြင်းပယ်ခြင်းဟူသည့် စကားလုံးကိုမူ သူ့မျက်နှာထက်တွင် ရေးသားထားလေသည်။

တစ်ဖက်လူ၏ မေးခွန်းကြောင့် ဝေ့ရွှယ်ချုးသည်လည်း ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

-ကျီရွှမ်၏ စကားလုံးများက ထိထိမိမိ ဖြစ်သွားခဲ့ပုံပင်။

အဘယ့်ကြောင့်ဆိုသော် သူမ ဂိမ်းထဲသို့ ဆွဲခေါ်ခံရစဉ်က ကောင်းစွာ အရွယ်မရောက်သေးချေ။ သူမ၏ စိတ်ပိုင်းဆိုင်ရာက အလွန်ရင့်ကျက်သော်လည်း အစစ်အမှန်အသက်မှာ မိန်းမပျိုလေး၏ အရွယ်သာ ရှိသေးသည်။ သူမက ထိုအရာအား ထုတ်ဖော်ပြောခြင်း မရှိဖူးသော်လည်း ဝေ့ရွှယ်ချူးသည် သူမ၏ ကလေးဆန်သော အသွင်အပြင်ကို မနှစ်သက်ချေ။

သူမက ခပ်မာမာ ပြန်မေးလိုက်၏။ “ဒီနေရာကို အပြင်လူတွေ ဝင်ခွင့်မရှိဘူး…ရှင်ကဘယ်သူလဲ…”

ကျီရွှမ်၏ မျက်ဝန်းများက မှောင်မိုက်သွားခဲ့သည်။

ထို့နောက် သူ၏ မြင့်မားသော အရပ်ကြီးကိုပင် အားမနာပဲ ယဲ့ကျား၏ ကိုယ်ပေါ်သို့ အရိုးမရှိသလို မှီချလိုက်သည်။ ယဲ့ကျား၏ ပုခုံးပေါ်သို့ မေးတင်လိုက်ရင်း မျက်ဝန်းများကို နတ်ဆိုးသဖွယ် မှေးကျဉ်းလျှက် “တို့က သူ့ချစ်သူလေ…”



Xxxxcx