အပိုင်း ၇၄
Viewers 10k

Chapter 74



ယဲ့ကျား ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" မင်းတို့နှစ်ယောက် ခေါင်းတွေကို တည့်ထားကြ...ငါတို့ တခြားတစ်ယောက်ရဲ့ ဆိုင်ထဲမှာ ရှိနေတာ..."

ဘေးတွင် ထိုင်နေသော ဝူစူးက ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်တယ်...ဟုတ်တယ်..."

သူ ခေါင်းငုံ့ပြီး လက်ဖက်စိမ်းနို့လက်ဖက်ရည်တစ်ငုံ သောက်လိုက်ကာ အပူကြောင့် လျှာကျက်သွားသော်လည်း ပြောလိုက်သည်။

"အေ့စ်ပြောတာမှန်တယ်...ဒီနေရာက လက်ဖက်စိမ်း နို့လက်ဖက်ရည် တကယ်ကောင်းတယ်..."

ဆိုင်ထဲတွင် သူတို့လေးယောက်မှ လွဲ၍ အခြားလူ မရှိချေ။

သို့‌‌သော် သူတို့ စကားများအား အခြားလူများ ကြားသွားမည်ကို စိုးရိမ်သောကြောင့် ယင်အကာအကွယ်အသက်သွင်းထားလေသည်။

ယဲ့ကျား ချန်ချင်းယဲ့ဆီမှ စာရွက်ပိုင်းကို ယူလိုက်ပြီး တွေးတောနေလေသည်။

"အချက်အလက်တွေက စိတ်ချရပါတယ်...ဒါပေမဲ့ အရင်းအမြစ်က..."

တစ္ဆေပိုင်နက်ထဲတွင် ပြုလုပ်ထားသော နှုတ်ကတိများကို လိုက်နာကြရပေမည်။ ရုပ်သေးသခင်က ပူးပေါင်းရန် သဘောတူပြီး အချက်အလက်များကို ပေးလာသည်။ ယင်းအချက်အလက်များက အမှန်ဖြစ်၏။

ဒါပေမဲ့...

ဒါက တစ်ဖက်လူနဲ့ ရန်ငြိုးမရှိ‌တော့ဘူးလို့ မဆိုလိုဘူး...

“အရင်းအမြစ်က...”

ချန်ချင်းယဲ့ ယဲ့ကျား၏ စကားထဲတွင် ဖုံးကွယ်‌နေသော ဆိုလိုရင်းအား သိလိုက်သည်။

"အဲ့ဒါက စွမ်းအားကြီးတစ္ဆေလား..."

ယဲ့ကျား : "ဟုတ်တယ်..."

လေးယောက်လုံး တိတ်ဆိတ်သွားလေသည်။

သူတို့ ဂိမ်းထဲတွင် စွမ်းအားကြီးတစ္ဆေများနှင့် ဆက်ဆံခဲ့ဖူးသောကြောင့် စွမ်းအားကြီးတစ္ဆေများက သူတို့ကို လုံး၀ အန္တရာယ်ကင်းသည့် အချက်အလက်များကို မပေးကြောင်း သိသည်။ အကြောင်းအရာက မှန်ကန်သော်လည်း နောက်ကွယ်မှ ရည်ရွယ်ချက်က မကြာခဏဆိုသလို မကောင်းပေ။

သူတို့ပေးတဲ့ အချက်အလက်တွေကို လုံး၀ယုံကြည်မိရင် သူတို့ ထောင်ချောက်ထဲ တည့်တည့် ကျတာပဲ...

စွမ်းအားကြီးတစ္ဆေတစ်ကောင်ရဲ့ စကားကို မယုံနဲ့...ဒါက ဂိမ်းထဲမှာ အခြေခံအကျဆုံး စည်းမျဉ်းပဲ...

“ကျစ်...အဲ့တော့ဘာဖြစ်လဲ...”

ဝေ့ရွှယ်ချူး ရုတ်တရက် ထခုန်ကာ စားပွဲကို ရိုက်လိုက်သောကြောင့် ဖန်ခွက်ထဲမှ အရည်များ လှုပ်ခါလိုက်ပြီး အားချန်ကို နစ်မြှုပ်သွားစေလေ၏။

ချန်ချင်းယဲ့ မျက်မှောင်ကြုတ်လိုက်ကာ ဖန်ခွက်ကို ဆွဲယူလိုက်ပြီး ဝေ့ရွှယ်ချူးကို အပြစ်တင်လိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ...ငါတို့မှာ တခြားသဲလွန်စမှ မရှိတာ..."

ဝေ့ရွှယ်ချူး ပွင့်လင်းစွာ ပြောလိုက်သည်။

"Sအဆင့်စွမ်းအားကြီးတစ္ဆေတွေ သူတို့ရဲ့ တာ၀န်တွေ ပြီးမြောက်ဖို့ ငါတို့ကို လာသတ်မှာကို စောင့်နေရမှာလား..."

ချန်ချင်းယဲ့ တစ်ရှူးယူကာ အားချန်၏ မျက်နှာကို သုတ်ပေးလိုက်သည်။

“ငါ မစ္စအပျိုစင်ကို မကြိုက်ပေမဲ့..."

သူ ညစ်ပတ်နေသော တစ်ရှူးကို သေသေသပ်သပ်ခေါက်ကာ အမှိုက်ပုံးထဲ ပစ်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။

"ဒီတစ်ခါတော့ သူ့အတွေးကို သဘောတူတယ်...ငါတို့မှာ တခြား‌ရွေးချယ်စရာ မရှိဘူး...အဲ့ဒီကို သွားကြည့်ဖို့ပဲ တတ်နိုင်တယ်..."

ဝေ့ရွှယ်ချူး အံ့ဩသွားသည်။

"ဝိုး...နင် ကန့်ကွက်မယ်လို့ ထင်ထားတာ..."

ချန်ချင်းယဲ့ မျက်မှန်ကို ပင့်လိုက်ပြီး ဝေ့ရွှယ်ချူးကို ဘာမှ ပြန်မပြောပေ။ သူ့အတွေးကိုသာ ဆက်ပြောလိုက်သည်။

"ဒီလိုလုပ်ရပေမဲ့ ငါတို့ မမျှော်လင့်ထားတဲ့ ကိစ္စတွေအတွက် ကောင်းကောင်းပြင်ဆင်ထားသင့်တယ်...နောက်ဆုံးတော့ ငါတို့ ရရှိထားတဲ့ အချက်အလက်က အန္တရာယ်ရှိမရှိ သေချာမသိပေမဲ့ Sအဆင့်စွမ်းအားကြီးတစ္ဆေဆိုတာတော့ သေချာတယ်...သူက သဘာ၀အားဖြင့် အန္တရာယ်ရှိတာ များတယ်..."

ဝူစူး ခေါင်းငြိမ့်လိုက်သည်။

“ကျွန်တော် ဒီအကြံကို သဘောတူတယ်...”

ယဲ့ကျား ခပ်တိုးတိုးရယ်လိုက်သည်။

"ကန့်ကွက်စရာ မရှိရင် အဲ့လိုလုပ်ကြတာပေါ့..."

ချန်ချင်းယဲ့ တစ်ရှူးတစ်ရွက်ကို ထပ်ယူလိုက်ပြီး စားပွဲကို သုတ်လိုက်သည်။ အားချန် နို့လက်ဖက်ရည်သောက်ပြီးနောက် ချန်ချင်းယဲ့၏ အင်္ကျီလက်ထဲ တွားသွား၀င်သွားလေသည်။

ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။

"နင်က ပိုးမွှားတွေကို ကြောက်တာလား..."

(Mysophobic)

ချန်ချင်းယဲ့ ခေါင်းခါလိုက်သည်။

"ငါက အသန့်ကြိုက်ရုံပဲ..."

“ဒါဆို ဘာလို့ ပိုးကောင်တွေ မွေးနေသေးလဲ...”

ဝေ့ရွှယ်ချူး နားမလည်နိုင်သောကြောင့် မေးလိုက်သည်။

ချန်ချင်းယဲ့ မျက်လုံးကို မှေးစင်းလိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"သူတို့က ပိုးကောင်တွေ မဟုတ်ဘူး..."

“ဟုတ်ပါပြီ...ဟုတ်ပါပြီ…”

ဝေ့ရွှယ်ချူး လက်မြှောက်အရှုံးပေးလိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။

"နင်မဟုတ်ဘူးပြောရင် မဟုတ်ဘူးပဲပေါ့..."

ချန်ချင်းယဲ့ : “…….”

သူတို့ ထုံးစံအတိုင်း ငြင်းခုံနေကြစဉ် ယဲ့ကျား ဝူဆုဘက်လှည့်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့ Mမြို့က ထွက်သွားတုန်း ကျွန်တော့်လက်မှတ်ကို အချိန်တစ်ခုလောက်ထိ ဖယ်ထားလိုက်...မဟုတ်ရင် ဘယ်သူတွေကို ဆွဲဆောင်မိမလဲ မသိဘူး..."

ဝူစူး ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ကဲ့…”

ယဲ့ကျား: "ခင်ဗျားရဲ့ ၀န်ထုပ်၀န်ပိုးတွေကို လျှော့ချဖို့ ကျွန်တော်တို့ Mမြို့က ထွက်မသွားခင် အဆင့်မြင့်စွမ်းအားကြီးတစ္ဆေတွေကို အတတ်နိုင်ဆုံး ရှင်းပေးသွားမှာပါ..."

ဝူစူး အားတက်သရော ခေါင်းငြိမ့်လိုက်ပြန်သည်

"ဟုတ်ကဲ့..."

ယဲ့ကျား : “အဲ့ဒီအတွက် ၀န်ဆောင်ခပေးဖို့တော့ မမေ့နဲ့ပေါ့..."

သူ အခြားနှစ်ယောက်ကို ညွှန်ပြလိုက်သည်။

"သူတို့အတွက်ရောပဲ..."

ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူး နှစ်ယောက်လုံး ထိတ်လန့်သွားကာ ငြင်းခုံနေသည်ကို ရပ်လိုက်ပြီး ယဲ့ကျားကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

ဝေ့ရွှယ်ချူး :“၀န်‌ဆောင်ခ....ဒီလိုအလုပ်မျိုးအတွက် ၀န်ဆောင်ခရမှာလား..."

ချန်ချင်းယဲ့ တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ဒါဆို …ငါတို့ကို ၀န်ထမ်းအဖြစ်ခန့်လိုက်တယ်လို့ ယူဆလို့ရလား..."

ဝူစူး ပြုံးလိုက်သည်။

“ဟုတ်ပါတယ်....အခု မင်းတို့က PIAMBရဲ့ အထူး၀န်ထမ်းတွေပဲ...မင်းတို့ရမဲ့ ၀န်ဆောင်ခက တိုက်ခိုက်ရေးဌာနခွဲရဲ့ အထူးအဖွဲ့၀င်တွေရတဲ့ လစာနဲ့ ညီမျှတယ်...ဒါ့အပြင် စွမ်းဆောင်နိုင်မှုအတွက် ဘောနပ်စ်တွေလည်း ရှိသေးတယ်..."

ဝေ့ရွှယ်ချူး၏ မျက်လုံးများ တောက်ပလာသည်။

“အထူးအဖွဲ့၀င်‌‌တွေက ဘယ်လောက်ရလဲ...”

ချန်ချင်းယဲ့က သိရှိပြီးသားဖြစ်သည့်အတွက် နံပါတ်အချို့ကို တုံ့ဆိုင်းစွာ ရေရွတ်လိုက်သည်။

ဝေ့ရွှယ်ချူး၏ မျက်လုံးများ ပိုမိုတောက်ပလာသည်။

"ဝိုး..."

သူ မတ်တပ်ရပ်ကာ ကောင်တာကို တဟုန်ထိုးပြေးသွားလိုက်သည်။

"ငါ့ကို လက်ဖက်စိမ်းနို့လက်ဖက်ရည်နှစ်ခွက် ထပ်ပေးပါ..."

ယဲ့ကျား ဆန်းကြယ်စွာ ပြုံးလိုက်သည်။

တစ်ယောက်တည်း ငွေရှာရတာထက် ပိုကောင်းတာ ဘာလဲ...

အတူတူ ငွေရှာရတာပဲ...

ထိုအချိန်တွင် ဝူစူး၏ဖုန်း မြည်လာလေသည်။ သူ ယဉ်‌ကျေးစွာဖြင့် ဖုန်းကိုင်ရန် ငြင်းပယ်ခဲ့သည်။

သို့သော် နောက်နှစ်စက္ကန့်တွင် နောက်ထပ် ဖုန်းကောလ်တစ်ခု မြည်လာပြန်သည်။

ဝေ့ရွှယ်ချူး : “ကိုင်လိုက်ပါ...အရေးကြီးကိစ္စ ဖြစ်နေဦးမယ်..."

ဝူစူး သက်ပြင်းချကာ ကူရာမဲ့စွာဖြင့် ဖုန်းကိုင်လိုက်သည်။ သူ့နားဆီ ဖုန်းကပ်လိုက်သည်နှင့် တစ်ဖက်မှ ထွက်‌ပေါ်လာသော ကျယ်လောင်သည့် အသံကြောင့် ဝူဆု နားလေးလုနီးပါးဖြစ်သွားသည်။

“ခေါင်းဆောင်!!!”

ဝူစူး : “………”

သူ ဖုန်းကို နားနှင့် ဝေးဝေးထားလိုက်ကာ ဒေါသတကြီး မေးလိုက်သည်။

"ဘာဖြစ်တာလဲ...ဖြည်းဖြည်းပြော..."

တစ်ဖက်လူက တုံ့ဆိုင်းစွာ ပြောလာသည်။

"ဟမ်...ခေါင်းဆောင် ဗျူရိုကို ကိုယ်တိုင် လာကြည့်သင့်တယ်လို့ ကျွန်တော် ထင်တယ်..."

“ဖုန်းနဲ့ ပြောလို့ မရဘူးလား...”

ဝူစူး မျက်မှောင်ကြုတ်လိုက်သည်။

ဝူစူး : “……”

သို့သော် ပြော၍ မပြီးသေးမီ တစ်ဖက်လူက ဖုန်းချသွားလေသည်။

အခွင့်အရေးရရင် သူ့နေရာကို ပိုသင့်တော်တဲ့လူနဲ့ အစားထိုးရမယ်...

သူ မည်မျှ ပိုက်ဆံရှာနိုင်မည်ကို သင်ယူပြီးနောက် ဝေ့ရွှယ်ချူး အားအင်ပြည့်၀နေသည်။သူချက်ချင်း ၀င်ပြောလိုက်သည်။

"သွားရအောင်...ဗျူရိုမှာ ဘာဖြစ်နေနေ ငါ ကိုင်‌တွယ်ပေးမယ်..."

ချန်ချင်းယဲ့ မတ်မတ်ထိုင်ကာ ပြောလိုက်သည်။

"စီနီယာ အကူအညီလိုရင် ကျွန်တော် အမြဲတမ်း တတ်နိုင်သမျှ ကူညီပေးမှာပါ..."

ယဲ့ကျား ထိုစကားများကို ကြားသောအခါ အလွန် ကျေနပ်သွားသည်။

"မင်းတို့နှစ်ယောက် သွားကူညီမှတော့ ငါ အနားယူနိုင်ပြီပေါ့..."

သူ ခမ်းနားစွာ ပြောပြီးနောက် ကျန်သုံးယောက် ပြန်တုံ့မပြန်မီ မတ်တပ်ရပ်လိုက်ပြီး လက်ဖက်စိမ်းနို့လက်ဖက်ရည်ကို အကုန်မော့လိုက်ကာ လက်ဝှေ့ယမ်းကာ ပြန်လိုက်သည်။

"နောက်မှ တွေ့မယ်..."

ကျန်သုံးယောက် : “………”

ခဏနေပါဦး...ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ဘာလို့ မလိုက်နာရတာလဲ...

တစ်ဖက်မှ ဝူစူး ကူရာမဲ့စွာ တွေးလိုက်သည်။

ဒီအရှက်မရှိ ဗြောင်ကျပြီး ပျင်းရိတဲ့ အပြုအမူမျိုးနဲ့ နည်းနည်းရင်းနှီးနေသလိုပဲ...

တစ်ဖက်တွင် ထွက်လာခဲ့သည့် ယဲ့ကျားကမူ အပြစ်ရှိစိတ် တစ်စုံတစ်ရာ မခံစားရပေ။

နောက်ဆုံးတော့ သူက အလုပ်မျိုးစုံလုပ်တဲ့လူလို့ သတ်မှတ်လို့ရတယ်...ဒီဘက်က ကိစ္စတွေပြီးသွားပေမဲ့ သူ ထောက်ပံ့ပို့ဆောင်ရေးဌာနကို သွားပြီး စစ်ဆေးဖို့ လိုသေးတယ်...

ဆိုင်ထဲမှ ထွက်လာပြီးနောက် ယဲ့ကျား အ၀တ်အစားများကို စိမ်ပြေနပြေ လဲလှယ်ပြီးနောက် ဗျူရိုကို သွားလိုက်သည်။

သူ ဓာတ်လှေကားနှင့် တက်လာပြီး ဗျူရို၏ တံခါး၀သို့ ရောက်သောအခါ လေထုက မူမမှန်သလို ခံစားလိုက်ရသည်။

အရမ်း တိတ်ဆိတ်လွန်းတယ်...

ဒီနေရာမှာ လူတွေ ၀င်ထွက်နေသင့်ပေမဲ့ အခု‌တော့ အရမ်းတိတ်ဆိတ်နေတယ်...အပ်တစ်‌ချောင်းပြုတ်ကျရင်တောင် အသံကြားရလောက်တယ်...ပြီးတော့ မှန်တံခါးက ကြည့်ရင် သူ အထဲမှ လှုပ်ရှားနေတဲ့ ပုံရိပ်တွေကို မမြင်ရဘူး...

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

သူ တံခါးကို တွန်းဖွင့်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လက်တစ်ဖက်က ယဲ့ကျား လက်ကောက်၀တ်ကို ဆုပ်ကိုင်လာလေသည်။

“ရှူး....”

ယဲ့ကျား လန့်သွားသည်။

ကံကောင်းစွာနှင့် တစ်ဖက်လူကို သတိပြုမိပြီး မတိုက်ခိုက်မိပေ။

ချန်စဲကျစ် ယဲ့ကျားကို ဘေးသို့ ဆွဲကာ စိုးရိမ်စွာဖြင့် တိုးတိုးပြောလိုက်သည်။

"အစ်ကိုယဲ့ ဒီကိုမလာသင့်ဘူး..."

ယဲ့ကျား ဗျူရိုကို ကြည့်လိုက်သည်။ ဗျူရို၏ အဗဟိုခန်းမကြီးက စုတ်စုတ်ပြတ်ပြတ်ဖြစ်နေလေသည်။ ဗျူရို၀န်ထမ်းများက ခန်းမ၏ ထောင့်တွင် စုနေပြီး ငုံးတစ်ကောင်သဖွယ် တိတ်ဆိတ် နေကြသည်။

သူ မျက်မှောင်ကြုတ်ကာ တိုးတိုးမေးလိုက်သည်။

"ဘာဖြစ်တာလဲ..."

ချန်စဲကျစ် : “တကယ်တော့ ကျွန်တော်လည်း…”

သူ့စကားမဆုံးမီ ပြင်းထန်သည့်အပူရှိန်ကြောင့် စားပွဲတစ်‌လုံး အ‌ရည်ပျော်သွားပြီး အနီရောင်တောက်ပနေလေသည်။

နောက်တစ်ခဏ‌တွင် ထိုအပူရှိန်ထွက်လာရာ လမ်းကြောင်းမှ ပျင်းရိသော အသံတစ်သံ ထွက်ပေါ်လာသည်။

"မင်းတို့တွေ အေ့စ်ဘယ်မှာလဲ သိကြလား..."

ယဲ့ကျား : “………”

သေစမ်း...

သူ အဲ့ဒီလူကို သိလောက်တယ်...

သူ အမျိုးသားတစ်ဦး ဖြည်းညှင်းစွာလမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူ့ပုံပန်းသဏ္ဍာန်က ချောမောပြီး ဆံပင်ကို မီးအရောင် ဆိုးထားလေသည်။ နားကပ်များစွာ ၀တ်ဆင်ထားပြီး ဦးခေါင်းခွံပုံပါသည့် တီရှပ်စ်နှင့်အတူ သတ္တုချိန်းကြိုးများပါသည့်ဂျင်းဘောင်းဘီတစ်ထည် ၀တ်ဆင်ထားသည်။ သူက အထိန်းအကွပ်မဲ့ပြီး မာနကြီးပုံ ပေါ်လေသည်။

"မင်းတို့တွေ ငါက ဒီလို အလိမ်အညာတွေကို ယုံမယ်ထင်နေတာလား...သူ ဘယ်မှာရှိလဲ တစ်ယောက်မှ မပြောနိုင်ရင် ငါ ဒီဗျူရိုကိုဖျက်စီးပစ်မယ်...

ယဲ့ကျား စိတ်ပျက်စွာ မျက်လုံးမှိတ်လိုက်သည်။

သေစမ်း...တကယ်ကြီးကို သူပဲ...

“နင်ပဲ...”

ဝေ့ရွှယ်ချူး တံခါးကို ကန်ဖွင့် ၀င်လာကာ လွှစက်ကြီးကို ကိုင်ထားပြီး သူ့ရှေ့မှ အမျိုးသားကို မြင်သောအခါ ထိတ်လန့်သွားသည်။

"ဘလပ်စ်(blast)..."

ဘလပ်စ်...အဆင့် ခုနစ်နေရာနှင့် နှစ်ဆယ့်ငါးနေရာကြား အပြောင်းအလဲများလွန်းတဲ့ ကစားသမား...

သူက အမှတ်တွေများပေမဲ့ ကစားသမားတွေကြား လောင်းကစားလုပ်ရတာကို သဘောကျတဲ့အတွက် အမှတ်တော်တော်များများ ဖြုန်းတီးနေတဲ့သူ...တစ်ကြိမ်မှာ သူတော်တော်ရှုံးသွားတဲ့ အတွက် ထိပ်တန်းအဆင့်သုံးဆယ်နေရာက တစ်ခါဆင်းခဲ့ရဖူးတယ်...

ဂိမ်းထဲက ပုံစံနဲ့ မတူ‌ပေမဲ့ သူ့ကို မြင်ရင် သတိမပြုမိဖို့ မဖြစ်နိုင်ဘူး...‌နောက်ဆုံးတော့ သူ့၀တ်ပုံစားပုံနဲ့ ဆံပင်တွေက သာမာန်ရိုးကျမှ မဟုတ်တာ...ကစားသမားရဲ့ အသွင်အပြင်နဲ့ အ၀တ်အစားတွေကို အမှတ်တွေကို သုံးပြီး ပြောင်းလဲလို့ရတယ်...သူတို့ရဲ့ ရန်သူတွေကို ရှောင်ရှားဖို့ ကစားသမားတွေက အမှတ်တွေကို သုံးပြီး အသွင်အပြင်ကို ပြုပြင်ကြပေမဲ့ ဘလပ်စ်ကတော့ ဘာတွေဘယ်လိုပဲပြောင်းပြောင်း အနီရောင်ဆံပင်ကိုတော့ မပြောင်းဘူး...

ယဲ့ကျား စိတ်ပျက်စွာ အဝေးကို လှမ်းကြည့်လိုက်သည်။

ကြည့်ရတာ သူ့မှာ ရန်သူတွေ တော်တော်များတာပဲ...

“မင်းက ဒီမှာလား...”

ဘလပ်စ်၏ မျက်လုံးများ ‌တောက်ပလာသည်။

"ဒါဆို အေ့စ်လည်း ဒီမှာပဲပေါ့..."

ဝေ့ရွှယ်ချူး မျက်လုံးကို မှေးစင်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါ ဒီမှာရှိရှိ မရှိရှိ နင်နဲ့ မဆိုင်ဘူး...ဓားစာခံတွေကို မြန်မြန်လွှတ်ပေး...မဟုတ်ရင် ငါ ယဉ်ကျေးတော့မှာ မဟုတ်ဘူး..."

ဘလပ်စ် လှောင်ပြောလိုက်သည်။

"မင်းကလား...မင်းမှာ ငါ့ကို တားနိုင်တဲ့ စွမ်းရည်ရှိရင် ကြိုးစားကြည့်လေ..."

ဝေ့ရွှယ်ချူး မျက်မှောင်ကြုတ်လိုက်သည်။ သူ လွှစက်ကို ဖွင့်လိုက်လေသည်။ လွှစက်သံ၊ မီးတောက်သံများက အတူရောယှက်နေလေသည်။ ချက်ချင်းဆိုသလို ဗျူရို၏ ဗဟိုခန်းမကြီးက ပေါက်ကွဲသွားပြီး ပြင်းထန်သော ယင်စွမ်းအင်များကြောင့် စက္ကူအပိုင်းအစများနှင့် အကျိုးအပဲ့များက နေရာတိုင်း ပျံ့နှံ့သွားလေသည်။

“အားချန်...”

တံခါး၀မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“သူ့ကို သွားကူညီလိုက်...”

နောက်တစ်စက္ကန့်တွင် အနက်ရောင်ကင်းခြေများကြီး ကြီးမားလာသော်လည်း အဆောက်အအုံအရွယ်အစားကို ထည့်သွင်းစဉ်းစားထား၍ လွန်စွာ ကြီးမားလာခြင်း မရှိချေ။

ဘလပ်စ် အားချန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

သူ ရှောင်တိမ်းပြီးနောက် ကြည့်လိုက်သောအခါ အားချန်၏ ခန္ဓာကိုယ်ပေါ်မှ မျက်လုံးများစွာက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ဘလပ်စ် : “…….”

သူ့မျက်နှာက အကြောက်တရားကြောင့် ချက်ချင်းဖြူဖျော့သွားလေသည်။

“အားးးးး ပိုးကောင်ကြီး...”

သူ အလိုအလျောက် အားချန်ဆီသို့ မီးလုံးများ ပစ်လိုက်သည်။ အားချန်၏ ခန္ဓာကိုယ်က ကြီးမားသော်လည်း ပျော့ပျောင်းလေသည်။ သူ သူ့ဆီ ဦးတည်နေသော တိုက်ခိုက်မှုများကို ကျွမ်းကျင်စွာ ရှောင်ရှားလိုက်သည်။

ရလဒ်အနေနှင့် တောက်ပပူပြင်းသော မီးလုံးများက အနောက်မှ တုန်ရီနေသော ၀န်ထမ်းများဆီသို့တည့်တည့်မတ်မတ် ရောက်သွားလေသည်။

အရာအားလုံး နှေးကွေးသွားပုံ ပေါ်သည်။

ယဲ့ကျားက မီးလုံးလာရာလမ်းကြောင်းပေါ်တွင် ရပ်နေ၏

တောက်လောင်နေသော မီးလုံးကြီးက လေထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။ ဖြတ်သွားသော လမ်းတစ်လျှောက် အသားကိုပင်အပူလောင်သွားစေလေသည်။ သူက အော်ဟစ်နေသော လူအုပ်ကြီးထံ တည့်တည့်ပျံသန်းလာသည်။

လူအုပ်၏ ရှေ့မှ လူငယ်လေး မျက်လုံးပင့်ကာ ယင်မီးလုံးကို ကြည့်လိုက်သည်။

သူ့၏ ဖြူဖျော့ဖျော့ မျက်နှာက မီးကြောင့် နီရဲနေပြီး ပယင်းရောင် မျက်လုံးတွင်လည်း သူ့ဆံပင်နှင့် အရေပြားကို မီးလောင်စေနိုင်သည့် တဖြည်းဖြည်းနီးကပ်လာသော မီးတောက်များ၏ ပုံရိပ်ထင်ဟပ်နေလေသည်။

ဘလပ်စ်၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားပြီး စိုးရိမ်တကြီး အော်ပြောလိုက်သည်။

"မြန်မြန်ရှောင်..."

ဝေ့ရွှယ်ချူး၏ နှလုံးသား တင်းမာလာလေသည်။ သူ ချက်ချင်း မီးလုံးဆီသို့ ပြေးသွားသော်လည်းနောက်ကျသွားပြီဖြစ်သည်။ စက္ကန့်၀က်အတွင်း မီးလုံးများက ထိုလူကို ဝါးမျိုလိုက်လေသည်။

ထိုအချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ တူညီသည့် အတွေးတစ်ခု ရှိနေသည်။

သွားပြီ...

ယဲ့ကျားအတွက် အားလုံး မသိစိတ်အရ သွားပြီဟု တွေးလိုက်မိသည်။

သူ့အသက်ကို အပ်ချည်မျှင်ပေါ် တင်ထားရသော်လည်း အလေ့အကျင့်က သူ့အရိုးထဲထိ ထွင်းထုထားပြီး ဖြစ်သည်။ သူ တွေးစရာပင် မလိုပေ။ အလိုအလျောက် လှုပ်ရှားလိုက်သည်။

အေးစက်တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့လက်ထဲတွင် လခြမ်းသဏ္ဍာန် တံစဉ်းသွားတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် တံစဉ်းသွားသည် လေနှင့် အလင်းကို ဖြတ်၍ တောက်လောင်နေသော မီးလုံးကို ရိုက်လိုက်သည်။

ထိုအခါ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး မီးလုံးက မီးမွှားများအဖြစ် ပေါက်ကွဲသွားလေသည်။

အားလုံး ကူရာမဲ့စွာ အဝေးကို ကြည့်လိုက်ကြသည်။

ထို့နောက် ဖုန်မှုန့်နှင့် မီးခိုးများ ငြိမ်သွားသောအခါမှ ထိုနေရာကို စိုးရိမ်တကြီး ပြန်ကြည့်လိုက်ကြလေသည်။

လူငယ်လေးက ထိုနေရာတွင် မီးလောင်ကျွမ်းထားသည့် အရိပ်အယောင်ပင်မရှိ၊ ရပ်နေလေသည်။ သူ့ရှေ့မှ ကြမ်းပြင်နှင့် မျက်နှာကျက်က မီးလောင်ကျွမ်းမှုကြောင့် မည်းနေလေသည်။ ဘလပ်စ်၏ တိုက်ခိုက်မှုကြောင့် ပတ်ပတ်လည်က ပျက်စီးနေသော်လည်း လူငယ်လေးရှေ့တွင် အတားအဆီးတစ်ခု ရှိပုံပေါ်သည်။ အရှေ့တွင် မီးလောင်ပျက်စီးနေသော်လည်း အနောက်တွင် ဘာမှမဖြစ်ပေ။

အလင်းနှင့် အမှောင်ကြားတွင် ရပ်နေသော ယဲ့ကျား၏ အရပ်ရှည် ဖြောင့်မတ်သော ပုံရိပ်ကအကာအကွယ်အဆောင်တစ်ခုနှင့် တူလေသည်။ အားလုံး၏ မျက်လုံးထဲတွင် ထိုမြင်ကွင်းက အံ့ဩစရာကောင်းလေသည်။

“ဒါက…”

"ဘယ်လိုဖြစ်သွားတာလဲ...”

ထိတ်လန့်စွာ တီးတိုး‌ပြောသံများ လူအုပ်ကြားမှ ထွက်ပေါ်လာလေသည်။ အားလုံး ကိုယ့်မျက်လုံးပင်ကိုယ် မယုံနိုင်ကြချေ။ သူတို့ရှေ့တွင် ဖြစ်ပျက်သွားသော်လည်း သေချာမသိလိုက်ကြပေ။

အခုဘာဖြစ်သွားတာလဲ...

သူတို့ ဘေးမှ လူများကို လှည့်ကြည့်လိုက်‌သော်လည်း သူတို့၏ မျက်နှာတွင်လည်း မယုံကြည်နိုင်မှုများ ထင်ဟပ်နေလေသည်။

ဘလပ်စ် ယဲ့ကျားကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ လေထဲတွင် လွင့်နေသော အနီရောင်ဆံပင်က အေးခဲသွားပုံရသည်။ လူသားတစ်၀က်အရွယ်ခန့်ရှိသည့် အားချန်လည်း ပြန်ကျုံ့လိုက်ကာ ချန်ချင်းယဲ့၏ အင်္ကျီလက်ထဲ ပြန်၀င်လိုက်သည်။ ထို့နောက် ပိုင်ရှင်နှင့်အတူ သူတို့ရှေ့တွင် ရပ်နေသော လူငယ်ကို ကြည့်နေလေသည်။

ဝေ့ရွှယ်ချူးလည်း နေရာတွင် အရွယ်နှင့်အမျှသည့် လွှစက်ကြီးကို ကိုင်ရင်း ရပ်ကာ လူငယ်လေးကို ကြောင်အစွာ ကြည့်နေလေသည်။ သူ ထိုသို့ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။

“နင်…”

သူ အသက်ပြင်းပြင်းရှူကာ အားလုံးမေးချင်သည့် မေးခွန်းကို မေးလိုက်သည်။

"နင် ဘယ်လိုလုပ်လိုက်တာလဲ..."

ယဲ့ကျား : “…….”

အိုး နိုး...


Xxxxx