Chapter5
Viewers 826

ကျောင်းနံရံပေါ်မှ ပြုတ်ကျမလိုဖြစ်ခဲ့၍ ထိတ်လန့် ကြောက်ရွံ့ နေဆဲ သူ့နှလုံးလေးမှာ အလွန် မြန်ဆန်စွာ ခုန်နေခဲ့သည်။ ကြောက်စိတ်မပြယ်သေး သောကြောင့် ပါးစပ်ကို ဖွင့်ဟကာ ကြိုးစား၍ အသက်ရှုနေရသည်။

သူ၏ ကြောက်ရွံ့မှုသည် ပြုတ်ကျမလို ဖြစ်ခြင်းကြောင့်လား၊ ချင်ကျားရှုရဲ့ ခြောက်လှန့်ခြင်းကြောင့်လား၊ သေချာတော့ မပြောနိုင်ပေမယ့် သူအသက်ရှုနေသည့် အသံကတော့ ဖန်သားပြင် တစ်ခုပေါ်တွင် ဆွဲခြစ်နေသည့် အသံထက် ဆိုးဝါးစွာ ထွက်ပေါ်နေခဲ့သည်။

ဝမ်ကျစ်ချူးသည် သီချင်းဆိုဆိုပြီးချင်း နောင်တရမိသည်။ စိတ်အေးလက်အေးဖြစ်နေ ဟန်ဆောင်ပြီး ထိုသူအား မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်မိလိုက်သည်။

'မင်း ကြားဖူးလား။ ကြားဖူးမှာပါ။'

'ညီမလေးလင်း, ရှေးဟောင်းသီချင်းထဲက အမျိုးသမီးသူရဲကောင်းလေ။ လုံးဝကို ထိပ်တန်းပဲ'

ချင်ကျားရှုသည်မျက်နှာမှာ မဲသွားသည်။ "ငါတော့ တစ်ခါမှမကြားဖူးဘူး"

ဝမ်ကျစ်ချူး : !!!!!

တခြားတစ်ဖက်လူထံမှ စကားလုံးတစ်လုံးမျှကို သူမကြားရသောကြောင့် သူ့အားပို၍ နေရခက်စေ သည်။ ဒါကြောင့် ဝမ်ကျစ်ချူး သည် ရွေးချယ်စရာမရှိဘဲ အရဲစွန့်လိုက်ကာ ပြောလိုက်သည် "မကြားဘူးလဲ အရေးမကြီးပါဘူး။ အခု မင်း ကြားဖူးသွားပြီ မလား"

ချင်ကျားရှုသည် သူ့အား ရုတ်တရက် ကြည့်လိုက်ပြီး မထင်ထားသောစကားများကို ပြောလိုက်သည် "အဲ့ဒါဆို ငါမင်းကို ကျေးဇူးတင် ရမှာလား"

ဝမ်ကျစ်ချူးဟာ ခဏတော့ တွေဝေသွား မိပြီးနောက်မှာ သူ့ခေါင်းကိုငုံ့လျက် ရှက်နေလျက် "မဟုတ်တာ...ရပါတယ်"

"......"

ချင်ကျားရှု၏ ချောမောသောမျက်နှာမှာ ချက်ချင်းတင်းမာသွားသည်။ သူ့အသံမှာလဲ ကောင်းကင်မှာ ထစ်ခြုန်း‌သော မိုးခြိမ်းသံကဲ့သို့ပင်။

"ငါ့ပေါ်ကနေ ဆင်းစမ်း" ဟု ဆိုသည်။

အခုတလေ ဒီလူက သူနားကို ခဏခဏရောက်လာပြီး သူ့ကို ပြသနာလာလာရှာနေခဲ့သည်။ ချင်ကျားရှု သည် မနက်တုန်းကလဲ ကျိဖုန်းချန် ကသူ့အား ညနေခင်းတွင် အင်တာနက်ဆိုင် သွားဖို့ မေးမြန်းခဲ့သည်။ ထိုအခါမှ သူသည် အချိန်အတော်ကြာအောင် စိတ်‌ရောလူပါ အပန်းမဖြေပဲနေခဲ့သည်ကို သတိထားမိခဲ့သည်။

ကျောင်းအပြင်ထွက်ပြီးမှ တခြားသူငယ်ချင်းကို ဆက်သွယ်ရန် စီစဉ်ထားခဲ့ပြီး သူနဲ့ ဆုံမည့်နေရာကို အတည်ပြုရန် လုပ်ဆောင်နေခဲ့သည်။

သို့သော် ဖုန်းခေါ်သည်ကို တစ်ဖက်မှ မကိုင်မီ အချိန်လေး အတွင်းတွင်၊ ချင်ကျားရှုသည် ဝမ်ကျစ်ချူးကိုငုံ့ကြည့်လိုက်ကာ၊ မိုးပေါ်က ကျလာတဲ့ ဒီအရာနှင့် ကြုံတွေ့ခဲ့ရသည်။

ဝမ်ကျစ်ချူးသည် ဒီတစ်ကြိမ် အရင်ကလို ခေါင်းမာကာ ပြန်ကြည့်မနေပဲ ဒီကိစ္စအား သူဂရုမစိုက်ဟန် ဟန်ဆောင်နေသည်။

သို့သော် တစ်ဖက်လူသည် အမြဲ ရန်လိုနေလေ့ရှိသူ ဖြစ်ရာ သူ့အား သွားထိလိုက်သည်နှင့် တမင် ရည်ရွယ်ချက် ရှိရှိလုပ်ခြင်းဟု ယူဆကာ သူ့ အား ရိုက်နှက်ပစ်မည်မှာ သေချာသည်။

ဝမ်ကျစ်ချူးသည် ချင်ကျားရှုမှ သူ့အား ဖယ်ခိုင်းသော စကားကြားလိုက်ရသောအခါ သူသည် အလျင်အမြန် ထဟန်ပြင်လျက် "ခု...ခုချက်ချင်း ဆင်းပါ့မယ်" ပြောလိုက်သည်။

ဝမ်ကျစ်ချူးသည် တဖက်လူအား အတော်လေးကြောက်နေခဲ့သောကြောင့် သူသည်ခန္ဓာကိုယ်မှာ တုန်ရီနေခဲ့ သည်။

သူစိတ်သည်လည်း ထိန်းချုပ်၍မရလောက်အောင် တုန်လှုပ်‌ ခြောက်ခြားနေခဲ့သည်။ သူထရပ်လိုက်သောအခါ တစ်ဖက်လူ၏ ပုခုံးများပေါ်သို့ မသိစိတ်ဖြင့် လှမ်းဆွဲမိသွားသည်။

ချီကျားရှု့ သူ့အား စိုက်ကြည့်နေသည်ကို ကြည့်ရင်း ဝမ်ကျစ်ချူးသည် ပြုံးပြလိုက်ကာ "ကူညီပေးပါဦး" ဟုပြောလိုက်သည်။

သို့သော်လည်း တစ်ဖက်လူ၏ မျက်လုံးများသည် အလွန်ကြောက်စရာ ကောင်းနေသည်ကိုတွေ့ လိုက်ရသဖြင့် ဝမ်ကျစ်ချူး၏ လက်သည် လမ်းတစ်ဝက်မှာတင် ချော်ကျသွားကာ တစ်ဖက်လူ၏ရင်အုပ်ပေါ်သို့ကျသွားသည်။

နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် မမျှော်လင့်ပဲ ကြည့်မိလိုက်ကြသည်။

ကျစ်ချူးသည် သူ့၏လက်များကို မူလထားထားသော နေရာသို့ အမြန်ပြန်ရွှေ့လိုက်သည်။

ချင်ကျားရှု : "မင်း ပြသနာရှာနေတာတွေ ရပ်လို့မရဘူးလား?"

ဝမ်ကျစ်ချူး : ... ...

ဝမ်ကျစ်ချူး သည် ဒီခဏလေးအတွင်းပင် သေသွားချင်မိသည်။ ထို့ကြောင့် ဒီအချိန်တွင် ချင်ကျားရှု့သည်မျက်နှာကို သူမကြည့် ရဲ။

မျက်စိကို မှိတ်ကာ 'သူ ငါ့ကိုရိုက် မရိုက်ဘူး။ လုံးဝကို မရိုက်ဘူး' ဟုသာ စိတ်ထဲရေရွတ် နေမိသည်။

တစ်ဖက်လူ၏လက်မောင်း တဖြည်းဖြည်း မြင့်တက်သွားသည်ကို မြင်သောအခါ ဝမ်ကျစ်ချူး သည် ကြောက်လန့်သွားကာ မသိစိတ်ဖြင့် သူသည် အသိပညာဗဟုသုတတွေနဲ့ ပြည့်နေတဲ့ ဦးခေါင်းလေးကိုသာ ကာကွယ်ထားလိုက်သည်။ သူ အရိုက် ခံရတော့မည်။

သို့သော် နောက်ခဏတာမျှတွင်တော့ သူ့ခန္ဓာကိုယ်သည် မည်သည် နာကျင်မှု ကိုမျှမခံစားရပဲနောက် သူ လွတ်လပ်သွားပြီး မြေကြီးပေါ်တွင် သူသည်ထိုင် လျက်ရှိနေသည်။

ချင်ကျားရှုသည် ဝမ်ကျစ်ချူးအား မှိုများအား ဆွဲထုတ်သလိုမျိုး ဆွဲထုတ်ပြီးနောက် မြေကြီးပေါ် တွင်ပစ်ချထားလိုက်သည်။ အဲ့ဒီနောက် တွင် သူသည်အင်္ကျီလက်ကို ခါလိုက်ကာ မတ်တပ် ထရပ်လိုက်သည်။

ဝမ်ကျစ်ချူးသည် မျက်လုံးများအား ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အရပ်ရှည်ရှည် ပုံရိပ်သည် နောက်သို့ အနည်းငယ် ဆုတ်သွားသည်။

ချင်ကျားရှုသည် မြေကြီးကျသွားသော လက်ကိုင်ဖုန်းအား ကောက်ယူရန် အနည်းငယ်ကုန်းလိုက်ပြီးနောက် ထိုဖုန်းကို အကြိမ်အနည်းငယ်မျှ နှိပ်ကြည့် စမ်းကြည့် လုပ်နေသည်။ ပျက်စီးသွားမှန်း သေချာသွားသည့်နောက်တွင် သူသည် အသံတိုးတိုးဖြင့် ရိုင်းပျသော ကျိန်ဆဲမှု တစ်ခုကို ဆဲဆိုလိုက်သည်။

ထိုအရာကိုကြားလိုက်ရသောအခါ သူ့စိတ်ထဲမှ တုန်လှုပ် သွားတော့သည်။

ထိုသို့ဆဲဆိုနေချိန်တွင် ချင်ကျားရှု သည် နေ့လည်ခင်းတွင်တွေ့ခဲ့ရသည့် ပုံစံနှင့်လုံးဝခြားနားသွားသည်။ ကျိန်ဆဲ နေပုံသည် သူသည်နူးညံ့ သိမ်မွေ့သောမျက်နှာနှင့် လားလားမှ မဆိုင်ပါပေ။

ဝမ်ကျစ်ချူးသည် မြေကြီးပေါ်တွင် ထိုင်ချနေရင်းက နှုတ်ခမ်းကို စူလျက် ပြောသည် "ဖုန်း... ငါ မင်းကို အဲ့ဒီလက်ကိုင်ဖုန်းအတွက် ပြန်လျော်ပေးမယ်"

သို့သော် ချင်ကျားရှု မှာ သူ့အား ကြည့်တောင်မကြည့်။ အဝေးသို့ ထွက်သွားတော့သည်။

ချင်ကျားရှု ၏ပုံရိပ် လုံးဝ ပျောက်ကွယ် သွားသည့်အခါမှ သူ့စိတ် ဒုံးဒုံးချလိုက်နိုင်သည်။

"နတ်​သူငယ်လေးရေ"

[စနစ် : ငါဒီမှာ]

ဝမ်ကျစ်ချူး၏ သနားစရာကောင်းသော ရုပ်သွင်ကို ကြည့်၍ စနစ်သည် အခုအချိန် သူ ကြောက်နေ သောကြောင့် သူ့အား ခေါ်သည်ဟု တွေးမိသည်။ နတ်သူငယ်​လေးသည် စွဲမက်ဖွယ် ကောင်းအောင်ပြုံးလိုက် ကာ စိတ်သက်သာရာရစေမည့် စကားများပြောရန် အဆင်သင့် ပြင်ထားသည်။

သို့သော် ထိုစကားများ ထွက်မလာမီပင် ဝမ်ကျစ်ချူးကပြောလိုက်သည် "မင်းငါ့ကို ပိုက်ဆံလွှဲသင့်ပြီ"

[......]

[စနစ် : တာဝန်ပြီးမြောက် သွားပြီဖြစ်သည့် အတွက်ကြောင့် ဗီလိန်တန်ဖိုးသည် ၂ ရာခိုင်နှုန်းအထိ တက်လာပြီး ဆုလာဘ်မှာ ၅၀ RMB ဖြစ်သည်]

သူ့၏ခြေထောက်များ ပြန်သက်သာသွားသောအခါ ဝမ်ကျစ်ချူးသည် ထရပ်လိုက်ပြီး သူ၏ကိုယ်မှ ဖုန်များအား လက်ဖြင့် သေချာစွာ ခါလိုက်သည်။ ထို့နောက်တွင် မဝေးသောနေရာမှ ကျောင်းလွယ် အိတ်ကိုသွားယူသည်။

[စနစ် : သင်ပြောတာက သင်က တစ်ယောက်ယောက်ရဲ့ဖုန်းကို ပြန်လျော်ပေးချင်တာလား]

ဝမ်ကျစ်ချူးသည် ထိုစကားကိုကြားပြီးသည့်နောက် ခေါင်းငြိမ့်ပြလိုက်သည်။ တကယ်တော့ ချင်ကျားရှု့ဖုန်းပြောနေစဉ် သူသည် နံရံပေါ်မှ ပြုတ်ကျကာ ၎င်းအားတိုက်မိပြီး တစ်ဖက်လူ၏ ဖုန်းအား ဖျက်ဆီးမိလိုက်သည်။

မည်သည့်ရှု့ထောင့်မှ စဉ်းစားစဉ်းစား၊ သူသည် တစ်ဖက်လူအား အလျော်ပေးရန် တာဝန်ရှိသည်။

[စနစ် :  သူ့လက်ကိုင်ဖုန်းရဲ့ တန်ဖိုးဘယ်လောက်ရှိလဲဆိုတာ သိလား]

ဝမ်ကျစ်ချူးသည်ခေါင်းခါလျက် "မသိဘူး၊ မင်းသိလို့လား"

[စနစ် : ငါ့ရဲ့အရင် Host က အဲ့ဒီ ဖုန်းအမျိုးအစားကို သုံးခဲ့တာ၊ ဈေးက နောက်ဆုံးပေါ်ဒီဇိုင်း မဟုတ် ရင်တောင်မှ ယွမ် ၈,၀၀၀ လောက်ရှိတယ်။]

ကောင်လေးကျစ်ချုး မှာ ချက်ချင်းမျက်လုံးပြုးသွားသလို ပါးစပ်သည်လည်း အဟောင်းသား ဖြစ်သွားသည်။

အနည်းဆုံးအနေဖြင့် သူသည် ချင်ကျားရှု့ကို ပေးရန် ယွမ် ၁၀,၀၀၀ လောက် လိုအပ်နေပြီ ဖြစ်သည်။

ကောင်လေးကို ကြည့်ရင်း နတ်သူငယ်လေးသည် စုတ်တသပ်သပ် ခေါင်းတစ်ခါခါ ဖြစ်နေသည်။ အရှင်နတ်ဘုရားသည် ယခုတစ်ကြိမ် လူရွေးရာတွင် ကံကောင်းသည့် တစ်ယောက်ကို မရွေးချယ်ခဲ့ဟု သံသယဝင်မိ သည်။ အရှင်နတ်ဘုရားက ကံမကောင်းတဲ့သူ ကို ရွေးချယ်ခဲ့တာလား??

ကံမကောင်းတတ်သည့် ဝက်ဝံများတောင် ဒီကောင်လေး ထပ်ကံကောင်း မည်ထင်သည်။

သူသည် လက်ရှိ Host ဖြစ်သူ ကောင်လေးသည် အသုံးစားရိတ်အခွန် ယွမ် ၂၀၀ သည်လည်း ပေးချေရန် ကျန်ရှိနေသောကြောင့် အကြွေးထုပ်ကြီး ပိနေသလိုဖြစ်နေသည်။

[စနစ် : သင် အကြွေးတွေ ဆပ်နိုင်မှာ မဟုတ်ဘူး၊ ခက်ခဲတဲ့မုဒ် ကို ပိတ်လိုက်ပါလား? ။]

ဝမ်ကျစ်ချူး : ... ...

သူသည် ခဏတာမျှ ငိုယိုပစ်လိုက်ချင်မိသော်လည်း မျက်ရည်က ကျမလာခဲ့ပေ။ အဲ့ဒီအကြွေးတွေက သူပိတ်ချင်တိုင်း ပိတ်ပစ်လို့ရတဲ့ ဟာ မို့လို့လား?

သို့သော် သေချာစွာ စဉ်းစားကြည့်လျှင် သူသည် အမြဲတမ်း ကံဆိုးနေသည်မဟုတ်ပါ။ အနည်းဆုံး တော့ သူ့ မိဘများအသက် ရှင်နေသေးပြီး သူ၏ကလေးဘဝ တစ်ခုလုံးသည် အပူအပင်ကင်းမဲစွာ နေထိုင်ခဲ့ရသည်။ ထိုအကြောင်းအရာ သည်ပင်လျှင် သူ၏နှလုံးသားထဲမှ နေအလင်းရောင်လေး ကဲ့သို့ပင်ဖြစ်သည်။

ဝမ်ကျစ်ချူးသည် သူ၏လေးလံသော စိတ်ခံစားချက်များကို မေ့ထားလိုက်ကာ ဘတ်စ်ကားမှတ် တိုင်သို့ လမ်းလျှောက်လာခဲ့သည်။ လမ်းလျှောက်နေရင်းဖြင့် သူရုတ်တရက် နတ်သားလေးပြောသော စကားများထဲမှ အချက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။

ထိုအချက်သည်က နတ်သူငယ်လေး၏ နောက်ဆုံး Host သည် ယွမ် ၈,၀၀၀ တန် လက်ကိုင်ဖုန်းကို ဝယ်နိုင်ခဲ့သည်ဆိုလျှင် ထို Host နောက်ပိုင်း လုပ်ဆောင်ရသော တာဝန်များမှ ရရှိသည့် ဆုလာဘ်သည် ပမာဏ များ၍ ဖြစ်ရမည်။

သူသာ အလုပ် ကြိုးကြိုးစားစား လုပ်နေသရွေ့ ယွမ် ၁၀,၀၀၀ ထက် နည်းသောအကြွေးသည် မြန်မြန်ကြေအောင် ဆပ်နိုင်မည်ပင် ဖြစ်သည်။

ဝမ်ကျစ်ချူးသည် နှုတ်ခမ်းကိုစူလျှက် "နတ်သူငယ်လေး"

[စနစ် : ဘာဖြစ်လို့လဲကောင်လေး]

"ဖုန်းတစ်လုံးဝယ်နိုင်ဖို့ မင်းရဲ့အရင်Host က တာဝန် ဘယ်နှစ်ခုတောင် လုပ်လိုက်ရလဲ"

[စနစ် : တစ်ခု]

ဝမ်ကျစ်ချူးသည် ပြန်တွေးမိသွားသည်။ သူသည်ပထမဆုံးတာဝန်မှာ ယွမ် ၁၀ သာရသည်။ "ဘာလို့ မင်းရဲ့ အရင်လူက တာဝန်ပြီးတာ ကို အဲ့လောက်တောင် ပိုက်ဆံရရတာလဲ"

[စနစ် : မဟုတ်ဘူး။ အကုန် ယွမ် ၁၀ ပဲ]

ဝမ်ကျစ်ချူး နားမလည်နိုင်ဖြစ်သွားသည်။ "သူ ဒီကမ္ဘာကို ရောက်လာတုန်းကများ ပိုက်ဆံတွေယူခဲ့လို့ လား"

[စနစ် : သူက ဆယ်ဒေါ်လာပေါက်တဲ့ ထီလက်မှတ်ကို ဝယ်လာခဲ့တာ။"

ဝမ်ကျစ်ချူး : ...

[စနစ် : တစ်သောင်းပေါက်သွားတာပေါ့]

ဝမ်ကျစ်ချူးမှာ ထိုစကားကို ကြားလိုက်ရသောအခါ အနည်းငယ်လှုပ်ရှားသွားသည်။ ကောင်းကင်ကြီး ကြည်လင်သွားပြီး မိုးတိတ်သွားရင်တော့ [ကိစ္စတွေအားလုံး ရှင်းလင်းသွားရင်] သူလဲ ဒါကို စမ်းသပ်ကြည့်သင့်သည်။

ဝမ်ကျစ်ချူးသည် ပါးစပ်ထောင့်လေး တစ်နေရာတွင် အပြုံးရိပ်သမ်းသွားသည်။ ကြိုးစားကြည့်ချင် သောအသံဖြင့် "အဲ့ဒါဆိုရင် ငါ..."

[စနစ် : သင်နဲ့ထိုက်တန်လို့လား]

"..."

"ယဉ်ယဉ်ကျေးကျေးပြောပါလား"

[စနစ် : သင့် ကံကောင်းပုံမျိုးနဲ့ဆို ယွမ် ၁၀ လည်း ပလုံ သွားမှာပဲ။]

ဝမ်ကျစ်ချူးသည် နေရာတွင် ခဏမျှငြိမ်သက်သွားသည်။ နတ်သူငယ်ပြောသည်မှာ ကျိုးကြောင်း ဆီလျော်နေသည်ဟု ထင်ရသည်။ တိတ်ဆိတ်စွာပင် သူထုတ်ယူလိုက်သော ယွမ် ၁၀ ကို အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

[စနစ် : ဒါပေမယ့် သိပ်စိတ်မပူပါနဲ့။ အနာဂတ်မှာ ဆုတွေက သေချာပေါက် တိုးတိုးရလာမှာပါ။]

ဝမ်ကျစ်ချူးသည်‌ ခေါင်းငြိမ့်လိုက်သည်။ အကြွေစေ့များကို ထုတ်ပြီးနောက် ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်။

ချင်ကျားရှုရဲ့လက်ကိုင်ဖုန်းအတွက် အကြွေးဆပ်ဖို့ကို နောက်ပိုင်း ပိုက်ဆံ အဆင်ပြေလာမှသာ ဆပ်ရန် ရေရှည်အစီအစဉ် အဖြစ်သာ ထားလိုက်သည်။ ထီလက်မှတ် ဝယ်ယူခြင်းထပ် နွေရာသီကျောင်းပိတ်ရက်တွင် အလုပ်လုပ်နေခြင်းက သူ့အတွက်ပို သင့်တော်သည်။

ဝမ်ကျစ်ချူးသည် ကားပေါ်မှဆင်းပြီးနောက် အသီးနှင့်ဟင်းသီးဟင်းရွက်ဆိုင်ထဲသို့ ဝင်သွားပြီး ဟင်းသီးဟင်းရွက်အနည်းငယ် နှင့် ခေါက်ဆွဲတို့ကို ညစာအတွက် ဝယ်ယူလိုက်သည်။

အိမ်ထဲသို့ ခြေလှမ်း အနည်းငယ်ဝင် ပြီးသည့်နောက်တွင် သူ့ခြေလှမ်းများ ရုတ်တရက် ရပ်သွားသည်။ သူ မနက်ခင်း ထွက်လာခဲ့ချိန်တွင် ပြတင်းပေါက်အား လေဝင်လေထွက် ကောင်းစေရန် ဖွင့်ထားခဲ့ပြီး ခြင်လုံဇကာကိုသာပိတ်ထားခဲ့သည်။

အခုအခါ ခြင်လုံဇကာသည် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျ လျက်ရှိသည်။ ယခုဆို ညနေခင်း ၆ နာရီမျှရှိနေပြီ။ 'ဘယ်အချိန်ထဲက အဲ့ဒါ ပြုတ်ကျနေလဲမသိပေ၊ သေချာတာကတော့ ခြင်အများကြီး အိမ်ထဲ ဝင်နေလောက်ပြီ။'

ဝမ်ကျစ်ချူးမှာ ချက်ချင်း ငြိမ်သက်သွားကာ စိတ်ထဲတွင် ထီလက်မှတ်ကို ဝယ်ဖို့ သင့်မသင့် တွေးတောရင်း တိတ်ဆိတ်နေသည်။

သူသည် ထီပေါက်နိုင်လောက်အောင် ကံမကောင်းပေ။

'ထို့ကြောင့် တိတ်တဆိတ်ပဲ စိတ်ထဲတွင် ဖြေသိမ့်လိုက်သည်။ ခြင်တွေက ခြင်တွေပါပဲ။ အနည်းဆုံးတော့ သူတို့က ပိုးဟပ်တွေ ထက်သာပါ သေးတယ်'

သူသည် ပြတင်းပေါက်နားသို့ သွားကာ ပိတ်လိုက်သည်။ သူ့လွယ်အိတ်ထဲမှ သူမနက်က စားဖို့အချိန် မရှိလိုက်သောကြောင့် ကျန်နေသာ ပေါက်စီများကို ထုတ်လိုက်ပြီး ပြန်နွေးလိုက်သည်။ ထို့နောက် ညစာအတွက် ရိုးရိုးရှင်းရှင်း အသီးအရွက် ခေါက်ဆွဲပြုတ်ကို ပြင်ဆင်လိုက်သည်။

ညစာစားပြီးနောက် ဝမ်ကျစ်ချူးသည် စာစတင်လေ့လာသည်။ ညနေခင်းကိုယ်ပိုင် စာကြည့်ချိန်အတန်းကို မတက်ခဲ့သည့်အတွက် သူသည် အိမ်မှာ စာပြန်လေ့လာရသည်။

အိပ်ယာမဝင်ခင် ဝမ်ကျစ်ချူးသည် မေးလိုက်သည် "နတ်သူငယ်လေး၊ မနက်ဖြန် တာဝန်တစ်ခုခုများ ရှိလား"

[စနစ် : ရှိတယ်။ သင်လုပ်ချင်စိတ်ရှိနေသရွေ့။ အကန့်အသတ်မရှိတဲ့ တာဝန်တွေ မင်းကို ပေးလို့ရတယ်]

ဝမ်ကျစ်ချူး မနက်ဖြန် လုပ်ရမည့် တာဝန်ကို နားထောင်ပြီးမှပဲ ထပ်စဥ်းစားတော့မည်ဟု ဆုံးဖြတ်ကာ ဘာမှ ထပ်မပြော တော့ပေ။

သို့သော် နောက်နေ့တွင် နတ်သားလေးထံမှ တာဝန် ရောက်မလာခင် အဲ့ဒီအစား ဌာနမှူး က သူ့ကို စောင့် ကြိုနေသည်။

မနက်ပိုင်း ဒုတိယအချိန်သည် အတန်းပြီးသောအခါ လေ့ကျင့်ခန်းလုပ်ရန်ပေးသော အားလပ်ချိန် ဖြစ်သည်။ ဝမ်ကျစ်ချူးသည် အခြားလူများနှင့် အတူတူ အားကစားလုပ်ရန် ပြင်ဆင်နေချိန်တွင် အတန်းခေါင်းဆောင်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။

အတန်းခေါင်းဆောင်သည် ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလာသည်။ "ဌာနမှူးက မင်းကို ရုံးခန်းကို လာဖို့ ပြောသွားတယ်"

ဝမ်ကျစ်ချူးသည် အံ့ဩသွားပြီး "ငါ့ကို?"

"အေးဟုတ်တယ်၊ မင်းကို"

အတန်းခေါင်းဆောင်မှာ ထိုသို့ပြောပြီး နောက်ထွက်သွားသည်။

ဝမ်ကျစ်ချူးသည် သက်ပြင်းချလိုက်ပြီး နောက်ထပ် ဘာတွေများ ဆက်ဖြစ်မလဲ တစ်ယောက်တည်း တွေးနေမိသည်။ ထို့နောက် ရုံးခန်းသို့ သွားလိုက်သည်။

[စနစ် : ကောင်လေး သင်ဘာပြောရမလဲ တွေးထားပြီးပြီလား]

ဝမ်ကျစ်ချူးမှာ မှိုင်တွေလျက် "ဟင့်အင်း"

နတ်သူငယ်လေးမှာလည်း အသည်းအသန် တွေးတော ပေးနေသည်။

[စနစ် : တကယ်လို့ အလုပ်မဖြစ်ခဲ့ရင် သင့်အိမ်သားတွေ ဖျားနေတယ်လို့သာ ပြောလိုက်]

ဝမ်ကျစ်ချူး : "ငါ့အိမ်မှာ ဘယ်သူမှမှမရှိတာ"

[စနစ် : ...]

ရှိခဲ့မည်ဆိုရင်လည်း အဲ့ဒါက လူ တော့ မဟုတ်ဘူး။

ဝမ်ကျစ်ချူး အခန်းတံခါးဝ ရှေ့တွင်ရပ်ကာ တံခါးကိုခေါက်လိုက်သည်။ ထို့နောက် "ဝင်လာခဲ့" ဆိုသော အသံကို ကြားရပြီးနောက် သူသည် ကျောင်းဝတ်စုံအား သပ်ရပ်အောင်ပြင်ဆင်လိုက်ကာ အထဲ သို့ဝင်သွားသည်။

ဒါပေမယ့် အခန်းထဲကို ကြည့်လိုက်တဲ့အခါ အနည်းငယ် တွန့်သွားသည်။ ရုံးခန်းထဲမှာ လူငါးယောက်၊‌ ခြောက်ယောက်လောက် ရှိနေသည်။ အကုန်လုံးက မနေ့က အတန်းပြေးတဲ့ လူတွေချည်းပဲ ဖြစ်သည်။ ပြီးတော့ ညနေခင်း ကိုယ်ပိုင် စာလေ့လာချိန် မလာတဲ့လူတွေလဲ ပါသည်။

သို့သော် ကျောင်းပြေးသည့် သူများထဲတွင် ချင်ကျားရှုတစ်ယောက်တည်းသာ ရုံးခန်းသို့ မလာရပေ။

အကုန်လုံး ရောက်ရှိသောအခါ ဌာနမှူးက စပြီး ဆုံးမဩဝါဒ ပြောကြားလေသည်။

"မင်းတို့တွေ တနင်္လာနေ့မှာ နိုင်ငံတော်အလံကို တင်ပြီး ဘာတွေပြောကြလဲ။ ကိုယ်ကျင့်တရားတွေကို ကြပ်ကြပ် မတ်မတ် ကောင်းအောင် ထားရမှာ မဟုတ်ဘူးလား။ အထူးသဖြင့် အတန်းပြေးတာတွေ၊ ကျောင်းပြေးတာတွေ၊ ညနေခင်း ကိုယ်ပိုင်စာ လေ့လာချိန် ကိုပြေးတာတွေ။ ငါစင်ပေါ်မှာ ဒီကိစ္စတွေ ကို အလေးထားပြီး ပြောခဲ့တယ် မင်းတို့တွေပဲ ဒီစကားတွေကို ချိုးဖောက်ဖို့ လုပ်နေကြတယ်။ ကိုယ်တိုင် ဘာလုပ်နေကြသလဲ ဆိုတာကို မင်းတို့ကောင်တွေ မသိဘူလား"

အသက်လေးဆယ် ကျော်ခန့်ရှိ တဲ့ဌာနမှူးမှာ ဒေါသထွက်ထွက်ဖြင့် ကျောင်းသားများအား တစ်ယောက်ပြီး တစ်ယောက် ခေါင်းကို လိုက်ရိုက်သည်။ ဝမ်ကျစ်ချူးမှာ သူ့ကိုမြင်လိုက်ရသောအခါ ဇက်ကိုပုထားပြီး သူ့အင်အားတွေကို လျော့ထားလိုက်တယ်။

"မင်းတို့က ကျောင်းစည်းကမ်းတွေကို ဖောက်ဖျက်နေတာပဲ"

ကျိဖုန်းချန်ဟာ အိတ်ကပ်ထဲ လက်ထည့်ထားပြီး သူ့ဘေးနားတွင် လာရပ်နေသည်။

"ကျိဖုန်းချန်!"

ရုတ်တရက် အခေါ်ခံလိုက်ရသောအခါ ကျိဖုန်းချန်က မတ်မတ်ရပ်လိုက်ပြီး "ဒီမှာပါ"

"ငါ့ကိုပြောစမ်း၊ မင်း မနေ့ညက ဘာတွေလုပ်နေလဲ"

ကျိဖုန်းချန်ဟာ တွန့်ဆုတ်သွားပြီး "ကျွန်တော့်အစ်ကို ဖျားနေလို့ပါ"

ဌာနမှူးက လက်ကို မြှောက်လိုက်ပြီး ပြောလိုက်တယ် "အဖျား...၊ ဘာကို အဖျားလဲ။ မင်းအစ်ကိုက တစ်လမှာ ရှစ်ခါလောက် ဖျားနေတာလား၊ ဒါကို မင်းအစ်ကိုရော သိရဲ့လား"

"ငါ့ကိုပြောစမ်း၊ မင်းမနေ့က အင်တာနက်ဆိုင်သွားတာမဟုတ်လား"

ကျိဖုန်းမှာ ခဏလောက် အရိုက်ခံ လိုက်ရပြီးနောက် ခေါင်းတွေကုတ်ကာ "ဟုတ်၊ ဟုတ်ပါတယ်"

ဝမ်ကျစ်ချူးဟာ ဘေးကို ကြည့်နေရင်းနဲ့ တံတွေးမျိုချလိုက်သည်။ သူ့အလှည့်တွင် ဘယ်လိုဖြစ်မလဲ တွေးနေမိသည်။

နတ်သူငယ်လေးက တိုးတိုးတိတ်တိတ်လေး သူ့အားဒီစကားကိုပြောသည်။

[စနစ် : ငါမင်းကိုအခုပဲပေးလိုက်တဲ့ အိမ်က မိသားစုတွေ ဖျားနေတဲ့ဆင်ခြေကိုမသုံးနဲ့တော့]

ဝမ်ကျစ်ချူး : ...သူသည်လည်းထိုအစီအစဉ်ကို အစတည်းက သုံးဖို့မတွေးထားခဲ့ပေ။

ဌာနမှူးက ကျိဖုန်းချန်သည် အပြစ်ဝန်ခံမှုကို ကြားရပြီးသည့် နောက်တွင် "ပြန်တော့၊ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တဲ့ စာကို စာလုံးရေ ၅,၀၀၀ ရေးလာပြီး တနင်္လာနေ့ကျရင် အလံတိုင်အောက်မှာဖတ်ရမယ်"

ကျိဖုန်းချန်က မယုံသင်္ကာဖြစ်သွားပြီး "စာလုံးရေ ငါးထောင်တောင်" ဟုရေရွတ်မိသည်။

သူ့မှာ အသက် ၈ သက်ရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒီလောက် စာလုံးရေကို ရေးဖူးမှာမဟုတ်ဘူး။

ဌာနမှူးက မျက်မှောင်ကြုတ်လိုက်ပြီး "မင်းရေးမှာလား မရေးဘူးလား"

ကျိဖုန်းချန်မှာကြောက်လန့်သွားပြီး တိုးတိုးလေးပြောလိုက်တယ် "ရေး၊ ရေးပါမယ်၊ မရေးဘဲနေလို့ မှမရတာ၊ ဆရာပြောပြီးပြီပဲ မဟုတ်လား"

စကားပြောပြီးနောက်၊ သူသည် ရုံးခန်းထဲမှ ထွက်သွားပြီး အပြင်မရောက်ခင် အခန်းထဲကို တစ်ချက် လှမ်းကြည့်လိုက်သည်။

အို၊ အဲ့ဒီစိတ်ရှုပ်စရာကောင်းတဲ့ ကောင်လဲ ရှိနေတာပဲ။

အခန်းထဲသို့ ပြန်ရောက် ပြီးသည့်နောက်တွင် ကျိဖုန်းချန်သည် ထိုင်ခုံမှာထိုင်လိုက်သည်။ သူသည် အခြားတစ်ယောက်အား ပိုက်ဆံပေးပြီး စာလုံးရေ ၅,၀၀၀ ပါစာကို ရေးခိုင်းရန် သင့် မသင့်တွေး နေသည်။

ချင်ကျားရှုမှာ ရုံခန်းသို့ အခေါ်မခံရသည့် အကြောင်းအရင်းမှာ သူသည် ကျောင်း၏ အတော်ဆုံး ကျောင်းသား သုံးယောက်မှာ ပါဝင်သောကြောင့် ဖြစ်သည်။

ထိုသို့သော ထူးချွန်ကျောင်းသားများ အတန်းပျက်လျှင် ကျောင်းပြေးခြင်း မဟုတ်တော့ပဲ အပန်းဖြေရန် အပြင်ခဏထွက်ခြင်း ဖြစ်သွားသောကြောင့် ဖြစ်သည်။

သူတို့ စာလေ့လာမှုကို မထိခိုက်သမျှ ကာလပတ်လုံး သူတို့၏ အပြစ်အား ဌာနမှူးက မျက်ကွယ်ပြုပေးထား လိမ့်မည်ပင်။

ထို့အပြင် ချင်ကျားရှုသည် ကျောင်းပြေးခြင်း၊အင်တာနက်ဆိုင်သွားခြင်း စသည့်ကိစ္စမျာကို အတော်လေး သိုသိုသိပ်သိပ် လုပ်ဆောင်သည်။ ကျိဖုန်းချန် လုပ်သကဲ့သို့  ပြောင်ပြောင်တင်းတင်း မလုပ်ဆောင်ပေ။

အားကစားအချိန် ပြီးသောအခါ Activity အချိန် ရောက်လာပြီး ချင်ကျားရှုမှာ ရေသောက်ဖို့ ပြန်လာသည်။

ကျိဖုန်းချန်သည် သူ့လူပြန်လာသည်ကိုတွေ့သောအခါ အပြေးသွား၍ ပုခုံးကိုဖက်ကာ "ငါအခုပဲ ဘယ်သူ့ကိုတွေ့ခဲ့လဲမှန်းစမ်း"

ချင်ကျားရှု : "ဘယ်သူလဲ"

"စိတ်ရှုပ်ဖို့ ကောင်းတယ်" ဆရာကြီးကျီဖုန်းက ပြောလာသည်။ "သူက အခု ဌာနမှူး ရုံးခန်းထဲမှာ၊ မင်း မနေ့က မတွေ့ခဲ့ဘူး ဆိုရင်လည်း မင်း သေချာပေါက် ဒီနေ့ တွေ့ရမှာပဲ။ သူက မင်းကို လိုက်နှောင့်ယှက်နေမှာ မယုံရင် စောင့်ကြည့်နေလိုက်"

ချင်ကျားရှုက ကျိဖုန်းချန်၏ လက်ကိုဖယ်ထုတ်လိုက်ပြီး "ငါ သူ့ကို မနေ့က တွေ့ခဲ့တယ်"

ကျိဖုန်းချန်က နောက်ပြန်ဆုတ်သွားပြီး "မင်းတွေ့တာလား။ ဘယ်တုန်းကလဲ"

ချင်ကျားရှု က ခုံအောက်က ပစ္စည်းထည့်သည့် အကန့်ထဲမှာ ရှိတဲ့ဖုန်းအသစ်ကို လက်ညှိုးထိုးပြသောအခါ ကျိဖုန်းချန် ချက်ချင်း နားလည်သွားသည်။

"ဟားဟားဟား၊ ငါက မင်း ဘာကြောင့် ဖုန်းချက်ချင်း ပြောင်းလိုက်တာလဲလို့ တွေးနေတာ။ အဲ့ဒါက အဲ့ဒီ ကောင်လေး လုပ်လိုက်တာ မဟုတ်လား?"

ချင်ကျားရှု စကားဆက် မပြောတော့သောအခါ ကျိဖုန်းချန်က စကားလမ်းကြောင်း လွှဲလိုက်ပြီး "မနေ့က အရမ်း မိုက်တာ၊ ငါတို့ဒီနေ့ ထပ်သွားကြမလား၊ ဘယ်လိုလဲ"

"ဟင့်အင်း၊ နောက်တစ်ခေါက်မှ သွားကြတာပေါ့"

သို့သော် နောက်တစ်ခေါက် ဘယ်တော့ဖြစ်မည် ဆိုတာပြောရ ခက်သည်။ သူ့တို့နှစ်ယောက်သည် ငယ်စဉ်ကတည်းက ပေါင်းလာခဲ့ သော်လည်း ချင်ကျားရှုမှာ အရာရာကို သေချာ စီစဉ်တတ် သူဖြစ်သည်။ ထိုနောက်တစ်ခါ သည် သိပ်မကြာသော အချိန်တွင် သွားဖြစ်မည်ဆိုရင် အတော်ကောင်းနေပြီ ဖြစ်သည်။

ကျိဖုန်းချန်သည် လက်တွေကိုဖြန့်လိုက်ကာ "ကောင်းပြီ၊ မင်းသွားချင်လာတဲ့အခါ၊ ငါ့ကိုအရင် ပြောဖို့မမေ့နဲ့၊ ငါချိန်းပေးမယ်"

---

ကျိဖုန်းချန် ထွက်သွားသောအခါ ဌာနမှူးမှ စတင်ပြီး လက်ချာများကို တစ်ယောက်ပြီး တစ်ယောက် ဆက်လက် ပို့ချနေသည်။ ဝမ်ကျစ်ချူးသည် နောက်ဆုံးမှ ရောက်သူဖြစ်သောကြောင့် သူ့အလှည့်သည် နောက်ဆုံးဖြစ်သည်။

ကျောင်းသားများ တစ်ယောက်ပြီး တစ်ယောက် ဆုံးမခံနေရသည်ကို ကြည့်နေရင်း သူသည် ခဏတော့ ကြောက်လန့်သွားသည်။ တစ်ယောက်ပြီး တစ်ယောက်ဆုံးမ ခံပြီးသောအခါ ရုံးခန်းထဲတွင် သူ တစ်ယောက်သာကျန်ခဲ့သည်။

စကားအရမ်းပြောခဲ့ရသောကြောင့် ဌာနမှူးမှာ ပင်ပန်းစွာပင် လက်ဖက်ရည်ကို အနည်းငယ်သောက် လိုက်ပြီး ဝမ်ကျစ်ချူးအား ကြည့်လိုက်သည်။

"ဝမ်ကျစ်ချူး"

ဝမ်ကျစ်ချူးက ချက်ချင်းပြန်ဖြေသည်။ "ဟုတ်ကဲ့၊ ဒီမှာပါ"

"မတ်မတ်ရပ်စမ်း"

သူ မတ်မတ် ရပ်လိုက်သည်။ သူသည် ကလေးဘဝတုန်းကတည်းက အကျင့်ဆိုးတစ်ခုရှိသည်။ လမ်းလျှောက်တိုင်း သူသည် ခေါင်းကို ငုံ့ကာ ကိုယ်ကို ကိုင်းလျက် လျှောက်သည်။ သူပုံမှာ အနိုင်ကျင့်ခံရပြီး ပိုက်ဆံ အခိုးခံလိုက်ရသူနှင့် တူသည်။

ဌာနမှူးမှာ သူ့ကို ကြည့်ကာပြောသည်။ "မင်း ကျောင်းကို အရင်တစ်ပတ်လုံး မလာခဲ့တာ ငါဘာမှ မင်းကို မပြောခဲ့ဘူး၊ ငါမနေ့က မင်းကို အတန်းထဲမှာ တွေ့တော မင်းနဲနဲ တိုးတက်လာပြီ ထင်ခဲ့တာ၊ အရင်လို အကျင့်တွေရှိနေဦးမယ်လို့ ဘယ်သူထင်မှာလဲ"

သူများများ ပြောလေ သူ ပိုစိတ်တို လာလေဖြစ်သည်။ အထက်တန်းကျောင်း ဒုတိယနှစ်တစ်နှစ်လုံးတွင် သူသည် ဝမ်ကျစ်ချူးနှင့် ပတ်သတ်၍ စိတ်အပူဆုံးဖြစ်ခဲ့ရသည်။

ဒီနေ့တော့ ဒီကလေးရဲ့ အပြုအမူတွေက အရင်ကထက် ပိုကောင်းနေခဲ့သည်။ အကယ်၍ အရင်ကလိုသာ ဒီကောင်လေးဟာ စိတ်မရှည်ဘဲ ထွက်သွားခဲ့လျှင် သူ ဂရုတောင်စိုက် တော့မည်မဟုတ်ပေ။

"မင်းမနေ့က မင်းမဟုတ်တဲ့ အတိုင်းပဲ ညနေခင်းစာကြည့်ချိန်ကို လာပြီး စာလုပ် ဟန်ဆောင် မယ်ဆိုရင် မင်း ဆက်ပြီး ဟန်ဆောင် နေသင့်တယ် ။ အခုတော့ မင်းက ငါ့ဆီလာပြီး အသည်းအသန် ညနေခင်းကိုယ်ပိုင် စာလေ့လာ ချိန်တက်ရောက်ဖို့ မင်းနာမည်ကို ထည့်ပေးဖို့ လာပြောတယ်၊ ဒါကို မင်းက အတန်းပျက် ရဲတာလား။ မင်းက ငါ့ကို အရေးမပါဘူးလို့ ထင်တာလား"

ဝမ်ကျစ်ချူးက ခေါင်းကိုငုံ့၊ ဇက်ကိုပုလျက် "ဟုတ်..."

"ကျွန်တော့်အမှားပါ"

"..."

ဌာနမှူးက အသက်ပြင်းပြင်းရှူချလိုက်ကာ "ငါ မင်းနောက်ထပ် လုပ်ရဲတယ် ဆိုတာ မသိဘူးလို့ ထင်နေတာလား"

ကျစ်ချူးက ပြန်ပြောဖို့ ကြိုးစားနေစဉ်မှာပင် ဌာနမှူးက ထပ်ပြောတယ် "ငါက မင်းဗိုက်ထဲက သန်ကောင် ပဲ"

ဝမ်ကျစ်ချူး : "..."

ဒါက အရမ်း ရင်းနှီးနေတဲ့ ဆက်ဆံရေးမျိုးမှ သိတာလေ။

[စနစ် : ဌာနမှူးအတွက်လည်း မလွယ်ပါဘူး။ ကျောင်းသားတွေကို ဆုံးမရတာက ရန်သူကို တစ်ထောင်ကိုထိခိုက်စေပြီး သူ့တို့ ကိုယ်သူတို့ ရှစ်ရာလောက်ထိခိုက်စေတယ်]

ဝမ်ကျစ်ချူးသည် လက်ဝါနှစ်ဖက် က ယှက်လျက်ဆုပ်ကိုင်လိုက်ပြီး အရိုးသားဆုံး သူ့အမှားကို ဝန်ခံလိုက်သည်။

"ဆရာ...ဆရာ၊ နောက်တစ်ခါ မဖြစ်စေရတော့ပါဘူး။ နောက်ထပ် ထပ်မလုပ်ရဲ တော့ပါဘူး"

ကောင်လေးသည် ခေါင်းကိုငုံကာ သူ့အမှားကို သူတကယ် သိနေသကဲ့သို့ မျက်နှာပေါ်တွင်လဲ သူ့ကိုယ်သူ အပြစ်တင်နေဟန်ဖြင့် ပါးစပ်မှလဲ တတွတ်တွတ် ပြောနေသည်။

ဒီလိုမျိုး ဝမ်ကျစ်ချူးထံမှ သူ့အမှားကို ရိုသေကျိုးနွံစွာဝန်ခံ တောင်းပန်နေသည်ကို ဌာနမှူး သည် ပထမဆုံး မြင်ဖူးရခြင်းဖြစ် သည်။ ယခင်က ကဲ့သို့ ရေနွေးပူကို မကြောက်တဲ့ သေနေတဲ့ဝက် လိုမျိုးလူနဲ့ လုံးဝမတူတော့ ပေ။

ကောင်လေး၏ လက်ရှိမိသားစု အခြေအနေသည် ရုတ်တရက် စိတ်ထဲတွင်ပေါ်လာပြီး သူသည် ပြင်းပြင်းထန်ထန် ဘာမှမပြောတော့။ တကယ်တော့ ဒီကောင်လေးသည်လည်း အခုအချိန်ဂရုစိုက် ပေးဖို့ လိုအပ်နေသော ပြဿနာများနှင့် ကျောင်းသားလေးဖြစ်သည်။

သူ၏လေသံမှာလည်း တဖြည်း ဖြည်းပျော့ပြောင်းလာကာ "မင်း ကိုယ့်အမှားကို သိမယ်ထင်တယ်"

ဝမ်ကျစ်ချူးက‌ ခေါင်းငြိမ့်ပြသည်။

"မင်းဘယ်လို အမှားပြင်မလဲ ငါ့ကိုပြော"

"နောက်ကို အတန်း မပြေးတော့ဘူး...နောက်မကျတော့ဘူး။ စာသေချာ လေ့လာပြီး အခြေအနေ လည်း နေ့တိုင်း တိုးတက်စေရပါမယ်"

ဌာနမှူး : "မင်း ပြောတာနော်၊ မင်း အတန်း ၉ ကမုံ့ယန် ကိုလိုက်နေသေးလား"

ဌာနမှူး က ကျောင်းရှိ အဖြစ်အပျက် အားလုံးကို သိနေသူတော့ မဟုတ်ပေမယ့် မူရင်းပိုင်ရှင်ကသာ တခြားသူများအား လိုက်ရာတွင် အတော်လေး ပြောင်ပြောင်တင်းတင်း လုပ်လွန်း၍ ဖြစ်သည်။

ဝမ်ကျစ်ချူး ထိုစကားကို ကြားပြီးနောက် အလျင်အမြန် ခေါင်းခါလိုက်ကာ "မဟုတ်ပါဘူး၊ မလိုက်ပါဘူး၊ ကျွန်တော် နားလည် သွားပါပြီ"

ဌာနမှူးက သူ့ကို အံ့အားသင့်စွာနဲ့ ကြည့်ကာ "မင်းတကယ် နားလည် သွားတာလား"

ကောင်လေးမှ ခေါင်းငြိမ့်ကာ "တကယ်တော့... စာလေ့လာတာ ပိုအရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်"

"တကယ်တော့ မုံ့ယန် ဘယ်လောက်ချောချော၊ သူ့ကို အကြိမ်တစ်ရာလောက် ကြည့်နေလဲ သူက ကျွန်တော့်အပိုင် မဖြစ်လာပါဘူး၊ ဒါပေမယ့် ကျွန်တော်စာအုပ်ကို အကြိမ်တစ်ရာလောက်ဖတ်ရင် တော့ ဗဟုသုတတွေက ကျွန်တော့်အပိုင် ဖြစ်လာပါလိမ့်မယ်"