ကျိဖုန်းချန်၏နှုတ်ခမ်းထောင့်စွန်းသည် အနည်းငယ်မျှတွန့်သွား၏။ သူသည်အံကိုကြိတ်၍ အသံခပ် တိုးတိုးဖြင့်ပြောသည် “ငါ့ကို နည်းနည်းလောက် ထပ်ပြောပေးစမ်း!”
ဝမ်ကျစ်ချူးသည် သူ့အားရှက်ရွံ့စွာ ကြည့်လိုက်သည်။
ကျိဖုန်းချန်မှ မျက်မှောင်ကြုတ်ကာ “ မြန်မြန်လုပ်စမ်း။ မင်းမလုပ်ချင်ဘူးလား?”
ဝမ်ကျစ်ချူးသည် နှုတ်ခမ်းစူလိုက်ကာ “အဲ့ဒါ…အဲ့ဒါက နောက်ထပ် စျေးနှုန်းတစ်ခု ကျသင့်ပါမယ်”
“…”
သူအခုလို အော်လိုက်တာကြောင့် ဒီစိတ်ရှုပ်စရာ မှင်စာကောင်က စိတ်ထဲတွင် တေးမှတ် ထားထားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ဌာနမှူး သူတို့နှစ်ယောက် အား လှမ်းကြည့်နေသည့်ကို တွေ့လိုက်ရသောအခါ ကျိဖုန်းသည် သွားကိုကြိတ်လျက် “ငါမင်းကို နောက်မှ နောက်ထပ် ၂၀၀ ထပ်ပေါင်း ပေးမယ်”
ဝမ်ကျစ်ချူး ကြားလိုက်ရသောအခါ မျက်လုံးတွေ အရောင်တောက်သွားပြီး “အင်း…အင်း”
ထိုနောက် သူသည်အသံ တိုးတိုးဖြင့် သတိပေးလိုက်သည် “ကျီ…ကျီ နေလောင်ခံလိမ်းဆေး”
ကျိဖုန်းချန်သည် စာပိုဒ်အများစု အားရွတ်ဆိုနေသည်မှာ နောက်ထပ်ငါးမိနစ်နီးပါး ကြာမြင့်သွားသည်။ အခြားလူများသည်လည်း စာဖတ်၍ ပြီးသောအခါ ကျစ်ချူးကို သူ့ဆီသို့ လာခဲ့ရန် သတိပေးလိုက်သည်။
ဘေးနားမတ်တပ်ရပ်နေရင်း ဆရာကြီး ကျိဖုန်းသည် သက်ပြင်းချလိုက်မိသည် သို့သော် သူ့ခေါင်း ကိုတစ်ဖက်သို့လှည့်လိုက်သည် နှင့်တစ်ပြိုင်နက် ဌာနမှူးရဲ့ သေစေလောက်သည့် အကြည့်များနဲ့ရင်ဆိုင်လိုက်ရသည်။
ဌာနမှူး : “မင်းဖတ်ပေးဖို့အတွက် သူ့ကိုရေးခိုင်းခဲ့တယ်မဟုတ်လား”
ကျိဖုန်းချန် : ….
ပိုက်ဆံသုံးလိုက်ပြီး လုံးဝ အပြစ်ဖြစ်သွားတာပဲ။
ကျိဖုန်းချန် ထွက်သွားပြီး သည့်နောက်တွင် သူ့အလှည့်သို့ ရောက်လာသည်။ ဝမ်ကျစ်ချူးသည် စိတ်မလှုပ်မရှားပဲမနေနိုင်။ သူ၏ လက်ကိုမြှောက်ကာ မိုက်ခရိုဖုန်းအား သူနှင့်သင့်တော်သော အမြင့်ရောက်အောင် ချိန်ညှိလိုက်သည်။ သို့သော် သူ၏လက်များသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်နေသည်။
နွေရာသီသည် ပူပြင်းသလို လူတွေ စိတ်မြန်လက်မြန် လုပ်တတ်သည်မှာလည်း မလွဲမသွေပင်။
သူသည် မိုက်၏အမြင့်အား အနည်းငယ်မျှ မချိန်ညှိနိုင်ဖြစ်သွားပြီး လုပ်နေသည့် အချိန်မှာလည်း အနည်းငယ် ကြာမြင့်လာသည့်အခါ စင်အောက်မှ ပရိသတ်၏အသံတစ်ချို့ထွက်ပေါ်လာသည်။
“ဘာမှဆက်မပြောနဲ့တော့။ နွေလယ်ခေါင်ကြီးမှာ ငါတို့ဒီ မှာလာရပ်နေရတာ။ ပူလွန်းလို့ သေတော့မယ်”
“စင်ပေါ်ကလူတွေ စကားပြောပြော မပြောပြော၊ ဝန်ထမ်းတွေနဲ့ စီစဉ်ရတဲ့လူတွေက နေပူခံ နေရတယ်”
“အဲ့ဒီစင်ပေါ်မှာဘယ်သူလဲ၊ မင်းလုပ်ရော လုပ်နိုင်သေးလား”
“ဝမ်ကျစ်ချူးလေ၊ စီနီယာ ဒုတိယနှစ်ကျောင်းသားပေါ့”
“သူ၊ ဒါဆို အဆင်ပြေပါတယ်”
“စင်ပေါ်မှာသူလေ၊ မင်းငါ့ကို စိတ်ကောင်းကောင်း ထားရမယ်လို့ ပြောတယ်ဆိုရင်၊ ငါက သူနောက်ထပ် ဘာဆက်ပြောမလဲဆိုတာ နားထောင်ကြည့်မယ်လေ။ ဟား ဟား ဟား”
ဝမ်ကျစ်ချူးသည် မိုက်အမြင့်အား ချိန်ညှိပြီးသောအခါ သူ၏လက်ထဲတွင်ရှိသော မိမိကိုယ်ကို သုံးသပ်စာအား ကြည့်လိုက်သည်။ သူ၏ လက်ဖဝါးများမှာ သူစိတ်လှုပ်ရှားနေသောကြောင့် ချွေးများထွက်နေပြီး စာရွက်သည်လဲ သူ့ကြောင့်စိုစွတ်သွားသည်။
“အား...အားလိုး...လုံး၊ ကျွန်တော်ကတော့…” သူပါးစပ်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အသံက အဆက်မပြတ် တုန်ယင်စွာ ထွက်လာတော့သည်။
[စနစ် : လုပ်စမ်းပါ ကောင်လေး၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစမ်းပါ]
သူသည်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိချင်ပါသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ထင်မြင်ချက်စာအား ဖတ်ပြီးသည့် နောက်တွင် အရိုက်ခံရမည်ကို သူကြောက်နေသည်။
ဝမ်ကျစ်ချူးမှာ အသက်ပြင်းပြင်းရှုလိုက်ကာ “ကျွန်တော်…ကျွန်တော်ကတော့ စီနီယာတန်းရဲ့ အခန်း ၂၁ .....၁၁ တန်း...... က ဖြစ်ပါတယ်”
“ဟားဟားဟား သူဘာဖြစ်တာလဲဟ၊ သူစကားပြောတဲ့ပုံက အရမ်းရယ်ရတာပဲ”
“သူဘာလို့ ထစ်နေတာလဲ?”
“ဟားဟားဟား နောက်ထပ် ဖတ်စရာမရှိတော့ဘူးလား”
“မင်း၊ မင်း ဖတ်နိုင်ရဲ့လား?”
ပရိသတ်ထံမှာ ရယ်သံများ ပိုကြားရချိန် ဝမ်ကျစ်ချူး၏စိတ်လှုပ်ရှား၍ ဖြူဖျော့နေသော မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီး သူ၏ နှုတ်ခမ်းများမှာလည်း ခဏတာမျှ တုန်ရီသွားသည်။
ပရိသတ်ထဲတွင်ရှိသော အတန်းဖော်များကလည်း သူ့ကိုလှောင်ရယ်ကြသည်။
မျက်နှာဘေးတွင် ချွေးစီးများကျလာပြီး လူငယ်လေးသည် ခေါင်းကိုငုံ့လိုက်ကာ သူ၏မျက်လုံးများသည် ဆိုးဆိုးရွားရွားပင် တုန်ယင်နေတော့သည်။
စင်အောက်ကိုကြည့်လိုက်သောအခါ လှောင်ပြောင်၍ ရယ်မောနေသောမျက်နှာများကို မြင်ရသည်။ သူတို့၏မျက်နှာများပေါ်တွင် အရယ်အပြုံးများ ရှိနေသည်။ သို့သော် ကောင်းသော ရည်ရွယ်ချက်မျိုးနှင့်မဟုတ်ပေ။
လူတစ်ယောက်ကိုတောင် စကားပြောရသည်မှာ မလွယ်ကူသည်ကို တစ်ကျောင်းလုံး၏ရှေ့မှောက်တွင် တစ်ယောက်တည်း စာဖတ်ပြနေရသည်။
ဝမ်ကျစ်ချူး၏မျက်နှာသည် စိတ်ရှုပ်ထွေးခြင်းများနှင့်ပြည့်နှက်နေပြီး ကစားကွင်းထဲသို့ ရှက်ရွံ့စွာ ဖြင့်ကြည့်လိုက်သည်။ ကစားကွင်းထဲတွင် လူအများဖြင့် ပြည့်ကျပ်နေသည်။ သို့သော် သူနောက်တစ်ခေါက် ပြန်ကြည့်လိုက်သောအခါ ခဏ တွေဝေသွားပြီး မသိစိတ်က ဆွဲဆောင်နေသဖြင့် တစ်နေရာကို စိုက်ကြည့်လိုက်မိသည်။
အရပ်ရှည်ရှည်လူတစ်ယောက်သည် ပထမဦးဆုံးအတန်း၏ထိပ်၌ ရပ်နေသည်။ ဖြောင့်မတ်၍ ကြံ့ခိုင်သောအသွင်အပြင်ဖြင့် နေပူထဲတွင် ဂုဏ်ယူစွာ ထီးထီးကြီးပေါ်ထွက်နေသည့် ထင်းရှူးပင်ကြီးနှင့်တူ၏။
သူ၏ ချောမောသော မျက်နှာသည် အခြားသူများနှင့် ကွဲပြားနေပြီး သူ့အား လှောင်ပြောင်လိုသည့် အရိပ်အယောင် အလျဉ်းမရှိပေ။
သူ့နားပတ်ပတ်လည်တွင် ရယ်မော၍စကားပြောနေကြသည့် အသံများရှိနေသော်လည်း ချင်ကျားရှုသည် ကမ္ဘာပေါ်တွင် တစ်ယောက်တည်းကျန်ရှိနေသော လူတစ်ယောက်ကဲ့သို့ ပတ်ဝန်းကျင်မှလူများ၏ အသံများမကြားရပဲ မျက်နှာသေဖြင့် ရှိနေလေသည်။
သူသည် သူ့အား မလှောင်ရယ်ပေ။
သူ၏အသုံးမကျသောပါးစပ်၊ သူ၏အရှက်ရဖွယ်ရာလုပ်ရပ်များကြောင့် သူ့အား မလှောင်ပြောင်ပေ။
ဝမ်ကျစ်ချူးသည် ခဏတာမျှ ကြောက်လန့်ဖို့ရာ မေ့သွားပြီး ထိုသူအား နှစ်ကြိမ်မက ကြည့်လိုက်မိသည်။ မျက်ဝန်းနှစ်ခု ဆုံမိသော အခါသူသည် အလျင်အမြန်ပင် ခေါင်းငုံ့မိလိုက်သည်။ သို့သော် သူနောက်ထပ်တစ်ကြိမ် ခိုးကြည့်ဖို့ သိပ်မကြာလိုက်ပေ။
သိသာစွာပင် တခြားတစ်ယောက်သည်လဲ စကားတစ်ခွန်း ပြောမနေပေ။ ထို့ကြောင့် ဝမ်ကျစ်ချူးသည် သူ့အားကြည့်ပြီး သူ၏သုံးသပ်ချက်ကို စတင်ဖတ်လိုက်၏။
သူတစ်ကျောင်းလုံးနဲ့ မျက်နှာချင်းဆိုင်ပုံစံ မပြောနိုင်တာမို့ ချင်ကျားရှုတစ်ယောက်တည်းကိုသာ စကားပြောနေဟန်ဆောင် လိုက်တော့သည်။
“အခန်း ၁၁…၁၀…မှ ဝမ်ကျစ်ချူးပါ။ ကျွန်တော်အရင်က ကျောင်းပြေးဖူးတဲ့ အပြုအမူအတွက် ရင်ထဲမှာ နက်နက် နဲနဲ…လေးလေးနက်နက် နောင်တရနေပါတယ်.....”
စင်ပေါ်မှ ထိုသူ၏အကြည့်မှာ အလွန်ပြောင်တင်းလှသောကြောင့် ချင်ကျားရှုတစ်ယောက် သူ၏မျက်လုံးများအား ပင့်ကြည့်လိုက်သောအခါ ဝမ်ကျစ်ချူး ခဏတာ တုန်ယင်သွားသည်ကို တွေ့လိုက်ရတော့သည်။
လူငယ်လေး၏မျက်လုံးမှာ သူလက်ထဲမှ စာရွက်ပေါ်တွင်မရှိ။ သို့သော် သူ့အား မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ သူ၏မျက်နှာမှာ အထိတ်တလန့်ဖြစ်နေပြီး သူ၏မျက်လုံးများသည်လည်း ခိုကိုးရာမဲ့နေသော သတ္တဝါငယ်လေးကဲ့သို့ လန့်ဖြန့် နေသည်။
ချင်ကျားရှုသည် မျက်ဝန်းတို့ကို မှေးကျဉ်းလိုက်တော့သည်။
တစ်ဖက်လူမှာ သူအားကြောက်ရွံ့နေသည်ကို သူသေသေချာချာသိသည်။ သို့သော် သူ့အပေါ်မှ အကြည့်ကို မခွာနိုင်ဖြစ်နေသည်။
သုံးသပ်ချက် ဖတ်လို့ ပြီးဆုံးခါနီး ရောက်လာသောအခါ ကောင်လေးသည် အနားမယူပဲ ပြောနေ၍လား၊ သူစာဖတ်ခြင်း ပြီးလုနီးပြီဖြစ်၍ စင်ပေါ်မှ ဆင်းရခါနီးပြီဟူ၍ ပျော်နေ၍လား သူမသိ။ ချောမောသောကောင်လေး ၏မျက်နှာမှာ မျက်လုံးများဝင်းလဲ့နေပြီး တောက်ပသော သွားများပေါ်အောင် ရုတ်တရက်ပြုံးလိုက်သည်။
ချင်ကျုးရှု၊ သူ၏နှုတ်ခမ်းထောင့်စွန်းများသည် အနည်းငယ်ကွေးသွားကာ သူ့မျက်လုံးများတွင်လည်း အပြုံးကို မတားဆီးနိုင်ပေ။
သူ့အပြုံးကို သူ သတိထားမိသွားသော ချင်ကျားရှုမှာ မျက်မှောင်ကြုံ့လိုက်ပြီး ခေါင်းကိုလှည့်ကာ အဝေးသို့ကြည့်လိုက်သည်။
စာဖတ်၍ပြီးမြောက်သွားသောအခါ ဝမ်ကျစ်ချူးသည် သက်ပြင်းချလိုက်မိသည်။ သူ၏တစ်ဘဝလုံးစာမျှ စင်ပေါ်တွင်ကုန်ဆုံး သွားသည်ဟု ထင်ရလောက်အောင်ပင် အချိန်တွေမှာကြာမြင့်လွန်း လှသည်။
ထို့နောက် သူသည်ခေါင်းငုံ့ကာ လျင်မြန်စွာဖြင့် ကျိဖုန်းချန်၏ဘေးနားသို့သွားကာ မတ်တပ်ရပ်နေလိုက်သည်။
ကျိဖုန်း၏နှုတ်ခမ်းရှည်သည် အနည်းငယ်စူသွားသည်။ သူသည် တစ်စုံတစ်ရာကို သည်းခံနေရသည့်ပုံဖြင့် အံ့ကိုကြိတ်လိုက်ပြီး သူ၏မျက်နှာကြွက်သားများသည်လည်း အနည်းငယ်တွန့်လိမ်နေသည်။
ဝမ်ကျစ်ချူးမှာထစ်ငေါ့လျက် “မင်း…မင်း အပူလျှပ်နေတာလား”
“…” ကျိဖုန်းချန်မှာ အသက်ပြင်းပြင်းရှူလျက် “မဟုတ်ဘူး၊ မင်းကြောင့်ဖြစ်နေတာ”
ဝမ်ကျစ်ချူးမှာ နားမလည်စွာဖြင့်ကြည့်လိုက်ပြီး “ငါ့ကြောင့်?”
ကျိဖုန်းချန်သည် တစ်ဖက်လူ အခုလေးတင် ပြောလိုက်သည့်စကားအားအတုခိုးကာ “မင်းဘာလို့ အဲ့လောက် စကားထစ် နေတာလဲ”
ဝမ်ကျစ်ချူးသည် နှုတ်ခမ်းစူကာ “ငါ… စိတ်လှုပ်ရှားနေလို့”
သူပြောလိုက်ပြီးနောက် လူအုပ်ထဲမှာရှိသည့် ချင်ကျားရှုအား တစ်ချက်လှမ်းကြည့်လိုက်၏။ တစ်ဖက်လူမှာ သူ့အားကြည့်မနေသည်ကို တွေ့လိုက်ရပြီး သူ့ရင်ဘတ်ထဲတွင်ရှိသည့် အလုံးကြီးမှာလည်း ပြုတ်ကျသွားသည်။
ပြဿနာရှာသည့် ကျောင်းသားများ၏သုံးသပ်စာ ဖတ်သည့်ပွဲ ပြီးသည့်နောက်တွင် ဌာနမှူးသည် မိုက်ကိုကိုင်လိုက်ကာ စကားအနည်းငယ် ပြောသည်။ ထို့နောက် အားလပ်ချိန်အတွင်း လူစုဝေးခြင်းအား ပြန်လည်ဖြုတ်သိမ်းစေသည်။
ဝမ်ကျစ်ချူးသည် ရေသွားသောက်ရန် ပြန်သွားတော့မည့်အချိန်တွင် သူ ရုတ်တရက် တားမြစ်ခံလိုက်ရသည်။
ဌာနမှူးမှာ စဥ်းစားနေဟန် သူ့မေးစေ့အား လက်ဖြင့်လိုက်လျက် “ဆရာကြီးကျိဖုန်း၊ ဝမ်ကျစ်ချူး မင်းတို့နှစ်ကောင်ဒီကိုလာခဲ့စမ်း”
ဝမ်ကျစ်ချူး : !
သို့သော် သူမကြားချင်ယောင် မဆောင်ရဲသောကြောင့် ဝမ်ကျစ်ချူးသည် ခေါင်းကိုငုံ့ကာလမ်း လျှောက်လာသည်။
ဌာနမှူးသည် လက်ပိုက်ကာ ထိုနှစ်ယောက်အား ကြည့်လျက် “မင်းတို့နှစ်ကောင် စင်ပေါ်မှာအခု ဘာဖြစ်ခဲ့ကြတာလဲ”
ချန်ဖုန်း : “ကျွန်တော် စာမဖတ်တတ်လို့ပါ”
ဝမ်ကျစ်ချူး : “ကျွန်တော်…ကျွန်တော်ကထစ်နေလို့”
“…”
ဌာနမှူးသည် အသက်ပြင်းပြင်း ရှူချလိုက်ကာ “ဆရာကြီးကျိဖုန်း၊ မင်းက စာမတတ်ဘူးဆိုရင် မင်းဘယ်လိုလုပ် ကိုယ့်ကိုယ်ကို ဝေဖန်တဲ့စာ ကိုရေးခဲ့တာလဲ”
ကျိဖုန်းသည် ဝမ်ကျစ်ချူးအား အပြစ်ရှိသောပုံဖြင့် တစ်ချက်လှမ်းကြည့်လိုက်ကာ “ကျွန်တော် ဖောင်တိန်နဲ့ရေးပါတယ်”
“ကောင်းပြီ၊ ဝမ်ကျစ်ချူး မင်းသူ့ရဲ့ဝေဖန်စာရဲ့ခေါင်းစဉ်ကို ဘယ်လိုသိနေတာလဲ၊ မင်း သူ့အတွက် ရေးပေးခဲ့တာလား”
ဝမ်ကျစ်ချူးမှာ ခေါင်းကိုငုံ့လျက် “သေစမ်း…”
ကျိဖုန်းသည် ထိတ်လန့်လာပြီး သူ၏နှလုံးမှာ သူ၏လည်ချောင်းမှ ခုန်ထွက်တော့မလိုဖြစ်နေ၏။
ဝမ်ကျစ်ချူးမှာခက်ခက်ခဲခဲနှင့်ပြောလိုက်သည် “အမြင်အား…အရမ်း ကောင်းလို့ပါ”
ဌာနမှူး : “မင်းတကယ်ကြီး သူ့အတွက် ဝေဖန်ရေးစာကို မရေးပေးခဲ့တာအမှန်လား”
ဝမ်ကျစ်ချူးသည် အပြစ်ရှိစိတ်ဖြင့် သူ့ခေါင်းအား ခါလိုက်၏ သို့သော် သူမည်သည့်စကားလုံး တစ်လုံးမျှ မပြောနိုင်ပေ။
ဌာနမှူးသည် သူတို့နှစ်ယောက်အား နောက်တစ်ကြိမ်စိုက်ကြည့်ကာ “မဟုတ်တာ။ ကောင်းလိမ့်မယ်နော်”
ထို့နောက်သူသည် ဆရာကြီးကျိဖုန်း အနားသို့ကပ်သွားကာ “ဟုတ်တယ်၊ ငါ့ဆီမှာ မမိပဲနေတာ အကောင်းဆုံးဖြစ်မယ်နော်”
ရုတ်တရက် အနီးကပ်လာသော မျက်နှာကြီးအား ကြည့်နေရင်း ကျိဖုန်းချန်မှာ : …
ဌာနမှူး ထွက်သွားသည့် အခါတွင်မှသာ သူတို့နှစ်ယောက်လုံးမှာ သက်ပြင်းချနိုင်သည်။
ကျိဖုန်းချန်သည် ဘေးတွင် မှိုတစ်ပွင့်ကဲ့သို့ ဟန်ဆောင်နေသာ ဝမ်ကျစ်ချူးအား တစ်ချက်ကြည့်လိုက်ကာ သူ၏လက်ကိုမြှောက်လျက် တစ်စုံတစ်ယောက်အား ယွမ် ၂၀၀ ပေးရန်လုပ်လိုက်သည်။
ဒီတစ်ယောက်အား သူ၏မျက်လုံးထဲတွင် မကြည်တော့သော်လည်း သူ့တွင် ယွမ်၂၀၀ မပြတ်လတ်နေသလို စိတ်ရှုပ်စရာကောင်းသည့်ကောင်ထံတွင်လည်း အကြွေးမတင်လိုပါ။ သူသည် စိတ်ရှုပ်ခြင်းနှင့် ရွံ့ရှာခြင်းကို တစ်ပြိုင်တည်း ခံစားနေရသည်။
လက်ကိုင်ဖုန်းသံမှ အချက်ပေးသံကြားလိုက်ရသောအခါ ဝမ်ကျစ်ချူးက ထုတ်ကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်၏။
“နောက်…နောက်တစ်ခေါက် လာလည်ဖို့အတွက်လည်း ကြိုဆိုပါတယ်”
ကျိဖုန်းချန်၏မျက်နှာရှည်ကြီးမှာ မှုန်ကုတ်သွား၍ “ဘယ်ကောင်က မင်းဆီကို နောက်ထပ်တစ်ခါ လာလည်မှာလဲ”
ထိုသို့ပြောပြီးနောက် ဖုန်းကို သူ့အိတ်ကပ်ထဲပြန်ထည့်ကာ ထွက်သွားတော့သည်။
ဝမ်ကျစ်ချူးသည် ဂရုမစိုက်ပေ။ ဘယ်လိုပင်ဖြစ်ပါစေ ဒီလိုဆက်ဆံပုံမျိုးကို သူအသားကျနေပြီ ဖြစ်သည်။ ထို့နောက် ဖုန်းမျက်နှာ ပြင်ကို ကြည့်လိုက်ကာ ယွမ် ၂၀၀ အားပျော်ပျော်ကြီးလက်ခံ လိုက်သည်။
နေ့လည်ခင်း၏ပထမဆုံးအနားယူချိန်အတွင်း ပြီးခဲ့သောသောကြာနေ့၏ လပတ်စာမေးပွဲရလဒ် များ ထွက်ပေါ်လာသည်။
အတန်းပိုင်ဆရာမှာ ရီပို့ကဒ်အား အတန်းရှေ့ရှိ စင်မြင့်ပေါ်တွင်တင်ထားကာ ကျောင်းသားများအား သူတို့ကိုယ်တိုင်ဖတ်ကြရန် ပြောသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရီပို့ကဒ်များအား ချလိုက် သည်နှင့် ကျောင်းသားအုပ်ကြီးက ဝိုင်းအုံလာလေသည်။
အတန်းပိုင်ဆရာသည် ဝမ်ကျစ်ချူးအားကြည့်လိုက်သောအခါ သူ၏နောက်ဆုံးခုံတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အနည်းငယ်စိတ်လှုပ်ရှားနေပြီး ထိုနေရာသို့သွားကာ ကြည့်ရှုချင်၏။ သို့သော် သူလာမကြည့်ရဲ။
ထိုအချိန်မှာပင် အတန်းဖော်တစ်ယောက်က ပြောလေသည်။ “ဆရာ၊ ဒီရီပို့ကဒ်ပေါ်မှာ အမှားပါနေတယ်နဲ့ တူတယ်နော်?”
အတန်းပိုင်ဆရာက ငုံ့ကြည့်လိုက်ပြီး “မဟုတ်ဘူး၊ အဲ့ဒါတွေအကုန်လုံးကို ဆရာများအဖွဲ့က အကုန် မှန်အောင်စစ်ပြီးသွားပြီ”
“အဲ့ဒါဆို ဘာလို့.. ငါရူးနေပြီလား။...... မဟုတ်ဘူး ဘာလို့ ဝမ်ကျစ်ချူးရဲ့အဆင့်က ငါ့ရဲ့အရှေ့မှာရောက် နေရတာတုန်း?”
အတန်းထဲတွင် ကျောင်းသား စုစုပေါင်း ၃၈ ယောက်ရှိသည့်အနက်တွင် ဝမ်ကျစ်ချူးသည် အဆင့် ၁၆ ရသည်။
ထိုကျောင်းသားစ၍ ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် အခြားကျောင်းသားများသည်လည်း တစ်ထေရာတည်းလိုက်ပြော ကြသည်။
အဆင့် ၁၆ သည် အတန်းထဲတွင် အတော်ဆုံး မဟုတ်သော်လည်း၊ သူ၏အဆင့်များမကောင်းလေ့ ရှိသော်လည်း ထိုအဆင့်ရသူ မှာ ဝမ်ကျစ်ချူးဖြစ်နေသောအခါ အရာအားလုံးပြောင်းလဲသွားသည်။
တစ်နှစ်လုံး စာရွက်အလွတ်သာထပ်နေခဲ့သော အတန်း၏နောက်ဆုံးတစ်ယောက်၊ အတန်းထဲတွင် သင်ခန်းစာများအား နားမထောင်၊ အိမ်ပြန်၍ စာမလုပ်သောတစ်ယောက်၊ ထိုသူသည် အဘယ်သို့များ အဆင့် ၁၆ ရသည်နည်း၊ သူသည် အရင်တစ်ပတ်က ကျောင်းမလာသည်ကို ထည့်မတွက် ရသေး။
ဒုတိယနောက်ဆုံးရသည့်ကျောင်းသားသည်လည်း သူ့ထိုင်ခုံနေရာတွင်ပင် အံ့ဩနေသည်။ အဆင့် သတ်မှတ်ချက်များအား အစတွင် စိတ်မဝင်စားသော်လည်း ဝမ်ကျစ်ချူး ပထမအတန်းထဲတွင် အဆင့် ၁၆ ရသည်ကိုသူကြားရသောအခါ ရုတ်တရက် ဝမ်ကျစ်ချူးအားလှမ်းကြည့်လိုက်သည်။
ထို့နောက်သူသည် တုန်လှုပ်စွာဖြင့် “မင်းကအဆင့် ၁၆ ရတယ်...”
ဝမ်ကျစ်ချူးသည် တံတွေးမျိုချလိုက်သည်။
ဒုတိယနောက်ဆုံးသမားက သူ့၏ပါးစပ်အား အံ့ဩစွာဖြင့်ပိတ်လိုက်ကာ “ဒါဆို ငါကအဆင့် ၁၅ မဟုတ်လား”
[စနစ် : ကောင်လေး သင်မြင်လား? ဒါ သင့်မှာမရှိတဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာပဲ]
ဝမ်ကျစ်ချူး : …
စာမေးပွဲမစတင်မှီ သူသည် ဝမ်ကျစ်ချူးအား သူ့တစ်ဘဝလုံး လေ့လာထားသော ဘာသာရပ်နှင့်ပတ်သတ်သော လျှို့ဝှက်ချက်အား သင်ပေးခဲ့သည်။
ဒုတိယနောက်ဆုံးသမားသည် ရုတ်တရက် မတ်မတ်ထရပ်လိုက်ပြီး “ချီး၊ ဒါ စာမေးပွဲ မှာ အဆင့် ၁၅ ရဖူးတာ ပထမဆုံးပဲ”
ထိုသို့ပြောဆိုပြီးနောက် သူသည် အရှေ့သို့သွားကာ ရီပို့ကဒ်အားကြည့်လိုက်သည်။ သို့သော် သူသည် နောက်ဆုံးဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူနောက်တွန့်သွားသည်။
ထို့နောက် ဝမ်ကျစ်ချူးဆီသို့ အမြန်ရောက်လာပြီး သူ့အား သစ္စာဖောက်သွားသကဲ့သို့ သံသယ မျက်လုံးများဖြင့်ကြည့်ကာ “မင်း ငါ့မသိအောင် ခိုးပြီးစာလေ့လာနေတာ မဟုတ်လား?!”
ဝမ်ကျစ်ချူးက လျင်မြန်စွာ ခေါင်းခါလျက် “ငါ… ငါမလုပ်ပါဘူး”
“ဒါဆို မင်းငါ့ဆီက ဘာမှမသင်ခဲ့ဖူးဘူးဆိုပြီး ဘာလို့မင်းအဆင့် ၁၆ ရတယ်လို့ ပြောနေရတာလဲ?”
ဝမ်ကျစ်ချူးသည်လည်း ဂျူနီယာ ပထမနှစ်၏ ပထမဆုံးနေ့တွင် အနည်းငယ်ပျာယာ ခတ်နေခဲ့သည်။ “မဟုတ်ဘူး… မဟုတ်ဘူး ငါ…”
ဒုတိယနောက်ဆုံးတစ်ယောက် “မင်း…ဘာဖြစ်လဲ?”
ဝမ်ကျစ်ချူးဟာ ဂျူနီယာ ပထမနှစ်၏ ပထမဆုံးနေ့ကလို စိတ်လှုပ်ရှားနေသော်လည်း စကား မထစ်တော့ပေ။ “ငါ မင်းအရှေ့မှာပဲ အဲ့ဒါကိုသင်ခဲ့တာလေ”
ဒုတိယနောက်ဆုံး : …
ငါ ရိုးသားစွာ သင်ယူခဲ့တာ။
စဉ်းစားကြည့်ပါက အတူတူဟုပင် ထင်ရသည်။ ဝမ်ကျစ်ချူးသည် လွန်ခဲ့သော ၂ ရက်မျှသာ စာလေ့လာနေခဲ့ခြင်းဖြစ်ပြီး သူ့အား အတူတူ စာလုပ်ချင်လားဟူ၍ အသံတိုးတိုးဖြင့်မေးခဲ့သည်။
ဒုတိယနောက်ဆုံးတစ်ယောက်မှာ စိတ်အေးသွား၍ ခုံအားရွှေ့လိုက်ကာ သူ့ဘေးနားတွင်ထိုင်လိုက် ပြီး “အဲ့ဒါဆိုရင်တော့ မင်းက အတော်လေး တော်တာပဲ။ မင်း အဆင့် ၁၆ တောင်ရနိုင်တာပဲ၊ မင်း ငါသင်ပေးလိုက်တဲ့နည်းလမ်းကို သုံးခဲ့တယ်မလား?”
ဝမ်ကျစ်ချူးက ခေါင်းငြိမ့်ပြ၍ “အင်္ဂလိပ်စာမှာ…သုံးခဲ့တယ်”
ဒုတိယနောက်ဆုံးတစ်ယောက်မှာ သူ့ခေါင်းအား ဂုဏ်ယူစွာဖြင့် မော့လိုက်ကာ “မင်း ငါ့ကို မှီခိုနေရသေးတာပေါ့”
သူပြောပြီးသည်နှင့် အရှေ့သို့သွားကာ ဝမ်ကျစ်ချူး၏အဆင့် အမှတ်များအား ကြည့်လိုက်သည်။ အင်္ဂလိပ်စာ ရမှတ်မှာ ၅၅ ဖြစ်ပြီး ဘာသာရပ်အားလုံးတွင် အနည်းဆုံးဖြစ်နေသည်။
ဒုတိယနောက်ဆုံး : …
သူပေးတဲ့ နည်းလမ်းကို သုံးလိုက်ပေမယ့် သိပ်အလုပ်ဖြစ်ပုံတော့မပေါ်ဘူး။
“ဘာလို့ သူကအဆင့် ၁၆ ရနေရတာလဲ? သူက သူများဆီက ကူးချတာ ဖြစ်နိုင်တယ်”
“သူ ခိုးချပြီး ဖြေတာကမှ ပိုပြီး ဖြစ်နိုင်ချေရှိသလိုပဲ၊ သူ ဘယ်လိုဖြစ်ပြီး အဆင့် ၁၆ ရနိုင်မှာလဲ”
“သူက သူများဆီက စာတွေကို ပိုပြီး တိတိကျကျ မကူးနိုင်လို့လား? အဆင့် ၁၆ ပဲရတော့ကော။ သူ ကူးချတာကို တခြားသူတွေ မသိဘူးများ ထင်နေလို့လား?”
စင်မြင့်တစ်ဝိုက်ထံမှ ဆွေးနွေးနေကြသော အသံများထွက်ပေါ်လာ၏။ ဝမ်ကျစ်ချူး၏နားများသို့ သူ့အား မယုံကြည်စွာပြောဆိုနေသော အသံများကို ကြားနေရပြီး သူကိုလည်း မယုံကြည်နိုင်စွာဖြင့် ကြည့် နေကြသည်။
သို့သော် သူ့၏အကြည့်များကို တွေ့သွားသောအခါ ဆွေးနွေးနေကြသော ကျောင်းသားများသည် သူတို့ကိုယ်သူတို့ မချူပ်ထိန်းထားရုံသာမက သူတို့၏အသံများကို တမင်တကာ ချဲ့ကာအော်ပြောကြသည်။ “ဒီကူးချတာကြီးကတော့ သိသာလွန်းတယ်ဟေ့”
ဝမ်ကျစ်ချူး၏နှလုံးသားမှာ နာကျင်သွားပြီး သူ၏မျက်နှာလည်းနီမြန်းသွားကာ “ငါ… ငါကူးချတာ မဟုတ်ပါဘူး”
ဝမ်ကျစ်ချူး၏ဘေးတွင်ရှိသောကျောင်းသားမှ “မင်း စကားထစ်နေတာကိုက အဲ့ဒါက အပြစ်ရှိကြောင်း သက်သေပဲ”
ဖုန်းဆက်ဖို့ အပြင်ခဏထွက်သွားတဲ့အတန်းပိုင်ဆရာက မျက်မှောင်ကြုတ်လိုက်ပြီး “ဆွန်ဘင်း!”
ဆွန်ဘင်းသည် မယုံကြည်ပဲ “ဆရာ၊ ဝမ်ကျစ်ချူးကူးချခဲ့တာကို ကျွန်တော်တိုင်ချင်လို့”
ဝမ်ကျစ်ချူးသည် စိုးရိမ်တကြီးထရပ်လိုက်ကာ “ကျွန်တော်…ကျွန်တော် မကူးချခဲ့ပါဘူး၊ အဲ့ဒါတွေ အကုန်လုံး…ကျွန်တော်ကိုယ် တိုင်ရေးခဲ့တာပါ”
ဝမ်ကျစ်ချူး၏ရမှတ်တွေသည် ဆရာများလည်း သံသယ မဝင်စရာမရှိပေ။ သို့သော် စာမေးပွဲတစ်လျှောက်လုံးတွင် ဝမ်ကျစ်ချူးသည် မည်သည့်လှုပ်ရှားမှု အသေးအဖွဲ့ကိုမျှ မပြုလုပ်ခဲ့ပါ။
ထို့အပြင် စာမေးပွဲအခန်းစောင့်ဆရာမှလည်း သူနှင့်ပတ်သတ်၍ မည်သို့သောပုံမှန် မဟုတ်သည့်အရာများ ရှာဖွေမတွေ့ရှိခဲ့ပါ။ သူသည် ထိုနေ့က CCTV ကိုပင် ပြန်ကြည့်လိုက်သေးသည်။ ဝမ်ကျစ်ချူး မှာသူ၏ထိုင်ခုံနေရာတွင် စာမေးပွဲအား ရိုးသားစွာဖြေဆိုနေခဲ့သည်။
“သူက ဘယ်လိုလုပ်ပြီး…”
အတန်းပိုင်ဆရာသည် ခပ်တည်တည်ကြည့်လိုက်ကာ “အဆင့်တွေက အကုန်အစစ်အမှန်ကြီးပဲ။ ဝမ်ကျစ်ချူးရဲ့အဆင့်ဟာ သူ့ရဲ့ ကိုယ်ပိုင် ကြိုးစား အားထုတ်မှုရဲ့ရလာဒ်ပဲ”
ဆွန်ဘင်းမှာ အံကိုကြိတ်ကာ စကားဆက်မပြောတော့။
သို့သော် သူသည် ဝမ်ကျစ်ချူးအား မကျေနပ်သော အကြည့်ဖြင့်ကြည့်လိုက်သည်။ သူပြန်၍ချေပတော့မည် မဟုတ်သော်လည်း သူ၏ရင်ထဲတွင်တော့ ဝမ်ကျစ်ချူးသည် ခိုးချသည်ဟု၍ပင် ယူဆခဲ့ပြီးဖြစ်သည်။ သူဝန်မခံသည်ဖြစ်စေ၊ ဆရာမှ သူ့အားကူ၍ ပြောပေးသည်ဖြစ်စေ သူမယုံကြည်တော့ပေ။
နံပါတ် ၁ အလယ်တန်းကျောင်းသို့ ပိုက်ဆံအားကိုးဖြင့် အဆက်အသွယ်ကောင်းများရယူပြီး ရောက်လာသော ဒီလိုလူမျိုးနှင့် သူ တစ်တန်းထဲတွင် ထိုင်နေသည်မှာ လုံးဝမထိုက်တန်ပေ။ ထိုလူသည် ဆိုးသွမ်းပြီး စာလည်းညံ့ရာ သေချာပေါက် ကူးချထားတာ ပင်ဖြစ်ရမည်။
[စနစ် : တကယ်ဆို ငါသွားပြီး သူ့ကိုတစ်ပွဲလောက်လုပ်ပေးလိုက်ရမှာ]
ဝမ်ကျစ်ချူး : …
ဒီနေ့ သူသည် အကောင့်ထဲတွင် စုစုပေါင်း ယွမ် ၅၀၀ ရရှိခဲ့ပြီးဖြစ်သည်။ အရင်ဦးဆုံးအနေဖြင့် ချင်ကျားရှုအား အရစ်ကျအနေ ဖြင့် ပိုက်ဆံအနည်းငယ်ပေးမည်ဟု တွေးသည်။
ဝမ်ကျစ်ချူးသည် WeChat ထဲတွင်ရှိသောပိုက်ဆံအားကြည့်လိုက်သည်။
“နတ်သူငယ်လေး”
[စနစ် : ငါဒီမှာရှိတယ်]
“ငါပိုက်ဆံနည်းနည်းလောက်မင်းဆီကနေ လွှဲပြောင်းလို့ရလား?”
[စနစ် : ဘယ်လောက်ပြောင်းချင်တာလဲ]
ဝမ်ကျစ်ချူး : “အရင်ဆုံး ၃၀၀ လောက်ပေါ့?”
မျက်စိတမှိတ်အတွင်းမှာတင် WeChat အတွင်းမှ ယွမ် ၃၀၀ သည်ပျောက်ကွယ်သွားပြီး၊ အိပ်ကပ်ထဲမှာရှိသော ဘဏ်စာရွက် များသည် ငွေစက္ကူများအဖြစ်သို့ပြောင်းလဲသွားသည်။
ဝမ်ကျစ်ချူးသည် ထိုငွေများအားထုတ်လိုက်ကာ နှစ်ခါကြည့်လိုက်မိသည်။ ထို့နောက် ညစာစားချိန်၏ အချိန်ပိုတွင် ချင်ကျားရှု အားသွားပေးမည်ဟု စီစဉ်လိုက်သည်။
[စနစ် : ဗီလိန်တာဝန်၊ အဓိကဇာတ်ဆောင်မုန်းအောင်နေပါ။ တာဝန်အောင်မြင်မှုအတွက် ယွမ် ၅၀ ရရှိမည်။ ဗီလိန်တန်ဖိုး ၂ ရာခိုင်နှုန်းတက်မည်ဖြစ်ပြီး တာဝန်ကျရှုံးပါက ယွမ် ၅၀ နှုတ်ယူခြင်း ခံရမည်]
စက်၏ စကားပြောသံသည် သူ၏ခေါင်းထဲတွင်ပေါ်ထွက်လာပြီး သူသည် သက်ပြင်းတိတ်ဆိတ်စွာချ လိုက်သည်။
မကြာမီပင် နေ့လည်ခင်း၏နောက်ဆုံးအတန်းချိန်ရောက်လာသည်။ အတန်းပြီးသွားသောအခါ ဝမ်ကျစ်ချူးသည် ညစာအား လျင်လျင်မြန်မြန်စားသောက်လိုက်၏။ ထို့နောက်တွင် အတန်း ၁ သို့ လမ်းလျှောက်သွားသည်။ ဝမ်ကျစ်ချူးသည် မည်သူမှ ရောက်မလာသည်မှာ သေချာစေရန် အတန်း ၁ ၏ တံခါးရှေ့တွင် အချိန်အကြာကြီး စောင့်နေလိုက်သည်။
အတန်းတိုင်း၏ အနောက်နံရံတွင် ကျောင်းသားများ ပစ္စည်းထားဖို့အဆင်ပြေစေရန် ဗီဒိုအတန်းအချို့ အားထားထားပေး၏။
သူသည် ချင်ကျားရှုအား လူကိုယ်တိုင်ပိုက်ဆံသွားပြန်မပေးရဲသည်မှာ သေချာသည်။ ထို့ကြောင့် မှတ်စုအသေးလေးရေးကာ ပိုက်ဆံနှင့်အတူတူ တစ်ဖက်လူ၏ဗီဒိုထဲသို့ထည့်ဖို့ရန်သာရှိသည်။
ဝမ်ကျစ်ချူးသည် မဝံ့မရဲဖြင့် သူခိုးတစ်ယောက်ကဲ့သို့ လမ်းလျှောက်လာသည်။
[စနစ် : ကောင်လေး၊ သင်နောက်တစ်ခါ မြေအောက်ဒုစရိုက် အမှောင်လောကမှာ အရောင်းအဝယ်လုပ်နေတာလား?]
ဝမ်ကျစ်ချူး : “မင်း ငါဒီလိုလုပ်နေတာ ဘယ်လိုသိလဲ?”
[စနစ် : ဘာကြောင့်လဲဆိုတော့ မင်းက ခိုးကြောင်ခိုးဝှက်လုပ်နေလို့ပေါ့။]
“…”
ချင်ကျားရှု၏ဗီဒိုမှာ အပေါ်ဆုံးအတန်းတွင်ရှိပြီး သော့မခတ်ထားပေ။ ဝမ်ကျစ်ချူးသည် တိတ်တဆိတ် အနည်းငယ်ဟလိုက်ကာ မှတ်စုစာရွက်လေးနှင့်အတူ ပိုက်ဆံအား ထည့်လိုက်သည်။
အားလုံးပြီးစီးသွားသည့်အခါ ခြေလှမ်းသွက်သွက်ဖြင့်ပြန်ထွက်လာခဲ့သည်။
ဝမ်ကျစ်ချူးသည် သံစဉ်လေး ညည်းလျက် ပျော်မြူးနေလေသည်။ သို့သော် ထောင့်တစ်ထောင့်သို့ လှည့်အထွက်တွင် ချင်ကျားရှု နှင့်ဝင်တိုက်မိသည်။
ဝမ်ကျစ်ချူး : …
[စနစ် : ကောင်လေး ဒါတာဝန် ပြီးမြောက်အောင်လုပ်ဖို့ အချိန်ကောင်းပဲနော်]
တစ်ဖက်လူ၏အသွင်အပြင်ကို မြင်လိုက်သည်နှင့် ချင်ကျားရှုမှာ မျက်မှောင်ကြုတ်သွားပြီး “မင်း ဒီမှာ ဘာလုပ်နေတာလဲ?”
ဝမ်ကျစ်ချူးမှာ တုံ့ဆိုင်းသွားပြီး “ငါ… ငါ…”
ချင်ကျားရှု၏မျက်နှာမှာ မပြောင်းလဲပေ။ “မင်းကဘာလဲ?”
ဝမ်ကျစ်ချူး : “ငါ… ငါမင်းကိုတွေ့ဖို့လာခဲ့တာ”
တဖက်လူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချင်ကျားရှုသည် လျစ်လျူရှုလိုက်ကာ လမ်းလျှောက် ထွက်လာခဲ့သည်။
ယွမ် ၅၀ အကြောင်းအား တွေးလိုက်မိပြီး ဝမ်ကျစ်ချူး၏နှလုံးသား နာကျင်သွားကာ “ဟန်မဆောင်နေပါနဲ့တော့၊ မင်း ပျော်နေတာ ငါသိတယ်”
ချင်ကျားရှုသည် ရုတ်တရက်ရပ်တန့်သွားပြီး သူ့အား လှည့်ကြည့်လိုက်သည်။
ဝမ်ကျစ်ချူးမှာ မျက်နှာရဲသွားကာ “မင်း….မင်းက ကြည့်လို့ သိပ်ကောင်းနေတယ်။ မင်း ငါ့ရဲ့အာရုံစိုက်မှုကို ရချင်လို့.... မဟုတ်လား?”