Chapter8
Viewers 825

ဝမ်ကျစ်ချူးသည် ဒေါသထွက်စေနိုင်လောက်သည့် စကားများအား ပြောဆိုပြီးသည့် နောက်တွင် တံတွေးအား မြိုချလိုက်သည်။ ထို့နောက် သူ့အရှေ့မှလူအား မော့ကြည့်လိုက်သည်။

 

သူမော့ကြည့်လိုက်ချိန်တွင် ချင်ကျားရှု၏မျက်နှာပေါ်မှအမူအရာသည် ခဏလေးအတွင်းတွင် ပျောက်ကွယ်သွားသည်။

 

သူသည်နောက်မဆုတ်ပဲ မနေနိုင်ပေ။

“ဟေ့…နတ်...နတ်သူငယ်လေးရေ”

[စနစ် : ငါဒီမှာရှိတယ်]

ဝမ်ကျစ်ချူး၏ခြေထောက်များသည် ခဏတာမျှ တုန်ခါသွားပြီး “မြန်မြန်…မြန်မြန်လုပ်ပြီး ဒီတာဝန် ကို ပြီးမြောက်စေလိုက်တော့”

 

[စနစ် : ဘာလို့လဲ]

ဝမ်ကျစ်ချူး : “မင်း ငါ့ကို ခဏလောက်တော့ မတွေ့ဘဲ ပျောက်နေမှာကို စိုးရိမ်လို့”

[စနစ် : သင် အဲ့ဒီမှာ ရပ်နေတာ မဟုတ်လား၊ ဘယ်လိုလုပ်ပြီး မင်းကို မမြင်ရဘဲနေမှာလဲ]

ဝမ်ကျစ်ချူးမှာ ကြောက်လန့်စွာဖြင့်ပြောသည် “သူ့လက်သီးတွေ ပြင်နေပြီ”

“…”

 

သူ၏နှလုံးသည်ရင်ဘတ်ထဲတွင် ဒရမ်တီးနေသကဲ့သို့ဖြစ်နေပြီး တာဝန် ပြီးမြောက်တော့မည်ဟု မျှော်လင့် နေစဉ်အတွင်းမှာပင် စက်၏ အသံမှာ အေးစက်စွာ ပင်ထွက်လာသည် : [မပြီးမြောက်နိုင်ပါ]

မျက်လုံးများဖြည်းညှင်းစွာပွင့်လာပြီး “ဘာလို့လဲ”

[စနစ် : သင်ဘာလို့ ငါ့ကိုမေးနေတာလဲ၊ သူ့ကိုမေး]

ဝမ်ကျစ်ချူးသည် ချင်ကျားရှုအားကြည့်လိုက်သည်။

“…”

 

ဒီကောင်က စိတ်တော်တော် မာကျောတာပဲ။

သူ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သေးဘူးပဲ။

သို့သော် တစ်ဖက်လူ၏ မျက်နှာအသွင်အပြင် ဆိုးဝါးလာသောအခါ သူသည် နောက်ထပ်စကား ထပ်မပြောရဲတော့ပေ။

သူကြောက်နေသည်မှာ နောက်ထပ် ဘာမှမပြောနိုင်ခင်ပင် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားမည် ဟုပင် ထင်ရသည်။

 

[စနစ် : အဲဒါဆိုရင် သင် ယွမ် ၅၀ ကို လိုရောလိုချင်သေးရဲ့လား]

‘နောက်ဆုတ်ရန် နှလုံးသားက အချက်ပြနေသည်’ သို့သော် ဝမ်ကျစ်ချူးသည် မဝံ့မရဲနှင့်ပြော လိုက်သည်

“ငါလိုချင်တယ် …”

 

စားအစာကို အလွန်အကျွံ စွဲလမ်းနေသူဟုပင် အဓိပ္ပါယ်ကောက် နိုင်လောက်သည်အထိ သူသည် ပိုက်ဆံကို အလွန်ပင် လိုချင်နေသည်။

 

[စနစ် : လုပ်စမ်းပါ ကောင်လေးရာ။ မင်းအခုလိုနေတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပဲ]

ဝမ်ကျစ်ချူးသည် လက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်လိုက်ကာ “မျက်ကန်းယုံကြည်မှု”

“…”

 

သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ဆက်လက် အရဲစွန့်ကြည့်သည်။

“ဘာလို့လဲ...... မင်းအတွေးတွေကို ငါက ထုတ်ပြောလိုက် မိလို့လား။မင်း ..... မင်း စကားမပြောတတ်ဘူး လား”

 

ချင်ကျားရှုသည် ထိုအနှောက်အယှက်လေးအား စိတ်ပျက်စွာ ကြည့်လိုက်သည်။ ကောင်လေးမှာ သူ့၏ရှေ့တွင် ခေါင်းငုံ့ထား၍ မတ်တပ်ရပ်နေကာ အထစ် ထစ်အငေါ့ငေါ့ဖြင့် စကားပြောရန် ကြိုးစားနေသည်။

 

အချိန်ကြာလာ သည်နှင့်အမျှ သူသည် ခေါင်းကိုမော့ကာ သူ့အား စူးစမ်းစွာဖြင့် ကြွက်သည် ကြောင်အားချောင်းနေ သကဲ့သို့ ကြည့်နေသည်။

 

ချင်ကျားရှုမှာ ထိုစကားများအား ကြားသည့်အခါ သူ၏နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးရိပ်လေး တစ်ခုသမ်းလာသည်။

ဝမ်ကျစ်ချူးသည် ချက်ချင်းပင် ကျောရိုးတစ်လျောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ အသံမှာ ခြင်တစ်ကောင်ကဲ့သို့ တိုးသထက်တိုးလာသည်။

 

“မင်း…မင်း၊ မင်းရှက်နေစရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါက တော်လွန်းတော့ အကြိုက်မခံရဖို့ ခက်ခဲတယ်လေ

 

[စနစ် : တာဝန် ပြီးမြောက်သွားပါပြီ။ ဗီလိန်တန်ဖိုးမှာ ၆ ရာခိုင်နှုန်းတက်လာပြီး ဆုလာဘ်အနေဖြင့် ၅၀ RMB ရရှိပါသည်]

စနစ်ထံမှ ထိုစကားများအားကြားရပြီးသည့် နောက်တစ်ပြိုင်နက် ဝမ်ကျစ်ချူး၏မျက်ဝန်းများ ရှေ့တွင် မျှော်လင့်ချက်ရောင်ခြည် သမ်းလာသည့်အလား ဖြစ်သွားသည်။

 

ဝမ်ကျစ်ချူးမှာ ခေါင်းကိုလှည့်ကာ ပြန်ထွက်သွားရန် ကြိုးစားနေရင်း “မင်းရှက်နေတာ ကြည့်ပါဦး၊ ငါအရင်သွားပြီ။ နှုတ်ဆက်တယ်။ ဘယ်တော့မှ ထပ်မတွေ့တော့ဘူး”

 

ဝမ်ကျစ်ချူး စကားပြောခြင်းဆုံးသည်နှင့်တစ်ပြိုင်နက် သူခြေတစ်လှမ်းမျှ မရွေ့နိုင်ခင် သူ့အား တစ်ယောက်ယောက်မှ ကာ ပိတ်ထားကြောင်း သိလိုက်ရသည်။ ချင်ကျားရှုသည် သူ၏ရှေ့မှ လူသား တံတိုင်းကဲ့သို့ မတ်မတ်ရပ်နေသည်။

 

ဝမ်ကျစ်ချူးသည် ခဏတာမျှ အံ့အားသင့်သွားသည်။

ပြောလို့ ပြီးသွားပြီလား?

တစ်ဖက်လူ၏ သိမ်မွေ့သော စကားသံ ထွက်လာ၏။ သို့သော် သူ၏ပါးစပ်အတွင်းမှ စကားလုံးများသည် လှောင်ပြောင်မှုများဖြင့် ပြည့်နေသည်။

 

သူ၏မျက်လုံးများမှာ အမှောင်ထဲမှ အစာကိုချောင်းမြောင်းနေသည့် ဝံပုလွေကဲ့သို့ ဖြစ်နေပြီး အစိမ်းလဲ့လဲ့တောက်နေသော ထိုမျက်လုံးများသည် အန္တရာယ်အငွေ့အသက်များဖြင့် အရောင်တောက်နေသည်။

 

ဝမ်ကျစ်ချူးမှာ အရမ်း ကြောက်လန့်သွား၍ အသက်မရှု နိုင်အောင်ပင်ဖြစ်နေသည်။

 

ချင်ကျားရှု၏မျက်နှာမှာ မှောင်မဲနေပြီး ကြောက်စရာကောင်းနေသည်။ သူ၏မျက်လုံးထဲတွင် ဝမ်ကျစ်ချူးသည် အမှိုက်ကဲ့သို့ ဖြစ်နေသည်။

 

ဒီညစ်ပတ်နံစော်နေတဲ့ကောင်က သူ့အား တစ်ဖက်သက် အထင်သေးကာ သူ့ကိုကြိုက်နေသည်ဟုပင် ထင်နေသေးသည်

 

အဲ့တစ်ယောက်၏ပြောသမျှ စကားတိုင်းသည် သူ့အားရည်ရွယ်ချက်ရှိရှိ ပြောင်ပြောင်တင်းတင်း စော်ကားနေခြင်း ဖြစ်သည်။

 

“ငါ မင်းကို ကြိုက်နေတယ်??

 

ဝမ်ကျစ်ချူးသည် နေရာတွင် သံမှိုစွဲထားသကဲ့သို့ မလှုပ်နိုင် ဖြစ်နေသည်။ ချင်ကျားရှုသည် သူ၏လက်ကို မြှောက်လိုက်ကာ တစ်ဖက်လူ၏ မျက်နှာတစ်ဝက်လောက်အား ဖုံးအုပ်ကာ ဖစ်ညှစ်လိုက်သည်။ သူ အားအနည်းငယ် ထည့်လိုက်သည်နှင့် တစ်ဖက်လူက သူ့အား ကြောက်ရွံသော အကြည့်များဖြင့် ကြည့်လာသည်။

 

[စနစ် : သူ့ကို ပွဲကောင်းတစ်ပွဲ ပေးလိုက်စမ်းပါ]

ချင်ကျားရှုသည် သူ့အား သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

[စနစ် : [Д;] အား…]

ဝမ်ကျစ်ချူး : …..

 

ဝမ်ကျစ်ချူးမျက်နှာပေါ်မှ လက်ဖဝါးအားသည် တဖြည်းဖြည်းချင်း ဖယ်ကွာသွားပြီး သူသည်လဲ ချွေးပြန်သွားသည်။

 

ချင်ကျားရှု၏ ရှည်လျားသော ခန္ဓာကိုယ်သည် သူ့အနားကပ်လာ၍ “မင်းလိုညစ်ပတ်နေတဲ့ကောင်မျိုးကို လမ်းဘေးနားမှာ စုတ်ပြတ်နေအောင် ပစ်ထားထားရင်တောင် ငါကလှည့် ကြည့်မှာမဟုတ်ဘူး”

ဝမ်ကျစ်ချူးမှာ နှလုံးခုန်သံပင် ရပ်သွားမလိုပင်ဖြစ်နေသည်။

 

ထိုအချိန်တွင် စင်္ကြန်ထံမှ ကျောင်းသားများ၏ခြေသံများ တဖြည်းဖြည်းထွက်ပေါ်လာသည်။ ချင်ကျားရှုသည် တစ်ဖက်လူ၏မျက်နှာပေါ်မှလက်အား ဖယ်လိုက်ပြီး သိမ်မွေ့သောအပြုံးမှာ သူ၏ မျက်နှာပေါ်သို့ပြန်ရောက်လာသည်။

 

မူလက အညစ်အပတ်ကောင်ကို ချုပ်ထားခဲ့သော လက်ဝါးတစ်စုံမှာ ထိုလူ၏ပိန်လှီ သောပုခုံးများအား ပေါ့ပါးစွာဖြင့် ပုတ် နေသည်။

 

“အတန်း ၁၁ ရဲ့ကျောင်းသားဝမ် အခု တတိယအထပ်ရောက်နေတာ၊ ဒါကြောင့် ဒီလိုအမှားမျိုး နောက်ထပ်မလုပ်နဲ့တော့” ဟုပြောကာ အခန်း ၁ ထဲသို့ဝင်သွားသည်။

 

ဝမ်ကျစ်ချူး : …

နတ်သူငယ် : …

[စနစ် : အခုဘာဖြစ်သွားတာလဲ]

ဝမ်ကျစ်ချူး : “သူ လုပ်နေကြ ဟန်ဆောင်မှုတစ်ခုပဲ”

[စနစ် : ?]

ဝမ်ကျစ်ချူး : “မျက်နှာ ပြောင်းလိုက်တာ

 

ဝမ်ကျစ်ချူး ရူးမိုက်စွာ မတ်တပ်ရပ်နေသေးသည်ကို တွေ့ရသောအခါ နတ်သူငယ်မှာ အလျင်အမြန် တိုက်တွန်းလိုက်၏။

[မြန်...မြန်မြန်လုပ်၊ ငါတို့သွားကြရအောင်]

ဝမ်ကျစ်ချူး : “ဘာလို့မင်းလဲ ထစ်တငေါ့ငေါ့ဖြစ်နေရတာလဲ”

[စနစ် : တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး ပေါ့]

“…”

 

စနစ်သည်လည်းပင် အစောတုန်းက ချင်ကျားရှုကြောင့် ကြောက်လန့်သွားရသည်ကို သူမဝန်ခံ ချင်ပေ။

သူသည် ချင်ကျားရှုအား ခဏတာ ကြည့်နေပြီး သည့်နောက်တွင် ဝမ်ကျစ်ချူးအားကြည့်လိုက်သည်။

 

ဇတ်လိုက်သည် စာအုပ်တစ်အုပ်လိုပင် မျက်နှာဖုံးနှင့် နောက်ကျောကဲ့သို မျက်နှာနှစ်ဖက်ရှိသည်။ သူတော်ကောင်းယောင် ဆောင်ကာ လူများကို လှည့်စားခြင်းသည် အလွန်ပင် ဆိုးဝါးလှသည်

 

စာအုပ်ထဲမှ ဗီလိန်သည်တော့ သူ့တွင် ပိုက်ဆံရော အာဏာပါ မရှိသည့်အပြင် စကား ထစ်ထစ်သွားတတ်သည်။ ထို့အပြင် သူသည် သာမာန် အကိုးအကားစကားများကိုသာ ပြောတတ်သော လူကြောက်ကလေးသာ ဖြစ်သည်။

စနစ်တွင် ပြောစရာ စကားလုံးမဲ့ နေတာ့သည်

 

[စနစ် : မင်းဘာလို့ အခုထိမသွားရသေးတာလဲ]

ဝမ်ကျစ်ချူးသည် နံရံများကိုအားပြုလျက် “ငါ့ခြေထောက်တွေက အားနည်းနေပြီ”

ထိုနည်းအတိုင်းပင် ဝမ်ကျစ်ချူးသည် နံရံများအပေါ်အချိန်ကြာမြင့်စွာ အားပြုလျက် အခန်း ၁၁ အတွင်းသို့ တဖြည်းဖြည်းချင်း လမ်းလျောက်ပြန်သွားသည်။

 

ယခုအချိန်သည် ညနေခင်းကိုယ်ပိုင် စာလေ့လာချိန်မတိုင်မီ အချိန်အနည်းငယ် ကျန်သေးသည်ဖြစ်ရာ ဝမ်ကျစ်ချူးသည် စာသင် ခုံပေါ်သို့ မောပန်းစွာဖြင့် ဂျယ်လီတုံးကဲ့သို့ ပြန့်လဲကျသွားသည်။

 

ရုတ်တရက် သူ၏နှာခေါင်းယားယံနေသည်ကို ခံစားလိုက်ရသည်။ သူမျက်လုံးဖွင့်ကြည့်သောအခါ ဒုတိယနောက်ဆုံးလူသည် သူ၏နှာခေါင်းအောက်တွင် လက်ချောင်းထည့်ထားကာ အသက်ရှု ပိတ်အောင်လုပ်နေသည်။

ဝမ်ကျစ်ချူးသည်အားနည်းစွာဖြင့် “မင်း…မင်းဘာလုပ်နေတာလဲ”

ဒုတိယနောက်ဆုံးလူ : “မင်းစိတ်ဆိုးနေတုန်းလား သိချင်လို့”

 

သူပြောပြီးသည်နှင့် ကုလားထိုင်ကိုရွှေ့ကာ ဝမ်ကျစ်ချူး၏အနားတွင်ထိုင်လိုက်သည်။

“ဟေ့ ငါ့ကိုမင်းစာမေးပွဲမှာ ဘယ်လိုဖြစ်ပြီး အမှတ်တွေ အများကြီးရလာလဲ ပြောပြဦး”

ဝမ်ကျစ်ချူး : “မူတည်…”

 

ဒုတိယနောက်ဆုံးလူမှ သူစကားပြောရ ခက်ခဲနေသည်ကိုတွေ့ရသောအခါ သူဆက်ပြော၏။

“အပြင်းအထန်ကြိုးစားခြင်းအပေါ် မူတည်တာလား”

“ဦးနှောက်…အပေါ် မူတည်တာ”

“…”

 

ဝမ်ကျစ်ချူးသည် အလျင်အမြန်ပြန်ပြောလိုက်သည် “ငါမင်းကို ဦးနှောက်မရှိဘူးလို့ပြောတာ မဟုတ်ပါဘူး”

 

ဒုတိယနောက်ဆုံးလူမှာ သူ့ပြောသည်အား မကန့်ကွက်ပေမဲ့ ဆက်ပြောနေည်။ “မင်းငါ့ကို နောက်ထပ် တစ်ခါ လပတ်စာမေးပွဲမတိုင်မီ ကူညီပေးပါလား။ တကယ်လို့ နောက်စာမေးပွဲမှာ နောက်ဆုံးနေရာသာရရင် တော့ ငါ့အမေ ငါ့ကိုရိုက်တော့မယ်”

 

ဝမ်ကျစ်ချူးမှာ သူ့အားကြည့်လိုက်ပြီး “မနေ့က၊ မနေ့က အန်တီမင်းကိုရိုက်ခဲ့တာလား”

“ဟင့်အင်း ငါ ငါ့အမေကို ငါစာမေးပွဲကျတာ တစ်ခြားသူတွေကို စာမေးပွဲမတိုင်မီ စာသင်ပြပေးနေလို့ လို့ပြောလိုက်တယ်”

“အန်တီ…မင်းကိုယုံတယ်လား”

 

 

ဒုတိယနောက်ဆုံးလူမှာ သူ့ပေါင်များအားပုတ်လိုက်ကာ “ဒါပေါ့၊ ငါ့အမေက ချီးတောင်ကျူးနေ သေးတာ၊ ငါ့ရဲ့ဖယောင်းတိုင်လို စိတ်ဓာတ်ကိုပေါ့”

ဝမ်ကျစ်ချူး : “?”

 

“တစ်ခြားသူတွေကို အလင်းပေးပြီး ကိုယ်ကိုယ်တိုင်ကျ လောင်ကျွမ်းနေသလိုမျိုးလေ”

“…”

 

ဒုတိယနောက်ဆုံးလူက ခေါင်းကိုခါရင်း “အဲ့ဒါက တကယ်ကိုကောင်းတာ”

ထို့နောက် သူသည် လက်ကိုမြှောက်လိုက်ကာ ဝမ်ကျစ်ချူး၏ပုခုံးအားပုတ်ရင်း “မင်း ငါ့လိုမျိုး စိတ်ထားပြီး ငါ့ကိုပြန်ကူညီပေးမယ် လို့ ငါမျှော်လင့်ပါတယ်။ ပညာရွေအိုး လူမခိုး မဟုတ်လား?

ဝမ်ကျစ်ချူး : “အဲဒီစကားပုံက အဲလိုနေရာတွေမှာ သုံးတာ ဟုတ်လို့လား”

 

ယနေ့ တာဝန်ပြီးမြောက်သွားခြင်းသည် သူ့အား အတော်လေး စိတ်သက်သာရာရစေသည်။ နောက် ညနေကိုယ်တိုင်စာလေ့လာ ချိန်ရောက်သောအခါ ဝမ်ကျစ်ချူးသည် ကျောင်းတွင် သူ၏အိမ်စာ များအား အပြီးသတ်လိုက်ပြီး ရူပဗေဒနှင့်ပတ်သတ်သော ဗဟုသုတအချို့အား ပြန်လည်လေ့ကျင့် လိုက်သည်။ ထို့နောက် သူ၏အထုပ်အပိုးများအား စတင်သိမ်းဆည်းကာ အိမ်သို့ပြန်ဖို့ လုပ်သည်။

 

ကျောင်းဆင်း ခေါင်းလောင်းထိုးသံကြားသည်နှင့် ကျောင်းသားများသည် လှောင်အိမ်ထဲမှလွှတ်လိုက်သော သားရဲများကဲ့သို့ ပြေးထွက်လာကြသည်။

 

ဝမ်ကျစ်ချူးသည် ထိုလူအုပ်ကြားထဲသို့ ဖြတ်မသွားရဲပေ။ တကယ်တော့ တခြားလူတွေ တိုက်မိပါက နှစ်ဖက်လုံး ထိခိုက်နာကျင်ရပြီး သူ့အသက်လေး ဆုံးရှုံးမှာ စိုးသောကြောင့်ဖြစ်သည်။

‘ဖြည်းဖြည်းလေး အနောက်ကနေ အေးအေးဆေးဆေး လျှောက်သွားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး’

 

ကျောင်းဝန်း သည် ညအမှောင်ထဲတွင် လမ်းမီး အလင်းရောင်များဖြင့် ထွန်းလင်းနေသည်။ ကျောင်းဆင်းသွားသည့် ဆယ်ကျော် သက်များမှာ လွတ်လပ်သွားပြီး သူတို့၏အားအင်ပြည့်ဝနေသော ပျော်ရွှင်နေသည့်အသံများသည် ညကောင်းကင်တွင် တောက်ပနေသော ကြယ်ကလေးများကဲ့သို့ ဖြစ်နေ၏။

 

ဝမ်ကျစ်ချူးသည် ဘတ်စ်ကားထံသို့လျှောက်လာကာ ကားလာမည့်အချိန်အားစောင့်နေလေသည်။ ဖြတ်လျှောက်သွားသော ကျောင်းသားအုပ်စုက သူ့အား မလိုလားသော အကြည့်များဖြင့် ကြည့်သွားကြသည်။

 

[စနစ် : ကောင်လေး မင်းအထီးကျန်နေတာလား]

ဝမ်ကျစ်ချူးသည် ခေါင်းကို ငုံ့ထားကာ ဘာမှမပြောပေ။ အခုအချိန်တွင် အထီးမကျန်ဟု ပြောလျှင် လိမ်ပြောရာ ကျလိမ့်မည်။ သူသည် တခြားလူများ နေထိုင်နေသောဘဝများကို အမှန်တကယ်ပင် လိုလားအားကျ နေခဲ့သည်။

 

သို့သော် သူ၏ယခင်ဘဝနှင့်နှိုင်းယှဉ်ရာတွင်တော့ ယခုဘဝမှာ သူအထီးမကျန်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏အနားတွင် စကားပြေဖော် စနစ်တစ်ခုလုံး ရှိနေသည်ပင်။

 

သိပ်မကြာမီပင် အဝေးမှ ဘတ်စ်ကားတစ်စီး ရောက်လာ။ ဝမ်ကျစ်ချူးသည် ကားပေါ်ရောက်လျှင် အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်သည်။ ကံကောင်းစွာပင် သူသည် လွတ်နေသော ခုံတစ်နေရာ တွေ့ကာ ဝင်ထိုင်လိုက်သည်။

 

ဤအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်စရာအသံများ သူ့နားထဲတွင်ကြားလိုက်ရသည်။ ကြည့်ရတာ ဘတ်စ်ကား အနောက်ဘက်မှ စကားများရန်ဖြစ် နေကြခြင်း ဖြစ်မည်။

 

“နင့်ဘယ်ထိုင်ခုံကို လာထိုင်တာလဲ၊ ငါတစ်လမ်းလုံး ဒီထိုင်ခုံမှာ ထိုင်ဖို့စောင့်နေခဲ့တာ” ဟု ဝမ်ကျစ်ချူး၏ တစ်ဖက်မှာ မတ်တပ်ရပ်နေသည့် အသက်ငါးဆယ်အရွယ်ရှိအဒေါ်ကြီးတစ်ဦးမှ အော်ပြောသံကို ကြားလိုက်ရသည်။

 

ထိုအဒေါ်ကြီးမှာ ထိုင်ခုံတွင်ထိုင်နေသော အဖွားအို တစ်ဦးအား လက်ညိုးထိုးလျက်ပြောကာ အော်နေသည်။ “နင်က ဒီအသက်အရွယ်တောင်ရောက်နေပြီ နားမလည်ဘူးလား။ ပြဿနာဖြစ်ချင်နေရင် မြန်မြန်ထလိုက်ပါ”

 

လူရွယ်များအကြားတွင် ရေပန်းစားသည့် ဆံပင်အနီရောင်ပုံစံမျိုးကို ထိုအဒေါ်ကြီးက ဆိုးထားသည်။ သူမ၏အသံမှာ ကားတစ်စီးလုံး ကြားရကာ နဂိုမူလက သက်သောင့်သက်သာရှိသော အချိန်လေး မှာ ချက်ချင်း အရုပ်ဆိုးအကျည်းတန်သွားသည်။

 

ထိုင်ခုံပေါ်တွင်ရှိသော အဖွားကြီးမှာ မလှုပ်မရှားပဲ သူမ၏အသံမှာလည်း ဒေါသကြောင့် ကျယ်၍တုန်ရီလာ ကာ “ငါအရင်ထိုင်တာ”

 

“နင်ဘာလို့ အရင်ထိုင်ရတာလဲ၊ အသက်ကြီးတာကို ဗန်းပြပြီး ထိုင်ချင်မနေနဲ့၊ မြန်မြန်ထ”

 

သူမ ကားပေါ်သို့ရောက်သောအခါ မူလက ကား၏အနောက်ဖက်တွင် ထိုင်ချင်ခဲ့သည်။ သူမထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် အလယ်တွင် ထိုင်ခုံနေရာ ရှိသေးသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် အလယ်ထိုင်ခုံက ကားပေါ်မှ ဆင်းရ ပိုလွယ် သဖြင့် ထိုနေရာတွင် ထိုင်ချင်ခဲ့သည်။

 

သူမ ထိုထိုင်ခုံသို့ ထအသွားတွင်  ကားပေါ်တက်လာသော ကျောင်းသားအုပ်စုဖြင့် တိုးပြီး ထိုထိုင်ခုံသို့ မသွားနိုင်တော့ပေ။ သူမ နောက်ပြန် လှည့်လိုက်သောအခါ  အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်က သူမ၏မူလခုံတွင် ထိုင်နေသည်ကို တွေ့ရသောကြောင့် ထိုအမျိုးသမီးအား လက်ညိုးထိုးကာ အော်ဟစ်နေခြင်းဖြစ်သည်။

 

အသက်ကြီးကြီး အမျိုးသမီးမှာ ခြေထောက် မကောင်းပေ။ သူမ၏လက်ထဲတွင်လည်း အကူတုတ် ကောက်အား ကိုင်ဆောင်ထားသည်။

 

ထိုအချိန်တွင် ကားတစ်စီးလုံးမှာ အမျိုးသမီးကြီး၏ ဆူညံသောအသံဖြင့် ပြည့်နှက်နေသည်။ ဝမ်ကျစ်ချူးသည် ဘာစကားမှ ပြန်မပြောရဲသည့် အဖွားအိုကြီး၏မျက်နှာကိုကြည့်လိုက်ကာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။

 

ထို့နောက် သူသည် ခေါင်းခါ လိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ သူ၏အသံမှာလည်း အရင်ကထပ် ကျယ်သွားကာ “ကျွန်တော် မထိုင်တော့ဘူး၊ ဒီမှာ အန်တီ လာထိုင်ပါ”

 

သူသည် ထိုစကားကို ထစ်ထစ်ငေါ့ငေါ့ ဖြင့် ပြောလိုက် သည်။ သူသည် ထိုအမျိုးသမီးများနှင့်လည် ဆက်လက်၍ ပြိုင် မငြင်းရဲပေ။ တကယ်လို့ ခိုက်ရန်ဖြစ်ပွားရမည်ဆိုရင်လဲ သူရန်မဖြစ်တတ်ပေ။ ရန်စကားပြောနေသော အမျိုးသမီးအား တားရန် နည်းလမ်းမှာ သူ့အား နေရာပေးလိုက်ခြင်းဖြစ်မည်။

 

ထိုသို့ တုံ့ပြန်မှုမျိုးသည် လူမိုက်အားပေးသည့်ပုံစံမျိုးဖြစ်ပြီး ဖြောင့်မတ်သည့်သူများ ဖြေရှင်းလေ့ရှိသည့် ပုံစံမျိုးမဟုတ်ပေ။ သူသည် တခြားသူများ သူ့အား လှောင်ရယ်မည်ကို မကြောက်ပေ။ အဘယ့်ကြောင့်ဆိုသော် ဒီနည်းလမ်းသည် သတ္တိရှိကြောင်း ထုတ်ဖော်ပြသဖို့အတွက် သူရဲဘော အကြောင်ဆုံးနည်းလမ်းလည်းဖြစ်သည်။

 

အမျိုးသမီးမှာ ကျောင်းသားတစ်ယောက်မှ သူ့အား ခုံမှထပေးလိုက်အံ့အားသင့်သွားပြီးနောက် မျက်နှာပျက်သွားတော့သည်။ “မင်းက ငါ့ကို လူဆိုးဖြစ်အောင် လုပ်နေတာပဲ။ ငါ့ထိုင်ခုံကို ဘယ်သူပဲယူယူ၊ ယူတဲ့သူက ထပေးရမယ်။ ငါဒီနေ့အဲ့နေရာမှာပဲ ထိုင်မယ်။ မင်းထိုင်ခုံကို ငါ မလိုအပ်ဘူး”

 

သို့သော် ထိုအမျိုးသမီးသည် လူအများက သူ့အား ရှုတ်ချကာ ချေပကြလိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။

ဝမ်ကျစ်ချူးသည် ပထမဆုံးထ ပြောသူဖြစ်သလို ပထမဆုံး ပြသနာထဲ ဝင်ပါသူလဲ ဖြစ်သည်။ နောက်ထပ် တစ်ယောက်ယောက်များ ထပြီး သူ့ဘက်က ပြောဆိုပေးမည့်သူများ ရှိလာနိုင်သည်။

 

အခြားသူများသည် ဝမ်ကျစ်ချူးကဲ့သို့ပင် တွေးမိလာကာ ဒေါသထွက်လာကြသည်။ ထို့နောက် သူ့နောက်လိုက်ကာ သူ့အတိုင်း ပြောဆို လာကြတော့သည်။

 

“ခင်ဗျားကြီးလွန်နေပြီလို့ ကျုပ်ပြောမယ်။ ဒီက ကျောင်းသားလေးကတောင် နေရာပေးဖို့ ဖယ်ပေးတာ၊ ခင်ဗျားက ဘာလို့ ကိုယ့်ကိုယ်ကို မထိန်းချုပ်ပဲ လျှောက်အော်နေရတာလဲ”

 

“စိတ်ပျက်ဖို့ကောင်းတာပဲ၊ ဘယ်သူပဲခုံကို ထိုင်ထိုင်ပေါ့၊ ခင်ဗျားပဲထိုင်လို့ရတယ်၊ အခြားသူတွေ ထိုင်လို့မရဘူးလား”

ဒီအဖွားက ခင်ဗျား မထိုင်တာတွေ့လို့ သူဝင်ထိုင်လိုက်တာ၊ သူက ခင်ဗျားကို မဟုတ်တာ လုပ်နေတာမဟုတ်ဘူး။ ခင်ဗျား အသံကြီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြတယ်လို့ မတွေးမိ ဘူးလား”

 

အမျိုးသမီး၏မျက်နှာမှာ နီမြန်းသွားကာ “ငါ မင်းတို့အားလုံးနဲ့ ရန်ဖက်ဖြစ်ဖို့ အချိန်မရှိဘူး”

ပြောဆိုပြီးသည့်နောက်တွင် သူမသည် အလယ်ထဲသို့ လမ်းလျောက်သွားကာ ဝမ်ကျစ်ချူးနားတွင် မတ်တပ်ရပ်လိုက်သည်။

အနေအထားသည် သိသာနေသည်။ သို့သော် ဝမ်ကျစ်ချူးသည် သူ၏ထိုင်ခုံရှေ့တွင် မတ်တပ်ထရပ် လိုက်တော့သည်။

 

ဝမ်ကျစ်ချူးသည် ထိုအမျိုးသမီးက ရှက်ရမ်းရမ်းကာ လုပ်မိလုပ်ရာ ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း သိမြင်နိုင်သည်။ အမျိုးသမီး၏မျက်နှာတွင် ရှက်ရွံ့မှုအား မြင်လိုက်ရသောအခါ သူသည် အလျင်အမြန်ပင် ပြောလိုက်သည်။

 

“စိတ်မပူပါနဲ့၊ ကျွန်တော်က ကွန်မြူနစ်လူငယ်အဖွဲ့ ကပါခင်ဗျာ”

ထိုသို့ပြောပြီးသည်နှင့် သူသည် ထိုင်ခုံပေါ်တွင်ထိုင်ချလိုက်သည်။ ထို့နောက် ခပ်တည်တည် အသွင်အပြင်အား သူ၏မျက်နှာ ခပ်သေးသေးပေါ်တွင် ပေါ်လွင်ကာ “အမျိုးသမီးတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး” ဟု ဆိုလိုက်သည်။