Chapter9
Viewers 827

အမျိုးသမီး၏မျက်နှာသည် တစ်ချက်ရှုံ့တွသွားကာ ဝမ်ကျစ်ချူးအား မယုံကြည်စွာ ဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေသည်။

[စနစ် : ဘာလို့ သူမက သင့်ကို အဲ့လိုမျိုးကြည့်နေရတာလဲ]

ဝမ်ကျစ်ချူး : “ငါ သူမကို လေးလေးစားစား ဆက်ဆံလိမ့်မယ်လို သူမ မထင်ခဲ့လို့နေမှာပေါ့”

 

နတ်သူငယ်မှာ ရုတ်တရက်သဘောပေါက်သွားသည်။

[စနစ် : ခံစားသွားရတာပေါ့]

ဝမ်ကျစ်ချူးမှ ခေါင်းငြိမ့်ပြသည်။

အမျိုးသမီးမှာ ကားစီးသည့်တစ်လျှောက်လုံး တန်ဖိုးရှိသည့်သင်ခန်းစာများအား သင်ကြားနေခဲ့ရပြီး ထွက်သွားခဲ့သည်။ ဝမ်ကျစ်ချူးသည် သူမ၏ရွေးချယ်မှုအား လေးစားပေးရန်မှအပ သူမအား ဘာမှတုံ့ပြန်ပြောဆို၍မရချေ။

ငိုလို့မရပေ။

 

[စနစ် : ကောင်လေး သင် ကအရမ်းကြင်နာတတ်တာပဲ]

ဝမ်ကျစ်ချူး : “အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်”

ဝေဖန်တိုက်ခိုက်သည့် အခြေအနေပြီးသည့်နောက်တွင် ကားအတွင်းရှိလူများအားလုံးသည် သူတို့ အားကြည့်နေကြသည်။ ထို့နောက် အမျိုးသမီးမှာ အတော်ကြာသည့်အထိ ဒေါသမထွက်နိုင် တော့ဘဲ ရှိသည်ဖြစ်ရာ သူမလည်းစိတ်ပြန်လျှော့လိုက်လေသည်။

 

မှတ်တိုင်ရောက်သောအခါ ဝမ်ကျစ်ချူးမှာ စနစ်၏ ချီးကျူးမှုများကို ခံယူလျက် အိမ်ကိုပျော်ရွှင်စွာ ပြန်သွားသည်။

သော့အိမ်အထဲသို့ သော့ဝင်သွား၍ ပွင့်သွားသောအသံသည် အမြဲလိုလို ခံစားရကောင်းနေသည်။ ဝမ်ကျစ်ချူးသည် ပြုံးလျက် အိမ်တံခါးကိုဖွင့်လိုက်ပြီး လက်ကိုမြှောက်လိုက်ကာ နံရံပေါ်ရှိ မီးခလုတ်ကိုဖွင့်လိုက်သည်။ ခဏတာမျှ မီးလုံးများသည် တောက်ပစွာ ထွန်းလင်းသွား၏။ သို့သော် ကောင်လေး၏အပြုံးများသည် ခဏတာ ရပ်တန့်သွားသည်။

 

‘ငါ သတ္တဝါသေးသေးလေးတွေ အများကြီးအများကြီး ကြမ်းပြင်ပေါ်မှာ လျှောက်သွားနေကြတာကို တွေ့လိုက်ရတယ်’

[စနစ် : အကောင်လေးတွေအများကြီးပဲ]

ဝမ်ကျစ်ချူး : …

 

***

 

လျှပ်စစ်တံခါးပေါ်မှ လျို့ဝှက်နံပါတ်ရိုက်နှိက်သည့် အသံထွက်ပေါ်လာသည်။ အငယ်ဆုံး သားလေး နှင့်အတူ အိမ်ဆောက်အရုပ် တုံးများနှင့်ဆော့နေသော ချင်မားမားသည် အသံကြားသည်နှင့် တစ်ပြိုင်နက် အငယ်ဆုံးကလေးအား အလျင်အမြန်ပြန်ပွေ့ချီ လိုက်သည်။ “မြန်မြန်လုပ်၊ အစ်ကို ကြီးပြန်လာပြီ”

 

ချင်ကျားဟီ၏ မျက်လုံးဝိုင်းဝိုင်းလေးများသည် ချင်ကျားရှုပြန်လာသည်ဆိုသောအသံကိုကြားရ သောအခါ တောက်ပသွား၏။ ခဏတာမျှ အိမ်ဆောက်ဘလော့တုံးများနှင့်ဆော့နေသည်ကို ရပ်လိုက် ကာ ကော်ဇောပေါ်တွင် ခုန်ပေါက်လျက် မတ်တပ်ထရပ် လိုက်သည်။ “ကိုကြီး၊ ကိုကြီး”

 

ထိုသို့ပြောပြီးနောက်တွင် ကလေးသည် သူ၏လက်များကိုဆန့်တန်းလိုက်ပြီး သူ၏အမေလက် ပေါ်သို့ လှဲချလိုက်သည်။ ချင်မေမေမှာ အလွန်စိတ်လှုပ်ရှားစွာဖြင့် ဖိနပ်ပင်မစီးနိုင်ဘဲ အငယ်ဆုံးလေးကို လက်တွင်ပိုက်လျက် တံခါးဆီသို့ ပြေးသွားသည်။

 

အပြင်မှပြန်လာသော လူငယ်လေး၏ကျောပိုးလွယ်အိတ်မှာ သူ၏ပုခုံးတစ်ဖက်ပေါ်တွင် ဖြစ်သလို လွယ်ထားလျက်ရှိသည်။ ထိုအချိန်တွင် သူသည် ဖိနပ်အား ခါးကုန်းလျက် လဲရန်ကြိုးစားနေသည်။ သူ၏ပုခုံးများသည် အလွန်ကျယ်ပြန့်ပြီး ၎င်းတို့အား သူမတ်မတ်ရပ်သည့်အခါတွင်တွေ့နိုင်သည်။ ယခုအချိန်တွေမှု ကိုင်းနေသည်မှာပိုသိသာနေသည်။

 

ချင်ကျားဟီမှာ သူ၏အမေလက်ထဲတွင်နေလျက် ချင်ကျားရှုအားတွေ့လိုက်ရသောအခါ ပျော်ရွှင်သော အသံလေးဖြင့် “အစ်ကိုကြီး”

ချင်ကျားရှုသည် သူ၏အမေနှင့်ညီငယ်အား ကြည့်လိုက်သည်။

 

အမေချင်သည် သူ့သားအားပြုံးပြလိုက်ပြီး “ကျားရှုတောင်ပြန်လာပြီပဲ။ ဒီနေ့ဘယ်လိုနေလဲ။ ပင်ပန်းသွားပြီလား”

“မပင်ပန်းပါဘူး” ထို့နောက် သူကမေးသည် “အမေက ဘာလို့အခုထိ မနားရသေးတာလဲ”

 

အမှတ် ၁ အလယ်တန်းကျောင်း ဒုတိယနှစ် ကိုယ်ပိုင်စာလေ့လာချိန်သည် ညနေခင်း ၉နာရီခွဲ အထိရှိပြီး ချင်ကျားရှုအိမ်ကို ပြန်ရောက်သည့်အချိန်မှာ ၁၀နာရီဖြစ်သည်။ ပုံမှန်အတိုင်းဆိုရင် သားအမိနှစ်ယောက်သည် အခန်းထဲတွင်ရှိနေရမည်ဖြစ်သည်။

 

သားကြီးဆုံးထံမှ မေးခွန်းအားကြားရသောအခါ ချင်မေမေသည် အလျင်အမြန်ပင် အငယ်ဆုံး သားလေးအား ချီကာ ရှေ့သို့ နှစ်လှမ်းမျှလှမ်းလျက် ဆက်ပြော၏ “ရှောင်ဟီက အိပ်ဖို့ကို ဂျီကျနေလို့ ပြီးတော့ သူကပြောတယ် သူ့အစ်ကို ပြန်လာတာကို စောင့်ဦးမယ်တဲ့၊ ဟုတ်တယ်မဟုတ်လား ရှောင်ဟီ”

 

လေးနှစ်သား ကလေးလေးကခေါင်းငြိမ့်ပြလိုက်ကာ သူ၏မရင့်ကျက်နုနယ်သော မျက်နှာ လေးပေါ်တွင် အပြုံးလေးတစ် ပွင့်ပွင့်သွားသည်။ “ကိုကြီး၊ ကိုကြီး ရှောင်ဟီက အတူတူ အစ်ကိုကြီးနဲ့ ဆော့ချင်သေးတာ”

ချင်ကျားရှုသည် အမေနှင့်သားအား ကြည့်လိုက်ကာ ပြုံးပြလိုက်သည်။ သို့သော် ထိုအပြုံးသည် သူပုံမှန်သူ့မျက်နှာပေါ်တွင် တင်နေကျ မျက်နှာဖုံးနှင့်ဘာမှမကွဲပြားပေ။ ညီငယ်လေးအား တစ်ချက် ကြည့်လိုက်ကာ ကြည်လင်သောအသံဖြင့် “တကယ်ကြီးလား”

 

ချင်ကျားဟီမှာ ကျမ်းကျိန်ဆိုနေသကဲ့သို့ အကြမ်းပတမ်းခေါင်းငြိမ့်ပြလိုက်သည်။

ချင်မေမေမှာ တစ်ဖက်လှည့်လိုက်ကာ သူ့သားအား ဝင်ခွင့်ပေးလိုက်သည်။

ချင်ကျားရှုမှာ မျက်လွှာအောက်ချလျှက် “အမေဘာလို့ ဖိနပ်မစီးထားတာလဲ”

 

ထိုအခါမှသာ အမေချင်မှာ သတိပြုမိ၍ ပြုံးလျက် “အမေ မေ့သွားလို့”

သူသည် ချင်ကျားဟီအား သူ၏လက်ပေါ်တွင်ပွေ့ချီလိုက်သည်။ “အခုအစ်ကိုကြီးပြန်ရောက်လာပြီ။ အစ်ကိုကြီးကို ရှောင်ဟီကို အိပ်ယာခေါ်သွားခွင့်ပေး ဟုတ်ပြီလား”

 

“ဟုတ်ပြီ” ကလေးငယ်လေးမှာ ငြီးငြူလိုက်ပြီး သူ၏လက်သေးသေးလေးများအား ချင်ကျားရှု ထံသို့ ဆန့်တန်းလိုက်သည်။

အေးဆေးတည်ငြိမ်သောအမူအယာဖြင့် လူငယ်လေးသည် လက်ကိုမြှောက်လိုက်ကာ ညီငယ်လေး အားဖက်လိုက်၍ သူ့လက်မောင်းများဆီသို့ ချီယူလိုက်ပြီး မည်သည်ကိုမှ ဆက်မပြောပဲ အပေါ် ထပ်သို့ တက်ရန်လုပ်သည်။

 

ချင်မေမေသည် တွန့်ဆုတ်သွားကာ ထိုနေရာတွင်ပင် မတ်တပ်ရပ်နေမိသည်။ ထို့နောက် မနေနိုင်ပဲ မေးလိုက်မိသည်။ “ကျားရှု ဒီနေ့ကျောင်းမှာဘယ်လိုနေလဲ၊ အမေ့ကိုပြောပြစရာ စိတ်ဝင်စားစရာ အကြောင်းလေးများ မရှိဘူးလား”

 

ရှည်လျားသောအရပ်နှင့် ကောင်လေးသည် သူမအားတစ်ချက်လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်ကာ ပြောလေသည် “မရှိဘူး”

ထို့နောက်သူသည် လှည့်လိုက်ကာ အပေါ်ထပ်သို့တက်သွားသည်။

 

ချင်မေမေသည် ခဏတာမျှ စိတ်ရှုပ်ထွေးစွာဖြင့် စိတ်လျှော့ချလိုက်၏။ ဘယ်လိုဖြစ်၍ အမေ တစ်ယောက်မှာ သား၏အပြုံးများ၌ အသက်မပါသည်ကို မသိရပါမည်နည်း?။

 

ချင်ဖေဖေသည် ကုမ္ပဏီမှပြန်လာသောအခါ ထိုမြင်ကွင်းကိုမြင်လိုက်ရသည်။ ထို့နောက်သူ၏ဇနီး ၏ပုခုံးများကို ဖက်ထားရန် အတွက် ရှေ့သို့တိုးသွားသည်။ “မင်းကြည့်ရတာ စိတ်အားငယ်နေသလိုပဲ။ ဘယ်လိုဖြစ်ရတာလဲ။ ဒီနေ့ ကတ်ကစားတာရှုံးလို့ လား”

 

ချင်မေမေသည် သူ့အား စိတ်မကျေနပ်သောအကြည့်ဖြင့်ကြည့်လိုက်သည်။

ချင်ဖေဖေသည်လည်း ရင်ထဲမှ ခန့်မှန်းမိလိုက်သည်။ “ကျားရှု ပြန်လာပြီပေါ့”

 

ချင်မေမေသည် ခေါင်းညိတ်ပြလိုက်ပြီး အပြစ်ရှိသလိုမျိုးပြော၏ “ချင်ကျားရှုဟာ ကျွန်မတို့နဲ့ အမြဲတမ်းဆန့်ကျင်နေတယ်လို့ ခံစားနေရတယ်၊ သူငယ်ငယ်တုန်းထဲက ကျွန်မတို့အတူတူ အချိန် တွေပိုကုန်ဆုံးခဲ့ကြရင်ကောင်းမှာပဲ”

 

ချင်ဖေဖေမှာ ထိုစကားအား အတည်မမှတ်ပေ။ “ဘာစည်းမျဉ်းမှ မရှိဘူးလေ၊ ငါကလည်း သူ့အဖေ ဖြစ်နေသေးသလို့ မင်းကလည်း သူ့အမေပဲလေ၊ ငါတို့ တစ်မိုးအောက်မှာပဲ နေတိုင်း နေနေရတာပဲလေ၊ နောက်နှစ်နည်းနည်းဆို အဆင်ပြေသွားမှာပါ”

 

“ရှင်အရင်ကလည်း အဲ့လိုပဲပြောခဲ့တာမဟုတ်လား၊ ပြီးခဲ့တဲ့ နိုင်ငံတကာ ရုံးလုပ်ငန်းတွေက ပြီးသွားတာ ၅ နှစ်တောင်ရှိနေပြီ မဟုတ်လား၊ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျွန်မတို့က အရင်လောက် အလုပ် များတော့တာမဟုတ်ဘူး၊ ရှင်နဲ့ကျွန်မက နေ့တိုင်း အိမ်ပြန်လာနိုင်နေပြီ။ ဒါတောင်မှ ချင်ကျားရှုက ကျွန်မတို့နဲ့ဝေးနေတုန်းပဲ”

 

ချင်ကျားရှု မွေးဖွားလာသောအခါ ကုမ္ပဏီမှာ အတော်လေး စီးပွားရေးဖြစ်ထွန်းနေခဲ့ပြီး လုပ်ငန်း ကိစ္စရပ်များ များစွာလုပ်ကိုင်ရ လျက်ရှိ၏။ လင်မယားနှစ်ယောက်မှာ သူတို့၏ဘဝလုပ်ငန်းကိုသာ ရှေ့တန်းတင်ထားရသည်။

 

ကုမ္ပဏီမှာ တိုးပွားလာသည်နှင့်အမျှ ဂုဏ်သတင်းနှင့် အာဏာမှာလည်း တိုးပွားလာခဲ့သည်။ ကလေး များအား ဂရုစိုက်နိုင်သော အချိန်တွင်မူ ချင်ကျားရှုမှာ အရွယ်ရောက်နေနှင့်ပြီးဖြစ်သည်။

 

မိဘ နှစ်ယောက်လုံး၏ရင်ထဲတွင် အပြစ်ရှိစိတ်များနှင့် အမြဲတမ်း ပြည့်နှက်လျက်ရှိရာ လုပ်ငန်းကြီးတစ်ခု ပြီးမြောက်သွားသောအခါ သူတို့သည် သူတို့၏အာရုံကို မိသားစုဆီသို့ ပြန်လှည့်ခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်တွင် ချင်ကျားရှုမှာ အသက် ၁၃ နှစ်ရှိနေနှင့်ပြီးဖြစ်သည်။

 

သို့သော် သူတို့အတွက် အံ့ဩဖို့ကောင်းသည်မှာ ချင်ကျားရှုသည် သူတို့ထင်သလို သူတို့အား ကလန်ကဆန် သိပ်မပြုမူပေ။ ထို့အပြင် ပိုတောင် နားလည်မှုပေးနိုင်သည် ဟုပင်ပြောနိုင်သည်။

 

ချင်မေမေမှာ သူ့အားတစ်ခါက မေးဖူးသည်။ သူ၏မိဘများအား သူနှင့်အဖော်မလုပ်ပေးသည့် အတွက် အပြစ်တင်မိလား ဟု မေးကြည့်လိုက်သည်။

 

ထိုအချိန်ကအသက် ၁၃နှစ်သားချင်ကျားရှုမှာ ခေါင်းကိုခါ၍ ပြုံးလျက် “အံ့ဩစရာမရှိပါဘူး” ဟုပြန်ဖြေခဲ့သည်။

 

ကလေးက ထိုသို့ပြန်ဖြေသော်လည်း မိဘနှစ်ပါးမှာတော့ စိတ်ကသိကအောက်ခံစားနေရဆဲဖြစ် သည်။ ထို့ကြောင့် တခြားတစ် နေရာရာတွင်လိုအပ်နေသည်လား ကြည့်၏။

 

သို့သော် ချင်ကျားရှုသည် အရာအားလုံးကို သူကိုယ်တိုင်ပင် ကိုင်တွယ်နေနိုင်သည်ကိုတွေ့လိုက်ရပြီး သူတို့ဘာကိုမှ စိတ်ပူစရာမလိုကြောင်း သိလိုက်ရသည်။

 

ချင်မေမေသည် စိတ်မသက်သာစွာဖြင့် “ကျားရှုက ကျွန်မတို့ကို ဘာမှမပြောပြဘူး”

“ကလေးတွေက သူတို့ကြီးလာတဲ့အခါမှာ သူတို့စိတ်ကူးနဲ့ သူတို့ဖြစ်သွားကြတယ်။ သိပ်စိတ်ပူနေ စရာမလိုပါဘူး”

“ဒါပေမယ့်”

 

ချင်ဖေဖေမှာ သူ့ဇနီး၏ပုခုံးအားပုတ်လိုက်၍ “ကောင်းပြီ၊ အဲ့ဒါကို နောက်ထပ်မတွေးနဲ့တော့၊ ချင်ကျားရှုက ငယ်ငယ်ထဲက သိတတ်တဲ့ကလေးပဲ။ သူ ငါ့တို့ အလုပ်ကြိုးစားနေတာတွေကို နားလည်မှာပါ”

 

အဲ့ဒီနောက်တွင်တော့ ချင်မေမေမှာ ခေါင်းကိုငြိမ့်ပြလိုက်သည်။ သို့သော် သူမ၏နှလုံးသားမှာ မခုန်နိုင်ပဲ လေးလံနေသည်။

ချင်ကျားရှုသည် ချင်ကျားဟီအား ဒုတိယအထပ်တွင်ရှိသော ကလေးအိပ်ခန်းသို့သယ်လာခဲ့ပြီး ကလေးငယ်လေးအား ဘာမှမပြောပဲနှင့် အိပ်ယာပေါ်တွင်တင်ထားခဲ့ကာ ပြန်ဖို့လုပ်သည်။

 

ချင်ကျားဟီသည် သူ့အားကြည့်လိုက်၏။ ထို့နောက် သူ့အစ်ကို၏အင်္ကျီလက်များကို သူ၏လက် ကလေးများဖြင့်ဆွဲထားကာ “ကိုကြီး၊ သားက ညတိုင်းအိပ်ယာဝင်ရင် ပုံပြင်နားထောင်တယ်၊ အဖေ နဲ့အမေက ညတိုင်း ပုံပြင်ဖတ်ပြတယ်။ ဒီနေ့သားကို ပြောပြပါနော်”

 

ကလေးငယ်လေးမှာ မျှော်လင့်ချက်ကြီးစွာဖြင့် သူ့အားကြည့်၍ အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပုံပြင်စာအုပ်အား အပြေးအလွှားသွားယူ၏။ “ကိုကြီး၊ ဒီစာအုပ်လေးဖတ်ပြပါလား”

 

ချင်ကျားရှုသည် ထိုစာအုပ်အားကြည့်လိုက်ပြီး အေးစက်စွာပင်ငြင်းလိုက်သည်။ “အဲ့ဒါက မကောင်းဘူး”

ချင်ကျားဟီသည်နောက်တွန့်သွားကာ “ဘာဖြစ်လို့လဲကိုကြီး။ မေမေက ပြောတယ် ကလေးတွေက အိပ်ရင် ပုံပြင်နားထောင်ပြီး အိပ်ရတယ်တဲ့၊ သားကိုပြောပြပါနော် ကိုကြီး”

 

ကလေးသည် သူ့အားစတင်ချွဲ၏။ ပုံမှန်အားဖြင့် သူသည် မိဘများထံမှ လိုချင်သည်ကိုမရသည့် အခါတွင် ကလေးလေးက ယခု ကဲ့သို့  ပြုမူလေ့ရှိသည်။

 

မမျှော်လင့်စွာပင် ချင်ကျားရှုသည် ထိုအတွက် အထူးသီးသန့် ကာကွယ်ဆေးထိုးထားသကဲ့သို့ သူချွဲသမျှ အရာမရောက်ပဲဖြစ်နေသည်။ သူသည် အမူအရာကင်းမဲ့စွာဖြင့် “ငါမဖတ်နိုင်ဘူး”

 

ချင်ကျားဟီ : !

ထို့နောက်သူသည် တတိယအထပ်ရှိ သူ၏အခန်းသို့ပြန်သွားသည်။

ချင်ကျားဟီမှာ အရေးမပါသောကလေးကဲ့သို့ နေရာတွင်ပင်ကျန်ခဲ့သည်။

 

အချိန်ခဏတာမျှ စာမတတ်သော အစ်ကိုတစ်ယောက်ရှိနေခြင်းကို လက်မခံနိုင်နေသည်

 

*

ဝမ်ကျစ်ချူးသည် ပိုးဟပ်များကိုမောင်းထုတ်ပြီးသည့်အခါတွင် ဆိုဖာပေါ်၌ သူ၏အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ပစ်လဲကျသွားသည်။

 

[စနစ် : ကောင်လေး၊ သူတို့က သင့် ဆီကို အုပ်လိုက်ကြီး လာနေကြတာ၊ မင်းဘာလို့ မောင်းထုတ်လိုက် တာလဲ။ အကောင်သေးသေး လေးတွေက လူတွေအတွက် အဖော်မွန်ကောင်းတွေပဲလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား]

ဝမ်ကျစ်ချူးမှာ ပင်ပန်းအားနည်းစွာဖြင့် : “ငါကတော့ သူတို့တွေနဲ့ မိတ်ဆွေဖြစ်ဖို့ မသင့်တော်ဘူး”

[စနစ် : ဘာလို့လဲ]

ဝမ်ကျစ်ချူး၏မျက်နှာမှာမဲ့သွားကာ “ငါအဆင်မပြေလို့”

ကြည့်ရသည်မှာ မှန်ကန်နေ၏။

[စနစ် : သင်က ကိုယ့်ကိုယ်ကို တော်တော်သိတာပဲ]

ဝမ်ကျစ်ချူး : …

 

ဝမ်ကျစ်ချူးမှာ ရေချိုးပြီးသည့်အခါ အိပ်ယာပေါ်တွင်ထိုင်လျက် သူ၏သေးငယ်သော ငွေကြေးများ အား စတင်ရေတွက်သည်။

ယွမ် နှစ်ရာ့ငါးဆယ် အတိအကျပင်။ အပိုအလိုမရှိ။

 

သူသည် တစ်ယွမ်ပင်မကျန်အောင် ယွမ် ၂၅၀ လုံးအား သိမ်းဆည်းထားလိုက်သည်။ တကယ်တမ်း တွင် ၎င်းတို့သည် ပိုက်ဆံ တင်သာမဟုတ်။ သူ၏ဘဝပင်တည်း။

 

[စနစ် : သင့်ရဲ့မွဲတေနေတဲ့ပုံကိုကြည့်ပါဦး]

ဝမ်ကျစ်ချူးသည် နက်နဲသိမ်မွေ့သောအမူအရာဖြင့် “မင်းနားမလည်ပါဘူး”

နောက်နေ့မနက်တွင် ဝမ်ကျစ်ချူးသည် ထုံးစံအတိုင်းကျောင်းသို့သွားရန် အိပ်ယာမှထလာသည်။ လိုက်ကာအားဖွင့်လိုက်သောအခါ မိုးအနည်းငယ်ရွာနေသည်ကိုတွေ့လိုက်ရသည်။ ထီးကိုယူကာ ကျောင်းသို့သွားသည်။

 

နွေရာသီမိုးသည် ရာသီဥတုအားပို၍အေးမြစေသည်။ ထို့ကြောင့် ဝမ်ကျစ်ချူးသည် ဘတ်စ်ကား စီးသွားကာ ထုံးစံအတိုင်း ကျောင်းသို့အလျင်အမြန်သွားသည်။

 

“အပြင်မှာ မိုးရွာနေတယ်။ အမေက မင်းကိုခေါ်သွားဖို့ ဒါရိုက်ဘာကို ပြောထားတယ်”

ချင်မေမေသည် တံခါးပေါက်ရှေ့တွင်ရပ်နေသောချင်ကျားရှုအား ကြည့်လိုက်ကာ ဖျောင်းဖျလိုက်သည်။ “ရှောင်ဟီက မူကြိုကို ၈ နာရီမှသွားရမှာ၊ အမေ ကားဒါရိုက်ဘာကို မင်းကျောင်းကို အရင် ပို့ဖို့မှာထားတယ်”

 

ချင်ကျားရှုသည် အပြင်မှရာသီဥတုကိုတစ်ချက်ကြည့်လိုက်ပြီးနောက် မငြင်းတော့ပေ။

ချင်မေမေသည် တစ်ချက်ကြည့်လိုက်ပြီးနောက် အငယ်ဆုံးလေး၏လွယ်အိတ်ကို ရှင်းလင်းပေး နေသည်။

 

အခန်းထဲတွင် ခြေအိတ်များနှင့်လုံးထွေးနေသော ချင်ကျားဟီသည် အမေအခန်းထဲဝင်လာသည်ကို တွေ့သောအခါ သူ၏နနုနယ်သောမျက်နှာလေးမှာ သံသများစွာဖြင့် “အမေ”

 

ချင်မေမေကပြောလိုက်သည် “ရှောင်ဟီ၊ ဒီနေ့ ကိုကြီးနဲ့ကျောင်းအတူတူ သွားကြမလား”

ချင်ကျားဟီသည် ကြားကြားချင်းတွင် ရွှင်လန်းသွားကာ “ဟုတ်ပြီ၊ ကိုကြီးနဲ့ အတူတူ ကျောင်းသွား ကြမယ်”

 

မူကြိုသည် ကလေးများအတွက် မနက်စာစီစဉ်ပေးထားသည်ဖြစ်ရာ အငယ်ကောင်လေးမှာ အိမ်တွင်စားသွားရန်မလိုပါ။ ချင်ကျားရှု၏ရှေ့တွင်သူပေါ်လာသောအခါ သူသည် လက်ထဲတွင် ထီးလေးကိုကိုင်ကာ လွယ်အိတ်လေးအား လွယ်ထားလျက် ချင်ကျားရှုအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။

 

“ကိုကြီး။ သွားကြစို့”

ချင်ကျားရှုသည် သူ့အားတစ်ချက်ကြည့်ကာ မည်သည်ကိုမျှ မပြောပဲ တံခါးကိုဖွင့်ကာ ထွက်သွားသည်။

ညီအစ်ကိုနှစ်ယောက်သည် ကားထဲတွင်ထိုင်နေကြကာ ချင်ကျားရှုသည် ပြတင်းပေါက်မှအ ပြင်အားကြည့်နေသည်။  ချင်ကျား ဟီသည် သူ့အား ဥဩငှက်ကလေးကဲ့သို့ တစ်လမ်းလုံးမရပ် မနားပဲ အော်ခေါ်နေသည်။

 

ကားဆရာသည် အရင်ဆုံး အမှတ် ၁ အလယ်တန်းကျောင်းသို့ မောင်းသွားသည်။ ထို့နောက် ကျောင်းသို့ ရောက်သောအခါ ချင်ကျားရှုသည် လွယ်အိတ်ကိုယူကာ အပြင်သို့ထွက်မည်ပြုစဉ် သူ၏အင်္ကျီစအား ဆွဲယူခြင်းကိုခံလိုက်ရသည်။

 

သူလှည့်ကြည့်လိုက်သောအခါ ချင်ကျားဟီ၏ မျက်ဝန်းဝိုင်းဝိုင်းများအားတွေ့လိုက်ရသည်။

ချင်ကျားရှုသည် သူ့အားကြည့်လိုက်ကာ တည်ငြိမ်အေးဆေးသောလေသံဖြင့် “ဘာဖြစ်လို့လဲ”

ချင်ကျားဟီ : “ကိုကြီး၊ စာသေချာလုပ်ဖို့မမေ့နဲ့နော်”

အငယ်ကောင်လေးမှာ တစ်ညလုံး သူ့အကိုကြီး စာမတတ်သည်ကိုတွေးနေမိသည်။

ချင်ကျားရှု : …

 

အပြင်ဘက် မိုးတိတ်သွားပြီ ဖြစ်သည်။ သို့သော် ကောင်းကင်ကြီးမှာ မည်းမှောင်နေဆဲဖြစ်ပင်။ မိုးထပ် ရွာမရွာ သူမသိပေ ချင်ကျားရှုသည် သမာန်ကာလျှံကာဖြင့် ထီးအား ကောက်ယူလျက် ကားထဲမှထွက်သွားသည်။

 

သူ့အစ်ကိုထွက်သွားသည်ကို တွေ့သောအခါ အငယ်ကောင်လေးသည် ကားပြတင်းပေါက်တွင် လှဲလျောင်းကာကြည့်နေသည်။

ကားဆရာသည် ထိုအရာကိုမြင်သောအခါ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းမောင်းထွက်သွားသည်။

 

ဆရာသခင်ငယ်လေးမှာ အမြဲတမ်းယဉ်ကျေး၍ နူးညံ့သိမ်မွေ့သည်။ သို့သော် သူသည် အကြောင်းအရင်းအချို့ကြောင့် သူ၏ညီအငယ်ပေါ်တွင်တော့ ဆက်ဆံရာတွင် မတူကွဲပြားနေသည်။

 

သို့သော် အံ့ဩဖို့ကောင်းစွာပင် ဆရာသခင်ငယ်သေးသေးလေးသည် သူ့အစ်ကိုအား သဘောကျသည်။

ချင်ကျားဟီ အချိန်အကြာကြီး မလှုပ်မရှားပဲ ကားပြတင်းပေါက်ပေါ်တွင် ဦးခေါင်းမီထားသည်ကို မြင် သောအခါ “ရှောင်ဟီက အစ်ကိုကြီးနဲ့ခွဲရတာသဘောမကျလို့လား” ဟု ဒါရိုက်ဘာက မေး၏။

 

ချင်ကျားဟီမှ သူ၏မျက်လုံးဝိုင်းဝိုင်းများကို မျက်တောင်ခတ်ရင်း “သားအစ်ကိုကြီးက သားရဲ့ အာထရာမင်းထီးကို ယူပြေးသွားလို့” ဟု ပြန်ဖြေလိုက်သည်။