Chapter10
Viewers 834

ကားဒါရိုင်ဘာသည် ချင်ကျားရှုအား တားလိုက်ချင်သော်လည်း သူသည် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်သည်။ ထို့ပြင် သူသည် ချင်ကျားဟီကလေးလေးအား ကားပေါ်မှာ တစ်ယောက်တည်း မထားခဲ့နိုင်ပေ။

ချင်ကျားဟီသည် သူ၏စာမတတ်သောအစ်ကိုကြီး လုံးဝပျောက်ကွယ်သွားသည်ကိုတွေ့သောအခါ ထိုင်ခုံတွင်ကျိုးနွံစွာဖြင့် ထိုင်လိုက်သည်။

ဖက်ထုပ်လုံးလေးသည် လူကြီးတစ်ယောက်ကဲ့သို့ပြောဆိုလိုက်သည်။ "သွားစို့၊ အလုပ်ကိုပဲသွား ကြတာပေါ့"

ဒါရိုက်ဘာ : ...

မူကြိုကျောင်းမှာ ဘယ်လိုအလုပ်မျိုးရှိလို့လဲ။

ချင်ကျားရှုယူသွားသည့် ထီးမှာ သာမန်ခေါက်ထီးပဲဖြစ်၍ ထီးအိတ်အထဲတွင်ပတ်၍ ထည့်ထား၏။ ချင်ကျားရှုသည် မူမမှန်သည့်အရာ ဘာမှမတွေ့သောကြောင့် လွယ်လွယ်ပင် ကျောပိုးလွယ်အိတ်၏ ဘေးဘက်ရှိ အိတ်အထဲသို့ ထည့်ထားလိုက်သည်။

တောက်ပြောင်နေသောကောင်လေးမှာ ကျောင်းဝင်း၏ လမ်းမအတိုင်းဝင်ရောက်လာသည်။ ပုံမှန် ကျောင်းဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း တစ်ချက်ကြည့်လိုက်ယုံမျှပင် သူ့အား လူအုပ်ကြားထဲမှပင် ထင်ရှားစွာမြင်နိုင်သည်။ သူ၏ကျောင်းဝတ်စုံမှာ သပ်ရပ်ကာ သန့်ရှင်းနေ၏။ သူသည် ကျောင်းဝတ်စုံ သန့်သန့်အား လူကြည့်များစေရန်နှင့် ဖက်ရှင်ကျစေရန်အတွက် ဘယ်သောအခါမှ လက်လွတ်စပယ် ဝတ်လိမ့်မည်မဟုတ်ပေ။

ချင်ကျားရှုရှေ့သို့လျှောက်လာသော နှုတ်ဆက်ရန်လူအများရောက်လာကြသည်။

"မင်္ဂလာနံနက်ခင်းပါ"

ချင်ကျားရှုသည် သူ၏နှုတ်ခမ်းပေါ်တွင် သိမ်မွေ့သောအပြုံးဖြင့် ပြုံးပြလိုက်ကာ "မင်္ဂလာ နံနက်ခင်းပါ" ဟု ပြန်လည် နှုတ်ဆက်လိုက်သည်။

တစ်ယောက် စပြောလိုက်သည်နှင့် သဘာဝအတိုင်းပင် နောက်တစ်ယောက်က ဆက်ပြော၏။ ရှက်သွေးဖြာနေသောဘေးမှ မိန်းကလေးတစ်ယောက်မှာ သူမ၏သတ္တိများအား စုစည်းလိုက်ကာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာနံနက်ခင်းပါ ချင်"

ချင်ကျားရှုမှာ ဘေးကိုလှည့်ကြည့်လိုက်ပြီး "မင်္ဂလာနံနက်ခင်းပါ"

"စီနီယာချင်၊ မင်္ဂလာနံနက်ခင်းပါ"

"ဟုတ်ကဲ့ပါ"

မည်သို့ပင် ရင်းနှီးခြင်းများ၊ ရုပ်သွင်များကွဲပြားသွားသော်လည်း အရာအားလုံးမှာ အဆင်ပြေစွာရှိ နေသည်။

သို့သော် တစ်ဦးမျှသတိမထားမိသည်မှာ ချင်ကျားရှု၏ခြေလှမ်းများသည် ကျောင်းဝင်းအတွင်း သို့ဝင်ရောက်ခဲ့သောအချိန်ထက် ပိုပိုကျဲလာ၏။

ကျိဖုန်းချန်မှာ ဒုတိယနှစ်ကျောင်းသား အဆောက်အဦးရှေ့တွင် မတ်တပ်ရပ်လိုက်ကာ သူ့အား အဝေးကြီးမှပင်တွေ့နေရသည်။ ညီအစ်ကိုကဲ့သို့ပင် သူသည် ပုံမှန်အတိုင်းရပ်၍စောင့်နေမည်။ ထို့နောက် ချင်ကျားရှုမှာ လူကြီးတစ်ယောက်ဟန်ဆောင်၍ လမ်းလျောက်သွားသည်ကို ကြည့်နေ မည်ဖြစ်သည်။

ကျိဖုန်းချန်သည် ယခုလေးတင်ကနှုတ်ဆက်လိုက်သော မိန်းကလေးအတန်းဖော်များ၏ အပြုအမူအတိုင်း အတုခိုးကာ ရှက်သယောင်ယောင်၊ တွန့်ဆုတ်သယောင်ယောင်ဖြင့် နှုတ်ဆက်လိုက်သည်။ "စီနီယာ ချင်၊ မင်္ဂလာနံနက်ခင်းပါ"

ချင်ကျားရှု၏နှုတ်ခမ်းပေါ်မှ အပြုံးများပျောက်ကွယ်သွားပြီး "မင်းကရွံစရာကောင်းတာပဲ"

ကျိဖုန်းချန် : ...

"ခွေးကောင်၊ ပြောလိုက်ပြန်ပြီ"

ကျိဖုန်းချန်သည် တစ်ဖက်လူအား ဘယ်ညာ ကြည့်လိုက်သောအခါ ချင်ကျားရှုသည် မိုးရေတစ်စက် ကလေးမျှ စိုမနေသည်ကို တွေ့လိုက်ရသည်။ "မင်းကိုဒီနေ့ ဒါရိုင်ဘာ လာပို့တာလား"

ချင်ကျားရှုသည် မကွဲပြားသောတုံ့ပြန်မှုမျိုးဖြင့်သာတုံ့ပြန်၏။

ဆရာကြီးကျိဖုန်းမှာလေချွန်လျက် "ဒါအရမ်းထူးဆန်းတာပဲ"

တကယ်ဆိုလျှင် ချင်ကျားရှုမှာ ၎င်းတို့မိသားစု၏ဒါရိုင်ဘာအဖြစ် အသက် ၁၅နှစ်မတိုင်ခင်အထိ နေခဲ့ဖူးသည်။ သူသည် အထက်တန်းကျောင်းစတက်သည်နှင့် ကျောင်းသို့ကားမောင်း၍ စတင်တက်ခဲ့ခြင်းဖြစ်သည်။ တက္ကဆီကိုသာ ရာသီဥတု အခြေအနေ မကောင်းမှသာ ငှားလေ့ရှိသည်။

သူ၏နှုတ်မှထုတ်မပြောသော်လည်း ဆရာကြီးကျိဖုန်းမှာ သူ၏စိတ်ထဲတွင်သိနေသည်။

ထိုအရာသည် တစ်ဖက်လူ၏ ကျောင်းသွားရန်အတွက် ဆင်ခြေသာဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ချင်မိသားစု၏ သားအငယ်ဆုံးလေးနှင့် အချိန်အနည်းငယ်သာဖြုန်းပေးနိုင်ရန် စီစဥ်ခြင်းသာဖြစ်သည်။ အစ်ကိုကြီးသည် အပေါ်ယံတွင် ထုတ်ဖော် မပြသသော်လည်း သူ၏ရင်ထဲတွင် သူ့ညီလေး ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေရပြီဖြစ်သည်။

ဘတ်စ်ကားပေါ် မှဆင်းပြီးသိပ်မကြာမီတွင် မိုးတိတ်သွားသည်။ ဝမ်ကျစ်ချူးသည် ထီးအား အဝေးတွင်ထားကာ ခါလိုက်၍ ထီးတွင်ရှိနေသည့် မိုးရေစက်များအား ခါထုတ်လိုက်သည်။ ထို့နောက်တွင် ထီးအား အသင့်ယူဆောင်လာသော ပလတ်စတစ် အိတ်အတွင်းသို့ထည့်လိုက်ပြီး သယ်ဆောင် သွားသည်။

ကောင်းကင်ကြီးအား ကြည့်လိုက်သည့်အခါတွင် မှောင်အုံ့နေသောတိမ်မှာ မှောင်၍လေးလံလာ သည်ကို တွေ့လိုက်ရပြီး ခံစားချက်မှာလဲ အတော်လေး လေးလံနေသည်။

"ဒီနေ့ မိုးထပ်မရွာဖို့တော့ မျှော်လင့်ပါတယ်"

[စနစ် : မိုးရွာနေတာ မဟုတ်ဘူးလား]

ဝမ်ကျစ်ချူးမှာ ခပ်တည်တည်ဖြင့် "မင်းက အကောင်းဆုံးအရာတွေကို ရမှာမဟုတ်ဘူး"

[...]

ယနေ့သည် သောကြာနေ့ဖြစ်၍ နောက်နှစ်ရက်မှာ ပိတ်ရက်ဖြစ်သောကြောင့် ကျောင်းသားအများစု မှာ ယနေ့ ကျောင်းသွားရန်အတွက် စိတ်မပါဘဲ ပျင်းရိနေကြသည်။

ဒုတိယအတန်း စတင်တော့မည့်အချိန်တွင် အတန်းခေါင်းဆောင်သည် အတန်းပိုင်ဆရာ၏ရုံးခန်းမှ ပြေးလွှား၍ရောက်လာပြီး အတန်းရှေ့ရှိ စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ ကျောင်းသား များဆူညံနေသည်ကိုတွေ့သောအခါ သူ၏လက်ကို မြှောက်လိုက်ကာ ကျောက်သင်ပုန်းကို ခေါက်လိုက်ပြီး တည်ငြိမ်သောလေသံဖြင့် "ကျောင်းသားတို့" ဟူ၍ပြောလေသည်။

အောက်သို့ကြည့်လိုက်သော စကားပြောနေသူ အများအပြားကိုတွေ့လိုက်ကြပြီး သူ့အား မည်သူ တစ်ဦးတစ်ယောက်မျှ ဂရုမစိုက် ကြပေ။

အတန်းခေါင်းဆောင် : ...

ထို့နောက်သူသည် လက်ကိုထပ်မြှောက်ကာ ကျောက်သင်ပုန်းအားခေါက်၍ "ကျောင်းသားတွေ"

ဒီတစ်ကြိမ်တွင်မူ သူ့အား လှည့်ကြည့်လာသူ သုံးလေးငါးယောက်လောက်ရှိလာသည်။

ကျောင်းအုပ်၏ပြောစကားအရဆိုလျှင် တစ်ခုခုရှိခြင်းက ဘာမှမရှိခြင်းသည် ကောင်းသည် ဟူ၍ ပင်။ အတန်းခေါင်းဆောင်သည် သူ၏လက်မှ လက်ခလယ်အား ထုတ်လိုက်ကာ မျက်လုံးနှစ်ခု အကြားရှိနေရာမှ မျက်မှန်အားပင့်တင်လိုက်ပြီး "ကစားကွင်းထဲက မြက်တွေမှာ ရေတွေအိုင်နေလို့ မင်းတို့နင်းရင် ရေဗွက်တွေထနေမှာစိုးလို့ ဒီနေ့ ကြားဖြတ် လေ့ကျင့်ခန်းအချိန်တွေကို ပယ်ဖျက် လိုက်ပြီ"

ထိုသို့ပြောပြီးသည့်နောက်တွင် ကျောင်းသားများထံမှ ဝမ်းသာ၍အော်ဟစ်သံအကျယ်ကြီး ထွက်ပေါ်လာသည်။ ပယ်ဖျက်လိုက် ခြင်းသည် သူတို့အတွက် နာရီဝက်စာမျှ အတန်းချိန် ပြင်ပလှုပ်ရှားမှုများအတွက် အချိန်ရသောကြောင့်ဖြစ်သည်။

ကျောင်းသားအချို့က သူ့အားမေးမြန်း၏ "မင်း နင်းလိုက်ရင် ဗွက်အများကြီးအိုင်သွားမယ်ဆိုတာ မင်းဘယ်လိုသိလဲ"

အတန်းခေါင်းဆောင် : "ဌာနမှူး ကိုယ်တိုင်စမ်းကြည့်ပြီးပြီ"

"..."

တကယ့်ကျောင်းသားတွေရဲ့ဆရာကောင်းပဲ။

ဝမ်ကျစ်ချူးသည် သူ၏နေရာတွင်ထိုင်နေလျက် ပြတင်းပေါက်အား‌ ငေးကြည့်နေကာ ဘုရားရှင်ထံ မငိုမိစေရန် ဆုတောင်းနေသည်။

သို့သော် ပျော်ရွှင်ခြင်းမျိုးသည် အမြဲတမ်းကြာရှည် မခံတတ်ပေ။ ကျောင်းသားများ ဒုတိယပိုင်း၏ စာသင်ချိန်နှစ်ခုကြားအားလပ် ချိန်တွင် ပျော်စရာ ကစားနည်းတစ်ခုကို ကစားပြီး ပြန်လာသည့်အခါ သူတို့သည် မကောင်းသတင်းများကို ပြောဆိုနေကြသည်။

အားကစား ကော်မတီသည် အသက်ရှုရပ်မတတ်ကြာရှည်စွာ စင်မြင့်ပေါ်တွင် မတ်တပ်ရပ်‌နေပြီး "ကျောင်းသားတို့ ငါဆီမှာ နောက်ဆုံး အချက်အလက်တွေ ရရှိပြီးသွားပြီ။ အားကစားသင်ကြားခြင်း အတန်းရဲ့လေးပိုင်းမြောက်မှာ ယောကျ်ားလေးတွေက မီတာ ၁၀၀၀ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပြီး မိန်းကလေးများကတော့ မီတာ ၈၀၀ စစ်ဆေးမှုကို ခံယူရမှာဖြစ်ပါတယ်"

အပြင်မှ မောပန်းစွာဖြင့်ပြန်လာကြသောကျောင်းသားများမှာ အော်ဟစ်သွားကြသည်။ ဝမ်ကျစ်ချူးပင် နန်ကျန်းဂိတ်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။

အတန်းဖော်မိန်းကလေးမှမေးမြန်းလိုက်သည် "အဲ့လိုဆို ကစားကွင်းထဲမှာ ရေရှိနေတာ ဘယ်လိုလုပ်မလဲ၊ ဘယ်လိုတိုင်းတာမလဲ"

အားကစားကော်မတီ "ပလတ်စတစ်ပြေးလမ်းပေါ်မှာတော့ အဲ့ဒါမျိုးတွေမရှိဘူး"

"မင်းဘယ်လိုသိလဲ"

"ကာယဆရာကိုယ်တိုင် ကြိုးစားကြည့်ပြီးပြီ"

"..."

တကယ့်ကျောင်းသားတွေရဲ့ဆရာကောင်းပဲ။

ထိုအချိန်တွင် ဝမ်ကျစ်ချူးသည် ပြတင်းပေါက်အား တိတ်ဆိတ်စွာဖြင့် ကြည့်လိုက်ပြီး သူ၏စိတ် ထဲတွင် ရိုးသားစွာဖြင့် ဆုတောင်း နေသည်။

"မိုးနတ်မင်းကြီး၊ မိုးရွာပေးပါ"

[စနစ် : သင် အရင်တုန်းက‌ကျ‌တော့ မိုးမရွာချင်ခဲ့ဘူး ဟုတ်တယ်မဟုတ်ဘူးလား။ သင် ဆုမတောင်းတာပဲ ကောင်းလိမ့်မယ်]

ဝမ်ကျစ်ချူး၏မျက်နှာမှာ တည်တံ့စွာဖြင့် "မင်းနားမလည်ပါဘူး"

[စနစ် : ?]

ဝမ်ကျစ်ချူးက "မင်းက မင်းတခုခုကို ဆုံးရှုံးသွားမှသာ တန်ဖိုးထားတတ်တာ" ဟု ထပ်ပြော၏။

နတ်သူငယ်လေး : ...

'ငါ့နှလုံးသားထဲမှာ ဆုတောင်းတွေနဲ့ပြည့်နေသော်လည်းပဲ အမှန်တရားကတော့ မပြောင်းလဲနိုင်ဘူး။ လာရမယ့်အရာက လာကိုလာရမှာပဲ'

ကျောင်းစာသင်ချိန်၏ စတုတ္ထအချိန်မြောက်သို့ ရောက်သောအခါတွင် အားကစားကော်မတီသည် ကျောင်းသားများအား ခေါ်ဆောင်သွားကာ ကစားကွင်းအတွင်း၌ အတန်းလိုက် တန်းစီ၍ မတ်တပ် ရပ်စေသည်။ ကာယအတန်းတွင် အတန်း ၁ နှင့် အတန်း ၉ တို့ပါဝင်သည် ဖြစ်သော်လည်း အတန်း ၁၁ သာ စစ်ဆေးမှုကို ခံယူရသည်။

အခြားအတန်း၏ ကာယဆရာသည် စကားလုံးအနည်းငယ်ဖြင့်သာ အရိုးရှင်းဆုံးရှင်းပြသည်။ ထို့နောက်တွင် ကျောင်းသားများအား နေရာမှ လူစုခွဲစေသည်။ အတန်း[၁၁]၏ကျောင်းသားများ အားလုံး အားကျသောအကြည့်များဖြင့် ကြည့်နေကြသည်။

ဤအချက်သည် လူချင်းတူသော်လည်းပဲ ကံကြမ္မာချင်းမှာကွဲပြားသည်ကို ဖော်ပြနေသည်။

သို့သော် ဝမ်ကျစ်ချူးသည် ထိုအရာအား မကြည့်ရဲသော တစ်ယောက်တည်းသောသူ ဖြစ်နေသည်။ တကယ်တော့ ချင်ကျားရှုမှာ အတန်း၏ရှေ့ဆုံးတွင် ရပ်နေသောကြောင့်ဖြစ်သည်။ တစ်ဖက်လူ မနေ့က ပြောခဲ့သောစကားများဖြစ်သည့် သူ့အား တစ်ကိုယ်လုံးချွတ်ကာ အမှိုက်ကဲ့သို့ လမ်းဘေး သို့ပစ်လိုက်မည်ဟူသောစကားများအား သူမှတ်မိနေတုန်းဖြစ်သည်။

အတန်း[၁၁] အတန်းပိုင်ဆရာမှာ အချိန်နောက်ကျမှရောက်လာပြီး လူအုပ်ကြီးမှာ မတ်တပ်ရပ် နေပြီးဖြစ်သည်ကိုတွေ့လိုက်ရသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲပြောလိုက်သည် "အားကစားအဖွဲ့ ကော်မတီရဲ့ ဖွဲ့စည်းစုဖွဲ့နိုင်စွမ်းကတော့ အရမ်းကောင်းတာပဲ"

ထို့နောက်တွင်သူသည် သူ၏လက်ထဲတွင်ရှိသော စာရင်းစာအုပ်အားဖွင့်လိုက်ပြီး "အားကစားအဖွဲ့ ကော်မတီက ကျောင်းသားတွေကို အရင်ဆုံး သွေးပူလေ့ကျင့်ခန်း အနည်းငယ်လုပ်ဖို့ခေါ်သွားလိမ့်မယ်။ ဒါပြီးရင် တော့ ခန္ဓာကိုယ်ကြံခိုင်မှုကို စစ်ဆေးခြင်းကိုစတင်လိမ့်မယ်။ အရင်ဆုံး မိန်းကလေးအတွက်က မီတာ ၈၀၀ ဖြစ်ပြီးတော့ ယောကျ်ားလေးတွေအတွက်က မီတာ ၁၀၀၀ ဖြစ်တယ်"

ပိုင်လီမှာ ရုတ်တရက် "အား..." ဟု ညည်းညူလိုက်သောကြောင့်

ကာယဆရာမှ မျက်မှောက်ကုတ်ကြည့်လိုက်ကာ "အား...ဘာဖြစ်လဲ"

ကောင်လေးက ပြောလိုက်သည် "ဆရာက အခြားအတန်းတွေကို ဂရုမစိုက်ဘူး"

ကာယဆရာ : "အဲ့ဒါဆို အခြားအတန်းသွားလေ"

ဝမ်ကျစ်ချူး : ...

သူထင်လိုက်သည်မှာ သူ၏အရင်ဘဝမှ ဆရာသည်သာ ထိုသို့ပြောမည်ဟူ၍ဖြစ်သည်။ သို့သော် ဆရာ့ထံမှ ဒီလိုစကားမျိုးအား ကြားရမည်ဟု သူမမျှော်လင့်ခဲ့ပေ။

တချို့သောကျောင်းသားများမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေရင်းပင် တီးတိုးပြောနေကြသည်။

"ဟေ့ မင်း ငါနဲ့ နောက်ကျရင်ပြေးလို့ရတယ်"

"ငါ့ကိုကူပါဦး။ အတူတူဖက်ကြရအောင်"

"တကယ်လို့ ငါပြေးတာနှေးနေရင် ငါ့ကိုလဲဆွဲကြပါဦး အားလုံးပဲ"

[စနစ် : သူတို့တွေ တော်တော်
စည်းလုံးကြတာပဲ]

ဝမ်ကျစ်ချူးသည် မည်သည့်အသံမျှ မထွက်ပဲ တိတ်ဆိတ်စွာပင် နားထောင်နေသည်။

"ချင်ကျားရှုက ကစားကွင်းရဲ့ တစ်ဖက်မှာ။ ခဏနေ သူပြေးရမယ့် အလှည့်ပဲ။ သူက ပြေးနိုင်မယ်ဆိုတာ သေချာပါတယ်"

"ဟားဟားဟား မင်း ဘာလို့ ချင်ကျားရှုကို ပန်းတိုင်မှာ မင်းကို မစောင့်ခိုင်းတာလဲ"

"ဒီလိုမျိုး ပြောစကားရှိတယ်မဟုတ်ဘူးလား။  ပြေးလမ်းအဆုံးမှာ ​ချစ်တဲ့သူက စောင့်နေမယ်ဆိုရင် ပန်းတိုင်ရောက်အောင် ပြေးနိုင်မယ်"

သွေးပူလေ့ကျင့်ခန်းလုပ်ပြီးသည့်နောက်တွင် မိန်းကလေးများသည် စစ်ဆေးမှုအတွက် ပြင်ဆင်နေ ကြသည်။

ခရာသံမြည်သည်နှင့်တစ်ပြိုင်နက် အတူတူပြေးမည်ဟု စီစဉ်ထားကြသော လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ဟိုတစ်စု ဒီတစ်ခု ဖြင့် တစ်တစီပြိုကွဲသွား၏။

[စနစ် : ???အတူတူပြေးမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား]

ဝမ်ကျစ်ချူး : "အဲ့ဒါ ပါးစပ်ပြောပဲဆိုတာ မင်းလည်းသိတာပဲ"

[စနစ် : သင်တို့လူသားတွေက အရမ်း သူတော်ကောင်း ယောင်ဆောင်ကြတာပဲ]

"..."

မိန်းကလေးများအား စစ်ဆေးမှုပြီးဆုံးသွားသောအခါ ယောကျ်ားလေးများ စစ်ဆေးရန်အချိန်ရောက်လာ၏။

"ညီအစ်ကိုတို့ အတူတူပြေးဖို့ သဘောတူထားကြတယ်နော်။ အရင်ပြေးတဲ့ကောင် ခွေးသား"

"ချီး မင်း ငါ့အတွက် ဘယ်သူ့ကို ခေါ်ပေးမှာလဲ"

နတ်သူငယ်လေးသည် တိတ်ဆိတ်စွာပင် ကြည့်နေလိုက်သည်။ မင်းပြောချင်တာပြောလို့ရတယ်။ မင်းအဝေး ကို မပြေးရင်တော့ငါရှုံးပြီ။

ထို့နောက်တွင် သူသည် ဝမ်ကျစ်ချူးထံသို့ အကြည့်အားပြောင်းလိုက်သည်။

[စနစ် : ကောင်လေး တခြားလူတွေက သူတို့သဘောကျတဲ့လူတွေ ပြေးတာကို ကြည့်နေကြတယ်။ သင်မှာတော့ မရှိဘူး။ ဘယ်လိုပြေးမလဲ]

ဝမ်ကျစ်ချူးသည် အသက်ပြင်းပြင်းရှုလိုက်ပြီး "ပထမ မီတာ ၃၀၀ က ခွန်အားအပေါ်မူတည်တယ်။ နောက်ဆုံးမီတာ ၇၀၀ ကတော့ ဆဲတာအပေါ် မူတည်တယ်"

"..."

နတ်သူငယ်လေးသည် နားမလည်သော်လည်း အကြီးအကျယ်ကို တုန်လှုပ်သွားသည်။

ဝမ်ကျစ်ချူးသည် စတင်ပြေးမည့်နေရာသို့လာကာ အဆင်သင့်ပြင်သည်။ ကာယဆရာမှ ခရာ မှုတ်လိုက်သောအခါ လူအများစုသည် ချက်ချင်းဆိုသလို အလျင်အမြန်ပြေးလွှားကြပြီး ပြေးလမ်း ပေါ်တွင် ကျိန်ဆဲနေကြသည်။

"ချီး အကုန်လုံး အတူတူပြေးမယ်လို့ ပြောထားကြတာ မဟုတ်ဘူးလား"

"ခွေးကောင်က ငါ့ကို တွန်းအားပေးခဲ့လို့ ငါ မင်းကို အစထဲက မယုံခဲ့သင့်ဘူး"

"မင်းထက် ခွေးဆန်တဲ့ကောင် မရှိတော့ဘူး"

ဝမ်ကျစ်ချူးသည် အနောက်မှ တိတ်ဆိတ်စွာပင် ပြေးလိုက်လာသည်။ ထို့နောက်သူ၏ ရင်ထဲမှပြောလိုက်၏။ "ဟုတ်ပြီ"

ထို့နောက်သူသည် ဘေးဘက်သို့ သတိမထားမိပဲ ကြည့်လိုက်မိသောအခါ ထိုနေရာတွင် ချင်ကျားရှု မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ပြေးလမ်း၏ တစ်ဝက်ရောက်နေပြီ ဖြစ်သောကြောင့် ဝမ်ကျစ်ချူးသည် သူ၏ခွန်အားများ ဆုံးရှုံးလာသည်။ သူ၏အသက်ရှုသံမှာ တဖြည်းဖြည်းချင်းလေးလံလာကာ သူ၏နှာခေါင်းထဲတွင် သံချေးအနံ့ လိုလိုရနေရသည်။ သူ၏အာခေါင်မှာလည်း သဲကန္တာရထဲတွင် ရောက်နေသကဲ့သို့ ခြောက်သွေ့ကာ နာကျင်နေသည်။

ထို့နောက်တွင် သူ၏မျက်လုံးများသည် အဝေးတွင်ရှိသော ပုံရိပ်တစ်ခုအား တွေ့မြင်လိုက်ရသည်။ ဝမ်ကျစ်ချူးသည် အံ့ကိုကြိတ်လိုက်ကာ မီတာ ၁၀၀၀ အပြေးပွဲအား နောက်ဆုံး ၅နေရာမြောက်မှ ပန်းဝင်သွားသည်။ ထို့နောက်  ကစားကွင်း၏ တစ်ဝက်လောက်အထိ မနည်းကြိုးစား လမ်းလျှောက်သွားကာ ထိုင်ချလိုက်သည်။

[စနစ် : ကောင်လေး သင် ပြေးတဲ့ပုံစံကြီးက ကြည့်မကောင်းလိုက်တာ]

ဝမ်ကျစ်ချူးသည် ခဏတာမျှ ပြောစရာစကားမဲ့နေသည်။

နတ်သူငယ်လေးသည် သံသယများအား စတင်ဖော်ပြလာသည်။

[စနစ် : သင်ခုဏက ချင်ကျားရှုကို တွေ့ဖို့လို့ စဥ်းစားပြီး ပြေးလိုက်တာလား]

ဝမ်ကျစ်ချူး : "အေးဆေးနေစမ်းပါ"

[စနစ် : သူက မိန်းကလေးဆိုရင်တေ့ သူ့ဆီပြေးသွားတယ် လို့ စိတ်ကူးပြီး ပြေးတာပေါ့။  သင်က ဘာကို စိတ်ကူးနေတာလဲ]

ဝမ်ကျစ်ချူးမှာ အားနည်းစွာဖြင့် : "သူက အနောက်က လိုက်နေတယ်လို့ စိတ်ကူးကြည့်စမ်း"

"..."

[စနစ် : သင့်ရဲ့ စိတ်ကူးက တစ်မျိုးထူးခြားတာပဲ]

ဝမ်ကျစ်ချူးသည် သစ်ပင်အရိပ်အောက်တွင် ပင်ပန်းမောဟိုက်စွာဖြင့် ထိုင်နေသည်။ သူ၏လက်အား မြှောက်လိုက်ကာ ကျောင်းဝတ်စုံအား ချွတ်လိုက်သည်။ မိုးအုံ့သောရာသီဥတု၏ ပူလောင် အိုက်စက်နေမှုကြောင့်ဖြစ်သည်။ ထို့နောက်တွင် နွေရာသီကျောင်း ဝတ်စုံဖြစ်သည့် အပြာအဖြူစပ် လက်တိုအင်္ကျီအားဝတ်ထား၏။

သူ၏လက်ကို မြှောက်လိုက်ကာ နဖူးတွင်ကပ်နေသော ဆံပင်များအား သပ်တင်လိုက်ပြီး သူ၏ချော မွတ်သောနဖူးနှင့် နူးညံ့သော မျက်ခုံး၊ မျက်လုံးများအား ပေါ်လွင်လာသည်။ မျက်‌တောင်များမှာ လည်း ပျင်းရိစွာဖြင့် မှေးကျနေသည်။

အတန်းချိန်အတွင်း သစ်ပင်အောက်တွင် ထိုင်နေမည့်အကြောင်းကို ဝမ်ကျစ်ချူး တွေးနေရင်းမှာပင် စက်၏အသံအား ခေါင်းထဲ၌ ရုတ်တရက်ကြားလိုက်ရသည်။

[စနစ် : ဗီလိန်တာဝန်။ အဓိကဇာတ်ဆောင်အား ပြက်ရယ်ပြုလှောင်ပြောင်ပါ။ ဗီလိန်တန်ဖိုးသည် ၂ ရာခိုင်နှုန်းတက်လာမည် ဖြစ်ပြီး တာဝန်အောင်မြင်ပြီးပါက ယွမ် ၅၀ အားရရှိမည်ဖြစ်သည်။ တာဝန် ကို ကျရှုံးပါက ယွမ် ၅၀ အားနှုတ်ယူပါမည်]

ဝမ်ကျစ်ချူးသည် သူ၏အပေါ်တွင်ရှိသော စိမ်းလန်းစိုပြေနေသည့် သစ်ကိုင်းများအား ငါးအသေ ကောင်ကဲ့သို့ ခဏတာမျှ မော့ကြည့်လိုက်သည်။ မနေ့ကသူသည် တစ်စုံတစ်ယောက်အား နှောင့်ယှက်ပြီးပြီဖြစ်သည်။ ယနေ့တွင်မူ တာဝန်ပြီးမြောက်ရန် အတွက် တခြားသူ့ကို လှောင်ပြောင် ရပေဦးမည်။

သူသည် ရုတ်တရက် သူ၏မူလခန္ဓာကိုယ်သည် လမ်းပေါ်တွင်မည်သည့်အတွက်ကြောင့် အိပ်စက်ရသည်ကိုနားလည်သွားသည်။ အကယ်၍ သူ ချင်ကျားရှုနေရာတွင်ဆိုလျှင်လည်း သူ့အား လမ်းပေါ်တွင် အိပ်စေမည်ဖြစ်သည်။

[စနစ် : ကောင်လေး မလုပ်ချင်လဲ မလုပ်ပဲနေလို့ရတယ်။]

ဝမ်ကျစ်ချူးမှာ မျက်လုံးများတောက်ပလာပြီး "အဲ့ဒါဆို မင်း ငါ့ထဲက ပိုက်ဆံကိုမနှုတ်ပဲ နေပေးလို့ရ မလား"

[စနစ်မှာပြုံးလိုက်ကာ : မရဘူး]

ဝမ်ကျစ်ချူးမှာ သူ့၏ကံကြမ္မာအား လက်ခံရုံမှတပါး အခြားမရှိတော့၍ မတ်တပ်ရပ်လိုက်သည်။ ထို့သော် ထိုအချိန်တွင် သူသည်တစ်ဖက်လူများအား ရန်မစရဲပေ။ တကယ်တော့ လက်ရှိအချိန် သည် အရင်တုန်းက ကဲ့သို့မဟုတ်တော့ပေ။ ထို့အပြင် သူ့တွင် လူအများအားရန်စ စနောက်ပြီး ပြေးလွှားရန် ခွန်အားမရှိတော့ပေ။

ထိုအချိန်တွင် ချင်ကျားရှုမှာ ဘတ်စ်ကတ်ဘောကစားကွင်းသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ အတန်း အများစုမှ ကျောင်းသားများသည် အပျော်တမ်းပွဲကစားနေကြသည်ဖြစ်၍ ထိုနေရာတွင် ကျောင်း သားအများကြီး ထိုင်နေကြကာ ကြည့်ရှုနေကြချိန်ဖြစ် သည်။

ဝမ်ကျစ်ချူးသည် အဝေးတစ်နေရာမှကြည့်နေပြီး သူ၏နှုတ်ခမ်းကိုစူကာ ဘတ်စ်ကတ်ဘော ကွင်းသို့ လမ်းလျှောက်သွား၏။ လမ်းတစ်ဝက်မှာတင် သူရပ်လိုက်ရသည် "နင်ဘာလို့ထပ်ပြီး မုံ့ယန် နောက်လိုက်နေရတာလဲ"

သူသည်ခဏတာမျှ သူ၏ရှေ့တွင်ရှိသော မိန်းကလေးအား ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ အရင်တုန်းက ဘတ်စ်ကတ်ဘောကွင်းတွင် တွေ့ခဲ့ဖူးသည်။ ကျောင်းဘဲလေးအက ကသည့် ကောင်မလေး နှင့် အတူ ပါလာသည့် မိန်းကလေးဖြစ်သည်။

အထင်လွဲခံရသောအခါ ဝမ်ကျစ်ချူးသည် ပျာယာခတ်စွာဖြင့် "မဟုတ်...မဟုတ်ဘူး"

မိန်းကလေးမှာမယုံကြည်ပေ။ "ဘာလို့နင် မျက်နှာနီ လာရတာလဲ။ မုံ့ယန် ကိုကြည့်ပြီး အဲ့ဒီလိုဖြစ် လာတာလား။ ဟုတ်လား" ဟုမေးလိုက်သည်။

မုံ့ယန်သည် မိန်းကလေး၏အနောက်တွင် ဝင်ပုန်းနေလိုက်သည်။

ဝမ်ကျစ်ချူးသည် အထိတ်တလန့်ဖြင့်သူ့လက်များအား ယမ်းပြလိုက်ပြီး "မဟုတ်...မဟုတ်ပါဘူး၊ ငါအခုပဲ ပြေးလွှားပြီးလို့"

သူပြောပြီးသည်နှင့် သူ၏ပါးအား လက်ညှိုးဖြင့် ထောက်ပြလိုက်သည်။ တစ်ဖက်လူအား သူမျက်နှာ နီနေရခြင်းမှာ အားကစား လေ့ကျင့်ခန်းလုပ်ထားခြင်းကြောင့် ဖြစ်သည်ဟု သိစေလိုသောကြောင့် ဖြစ်သည်။

"ဘယ်သူကယုံမှာလဲ။ နင့်စိတ်ထဲမှာ ဘယ်လိုညစ်တီးညစ်ပတ်တွေ တွေးနေလဲဆိုတာဘယ်သူမှ သိတာမှမဟုတ်တာ" ဟုပြောသည်။

ဝမ်ကျစ်ချူးမှာ အလျင်စလိုဖြစ်သွားပြီး စကားပြောရန်ပိုပို၍ ခက်ခဲလာသည်။ "မဟုတ်ဘူး ...ငါ...ငါက..." ဟုဆိုတာ ရှေ့ဆက်မပြောနိုင်ချေ။

"ကောင်းပြီ ငါနင်ပြောတာနားထောင်ဖို့အချိန်မပေးနိုင်ဘူး။ နင်ငါတို့နောက်ဆက်မလိုက်ဖို့သတိပေး လိုက်မယ်။ မုံ့ယန်က နင့်ကိုလုံးဝမကြိုက်ဘူး"

သူမ ပြောပြီးသည့်နောက်တွင် မုံ့ယန်အား ဘတ်စ်ကတ်ဘောကွင်းထဲသို့ဆွဲခေါ်သွားသည်။

ဝမ်ကျစ်ချူးမှာ ခဏမျှ ပြောစရာစကားမဲ့သွားသည်။ သို့သော်‌ ဆောင်ရွက်ရမည့်တာဝန်ရှိသေး သည်။ သူတို့သွားပြီးခဏတွင် သူသည် လိုက်သွားသည်။

ဝမ်ကျစ်ချူးသည် ပုန်းခိုစရာထောင့်ကျဉ်းလေးအား တွေ့လိုက်ပြီး မတ်တပ်ရပ်နေလိုက်၍ ချင်ကျားရှုအား မည်သို့နောက်ပြောင် ရမည်ကိုစဉ်းစားနေသည်။ သူပို၍ပို၍ တွေးလေလေ ပို၍ပို၍ အပြစ်ရှိ သလိုခံစားရလေဖြစ်သည်။

သူသည် လူများအား ကောင်းကောင်းခြိမ်းခြောက်နိုင်သည်။ သို့သော် သူသည် လူများအား နောက်ပြောင်ချင်ရုံသာဖြစ်သည်။

အချိန်အကြာကြီးစဉ်းစားပြီးသည့်နောက်တွင် ဝမ်ကျစ်ချူးသည် အာရုံပြန်ရလာသည်။ ဟုတ်ပြီ။ သူသည် ချင်ကျားရှု၏ ပုံအချို့ အားရိုက်ယူကာ ဂရစ်ဖီတီလုပ်ပစ်လို့ရသည်။ ဤသည်ကိုပင် စနောက်ပြောင်သည်ဟု ယူဆ၍ရနိုင်သည်။

သူ၏ဟာသဉာဏ်အား လွမ်းဆွတ်နေရင်းပင် သူ၏ဖုန်းအားထုတ်လိုက်သည်။ လူအများ ကြီးရှိနေသည့် အတွက်ကြောင့် သူ၏ဖုန်းအားထောင့်နားတွင် အနည်းငယ်မြှောက်လိုက်သည်။

ကွင်းထဲတွင် ချင်ကျားရှုမှာ ကိုယ်နှုတ်အမူအရာတော်သည့်အပြင် အလွန်ပင်သွက်လက်၏။ သူသည် ပုံအတော်များများ ရိုက်ယူခဲ့သော်လည်း အားလုံးမှာ ဝါးနေသည့်ပုံ များပင်ဖြစ်နေသည်။ အဆုံးမှာတော့ သူသည်ဖုန်းအား မြင့်မြင့်လေးမြှောက်ကာ ရိုက်လိုက်သည်။ ချင်ကျားရှု ကွင်းအတွင်းတွင် ကစားပြီးသွားသည်အထိ စောင့်လိုက်ရကာ စိတ်ကျေနပ်လောက်သည့် ပုံအား ရိုက်ယူလိုက်နိုင်သည်။ သူ၏ပျော်ရွှင်စွာဖြင့် ခိုးကြည့်ကာ ပြုံးလိုက်သည်။

ချင်ကျားရှုကစားနေသည့်အချိန်တွင် ထောင့်တစ်ထောင့် ၌ ဖုန်းကိုကိုင်ထားသည့် လက်အားတွေ့လိုက်ရသည်။ ကင်မရာမှာ သူ့အား လိုက်ရိုက်နေသည်မှာ သူရေသောက်၍ ပြီးသည့် အထိပင်ဖြစ်သည်။

စူးရှထက်မြတ်သော မျက်ခုံးမျက်လုံးများမှာ အနည်းငယ်မျက်မှောင်ကြုံ့လိုက်ပြီး လူအုပ်ကြီးမှာ အနည်းငယ် ပျံ့ကျဲသွားပြီ ဖြစ်သောကြောင့် ဖုန်းအား ကိုင်ထားလျက် စိတ်ကြီးဝင်နေသည့် မျက်နှာဖြင့် ဝမ်ကျစ်ချူးအားတွေ့လိုက်ရသည်။

လူငယ်လေး၏မျက်လုံးများမှာ ကြယ်ရောင်ကဲ့သို့တောက်ပသွားပြီး သူ၏မျက်လုံးများမှာ အပြုံး များဖြင့် ဖုန်းမျက်နှာပြင်အား ကြည့်နေသည်။ သူ၏လက်ချောင်းများမှာ မျက်နှာပြင်အားပွတ်ဆွဲနေ ပြီး သူ၏မျက်နှာမှာ ကျေနပ်နေသည့်အလား နီမြန်းနေ သည်။

ချင်ကျားရှုသည် လက်ထဲမှရေသန့်ဘူးအား အနည်းငယ် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ သူ၏လက်မောင်းရှိ သွေးကြောများမှာလည်း ပေါ်ထွက်လာသည်။

ကာယဆရာအတန်းထဲမှ ထွက်သွားပြီးသည့်နောက်တွင် ကျောင်းသားများသည် အုပ်စု သုံးစု၊ လေးစုခွဲကာဖြင့် အားကစား ကွင်းမှထွက်ခွာသွားကြသည်။ ဝမ်ကျစ်ချူးမှာ ဓာတ်ပုံရိုက်ပြီးသည့် နောက်တွင် ဂရစ်ဖီတီမပြုနိုင်သေးမှာပင် သူ၏ကျောင်း အပေါ်ဝတ်အင်္ကျီမှာ သစ်ပင်အောက်တွင် ကျန်ခဲ့သည်ကိုသတိရသွားသည်။ ထို့နောက် ၎င်းအားပြန်ယူရန်အလျင်အမြန် ပြန်သွားသည်။

သူ သစ်ပင်အောက်ကိုပြေးသွားတဲ့အချိန်မှာ ကျောင်းဝတ်စုံက အနည်းငယ်ရွေ့နေတာကို တွေ့လိုက် ရတယ်။ ကုန်းကောက်ဖို့ လုပ်နေတုန်းမှာပဲ သူ့ ကိုအရိပ်တစ်ခု အုပ်မိုးလာတာကို တွေ့လိုက်ရတယ်။

ဝမ်ကျစ်ချူးမှာ ခဏတာ ကြောက်လန့်သွားပြီး တုံ့ဆိုင်းသွားသည်။

ချင်ကျားရှုမှာ သူ့ရှေ့တွင် စိမ်ပြေနပြေရပ် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူကစား၍ပြီး သွားသော်လည်း သူ့ခန္ဓာကိုယ် မှ ချွေးနံ့မထွက်။ အပူငွေ့တွေ သာထွက်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ကျစ်ချူးမှာ ချက်ချင်းပင် နှစ်လှမ်းမျှ နောက်ဆုတ်လိုက်သည်။

"ကောင်းလိုက်တာ...ဘယ်လိုတောင် တိုက်ဆိုင်တာလဲ" ဝမ်ကျစ်ချူးသည် အထိတ်တလန့်ဖြင့် သူ၏ ခေါင်းအားငုံ့လိုက်ပြီး သူ၏အပြစ်ရှိ စိတ်အား တစ်ခြားတစ်နေရာသို့ ကြည့်ကာ ဖုံးကွယ်ရန် ကြိုးစား နေ၏။

ချင်ကျားရှုမှာ ဖုန်းကိုင်ထားသည့် သူ၏ဘယ်လက်အား ကြည့်နေကာ လက်မြှောက်လိုက် ပြီး "ငါ့ကိုပေး" ဟုပြောလိုက်သည်။

ဝမ်ကျစ်ချူးမှာ နောက်ဆုတ်သွားကာ "ဘာ...ဘာလဲ"ဟု ပြန်မေး၏။

"ဖုန်းကို ပြောနေတာ"

ဝမ်ကျစ်ချူးသည် ဖုန်းအား တင်းတင်းဆုပ်ကိုင်ထားကာ ခေါင်းခါပြ၍ ငြင်းဆိုလိုက်သည်။

"ငါထပ်ပြောမယ်။ ငါ့ကိုပေး" ဟု အသံမာမာနဲ့ ထပ်ပြောပြန်သည်။

ဝမ်ကျစ်ချူး၏ကြောက်လန့်စွာဖြင့်တုန်ရီလာကာ "ဒါငါ့...ငါ့ရဲ့ ကိုယ်ရေးကိုယ်တာလေ"

သို့သော်လည်း တစ်ဖက်လူမှာ စိတ်မရှည်တော့သဖြင့် ဆွဲယူရန်လှမ်းလိုက်သည်။ ဖုန်းမျက်နှာပြင်မှာ မပိတ်ထားသောကြောင့် ဝမ်ကျစ်ချူးမှာ အထိတ်တလန့်ဖြင့် ဆွဲယူရန်ကြိုးစားသော်လည်း တစ်ဖက်လူမှာ သူ့ထံမှ လုယူသွားလေပြီ။

ချင်ကျားရှုမှာ သူ့အားကြည့်လိုက်ကာ "ငါ့ပုံတွေနဲ့ မင်းရဲ့ကိုယ်ရေးကိုယ်တာလား ? "