Chapter11
Viewers 829

တစ်ဖက်သူ၏ပုံရိပ် သူ့ကိုလွှမ်းသွားသည်နှင့် ဝမ်ကျစ်ချူး၏အတွေးများလွင့်ပျယ်သွားပြီး အချက်ပေးသံများဆူညံလာ၏။ သူ့မျက်လုံးထဲမှ ကြောက်ရွံ့မှုနှင့်ရှက်ရွံ့မှုတို့က ဖုံးမနိုင်ဖိမရဖြစ်နေတော့သည်။

ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ပင်  ဝမ်ကျစ်ချူး ရှေ့တစ်လှမ်းတိုးရင်း ဖုန်းကိုအမြန်ဆွဲလုလိုက်၏။

ချင်ကျားရှု သူနဲ့ပြိုင်မငြင်းနေပဲ ဝမ်ကျစ်ချူးဖုန်းပေါ်လက်ရောက်သည်နှင့်ပင် သူအားကုန်သုံးပြန်ဆွဲထားလိုက်ပြီးမှ လွတ်ပေးလိုက်သည်။

သူ့စိတ်ထဲ ဝမ်ကျစ်ချူး ဘက်စကတ်ဘောကွင်းထောင့်တွင်ဖုန်းတစ်လုံးနှင့်ရပ်နေသည့်အဖြစ်၊ ပေကလပ်ပေကလပ်လုပ်နေသည့်ဟန်နှင့် ရှက်သွေးဖြာသွားသည့် မျက်နှာအနေအထားတို့ကို သေချာစဉ်းစားမိ‌လေလေ စိတ်အဆင်မပြေဖြစ်လာလေလေပင်။

သူ့ပုံနဲ့ဘာလုပ်မလို့ပါလိမ့်!

ချင်ကျားရှု သူ့ကိုအေးစက်စက်အကြည့်ဖြင့်ပြောလိုက်သည်။”မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက မင်းအတွက် အရမ်းအရေးကြီးသလို ငါ့ကိစ္စလည်းအတူတူပဲ”

ဝမ်ကျစ်ချူး တံတွေးမျိုချရင်း ပြောလာသည် ။ ”ဒါပေမဲ့....ဒါကကံကြမ္မာပဲဖြစ်လိမ့်မယ်”

“ငါတော့ ကိုယ်ရေးကိုယ်တာကို မျှဝေတာမျိုးမကြားဖူးသေးဘူး”

ဝမ်ကျစ်ချူး သူ့လက်ကိုမြှောက်ရင်း သူ့ လက်ချောင်းဖြူဖြူကိုဆန့်လိုက်ကာ မဝံ့မရဲလေသံဆိုသည့်တိုင် ဂုဏ်ယူဟန် အလွန်ပေါ်လွင်နေသောလေသံဖြင့် ပြောလိုက်သည်။

“ဒါ....ဒါဆိုလည်း ငါတို့ကအဲ့လိုဝေမျှတဲ့ပထမဆုံးလူတွေဖြစ်မှာပေါ့”
တစ်ဖက်သူ၏မျက်လုံးများက အေးစက်နေဆဲပင်။
ဝမ်ကျစ်ချူးမှာ ကျားရှေ့က သမင်ငယ်လေးလို ကြောက်ရွံ့တုန်လှုပ်နေ၏။” ကံကြမ္မာ…..က အံ့ဩစရာပဲနော်”

“……”
ချင်ကျားရှု ထိုစကားကိုအဖက်မလုပ်ပဲပြောလိုက်သည်။”ဖျက်လိုက်”
“ဘာ….ဘာကိုလဲ”
“ပုံကိုဖျက်လိုက်”
ဝမ်ကျစ်ချူး ဖုန်းကို နောက်ဆုံးကောက်ရိုးတစ်မျှင်ကဲ့သို့ တင်းတင်းကြပ်ကြပ်ကိုင်ထားပြီး ခေါင်းကို တွင်တွင်ခါနေလေတော့သည်။
ချင်ကျားရှု မျက်မှောင်ကြုတ်သွားလေ၏။ “မဖျက်ဘူးလား”
“ငါ …ငါ သိမ်းထားမလို့”
ချင်ကျားရှု ထိုစကားကြောင့် ဦးရေပြားပါထုံသွားသလိုပင်။ သူ့ဘဝနှင့်ချီပြီး ဤသို့သော ဒေါသဖြစ်စရာမျိုး မကြုံဖူးလေသောကြောင့် ဖြစ်ပေလိမ့်မည်။ သူ၏ မျက်နှာတစ်ပြင်လုံး မာထန်လာပြီး သူ၏ကျက်သရေရှိပြီးယောက်ျားပီသသည့် လေသံထဲ စိတ်ရှုပ်မှုများ ရောယှက်လာသည်။

“အဲ့ဒါကိုသိမ်းထားပြီးဘာလုပ်ဖို့လဲ”

 [စနစ်: တာဝန်ပြီးမြောက်ပါပြီ။ ဗီလိန်ရဲ့တန်ဖိုး ရှစ်ရာခိုင်နှုန်း ဖြစ်သွားပါပြီ။ ဆုလဒ်ကတော့ 50 RMB ပါ]

တစ်ဖက်သူ၏ထိုးချက်သာ ကျလာလျှင် ထျန်းလက်နဲ့ကာဖို့တွေးရင်း ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် ဝမ်ကျစ်ချူးတစ်ယောက် ထိုစနစ်၏သတိပေးချက်ကိုကြားအပြီး ကြောင်အသွားလေသည်။
ဟမ်…ပြီးသွားပြီလား?
[စနစ်: ဟုတ်တယ် ကောင်လေး။ ဇာတ်လိုက်က မင်း သူ့ကိုလိုက်ရှုပ်နေတယ်လို့တွေးသွားပြီ]
ဝမ်ကျစ်ချူးမှာတော့ကြောင်အနေဆဲ။ “ဒါပေမဲ့ငါဘာမှမလုပ်ရသေးဘူးလေ”
[စနစ်: သူ့မှာအတွေးတွေများနေလို့နေမယ်]

ဝမ်ကျစ်ချူး ချင်ကျားရှုကို ခေါင်းထောင်ကြည့်လိုက်သည်။ တစ်ဖက်သူ၏မျက်နှာထက်တွင်တော့ ချီးစားထားသည့်မျက်နှာထက် ပိုရုပ်ဆိုးနေသည်တော့အမှန်ပင်။
“သူဘာတွေတွေးနေတာလဲ”
[စနစ်: ဘာလို့ကိုယ့်ဟာကိုယ်မစဉ်းစားကြည့်တာလဲ]
“…..…”
ဝမ်ကျစ်ချူးခေါင်းခါရင်း ချက်ကျလက်ကျငြင်းလိုက်သည်။” သူများအတွင်းရေးကို လိုက်စုံစမ်းတာက မကောင်းတဲ့အမူအကျင့်ပဲ”
[စနစ် : ဒါပေမဲ့လည်း မင်း ဘယ်သူမှမသိအောင် လုပ်နေတုန်းပဲလေ]
“…. “

တာဝန်ပြီးဆုံးပြီဖြစ်သဖြင့် ဝမ်ကျစ်ချူးပုံကို သိမ်းထားရန်မလိုအပ်တော့ချေ။ တစ်ဖက်သူ၏ စိတ်ရှုပ်နေသည့်မျက်နှာကိုကြည့်ရင်း ပြောလိုက်သည်။” မင်း….စိတ်မတိုပါနဲ့။ ဒါပေမဲ့ ငါ မဖျက်ပေးနိုင်ဘူး”
ထိုစကားများက အတော်လေး အထက်စီးဆန်လွန်းသည်။

ချင်ကျားရှု သူနှင့် အငြင်းမပွားလိုသောကြောင့် အသက်ခပ်ပြင်းပြင်းရှိုက်ရင်း ဝမ်ကျစ်ချူးအား အေးစက်‌စက် စိုက်ကြည့်ကာ လှည့်ထွက်သွားသည်။
‘’မင်းဟာမင်း ကြိုက်တာလုပ်’’
လျင်မြန်စွာထွက်သွားသော ချင်ကျားရှုအားကြည့်ရင်း ဝမ်ကျစ်ချူး တစ်ဖက်သူ စိတ်ဆိုး ဒေါသထွက်သွားအောင် ဘာအမှားလုပ်မိလိုက်လဲ စဉ်းစားမရဖြစ်နေသည်။
[စနစ်: ဓာတ်ပုံကို သိမ်းထားမလား? ဖျက်ပြစ်မလား? 】
ဝမ်ကျစ်ချူး ခေါင်း‌ခါရင်း ပြောလိုက်သည်။”အသုံးမဝင်တဲ့အရာကို သိမ်းမထားနဲ့တော့”
[စနစ်:ဒါပေမဲ့ သူက အဓိက ဇာတ်‌ကောင်လေ! 】
ဝမ်ကျစ်ချူး တအံ့တဩဖြစ်သွားသည်။ “အဲ့ပုံက သရဲနှင်လို့ရလို့လား”
ဝမ်ကျစ်ချူး ခေါင်းငုံ့ရင်း ပုံများအားဖျက်နေသည်။ နတ်သူငယ်လေး အတန်ကြာတိတ်ဆိတ်နေပြီးမှ အကြုံပြုလာသည်။ [ပုံနည်းနည်းပါးပါးချန်ထားပါလား]
အခန်းထဲကရိုက်ထဲသည့်ပုံများမှာ များပြားလွန်းသဖြင့် ဖျက်နေသည့် ဝမ်ကျစ်ချူး လက်ထိပ်ပင်ထုံနေချေပြီ။
“ဘာလို့လဲ”

“နည်းနည်း ချန်ထားလိုက်မယ်။ ကံအကြောင်းမလှတဲ့ ဒီခန္ဓာကိုယ် အတွက် ကံကောင်းဖို့လိုမှာပေါ့လေ”
ပုံများဖျက်နေသည်ကိုကြည့်ရင်း နတ်သူငယ်လေး အချက်ပေးစကားများထပ်ပေါ်လာသည်။ [ယုံမနေနဲ့၊ သင့်ခန္ဓာကိုယ်က နှစ်တစ်ရာမှာတစ်ခုပဲ ရှိတဲ့ခန္ဓာမျိုး]
“ငါကနှစ်တစ်ရာနေမှာမှ မဟုတ်တာ”
ပြောသာပြောနေသော်လည်း လက်က ဖျက်မည့်ခလုပ်ကိုနှိပ်ရန် ချီတုံချတုံဖြစ်နေ၏။ သူ့အတွေးထဲ အနည်းငယ်မျှအသုံးဝင်မည်ဟုခံစားနေရသည်။

ပုံများကိုပြန်ကြည့်နေမိသည်။ ပုံထဲတွင် အားမာန်အပြည့်ဖြင့်တက်ကြွနေသည့် ‌ဆယ်ကျော်သက် ကောင်လေးတစ်ဦး အားကစားကွင်းထဲ ပတ်ပြေးနေသည့် ပုံရိပ်များပြည့်နှက်နေ၏။ သူ အထက်တန်း ဂျူနီယာတက်ခဲ့စဉ်ကလည်း ချင်ကျားရှုကဲ့သို့ အကြောက်တရားမရှိ ယုံကြည်ချက်ရှိရှိ ရှင်သန်ချင်ခဲ့ဖူးသည်။ သူကြည့်နေရင်း ချင်ကျားရှု၏ မျက်နှာချည်း သီးသန့်ရိုက်ထားသည့် ပုံနှစ်ပုံကိုတွေ့ခဲ့သည်။
နောက်ဆုံး ဆုံးဖြတ်ချက်အနေဖြင့် ဝမ်ကျစ်ချူးပုံအနည်းငယ်ကို အရန်အနေဖြင့် မဖျက်ပဲချန်ထားလိုက်၏။ လုံးဝမလိုခဲ့မှ ဖျက်လျှင်လည်း နောက်ကျသွားသည်မှမဟုတ်ပေ။
နေ့လယ်စာစားဖို့ ကဖေးဆိုင်ကို အမြန်သွားရမည် ။ ပြီးလျှင်‌တော့ ကျောင်းခန်းထဲပြန်လာပြီး တရေးလောက်အိပ်မည်။
အမှတ်တစ်အလယ်တန်းကျောင်းဆိုကတည်းက ဆရာများနှင့်ကျောင်းသားအားလုံး ထူးချွန်သောကြောင့်သာမက စည်းကမ်းရေးရာတွင်လည်း စံချိန်တင်သည့်ကျောင်းဖြစ်သည်။

နေ့ကျောင်းတက်သည့်ကျောင်းသားများ သူတို့၏နေ့ခင်း အနားယူအ‌ဆောင်ကို‌ လျှောက်ထားနိုင်သည်။ အိပ်ဆောင်တွင်တစ်ခန်းနှစ်ယောက်ရှိသော်လည်း အိပ်ဆောင်ကို မွန်းလွှဲပိုင်းမှဖွင့်ပေးမည်ဖြစ်ကာ ယောက်ျားလေးသီးသန့်၊ မိန်းကလေးသီးသန့်အဆောင်ထားကာ ရောထွေးခွင့်လုံးဝမပြုချေ။

ဝမ်ကျစ်ချူး စားပွဲပေါ်မှောက်အိပ်ရင်း သူ့ပါးကို သူ့လက်မေယင်းပေါ်တင်မှေးတင်ထားရင်း နောက်ပတ်ကျောင်းသွားလျှင် နေ့ခင်းအနားယူအဆောင်လျှောက်ရန်စဉ်းစားမိသည်။ နေ့ခင်းနားချိန်မှာ နှစ်နာရီဖြစ်ပြီး သူ့တွင်အပြင်ထွင်လည်ဖို့မှာလည်း ပိုက်ဆံချွေတာရမဲ့အချိန်ဖြစ်သဖြင့် လျှောက်သင့်သည် ဟုတွေးမိနေသည်။

[စနစ်: ကောင်လေး, နေ့ခင်းအနားယူချိန်မဟုတ်ဘူးလား။ ဘာလို့မအိပ်သေးတာလဲ]
ဝမ်ကျစ်ချူးမျက်လုံးများကို မှေးဆင်းရင်း သူ့လက်မောင်းပေါ် မျက်နှာအပ်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ “စားပြီး‌ပြီးချင်းမလို့ အရမ်းမအိပ်ချင်သေးဘူး”
[စနစ်: ဒါဆို ဘာလုပ်မလဲ]
ဝမ်ကျစ်ချူး စားပွဲခုံပေါက်ထဲမှ အဂ်လိပ်စာအုပ်ကို ထုတ်လိုက်သည်။
[စနစ်: စာလုပ်မလို့လား]
“အိပ်မှာ”
ဝမ်ကျစ်ချူး ဝေါဟာရစာမျက်နှာကို လှန်အပြီး နောက်ဆယ်မိနစ်ခန့်တွင်တော့ အိပ်မွေ့ချခံရသကဲ့သို့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားလေတော့သည်။
နတ်သူငယ်လေး:…..!!!!

စိုစွတ်ပူပြင်းသည့် ထိုနေ့တွင် မိုးရွာသဖြင့် တစ်ခြားနေ့များကဲ့သို့ ပြတင်းပေါက်အားလုံး ဖွင့်ထားခြင်းမရှိပဲ ပြတင်းပေါက်တိုင်း သုံးပုံတစ်ပုံစာမျှသာ ဟထားသည်။ ကျောင်းသားတစ်ချို့  ကျောအောင့်အောင့်ဖြင့် နိုးထလာပြီးဖြစ်ပြီး ဝမ်ကျစ်ချူးမှာအတန်းစခါနီးမှ နိုးတဝက် အိပ်တဝက်ဖြင့် ထကာ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။ ကောင်းကင်ယံမှာ မနက်ကထက် ပိုမဲမှောင်နေပေသည်။

ည ခုနစ်နာရီခန့်တွင်တော့ ထင်ထားသည့်အတိုင်း မိုးသည်းကြီးမဲကြီး ရွာချတော့သည်။ မနက်ကနှင့်မတူပဲ မုန်တိုင်းတစ်ခုကဲ့သို့ ရွာချနေသည့်မိုးပေါက်တို့က ပြတင်းပေါက်မှန်ပေါ် စည်းချက်မညီစွာ တပေါက်ပေါက်ကျနေသည်။

ဝမ်ကျစ်ချူး တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ ဖြစ်လာမည့်အရာကဖြစ်လာခဲ့ပေပြီ။ မိုးကလည်း အတော်သည်း မှောင်လည်းအတော်မှောင်နေပြီ၊ ရေအိုင်တွေထဲလျှောက်ရဦးမယ်ထင်တယ်။ ဒါပေမဲ့ မနက်ဖြန် ကျောင်းပိတ်တာပဲ တော်သေးတယ်!

အပြင်မှ တိုးလာသည့်လေကအစ ကြမ်းလှသဖြင့် ဝမ်ကျစ်ချူး အကျီဇစ်ကို ဆွဲတင်ရင်း လည်ထောင်ထဲ မေးစေ့ကို ဝှက်ထားလိုက်သည်။ ကျောင်းလွယ်အိပ်လွယ်ရင်း ထီးထုတ်ကာ အခန်းထဲမှထွက်ရန် တာဆူလိုက်တော့သည်။

သို့သော် စားပွဲဘေးသို့လက်ဆန့်ထုတ်ချိန် မနက်ကတည်းက ချိတ်ထားသည့် ပလက်စအထုပ်မှာ ရှိမနေတော့ချေ။
ဝမ်ကျစ်ချူး စားပွဲဘေးပတ်ပတ်လည် အလျင်အမြန်ရှာကြည့်လိုက်သည်။
“နတ်သူ….နတ်သူငယ်လေး”
[စနစ်: ရှိပါတယ်]
“ငါ့ထီးတွေ့မိလား”
နတ်သူငယ်လေး ခတ္တမျှတိတ်ဆိတ်သွားသည်။
“ဘာဖြစ်လို့လဲ”
[စနစ်: ခေါင်းလေးငုံ့ကြည့်ပါဦး]
ထိုစကားကို နားထောင်ရင်း ခေါင်းငုံ့ရှာသောကောင်လေးမှာ စားပွဲခုံ‌ခြေရင်း၌ ထီးထည့်ထားသည့်အိတ်ကို တွေ့သွားလေတော့သည်။
ဝမ်ကျစ်ချူး ရှက်ရှက်နှင့် သူ့ခေါင်းသူကိုင် ထားလေသည်။ “ခုနက မတွေ့လိုက်လို့ပါ”
[စနစ်: ရပါတယ် ]
ဝမ်ကျစ်ချူး ထီးကောက်ယူနေစဉ် နတ်သူငယ်လေးက သူ့ကို တည့်တည့်ကိုဖဲ့သွားသေး၏။
[မင်းတွေ့မယ်လို့လည်း မမျှော်လင့်ထားပါဘူး]
ဝမ်ကျစ်ချူး: !!!

ဝမ်ကျစ်ချူး ပထမထပ်ဆင်းသည်နှင့် ထီးဖွင့်ရန်နှင့်အပြင်ထွက်ရန် ပြင်နေကြသော အပေါက်ဝတွင် ပြည့်နေသည့်လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် အရှေ့ကျော်မတတ်ပဲ သူတို့နောက်က ရပ်စောင့်လိုက်သည်။

လူအတော်ထွက်ပြီးချိန်မှ တံခါးနားသို့လျှောက်သွားရင်း အိတ်ထဲမှ ထီးထုတ်လိုက်သည့် အချိန်တွင် ဘုန်းကနဲအသံနှင့် နောက်ကတိုက်သွားသဖြင့် ထီးပြုတ်ကျသွားသည်။ ထီးပြန်ကောက်ယူစဉ် ဂျွတ်ထိုးသံကို ကြားလိုက်သော်လည်း စိတ်ထဲသိပ်မထားပဲ ထီးကိုဖွင့်ရန် ပြင်လိုက်သည်။ သို့သော် ထီးကအတော်နှင့် မပွင့်ပဲဖြစ်နေသဖြင့် တံခါးဝတွင်အတော်ကြာအောင်ရပ်နေမိသည်။
“ဟေး မသွားဘူးဆိုလည်း တံခါးရှေ့ပိတ်ရပ်မနေနဲ့”

အပြင်ကမိုးကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချကာ ကျောင်းသားနားနေခန်းဆီ ခြေဦးလှည့်ရင်း ပျက်သွားသည့်ထီးကို ငုံ့ကြည့်နေမိသည်။
ဝမ်ကျစ်ချူး ကြိုးစားဖွင့်ကြည့်ပြီးမှ ပျက်သွားသည့်နေရာကို ရှာဖွေနေနိုင်၏။
ချင်ကျားရှု အတန်းမီးများပိတ်ပြီး အပြင်ထွက်လာချိန် တံခါးနားရပ်စောင့်နေသည့် မုံ့ယန်ကိုတွေ့လိုက်ရသည်။

ချင်ကျားရှုထွက်လာသည်ကို မြင်သည့်နှင့် ရှက်နေသည့်မျက်နှာနှင့် မုံ့ယန်က စကားစလာသည်။ “အတန်းဖော်ချင် သွားတော့မှာလား”
ချင်ကျားရှုမှာ တည်ငြိမ်လှပြီး အမြဲတမ်းရှိနေခဲ့သည့် တည်ကြည်နူးညံ့သည့်မျက်နှာထားနှင့်ပင် ပြန်ဖြေသည်။ “အင်း ပြန်တော့မှာ။ ဘာဖြစ်လို့လဲ”

မုံ့ယန် ခတ္တမျှ တုံ့ဆိုင်းနေသည်။ “အတန်းဖော်ချင် ငါ… “
ချင်ကျားရှု တစ်ဖက်သူ၏စိတ်ကို ချက်ချင်းဖတ်လိုက်နိုင်သဖြင့် မျက်မှောင်တစ်ချက်ကြုတ်သွားပြီး စကားပြောရန် ပြင်လိုက်ချိန် ခပ်လှမ်းလှမ်းမှ အသံတစ်သံပေါ်လာသည်။
“မင်းတို့နှစ်ယောက် မပြန်ကြသေးဘူးလား”
ကျောင်းသား ကျန်မကျန်လိုက်စစ်နေသည့် ဌာနမှူးအသံကြောင့် မုံ့ယန် ထိတ်ထိတ်ပြာပြာ ဖြစ်သွားသည်။

ချင်ကျားရှုမျက်နှာမှာ တော့မပြောင်းမလဲ တည်ငြိမ်နေဆဲ။  “သွားတော့မလို့ပါပဲ”
ဌာနမှူးကလည်း နာရီကိုကြည့်ရင်း ပြန်ရန်ပြင်လိုက်၏။ “အင်း ဒါဆိုလည်း အတူပြန်ကြတာပေါ့”
မုံ့ယန် ဘာမှဆက်မပြောနိုင်ပဲ ပြောမည့်စကားများကို မြိုသိပ်လိုက် ရတော့သည်။

အောက်ထပ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်း‌နေကြပြီး အောက်ထပ်ရောက်သည်နှင့် ထူးဆန်းထွေလာ ထီးလူသားကမ္ဘာနှင့် တွေ့ကြရလေသည်။ ထိုထီးလူသားဖြစ်ရခြင်းမှာလည်း အပေါ်တစ်ပိုင်းထီးဖြစ်ပြီး အောက်တစ်ပိုင်းက ‌ခြေထောက်ပေါက်နေခြင်းကြောင့်ပင်။

ဌာနမှူးမျက်မှောင်ကြုတ်သွားသည်။ “ဟိုကျောင်းသား အဲ့ဒါဘာလုပ်နေတာလဲ”
ထိုငေါက်ငမ်းသံကြောင့် ထိုထီးလူသားတွန့်ခနဲဖြစ်သွားရလေ၏။
ဌာနမှူး အရှေ့ထပ်လာပြီး အော်လိုက်သည်။ “အမြန်ထွက်လာခဲ့”
ထိုအချိန် ခြင်လိုတဝီဝီညောင်နာနာအသံတစ်ခု တီးတိုးကြားလိုက်ရ၏။ “ထွက်မရလို့ပါ”

ထီးပြင်နေသည့် ဝမ်ကျစ်ချူး ပထမအကောင်းကြီးပြင်နေခဲ့သော်လည်း ဌာနမှူး အော်သံကြောင့် သူ့ဆံပင်ထီးအရိုးကြား ညှပ်သွားလေတော့သည်။
ဌာနမှူးမျက်မှောင်ပိုကြုတ်သွားသည်။ “ကျားရှု လာကူဦး”

ကျားရှုလည်း ထီးဇယားရှုပ်နေသည့် တစ်ယောက်သောသူကိုကူရန် ဌာနမှူးဘေးသို့သွားလိုက်သည်။ ထို့နောက်မှသာ ဝမ်ကျစ်ချူး ထီးဝင်္ကပါထဲမှ လွတ်မြောက်သွားပြီး အလင်းရောင်ကို ပြန်မြင်နိုင်ခဲ့တော့သည်။

[စနစ်: မင်းက ထီးထဲက မွေးဖွား လာသလိုပါပဲလား]
ဝမ်ကျစ်ချူး: …..

ဝမ်ကျစ်ချူး၏ ဖြူဖွေးနူးညံ့သည့် ပါးပြင်ပေါ်တွင် အနီရောင်အမှတ်အသား အချို့ရှိနေဆဲပင်။ သူ့မျက်လုံးပင့်ကြည့်လိုက်ချိန် အေးဆေးလွတ်လပ်နေဟန်မှသည် ချက်ချင်း ခန္ဓာကိုယ် တောင့်တောင့်ကြီး ဖြစ်သွားသည့် ချင်ကျားရှုကိုမြင်လိုက်ရသည်။ ပုံစံက သဘာဝကျ မနေပေ။

ဌာနမှူးမှာ ဝမ်ကျစ်ချူးကိုကြည့်ရင်း ရုတ်တရက်သဘောပေါက်သွားသည်။ “မင်းကို!”
ဟမ်!
ကြမ်းပေါ် ပြုတ်ကျခဲ့သည့်ထီးနှင့် ယခုထီးပုံစံကို  ပြန်စဉ်းစားကြည့်ရင်း အဖြေထုတ်လိုက်သည်။ “မင်းဖြစ်နေတာ မထူးဆန်းတော့ပါဘူး”
“…”

ဌာနမှူး သူ့မျက်နှာပေါ်မှ အနီရောင်အမှတ်အသားကိုကြည့်လိုက်သည်။ “အခုဘာလုပ်နေတာလဲ။ သရဲလိုရုပ်ဖျက်ပြီး အတန်းဖော်တွေကိုခြောက်မလို့လား”

ထိုသို့ပြောလိုက်သော်ြငား အနီးအနားတွေ မည်သူမှရှိမနေပါချေ။
ဝမ်ကျစ်ချူး သူတို့ကိုကြည့်ရင်းဖြေလိုက်သည်။ “ကျွန်တော်…..ထီးပြင်နေတာ”
“ထီးပျက်သွားလို့လား”
ဝမ်ကျစ်ချူးခေါင်းညိတ်လိုက်၏။
“အိမ်ဘယ်လိုပြန်မှာလဲ”
“ဘက်စ်ကားနဲ့ပြန်မှာပါ”
ကားမှတ်တိုင်မှာ ကျောင်းနှင့်သိပ်မဝေးသည်ကို တွေးမိသဖြင့် ဌာနမှူး သူ့ကိုမေးလိုက်သည်။” သူ့ကိုရော လမ်းကြုံလိုက်ပို့လို့ရလား ကျားရှု”

ပြုံးထားသည့် ချင်ကျားရှုမျက်နှာမှာ တခဏအေးခဲသွားပြီး သူပြန်မဖြေနိုင်ခင်တွင်ပင် ဝမ်ကျစ်ချူး ဝင်ပြောလာသည်။ “မဟုတ်…မဟုတ်တာ…လမ်းမကြုံပါဘူး”
ဝမ်ကျစ်ချူးစကား‌ကြောင့် ဌာနမှူးမျက်မှောင်ကြုတ်သွားသည်။ “မင်းဘာတွေးနေလဲ ငါမသိဘူး ထင်မနေနဲ့။ မုံ့ယန် မင်းကိုလိုက်ပို့မှာကိုတော့ ငါခွင့်မပြုနိုင်ဘူး”

ဝမ်ကျစ်ချူး မျက်လုံးများ ပြူးကျယ် ကုန်သည်။ “မဟုတ်….မဟုတ်ပါဘူး”

ဌာနမှူး ကျားရှုဖက်ကိုလှည့်ကြည့်လာသည်။ “ကျားရှု အဆင်ပြေတယ်မလား”
“ဟုတ်”


“ချင်…..အတန်းဖော်ချင်က ကျောင်းကို စက်ဘီးနဲ့လာတာဆိုတော့ ထီးမပါလောက်ဘူး”

မျက်နှာလွှဲထားသည့် ချင်ကျားရှု ထိုစကားကြောင့် သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လာသည်။ “ငါ့မှာထီးပါပါတယ်”
ပြောပြောဆိုဆိုဖြင့် သူ့ လွယ်အိတ်ဘေးတွင် ထည့်ထားသောထီးကို ထုတ်ဖွင့်လိုက်သည်။

ဘုန်း____

ဝမ်ကျစ်ချူး:…

ချင်ကျားရှု:…..