အပိုင်း ၈၀
Viewers 10k

Chapter 80




သူ ရဲတိုက်တံခါးဆီသို့ ရောက်သောအခါ တံခါးကို ဂရုတစိုက်တွန်းဟ ကြည့်လိုက်သည်။

အထဲတွင် နာကျင်စွာ အော်ဟစ်သံများ၊ အက်ရှရှအသံများ ရော‌နှောနေလေသည်။ ကျယ်၀န်းလှသော ခန်းမကြီးက ထိုအသံများကို ချဲ့ထွင်နေသဲ့သို့ဖြစ်နေသောကြောင့် ပိုမိုကြောက်စရာကောင်းနေလေသည်။

ခန်းမအလယ်၌...

အရပ်ရှည်သော အမျိုးသားတစ်ဦးက သူ့ရှေ့မှ လူငယ်ကို မျက်လုံးစိုက်ကာ ကြည့်နေပြီး သူ့၏‌အေးစက်ဖြူဖျော့သော လက်ချောင်းများမှ သွေးစက်များ စီးကျနေလေသည်။

သူ လက်မြှောက်ကာ သူ့ရှေ့မှ လူငယ်ကို ထိလိုက်သည်။

ထိုအခါတောက်ပသောဆံပင်၊ ပယင်းရောင်မျက်လုံးနှင့် လူငယ်က နောက်ဆုတ်သွားပြီး သူ့ကို ကြောက်ရွံ့စွာ ကြည့်နေလေသည်။ လူငယ်လေး၏ မျက်နှာက ချွေးစေးများနှင့် ဖုံးအုပ်နေကာ ဖြူဖျော့နေလေသည်။ သူ တံခါးဆီသို့ ပြေးသွားရန် ကြိုးစားသော်လည်း မမြင်ရသော အားအချို့က သူ့ကို ဆွဲထားလေသည်။

သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး လေထဲတွင် ပျံဝဲနေကာ ခြေလက်များက ပြန့်ကားနေသည်။ ယင်းတို့ကို တစ်စုံတစ်ခုကို ချည်နှောင်ထားပုံပေါ်ပြီး မည်မျှပင်ရုန်းကန်နေပါစေ မလွတ်မြောက်နိုင်ပေ။

ပယင်းရောင် သူငယ်အိမ်များက တင်းကြပ်တုန်ရီလာပြီး ချဉ်းကပ်လာသော အရပ်ရှည်ရှည်အမျိုးသား၏ပုံရိပ် ထင်ဟပ်နေလေသည်။

ထိုအမျိုးသား၏ မျက်လုံးများက နီရဲနေပြီး ရုပ်ရည်ချောမောသော်လည်း သူ့၀န်းကျင်မှ အေးစက်သော လေထုကြောင့် ငရဲပြည်မှ ရှုရာနှင့် ပိုတူလေသည်။

သူ လက်မြှောက်လိုက်ကာ လူငယ်လေး၏ ပါးပြင်ကို အေးစက်စက် လက်ချောင်းများနှင့် နူးညံ့စွာ ထိတွေ့လိုက်သည်။

သူ့၏ နှုတ်ခမ်း‌ထောင့်က ကွေးညွှတ်လာပြီး တိုးတိုးပြောလိုက်သည်။

"ဘယ်လောက်လှလိုက်လဲ..."

ဖြူဖျော့ပြီး သေးသွယ်သော လက်ချောင်းများက လူငယ်လေး၏ မေးစေ့ကို အားနှင့် ညှစ်လိုက်ပြီး သူ့ကို ကြည့်ရန် တွန်းအားပေးလိုက်သည်။

သူ လူငယ်လေး၏ မျက်နှာကို သူ့ချစ်သူ၏ပါးပြင်ကို ထိတွေ့နေသကဲ့သို့ နူးညံ့စွာ ထိတွေ့လိုက်သည်။

သူ့၏ မျက်လုံးထဲတွင် အမည်မသိခံစားချက်များ ပေါ်လာပြီး အပြုံးကို ပိုမိုနက်ရှိုင်းလာသည်။

"ဒါပေမဲ့ ဘယ်လောက် ကြည့်ရဆိုးလိုက်လဲ..."

နောက်တစ်ခဏတွင် လူငယ်၏ အော်ဟစ်သံထပ်မံ ထွက်ပေါ်လာပြန်သည်။ အရပ်ရှည်ရှည်နှင့် အမျိုးသား၏ လက်သည်းများက လူငယ်၏ မျက်နှာတွင် နစ်၀င်နေလေသည်။ ထိုဒဏ်ရာမှ သွေးများစီးကျလာပြီး ‌အရိုးရဲတိုက်အောက်ရှိ သွေးမြစ်ထဲသို့ စီးဝင်သွားလေသည်။

“မင်းက သူ့မျက်နှာနဲ့ မထိုက်တန်ဘူး..."

ထိုအမျိုးသား တိုးတိုးပြောလိုက်သည်။

ထို့နောက် တစ်ဖက်လူ၏ မျက်နှာကို မော့လိုက်ကာ လူငယ်လေး၏ မျက်နှာကို လှီးထုတ်လိုက်သည်။

"အားးးးး"

ကြောက်မက်ဖွယ်ကောင်းသော အော်သံ ခန်းမတစ်လျှောက် ပဲ့တင်ထပ်သွားလေသည်။

ထိုအမျိုးသားပြုံးကာ ထပ်ပြောလိုက်သည်။

"သူနဲ့ တူတဲ့ အသံရှိဖို့လည်း မထိုက်တန်ဘူး..."

သူ လက်မြှောက်လိုက်ကာ တစ်ဖက်လူ၏ မေးရိုးကို ညှစ်လိုက်ကာ ပါးစပ်ကို အတင်းအကြပ်ဖွင့်လိုက်ပြီး လျှာကို ဆွဲထုတ်လိုက်သည်။

သွေးလွှမ်းနေသော လျှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွေးများထွက်နေသောလူငယ်လေး အားနည်းသည့် ညည်းညူသံသာ ထွက်နိုင်တော့သည်။

ယဲ့ကျား : “……”

ကြည့်ရတာ သူ အချိန်မှားပြီး ရောက်လာတာပဲ...

သူ့အစီအစဉ်တွေကို ပြောင်းလဲဖို့လိုပြီ...

ယဲ့ကျား ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်စဉ် သူ့အောက်မှ အရိုး ကွဲအက်သံထွက်ပေါ်လာလေသည်။

“…”

သေစမ်း...

ခန်းမထဲမှ အမျိုးသား၏ မျက်လုံးများ တံခါးဆီသို့ ရောက်သွားသည်။

သူ သေလုဆဲဆဲ လူငယ်လေးကို လွှတ်လိုက်ပြီးနောက် ထိုလူငယ်လေး ကြမ်းပြင်ပေါ်သို့ အားနည်းစွာ ပစ်လဲကျသွားသည်။

ကျီရွှမ် သူ့ကို တစ်ချက်ပင် ပြန်မကြည့်ချေ။

သူ လက်မြှောက်လိုက်သောအခါ အဖြူရောင်လက်ကိုင်ပဝါတစ်ထည်ပေါ်လာလေသည်။ ထို့

နောက် ထိုလက်ကိုင်ပဝါဖြင့် သွေးစွန်းနေသော လက်ကို သုတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"ဘာလို့၀င်မလာတာလဲ..."

နောက်တစ်ခဏတွင် ယံကျားရှေ့မှ အရိုးတံခါး ဖြည်းညှင်းစွာ ပွင့်သွားလေသည်။

ထို့နောက် ယဲ့ကျား၏ ခြေလက်များကို မမြင်ရသော စွမ်းအားတစ်ခုက ရစ်ပတ်လိုက်ပြီး ထိုအမျိုးသားရှေ့သို့ ခေါ်သွားသည်။

တစ္ဆေပိုင်နက်သုံးမျိုးရှိသည်။ ပြည့်၀တစ္ဆေပိုင်နက်၊ တစ္ဆေပိုင်နက်တစ်ပိုင်းနှင့် ထိန်းချုပ်တစ္ဆေပိုင်နက်တို့ဖြစ်သည်။

စွမ်းအားကြီးတစ္ဆေမ၏ တစ္ဆေပိုင်နက်က တစ္ဆေပိုင်နက်တစ်ပိုင်းဖြစ်ကာ ၎င်းက အသက်သွင်းရန်နှင့် အခြားလူများကို ဆွဲသွင်းရန် လွယ်ကူသော်လည်း ပိုင်ရှင်အပါအ၀င် လူတိုင်းအတွက် ကန့်သတ်ချက်များစွာ ရှိလေသည်။ ထို့ကြောင့် အများဆုံး ပိုင်ရှင်ကို အနည်းငယ်သန်မာစေရုံသာရှိသည်။ ယင်းက အိမ်ကွင်းအားသာချက်နှင့် ညီမျှပေသည်။

ထိန်းချုပ်တစ္ဆေပိုင်နက်က အလွန်ကြမ်းတမ်းလေသည်။ သူ့၏ အကွာအဝေးက တိုတောင်းရုံသာမက ရန်သူများကို ဆွဲသွင်းရန်လည်း ခက်ခဲ၏။

သို့သော် ပိုင်ရှင်က ၀င်ရောက်လာသူတိုင်းကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ပေသည်။ သူတို့ ပိုင်နက်ထဲတွင် ရှိနေသရွေ့ အရာအားလုံးကို နတ်ဘုရားသဖွယ် ထိန်းချုပ်နိုင်လေသည်။

ယင်းကို အတွေ့အကြုံရှိ ကစားသမားများ သိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ စွမ်းအားကြီးတစ္ဆေ၏ ထိန်းချုပ်တစ္ဆေပိုင်နက်ထဲကို မ၀င်သင့်ပေ။ မဟုတ်လျှင် သားကောင်ဖြစ်သွားမည်ဖြစ်၏။

တစ်ခါက သူ ကျီရွှမ်ကို မယုံခဲ့သောကြောင့် ကျီရွှမ်၏ တ‌စ္ဆေပိုင်နက်ထဲ ၀င်လိုက်ရာ ရုပ်သေးသခင်၏ ပိုင်နက်ထဲသို့ ရောက်သွားလေသည်။

ထိုနေရာကို ကျီရွှမ်က ပိုမိုထိန်းချုပ်နိုင်ခဲ့သောကြောင့် သူ ရုပ်သေးဆရာကို ယုံကြည်ချက်ရှိရှိတိုက်ခိုက်နိုင်ခဲ့သည်။ အနည်းဆုံး အသက်အတွက် စိတ်ပူစရာ မလိုပေ။

သို့သော် တံခါးမဖွင့်မီတွင် တံခါးနောက်ရှိ ကမ္ဘာကြီးကို ကျီရွှမ်သိမ်းပိုက်ပြီးပြီဟု မထင်ခဲ့ပေ။

တစ္ဆေပိုင်နက်တစ်ပိုင်းထက်စာလျှင် ဤနေရာက ထိန်းချုပ်တစ္ဆေပိုင်နက်ဖြစ်သည်။

ယခု သူ အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေလေသည်။

ယဲ့ကျားရုန်းကန်လိုက်သော်လည်းမလွတ်မြော်နိုင်ပေ။ သူ ကျီရွှမ်နှင့် နီးလာသည်ကို ကြည့်နေရုံသာ တတ်နိုင်လေသည်။

နောက်ဆုံးတွင် သူတို့ကြားရှိ အကွာအဝေးက ပေအနည်းငယ်သာ ရှိတော့သည်။

ယဲ့ကျား ကိုးရိုးကားယားနိုင်စွာ နှုတ်ဆက်လိုက်သည်။

“ဟိုင်း...”

ကျီရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။

သူ သူ့ရှေ့မှ လူငယ်လေးကို နီရဲနေသော မျက်လုံးများဖြင့် မလှုပ်မယှက် စိုက်ကြည့်နေသည်။ သူ့၏အကြည့်က ပူလောင်စေသောကြောင့် စိုက်ကြည့်ခံနေရသော ယဲ့ကျား၏အရေပြားများကို ပူလာစေလေသည်။

ယဲ့ကျား ဆံပင်များ ထောင်လာသကဲ့သို့ ခံစားလိုက်ရသည်။

အန္တရာယ်ကို သူ့အရိုးများက အလိုအလျောက်ခံစားမိနေပြီး လွတ်မြောက်ချင်ကြောင်း အော်ဟစ်နေလေသည်။

ယဲ့ကျား အံကြိတ်လိုက်ပြီး သူ့လက်ထဲတွင် တံစဉ်းတစ်ချောင်းပေါ်လာလေသည်။ သူ မမြင်ရသော စွမ်းအားများကို ဖြတ်တောက်လိုက်ပြီး တံခါးဆီ ပြေးသွားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ပြန်ဆွဲခံလိုက်ရလေသည်။

ယဲ့ကျား : "....."

ဒီမြင်ကွင်းနဲ့ ရင်းနှီးနေတယ်...

ထိုအမျိုးသား၏ အေးစက်စက်လက်ချောင်းများက ယဲ့ကျား၏ ပါးပြင်ကို ထိတွေ့လာလေသည်။ထို့နောက် တစ်ဖက်လူဆီမှ သွေးများထွက်လာမတတ် အနံ့ခံလိုက်သည်။

ယဲ့ကျား: "...."

ဒီမြင်ကွင်းနဲ့ ရင်းနှီးနေရုံ မဟုတ်တော့ဘူး...

သို့သော် မမျှော်လင့်စွာနှင့် သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ကျီရွှမ် ရယ်မောလိုက်သည်။

သူ့မျက်နှာပေါ်ရှိ လေးနက်သော ပုံရိပ်က ရယ်မောလိုက်သောကြောင့် နူးညံ့လာပြီး ပတ်၀န်းကျင်မှ ရက်စက်ပြင်းထန်သော လေထုကလည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။ သူ သူ့ရှေ့မှ လူငယ်ကို သူ့ကမ္ဘာကြီးသဖွယ် ကြည့်နေလေသည်။ သူ့နှုတ်ခမ်းထက်တွင်သော နူးညံ့သောအပြုံး တွယ်ငြိနေလေသည်။

ကျီရွှမ် ခေါင်းငုံ့ကာ သူ့၏အေးစက်သောနဖူးနှင့် ယဲ့ကျား၏ နဖူးကို ထိတွေ့လိုက်ကာ တိုးတိုးပြောလိုက်သည်။

"ကောကော ကျွန်တော့်ကိုရှာဖို့ လာပြီလား..."

ကျီရွှမ် နောက်ဆုံးစကားလုံးများကို ဆွဲပြောလိုက်သောကြောင့် ညုတုတုဆန်နေလေသည်။

ယဲ့ကျား စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ကံကောင်းစွာနှင့် တစ်ဖက်လူက အတု၊ အစစ်ခွဲ နိုင်ပေသည်။

သူ ခေါင်းငြိမ့်လိုက်သည်။

"အင်း..."

ယခု အစီအစဉ်အကြောင်း ပြောရန် အချိန်ကျလာပြီဖြစ်သောကြောင့် ယဲ့ကျား၏ အမူအရာ လေးနက်သွားသည်။

"ငါတို့ အခုစွမ်းအားကြီးတစ္ဆေမရဲ့ တစ္ဆေပိုင်နက်မှာ ရှိနေသေးမှန်း သိတယ်မလား...သူ့မှာ မင်းကြောက်တဲ့အရာကို ခံစားရစေတဲ့ စွမ်းရည်ရှိ..."

သူ့စကားလုံးများ ရုတ်တရက် လည်ချောင်းထဲတွင် နစ်မြှုပ်သွားလေသည်။

ယဲ့ကျား၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့လက်ချောင်းထိပ်များကို နမ်းနေသည့် ကျီရွှမ်ကို မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ..."

“ကျွန်‌တော့်ကို စိတ်ထဲမထားနဲ့...ဆက်ပြောလေ..."

ထို့နောက် ယဲ့ကျား၏ အောက်နှုတ်ခမ်းကို လျှာဖြင့် လျှက်လိုက်သည်။ သူ့၏ နီရဲနေသော မျက်လုံးများက အန္တရာယ်ရှိသော အရိပ်အယောင်များ ၀င်းလက်နေလေသည်။

ယဲ့ကျား : "....."

သူ တစ်ဖက်လူ၏ သူငယ်အိမ်များက သွေးအေးသတ္တဝါ၏ မျက်လုံးများကဲ့သို့ ဖြစ်နေသည်ကိုသတိထားမိလိုက်ပြီး ထိုမျက်လုံးများက နီရဲနေသောကြောင့် လူသားမဆန်လုနီးပါးဖြစ်နေသည်။

ယဲ့ကျား မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ..."

ကျီရွှမ် ခဏလောက်စဉ်းစားလိုက်ပြီး ‌ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ကျွန်တော် မမှတ်မိတော့ဘူး...တော်တော်ကြာနေပြီ..."

မကောင်းတော့ဘူး...

ယဲ့ကျား ဆိုးရွားသည့် ခံစားချက်ကြီး ရနေသည်။

သူ ညင်သာစွာ ‌တောင်းဆိုလိုက်သည်။

"အရင်ဆုံး ငါ့ကို လွှတ်ပေးပါလား..."

ကျီရွှမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ယဲ့ကျားကို စိုက်ကြည့်လိုက်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

"ဘာလို့လဲ...တစ်ခုခု အဆင်မပြေလို့လား..."

နောက်တစ်ခဏတွင် ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော လူငယ်လေး နိုးလာပြီး ညည်းညူရုန်းကန်နေလေသည်။

ကျီရွှမ် ပြုံးလိုက်သည်။

" ကောကော သူ့ကို သဘောမကျလို့လား..."

သူ ခေါင်းငုံ့လိုက်ကာ ယဲ့ကျား၏ လက်ချောင်းထိပ်ကို ထပ်နမ်းလိုက်ပြီး ဆက်ပြောလိုက်သည်။

"စိတ်မပူပါနဲ့...ကျွန်တော် သူ့ကို ရှင်းပစ်လိုက်မယ်..."

“‌‌ ဝေ့...”

ယဲ့ကျား စကားမဆုံးမီ မမြင်နိုင်သော စွမ်းအားတစ်ခုက ကြမ်းပြင်ပေါ်ရှိ လူငယ်လေးကို ဖိကြေလိုက်ပြီး အရိုးတခြား အသားတခြား ဖြစ်သွားကာ အသားပုံကြီးအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး ‌သွေးများက သွေးမြစ်ထဲသို့ စီး၀င်သွားသည်။

ယဲ့ကျား အသက်ပြင်းပြင်း ရှူလိုက်ပြီး သိမ်မွေ့သော ချဉ်းကပ်နည်းကို သုံးရန် ဆုံးဖြတ်လိုက်၏။

"ဟမ်...မင်း ငါ့ကို အရင်လွှတ်ပေးပါလား...ပြီးမှ စကားဆက်ပြောကြမယ်လေ..."

ကျီရွှမ် ဆက်ပြုံးနေပြီး ယဲ့ကျား၏ နားထင်မှ ဆံနွယ်များကို လိမ်လိုက်သည်။ ထို့နောက် သူ့၏အေးစက်သောလက်ညှိုးက တစ်ဖက်လူ၏နှုတ်ခမ်းပေါ်သို့ ရောက်သွားသည်။

"ဒါပေမဲ့ ဘာလို့ အဲ့လိုလုပ်ပေးရမှာလဲ..."

ကျီရွှမ် အနားကပ်လာသည်နှင့်အမျှ သူ့၏ နီရဲသော မျက်လုံးသော နက်မှောင်လာကာ ယဲ့ကျား၏ နှုတ်ခမ်းကို ထိထားသော လက်ညှိုးကို လျှာဖြင့် လျှက်လိုက်သည်။

"ဘာလို့ လွှတ်ပေးရမှာလဲ..."

ကျီရွှမ်၏အသံက တိုးညှင်းပြီး နူးညံ့ကာ ပျားရည်ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသော်လည်း ထိုအသံက အရိုးခန်းမတစ်လျှောက် ပဲ့တင်ထပ်သွားသောအခါ ယဲ့ကျား၏ ဆံပင်များ ထောင်တက်သွားလေသည်။

ယဲ့ကျား :"..."

သူ့၏စိတ် တစ်ခဏလောက် ဗလာဖြစ်သွားလေသည်။

နောက်တစ်ခဏတွင် ကျီရွှမ်၏ မျက်လုံးထဲ၌အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

"ကောကောကို လွှတ်စေချင်သေးလား..."

ယဲ့ကျား စိတ်ကို လျင်မြန်စွာ အလုပ်ပေးလိုက်ပြီး တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သည်။

သို့သော် တစ်ဖက်လူက သူ့အဖြေကို မစောင့်ပေ။ ခေါင်းငုံ့ကာ သူ့ညှပ်ရိုးကိုက်လိုက်သည်။

ယဲ့ကျား နာကျင်စွာ အသံပြုလိုက်သည်။ ချွန်ထက်သော သွားများက သူ့အရေပြားကို မညှာမတာ ထိုးဖောက်လိုက်ကာ ဒဏ်ရာမှ စီးကျလာသော သွေးများကို အေးစက်သော လျှာက လျှက်နေလေသည်။

ယဲ့ကျား ယင်းကို စိတ်လွတ်စွာ စိုက်ကြည့်နေစဉ် တစ်ဖက်လူက ခေါင်းမော့လာလေသည်။

ကျီရွှမ်၏ နှုတ်ခမ်းတွင် သွေးများစွန်းထင်းနေပြီး မျက်လုံးများက ပိုမိုနီရဲလာလေသည်။ သူ နှုတ်ခမ်းမှ သွေးများကို လျှက်လိုက်ပြီး မျက်လုံးကို စိတ်ကျေနပ်စွာ မှေးစင်းလိုက်သည်။

ထို့နောက် လူငယ်၏ မျက်နှာမှ လည်ပင်းသို့မျဉ်းအတိုင်း နမ်းလိုက်ကာ ကော်လံသို့ရောက်သောအခါ ရပ်လိုက်သည်။

လူငယ်၏ ညှပ်ရိုးက အပြစ်အနာအဆကင်းစင်ပြီး ဖြူ‌‌ဖျော့နေသောကြောင့် သွေးစွန်းနေသောအမှတ်အသားက ပိုမိုပေါ်လွင်နေပြီး မျက်စိဖမ်းစားနိုင်လေသည်။

ကျီရွှမ်၏ နှုတ်ခမ်းထက်မှ အပြုံး ပိုမိုနက်ရှိုင်းလာလေသည်။ သူ ခေါင်းငုံ့လိုက်ကာ ယဲ့ကျား၏နားဖျားကို လျှက်လိုက်ပြီး နားနားကပ်ကာ ပြောလိုက်သည်။

"အရမ်းကောင်းတယ်..."

ယဲ့ကျား မွှေးညှင်းများ ‌ထောင်တက်လာပြီး ကျောပြင်တွင် ချွေးစေးများ ထွက်လာလေသည်။

တစ်ခုခုတော့မှားနေပြီ...

ကျီရွှမ်ရဲ့ အခြေအနေက ပုံမှန်မဟုတ်ဘူး...

သို့သော် သူ့၏ လက်ရှိအခြေအနေကလည်း ဆိုးရွားနေပေသည်။ သူ ကို အခြားတံခါးများနှင့် မတူသည်က သူ တစ်ဖက်လူကို တွန်းအားပေး၍ မခေါ်သွားနိုင်ချေ။

ကျီရွှမ်က ပုံမှန်ဖြစ်နေပုံပေါ်သော်လည်း ဆက်သွယ်၍ရသော အခြေအနေတွင် မရှိချေ။

ယဲ့ကျား သူ့ကိုယ်သူ တည်ငြိမ်အောင် အားတင်းလိုက်ပြီး တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

"တကယ်လား..."

ဘယ်လိုပဲဖြစ်ဖြစ် သူ ကျီရွှမ်ကို စိတ်ငြိမ်အောင် အရင်လုပ်ရမယ်...

သူ ဆက်ပြောလိုက်သည်။

"စိတ်မပူပါနဲ့...ငါ ထွက်မပြေးတော့ဘူး..."

ယဲ့ကျားပခုံးပေါ်သို့ ခေါင်းတင်ထားသော ကျီရွှမ် တိုးညှင်းစွာ ရယ်မောလိုက်ပြီး ယဲ့ကျား၏ နားသီးကို နူးညံ့စွာ တစ်တိတိကိုက်လိုက်သည်။

"တကယ်လား..."

တစ်ဖက်လူ၏ ‌အေးစက်သော လက်‌ချောင်းများက ယဲ့ကျား လက်ကောက်၀တ်ကို ပွတ်ဆွဲလိုက်သည်။

"ကြည့်..."

ယဲ့ကျား :"ဖာ့ခ်..."

နောက်တစ်ခဏတွင် တစ်ဖက်လူ၏ လက်က သူ့ ခါးကို ထိလိုက်သည်ကို ခံစားလိုက်မိသည်။

ယဲ့ကျား :"....."

ခဏနေပါဦး...သူ တွေးနေသလိုတော့ မဟုတ်ပါဘူးနော်...

သူ့စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။

သူ့နားထဲတွင် လေတိုးနေပြီး ချောမောသောမျက်နှာက သူ့နားနီးကပ်လာလေသည်။ ထို့နောက်နှုတ်ခမ်းထက်၌ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။

ယဲ့ကျား မျက်လုံးများ ပြူးကျယ်သွားသည်။

ထို့နောက် သူ့နှုတ်ခမ်းထက်မှ ပြင်းထန်သော နွေးထွေးမှုက ပါးပြင်ထက်ပင် ကူးခတ်သွားလေသည်။

မဟုတ်ဘူး...အဲ့လို မဖြစ်နိုင်ဘူး...သူ အတွေးလွန်နေပြီ...

သို့သော် ယဲ့ကျား ထိုကြောက်စရာကောင်းသောအတွေးကိုမောင်းမထုတ်ရသေးမီ တစ်ဖက်လူ၏ လက်ချောင်းများက သူ့အင်္ကျီအောက်သို့ ၀င်လာလေသည်။

အေးစက်စက်လက်ချောင်းများက သူ့၏သွယ်လျသော ခါးပေါ် အလည်ရောက်လာပြီး သူ့ကို တုန်ရီစေသည်။

ယဲ့ကျား :"....."

ငါ့ဘိုးအေ...သူတွေးခဲ့တာ တကယ်ဖြစ်လာပြီ...

မ...မဟုတ်သေးဘူး...

သူ စိတ်ရှုပ်ထွေးနေလေသည်။ ယဲ့ကျား၏ စိတ်က ရူးသွပ်စွာ လှုပ်ရှားလာ၏။ သူ စိတ်ပြန်ထိန်းလိုက်ပြီး တစ်ဖက်လူနှင့် ဆက်သွယ်ရန် နည်းလမ်းကို ကြိုးစားရှာဖွေနေသည်။

သူ့အကြည့်က အ‌ကွာအဝေးတစ်နေရာရှိ အသားပုံကြီးဆီ ရောက်သွားစဉ် ရုတ်တရက် အတွေးပေါက်လာလေသည်။

"ဟုတ်ပြီ..."

သူ့၏ ခန္ဓာကိုယ် တောင့်တင်းလာပြီး တစ်ဖက်လူ၏ လက်ဖဝါးကို လျစ်လျုရှူကာ ပြောလိုက်သည်။

"အပြင်က ဘတ်စ်ကားက ပြောတယ်...ငါက ဒီနေ့အတွက် ဒုတိယလူတဲ့...အဲ့ဒါ ဘာကို ဆိုလိုတာလဲ..."

သူ့အတွေးများက ပိုမိုရှင်းလင်းလာပြီး စကားလုံးများက ပိုမို ပြေပြစ်လာသည်။

"တ‌စ္ဆေမက မင်းဆီကို ငါ့ပုံအတုတွေ တစ်ချိန်လုံး ပို့နေတာလား..."

ကျီရွှမ် ယဲ့ကျားကို စိတ်၀င်စားစွာ ကြည့်လိုက်သည်။

သူ့၏ နီရဲနေသော မျက်လုံးထဲမှ သူငယ်အိမ်က ကျုံ့နေပြီး သွေးအေးသတ္တဝါသဖွယ်ဖြစ်နေ၏။

အကြောင်းရင်းအချို့ကြောင့် ယဲ့ကျား သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်လူက သူ့ရည်ရွယ်ချက်အမှန်ကို သိနေသကဲ့သို့ ခံစားရသည်။

ကျီရွှမ် တခစ်ခစ်ရယ်မောလိုက်သည်။

“ဟုတ်တယ်...”

သူ့နှုတ်ခမ်းထောင့်က ပျော်ရွှင်စွာ ကွေးညွှတ်သွားသည်။

" ကောကောကြည့်ချင်လား..."

ယဲ့ကျား :"...."

ဘာကို ဆိုလိုတာလဲ...

သူ ရုတ်တရက် ခံစားချက် မကောင်းတော့ပေ။

ကျီရွှမ် လက်ညှိုးကို ပင့်လိုက်ပြီး နောက်တစ်စက္ကန့်၌ အရိုးများဖြင့် ပြုလုပ်ထားသော ရဲတိုက်ကြမ်းပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ထို့နောက် သူ့ရှေ့တွင် အရိုးများဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ပလ္လင်တစ်ခု ပေါ်လာ၏။

ကျီရွှမ် ယဲ့ကျားကို ထိုင်ခိုင်းလိုက်သည်။

ယဲ့ကျား၏ ခြေလက်များက မမြင်ရသည့်စွမ်းအားအချို့နှင့် ချည်နှောင်ခံထားရသောကြောင့် ကျီရွှမ်ဘေးတွင်သာ ထိုင်နိုင်လေသည်။

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ပညာရှိစွာ စကားတစ်ခွန်းမှ မပြောရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို သူ့ရှေ့ ကြမ်းပြင်ပေါ်၌ အပေါက်တစ်ခုပေါ်လာပြီး လှိုင်းထနေသော သွေးအိုင်လယ်တွင် လူပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်လာလေသည်။

ကျီရွှမ် ယဲ့ကျား၏ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး သူ့မေးစေ့ကို တစ်ဖက်လူ၏ ခေါင်းပေါ်

တင်လိုက်သည်။

"ဒါက ပထမဆုံးတစ်ယောက်..."

ယဲ့ကျား သွေးအိုင်လယ်တွင် ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း ကူရာမဲ့သွားပြီး ထိတ်လန့်စွာ အသက်ရှူလိုက်သည်။

ခေါင်းပဲ အကောင်းပကတိ ကျန်သေးတာ...ကျန်တဲ့ အစိတ်အပိုင်းတွေက အရင်ပုံစံတောင်မရှိ‌တော့ဘူး...အရေပြားတွေ၊ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေ၊ အရိုးတွေကို အပိုင်းပိုင်းဖြတ်ထားပြီး စိတ်ရှည်လက်ရှည် ပြန်တွဲထားတာ...သွေးစွန်းနေတဲ့ လျှောက်ခြစ်လက်ရာလိုပဲ...

ကျီရွှမ် မျက်လုံးများကို မှေးစင်းလိုက်ပြီး ယဲ့ကျား၏ ဆံပင်ဖျားကို ဂရုမစိုက်စွာ ကစားနေကာ သာမာန်ကာလျှံကာ ပြောလိုက်သည်။

"အင်း...ကျွန်တော် အဲ့ဒီအချိန်တုန်းက အရမ်း စိတ်လှုပ်ရှားနေလို့လေ..."

ယဲ့ကျား :"....."

“ကျွန်‌တော် ဒုတိယတစ်ယောက်ကျ‌တော့ ပထမတစ်ယောက်တုန်းကထက် ပိုတည်ငြိမ်သွားပြီ..."

သွေးအိုင်အလယ်မှ ဒုတိယအလောင်းထွက်လာလေသည်။

ခန္ဓာကိုယ်က အရင်တစ်ခုထက် ပိုပြည့်စုံတယ်...အထဲက အရိုးတွေ၊ ကိုယ်တွင်းအင်္ဂါတွေ၊ ခေါင်းက ဦးခေါင်းခွံကိုပါ ဖယ်ထုတ်ထားတာက လွဲရင်ပေါ့...ကျန်ခဲ့တာက လေထဲလွင့်နေတဲ့ အရေပြားပဲ...

ယဲ့ကျား : "....."

ဒါက ပိုတည်ငြိမ်တာလား...



Xxxxxx