Chapter 81
ကျီရွှမ် လက်ကို မြှောက်လိုက်ကာ တတိယတစ်ယောက် ပေါ်လာလေသည်။
သို့သော် မမျှော်လင့်ထားသည့် ပုံစံဖြစ်နေသည်။
ယဲ့ကျား အံ့အားသင့်သွားကာ သေချာစစ်ဆေးကြည့်လိုက်ပြီး ထိုပုံစံကို နားလည်သွားသည်။
လူနှစ်ယောက်ကို ရက်ရက်စက်စက်တွဲချုပ်ထားတဲ့ သွေးအသားလုံးကြီးပဲ...
ကျီရွှမ်၏ အသံက ယဲ့ကျားခေါင်းထက်မှ ထွက်ပေါ်လာသည်။
"ဒီတစ်ခါ စွမ်းအားကြီးတစ္ဆေမက လှည့်ကွက်နည်းနည်းကစားခဲ့တယ်လေ..."
ကျီရွှမ် ခေါင်းငုံ့ကာ ယဲ့ကျား၏ ခေါင်းထိပ်ကို နမ်းလိုက်သည်။
"သူကပြောတယ်...ကောကောက လက်ထပ်သွားပြီး ကျွန်တော့်ကို မေ့သွားပြီတဲ့..."
ယဲ့ကျား :"....."
သူ ကျီရွှမ်အနည်းငယ် ရူးသွပ်နေကြောင်းသိသော်လည်း ထိုမျှ ရူးသွပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ ၎င်းကို မကိုင်တွယ်နိုင်ပေ။
"အဲ့ဒါက လက်တွေ့မှာ တကယ်ဖြစ်လာရင် မင်း အဲ့လိုလုပ်မှာလား..."
ကျီရွှမ်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး နီရဲနေသော မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မျက်လုံးအတွင်းပိုင်း၌ ဖောက်လွဲဖောက်ပြန်သော အကြည့်များ ပေါ်လာသည်။
"မလုပ်ပါဘူး..."
ယဲ့ကျား : “…….”
တစ်ဖက်လူ၏ အတုအယောင် အပြုအမူများကို မြင်ပြီးနောက် တစ်ဖက်လူ၏ အဖြေကို ယုံကြည်ရန် ခက်ခဲလေသည်။
ကျီရွှမ် ယဲ့ကျား၏ ခါးကို ပိုမိုတင်းကြပ်စွာ ဖက်လိုက်ကာ သူ့ရင်ခွင်နှင့် ပိုမိုနီးကပ်အောင် ဆွဲယူလိုက်သည်။
"သူတို့ထဲက တစ်ယောက်မှ ကောကောမဟုတ်ဘူး..."
ယဲ့ကျား၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။
"ငါ သိပါတယ်..."
"ဒါပေမဲ့ အခုကောကောက ကျွန်တော့်ဆီက ထွက်သွားချင်နေတာမလား..."
ယဲ့ကျား လေသံကို ဖျော့လိုက်ပြီး တစ်ဖက်လူနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
"ငါ ထွက်မပြေးဘူးလို့ မင်းကို ကတိပေးတယ်...ဒီအတိုင်း နေရတာ နည်းနည်းအဆင်မပြေလို့ပဲ..."
ကျီရွှမ် :"မလွှတ်ပေးဘူး..."
ယဲ့ကျား :"...."
ကျီရွှမ်နဲ့ မဆက်သွယ်နိုင်တော့ဘူး...
“ကျွန်တော် ကောကောကို ယုံချင်ပါတယ်..."
ကျီရွှမ် ခေါင်းငုံ့ကာ တစ်ဖက်လူ၏ ဖန်သဖွယ်တောက်ပသော ပယင်းရောင် မျက်လုံးကို ကြည့်လိုက်ပြီး မျက်ခွံပေါ် ငုံ့နမ်းလိုက်သည်။
ထို့နောက် ပြုံးကာ ပြောလိုက်၏။
"ဒါပေမဲ့ ကောကောက မကြာခဏလိမ်ပြောနေတာ...အခုရောပဲ..."
ယဲ့ကျား: "....."
သူ အဲ့လိုလုပ်ဖို့ တကယ်ဆန္ဒရှိနေပေမဲ့ တစ်ဖက်လူက ပြောလိုက်တော့ နည်းနည်းဒေါကန်သွားတယ်...
ယဲ့ကျား မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။
"ငါ မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ..."
ကျီရွှမ် ယဲ့ကျားကို စိုက်ကြည့်လိုက်ပြီး နူးညံ့စွာ
သတိပေးလိုက်သည်။
"ကောကော မမှတ်မိတော့ဘူးလား..."
တစ်ဖက်လူ၏ အမူအရာက မပြောင်းလဲသော်လည်း ယဲ့ကျား ကျောတစ်လျှောက် စိမ့်တက်သွားသည်။ သူ့ကိုယ်သူ အဆိပ်ပြင်းသော မြွေ၏သားကောင်သဖွယ် ခံစားလိုက်ရသည်။
"ကောကော ကတိပေးခဲ့တယ်လေ..."
ကျီရွှမ်၏ သူငယ်အိမ်များ တင်းကြပ်လာပြီး စကားလုံးတစ်လုံးချင်းစီကို ပီပီသသပြောလိုက်သည်။
"ကျွန်တော်တို့ ဘယ်တော့မှ မ.ခွဲ.ဘူး.လို့..."
ယဲ့ကျား ထိတ်လန့်သွားသည်။
ထိုအခိုက်အတန့်တွင် သူ အတိတ်မှ အမှတ်တရများကို ပြန်သတိရလာသည်။ အချိန်ကာလကြောင့် မြင်ကွင်းက အနည်းငယ် မရှင်းလင်းသော်လည်း ထင်ရှားနေဆဲဖြစ်သည်။
........
ကျောင်းဝင်းထဲတွင် ယဲ့ကျား၏ ကယ်တင်ခြင်းကို ခံပြီးနောက် ကျီရွှမ် အရေးကြီးသောအခိုက်အတန့်တွင် သူ့၏ တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့ပြီး အဖြစ်အပျက်ကို ပြဿနာများစွာ မရှိ၊ အဆုံးသတ်ပေးခဲ့သည်။ သူ ပြသခဲ့သောစွမ်းရည်များကြောင့် ယဲ့ကျား၏ အဖွဲ့တွင်းသို့ ၀င်ရောက်နိုင်ခဲ့သည်။
သို့သော် အဖွဲ့၀င်အားလုံး သူ့ကို ထောက်ခံခဲ့ခြင်းမဟုတ်ပေ။ တစ်၀က်က ထောက်ခံပြီး ကျန်တစ်၀က်က ကန့်ကွက်ခဲ့ကြသည်။
ထောက်ခံသူများက သူက ငယ်ရွယ်သေးသော်လည်း အလားအလာကောင်းရှိသည်ဟု ယူဆကြသူများဖြစ်ပြီး ဆန့်ကျင်ဘက်အနေနှင့် ကန့်ကွက်သူများက သူက ငယ်ရွယ်သေးသောကြောင့် ၀င်ခွင့် မပေးကြခြင်းဖြစ်၏။
ယဲ့ကျား ခဏလောက်တွေးပြီးနောက် ကျီရွှမ်ကို ထောက်ခံပေးခဲ့သည်။
သူ့အဖွဲ့၀င်များ အနည်းငယ် အံ့ဩသွားကြသည်။
"ဘာလို့လဲ...မင်းနှလုံးသားက နူးညံ့လာပြန်ပြီလား..."
ယဲ့ကျား ခံစားချက်မဲ့စွာ တုံ့ပြန်လိုက်သည်။
"သူက ငယ်သေးလို့ အဆင်ပြေတယ်လေ...အဖွဲ့ထဲမှာ ကြက်သားမှ မရှိတာ..."
ဂိမ်းထဲတွင် ပုံသေကစားသမားများနှင့် အဖွဲ့များစွာရှိပြီး ကစားသမားအသစ်များ ရောက်လာသောအခါ သူတို့ကို လက်ခံကြပြီး မကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှုကို တားဆီးရန် သားကောင်အဖြစ် အသုံးပြုကြသည်။ သူတို့က အခြေခံအားဖြင့် အသုံးချခံရပြီး စွန့်ပစ်ခံရသောကြောင့် 'ကြက်သား'အဖြစ် ရည်ညွှန်းခံရသည်။
ယဲ့ကျား၏ အကြံပြုချက်က အဖွဲ့ထဲမှ အခြားလူများကို သွေးဆောင်လိုက်နိုင်ပြီး ရလဒ်အနေနှင့်ဟန်ချက်ပျက်သွားကာ ကျီရွှမ် အဖွဲ့ထဲသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့သည်။
ဂိတ်တံခါးအပြင်ဘက်တွင် ပုံရိပ်ငယ်တစ်ခု အမှောင်ထုထဲသို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။
နောက်ထပ် မတူညီသော ဖြစ်ရပ်အချို့ကို ဖြတ်သန်းခဲ့ကြပြီးနောက် ဖြစ်ရပ်ကြားမှ ကွာခြားမှုများက ကြီးကြီးမားမားမဟုတ်ပေ။ သူတို့နှစ်ယောက် ပူးပေါင်းပြီးနောက် တူညီသော ဖြစ်ရပ်တွင် မတွေ့ဆုံကြတော့ပေ။
လအနည်းငယ်ကြာပြီးနောက် သူတို့ ဖြစ်ရပ်တစ်ခုတွင် ပြန်ဆုံကြလေသည်။
၎င်းဖြစ်ရပ်က မူလက Cအဆင့်ဖြစ်သော်လည်း သူတို့၀င်ရောက်ပြီးနောက် Aအဆင့်ဖြစ်လာပြီး ရလဒ်အနေနှင့် ကစားသမားများစွာ သတိမမူမိစွာ ဖမ်းဆီးခံရပြီး သေဆုံးသွားကြသည်။
တစ္ဆေသရဲများ၊ မကောင်းဆိုးဝါးများနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ အဖွဲ့၀င် လေးယောက်အနက် နှစ်ယောက်သေဆုံးသွားပြီး ယဲ့ကျားနှင့် ကျီရွှမ်သာ လွတ်မြောက်နိုင်ခဲ့သည်။
ညရောက်သောအခါ ယဲ့ကျား သတိပေးလိုက်သည်။
"ငါ့နောက်နေ...လျှောက်သွားမနေနဲ့...မင်း မဆင်မခြင် လျှောက်သွားပြီးတော့ အန္တရာယ်ကြုံရင် ငါ မင်းကို ကယ်မှာ မဟုတ်ဘူး..."
ကောင်လေး နာခံစွာ ခေါင်းငြိမ့်လိုက်သည်။ သူ့၏ မျက်လုံးဝိုင်းကြီးက အနီဖျော့ဖျော့တောက်ပနေလေသည်။
သို့သော် နောက်ဆုံးတွင် မကောင်းဆိုးဝါးလှိုင်း၏တိုက်ခိုက်မှုကို ခံရပြီး ယဲ့ကျားနှင့် ကျီရွှမ် လူကွဲသွားကြသည်။
အမှောင်ထုထဲသို့ ဆွဲငင်ခံနေရသော ကောင်လေး၏ မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေလေသည်။ ကစားသမားများ ပြေးလွှားနေကြပြီး နောက်တွင် ကျန်ခဲ့သော ကလေးကို ဂရုမစိုက်ကြချေ။
မကောင်းဆိုးဝါး၏ အနက်ရောင်မြူများ ဖုံးလွှမ်းခံရသောအခါ ကောင်လေး၏ မျက်နှာပေါ်မှထိတ်လန့်မှုများက နှင်းသဖွယ် ပျောက်ကွယ်သွားကာ နောက်သို့ တည်ငြိမ်စွာ ဆုတ်လိုက်သည်။
သူ ပါးကိုထောက်ကာ ထွက်ပြေးနေသော ကစားသမားများကို စိတ်၀င်တစား ကြည့်နေသည်။
သူ တကယ်သိချင်မိတယ်...အဲ့ဒီကစားသမားတွေ သူတို့ကို အရှေ့မှာ စောင့်နေတဲ့ အရာကို မြင်ရင် ဘယ်လို ဖြစ်သွားကြလောက်လဲ...
အထူးသဖြင့် အဲ့ဒီလူပေါ့...
သို့သော် ထိုအချိန်တွင် သူ့ရှေ့ မလှမ်းမကမ်းမှ အနက်ရောင်မြူခိုးများ ရုတ်တရက် ကွဲထွက်သွားလေသည်။ ထို့နောက် အဆင့်မြင့်လက်နက်မှ စွမ်းအားကြီးသောအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနီးအနားရှိ မကောင်းဆိုးဝါးများကို လောင်ကျွမ်းသွားစေသည်။ မကောင်းဆိုးဝါးများအော်ဟစ်ကာ နောက်ပြန်ဆုတ်သွားကြ သော်လည်း ထိုအလင်းတန်းက ၎င်းတို့၏ အနက်ရောင်အရေပြားပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများကို ချန်ခဲ့လေသည်။
ကောင်လေး ထိတ်လန့်သွားနေစဉ် သူ့ဘေးရှိ အနက်ရောင်မြူခိုးများ လွင့်ပြယ်သွားကာ သူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထိုစဉ် မြူခိုးများအလယ်မှ အရပ်ရှည်ပြီး ပိန်ပါးသော လူငယ်တစ်ယောက် ထွက်လာကာ သူ့ကို ဆွဲခေါ်သွားလေသည်။ လူငယ်၏လက်နက်မှ အလင်းရောင်က မပျောက်ကွယ်သေးပေ။
ပူပြင်းသော အလင်းရောင်အောက်တွင် ထိုလူငယ် ဟောဟဲလိုက်နေလေသည်။ သူ့၏ ပယင်းရောင် မျက်လုံးများက ပူပြင်းသော အလင်းရောင်ကြောင့် တစ်ဖက်သာ ဖွင့်နိုင်လေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး ချွေးများစို့နေသည်။ သူ ကောင်လေး၏ သေးငယ်အားနည်းသောပခုံးကို လက်ချောင်းထိပ်များ သွေးမလျှောက်တော့သည့်အထိ တင်းကြပ်စွာ ကိုင်လိုက်သည်
သူ့အသံက ရက်စက်ပြီး အနည်းငယ် ဒေါသထွက်နေလေသည်။
"ငါ မင်းကို မပြောထားဘူးလား...ငါ့နောက်မှာနေ...လျှောက်မသွားနဲ့လို့..."
ကောင်လေးက သူ့ကို ကြောင်အစွာ ကြည့်နေလေသည်။
ထိုအချိန် သူတို့ရှေ့မှ တောင်ကြီး ရုတ်တရက်စတင်လှုပ်ခါလာလေသည်။ ဤဖြစ်ရပ်၏ဘော့စ်
ပေါ်လာပုံရသည်။ ၎င်းက Aအဆင့်မကောင်းဆိုးဝါးဖြစ်လေသည်။ ၎င်းက အနီးအနားမှ ကစားသမားများကို ဝါးမျိုပြီးနောက် ယဲ့ကျားဘက်သို့ လှည့်လာသည်။
ယဲ့ကျား ကျီရွှမ်၏လက်ကို ဆုပ်ကိုင်လိုက်ကာ အတူပျံသန်းလိုက်သည်။
နောက်နှစ်ရက်အထိ သူတို့ မကောင်းဆိုးဝါးလက်ထဲမှ ခြေကုန်လက်ပန်းကျစွာ ထွက်ပြေးနေရလေသည်။
ကောင်လေးက တွေးတောနေသော လူငယ်လေး၏ ဖြောင့်တန်းသောကျောကို ကြည့်ကာ နောက်မှလိုက်နေသည်။ သူတို့ အဆုံးမရှိ ပြေးလွှားနေရသကဲ့သို့ ခံစားနေရသည်။
ယဲ့ကျား နောက်ဆုံးတွင် ပင်ပန်းနေပြီဖြစ်သည်။ ယခု သူ အမှားသေးသေးလေး ပြုလုပ်မိလျှင် ထိုအမှားအတွက် သည်းမခံနိုင်လောက်သော တန်ကြေးကို ပေးဆောင်ရမည်ဖြစ်သည်။
သူ ကျီရွှမ်ကို ကြမ်းတမ်းစွာ တွန်းလိုက်သည်။
"မြန်မြန်သွား..."
ကောင်လေးက မျက်လုံးများကို မှေးစင်းပြီး လူငယ်လေးကို စိုက်ကြည့်နေသည်။ သူ့၏ မဟူရာမျက်လုံးတွင် အနီရောင်အလင်းလက်သွားသည်။
သူ စကားပြန်မပြောသလို ထွက်လည်း ထွက်မသွားပေ။
သူတို့ မကောင်းဆိုးဝါး ဝါးမျိုခံရလုနီးပါး ဖြစ်နေသောကြောင့် သူ ယဲ့ကျား၏ လက်ထဲမှ မကောင်းဆိုးဝါးကို ရှင်းပစ်လိုက်သည်။ ထို့နောက် သူတို့မကောင်းဆိုးဝါးများ ၀န်းရံနေသော ပတ်၀န်းကျင်မှ လွတ်မြောက်လာကြလေသည်။
ယဲ့ကျား ပင့်သက်ရှိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူ သူ့ခါးလောက်သာ ရှိသည့် ကောင်လေးကို နက်ရှိုင်းစွာ ကြည့်နေသည်။
ယဲ့ကျား ခေါင်းမော့ကြည့်လိုက်ပြီး အပြစ်ကင်းစင်ပြီး လှပသောမျက်နှာပေါ်၌ အပြုံးတစ်ပွင့် ပေါ်လာလေသည်။
"ကောကောနောက်မှပဲနေ...လျှောက်မသွားနဲ့လို့ပြောတယ်နော်...ဟုတ်တယ်မလား..."
ယဲ့ကျား အနည်းငယ် အံ့ဩသွားသည်။
"ဟုတ်တယ်..."
ကောင်လေး၏ မျက်လုံးအနက်ပိုင်း၌ အန္တရာယ်ရှိသော တစ်စုံတစ်ရာ ပေါ်ပေါက်လာသည်။
ကောင်လေး သူ့၏ ဖြူဖျော့သော နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ကာ ကျိုးပဲ့လွယ်သောပုံစံ ရှင်းမပြနိုင်စွာ ပေါ်လာလေသည်။
"အမြဲတမ်းလား..."
ယဲ့ကျား ခေါင်းမော့ကာ ဖြစ်ရပ်ပြီးဆုံးချိန်သို့ ရောက်နေသည်ကို ကြည့်လိုက်ပြီး ခံစားချက်က ပိုမိုကောင်းမွန်လာကာ ကောင်လေး၏ ခေါင်းကို ပွတ်သပ်လိုက်ကာ နူးညံ့စွာ အဖြေပြန်ပေးလိုက်သည်။
"ဟုတ်တာပေါ့..."
......
သူမှတ်ဉာဏ်ထဲမှ ကောင်လေး၏ နူးညံ့သောမျက်နှာက သူ့ရှေ့မှချောမောသော အမျိုးသား၏ မျက်နှာနှင့် ထပ်သွားလေသည်။ တူညီသော စွဲလမ်းနေသည့် အကြည့်က တစ်စုံတစ်ယောက်ကို ချောက်ထဲသို့ ဆွဲချနိုင်ပေသည်။
ထိုအမျိုးသား၏ ဖက်တွယ်ထားမှုက ပိုမို တင်းကြပ်လာလေသည်။ သူ့၏ နီရဲသော မျက်လုံးများက အောက်ကို စိုက်ကြည့်နေပြီး သူ့၏အေးစက်သော နှာခေါင်းကို ယဲ့ကျား၏ နှာခေါင်းထိပ်နှင့် ထိလိုက်သည်။
"ကောကော စွမ်းအားကြီးတစ္ဆေနဲ့ ပေးထားတဲ့ ကတိကို တည်သင့်တယ်..."
သူ့၏ အပြုံးက ပိုမိုကွေးညွှတ်လာသော်လည်း မျက်လုံးထိ မရောက်ပေ။
"မတည်နိုင်ရင် ကတိထပ်ပေးရမယ်..."
"လောလောဆယ် အဲ့အတွက် အတိုးကို အရင်ယူလိုက်မယ်..."
နောက်တစ်ခဏတွင် သူ ယဲ့ကျား၏ အောက်နှုတ်ခမ်းကို နမ်းလိုက်ပြီး ကိုက်လိုက်ကာ လျှာဖြင့် လျှက်လိုက်သည်။ ထို့နောက် သူ တစ်ဖက်လူ၏ လက်ကောက်၀တ်ကို လက်တစ်ဖက်ဖြင့် ခေါင်းပေါ် မြှောက်ကာ ချုပ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က သေးသွယ်သောခါးကို ဖက်ထားပြီး လက်မောင်းက တစ်ဖက်လူကို အရိုးပလ္လင်ပေါ်သို့ ဖိနှိပ်ထားလေသည်။
ရေမျက်နှာပြင်သို့ ရောက်ရန် ရုန်းကန်နေရသော လူတစ်ယောက်ကဲ့သို့ ယဲ့ကျား ရုန်းကန်နေသော်လည်း အေးစိမ့်သည့် ခံစားချက်က အရိုးထဲထိ ထိုးဖောက်၀င်ရောက်နေလေသည်။ လက်မောင်းက သူ့ရင်ဘတ်ကို ဖိထားပြီး သူ့ကို အသက်ရှူမ၀အောင် ပြုလုပ်နေပေသည်။
သူ့၏ ခုခံရုန်းကန်မှုအားလုံး အချည်းနှီးသာ ဖြစ်သည်။
ရုတ်တရက် ကျွန်းက စတင်လှုပ်ခါလာလေသည်။ အမည်မသိစွမ်းအားကြောင့် ကမ္ဘာကြီး လှုပ်ခါလာပုံရသည်။
သူတို့ပတ်ပတ်လည်ရှိ အရိုးဖြင့် ပြုလုပ်ထားသော နံရံများနှင့် ကြမ်းပြင်များက တုန်ခါလာပြီး အက်ကွဲသံများ ထွက်ပေါ်လာလေသည်။
သို့သော် ကျီရွှမ်က မရပ်တန့်သေးပေ။
ယဲ့ကျား အောက်ဆီဂျင်ပြတ်လပ်၍ မူးမေ့ခါနီးတွင် တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။
ကျီရွှမ် အင်တင်တင်နှင့် နောက်ဆုတ်လိုက်သည်။
သူ မျက်မှောင်ကြုတ်ကာ မကျေမနပ် ရေရွတ်လိုက်သည်။
"၀မ်းနည်းစရာ ကောင်းလိုက်တာ...ကျွန်တော်တို့ နှောင့်ယှက်ခံလိုက်ရပြီ..."
ယဲ့ကျား လေကို ရှူရှိုက်လိုက်သည်။ ခြောက်သွေ့နေသော လေကို အဆုတ်ထဲ သွန်းလောင်းနေရသောကြောင့် လည်ချောင်း နာလာလေသည်။ သူ အောက်စီဂျင်ပြတ်လပ်မှုကြောင့် အမြင်အာရုံပင်အနည်းငယ် ဝေဝါးနေလေသည်။
ကျီရွှမ် ခေါင်းငုံ့ကာ တစ်ဖက်လူ၏ အောက်နှုတ်ခမ်းကို နူးညံ့စွာ လျှက်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောကောက အရမ်းကောင်းတာပဲ..."
ယဲ့ကျား : “….”
သူ ဆဲချင်နေပေမဲ့ ပြောလို့ မသင့်တော်လို့ မပြောတော့ဘူး...
တံခါးခေါက်က ပိုမိုကျယ်လောင်လာပြီး ၎င်းအသံကို ရှင်းလင်းစွာ ကြားနေရလေသည်။ သို့သော် သတိထားခေါက်နေကြောင်း သိသာသည်။
ကျီရွှမ် သေချာထိုင်လိုက်ပြီး ယဲ့ကျားကို ဆက်လက် ပွေ့ဖက်ထားသည်။ သူ ခံစားချက်ကောင်းနေသောကြောင့် လက်ညှိုးကို ကွေးကာ တံခါးဖွင့်ပေးလိုက်သည်။
ဘတ်စ်ကားက မူလအရွယ်အစား၏ သုံးပုံတစ်ပုံခန့်သာ ရှိပြီး လမ်းမီးတိုင်နှင့် သရေစာဆိုင်းဘုတ်က နောက်မှ ပါလာလေသည်။
ဘတ်စ်ကား သူ့၏ အရိုးခေါင်းကို ငုံ့လိုက်ကာ တုန်ရီစွာ ပြောလိုက်သည်။
"က...ကင်း...ကမ္ဘာကြီးရဲ့ အရှေ့ခြမ်းက စပြီး ပြိုနေပြီ..."
"အဲ့တော့..."
ကျီရွှမ်၏ အသံတွင် စိတ်ခံစားချက်မရှိပေ။
ဘတ်စ်ကား :"...."
ကင်းပြောတော့ တစ်ခုခု ပုံမှန်မဟုတ်ရင် လာသတိပေးရမယ်ဆို...
အထူးသဖြင့် လူသစ်ရောက်လိုက်တိုင်း ကင်းရဲ့ခံစားချက်က မကောင်းလို့ သူတို့ ကြမ်းပြင်ပေါ်က ခေါင်းကို ထောင်တောင်မထောင်ရဲဘူး...အမိန့်ပေးတာကို ငုံ့ပဲ စောင့်နေရတယ်...
ဒါပေမဲ့ ဒီတစ်ခါ ကင်းရဲ့အသံက အရင်နဲ့ မတူသလိုပဲ...
သူက ဒီကမ္ဘာပေါ်မှ ပထမဆုံးဖြစ်လာတဲ့ မကောင်းဆိုးဝါး...သူ့ရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ ကင်းကို ကြောက်ပေမဲ့ သူက တခြားမကောင်းဆိုးဝါးတွေထက် ကင်းနဲ့နေချိန် ပိုများတယ်...
ထို့ကြောင့် ယနေ့ ကင်း၏အသံ ပုံမှန်မဟုတ်ကြောင်း သတိပြုမိလေသည်။
ဘတ်စ်ကားသည် ခေါင်းကို သတိထားပြီး မော့လိုက်ကာ ပလ္လင်ထက်သို့ ကြည့်လိုက်သည်။
နောက်တစ်ခဏတွင် သူ အလွန်အံ့အားသင့်သွားပြီး စိတ်က အလုပ်မလုပ်တော့ပေ။
သူ အသတ်ခံရလိမ့်မည်ဟု ထင်ခဲ့သော လူသားက အရိုးပလ္လင်ထက်တွင် အန္တရာယ်ကင်းစွာ ထိုင်နေလေသည်။
သူက အန္တရာယ်ကင်းကင်း ထိုင်နေရုံသာမက ကင်းပွေ့ဖက်တာလည်း ခံထားရသေးတယ်...
ပွယောင်းနေသော ဆံပင်များက နီရဲနေသော မျက်လုံးထောင့်များနှင့် ပါးပြင်ကို ဖုံးကွယ်ပေးထားလေသည်။ ထိုလူသား၏ နှုတ်ခမ်းက နီရဲဖူးယောင်နေပြီး အမှည့်လွန်နေသော သစ်သီးနှင့်ပင် တူလေသည်။ ထို့အပြင် ကော်လံက ဖရိုဖရဲဖြစ်နေပြီး သွယ်လျသည့် လည်ပင်းနှင့် ညှပ်ရိုးကိုထုတ်ဖော်ပြနေလေသည်။ ညှပ်ရိုးပေါ်ရှိ ထင်ရှားသော ကိုက်ရာကလည်း လွန်စွာ မျက်စိဖမ်းစားနိုင်၏။
ကင်း၏ လက်က ထိုလူသား၏ ခါးကို ပိုင်ဆိုင်လိုစိတ် ပြင်းပြစွာ ကိုင်ထားသည်။
ဘတ်စ်ကား : “?”
သူ မြင်နေရတာက မှန်ပါတယ်နော်...
ဘတ်စ်ကား၏ သူ့၏ လောကအမြင်ကို သံသယဖြစ်နေစဉ် ကျီရွှမ်၏ အေးစက်သော အကြည့်နှင့်ရင်ဆိုင်လိုက်ရသည်။
ဘတ်စ်ကား : "!!!"
နောက်တစ်ခဏတွင် ကြောက်စရာကောင်းသော အားတစ်ခုက သူ့ကို ဖိလာပြီး သူ့၏ အသက်ကတစ်ဖက်လူ၏ လက်ထဲရှိနေကြောင်း ခံစားလိုက်ရပြီး အလိုအလျောက် တုန်ရီလာလေသည်။ သူ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတိုင်းက နာကျင်စွာ အော်ဟစ်နေသည်။
သူ အသုံးမ၀င်သည့် သတ္တုပုံကြီး ဖြစ်သည့်အထိ ဖိကြေမခံရသေးမီ ပလ္လင်ပေါ်မှ လူသားက ရုတ်တရက် စကားပြောလာလေသည်။
"ဟေ့..."
ကျီရွှမ်၏ လှုပ်ရှားမှု ရပ်တန့်သွားသည်။
ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
"မင်း လုပ်စရာရှိတာ သွားလုပ်လေ..."
သူ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း အပြင်က စွမ်းအားကြီးတစ္ဆေအတွက် စိုးရိမ်စရာ မလိုဘူး...အရေးကြီးတာက အတွင်း
အပြင် အချိန်ကွာခြားမှုက မတူဘူးမလား...မင်း အထဲက တစ္ဆေကို နိုင်သရွေ့ ငါတို့ အပြင်ကမ္ဘာကို ပြန်နိုင်လိမ့်မယ်...
ယဲ့ကျား မျက်လုံးမှိတ်ကာ ဒေါသကို ဖိနှိပ်လိုက်ပြီး ပြောလိုက်သည်။
"အဲ့အချိန်ထိ ငါ မထွက်သွားဘူး..."
ယဲ့ကျား သူ့နောက်မှ အမျိုးသားကို အေးစက်စွာ မျက်လုံးပင့်ကြည့်လိုက်သည်။ အစောပိုင်းက ရှိခဲ့သော စိတ်ရှုပ်ထွေးမှုများနှင့် တွေဝေမှုများ ပျောက်ကွယ်သွားကာ တည်ငြိမ်မှုနှင့် ချင့်ချိန်မှုသာ ကျန်တော့သည်။ သူ လက်ရှိအခြေအနေကို သေချာစိစစ်ကာ အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်ကို ချခဲ့သည်။
ယဲ့ကျား ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ယာယီရဲဘော်ရဲဘက် တစ်ယောက်အနေနဲ့ ငါမင်းကို ထောက်ပံ့ပေးမယ်.."
သူက ကစားသမားများ၏ သရဖူမဆောင်းသည့်ဘုရင် အေ့စ် ပြန်ဖြစ်လာလေသည်။
ကျီရွှမ်၏ အမူအရာကို အဓိပ္ပာယ်ဖော်၍ မရပေ။သူ ယဲ့ကျား နှုတ်ခမ်းထက်မှ ကိုက်ရာကို လက်ညှိုးနှင့် နူးညံ့စွာ ပွတ်သပ်လိုက်ပြီး ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"ကောကောက အမြဲဒီလိုပဲ...
"အမြဲတမ်း အကျိုးသင့်အကြောင်းသင့်လုပ်တယ်...ဘယ်လိုအခြေအနေ မျိုးပဲဖြစ်ဖြစ် အမြဲတမ်းတည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး အကောင်းဆုံး အသင့်လျော်ဆုံး အဖြေကို ရှာတယ်..."
ကျွန်တော် ကောကောရဲ့ တည်ငြိမ်မှုကို ဖြိုခွဲပစ်လိုက်ချင်တယ်...
ကောကော ရယ်တာကို ကြည့်ချင်တယ်...
ကောကော ငိုတာကို ကြည့်ချင်တယ်...
ယဲ့ကျား အသက်ပြင်းပြင်းရှူလိုက်ပြီး အန္တရာယ်ရှိသော အခြေအနေကို သတိထားမိလိုက်ကာခေါင်းစဉ်ကို ပြန်သွားလိုက်သည်။
"မင်း သွားမှာလား...မသွားဘူးလား..."
ကျီရွှမ်၏ မျက်လုံးများ နက်ရှိုင်းလာပြီး နှုတ်ခမ်းက ကွေးညွှတ်သွားသည်။
"မသွားဘူး..."
ယဲ့ကျား :"....."
သူ ကျီရွှမ်ကို မျက်နှာမူလိုက်ပြီး အနည်းငယ် ဒေါသထွက်စွာ ပြောလိုက်သည်။
"မင်း စိတ်လွတ်သွားတာလား..."
ကျီရွှမ် ယဲ့ကျားကို ထပ်နမ်းလိုက်သည်။
"ဟုတ်ကဲ့..."
ယဲ့ကျား မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာကို လှည့်လိုက်ကာ တစ်ဖက်လူ၏ အနမ်းကို ရှောင်တိမ်းလိုက်သည်။
သူ့ လေသံက ဆိုးဝါးနေလေသည်။
" မွှေမနေနဲ့..."
ကျီရွှမ် ရပ်တန့်လိုက်ပြီး စိတ်တိုနေသည့် လူငယ်ကို စိုက်ကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်သည်။
"အဲ့လိုဆိုရင်..."
ယခု ယဲ့ကျား အံ့အားသင့်သည့် အလှည့်ဖြစ်၏။
ကျီရွှမ် ပြုံးလိုက်ကာ သူ့၏ နီရဲနေသော မျက်လုံးကို တစ်၀က်မှေးစင်းလိုက်ပြီး သူငယ်အိမ်များကသိသိသာသာ ကျယ်လာလေသည်။
သူ သူ့နှုတ်ခမ်းကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်။
“ကောကော ကျွန်တော့်ကို နမ်းရင် ကျွန်တော် မမွှေတော့ဘူးလေ...”
Xxxxx